【 နိုင်ငံတကာဆောင်းပါး 】 တရုတ်အမေရိကန်ဆွေးနွေးပွဲသစ်များကမျှော်လင့်ချက်ပေး

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်အမေရိကန်ဆွေးနွေးပွဲသစ်များကမျှော်လင့်ချက်ပေး

သောကြာနေ့က တရုတ်-အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းမှုသစ်များအပြီး အဆင့် ၁ သဘောတူ ညီချက် ရရှိပြီး လပေါင်းများစွာကြာသောအကျပ်အတည်းကို ချိုးဖျက်နိုင်ခဲ့သည်။ ယခုအချိန်သည် သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးရမည့် အချိန်ဖြစ်ပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင် စုတို့ နောက်ဆုံး လပေါင်းများစွာကြာသည့်ဆွေးနွေးပွဲများအပြီးတွင် ရလဒ်တခုရအောင် လုပ်ဆောင်နိုင်ခဲ့ သည်မှာ အံ့သြစရာ မဟုတ်ပေ။ ၎င်းတို့သည် ၁၃ ကြိမ် ဆွေးနွေးပြီးနောက် မည်သူကမည်သည့်အချက်ကို တောင်းဆိုပြီး မည်သူကမည်သည်ကို ဆန့်ကျင်သည်ကို အတိအကျသိပြီးဖြစ်သည်။

လွန်ခဲ့သောအပါတ်က ဆွေးနွေးပွဲများသည် ကနဦးဆွေးနွေးပွဲများတွင် ပေါ်ပေါက်ခဲ့သော နားလည်မှု လွဲမှားခြင်းကင်းရှင်းနေသည်။  ယခုအခါတွင် နိုင်ငံရေးဆုံးဖြတ်ချက်တခုသာ လမ်းကြောင်းတူ ရန် လိုတော့သည်။ တရုတ်နိုင်ငံက အမြဲတောင်းဆိုခဲ့သည့် အဆင့်လိုက်သဘောတူညီချက်သည် အမေရိကန်အစိုးရကယခင်တောင်းဆိုသည့် ကျယ်ပြန့်သောသဘောတူညီချက် နှင့်နှိုင်းယှဉ်လျှင် ပိုမိုလက်တွေ့ကျသည်။

နှစ်ဆယ်ရာခိုင်နှုန်းကွဲလွဲမှုက ရှစ်ဆယ်ရာခိုင်နှုန်းသဘောတူညီမှုကို ဟန့်တားခြင်းကို အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ လက်မခံနိုင်ကြတော့ပေ။ ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုများသညာ်စတင်လာသောကြောင့် အမေရိကန်ခေါင်းဆောင်သည် ကျယ်ပြန့်သော သဘောတူညီမှုထက်လျှော့နည်းလက်ခံလာသည်။ လယ်သမားများ၊ သူ၏မဲဆန္ဒရှင်များ၏ မကျေနပ် မှုများ၊ လုပ်ငန်းကြီးများ၏ ကန့်ကွက်မှုများသာမကညစီးပွားရေးကျဆင်းမည့် လက္ခဏာများသည် ဝါရှင်တန်သို့ အသိတရားအချို့ ထည့်သွင်းပေးလိုက်သည်။

ထို့အပြင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအားလုံးက ကုန်သွယ်ရေးစစ်ပွဲသည် စီးပွားရေးများ အားလုံး အပေါ် ဆိုးကျိုးသက်ရောက်သောကြောင့် အဆုံးသတ်ရန် တောင်းဆိုကြသည်။

နှစ်နိုင်ငံတို့သည်ညှိနှိုင်းမှုရလဒ်များကို ကွဲပြားစွာ တုံပြန်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုက ထိုအဆင့်လိုက် သဘောတူညီချက်သည် စံချိန်ချိုးသည်ဟုပြောပြီး တရုတ်နိုင်ငံကမူ တစုံတရာ အားဖြင့် စဉ်းစဉ်းစားစားချင့်ချိန်တုံ့ပြန်သည်။ ထိုသို့ဖြစ်ရခြင်းမှာအမေရိကန်ပြည်ထောင်စုသည် ကတိပျက်တတ်သောကြောင့်ဖြစ်သည်။

