【 နိုင်ငံတကာဆောင်းပါး 】“ အိုင်အက်စ်ခေါင်းဆောင်သေဆုံးလည်း အကြမ်းဖက်ခြိမ်းခြောက်မှု လျှော့ကျမည်မဟုတ် ”

 【  နိုင်ငံတကာဆောင်းပါး  】“ အိုင်အက်စ်ခေါင်းဆောင်သေဆုံးလည်း အကြမ်းဖက်ခြိမ်းခြောက်မှု လျှော့ကျမည်မဟုတ် ”

အစ္စလာမ်မစ်နိုင်ငံတော် ခေါင်းဆောင် အဘူဘာကာ အယ်လ် ဘဂ္ဂဒက်ဒီကို စနေနေ့က ဆီးရီးယားနိုင်ငံမှ အမေရိကန် စီးနင်းတိုက်ခိုက်မှု အတွင်း သတ်ဖြတ်လိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္ဂနွေနေ့တွင် ကြေညာသည်။ ထိုဖြစ်ရပ်သည် အမေရိကန်နိုင်ငံရေးနှင့် အရှေ့အလယ်ပိုင်း လုံခြုံရေးကို မည်သို့ သက်ရောက်မည်နည်း။

ရေနစ်သူအတွက်ကောက်ရိုးမျှင်ကိုဆွဲသော အမေရိကန်ခေါင်းဆောင် ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် အချို့က ဆီးရီးယားမှ အမေရိကန် တပ်များဆုတ်ခွာခြင်းကို ဆန့်ကျင်ပြီး သူ့ကိုတရာစွဲဆိုရန် လုပ်ငန်းအဆင့်ဆင့် အရှိန်ရနေချိန်တွင် တစုံတရာသော အတိုင်းအတာအထိ ထူးခြားလှသော ဘဂ္ဂဒက်ဒီကို သတ်ဖြတ်ခြင်းသည် အမေရိကန်ခေါင်းဆောင်အတွက် ရေနစ်သူကောက်ရိုးမျှင်ကို ဆွဲခြင်းထက်မပိုပေ။အယ်ဘဂ္ဂဒက်ဒီအား သတ်ဖြတ်ခြင်းသည် ပိုမိုပြင်းထန်လာသော အမေရိကန်ပြည်တွင်း နိုင်ငံရေးတိုက်ပွဲ နောက်ခံတွင် အမေရိကန် ခေါင်းဆောင်အား သူ၏အောင်မြင်မှုကို ပြသရေးအတွက် အခွင့်အလမ်းတခုပေးသည်။ အယ်လ် ဘဂ္ဂဒက်ဒီသေဆုံးခြင်းသည် အိုင်အက်စ် အဖွဲ့ခွဲအတွက် ထိုးနှက်ချက်ဖြစ်သော်လည်း တာလီဘန်သည် အမေရိကန်အပါအဝင် အဖွဲ့များပြားစွာဖြင့် ဆွေးနွေးစေကာမူ အကြမ်းဖက်အုပ်စုများသည် တက်ကြွလှုပ်ရှားနေဆဲဖြစ်သည်။

ပိုမိုလိုက်လျှောညီထွေမရှိသောအချက်မှာ အိုင်အက်စ်အုပ်စုသည် ၎င်းတို့၏ ရွှေခေတ်အတွင်း ၎င်းတို့ပိုင် ပိုင်နက်၊ ဘာဏ္ဍာငွေရင်းမြစ် များ၊ ရေနံမြေများနှင့် ၎င်းတို့ပိုင် ငွေကြေးယူနစ်ပင်ရှိခဲ့သောကြောင့် ကျန်အိုင်အက်စ်များ၏ ခြိမ်းခြောက်မှုသည် မပြီးဆုံးသေးဟူသော သဘောသက်ရောက်နေသည်။ ထို့အပြင်ထိုး ခြိမ်းခြောက်မှုကိုလည်း ပေါ့ပေါ့သဘောထားမရပေ။

