【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့တစ်ဝန်း စီးပွားရေးနှေးကွေးလာမှုတုံ့ပြန်နိုင်ရန်အတွက် တရုတ်ပြင်ဆင်နေပြီလား

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့တစ်ဝန်း စီးပွားရေးနှေးကွေးလာမှုတုံ့ပြန်နိုင်ရန်အတွက် တရုတ်ပြင်ဆင်နေပြီလား

ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးလုပ်ငန်းများ ယခုလတွင်  နှစ်နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်ကျုံ့သွားခြင်း၊ ယူရိုဇုန်အတွင်း အဆက်မပြတ်တိုးတက်နေမှုမှာ တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျသွားခြင်း၊ဗြိတိန် တိုးတက်မှုနှုန်းမှာ ၁၇ လအတွင်း အနိမ့် ဆုံးဖြစ်ခဲ့ကြောင်းတို့ကို ပစ္စည်းဝယ်ယူရေးမန်နေဂျာများ၏ စစ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရ သည်။  

ကမ္ဘာ့စီးပွားရေးအတွက် နောက်ထပ်ထင်ရှားသော လက္ခဏာတစ်ရပ်မှာ ဂျပန်အစိုးရသည် ပြည်တွင်း တိုးတက်မှုအတွက် ၎င်း၏ ခန့်မှန်းချက်ကို သိသိသာသာ လျှော့ချရန် မျှော်မှန်းထားသည်ဟုဆိုသည်။ ထို့ပြင် ယူရိုဇုန်တွင် ကုန်ထုတ်လုပ်မှုအရှိန်အဟုန်ကျဆင်းလာခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍ တိုးတက်မှု ရပ်တန့်လုနီးပါး ဖြစ်လာခြင်းတို့ကြောင့် စားသုံးသူများက အသုံးစရိတ်ကို လျှော့ချရန် တွန်းအားပေးလာသဖြင့် ယခုလတွင် စီးပွားရေးလုပ်ငန်းများ မမျှော်လင့်ဘဲ ကျုံ့သွားခဲ့ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြသည်။

ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ် Global Economic Prospects အစီရင်ခံစာတွင် COVID-19 ကပ်ရောဂါ ကြောင့် ပျက်စီးဆုံးရှုံးမှုကို ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှု ပေါင်းစပ်လိုက်ခြင်းဖြင့် နှေးကွေးနေသည့် ကမ္ဘာ့စီးပွားရေးမှာ ပိုမိုနှေးကွေးစေခဲ့ကာ တိုးတက်မှုအားနည်းပြီး ငွေကြေးဖောင်းပွမှု မြင့်မားနိုင်သည့် ကာလ တစ်ခုသို့ ဝင်ရောက်နေကြောင်းဖော်ပြခဲ့သည်။ ၎င်းက တည်ငြိမ်ခြင်း ဖြစ်နိုင်ခြေ ကိုတိုးစေသည် အလယ်အလတ် နှင့် ဝင်ငွေနည်းသော စီးပွားရေးအတွက် အန္တရာယ်ဖြစ်နိုင်ချေရှိသော အကျိုးဆက်များနှင့် အတူတူပင်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅.၇ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၂.၉ရာခိုင်နှုန်းအထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားသည်။ ထိုသည်မှာ ဇန်နဝါရီလတွင် ခန့်မှန်းခဲ့သည့် ၄.၁ ရာခိုင်နှုန်းထက် သိသိ သာ သာ နိမ့်ကျနေသည်။ ကမ္ဘာ့ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် အလယ်အလတ်ရှိမည်ဟု ခန့်မှန်းထား သော် လည်း ငွေကြေးဖောင်းပွမှုနူန်းမှာ နိုင်ငံအများအပြားရှိ ငွေကြေးဖောင်းပွမှုပန်းတိုင်အထက်တွင် ဆက်လက် ရှိနေနိုင်သည်ဟုဆိုသည်။

