【 နိုင်ငံတကာဆောင်းပါး 】 ဗိုင်းရပ်စ်ကြားက လေ့လာစရာ တရုတ်အမျိုးသားနေ့ အခင်းအကျင်းသစ်

【 နိုင်ငံတကာဆောင်းပါး 】 ဗိုင်းရပ်စ်ကြားက  လေ့လာစရာ တရုတ်အမျိုးသားနေ့ အခင်းအကျင်းသစ်

အောက်တိုဘာလ ၁ ရက်နေ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားနေ့ဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင်  ပြည်တွင်းစစ်ကြီးအဆုံးသတ်ပြီးနောက် တရုတ်နိုင်ငံခေါင်းဆောင်ကြီး မော်စီတုန်း က အောက်တိုဘာလ ၁ ရက်နေ့ကို နိုင်ငံ၏အမျိုးသားနေ့အဖြစ် ထုတ်ဖော်ကြေညာခဲ့ပါသည်။

အလားတူပင် အောက်တိုဘာလ ၁ ရက်နေ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည့် ၇၁ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်ပါသည်။

အစောပိုင်းက နိုင်ငံ၏အမျိုးသားနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ခဲ့သကဲ့သို့ နောက်ထပ် ၆ ရက်ထပ်ပေါင်းကာ အားလပ်ရက်ကို (၇) ရက်အထိ တိုးမြှင့်ပေးခဲ့ပါသည်။တရုတ်နိုင်ငံ၏ နှစ်စဉ်ကျင်းပလေ့ရှိသည့် အမျိုးသားနေ့အခမ်းအနားကို ယခင်က သတိထားမိကြခြင်းနည်းပါးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ် ၇၀ ပြည့် အမျိုးသားနေ့က ကမ္ဘာကအာရုံစိုက်ခဲ့ရသည့် စစ်ရေးပြပွဲပြုလုပ်ခဲ့သဖြင့် ယခုလာမည့် အောက်တိုဘာတွင် ကျင်းပမည့် (၇၁) နှစ်မြောက် တရုတ်နိုင်ငံထူထောင်သည့်နေ့ (ဝါ) တရုတ်အမျိုးသားနေ့ကို မည်သို့ခင်းကျင်းပြသမည့်ကို အားလုံးကအာရုံစိုက်လျှက်ရှိကြသည်။

နှစ်စဉ်ကျင်းပလေ့ရှိသည့် တရုတ်အမျိုးသားနေ့ အခင်းအကျင်းကို ကြည့်မည်ဆိုလျှင် ပုံမှန်အားဖြင့် အမျိုးသားနေ့နှင့် ပျော်ပွဲရွှင်ပွဲများ၊ ပြည်သူ့သူရဲကောင်းဗိမ္မာန်တွင် လွမ်းသူပန်းခွေချခြင်းအခမ်းအနား၊ အမျိုးသားနေ့နှင့် ဂုဏ်ပြုထိုက်သူများကို ချီးမြှင့်ခြင်းအခမ်းအနား၊ အမျိုးသားအလံလွှင့်ထူခြင်းအခမ်းအနားနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တို့နှင့်အတူ ပြည်သူ့ကိုယ်စားလှယ်များနှင့် ရှေ့ဆောင်လူငယ်အဖွဲ့တို့က ပူးပေါင်းပါဝင်ဆင်နွှဲသည့် အမျိုးသားနေ့ စီတန်းလှည့်လည်ခြင်းအခမ်းအနားများ ပါဝင်လေ့ရှိသည်။

ယခု ၂၀၂၀ ခုနှစ်နှင့် အမျိုးသားနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားနေ့သည် တရုတ်ပြည်သူလူထုတို့အတွက် အရေးပါသောနေ့ဖြစ်ရုံသာမက တရုတ်နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံရေးအသိဖြင့်ကျင်းပသော အောင်ပွဲခံအခမ်းအနားများထဲမှ တစ်ခုလည်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အချိန်အခါသည် တရုတ်နိုင်ငံ၏ အမျိုးသားရေးစွမ်းအားသည်မကြုံစဖူးလောက်အောင် အမြင့်မားဆုံးအနေအထားသို့ ရောက်ရှိနေသကဲ့သို့ တစ်ချိန်တည်းမှာပင် ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် အချိန်အခါလည်းဖြစ်သည်ဟု ဆိုရလိမ့်မည်။ထိုသို့သောအချိန်အခါမျိုးတွင် အမျိုးသားနေ့အခမ်းအနားကို ကျင်းပခြင်းသည် အမျိုးသားသွေးစည်းညီညွတ်ရေးကို ဆော်ဩစည်းရုံးမှုပြုခြင်းလည်း မည်ပါသည်။

