【 နိုင်ငံတကာဆောင်းပါး 】 ဆော်ဒီရေနံအဆောက်အအုံများကိုတိုက်ခိုက်ခြင်းကြောင့် ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်

【 နိုင်ငံတကာဆောင်းပါး 】 ဆော်ဒီရေနံအဆောက်အအုံများကိုတိုက်ခိုက်ခြင်းကြောင့် ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်

ဆော်ဒီအာရှေဗီးယား ရေနံအဆောက်အအုံနှစ်ခုကို စနေနေ့က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများ ရှိနိုင်သည်။ ပစ်မှတ်ထား တိုက်ခိုက် ခံရသော ဆော်ဒီအာရေးဗီးယန်း ရေနံကုမဏီ သို့မဟုတ် Saudi Aramco သည် ကမ္ဘာ့
ရေနံ လုပ်ငန်းကြီးဖြစ်ရုံသာမက ကမ္ဘာ့အဖိုးအတန်ဆုံး ကုမ္ဂဏီလည်း ဖြစ်နိုင်သည်။

၎င်း၏ အဆောက်အအုံနှစ်ခုဖြစ်သော ကမ္ဘာ့အကြီးဆုံးရေနံချက်စက်ရုံနှင့် အဓိက ရေနံမြေတခု ပျက်ဆီးခြင်းသည် ဆော်ဒီအာရေးဗီးယား၏ ရေနံထုတ်လုပ်မှုကို ထက်ဝက်ကျဆင်းစေပြီး ရီယာ့ဒ်နှင့် ဝါရှင်တန်တို့သည် ၎င်းတို့၏ အရန်ရေနံများကို ထုတ်သုံးကြရစေပြီး ကမ္ဘာ့ရေနံဈေးကွက်ကို ရိုက်ခတ် ကာ ရေနံဈေးများတက်သွားစေသည်။

ထိုတိုက်ခိုက်မှုများသည် သင်္ဘောပျက်ကိန်းဆိုက်နေပြီးဖြစ်သောကမ္ဘာ့စီးပွားရေးကို အပြင်းအထန် ထိုးနှက်လိုက်ကာ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းရင်းသည် မည်သို့ဖြစ်သည်ကို အများအပြားက သိလိုလာကြစေသည်။

မကြာသေးမီက အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်မှ ဂျွန် ဘော်လ်တန်နုတ်ထွက်သွားခြင်းသည် ပါရှန်းပင်လယ်ကွေ့တွင် တင်းမာမှုများကို တစုံတရာလျှော့ကျသွားစေသည်။ သို့သော် ယခု တိုက်ခိုက် မှုများသည် အရှေ့အလယ်ပိုင်းတွင် အခြေအနေကို ပြန်လည်တင်းမားစေပြန်သည်။

ထိုတိုက်ခိုက်မှုအတွက် ယီမင်မှ ဟူသီသူပုန်များက ၎င်းတို့လက်ချက်ဖြစ်သည်ဟုကြေညာသော်လည်း အမေရိကန်ပြည်ထောင်စုက သက်သေပြနိုင်ခြင်းမရှိဘဲ အီရန်ကိုအပြစ်တင်သည်မှာ အံ့သြဖွယ် ရာတော့ မဟုတ်ပေ။ အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေးဗီးယားနိုင်ငံအနေဖြင့် ၎င်းတို့ကို ၎င်းတို့ကာကွယ်ရေးအတွက် မည်သည့်လုပ်ဆောင်မှုမဆိုကိုလည်း ထောက်ခံထားပြီး လက်ရှိ ကျင်းပနေသော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ သီးခြားအစည်းအဝေးများတွင် အီရန် သမ္မတ ဟက်ဆန် ရူဟာနီနှင့် တွေ့ဆုံရန် မည်သည့်အစီအစဉ်မျှမရှိကြောင်းပြောသည်။