ကုန်သွယ်ရေးစစ်ပွဲတနှစ်ကျော်ကြာပြီးနောက် တရုတ်နိုင်ငံသည် ထိုအငြင်းပွားမှုနှင့်ပါတ်သက်ပြီး ပိုမိုရင့်ကျက်သော အသိအမှတ်ပြုမှုရှိလာသည်။  သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသောကြောင့် တရုတ်နိုင်ငံသည် စိတ်အားလျှော့ မည်မဟုတ်သလို သဘောတူညီချက်ရလျှင်လည်း ဝမ်းသာနေမည်မဟုတ်ပေ။ နှစ်နိုင်ငံအကြား ကာလကြာမြင့်စွာ အမြစ်တွယ်နေသော ကွဲလွဲမှုများ ရှိနေသော်လည်း  ခေါင်းဆောင်နှစ်ဦးအနေဖြင့် တစိတ်တပိုင်းသဘောတူညီချက်ကို လာမည့်လ ချီလီတွင် ကျင်းပမည့် အေပက် ထိပ်သီးဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးရန်ဖြစ်နိုင်သည်။

တရုတ်နိုင်ငံပိုမိုတံခါးဖွင့်လာသောအခါ နှစ်နိုင်ငံဆက်ဆံရေးကာိုပိုမိုများပြားသော ပြဿနာများက ပိုမိုရှုတ်ထွေးစေမည်ဖြစ်သည်။  ထိုပြဿနာများက ဆက်ဆံရေးကို လမ်းကြောင်းမလွဲစေရန် အဓိကသော့ချက်မှာ ပြောဆိုဆွေးနွေးနိုင် သည်ကို ပြောဆို ဆွေးနွေးရန်ဖြစ်ပြီး အကျပ်အတည်းသည် အားလုံး အတွက် မကောင်းသောကြောင့် အခြေခံကွဲလွဲမှုကို ဘေးဖယ်ထားရန်ဖြစ်သည်။

ကျယ်ပြန့်သော သဘောတူညီချက် ဖြစ်နိုင်ခြေနည်း

ယခုအချိန်သည် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုအနေဖြင့် တနှစ်ခွဲကျော် လွန်ဆွဲပြီးနောက် အစီအစဉ်တခု ချမှတ်ရမည့် အချိန်ဖြစ်သည်။ အထူးသဖြင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲသည် နီးကပ် လာနေပြီး အမေရိကန်သမ္မတသည် သူ၏ နိုင်ငံရေး အရင်းအနှီး တိုးမြှင့်ရန်၊ ယုံကြည်မှုတည်ဆောက် ရန်နှင့် သူ့အပေါ် ထောက်ခံမှုနှုန်းမြှင့်တင်ရန် မျှော်လင့်နေသည်။

စီးပွားရေးအရဆိုရပါက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် ကုန်သွယ်ရေးစစ်ပွဲ၏ ထိခိုက်မှု များကို ခံစားရပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် စက်တင်ဘာလတွင် မျှော်လင့်မထားသော သွင်းကုန်နှင့် ပို့ကုန် တိုးတက်မှု အကြီးအကျယ် ကျဆင်းခြင်းကို သာမက ၂၀ဝ၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကျဆင်းခြင်းကို ရင်ဆိုင်ရသည်။ တချိန်တည်းတွင် Institute for Supply Management ၏ အမေရိကန် ကုန်ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာ အညွုန်းကိန်းသည် ဒုတိယမြောက်လအဖြစ် ကျဆင်းသွားသည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်လုပ်ငန်းအများစုသည်လည်း ထိခိုက်နေပြီး ကုန်သွယ်ရေး စစ်ပွဲကို ဆန့်ကျင်နေကြသည်။