ယခုနှစ်တွင် ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါအကျပ်အတည်းပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် တရုတ်နိုင်ငံ၏ အရှိန်အဟုန်မြင့်တက်နေသော အမျိုးသားစွမ်းအားက မည်သို့သောစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိကြောင်း ပြသရမည့်နှစ်လည်းဖြစ်သည်ဟု ဆိုပါသည်။တရုတ်နိုင်ငံအနေနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရလင့်ကစား နိုင်ငံ၏ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရေးကို မမှိတ်မသုံကြိုးပမ်းအားထုတ်ကာ အခက်အခဲများကျော်လွှားနိုင်မည်ဟု မျှော်လင့်နေခြင်းလည်းဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် ၂၀၂၀ ပြည့်နှစ် စိန်ခေါ်မှုများကလည်း ကြီးမားများပြားလှသည်ဟု ဆိုနိုင်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးအစမှာပင် ကိုရိုနာဗိုင်းရပ်စ်တည်းဟူသော ကူးစက်ရောဂါ၏ ဖိစီးနှိပ်စက်ခြင်းကို ရင်ဆိုင်အန်တုခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကတည်းက အမေရိကန်ပြည်ထောင်စုနှင့် ဆင်နွှဲနေသော ကုန်သွယ်ရေးစစ်ပွဲရိုက်ခတ်မှု ဂယက်လှိုင်းက အရှိန်မသေသေးသကဲ့သို့ တောင်တရုတ်ပင်လယ်တွင် ခတ်ကွင်းပြင်နေသည့် အမေရိကန်ပြည်ထောင်စု၏ ရန်လိုမှုအခင်းအကျင်းကလည်း တရုတ်နိုင်ငံ၏ အမျိုးသားရေးစွမ်းအားကို လာရောက်သွေးထိုးစမ်းနေသည့် စမ်းသပ်မှုအဖြစ် ရှုမြင်နေရသည်ဟုဆိုသည်။

ထိုသို့သောစိန်ခေါ်မှုများကို ရင်ဆိုင်နေရလင့်ကစား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားနေ့ကို ကျင်းပမည့် အချိန်နေ့ရက်က မကြာမီရောက်ရှိလာတော့မည်ဖြစ်သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမိုင်းကြောင်းကိုကြည့်လျှင် နိုင်ငံနှင့် ပြည်သူတို့၏ အမျိုးသားရေးစွမ်းအားက မည်သို့သောခက်ခဲကြမ်းတမ်းမှုများကိုမဆို ကျော်လွှားဖြတ်သန်းနိုင်ခဲ့ကြောင်း တွေ့မြင်ကြရပြီးဖြစ်သည်ဟု ဆိုသည်။

ဆိုရလျှင် စိန်ခေါ်မှုကြီးမားလေလေ နိုင်ငံနှင့် ပြည်သူလူထုတို့၏ ကြံ့ကြံ့ခံနိုင်မှုက ပိုမိုအားကောင်းလာလေဖြစ်သည်ဟုဆိုသည်။မည်သို့ပင်ဖြစ်စေ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် နိုင်ငံ၏ အရေးပါသော အမျိုးသားနေ့ကို ယခင်နှစ်များကကဲ့သို့ပင် ပြင်ဆင်ကျင်းပသွားမည်သာဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံက ၎င်းကိုယ်တိုင်ရွေးချယ်ထားသော လမ်းကြောင်းပေါ်တွင် အခိုင်အမာရပ်တည်နေသကဲ့သို့ တရုတ်ပြည်သူလူထုကလည်း နိုင်ငံ၏ကြိုးပမ်းအောင်မြင်မှုကို ကောင်းစွာနားလည်သဘောပေါက်နေသူများပီပီ အမျိုးသားနေ့အခမ်းအနားကို အောင်မြင်စွာပါဝင်ဆင်နွှဲကြမည်သာ ဖြစ်သည်ဟုဆိုသည်။အလားတူပင် ပြည်သူလူထုအနေနှင့် နိုင်ငံ၏ အထွေထွေသော ချို့ယွင်းအားနည်းချက်များကို သတိပြုရန်လိုအပ်မည်ဖြစ်သကဲ့သို့ ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုများက ရှေ့တွင်ကြိုလင့်လျက်ရှိနေမည်ကို အထူးသတိပြုသင့်သည်ဟုဆိုသည်။

