【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံအနီး စစ်အင်အားများပိုမိုချထားခြင်းက အမေရိကန် သေနင်္ဂဗျူဟာ အကျပ်အတည်းကို ပြသနေဟုဆို

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံအနီး စစ်အင်အားများပိုမိုချထားခြင်းက အမေရိကန် သေနင်္ဂဗျူဟာ အကျပ်အတည်းကို ပြသနေဟုဆို

USS Ronald Reagan Aircraft Carrier လေယာဉ်တင် သင်္ဘောအုပ်စုသည် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှ စတင်ပြီး တတိယအကြိမ်အဖြစ် ရေကြောင်းလုံခြုံမှုစစ်ဆင်ရေး ပြုလုပ်နေသည်ဟု  အမေရိကန် Naval Institute သတင်းအရ သိရသည်။ထို တိုက်ခိုက်ရေးအုပ်စုသည် မလက္ကာရေလက်ကြားကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝင်ရောက်လာသည်။

တချိန်တည်းနီးပါးတွင် လမ်းညွှန်ဒုံးကျည်ဖျက်သင်္ဘော USS Barry သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားသည်။ထိုသို့ဖြတ်သန်းသွားခြင်းသည် ထိုင်ဝမ်ရေလက်ကြားတွင် ယခုနှစ်အတွင်း အမေရိကန်စစ်သင်္ဘောဖြတ်သန်းမှု ဆယ်ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း တစ်နှစ်အတွင်း အကြိမ်ရေအများဆုံးဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအားလုံးသည် ကိုဗစ်-၁၉ ပြဿနာကို ရင်ဆိုင်နေရချိန်တွင် အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်ပွင့်လင်းသော အင်ဒိုပိစိဖိတ် တည်ဆောက်ရန် အမေရိကန်၏ ကတိကဝတ်ကို သရုပ်ပြရေးအတွက် နိုင်ငံတကာဥပဒေနှင့်အညီ လွတ်လပ်စွာရေကြောင်းသွားလာမှုစစ်ဆင်ရေး ရည်မှန်းချက်ဖြင့် ထိုရေပိုင်နက်များတွင် စစ်ရေးတည်ရှိမှု တိုးချဲ့နေသည်။

သို့သော် ဖြစ်ရပ်မှန်အချက်အလက်များကမူ အမေရိကန်က အများထင်စေလိုသည့် ဇာတ်လမ်းနှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်သော ဇာတ်လမ်းတစ်ခုကို ဖေါ်ပြနေသည်။အချက်အလက်အချို့ကို တစေ့တစောင်းကြည့်လိုက်လျှင်ပင် အမေရိကန်စစ်ရေးတည်ရှိမှု တိုးချဲ့ခြင်း၏နောက်ကွယ်မှ ယုတ္တိဗေဒကို နားလည်နိုင်သည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို က တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ ပိုင်နက်တောင်းဆိုမှုများအားလုံးသည် ဥပဒေနှင့် လုံး၀ညီညွတ်ခြင်းမရှိဟုဆိုကာ ပယ်ချလိုက်သည်။ထိုဖြစ်ရပ်သည် တောင်တရုတ်ပင်လယ်ကိစ္စတွင် အမေရိကန်ပြည်ထောင်စုက သဘောထားထုတ်ပြန်သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး တင်းမာမှုများကို ပိုမိုဖြစ်ပွားစေသည်။

တရုတ်နိုင်ငံ၏ တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရသောအခါ အမေရိကန်နိုင်ငံက ၎င်းတို့အဆို အနိုင်ကျင့်သောအပြုအမူဟုခေါ်သည့် တရုတ်နိုင်ငံ ငြိမ်းချမ်းစွာရေကြောင်းသွားလာမှုကို တားဆီးရန်အကြောင်းပြကာ စစ်ရေးရင်းမြစ်များကို ပိုမိုရင်းနှီးမြှုပ်နှံလာသည်။ထို့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါ က သြဂုတ်လ ၂၇ ရက်နေ့က မိန့်ခွန်းပြောကြားစဉ်အတွင်း အင်ဒိုပိစိဖိတ်ဟုဆိုသည့် ဒေသတွင် တရုတ်နိုင်ငံကို ပိုမိုထိရောက်စွာတန်ပြန်ရန် နိုင်ငံများကို တောင်းဆိုခဲ့သည်။