လက်ရှိသမ္မတသည် ပိုမိုဝေဖန်ခံရသော်လည်း ဘားရက်အိုဘားမားနှင့် အိမ်ဖြူတော်တွင် သူ့ကိုဆက်ခံသူတို့၏ အရှေ့အလယ်ပိုင်း မူဝါဒများသည် လိုအပ်သလောက် ထိရောက်ခြင်းမရှိဟု ဆိုလျှင် မျှတပေသည်။ ထိုသို့ဆိုခြင်း၏ အဓိကအကြောင်းရင်းမှာ အစ္စရေးကို အထင်အရှားမျက်နှာသာပေးခြင်းနှင့် တယ်လ်အဗစ်ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ပြောင်းရွှေ့ခြင်းအပါအဝင် ဒေသတွင်း ပဋိပက္ခများသို့ အိမ်ဖြူတော်၏ အတင့်ရဲပြီး အန္တရာယ်များသော ချဉ်းကပ်မှုများကို အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများမှ ဆန့်ကျင်နေကြသော်လည်း အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများပေါများနေခြင်းပင်ဖြစ်သည်။

မည်သို့ဆိုစေကာမူ အိုင်အက်စ်ခေါင်းဆောင် သေဆုံးခြင်းကြောင့် အမေရိကန်ခေါင်းဆောင်အနေဖြင့် ဝါကြွားစရာများစွာရရှိသည်။ ထို့အပြင် ထိုဖြစ်ရပ်ကို မြင့်မားစွားလူသိများခြင်းကြောင့် သူ့ကိုယ်သူ ကိုယ်ရည်သွေးရန်အခွင့်အလမ်းကို သူမဆုံးရှုံးကြောင်း မိမိတို့သိရသည်။

အကြမ်းဖက်ဝါဒတိုက်ဖျက်ရန်တိုးတက်မှုအရေးပါ အကြမ်းဖက်ဂိုဏ်းခွဲဖြစ်သောကြောင့် ၎င်းတို့၏ ရွှေခေတ်ကပင် ညှိုးနွမ်းနေပြီဖြစ်ပြီး စိတ်ဓါတ်လည်း ကျဆင်းနေသောကြောင့် အယ်လ် ဘဂ္ဂဒက်ဒီသေဆုံးခြင်းသည် အိုင်အက်စ်အတွက် မည်မျှကြီးမားသော ထိုးနှက် ချက်ဖြစ် သည်ကို ပြောရန်ခက်သည်။ အယ်လ်ဘဂ္ဂဒက်ဒီသေဆုံးသောကြောင့်အဖွဲ့အတွင်း သွေးကွဲမှု ဖြစ်မည်ဟု အချို့ကပြောသော် လည်း အိုင်အက်စ်၏ အဓိက ဦးစားပေးမှာ ဆက်လက်ရှင်သန်ရေးဖြစ်ပြီး အဖွဲ့အတွင်းပဋိပက္ခများသည် ထိုကိစ္စကို အနှောင့်အယှက်ဖြစ် သောကြောင့် ထိုသို့ဖြစ်မည့်ပုံမပေါ်ပေ။

အိုင်အက်စ်ခေါင်းဆောင်အားသတ်ဖြတ်လိုက်ခြင်းကြောင့် ဒေသတွင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အားထုတ်မှုများကို အားပေး စေကာမူ အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်မှုကိုထိန်းချုပ်ရန်မှာ ကြိုတင်ပြင်ဆင်မှုများနှင့် အကြမ်းဖက်မှုကို ဖြစ်ပွား စေသော ဆင်းရဲနွမ်းပါးမှု၊ လူမှုပြဿနာများ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုးတက်မှုကင်းမဲခြင်း စသည့် အချက်များကို လျှော့ချရန်လိုသည်။