ဆိုရလျှင် ဖြစ်တည်နေသည့် ကြိုးပမ်းအောင်မြင်မှုများနှင့် ပြဿနာအကျပ်အတည်းများ ဆက်စပ်မှုကို တရုတ်ပြည်သူလူထုတို့က မှန်ကန်စွာနားလည်သဘောပေါက်၍ အနာဂတ်အတွက် ပိုမိုကြံ့ကြံ့ခံနိုင်ရေးအတွက် စုစည်းညီညွတ်မှုရှိကြရမည်ဟုလည်းဆိုသည်။

ဆိုရလျှင် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ တက်ကြွစွာ ပါဝင်ဆင်နွှဲကြမည့် ပြည်သူလူထုတို့၏ ယုံကြည်မှု၊ နှိုင်းဆချင့်ချိန်မှုများ ပေါင်းစပ်ထားသော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမိုင်းတွင် မေ့၍ရနိုင်မည်မဟုတ်သည့် အခမ်းအနားတစ်ခုအဖြစ် တွေ့မြင်နိုင်ရမည်ဟု … ။

နေစိုးဦး
Ref : Global Times
အောက်တိုဘာ - ၁

( Zawgyi )

ေအာက္တိုဘာလ ၁ ရက္ေန႔သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ အမ်ိဳးသားေန႔ျဖစ္သည္။ ၁၉၄၉ ခုႏွစ္တြင္  ျပည္တြင္းစစ္ႀကီးအဆုံးသတ္ၿပီးေနာက္ တ႐ုတ္ႏိုင္ငံေခါင္းေဆာင္ႀကီး ေမာ္စီတုန္း က ေအာက္တိုဘာလ ၁ ရက္ေန႔ကို ႏိုင္ငံ၏အမ်ိဳးသားေန႔အျဖစ္ ထုတ္ေဖာ္ေၾကညာခဲ့ပါသည္။

အလားတူပင္ ေအာက္တိုဘာလ ၁ ရက္ေန႔သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကို တည္ေထာင္ခဲ့သည့္ ၇၁ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔လည္းျဖစ္ပါသည္။

အေစာပိုင္းက ႏိုင္ငံ၏အမ်ိဳးသားေန႔ကို အမ်ားျပည္သူအားလပ္ရက္အျဖစ္ သတ္မွတ္ခဲ့သကဲ့သို႔ ေနာက္ထပ္ ၆ ရက္ထပ္ေပါင္းကာ အားလပ္ရက္ကို (၇) ရက္အထိ တိုးျမႇင့္ေပးခဲ့ပါသည္။တ႐ုတ္ႏိုင္ငံ၏ ႏွစ္စဥ္က်င္းပေလ့ရွိသည့္ အမ်ိဳးသားေန႔အခမ္းအနားကို ယခင္က သတိထားမိၾကျခင္းနည္းပါးခဲ့ေသာ္လည္း ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ႏွစ္ ၇၀ ျပည့္ အမ်ိဳးသားေန႔က ကမာၻကအာ႐ုံစိုက္ခဲ့ရသည့္ စစ္ေရးျပပြဲျပဳလုပ္ခဲ့သျဖင့္ ယခုလာမည့္ ေအာက္တိုဘာတြင္ က်င္းပမည့္ (၇၁) ႏွစ္ေျမာက္ တ႐ုတ္ႏိုင္ငံထူေထာင္သည့္ေန႔ (ဝါ) တ႐ုတ္အမ်ိဳးသားေန႔ကို မည္သို႔ခင္းက်င္းျပသမည့္ကို အားလုံးကအာ႐ုံစိုက္လွ်က္ရွိၾကသည္။

ႏွစ္စဥ္က်င္းပေလ့ရွိသည့္ တ႐ုတ္အမ်ိဳးသားေန႔ အခင္းအက်င္းကို ၾကည့္မည္ဆိုလွ်င္ ပုံမွန္အားျဖင့္ အမ်ိဳးသားေန႔ႏွင့္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား၊ ျပည္သူ႔သူရဲေကာင္းဗိမၼာန္တြင္ လြမ္းသူပန္းေခြခ်ျခင္းအခမ္းအနား၊ အမ်ိဳးသားေန႔ႏွင့္ ဂုဏ္ျပဳထိုက္သူမ်ားကို ခ်ီးျမႇင့္ျခင္းအခမ္းအနား၊ အမ်ိဳးသားအလံလႊင့္ထူျခင္းအခမ္းအနားႏွင့္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္၊ ျပည္သူ႔လက္နက္ကိုင္ရဲတပ္ဖြဲ႕၊ ျပည္သူ႔စစ္တို႔ႏွင့္အတူ ျပည္သူ႔ကိုယ္စားလွယ္မ်ားႏွင့္ ေရွ႕ေဆာင္လူငယ္အဖြဲ႕တို႔က ပူးေပါင္းပါဝင္ဆင္ႏႊဲသည့္ အမ်ိဳးသားေန႔ စီတန္းလွည့္လည္ျခင္းအခမ္းအနားမ်ား ပါဝင္ေလ့ရွိသည္။