အိုဘားမားအစိုးရ၏ အာရှပိစိဖိတ် သေနင်္ဂဗျူဟာ ပြန်လည်ချိန်ညှိခြင်းဖြစ်စေ၊ ထရမ့်အစိုးရ၏ လွတ်လပ်ပွင့်လင်းသော အင်ဒိုပိစိဖိတ် သေနင်္ဂဗျူဟာဖြစ်စေ အမေရိကန်၏ အာရှပိစိဖိတ် သေနင်္ဂဗျူဟာတွင် စစ်ရေးသည် အဓိကထောက်တိုင်များအနက် တစ်ခုဖြစ်သည်။ထရမ့်ကမူ တရုတ်ကို စစ်ရေးနည်းလမ်းဖြင့်တုံ့ပြန်ရန် လူသိရှင်ကြား ကြိုးစားသည်။

ထရမ့်အစိုးရသည် တရုတ်နိုင်ငံကို သေနင်္ဂဗျူဟာပြိုင်ဖက်အဖြစ် ၂၀၁၇ ခုနှစ် တံဆိပ်ကပ်ခဲ့သောကြောင့် ထိုသို့ သေနင်္ဂဗျူဟာ ခြိမ်းခြောက်မှုများစာရင်းသည် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ထိုရည်ရွယ်ချက်ဖြင့် အမေရိကန် နိုင်ငံရေးအထက်လွှာက တောင်တရုတ်ပင်လယ်တွင် အငြင်းပွားမှုများရှိပြီး တရုတ်နိုင်ငံက အဓိကအကျိုးစီးပွားအဖြစ် ကြေညာထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော ထိုင်ဝမ်ပြဿနာအား တရုတ်ကို ထိန်းချုပ်ရေးတွင် ထိရောက်သောနည်းလမ်းအဖြစ် အသုံးပြုနိုင်သည်ဟု ယုံကြည်နေကြသည်။

အချုပ်အားဖြင့်ဆိုရပါက ကြီးမားလာနေသော အမေရိကန် စစ်ရေးတည်ရှိမှုအတွက် အဓိကစေ့ဆော်မှုကို မဟာအင်အားကြီး ယှဉ်ပြိုင်မှုအခြေအနေတွင် ပိုမိုကောင်းမွန်စွာ သရုပ်ဖေါ်နိုင်မည်ဖြစ်သည်။မည်သို့ဆိုစေကာမူ အမေရိကန်နိုင်ငံတွင် ကမ္ဘာတဝှမ်း ကူးစက်ရောဂါပျံ့နှံ့ခြင်းသည် တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ခြင်းကို ပိုမိုမြင့်မားစေသည်။

ကမ္ဘာတဝှမ်း ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းသည် မဟာအင်အားကြီးနိုင်ငံအဖြစ် အမေရိကန်၏ပုံရိပ်ကို အကြီးအကျယ်ထိခိုက်စေသောကြောင့် စီးပွားရေးနှင့် နိုင်ငံရေးအင်အားအရ နှစ်နိုင်ငံအကြားကွာဟမှုကို ကမ္ဘာတဝှမ်း ကူးစက်ရောဂါက ပိုမိုကျဉ်းမြောင်းစေသည်ဟု ပိုမိုများပြားသော အမေရိကန်မူဝါဒ သုတေသီများ မြင်လာကြသည်။

ထိုသို့ဆိုလျှင် တရုတ်နိုင်ငံကို ခပ်ကြမ်းကြမ်းကိုင်လိုက်ခြင်းသည် ရွေးကောက်ပွဲအတွက် မဲဆွဲဆောင်ရန် တွန်းအားပေးရေးအတွက် ထရမ့် လုပ်ဆောင်နိုင်သည့် အနည်းငယ်မျှသာသော မူဝါဒဆိုင်ရာ ရွေးချယ်မှုများအနက် တစ်ခုသာဖြစ်ပုံရသည်။

သို့သော် ၎င်းတို့အကျိုးအမြတ်အတွက် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများတွင် အမေရိကန်ကြားဝင်ခြင်းသည် တရုတ်နိုင်ငံ၏ ရှုတ်ချမှုနှင့် တန်ပြန်ဆောင်ရွက်မှုများကိုသာ ဖြစ်စေမည်ဖြစ်သည်။အပြန်အလှန်အားဖြင့် ထိုသို့လုပ်ရန် အမေရိကန်နိုင်ငံအနေဖြင့် လွတ်လပ်ပွင့်လင်းသော အင်ဒိုပိစိဖိတ်တွင် ကတိကဝတ်များကိုဖြည့်ဆည်းရန် စစ်ရေးရင်းမြစ်များ ပိုမိုရင်းနှီးမြှုပ်နှံရန် လိုလာသည်။