အိုင်အက်စ်ခေါင်းထောင်ထလာခြင်းနှင့် အီရတ်နှင့် ဆီးရီးယားတွင် လူမှုအုန်ကြွမှုသစ်ဖြစ်ပေါ်ခြင်းတို့တိုက်ဆိုင်နေခြင်းနှင့် ကျေနပ် လက်ခံနိုင်ဖွယ်မရှိသော ပြုပြင်ပြောင်းလဲရေးကြောင့် အီရတ်နှင့် အီဂျစ်တွင် မတည်ငြိမ်ခြင်းတို့သည် ထိုနိုင်ငံများတွင် ကျယ်ပြန့်သော လူမှုတည်ငြိမ်ရေးဖြစ်စေရန်၊ အုပ်ချုပ်ရေးပိုမိုကောင်းမွန်ရန်နှင့် စီးပွားရေးတိုးတက်မှု၏ အသီးအပွင့်များကို ပြညသူများ ပိုမိုခံစားစေရန် အားထုတ်မှုများဖြစ်စေသင့်သည်။ ဆိုလိုသည်မှာ အကြမ်းဖက်မှုကို အမြစ်ဖြတ်ရန် တိုးတက်မှုကို ပထမဦးစားပေးဖြစ်စေသင့်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

အမေရိကန်အပါအဝင် အဓိကနိုင်ငံကြီးများက မကောင်းသော ရည်ရွယ်ချက်ဖြင့် လှုံဆော်သော ယီမင်ပြည်တွင်းစစ်ကဲ့သို့ ဒေသတွင်း ပဋိပက္ခများတွင် ပါဝင်ခြင်း၏ အချီးနှီဖြစ်ခြင်းနှင့် အန္တရာယ်များခြင်းနှင့် နောက်ဆုံးတွင် တိုးတက်မှုကိုသာ ပထမဦးစားပေးရမည်ကို သိမြင်သောအချို့အရှေ့အလယ်ပိုင်း နိုင်ငံများကိုတွေ့ရသည်မှာ အားတက်ဖွယ်ကောင်းလှသည်။

အမှန်တကယ်တော့ လက်ရှိဖရိုဖရဲအခြေအနေများအတွက် အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒသည် တစုံတရာသော အတိုင်းအတာ အထိ တာဝန်ရှိနေသည်။ အချို့သော နိုင်ငံများတွင် အစိုးရဆန့်ကျင်ရေး အင်အားစုများကို ထောက်ခံခြင်းအားဖြင့် အထူးသဖြင့် စနစ်ပြောင်းလဲရန်လုပ်ဆောင်ခြင်းဖြင့် အမေရိကန်နိုင်ငံသည် ထိုနိုင်ငံများတွင် အကြမ်းဖက်မှု မျိုးစေ့ကို ချခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန်ကြားဝင်စွက်ဖက်ခြင်းကို အိုင်အက်စ် တည်ထောင်ပေါ်ပေါက်လာခြင်းနှင့်လည်း အလားတူ အပြစ်တင်ရမည်ဟု လေ့လာသူအများအပြားက ဆိုကြသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ဒေသတွင်း တည်ငြိမ် ငြိမ်းချမ်းရေးကို အထောက်အကူပြုလိုပါက ၎င်း၏အမှားများကို ပြင်ပြီး မူဝါဒပြောင်းသင့်ပေသည်။

သို့သော် အိုဆမာဘင်လာဒင်နှင့် အယ် ဘဂ္ဂဒက်ဒီတို့ကို ရှင်းပစ်ခြင်းအပါအဝင် အကြမ်းဖက်ဝါဒကို တန်ပြန်သည့် ၎င်း၏ အောင်မြင်မှု များကို ချီးကျူးသင့်ပေသည်။ 

(  Zawgyi  )

 အစၥလာမ္မစ္ႏိုင္ငံေတာ္ ေခါင္းေဆာင္ အဘူဘာကာ အယ္လ္ ဘဂၢဒက္ဒီကို စေနေန႔က ဆီးရီးယားႏိုင္ငံမွ အေမရိကန္ စီးနင္းတိုက္ခိုက္မႈ အတြင္း သတ္ျဖတ္လိုက္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက တနဂၤေႏြေန႔တြင္ ေၾကညာသည္။ ထိုျဖစ္ရပ္သည္ အေမရိကန္ႏိုင္ငံေရးႏွင့္ အေရွ႕အလယ္ပိုင္း လုံၿခဳံေရးကို မည္သို႔ သက္ေရာက္မည္နည္း။