အစ္စရေးနိုင်ငံသည် ဆီးရီးယားနှင့် အီရတ်ရှီ အီရန် စစ်ဖက်အဆောက်အအုံများကို မကြာသေးမီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ အစ္စရေးလွှတ်တော်ရွေးကောက်ပွဲများ အင်္ဂါနေ့က ကျင်းပသောကြောင့် ၎င်းတို့ပြန်လည်ရွေးကောက်ခံရနိုင်ခြေကို မြှင့်တင်ရန် လီကွတ်အမျိုးသား လစ်ဘရယ် လှုပ် ရှားမှု ခေါင်းဆောင်များက ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟုအနေဖြင့် ထိုတိုက်ခိုက်မှုများကို ပြုလုပ် ရန် အယုံသွင်းခြင်းကိုလည်း မဖြစ်နိုင်ဟု မဆိုနိုင်ပေ။

ထို့အပြင် ဆော်ဒီရေနံအဆောက်အအုံများကိုတိုက်ခိုက်ခြင်းနျင့် ရီယာ့ဒ်-တီဟီရန်ဆက်ဆံရေးကို ဆိုးရွားစေခြင်းနှင့်အတူ အီရန်နိုင်ငံသည် ၎င်း၏ ယူရေနီယမ် သန့်စင်သောလုပ်ငန်းကိုအရှိန်မြှင့်တင် လိုက်သောကြောင့်အရှေ့အလယ်ပိုင်းအခြေအနေသည် ပိုမိုမတည်မငြိမ်ဖြစ်လာသည်။ အချုပ်အားဖြင့် ဆိုရပါက ပါရှန်းပင်လယ်ကွေ့အခြေအနေသည်လွန်စွာဆိုးရွားနေသည်ဟု ဆိုရမည်ဖြစ်သည်။

တချိန်တည်းတွင် ထိုတိုက်ခိုက်မှုများက ယခုအခါ ဟူသီသူပုန်များသည် ဆော်ဒီပစ်မှတ်များကို တိုက်ခိုက်နိုင်ပြီး အပျက်အစီးများစွာ ဖြစ်စေနိုင်ကြောင်း ပြသလိုက်ပြီး ဆော်ဒီအာရေးဗီးယားအနေဖြင့် ယီမင်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်စေနိုင်သည်။ အထူးသဖြင့် ၎င်းတို့ အနေဖြင့် ဟူသီကိုတိုက်ခိုက်သည့် မဟာမိတ်အဖွဲ့ကို ဆက်လက်ဦးဆောင်မည်လား သို့မဟုတ် အိမ်နီးချင်းနိုင်ငံမှ ပြည်တွင်းစစ်ကို ဆွေးနွေးပွဲများကျင်းပ အဆုံးသတ်မည်ဟု စဉ်းစားလာစေနိုင်သည်။
 
ထိုတိုက်ခိုက်မှုများသည် ဆော်ဒီဦးဆောင်သည့် ဟူသီဆန့်ကျင်ရေး စစ်ဖက်မဟာမိတ်များအကြား ပဋိပက္ခများကိုလည်း ပိုမိုပြင်းထန်စေမည်ဖြစ်သည်။ စတင်မွေးဖွားစဉ်ကပင် ထိုမဟာမိတ်အဖွဲ့သည် အတွင်းပိုင်း မညီညွတ်မှုများကို ခံစားနေရသည်။ ဥပမာဆိုရပါက အီဂျစ်သည် ဟူသီများကို တိုက်ခိုက် ရန် အတွက်တပ်များစေလွှတ်ရန် စိတ်မပါသလောက်ပင်ဖြစ်နေသည်။

