【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အယူအဆ မူဘောင်သစ်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အယူအဆ မူဘောင်သစ်

၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် သမ္မတ ရှီကျင့်ဖျင်သည် လူသားထုအတွက် ဘုံအနာဂတ်ရှိသော ကမ္ဘာ့လုံခြုံရေးအသိုက်အဝန်း တည်ဆောက်ရေးအတွက် ကမ္ဘာ့လုံခြုံရေးအစီအစဉ် (GSI) ကို အဆိုပြုခဲ့သည်။

နောက် ၁၀ လကြာသောအခါ ပေကျင်းသည် ထိုအစီအစဉ်ကို အသေးစိတ်ရှင်းပြရန် ကမ္ဘာ့လုံခြုံရေးအစီအစဉ် အယူအဆ စာတမ်းကို ထုတ်ပြန်သည်။ထို GSI စာတမ်းတွင် ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေး ၂၀ နှင့် အဓိကကျသည့် ပူးပေါင်းဆောင်ရွက်ရေး စင်မြင့်များနှင့် ယန္တရားများ ၅ ခုကို မီးမောင်းထိုးပြထားသည်။

တရုတ်၏ ချဉ်းကပ်ပုံလမ်းကြောင်းသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး အားနည်းချက်များ စသည့် ထင်ရှားသော ပြဿနာများကို ပစ်မှတ်ထားသည်။ GSI ကို နိုင်ငံတကာအသိုက်အဝန်းက ကြိုဆိုကြသည်။နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈၀ ကျော်က ၎င်းတို့၏ထောက်ခံမှုကို ဖော်ပြကြသည်။

လုံခြုံရေးသည် အရွယ်အစား၊ ချမ်းသာကြွယ်ဝမှုနှင့် စစ်အင်အားတို့နှင့် မသက်ဆိုင်ဘဲ အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းက အညီအမျှပိုင်ဆိုင်သည့် ဘုံအခွင့်အရေးတစ်ခုဖြစ်ကြောင်း GSI က ဖော်ပြသည်။ထိုအခြေခံမူများသည် ကျင့်ဝတ်နှင့် တရားမျှတမှု အုတ်မြစ်အပေါ် အခြေခံပြီး ဗိုလ်ကျစိုးမိုးမှုဆန်သော တည်ငြိမ်မှု (သို့မဟုတ်) ဝင်ရိုးစွန်း ၂ ခု တည်ငြိမ်မှုသဘောတရား စသည့် အင်အားကြီးနိုင်ငံများအကြား စွမ်းဆောင်ရည်မျှဝေမှုစနစ်ကို အခြေခံသည့် ယခင်လုံခြုံရေးသဘောတရားများနှင့် ဆန့်ကျင်ဘက် ကွဲပြားသည်။

လုံခြုံရေးဆိုသည့် အယူအဆသည် အချို့နိုင်ငံအနည်းငယ်က လက်ဝါးကြီးအုပ်ပိုင်ဆိုင်ပြီး ၎င်းတို့၏ လက်ဝေခံနိုင်ငံများကိုသာ နာခံမှုအတွက် အလဲအလှယ်အဖြစ်ပေးသည့် အခွင့်ထူးမဟုတ်တော့ပေ။နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးသည် အခြားနိုင်ငံများကို စတေးခြင်းမှ မလာသင့်ပေ။အရှုံး-အနိုင် (သို့မဟုတ်) စစ်အေးတိုက်ပွဲစိတ်ဓာတ်သည် မလုံခြုံမှုရင်းမြစ်တစ်ခုဖြစ်ပြီး လုံခြုံရေးရာများတွင် တစ်ဖက်သတ်ဝါဒ၏ အနှစ်မဲ့ခြင်းကိုသာမက စုပေါင်းလုံခြုံရေး၏ တစ်ယူသန်မှုကိုပါ ဖော်ထုတ်သည်။