အမေရိကန် စီးပွားရေးသည် ထိုမျှထိခိုက်ရသောကြောင့် တရုတ်ကုန်စည်များအပေါ် အခွန်ပိုမိုကောက်ခံရေး သိုမဟုတ် တရုတ်နှင့် ရေရှည်ကုန်သွယ်ရေး စစ်ဆင်ခြင်းသည် အကောင်းထက် အဆိုးကိုသာပိုမိုဖြစ်စေသည်။ ထို့အပြင် မိမိတို့သည် နှစ်ဖက် စလုံးပျော့ပျောင်းလာသည်ကို တွေ့ခဲ့ပြီးဖြစ်သည်။ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလျှံဖိုးကို အခွန်စည်းကျပ်ထားပြီး နောက်ထပ် ဒေါ်လာ ၃၀ဝ ဘီလျှံဖိုးကို စည်းကျပ်ရန် စောင့်နေစဉ်တွင် တရုတ်နိုင်ငံသည် ဆက်လက် ညှိနှိုင်းနေသည်။ တရုတ်နိုင်ငံသည် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဝန်ဆောင်မှုများစသည့် အဓိက နယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းစေရန် တရုတ်နိုင်ငံက အဆိုပြုသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်း သည် နှစ်နိုင်ငံ အတွက် သာမက ကမ္ဘာအတွက်ပါ အကျိုးရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဝန်ခံပြီး အချို့သော လုငန်းများအနေဖြင့် ဟွာဝေးကို ဆက်လက် ပံ့ပိုး ခွင့်ပြုသည်။ နှစ်ဖက်လုံးကအလျှော့ပေးသောအခါ ရှေ့တလှမ်းဆက်ရန် များစွာပိုမိုလွယ်ကူသည်။ပိုမိုကျယ်ပြန့် သော သဘောတူညီမှုကို မမြင်ရသေးသော်လည်း တရုတ်နှင့် အမေရိကန်တို့သည် လမ်းကြောင်းမှန်တွင် လျှောက်နေကြသည်။ စီးပွားရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန် ကတရုတ်ကို အဓိကပြိုင်ဖက်ဟု ကာလကြာရှည်စွာ သဘောထားစေကာမူ  နှစ်နိုင်ငံ ဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းဖြစ်နေသည်။ လွန်ခဲ့သောနှစ်ခန့်က အမေရိကန်အစိုးရသည် ထိုစီးပွားရေးနှစ်ခုကို ခွဲထုတ်ရန်မှာ မလွယ်ကူ သို့မဟုတ် လက်တွေ့မကျကြောင်း ရှင်းလင်းစွာ သဘောပေါက်သည်။

လာမည့်လ အေပက် ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နှင့် အမေရိကန်ခေါင်းဆောင်များ သဘော တူညီချက် လက်မှတ်မှတ်ထိုးမည်ဟု မျှော်လင့်ချက်မြင့်မားစွာ ထားသော်လည်း ကျယ်ပြန့်သော သဘောတူညီချက်တခုမှာ မဖြစ်နိုင်ပေ။ မည်သို့ဆိုစေ ရေရှည်အမြင်သည် လာမည့်လများတွင် နှစ်နိုင်ငံအနေဖြင့် စံချိန်တင်မှုများကို ပိုမိုလုပ်ဆောင်ရန် အထောက်အကူဖြစ်စေမည်။

(  Zawgyi  )

 ေသာၾကာေန႔က တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးညႇိႏႈိင္းမႈသစ္မ်ားအၿပီး အဆင့္ ၁ သေဘာတူ ညီခ်က္ ရရွိၿပီး လေပါင္းမ်ားစြာၾကာေသာအက်ပ္အတည္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့သည္။ ယခုအခ်ိန္သည္ သေဘာတူညီခ်က္တခုကို လက္မွတ္ေရးထိုးရမည့္ အခ်ိန္ျဖစ္ၿပီး တ႐ုတ္ႏွင့္ အေမရိကန္ျပည္ေထာင္ စုတို႔ ေနာက္ဆုံး လေပါင္းမ်ားစြာၾကာသည့္ေဆြးေႏြးပြဲမ်ားအၿပီးတြင္ ရလဒ္တခုရေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ သည္မွာ အံ့ၾသစရာ မဟုတ္ေပ။ ၎တို႔သည္ ၁၃ ႀကိမ္ ေဆြးေႏြးၿပီးေနာက္ မည္သူကမည္သည့္အခ်က္ကို ေတာင္းဆိုၿပီး မည္သူကမည္သည္ကို ဆန႔္က်င္သည္ကို အတိအက်သိၿပီးျဖစ္သည္။