ယူကရိန်းစစ်ပွဲက  တိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို မကြာမီကာလအတွင်း နှောင့်ယှက်ခဲ့ဖြင့် ၀ယ်လိုအားလျော့ပါးကာ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒအထိုင်ကို ရုပ်သိမ်းလိုက်စေသဖြင့် ၂၀၂၃-၂၄ ခုနှစ်အတွင်း ထိုအရှိန်အဟုန်တိုင်းသာ ရွေ့လျားသွားလိမ့်မည်ဟု မျှော်လင့်နေရသည်။ ကပ်ရောဂါနှင့် စစ်ပွဲကြောင့်ဖြစ်သည့် ပျက်စီးမှုများကြောင့် ယခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေအဆင့်သည် ကပ်ရောဂါမဖြစ်ပွားမီ ထက် ၅ ရာ ခိုင်နှုန်းနီးပါးနိမ့်ကျမှု ရှိနေမည်ဟု ဆိုထားသည်။

အဆိုပါအစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးမှာ ၂၀၂၁ ခုနှစ်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ် တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ ရှိ ကြောင်း ခန့်မှန်းခဲ့သည်။ ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၁ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် လာမည့်  ၂၀၂၃ ခုနှစ် တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနှင့်တက်သစ်စနိုင်ငံများတွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ  ၂၀၂၁ ခုနှစ်တွင်  ၆ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းမှု ရှိနေရာမှ ၂၀၂၂ ခုနှစ်တွင်  ၄ ဒသမ ၆ ရာခိုင်နှုန်း ၂၀၂၃ ခုနှစ် တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းထိရှိမည်ဟု ခန့်မှန်းခဲ့သည်။

ကမ္ဘာ့တစ်ဝန်းစီးပွားရေးနှေးကွေးလာမှုက ယခုလပိုင်းအတွင်းသိသိသာသာမြင်သာလာခဲ့သည်။ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံတိုင်းက စီးပွားရေးကျုံလာခြင်းနှင့် နှေးကွေးလာခြင်းကို ကုစားရန် ရေတိုရေရှည် စီမံ ချက်များဖြင့် ပြင်ဆင်လာကြသည်။အထူးသဖြင့် အမေရိကန်၊တရုတ်၊အီးယူနှင့် ဂျပန်နိုင်ငံစသည့်ကမ္ဘာ့စီးပွားရေး အင်အားကြီးထိပ်တန်းနိုင်ငံများ၏ ပြင်ဆင်မှုက ကမ္ဘာစီးပွားရေးအတွက် အဓိကကျသည့် ဆောင်ရွက်ချက်များ ဖြစ်သည်။ ထိုနိုင်ငံများ၏ ဆောင်ရွက်ချက်များကိုမှီကာ ဖွံ့ဖြိုးဆဲနိုင်ငံများက လာမည့်နှစ်အခြေအနေကို တွက် ဆပြင်ဆင်ရခြင်းဖြစ်သည်။