ေရနစ္သူအတြက္ေကာက္႐ိုးမွ်င္ကိုဆြဲေသာ အေမရိကန္ေခါင္းေဆာင္ ဒီမိုကရက္ႏွင့္ ရီပတ္ဗလစ္ကန္ အခ်ိဳ႕က ဆီးရီးယားမွ အေမရိကန္ တပ္မ်ားဆုတ္ခြာျခင္းကို ဆန႔္က်င္ၿပီး သူ႔ကိုတရာစြဲဆိုရန္ လုပ္ငန္းအဆင့္ဆင့္ အရွိန္ရေနခ်ိန္တြင္ တစုံတရာေသာ အတိုင္းအတာအထိ ထူးျခားလွေသာ ဘဂၢဒက္ဒီကို သတ္ျဖတ္ျခင္းသည္ အေမရိကန္ေခါင္းေဆာင္အတြက္ ေရနစ္သူေကာက္႐ိုးမွ်င္ကို ဆြဲျခင္းထက္မပိုေပ။အယ္ဘဂၢဒက္ဒီအား သတ္ျဖတ္ျခင္းသည္ ပိုမိုျပင္းထန္လာေသာ အေမရိကန္ျပည္တြင္း ႏိုင္ငံေရးတိုက္ပြဲ ေနာက္ခံတြင္ အေမရိကန္ ေခါင္းေဆာင္အား သူ၏ေအာင္ျမင္မႈကို ျပသေရးအတြက္ အခြင့္အလမ္းတခုေပးသည္။ အယ္လ္ ဘဂၢဒက္ဒီေသဆုံးျခင္းသည္ အိုင္အက္စ္ အဖြဲ႕ခြဲအတြက္ ထိုးႏွက္ခ်က္ျဖစ္ေသာ္လည္း တာလီဘန္သည္ အေမရိကန္အပါအဝင္ အဖြဲ႕မ်ားျပားစြာျဖင့္ ေဆြးေႏြးေစကာမူ အၾကမ္းဖက္အုပ္စုမ်ားသည္ တက္ႂကြလႈပ္ရွားေနဆဲျဖစ္သည္။

ပိုမိုလိုက္ေလွ်ာညီေထြမရွိေသာအခ်က္မွာ အိုင္အက္စ္အုပ္စုသည္ ၎တို႔၏ ေ႐ႊေခတ္အတြင္း ၎တို႔ပိုင္ ပိုင္နက္၊ ဘာ႑ာေငြရင္းျမစ္ မ်ား၊ ေရနံေျမမ်ားႏွင့္ ၎တို႔ပိုင္ ေငြေၾကးယူနစ္ပင္ရွိခဲ့ေသာေၾကာင့္ က်န္အိုင္အက္စ္မ်ား၏ ၿခိမ္းေျခာက္မႈသည္ မၿပီးဆုံးေသးဟူေသာ သေဘာသက္ေရာက္ေနသည္။ ထို႔အျပင္ထိုး ၿခိမ္းေျခာက္မႈကိုလည္း ေပါ့ေပါ့သေဘာထားမရေပ။

လက္ရွိသမၼတသည္ ပိုမိုေဝဖန္ခံရေသာ္လည္း ဘားရက္အိုဘားမားႏွင့္ အိမ္ျဖဴေတာ္တြင္ သူ႔ကိုဆက္ခံသူတို႔၏ အေရွ႕အလယ္ပိုင္း မူဝါဒမ်ားသည္ လိုအပ္သေလာက္ ထိေရာက္ျခင္းမရွိဟု ဆိုလွ်င္ မွ်တေပသည္။ ထိုသို႔ဆိုျခင္း၏ အဓိကအေၾကာင္းရင္းမွာ အစၥေရးကို အထင္အရွားမ်က္ႏွာသာေပးျခင္းႏွင့္ တယ္လ္အဗစ္ရွိ အေမရိကန္သံ႐ုံးကို ေဂ်႐ုဆလင္သို႔ေျပာင္းေ႐ႊ႕ျခင္းအပါအဝင္ ေဒသတြင္း ပဋိပကၡမ်ားသို႔ အိမ္ျဖဴေတာ္၏ အတင့္ရဲၿပီး အႏၲရာယ္မ်ားေသာ ခ်ဥ္းကပ္မႈမ်ားကို အေရွ႕အလယ္ပိုင္းႏွင့္ အျခားေဒသမ်ားမွ ဆန႔္က်င္ေနၾကေသာ္လည္း အေရွ႕အလယ္ပိုင္းတြင္ ပဋိပကၡမ်ားေပါမ်ားေနျခင္းပင္ျဖစ္သည္။