လြန္ခဲ့ေသာအပါတ္က ေဆြးေႏြးပြဲမ်ားသည္ ကနဦးေဆြးေႏြးပြဲမ်ားတြင္ ေပၚေပါက္ခဲ့ေသာ နားလည္မႈ လြဲမွားျခင္းကင္းရွင္းေနသည္။  ယခုအခါတြင္ ႏိုင္ငံေရးဆုံးျဖတ္ခ်က္တခုသာ လမ္းေၾကာင္းတူ ရန္ လိုေတာ့သည္။ တ႐ုတ္ႏိုင္ငံက အၿမဲေတာင္းဆိုခဲ့သည့္ အဆင့္လိုက္သေဘာတူညီခ်က္သည္ အေမရိကန္အစိုးရကယခင္ေတာင္းဆိုသည့္ က်ယ္ျပန႔္ေသာသေဘာတူညီခ်က္ ႏွင့္ႏႈိင္းယွဥ္လွ်င္ ပိုမိုလက္ေတြ႕က်သည္။

ႏွစ္ဆယ္ရာခိုင္ႏႈန္းကြဲလြဲမႈက ရွစ္ဆယ္ရာခိုင္ႏႈန္းသေဘာတူညီမႈကို ဟန႔္တားျခင္းကို အေမရိကန္ျပည္ေထာင္စုႏွင့္ တ႐ုတ္ႏိုင္ငံတို႔ လက္မခံႏိုင္ၾကေတာ့ေပ။ ကုန္သြယ္ေရးစစ္ပြဲ၏ သက္ေရာက္မႈမ်ားသညာ္စတင္လာေသာေၾကာင့္ အေမရိကန္ေခါင္းေဆာင္သည္ က်ယ္ျပန႔္ေသာ သေဘာတူညီမႈထက္ေလွ်ာ့နည္းလက္ခံလာသည္။ လယ္သမားမ်ား၊ သူ၏မဲဆႏၵရွင္မ်ား၏ မေက်နပ္ မႈမ်ား၊ လုပ္ငန္းႀကီးမ်ား၏ ကန႔္ကြက္မႈမ်ားသာမကညစီးပြားေရးက်ဆင္းမည့္ လကၡဏာမ်ားသည္ ဝါရွင္တန္သို႔ အသိတရားအခ်ိဳ႕ ထည့္သြင္းေပးလိုက္သည္။

ထို႔အျပင္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕၊ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ႏွင့္ ကမာၻ႔ဘဏ္အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအားလုံးက ကုန္သြယ္ေရးစစ္ပြဲသည္ စီးပြားေရးမ်ား အားလုံး အေပၚ ဆိုးက်ိဳးသက္ေရာက္ေသာေၾကာင့္ အဆုံးသတ္ရန္ ေတာင္းဆိုၾကသည္။

ႏွစ္ႏိုင္ငံတို႔သည္ညႇိႏႈိင္းမႈရလဒ္မ်ားကို ကြဲျပားစြာ တုံျပန္ခဲ့ၾကသည္။ အေမရိကန္ျပည္ေထာင္စုက ထိုအဆင့္လိုက္ သေဘာတူညီခ်က္သည္ စံခ်ိန္ခ်ိဳးသည္ဟုေျပာၿပီး တ႐ုတ္ႏိုင္ငံကမူ တစုံတရာ အားျဖင့္ စဥ္းစဥ္းစားစားခ်င့္ခ်ိန္တုံ႔ျပန္သည္။ ထိုသို႔ျဖစ္ရျခင္းမွာအေမရိကန္ျပည္ေထာင္စုသည္ ကတိပ်က္တတ္ေသာေၾကာင့္ျဖစ္သည္။

ကုန္သြယ္ေရးစစ္ပြဲတႏွစ္ေက်ာ္ၾကာၿပီးေနာက္ တ႐ုတ္ႏိုင္ငံသည္ ထိုအျငင္းပြားမႈႏွင့္ပါတ္သက္ၿပီး ပိုမိုရင့္က်က္ေသာ အသိအမွတ္ျပဳမႈရွိလာသည္။  သေဘာတူညီခ်က္ လက္မွတ္ေရးထိုးႏိုင္ျခင္း မရွိေသာေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ စိတ္အားေလွ်ာ့ မည္မဟုတ္သလို သေဘာတူညီခ်က္ရလွ်င္လည္း ဝမ္းသာေနမည္မဟုတ္ေပ။ ႏွစ္ႏိုင္ငံအၾကား ကာလၾကာျမင့္စြာ အျမစ္တြယ္ေနေသာ ကြဲလြဲမႈမ်ား ရွိေနေသာ္လည္း  ေခါင္းေဆာင္ႏွစ္ဦးအေနျဖင့္ တစိတ္တပိုင္းသေဘာတူညီခ်က္ကို လာမည့္လ ခ်ီလီတြင္ က်င္းပမည့္ ေအပက္ ထိပ္သီးေဆြးေႏြးပြဲတြင္ လက္မွတ္ေရးထိုးရန္ျဖစ္ႏိုင္သည္။