ထိုအချက်က အမေရိကန် သေနင်္ဂဗျူဟာအကျပ်အတည်းကို ပြသနေသည်။အမေရိကန်က စစ်ရေးရင်းမြစ်များများ မြှုပ်နှံလေလေ အမေရိကန်အနေဖြင့် မလုံခြုံဟု ပိုမိုခံစားရလေလေပင်ဖြစ်သည်။ထိုဆိုးရွားလှသော သံသရာနှင့် အလားအလာရှိသော လက်နက်ပြိုင်ပွဲကို ဖယ်ရှားရန်အတွက် အမေရိကန်ပြည်ထောင်စုသည် ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်မှုတို့အပေါ် အခြေခံသည့် ဆက်ဆံရေးကို တွန်းအားပေးသင့်သည်။

ထွက်ပေါက်တစ်ခုမှာ သမ္မတ ရှီကျင့်ဖိန် ချမှတ်သည့် မဟာအင်အားကြီး ဆက်ဆံရေးပုံစံသစ်တစ်မျိုးကို ပြန်လည်ထိန်းသိမ်းရန်ဖြစ်သည်။ရှီနှင့် ယခင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ထိုကိစ္စတွင် သဘောတူညီမှုရှိကြပြီး ထိုဆက်ဆံရေးသည် ထိုစဉ်က ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာမခံချက်ပေးခဲ့သည်။

ပြန်လည်ရွေးကောက်ခံရန်ကြိုးစားသည့် နှိုင်းယှဉ်ချက်အားဖြင့် အင်အားနည်းသော အမေရိကန်သမ္မတများသည် ရွေးကောက်ပွဲမတိုင်မီ အန္တရာယ်များသောဆောင်ရွက်မှုများ လုပ်တတ်ကြောင်း သမိုင်းကပြသနေသည်။ရွေးကောက်ပွဲရက် နီးလာချိန်တွင် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအားလုံး သတိရှိရန်လိုသည်။

နောက်လာမည့် အမေရိကန်အစိုးရအတွက်မှာမူ လက်ရှိသေနင်္ဂဗျူဟာကို ပြန်လည်ပြင်ဆင်ရန် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရန် အချိန်ကျရောက်နေပြီဖြစ်သည်။

(အယ်ဒီတာမှတ်ချက် - ကျောက်ဝမ်ရှင်းသည် Shang Dao Institute for Social Research မှ တွဲဖက်သုတေသီဖြစ်ပြီး Shanghai Jiao Tong University နှင့် Harvard University တို့မှ ပူးတွဲပါရဂူဘွဲ့ ရရှိသူဖြစ်သည်။သူသည် ထိုင်ဝမ်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေးတို့နှင့်ပတ်သက်သည့် စာပေများရေးသားသည်။ယခုဆောင်းပါးသည် စာရေးသူ၏ အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ဟု မယူဆနိုင်ပါ။)

Linko
အောက်တိုဘာ - ၁၉

( Zawgyi )

USS Ronald Reagan Aircraft Carrier ေလယာဥ္တင္ သေဘၤာအုပ္စုသည္ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္းမွ စတင္ၿပီး တတိယအႀကိမ္အျဖစ္ ေရေၾကာင္းလုံၿခဳံမႈစစ္ဆင္ေရး ျပဳလုပ္ေနသည္ဟု  အေမရိကန္ Naval Institute သတင္းအရ သိရသည္။ထို တိုက္ခိုက္ေရးအုပ္စုသည္ မလကၠာေရလက္ၾကားကို ျဖတ္ေက်ာ္ၿပီး ေတာင္တ႐ုတ္ပင္လယ္သို႔ ေအာက္တိုဘာလ ၁၅ ရက္ေန႔တြင္ ဝင္ေရာက္လာသည္။

တခ်ိန္တည္းနီးပါးတြင္ လမ္းၫႊန္ဒုံးက်ည္ဖ်က္သေဘၤာ USS Barry သည္ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားသည္။ထိုသို႔ျဖတ္သန္းသြားျခင္းသည္ ထိုင္ဝမ္ေရလက္ၾကားတြင္ ယခုႏွစ္အတြင္း အေမရိကန္စစ္သေဘၤာျဖတ္သန္းမႈ ဆယ္ႀကိမ္ေျမာက္ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း တစ္ႏွစ္အတြင္း အႀကိမ္ေရအမ်ားဆုံးျဖစ္သည္။