စုပေါင်းလုံခြုံရေး၏ တစ်ယူသန်မှုဆိုသည်မှာ မည်သည့်ရန်ဘက်လှုပ်ရှားမှုကိုမဆို ဟန့်တားရန် ၎င်းတို့၏ စစ်ရေးစွမ်းရည်အသာစီးရမှုကို တိုးချဲ့ခြင်းဖြင့် လုံခြုံရေးရရန် အဖွဲ့ပြင်ပမှ နိုင်ငံများ လုံခြုံရေးထိခိုက်ခြင်းကို လျှစ်လျူရှုသောကြောင့် လုံခြုံရေးပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေသည့် တစ်စုံတစ်ခုသော အုပ်စုအတွင်း အကြွင်းမဲ့လုံခြုံရေးကို မြှင့်တင်ကာ အမျိုးသားလုံခြုံရေးကို အဖွဲ့ဝင်ဖြစ်ခွင့်အဖြစ် ရှုမြင်သည့် အယူအဆဖြစ်သည်။

၂၀ ရာစု သမိုင်းတစ်ခုလုံးက ထိုသို့အာဏာအားပြိုင်မှုသည် ပဋိပက္ခ၊ သဘောထားကွဲလွဲမှုနှင့် ထိပ်တိုက်တွေ့ခြင်းတို့ကိုသာဖြစ်စေပြီး ကမ္ဘာ့မတည်ငြိမ်မှုဖြစ်ပေါ်စေသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုဖျက်ဆီးသည့် နည်းလမ်းသာဖြစ်ကြောင်း ပြသနေသည်။

ကမ္ဘာ့လုံခြုံရေးကို နိုင်ငံရေးအတွေးအခေါ်အပေါ် အခြေခံသည့် အုပ်စုငယ်ဝါဒဖြင့် မကာကွယ်သင့်ဘဲ ပွင့်လင်းပြီး အားလုံးပါဝင်သော စစ်မှန်သည့် နိုင်ငံစုံချဉ်းကပ်မှုဖြင့် ကာကွယ်သင့်သည်။ GSI သည် ကုလသမဂ္ဂ၏ အခွင့်အာဏာကို ကမ္ဘာ့လုံခြုံရေးစီမံအုပ်ချုပ်မှု၏ ပင်မစင်မြင့်အဖြစ် အားပေးမြှင့်တင်ပြီး နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ခြင်းနှင့် နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ရာဇဝတ်မှုများ တိုက်ဖျက်ခြင်းနှင့် အနာဂတ်ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စီမံချက်ရေးဆွဲ စသည်တို့အတွက် ကုလသမဂ္ဂ၏ စွမ်းရည်ကို မြှင့်တင်ရန် ကမ္ဘာ့အားထုတ်မှုကို တောင်းဆိုသည်။

တစ်ချိန်တည်းတွင် အဓိကအင်အားကြီးနိုင်ငံများသည် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို လိုက်နာခြင်းဖြင့် ကမ္ဘာ့တည်ငြိမ်ရေးအတွက်  အထူးသဖြင့် နိုင်ငံတကာနျူကလီးယားသေနင်္ဂဗျူဟာ တည်ငြိမ်မှုအတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်သင့်ကြောင်း GSI က ဆွေးနွေးတင်ပြသည်။
အာဖရိကသမဂ္ဂ၊ အာဆီယံ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ် စသည့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ဒေသတွင်းအရေးပါသည့် လုံခြုံရေးပြဿနာများနှင့် ဒေသတွင်းငြိမ်းချမ်းမှုထိန်းသိမ်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍကို GSI က အလေးထားသည်။