တ႐ုတ္ႏိုင္ငံပိုမိုတံခါးဖြင့္လာေသာအခါ ႏွစ္ႏိုင္ငံဆက္ဆံေရးကာိုပိုမိုမ်ားျပားေသာ ျပႆနာမ်ားက ပိုမိုရႈတ္ေထြးေစမည္ျဖစ္သည္။  ထိုျပႆနာမ်ားက ဆက္ဆံေရးကို လမ္းေၾကာင္းမလြဲေစရန္ အဓိကေသာ့ခ်က္မွာ ေျပာဆိုေဆြးေႏြးႏိုင္ သည္ကို ေျပာဆို ေဆြးေႏြးရန္ျဖစ္ၿပီး အက်ပ္အတည္းသည္ အားလုံး အတြက္ မေကာင္းေသာေၾကာင့္ အေျခခံကြဲလြဲမႈကို ေဘးဖယ္ထားရန္ျဖစ္သည္။

က်ယ္ျပန႔္ေသာ သေဘာတူညီခ်က္ ျဖစ္ႏိုင္ေျခနည္း

ယခုအခ်ိန္သည္ တ႐ုတ္ႏွင့္အေမရိကန္ျပည္ေထာင္စုအေနျဖင့္ တႏွစ္ခြဲေက်ာ္ လြန္ဆြဲၿပီးေနာက္ အစီအစဥ္တခု ခ်မွတ္ရမည့္ အခ်ိန္ျဖစ္သည္။ အထူးသျဖင့္ ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲသည္ နီးကပ္ လာေနၿပီး အေမရိကန္သမၼတသည္ သူ၏ ႏိုင္ငံေရး အရင္းအႏွီး တိုးျမႇင့္ရန္၊ ယုံၾကည္မႈတည္ေဆာက္ ရန္ႏွင့္ သူ႔အေပၚ ေထာက္ခံမႈႏႈန္းျမႇင့္တင္ရန္ ေမွ်ာ္လင့္ေနသည္။

စီးပြားေရးအရဆိုရပါက တ႐ုတ္ႏွင့္ အေမရိကန္ ႏွစ္ႏိုင္ငံလုံးသည္ ကုန္သြယ္ေရးစစ္ပြဲ၏ ထိခိုက္မႈ မ်ားကို ခံစားရၿပီးျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ စက္တင္ဘာလတြင္ ေမွ်ာ္လင့္မထားေသာ သြင္းကုန္ႏွင့္ ပို႔ကုန္ တိုးတက္မႈ အႀကီးအက်ယ္ က်ဆင္းျခင္းကို သာမက ၂၀ဝ၉ ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆုံးက်ဆင္းျခင္းကို ရင္ဆိုင္ရသည္။ တခ်ိန္တည္းတြင္ Institute for Supply Management ၏ အေမရိကန္ ကုန္ထုတ္လုပ္မႈ ဝယ္ယူေရး မန္ေနဂ်ာ အၫြဳန္းကိန္းသည္ ဒုတိယေျမာက္လအျဖစ္ က်ဆင္းသြားသည္။ ထို႔အျပင္ ႏိုင္ငံျဖတ္ေက်ာ္လုပ္ငန္းအမ်ားစုသည္လည္း ထိခိုက္ေနၿပီး ကုန္သြယ္ေရး စစ္ပြဲကို ဆန႔္က်င္ေနၾကသည္။