ယခု ၂၀၂၀ ခုႏွစ္ႏွင့္ အမ်ိဳးသားေန႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ အမ်ိဳးသားေန႔သည္ တ႐ုတ္ျပည္သူလူထုတို႔အတြက္ အေရးပါေသာေန႔ျဖစ္႐ုံသာမက တ႐ုတ္ႏိုင္ငံ၏ အျမင့္ဆုံးႏိုင္ငံေရးအသိျဖင့္က်င္းပေသာ ေအာင္ပြဲခံအခမ္းအနားမ်ားထဲမွ တစ္ခုလည္းျဖစ္သည္။ ၂၀၂၀ ျပည့္ႏွစ္ အခ်ိန္အခါသည္ တ႐ုတ္ႏိုင္ငံ၏ အမ်ိဳးသားေရးစြမ္းအားသည္မႀကဳံစဖူးေလာက္ေအာင္ အျမင့္မားဆုံးအေနအထားသို႔ ေရာက္ရွိေနသကဲ့သို႔ တစ္ခ်ိန္တည္းမွာပင္ ႀကီးမားေသာစိန္ေခၚမႈမ်ားကို ရင္ဆိုင္ေနရသည့္ အခ်ိန္အခါလည္းျဖစ္သည္ဟု ဆိုရလိမ့္မည္။ထိုသို႔ေသာအခ်ိန္အခါမ်ိဳးတြင္ အမ်ိဳးသားေန႔အခမ္းအနားကို က်င္းပျခင္းသည္ အမ်ိဳးသားေသြးစည္းညီၫြတ္ေရးကို ေဆာ္ဩစည္း႐ုံးမႈျပဳျခင္းလည္း မည္ပါသည္။

ယခုႏွစ္တြင္ ကိုဗစ္-၁၉ ကဲ့သို႔ေသာ ကပ္ေရာဂါအက်ပ္အတည္းျပႆနာမ်ားျဖင့္ ရင္ဆိုင္ခဲ့ရသည့္တိုင္ေအာင္ တ႐ုတ္ႏိုင္ငံ၏ အရွိန္အဟုန္ျမင့္တက္ေနေသာ အမ်ိဳးသားစြမ္းအားက မည္သို႔ေသာစိန္ေခၚမႈမ်ိဳးကိုမဆို ရင္ဆိုင္ႏိုင္စြမ္းရွိေၾကာင္း ျပသရမည့္ႏွစ္လည္းျဖစ္သည္ဟု ဆိုပါသည္။တ႐ုတ္ႏိုင္ငံအေနႏွင့္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ေနရလင့္ကစား ႏိုင္ငံ၏ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္ေရးကို မမွိတ္မသုံႀကိဳးပမ္းအားထုတ္ကာ အခက္အခဲမ်ားေက်ာ္လႊားႏိုင္မည္ဟု ေမွ်ာ္လင့္ေနျခင္းလည္းျဖစ္သည္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအတြက္ ၂၀၂၀ ျပည့္ႏွစ္ စိန္ေခၚမႈမ်ားကလည္း ႀကီးမားမ်ားျပားလွသည္ဟု ဆိုႏိုင္သည္။ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္ဦးအစမွာပင္ ကို႐ိုနာဗိုင္းရပ္စ္တည္းဟူေသာ ကူးစက္ေရာဂါ၏ ဖိစီးႏွိပ္စက္ျခင္းကို ရင္ဆိုင္အန္တုခဲ့ရသည္။ ၂၀၂၀ ျပည့္ႏွစ္ မတိုင္ခင္ကတည္းက အေမရိကန္ျပည္ေထာင္စုႏွင့္ ဆင္ႏႊဲေနေသာ ကုန္သြယ္ေရးစစ္ပြဲ႐ိုက္ခတ္မႈ ဂယက္လႈိင္းက အရွိန္မေသေသးသကဲ့သို႔ ေတာင္တ႐ုတ္ပင္လယ္တြင္ ခတ္ကြင္းျပင္ေနသည့္ အေမရိကန္ျပည္ေထာင္စု၏ ရန္လိုမႈအခင္းအက်င္းကလည္း တ႐ုတ္ႏိုင္ငံ၏ အမ်ိဳးသားေရးစြမ္းအားကို လာေရာက္ေသြးထိုးစမ္းေနသည့္ စမ္းသပ္မႈအျဖစ္ ရႈျမင္ေနရသည္ဟုဆိုသည္။