စီးပွားရေးအရ ရိုက်ခတ်မှုအရဆိုရပါက ဆော်ဒီရေနံအဆောက်အအုံများကိုတိုက်ခိုက်ခြင်းသည် ရေနံဈေးကို မြင့်တက်စေပြီး ရေနံထုတ်လုပ်သောနိုင်ငံများနှင့် တင်သွင်းသောနိုင်ငံများ၏ အကျိုး စီးပွားကို ထိခိုက်စေသည်။ ထိုနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ယီမင်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် လုပ်ဆောင်မည် မလုပ်ဆောင်မည်ကို ဆက်လက်စောင့်ကြည့် ရဦးမည်ဖြစ်သည်။

သို့သော် အမေရိကန်အစိုးရနှင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီတို့အကြားတွင် ယီမင်ပြည်တွင်း စစ်နှင့်ပတ်သက်ပြီး ပြင်းထန်သော သဘောထားကွဲလွဲမှုများရှိနေပြီး ဒီမိုကရက်တို့က အိမ်ဖြူတော် အနေဖြင့် ရီယာ့ဒ်၏ စစ်ရေးလုပ်ဆောင်မှုများအား ထောက်ခံမှု ရပ်ဆိုင်းရန်တောင်းဆိုနေသည်။ ထို့အပြင် ဆော်ဒီရေနံအဆောက်အအုံများအားတိုက်ခိုက်ခြင်းကြောင့်အမေရိကန်အစိုးရအနေဖြင့် ဒီမိုကရက်တို့၏ တောင်းဆိုမှုနှင့် ယီမင်ပြည်တွင်းစစ်အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝန်း၏ တောင်းဆိုမှုကို စဉ်းစားရန် ဖိအားပိုမိုဖြစ်စေသည်။

ဟူသီလေကြောင်းတိုက်ခိုက်မှုများကို တားဆီးရန် ရီယာ့ဒ်သည် အမေရိကန်မှ ဝယ်ယူထားသော ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်များ ဖြန့်ကျက်ထားပြီးဖြစ်သည်။ သို့သော် ပက်ထရီယော့ စနစ်များသည် ရေနံအဆောက်အအုံများတိုက်ခိုက်ခံရခြင်းကိုကာကွယ်ပေးနိုင်ခြင်းမရှိသောကြောင့် ဆော်ဒီအာရေးဗီးယားသည် ထိုသို့သောတိုက်ခိုက်မှုများကို ပိုမိုခံရနိုင်သည်။

ထို့ကြောင့်ပိုမိုအရေးပါသော မေးခွန်းတခုပေါ်ပေါက်လာသည်။ နိုင်ငံများအနေဖြင့် ရန်သူတိုက်ခိုက်မှုမှ ကာကွယ်ရန် ပိုမို အဆင့်မြင့်သောလက်နက်ကိရိယာများဝယ်ယူသင့်ပါသလား သို့မဟုတ် ထိုသို့သော တိုက်ခိုက်မှုများ လုံး၀ မဖြစ်စေရန် ရန်သူဖြစ်စေခြင်းကို ဦးစွာရှောင်ရှား သင့်သလား ဟူသောမေးခွန်း ပင်ဖြစ်သည်။

(  Zawgyi  )

 ေဆာ္ဒီအာေရွဗီးယား ေရနံအေဆာက္အအုံႏွစ္ခုကို စေနေန႔က ေမာင္းသူမဲ့ေလယာဥ္ျဖင့္ တိုက္ခိုက္ျခင္း သည္ ေဒသတြင္းႏွင့္ ကမာၻလုံးဆိုင္ရာသက္ေရာက္မႈမ်ား ရွိႏိုင္သည္။ ပစ္မွတ္ထား တိုက္ခိုက္ ခံရေသာ ေဆာ္ဒီအာေရးဗီးယန္း ေရနံကုမဏီ သို႔မဟုတ္ Saudi Aramco သည္ ကမာၻ႔
ေရနံ လုပ္ငန္းႀကီးျဖစ္႐ုံသာမက ကမာၻ႔အဖိုးအတန္ဆုံး ကုမၢဏီလည္း ျဖစ္ႏိုင္သည္။