ကမာၻ႔ႏိုင္ငံမ်ားအားလုံးသည္ ကိုဗစ္-၁၉ ျပႆနာကို ရင္ဆိုင္ေနရခ်ိန္တြင္ အေမရိကန္ျပည္ေထာင္စုသည္ လြတ္လပ္ပြင့္လင္းေသာ အင္ဒိုပိစိဖိတ္ တည္ေဆာက္ရန္ အေမရိကန္၏ ကတိကဝတ္ကို သ႐ုပ္ျပေရးအတြက္ ႏိုင္ငံတကာဥပေဒႏွင့္အညီ လြတ္လပ္စြာေရေၾကာင္းသြားလာမႈစစ္ဆင္ေရး ရည္မွန္းခ်က္ျဖင့္ ထိုေရပိုင္နက္မ်ားတြင္ စစ္ေရးတည္ရွိမႈ တိုးခ်ဲ႕ေနသည္။

သို႔ေသာ္ ျဖစ္ရပ္မွန္အခ်က္အလက္မ်ားကမူ အေမရိကန္က အမ်ားထင္ေစလိုသည့္ ဇာတ္လမ္းႏွင့္ လုံးဝဆန႔္က်င္ဖက္ျဖစ္ေသာ ဇာတ္လမ္းတစ္ခုကို ေဖၚျပေနသည္။အခ်က္အလက္အခ်ိဳ႕ကို တေစ့တေစာင္းၾကည့္လိုက္လွ်င္ပင္ အေမရိကန္စစ္ေရးတည္ရွိမႈ တိုးခ်ဲ႕ျခင္း၏ေနာက္ကြယ္မွ ယုတၱိေဗဒကို နားလည္ႏိုင္သည္။

ဇူလိုင္လ ၁၃ ရက္ေန႔တြင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယို က ေတာင္တ႐ုတ္ပင္လယ္မွ တ႐ုတ္ႏိုင္ငံ၏ ပိုင္နက္ေတာင္းဆိုမႈမ်ားအားလုံးသည္ ဥပေဒႏွင့္ လုံး၀ညီၫြတ္ျခင္းမရွိဟုဆိုကာ ပယ္ခ်လိုက္သည္။ထိုျဖစ္ရပ္သည္ ေတာင္တ႐ုတ္ပင္လယ္ကိစၥတြင္ အေမရိကန္ျပည္ေထာင္စုက သေဘာထားထုတ္ျပန္သည့္ ပထမဆုံးအႀကိမ္ျဖစ္ၿပီး တင္းမာမႈမ်ားကို ပိုမိုျဖစ္ပြားေစသည္။

တ႐ုတ္ႏိုင္ငံ၏ တုံ႔ျပန္မႈမ်ားႏွင့္ ရင္ဆိုင္ရေသာအခါ အေမရိကန္ႏိုင္ငံက ၎တို႔အဆို အႏိုင္က်င့္ေသာအျပဳအမူဟုေခၚသည့္ တ႐ုတ္ႏိုင္ငံ ၿငိမ္းခ်မ္းစြာေရေၾကာင္းသြားလာမႈကို တားဆီးရန္အေၾကာင္းျပကာ စစ္ေရးရင္းျမစ္မ်ားကို ပိုမိုရင္းႏွီးျမႇဳပ္ႏွံလာသည္။ထို႔အျပင္ အေမရိကန္ကာကြယ္ေရးဝန္ႀကီး မာ့ခ္အက္စပါ က ၾသဂုတ္လ ၂၇ ရက္ေန႔က မိန႔္ခြန္းေျပာၾကားစဥ္အတြင္း အင္ဒိုပိစိဖိတ္ဟုဆိုသည့္ ေဒသတြင္ တ႐ုတ္ႏိုင္ငံကို ပိုမိုထိေရာက္စြာတန္ျပန္ရန္ ႏိုင္ငံမ်ားကို ေတာင္းဆိုခဲ့သည္။

အိုဘားမားအစိုးရ၏ အာရွပိစိဖိတ္ ေသနဂၤဗ်ဴဟာ ျပန္လည္ခ်ိန္ညႇိျခင္းျဖစ္ေစ၊ ထရမ့္အစိုးရ၏ လြတ္လပ္ပြင့္လင္းေသာ အင္ဒိုပိစိဖိတ္ ေသနဂၤဗ်ဴဟာျဖစ္ေစ အေမရိကန္၏ အာရွပိစိဖိတ္ ေသနဂၤဗ်ဴဟာတြင္ စစ္ေရးသည္ အဓိကေထာက္တိုင္မ်ားအနက္ တစ္ခုျဖစ္သည္။ထရမ့္ကမူ တ႐ုတ္ကို စစ္ေရးနည္းလမ္းျဖင့္တုံ႔ျပန္ရန္ လူသိရွင္ၾကား ႀကိဳးစားသည္။