မည္သို႔ဆိုေစကာမူ အိုင္အက္စ္ေခါင္းေဆာင္ ေသဆုံးျခင္းေၾကာင့္ အေမရိကန္ေခါင္းေဆာင္အေနျဖင့္ ဝါႂကြားစရာမ်ားစြာရရွိသည္။ ထို႔အျပင္ ထိုျဖစ္ရပ္ကို ျမင့္မားစြားလူသိမ်ားျခင္းေၾကာင့္ သူ႔ကိုယ္သူ ကိုယ္ရည္ေသြးရန္အခြင့္အလမ္းကို သူမဆုံးရႈံးေၾကာင္း မိမိတို႔သိရသည္။

အၾကမ္းဖက္ဝါဒတိုက္ဖ်က္ရန္တိုးတက္မႈအေရးပါ အၾကမ္းဖက္ဂိုဏ္းခြဲျဖစ္ေသာေၾကာင့္ ၎တို႔၏ ေ႐ႊေခတ္ကပင္ ညႇိဳးႏြမ္းေနၿပီျဖစ္ၿပီး စိတ္ဓါတ္လည္း က်ဆင္းေနေသာေၾကာင့္ အယ္လ္ ဘဂၢဒက္ဒီေသဆုံးျခင္းသည္ အိုင္အက္စ္အတြက္ မည္မွ်ႀကီးမားေသာ ထိုးႏွက္ ခ်က္ျဖစ္ သည္ကို ေျပာရန္ခက္သည္။ အယ္လ္ဘဂၢဒက္ဒီေသဆုံးေသာေၾကာင့္အဖြဲ႕အတြင္း ေသြးကြဲမႈ ျဖစ္မည္ဟု အခ်ိဳ႕ကေျပာေသာ္ လည္း အိုင္အက္စ္၏ အဓိက ဦးစားေပးမွာ ဆက္လက္ရွင္သန္ေရးျဖစ္ၿပီး အဖြဲ႕အတြင္းပဋိပကၡမ်ားသည္ ထိုကိစၥကို အေႏွာင့္အယွက္ျဖစ္ ေသာေၾကာင့္ ထိုသို႔ျဖစ္မည့္ပုံမေပၚေပ။

အိုင္အက္စ္ေခါင္းေဆာင္အားသတ္ျဖတ္လိုက္ျခင္းေၾကာင့္ ေဒသတြင္းတြင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး အားထုတ္မႈမ်ားကို အားေပး ေစကာမူ အေရွ႕အလယ္ပိုင္းတြင္ အၾကမ္းဖက္မႈကိုထိန္းခ်ဳပ္ရန္မွာ ႀကိဳတင္ျပင္ဆင္မႈမ်ားႏွင့္ အၾကမ္းဖက္မႈကို ျဖစ္ပြား ေစေသာ ဆင္းရဲႏြမ္းပါးမႈ၊ လူမႈျပႆနာမ်ား၊ ႏိုင္ငံေရးမတည္ၿငိမ္မႈႏွင့္ တိုးတက္မႈကင္းမဲျခင္း စသည့္ အခ်က္မ်ားကို ေလွ်ာ့ခ်ရန္လိုသည္။