၎၏ အေဆာက္အအုံႏွစ္ခုျဖစ္ေသာ ကမာၻ႔အႀကီးဆုံးေရနံခ်က္စက္႐ုံႏွင့္ အဓိက ေရနံေျမတခု ပ်က္ဆီးျခင္းသည္ ေဆာ္ဒီအာေရးဗီးယား၏ ေရနံထုတ္လုပ္မႈကို ထက္ဝက္က်ဆင္းေစၿပီး ရီယာ့ဒ္ႏွင့္ ဝါရွင္တန္တို႔သည္ ၎တို႔၏ အရန္ေရနံမ်ားကို ထုတ္သုံးၾကရေစၿပီး ကမာၻ႔ေရနံေဈးကြက္ကို ႐ိုက္ခတ္ ကာ ေရနံေဈးမ်ားတက္သြားေစသည္။

ထိုတိုက္ခိုက္မႈမ်ားသည္ သေဘၤာပ်က္ကိန္းဆိုက္ေနၿပီးျဖစ္ေသာကမာၻ႔စီးပြားေရးကို အျပင္းအထန္ ထိုးႏွက္လိုက္ကာ ထိုတိုက္ခိုက္မႈ၏ ေနာက္ကြယ္မွ အေၾကာင္းရင္းသည္ မည္သို႔ျဖစ္သည္ကို အမ်ားအျပားက သိလိုလာၾကေစသည္။

မၾကာေသးမီက အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအျဖစ္မွ ဂြၽန္ ေဘာ္လ္တန္ႏုတ္ထြက္သြားျခင္းသည္ ပါရွန္းပင္လယ္ေကြ႕တြင္ တင္းမာမႈမ်ားကို တစုံတရာေလွ်ာ့က်သြားေစသည္။ သို႔ေသာ္ ယခု တိုက္ခိုက္ မႈမ်ားသည္ အေရွ႕အလယ္ပိုင္းတြင္ အေျခအေနကို ျပန္လည္တင္းမားေစျပန္သည္။

ထိုတိုက္ခိုက္မႈအတြက္ ယီမင္မွ ဟူသီသူပုန္မ်ားက ၎တို႔လက္ခ်က္ျဖစ္သည္ဟုေၾကညာေသာ္လည္း အေမရိကန္ျပည္ေထာင္စုက သက္ေသျပႏိုင္ျခင္းမရွိဘဲ အီရန္ကိုအျပစ္တင္သည္မွာ အံ့ၾသဖြယ္ ရာေတာ့ မဟုတ္ေပ။ အေမရိကန္ျပည္ေထာင္စုက ေဆာ္ဒီအာေရးဗီးယားႏိုင္ငံအေနျဖင့္ ၎တို႔ကို ၎တို႔ကာကြယ္ေရးအတြက္ မည္သည့္လုပ္ေဆာင္မႈမဆိုကိုလည္း ေထာက္ခံထားၿပီး လက္ရွိ က်င္းပေနေသာ ကုလသမဂၢ အေထြေထြညီလာခံ၏ သီးျခားအစည္းအေဝးမ်ားတြင္ အီရန္ သမၼတ ဟက္ဆန္ ႐ူဟာနီႏွင့္ ေတြ႕ဆုံရန္ မည္သည့္အစီအစဥ္မွ်မရွိေၾကာင္းေျပာသည္။

အစၥေရးႏိုင္ငံသည္ ဆီးရီးယားႏွင့္ အီရတ္ရွီ အီရန္ စစ္ဖက္အေဆာက္အအုံမ်ားကို မၾကာေသးမီက ေလေၾကာင္းမွတိုက္ခိုက္ခဲ့သည္။ အစၥေရးလႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ား အဂၤါေန႔က က်င္းပေသာေၾကာင့္ ၎တို႔ျပန္လည္ေ႐ြးေကာက္ခံရႏိုင္ေျခကို ျမႇင့္တင္ရန္ လီကြတ္အမ်ိဳးသား လစ္ဘရယ္ လႈပ္ ရွားမႈ ေခါင္းေဆာင္မ်ားက ဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ေနတန္ရာဟုအေနျဖင့္ ထိုတိုက္ခိုက္မႈမ်ားကို ျပဳလုပ္ ရန္ အယုံသြင္းျခင္းကိုလည္း မျဖစ္ႏိုင္ဟု မဆိုႏိုင္ေပ။