လူဦးရေတစ်ဘီလျံကျော်ရှိပြီး ကမ္ဘာ့စီးပွားရေးမောင်းနှင်အားဖြစ်နေသည့် တရုတ်၏ စီးပွားရေးဆိုင်ရာ ပြင်ဆင်မှုကို ယခုအခါ ကမ္ဘာ့ကစောင့်ကြည်နေရသည်။ တရုတ်၏ စီးပွားရေးမှာ ခန့်မှန်းရခက်ပြီး ကိုဗစ်ကြောင့် ကမ္ဘာ့တစ်ဝန်း စီးပွားရေး ထိခိုက်နေချိန်တွင် တရုတ်၏စီးပွားရေးမှာ ကောင်းမွန်နေခဲ့သည်။ထို့ကြောင့် တရုတ် ၏စီးပွားရေးမှာ ထိခိုက်ဒဏ်ခံနိုင်သဖြင့် တရုတ်ကိုမှီကာ အာရှ-ပစိဖိတ်ဒေသစီးပွားရေးက ကိုဗစ်ကူးစက်မှုလျော့ကျလာချိန်တွင် အလျင်အမြန်ရုန်းထလာနိုင်ခဲ့သည်။ ထိုပြင် တရုတ်၏ ထောက်ပံ့ရေးကွင်း ဆက်စီမံမှုကောင်းခြင်းကြောင့်လည်း ကမ္ဘာ့စီးပွားရေးကျဆင်းမှုက  ထင်သလောက် မကျဆင်းခဲ့ပေ။ ထို့ကြောင့် ယခုကမ္ဘာ့စီးပွား ရေးနှေးကွေးလာခြင်းတွင် တရုတ်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေရခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက  လက်ရှိ တရုတ်နိုင်ငံ၏ စီးပွားအခြေ အနေများကို စစ်ဆေးလေ့လာနိုင်ရန် အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အဓိကအားဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်ကာလ တရုတ်စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။ သတင်းများ အရ ထိုဆွေးနွေးမှုအတွင်း စီးပွားရေးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုများကို တွန်းအား များအဖြစ် အသုံးပြုဖို့၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ သုံးနှစ်တစ်ကြိမ်ပြုပြင်ပြောင်းလဲမှုစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ သွင်း ကုန် ပို့ကုန်လုပ်ငန်းများကို တက်ကြွစွာ အားပေးဖို့၊ နည်းပညာနှင့် နိုင်ငံခြားငွေ အသုံးပြုမှု မိတ်ဆက်ရေးကို ထိရောက်စွာ ပြုလုပ်ဖို့ ဆွေးနွေးခဲ့သည်ဟုဆိုသည်။

၎င်းဆွေးနွေးမှုများက နှေးကွေးစပြုလာသည့် တရုတ်စီးပွားရေးကို ပြန်လည်သွက်လက်လာစေနိုင်သည်ဟု ပညာရှင်အချို့က မှတ်ချက်ပြုခဲ့သည်။ ဆွေးနွေးမှုအတွင်း ပြည့်စုံပြီးနက်ရှိုင်းသောပြုပြင်ပြောင်းလဲမှု၊ စနစ်ကြီး ပူးပေါင်းမှု၊ ညှိနှိုင်းမှုနှင့် ထိရောက်မှု နှင့် အစိုးရ၏ အမျိုးသားအုပ်ချုပ်မှုစနစ်နှင့် အုပ်ချုပ်နိုင်မှု စွမ်းရည်ကို ခေတ်မီ လာအောင် အဆက်မပြတ်အားပေးရန် ဆွေးနွေးခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် BRI စီမံကိန်းကို  တိုးတက်လာ ရန် အားပေးမှုပြုလုပ်ရန်လည်း အကြံပြုဆွေးနွေးခဲ့သည်ကိုတွေ့ရသည်။ တချိန်တည်းမှာပင် စံချိန်မီရေရှည်တည်တံ့ခိုင်မာမည့် စီးပွားရေးပလက်ဖောင်းများကို အားပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုတွင် အစိမ်းရောင်အလင်းစီမံချက် စတင်ရန် ဆွေးနွေးခဲ့သည်ကိုတွေ့ရသည်။

ထိုဆွေးနွေးမှုများကို ကြည့်ပါက လက်ရှိတွေ့ကြုံနေရသည့် စီးပွားရေးကြီးမားစွာနှေးကွေးလာမှုနှင့် စိန် ခေါ်မှုတချို့ကို ရင်ဆိုင်ရန် တရုတ်တာဝန်ရှိသူများက ဗျူဟာကျကျအာရုံစူးစိုက်မှုလုပ်ဆောင်ရန်လိုအပ်နေမှုကို ပြင်ဆင်ခဲ့သည်ကိုတွေ့ရသည်။ အထူးသဖြင့် တရုတ်စီးပွားရေးကိုတောက်လျှောက်ထိုးနှက်နေသည့် ကိုဗစ်-၁၉ ပြန့်ပွားမှုတွင်  ကာကွယ်ရန်နှင့် ထိန်းချုပ်ရေးအတွက် ထည်သွင်းဆွေးနွေးခဲ့သလို စီးပွားရေးတိုးတက်မှုနှင့် လူမှု ဘဝတိုးတက်ရေး အတွက်လည်း  ပြည်စုံပြီး စနစ်ကျကာ ရေရှည်အလုပ်ဖြစ်စေမယ့် စီမံချက်များချမှတ်ရန် လိုအပ် နေမှုကို ဆွေးနွေးခဲ့သည်။ ထိုသည်က စီးပွားရေးနှေးကွေးလာမှုနှင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် စီးပွားရေး ကျုံခြင်းကို ကာကွယ်ရန် မူဝါဒပိုင်းဆိုင်ရာပြင်ဆင်မှုများဖြစ်သည်။ ကိုဗစ်-၁၉ ပြန့်ပွားမှုနဲ ပတ်သက်လျှင် ဆက်လက်ပြန့်ပွား နေမှုကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန်နှင့် ထိန်းချုပ်ရန်ဆွေးနွေးခဲ့သည်။