GSI သည် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော နယ်ပယ် ၂ ခုလုံးတွင် တစ်ခုလုံးလွှမ်းခြုံသည့် လုံခြုံရေးချဉ်းကပ်မှုကို ကျင့်သုံးသည်။လုံခြုံရေး၏ အဓိပ္ပါယ်သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ထက် များစွာကျော်လွန်သွားပြီးဖြစ်သည်။ကျယ်ပြန့်ပြီး ရေရှည်တည်တံ့သည့် လုံခြုံရေးရရှိရန် နိုင်ငံအားလုံးသည် အကြမ်းဖက်ဝါဒ၊ ရာသီဥတုပြောင်းလဲမှု၊ ရိက္ခာနှင့် စွမ်းအင်မလုံလောက်မှု၊ နိုင်ငံတကာကုန်စည်ဖြန့်ချိရေး ကွင်းဆက်များ ပြတ်တောက်မှု၊ ဆိုက်ဘာလုံခြုံရေးနှင့် ဇီဝလုံခြုံရေး ပြဿနာ စသည့်  နိုင်ငံမဟုတ်သည့် အကြောင်းအချက်များကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုသည်။

သက်ဆိုင်ရာနိုင်ငံအားလုံး၏ စုပေါင်းအားထုတ်မှုမရှိလျှင် ထိုပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။နိုင်ငံများသည် တစုံတရာသော လုံခြုံရေးဖြေရှင်းမှုများရှာဖွေရန်နှင့် ရေရှည်တည်တံ့သော အဖြေများအတွက် နိုင်ငံတကာဥပဒေများကို အဆင့်မြှင့်တင်ပြင်ဆင်ရန် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အသိပညာသည် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ထိုထိုသော စိုးရိမ်ပူပန်မှုများကို ငြိမ်းချမ်းစွာဖြေရှင်းဖြင့် နိုင်ငံများအကြား အငြင်းပွားမှုများကို ကူညီဖြတ်ကျော်ပေးနိုင်သည်။စစ်ပွဲတွင် အောင်နိုင်သူမရှိပေ။အရပ်သားများ ဒုက္ခခံစားရခြင်းနှင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးခြင်းတို့ကို ရှောင်ရှားရန် နိုင်ငံတကာအသိုက်အဝန်းသည် ရှုပ်ထွေးသော ပြဿနာများအတွက် လွယ်ကူသောအဖြေမရှိကြောင်းနှင့် သက်ဆိုင်ရာပြဿနာ၏ အတိမ်အနက်ကို အခြေခံသည် မျှတပြီး လက်တွေ့ကျသော သဘောထားနှင့် သက်ဆိုင်သူအားလုံး၏ တရားဝင်သော လုံခြုံရေးစိုးရိမ်ပူပန်မှုများကို လေးစားခြင်းသည်သာ ဘုံလုံခြုံရေးနှင့် တည်တံ့သောငြိမ်းချမ်းရေးရမည်ဖြစ်ကြောင်း စိတ်တွင်မှတ်သားကာ ယူကရိန်းအကျပ်အတည်းအပါအဝင် အရေးပါသောပြဿနာများတွင် နိုင်ငံရေးအရဖြေရှင်းမှုကို အားပေးသင့်သည်။

တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းမှုအတွက် ငြိမ်းချမ်းသောတွေ့ဆုံဆွေးနွေးရေးဘက်က အခိုင်အမာရပ်တည်ခဲ့သည်။ပထဝီနိုင်ငံရေးထိပ်တိုက်တွေ့မှု သြဇာအဖြစ် အသုံးဝင်စေရန် ယူကရိန်းအကျပ်အတည်းရှည်ကြာအောင် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်အချို့၏ အားထုတ်မှုသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကျိုးမရှိပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းရေးသားထားသော တစ်ခုတည်းသော နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးအကျိုးဆောင်ဆိုသည့် အခန်းကဏ္ဍကို လိုက်နာကျင့်သုံးမည်ဖြစ်သည်။

GSI ကို ဦးတည်ဘက် အလံအဖြစ်ထားပြီး ပိုမိုများပြားသော နိုင်ငံများသည် တစ်ကမ္ဘာလုံးအတွက် စစ်မှန်တည်တံ့သော လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းပါဝင်သင့်ပေသည်။

စိုးနိုင်ထွန်း
Ref - Global Security Initiative: A new conceptual framework to understand global security