ထရမ့္အစိုးရသည္ တ႐ုတ္ႏိုင္ငံကို ေသနဂၤဗ်ဴဟာၿပိဳင္ဖက္အျဖစ္ ၂၀၁၇ ခုႏွစ္ တံဆိပ္ကပ္ခဲ့ေသာေၾကာင့္ ထိုသို႔ ေသနဂၤဗ်ဴဟာ ၿခိမ္းေျခာက္မႈမ်ားစာရင္းသည္ ဆက္လက္ျဖစ္ေပၚေနမည္ျဖစ္သည္။ထိုရည္႐ြယ္ခ်က္ျဖင့္ အေမရိကန္ ႏိုင္ငံေရးအထက္လႊာက ေတာင္တ႐ုတ္ပင္လယ္တြင္ အျငင္းပြားမႈမ်ားရွိၿပီး တ႐ုတ္ႏိုင္ငံက အဓိကအက်ိဳးစီးပြားအျဖစ္ ေၾကညာထားသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္ေသာ ထိုင္ဝမ္ျပႆနာအား တ႐ုတ္ကို ထိန္းခ်ဳပ္ေရးတြင္ ထိေရာက္ေသာနည္းလမ္းအျဖစ္ အသုံးျပဳႏိုင္သည္ဟု ယုံၾကည္ေနၾကသည္။

အခ်ဳပ္အားျဖင့္ဆိုရပါက ႀကီးမားလာေနေသာ အေမရိကန္ စစ္ေရးတည္ရွိမႈအတြက္ အဓိကေစ့ေဆာ္မႈကို မဟာအင္အားႀကီး ယွဥ္ၿပိဳင္မႈအေျခအေနတြင္ ပိုမိုေကာင္းမြန္စြာ သ႐ုပ္ေဖၚႏိုင္မည္ျဖစ္သည္။မည္သို႔ဆိုေစကာမူ အေမရိကန္ႏိုင္ငံတြင္ ကမာၻတဝွမ္း ကူးစက္ေရာဂါပ်ံ႕ႏွံ႔ျခင္းသည္ တ႐ုတ္ႏိုင္ငံႏွင့္ ထိပ္တိုက္ေတြ႕ျခင္းကို ပိုမိုျမင့္မားေစသည္။

ကမာၻတဝွမ္း ကူးစက္ေရာဂါေၾကာင့္ ေသဆုံးမႈႏႈန္းသည္ မဟာအင္အားႀကီးႏိုင္ငံအျဖစ္ အေမရိကန္၏ပုံရိပ္ကို အႀကီးအက်ယ္ထိခိုက္ေစေသာေၾကာင့္ စီးပြားေရးႏွင့္ ႏိုင္ငံေရးအင္အားအရ ႏွစ္ႏိုင္ငံအၾကားကြာဟမႈကို ကမာၻတဝွမ္း ကူးစက္ေရာဂါက ပိုမိုက်ဥ္းေျမာင္းေစသည္ဟု ပိုမိုမ်ားျပားေသာ အေမရိကန္မူဝါဒ သုေတသီမ်ား ျမင္လာၾကသည္။

ထိုသို႔ဆိုလွ်င္ တ႐ုတ္ႏိုင္ငံကို ခပ္ၾကမ္းၾကမ္းကိုင္လိုက္ျခင္းသည္ ေ႐ြးေကာက္ပြဲအတြက္ မဲဆြဲေဆာင္ရန္ တြန္းအားေပးေရးအတြက္ ထရမ့္ လုပ္ေဆာင္ႏိုင္သည့္ အနည္းငယ္မွ်သာေသာ မူဝါဒဆိုင္ရာ ေ႐ြးခ်ယ္မႈမ်ားအနက္ တစ္ခုသာျဖစ္ပုံရသည္။