ငွေကြေးဆိုင်ရာ မူဝါဒပိုင်းတွင်လည်း ငွေဖြစ်လွယ်ခြင်းကို ကျိုးကြောင်းဆီလျှော်ခြင်းနှင့် ထိရောက်မှု အောင် လုပ်ဆောင်ထားဖို့ ဆွေးနွေးခဲ့သလို အခြေခံအဆောက်အဦးများအတွက်ရင်းနှီးမြှုပ်နှံထားသော ရန်ပုံငွေ များ ကို ကောင်းမွန်စွာ အသုံးပြုရန်၊ စက်မှုလုပ်ငန်းများနှင့် ကုန်စည်လည်ပတ်မှုတွင် တည်ငြိမ်ရန်နှင့် နိုင်ငံတကာတွင် ယှဉ်ပြိုင်မှု ဆက်လက်ရှိစေမည့် လိုအပ်သော တိုးတက်မှုများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် တရုတ်စီးပွားရေးအပေါ် ပြည်သူများအကောင်းမြင်စိတ်မှာ ကောင်းမွန်စိတ်ချနေခြင်းက တရုတ်စီးပွားရေးအတွက် ခိုင်မာသည့် အာမခံချက်ဖြစ်သည်။အသွားအလာ တားမြစ်ပိတ်ပင်မှု Lockdown အကြိမ် ကြိမ် ချမှတ်ကျင့်သုံးနေသည့်အတွက် အလုပ်အကိုင်အရေးနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုတွင် ဖြေဆိုသူများက ၎င်းတို့အလုပ်အကိုင်အပေါ် တည်ငြိမ်ကြောင်းဆိုကြသည်။ထိုသည်က အမေရိကန်တွင် ကွဲပြားနေသည်။ အမေရိကန်ပြည်သူများက စစ်တမ်းတွင် အလုပ်အကိုင်နှင့်ပတ်သက်ပြီး စိုးရိမ်စိတ်များကြောင်း ဖြေဆိုကြသည်။

ထိုသည်က နိုင်ငံစီးပွားရေးကို ထိန်းကျောင်းကြသူများအပေါ် ပြည်သူများ၏ ယုံကြည်စိတ်ချရမှု ကွဲပြားမှုကြောင့် ဖြစ်သည်။လက်ရှိတွင် ကိုဗစ်နှင့် ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဖြစ်လာသည့် ပိတ်ဆို့မှုများနှင့် ရုရှား၏ဥရောပသို့ စွမ်းအင်ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့စီးပွားရေးမှာ အစွန်းတစ်ဖက်သို့ရောက်နိုင်သည်အထိ နှေးကွေးဖို့ ရွှေ့စပြုနေပြီဟုဆိုသည်။ ထိုအတွက် နိုင်ငံတိုင်းကပြင်ဆင်နေမှုရှိနေရာ ကမ္ဘာ့စီးပွားရေးကိုမောင်းနှင်နေသည့် တရုတ်၏ပြင်ဆင်မှုက ဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရတော့မည် ဖြစ်လေသည်။

လင်းသစ်အောင်