အေမရိကန္ စီးပြားေရးသည္ ထိုမွ်ထိခိုက္ရေသာေၾကာင့္ တ႐ုတ္ကုန္စည္မ်ားအေပၚ အခြန္ပိုမိုေကာက္ခံေရး သိုမဟုတ္ တ႐ုတ္ႏွင့္ ေရရွည္ကုန္သြယ္ေရး စစ္ဆင္ျခင္းသည္ အေကာင္းထက္ အဆိုးကိုသာပိုမိုျဖစ္ေစသည္။ ထို႔အျပင္ မိမိတို႔သည္ ႏွစ္ဖက္ စလုံးေပ်ာ့ေပ်ာင္းလာသည္ကို ေတြ႕ခဲ့ၿပီးျဖစ္သည္။ တ႐ုတ္ကုန္စည္ အေမရိကန္ေဒၚလာ ၂၅၀ ဘီလွ်ံဖိုးကို အခြန္စည္းက်ပ္ထားၿပီး ေနာက္ထပ္ ေဒၚလာ ၃၀ဝ ဘီလွ်ံဖိုးကို စည္းက်ပ္ရန္ ေစာင့္ေနစဥ္တြင္ တ႐ုတ္ႏိုင္ငံသည္ ဆက္လက္ ညႇိႏႈိင္းေနသည္။ တ႐ုတ္ႏိုင္ငံသည္ စိုက္ပ်ိဳးေရး၊ စြမ္းအင္ႏွင့္ ဝန္ေဆာင္မႈမ်ားစသည့္ အဓိက နယ္ပယ္ မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈ ေတာင့္တင္းေစရန္ တ႐ုတ္ႏိုင္ငံက အဆိုျပဳသည္။ ထိုသို႔ ပူးေပါင္းေဆာင္႐ြက္ျခင္း သည္ ႏွစ္ႏိုင္ငံ အတြက္ သာမက ကမာၻအတြက္ပါ အက်ိဳးရွိေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္က ဝန္ခံၿပီး အခ်ိဳ႕ေသာ လုငန္းမ်ားအေနျဖင့္ ဟြာေဝးကို ဆက္လက္ ပံ့ပိုး ခြင့္ျပဳသည္။ ႏွစ္ဖက္လုံးကအေလွ်ာ့ေပးေသာအခါ ေရွ႕တလွမ္းဆက္ရန္ မ်ားစြာပိုမိုလြယ္ကူသည္။ပိုမိုက်ယ္ျပန႔္ ေသာ သေဘာတူညီမႈကို မျမင္ရေသးေသာ္လည္း တ႐ုတ္ႏွင့္ အေမရိကန္တို႔သည္ လမ္းေၾကာင္းမွန္တြင္ ေလွ်ာက္ေနၾကသည္။ စီးပြားေရးႏွင့္ ႏိုင္ငံေရး ပူးေပါင္းေဆာင္႐ြက္မႈသည္ အေမရိကန္ ကတ႐ုတ္ကို အဓိကၿပိဳင္ဖက္ဟု ကာလၾကာရွည္စြာ သေဘာထားေစကာမူ  ႏွစ္ႏိုင္ငံ ဆက္ဆံေရး၏ အဓိက အစိတ္အပိုင္းျဖစ္ေနသည္။ လြန္ခဲ့ေသာႏွစ္ခန႔္က အေမရိကန္အစိုးရသည္ ထိုစီးပြားေရးႏွစ္ခုကို ခြဲထုတ္ရန္မွာ မလြယ္ကူ သို႔မဟုတ္ လက္ေတြ႕မက်ေၾကာင္း ရွင္းလင္းစြာ သေဘာေပါက္သည္။

လာမည့္လ ေအပက္ ထိပ္သီးေဆြးေႏြးပြဲတြင္ တ႐ုတ္ႏွင့္ အေမရိကန္ေခါင္းေဆာင္မ်ား သေဘာ တူညီခ်က္ လက္မွတ္မွတ္ထိုးမည္ဟု ေမွ်ာ္လင့္ခ်က္ျမင့္မားစြာ ထားေသာ္လည္း က်ယ္ျပန႔္ေသာ သေဘာတူညီခ်က္တခုမွာ မျဖစ္ႏိုင္ေပ။ မည္သို႔ဆိုေစ ေရရွည္အျမင္သည္ လာမည့္လမ်ားတြင္ ႏွစ္ႏိုင္ငံအေနျဖင့္ စံခ်ိန္တင္မႈမ်ားကို ပိုမိုလုပ္ေဆာင္ရန္ အေထာက္အကူျဖစ္ေစမည္။