သို႔ေသာ္ ၎တို႔အက်ိဳးအျမတ္အတြက္ တ႐ုတ္ႏိုင္ငံ၏ အဓိကအက်ိဳးစီးပြားမ်ားတြင္ အေမရိကန္ၾကားဝင္ျခင္းသည္ တ႐ုတ္ႏိုင္ငံ၏ ရႈတ္ခ်မႈႏွင့္ တန္ျပန္ေဆာင္႐ြက္မႈမ်ားကိုသာ ျဖစ္ေစမည္ျဖစ္သည္။အျပန္အလွန္အားျဖင့္ ထိုသို႔လုပ္ရန္ အေမရိကန္ႏိုင္ငံအေနျဖင့္ လြတ္လပ္ပြင့္လင္းေသာ အင္ဒိုပိစိဖိတ္တြင္ ကတိကဝတ္မ်ားကိုျဖည့္ဆည္းရန္ စစ္ေရးရင္းျမစ္မ်ား ပိုမိုရင္းႏွီးျမႇဳပ္ႏွံရန္ လိုလာသည္။

ထိုအခ်က္က အေမရိကန္ ေသနဂၤဗ်ဴဟာအက်ပ္အတည္းကို ျပသေနသည္။အေမရိကန္က စစ္ေရးရင္းျမစ္မ်ားမ်ား ျမႇဳပ္ႏွံေလေလ အေမရိကန္အေနျဖင့္ မလုံၿခဳံဟု ပိုမိုခံစားရေလေလပင္ျဖစ္သည္။ထိုဆိုး႐ြားလွေသာ သံသရာႏွင့္ အလားအလာရွိေသာ လက္နက္ၿပိဳင္ပြဲကို ဖယ္ရွားရန္အတြက္ အေမရိကန္ျပည္ေထာင္စုသည္ ညႇိႏႈိင္းေဆာင္႐ြက္မႈ၊ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ တည္ၿငိမ္မႈတို႔အေပၚ အေျခခံသည့္ ဆက္ဆံေရးကို တြန္းအားေပးသင့္သည္။

ထြက္ေပါက္တစ္ခုမွာ သမၼတ ရွီက်င့္ဖိန္ ခ်မွတ္သည့္ မဟာအင္အားႀကီး ဆက္ဆံေရးပုံစံသစ္တစ္မ်ိဳးကို ျပန္လည္ထိန္းသိမ္းရန္ျဖစ္သည္။ရွီႏွင့္ ယခင္ အေမရိကန္သမၼတ ဘားရက္အိုဘားမားတို႔သည္ ထိုကိစၥတြင္ သေဘာတူညီမႈရွိၾကၿပီး ထိုဆက္ဆံေရးသည္ ထိုစဥ္က ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို အာမခံခ်က္ေပးခဲ့သည္။

ျပန္လည္ေ႐ြးေကာက္ခံရန္ႀကိဳးစားသည့္ ႏႈိင္းယွဥ္ခ်က္အားျဖင့္ အင္အားနည္းေသာ အေမရိကန္သမၼတမ်ားသည္ ေ႐ြးေကာက္ပြဲမတိုင္မီ အႏၲရာယ္မ်ားေသာေဆာင္႐ြက္မႈမ်ား လုပ္တတ္ေၾကာင္း သမိုင္းကျပသေနသည္။ေ႐ြးေကာက္ပြဲရက္ နီးလာခ်ိန္တြင္ သက္ဆိုင္ရာ ပါဝင္ပတ္သက္သူမ်ားအားလုံး သတိရွိရန္လိုသည္။

ေနာက္လာမည့္ အေမရိကန္အစိုးရအတြက္မွာမူ လက္ရွိေသနဂၤဗ်ဴဟာကို ျပန္လည္ျပင္ဆင္ရန္ ေဒသတြင္း ၿငိမ္းခ်မ္းတည္ၿငိမ္မႈ ျပန္လည္ထိန္းသိမ္းရန္ အခ်ိန္က်ေရာက္ေနၿပီျဖစ္သည္။

(အယ္ဒီတာမွတ္ခ်က္ - ေက်ာက္ဝမ္ရွင္းသည္ Shang Dao Institute for Social Research မွ တြဲဖက္သုေတသီျဖစ္ၿပီး Shanghai Jiao Tong University ႏွင့္ Harvard University တို႔မွ ပူးတြဲပါရဂူဘြဲ႕ ရရွိသူျဖစ္သည္။သူသည္ ထိုင္ဝမ္ႏွင့္ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးတို႔ႏွင့္ပတ္သက္သည့္ စာေပမ်ားေရးသားသည္။ယခုေဆာင္းပါးသည္ စာေရးသူ၏ အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ဟု မယူဆႏိုင္ပါ။)

Linko
ေအာက္တိုဘာ - ၁၉