ထိုသို႔ေသာစိန္ေခၚမႈမ်ားကို ရင္ဆိုင္ေနရလင့္ကစား တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ အမ်ိဳးသားေန႔ကို က်င္းပမည့္ အခ်ိန္ေန႔ရက္က မၾကာမီေရာက္ရွိလာေတာ့မည္ျဖစ္သည္။တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ သမိုင္းေၾကာင္းကိုၾကည့္လွ်င္ ႏိုင္ငံႏွင့္ ျပည္သူတို႔၏ အမ်ိဳးသားေရးစြမ္းအားက မည္သို႔ေသာခက္ခဲၾကမ္းတမ္းမႈမ်ားကိုမဆို ေက်ာ္လႊားျဖတ္သန္းႏိုင္ခဲ့ေၾကာင္း ေတြ႕ျမင္ၾကရၿပီးျဖစ္သည္ဟု ဆိုသည္။

ဆိုရလွ်င္ စိန္ေခၚမႈႀကီးမားေလေလ ႏိုင္ငံႏွင့္ ျပည္သူလူထုတို႔၏ ႀကံ့ႀကံ့ခံႏိုင္မႈက ပိုမိုအားေကာင္းလာေလျဖစ္သည္ဟုဆိုသည္။မည္သို႔ပင္ျဖစ္ေစ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအေနႏွင့္ ႏိုင္ငံ၏ အေရးပါေသာ အမ်ိဳးသားေန႔ကို ယခင္ႏွစ္မ်ားကကဲ့သို႔ပင္ ျပင္ဆင္က်င္းပသြားမည္သာျဖစ္သည္ဟု ဆိုသည္။

တ႐ုတ္ႏိုင္ငံက ၎ကိုယ္တိုင္ေ႐ြးခ်ယ္ထားေသာ လမ္းေၾကာင္းေပၚတြင္ အခိုင္အမာရပ္တည္ေနသကဲ့သို႔ တ႐ုတ္ျပည္သူလူထုကလည္း ႏိုင္ငံ၏ႀကိဳးပမ္းေအာင္ျမင္မႈကို ေကာင္းစြာနားလည္သေဘာေပါက္ေနသူမ်ားပီပီ အမ်ိဳးသားေန႔အခမ္းအနားကို ေအာင္ျမင္စြာပါဝင္ဆင္ႏႊဲၾကမည္သာ ျဖစ္သည္ဟုဆိုသည္။အလားတူပင္ ျပည္သူလူထုအေနႏွင့္ ႏိုင္ငံ၏ အေထြေထြေသာ ခ်ိဳ႕ယြင္းအားနည္းခ်က္မ်ားကို သတိျပဳရန္လိုအပ္မည္ျဖစ္သကဲ့သို႔ ခက္ခဲၾကမ္းတမ္းေသာ စိန္ေခၚမႈမ်ားက ေရွ႕တြင္ႀကိဳလင့္လ်က္ရွိေနမည္ကို အထူးသတိျပဳသင့္သည္ဟုဆိုသည္။

ဆိုရလွ်င္ ျဖစ္တည္ေနသည့္ ႀကိဳးပမ္းေအာင္ျမင္မႈမ်ားႏွင့္ ျပႆနာအက်ပ္အတည္းမ်ား ဆက္စပ္မႈကို တ႐ုတ္ျပည္သူလူထုတို႔က မွန္ကန္စြာနားလည္သေဘာေပါက္၍ အနာဂတ္အတြက္ ပိုမိုႀကံ့ႀကံ့ခံႏိုင္ေရးအတြက္ စုစည္းညီၫြတ္မႈရွိၾကရမည္ဟုလည္းဆိုသည္။

ဆိုရလွ်င္ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ က်ေရာက္ေသာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ အမ်ိဳးသားေန႔တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ တက္ႂကြစြာ ပါဝင္ဆင္ႏႊဲၾကမည့္ ျပည္သူလူထုတို႔၏ ယုံၾကည္မႈ၊ ႏႈိင္းဆခ်င့္ခ်ိန္မႈမ်ား ေပါင္းစပ္ထားေသာ အမ်ိဳးသားေအာင္ပြဲေန႔ အခမ္းအနားမွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏သမိုင္းတြင္ ေမ့၍ရႏိုင္မည္မဟုတ္သည့္ အခမ္းအနားတစ္ခုအျဖစ္ ေတြ႕ျမင္ႏိုင္ရမည္ဟု … ။

ေနစိုးဦး
Ref : Global Times
ေအာက္တိုဘာ - ၁