【 နိုင်ငံတကာဆောင်းပါး 】 တရုတ်စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းနှင့် ဆန်းသစ်တီထွင်မှု

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းနှင့် ဆန်းသစ်တီထွင်မှု

အစိုးရအချက်အလက်ကောက်စီရုံး (SCIO) ဟာ ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်တိုးတက်ရေးတွင် ရရှိခဲ့သော အရေးကြီးသော အောင်မြင်မှုများအကြောင်းကို ရှင်လင်းခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အရေးကြီးသော တိုးတက်မှု ၅ ခု အကြောင်းကို National Energy Administration တွင် ညွှန်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဇန်ဂျင်ဟွာက ရှင်းလင်းခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ စွမ်းအင်တိုးတက်မှု၊ စွမ်းအင်ထောက်ပံ့မှု၊ စွမ်းအင်အသုံးပြုမှု၊ စွမ်းအင်ဆိုင်ရာ နည်းပညာများ၊ စွမ်းအင်တည်ဆောက်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့တွင် တရုတ်နိုင်ငံဟာ စွမ်းအင်ပံ့ပိုးမှုတွင် ကြီးမားစွာမြင့်တက်လာမှုကို မြင်ရပြီး စွမ်းအင်မလုံလောက်မှုနှင့် စွမ်းအင်လုံလောက်မှုတို့လည်း ပါဝင်ပါတယ်။

စွမ်းအင်တည်ဆောက်မှုပုံစံဟာ နှစ်ပေါင်း ၇၀ ကြာ ကောင်းမွန်အောင် လုပ်ဆောင်လာခဲ့ပါတယ်။များပြားသောပံ့ပိုးရေးစနစ်ကို တည်ဆောက်ခဲ့ပြီး ကျောက်မီးသွေး၊ လောင်စာဆီ၊ လျှပ်စစ်စွမ်းအင်နှင့် ပြန်လည်အသုံးပြုလို့ရသော စွမ်းအင်များကိုလည်း တည်ဆောက်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် တရုတ်ဟာ ကမ္ဘာပေါ်တွင် ကျောက်မီးသွေး၊ ဟိုက်ဒရိုစွမ်းအင်၊ လေစွမ်းအင် နှင့် ဆိုလာ စွမ်းအင် အများဆုံးတပ်ဆင်နိုင်သော နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး နျူကလီးယားစွမ်းအင်တွင်လည်း တတိယအဆင့် သတ်မှတ်ခံထားရပါတယ်။ သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်အသုံးပြုမှုကလည်း လျှပ်စွမ်းအင်စုစုပေါင်း ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

တရုတ်နိုင်ငံ၏ စွမ်းအင်အသုံးပြုမှုပုံစံကလည်း ယခင်က ကျောက်မီးသွေးအသုံးပြုမှုကနေ အစိမ်းရောင်စွမ်းအင်အသုံးပြုမှုသို့ တိုးတက်ပြောင်းလဲလာနေပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်ရှိသော အရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် စွမ်းအင်ကို စတင်ထုတ်လုပ်ခဲ့ရာ ၁၉၅၀ ကျော်နောက်ပိုင်း ကျောက်မီးသွေးဟာ စွမ်းအင်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို ပံ့ပိုးလာခဲ့ပါတယ်။ယခုတော့ ကျောက်မီးသွေးဟာ စွမ်းအင်ပံ့ပိုးမှုကို ၆၀ ရာခိုင်နှုန်းအထိသာ လုပ်လာပြီး လူတစ်ဦးချင်း ဂျီဒီပီစွမ်းအင်အသုံးပြုမှုကလည်း ၂၃.၃ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ပါတယ်။

လောင်စာဆီမဟုတ်သော စွမ်းအင် အသုံးပြုမှုကလည်း ၁၄.၃ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကာ သဘာဝဓာတ်ငွေ့အသုံးပြုမှုကလည်း ၇.၈ ရာခိုင်နှုန်းသို့  မြင့်တက်သွားခဲ့ပြီး အပူကနေထုတ်လုပ်သော စွမ်းအင်အသုံးပြုမှုကလည်း ၂၅.၅ ရာခိုင်နှုန်းသို့ မြင့်တက်သွား ခဲ့ပါတယ်။

စွမ်းအင်ဆိုင်ရာ နည်းပညာများကလည်း ကြီးမားသော ပြောင်းလဲမှုများကို ဖော်ဆောင်လာနိုင်ခဲ့ပြီး စည်းမျည်းစည်းကမ်းများကနေ ခေါင်းဆောင်မှုအပိုင်းအဖြစ် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။စွမ်းအင်တည်ဆောက်ရေးနှင့် ဆန်းသစ်တီထွင်တိုးတက်မှုအတွက် လမ်းအသစ်ကိုလည်း ဖန်တီးလာနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်စနစ်နည်းပညာနှင့် အသုံးအဆောင်အဆင့်အတန်းဟာ အဆက်မပြတ်တိုးတက်လာခဲ့ပါတယ်။ကျောက်မီးသွေးထုတ်လုပ်ရေးအတွက် တန်ချိန် ၁၀ သန်း ပစ္စည်းများ၊ တတိယအဆင့် လောင်စာဆီထုတ်လုပ်ရေးနှင့် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့တွင် တိုးတက်မှုများဟာ ကမ္ဘာပေါ်တွင် ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး သန့်ရှင်းသော ကျောက်မီးသွေးစွမ်းအင်စနစ်နှင့် ဓာတ်အားပေးစနစ်ကို တည်ဆောက်ခဲ့ပါတယ်။လေထုညစ်ညမ်းမှုအညွှန်းကိန်းဟာလည်း ကမ္ဘာ့အဆင့်မီသောနေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။

စွမ်းအင်တည်ဆောက်ရေးပြုပြင်မှုနဲ့ပတ်သက်ပြီး ဇန်၏ ပြောကြားချက်အရ စီမံကိန်းခန့်ခွဲရေးကနေ စျေးကွက်အခြေခံသော ကြီးမားသော ပြောင်းလဲမှုရှိပြီဖြစ်ကြောင်း ဆိုပါတယ်။တရုတ်နိုင်ငံဟာ စွမ်းအင်ထုတ်လုပ်မှုတွင် ကြီးမားသောပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်ရေး၊ စျေးနှုန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် စီမံခန့်ခွဲရေးစနစ်တို့တွင်လည်း ကြီးမားသော ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး တရုတ်ဟာ တံခါးဖွင့်မူဝါဒကို တိုးချဲ့အသုံးပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံဟာ စွမ်းအင်ဆိုင်ရာလဲလှယ်မှုတွင် ပြည့်စုံသော တိုးတက်မှုလုပ်ဆောင်ခြင်း၊ နိုင်ငံတကာတွင် နိုင်ငံပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် BRI စီမံကိန်းအောက်တွင် စွမ်းအင်ကဏ္ဍပူးပေါင်ဆောင်ရွက်မှုမြှင့်တင်ရန် ကြီးမားသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကြီးမားသော နိုင်ငံတကာလောင်စာဆီနှင့် သဘောဝဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဇုန် ၅ ခုကို တည်ဆောက်နိုင်ခဲ့ပြီး လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့တင်သွင်းရေးအတွက် ကြီးမားသော ချယ်နယ် ၄ ခုကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။

ထို့အပြင် Energy Charter ၊ International Energy Agency ၊ International Renewable Energy Agency အပြင်အခြားသော နိုင်ငံတကာက စွမ်းအင်အဖွဲ့အစည်းများစွာနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

Naing
Ref : CMG | Reform and innovation mark China's energy development in 70 years