ထို႔အျပင္ ေဆာ္ဒီေရနံအေဆာက္အအုံမ်ားကိုတိုက္ခိုက္ျခင္းန်င့္ ရီယာ့ဒ္-တီဟီရန္ဆက္ဆံေရးကို ဆိုး႐ြားေစျခင္းႏွင့္အတူ အီရန္ႏိုင္ငံသည္ ၎၏ ယူေရနီယမ္ သန႔္စင္ေသာလုပ္ငန္းကိုအရွိန္ျမႇင့္တင္ လိုက္ေသာေၾကာင့္အေရွ႕အလယ္ပိုင္းအေျခအေနသည္ ပိုမိုမတည္မၿငိမ္ျဖစ္လာသည္။ အခ်ဳပ္အားျဖင့္ ဆိုရပါက ပါရွန္းပင္လယ္ေကြ႕အေျခအေနသည္လြန္စြာဆိုး႐ြားေနသည္ဟု ဆိုရမည္ျဖစ္သည္။

တခ်ိန္တည္းတြင္ ထိုတိုက္ခိုက္မႈမ်ားက ယခုအခါ ဟူသီသူပုန္မ်ားသည္ ေဆာ္ဒီပစ္မွတ္မ်ားကို တိုက္ခိုက္ႏိုင္ၿပီး အပ်က္အစီးမ်ားစြာ ျဖစ္ေစႏိုင္ေၾကာင္း ျပသလိုက္ၿပီး ေဆာ္ဒီအာေရးဗီးယားအေနျဖင့္ ယီမင္ႏွင့္ပတ္သက္ေသာ ဆုံးျဖတ္ခ်က္မ်ားကို ျပန္လည္သုံးသပ္ေစႏိုင္သည္။ အထူးသျဖင့္ ၎တို႔ အေနျဖင့္ ဟူသီကိုတိုက္ခိုက္သည့္ မဟာမိတ္အဖြဲ႕ကို ဆက္လက္ဦးေဆာင္မည္လား သို႔မဟုတ္ အိမ္နီးခ်င္းႏိုင္ငံမွ ျပည္တြင္းစစ္ကို ေဆြးေႏြးပြဲမ်ားက်င္းပ အဆုံးသတ္မည္ဟု စဥ္းစားလာေစႏိုင္သည္။
 
ထိုတိုက္ခိုက္မႈမ်ားသည္ ေဆာ္ဒီဦးေဆာင္သည့္ ဟူသီဆန႔္က်င္ေရး စစ္ဖက္မဟာမိတ္မ်ားအၾကား ပဋိပကၡမ်ားကိုလည္း ပိုမိုျပင္းထန္ေစမည္ျဖစ္သည္။ စတင္ေမြးဖြားစဥ္ကပင္ ထိုမဟာမိတ္အဖြဲ႕သည္ အတြင္းပိုင္း မညီၫြတ္မႈမ်ားကို ခံစားေနရသည္။ ဥပမာဆိုရပါက အီဂ်စ္သည္ ဟူသီမ်ားကို တိုက္ခိုက္ ရန္ အတြက္တပ္မ်ားေစလႊတ္ရန္ စိတ္မပါသေလာက္ပင္ျဖစ္ေနသည္။