အိုင္အက္စ္ေခါင္းေထာင္ထလာျခင္းႏွင့္ အီရတ္ႏွင့္ ဆီးရီးယားတြင္ လူမႈအုန္ႂကြမႈသစ္ျဖစ္ေပၚျခင္းတို႔တိုက္ဆိုင္ေနျခင္းႏွင့္ ေက်နပ္ လက္ခံႏိုင္ဖြယ္မရွိေသာ ျပဳျပင္ေျပာင္းလဲေရးေၾကာင့္ အီရတ္ႏွင့္ အီဂ်စ္တြင္ မတည္ၿငိမ္ျခင္းတို႔သည္ ထိုႏိုင္ငံမ်ားတြင္ က်ယ္ျပန႔္ေသာ လူမႈတည္ၿငိမ္ေရးျဖစ္ေစရန္၊ အုပ္ခ်ဳပ္ေရးပိုမိုေကာင္းမြန္ရန္ႏွင့္ စီးပြားေရးတိုးတက္မႈ၏ အသီးအပြင့္မ်ားကို ျပညသူမ်ား ပိုမိုခံစားေစရန္ အားထုတ္မႈမ်ားျဖစ္ေစသင့္သည္။ ဆိုလိုသည္မွာ အၾကမ္းဖက္မႈကို အျမစ္ျဖတ္ရန္ တိုးတက္မႈကို ပထမဦးစားေပးျဖစ္ေစသင့္သည္ဟု ဆိုလိုျခင္းပင္ျဖစ္သည္။

အေမရိကန္အပါအဝင္ အဓိကႏိုင္ငံႀကီးမ်ားက မေကာင္းေသာ ရည္႐ြယ္ခ်က္ျဖင့္ လႈံေဆာ္ေသာ ယီမင္ျပည္တြင္းစစ္ကဲ့သို႔ ေဒသတြင္း ပဋိပကၡမ်ားတြင္ ပါဝင္ျခင္း၏ အခ်ီးႏွီျဖစ္ျခင္းႏွင့္ အႏၲရာယ္မ်ားျခင္းႏွင့္ ေနာက္ဆုံးတြင္ တိုးတက္မႈကိုသာ ပထမဦးစားေပးရမည္ကို သိျမင္ေသာအခ်ိဳ႕အေရွ႕အလယ္ပိုင္း ႏိုင္ငံမ်ားကိုေတြ႕ရသည္မွာ အားတက္ဖြယ္ေကာင္းလွသည္။

အမွန္တကယ္ေတာ့ လက္ရွိဖ႐ိုဖရဲအေျခအေနမ်ားအတြက္ အေမရိကန္၏ အေရွ႕အလယ္ပိုင္း မူဝါဒသည္ တစုံတရာေသာ အတိုင္းအတာ အထိ တာဝန္ရွိေနသည္။ အခ်ိဳ႕ေသာ ႏိုင္ငံမ်ားတြင္ အစိုးရဆန႔္က်င္ေရး အင္အားစုမ်ားကို ေထာက္ခံျခင္းအားျဖင့္ အထူးသျဖင့္ စနစ္ေျပာင္းလဲရန္လုပ္ေဆာင္ျခင္းျဖင့္ အေမရိကန္ႏိုင္ငံသည္ ထိုႏိုင္ငံမ်ားတြင္ အၾကမ္းဖက္မႈ မ်ိဳးေစ့ကို ခ်ခဲ့သည္။ အီရတ္ႏွင့္ ဆီးရီးယားတြင္ အေမရိကန္ၾကားဝင္စြက္ဖက္ျခင္းကို အိုင္အက္စ္ တည္ေထာင္ေပၚေပါက္လာျခင္းႏွင့္လည္း အလားတူ အျပစ္တင္ရမည္ဟု ေလ့လာသူအမ်ားအျပားက ဆိုၾကသည္။ ထို႔ေၾကာင့္ အေမရိကန္ျပည္ေထာင္စုသည္ ေဒသတြင္း တည္ၿငိမ္ ၿငိမ္းခ်မ္းေရးကို အေထာက္အကူျပဳလိုပါက ၎၏အမွားမ်ားကို ျပင္ၿပီး မူဝါဒေျပာင္းသင့္ေပသည္။

သို႔ေသာ္ အိုဆမာဘင္လာဒင္ႏွင့္ အယ္ ဘဂၢဒက္ဒီတို႔ကို ရွင္းပစ္ျခင္းအပါအဝင္ အၾကမ္းဖက္ဝါဒကို တန္ျပန္သည့္ ၎၏ ေအာင္ျမင္မႈ မ်ားကို ခ်ီးက်ဴးသင့္ေပသည္။