စီးပြားေရးအရ ႐ိုက္ခတ္မႈအရဆိုရပါက ေဆာ္ဒီေရနံအေဆာက္အအုံမ်ားကိုတိုက္ခိုက္ျခင္းသည္ ေရနံေဈးကို ျမင့္တက္ေစၿပီး ေရနံထုတ္လုပ္ေသာႏိုင္ငံမ်ားႏွင့္ တင္သြင္းေသာႏိုင္ငံမ်ား၏ အက်ိဳး စီးပြားကို ထိခိုက္ေစသည္။ ထိုႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားသည္ ယီမင္ျပႆနာကို ၿငိမ္းခ်မ္းစြာေျဖရွင္းေရးအတြက္ လုပ္ေဆာင္မည္ မလုပ္ေဆာင္မည္ကို ဆက္လက္ေစာင့္ၾကည့္ ရဦးမည္ျဖစ္သည္။

သို႔ေသာ္ အေမရိကန္အစိုးရႏွင့္ အတိုက္အခံ ဒီမိုကရက္တစ္ပါတီတို႔အၾကားတြင္ ယီမင္ျပည္တြင္း စစ္ႏွင့္ပတ္သက္ၿပီး ျပင္းထန္ေသာ သေဘာထားကြဲလြဲမႈမ်ားရွိေနၿပီး ဒီမိုကရက္တို႔က အိမ္ျဖဴေတာ္ အေနျဖင့္ ရီယာ့ဒ္၏ စစ္ေရးလုပ္ေဆာင္မႈမ်ားအား ေထာက္ခံမႈ ရပ္ဆိုင္းရန္ေတာင္းဆိုေနသည္။ ထို႔အျပင္ ေဆာ္ဒီေရနံအေဆာက္အအုံမ်ားအားတိုက္ခိုက္ျခင္းေၾကာင့္အေမရိကန္အစိုးရအေနျဖင့္ ဒီမိုကရက္တို႔၏ ေတာင္းဆိုမႈႏွင့္ ယီမင္ျပည္တြင္းစစ္အဆုံးသတ္ရန္ ႏိုင္ငံတကာအသိုင္းအဝန္း၏ ေတာင္းဆိုမႈကို စဥ္းစားရန္ ဖိအားပိုမိုျဖစ္ေစသည္။

ဟူသီေလေၾကာင္းတိုက္ခိုက္မႈမ်ားကို တားဆီးရန္ ရီယာ့ဒ္သည္ အေမရိကန္မွ ဝယ္ယူထားေသာ ပက္ထရီေယာ့ ဒုံးက်ည္ကာကြယ္ေရးစနစ္မ်ား ျဖန႔္က်က္ထားၿပီးျဖစ္သည္။ သို႔ေသာ္ ပက္ထရီေယာ့ စနစ္မ်ားသည္ ေရနံအေဆာက္အအုံမ်ားတိုက္ခိုက္ခံရျခင္းကိုကာကြယ္ေပးႏိုင္ျခင္းမရွိေသာေၾကာင့္ ေဆာ္ဒီအာေရးဗီးယားသည္ ထိုသို႔ေသာတိုက္ခိုက္မႈမ်ားကို ပိုမိုခံရႏိုင္သည္။

ထို႔ေၾကာင့္ပိုမိုအေရးပါေသာ ေမးခြန္းတခုေပၚေပါက္လာသည္။ ႏိုင္ငံမ်ားအေနျဖင့္ ရန္သူတိုက္ခိုက္မႈမွ ကာကြယ္ရန္ ပိုမို အဆင့္ျမင့္ေသာလက္နက္ကိရိယာမ်ားဝယ္ယူသင့္ပါသလား သို႔မဟုတ္ ထိုသို႔ေသာ တိုက္ခိုက္မႈမ်ား လုံး၀ မျဖစ္ေစရန္ ရန္သူျဖစ္ေစျခင္းကို ဦးစြာေရွာင္ရွား သင့္သလား ဟူေသာေမးခြန္း ပင္ျဖစ္သည္။