【 နိုင်ငံတကာဆောင်းပါး 】“ အမေရိကန်ဆုတ်ခွာမှု ရောဂါ သမိုင်းကြောင်း”

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိုကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများတွင် ၎င်းတို့လွှမ်းမိုးသော အဆင့်အတန်း ရရှိရန် အမေရိကန် သမ္မတများ၏ အားထုတ်မှုများကို မည်သူမျှ ငြင်းပယ်နိုင်ခြင်းမရှိပေ။ သို့သော် ထိအချက်မှာ သမိုင်းဖြစ်လာနေသည်။ ရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုစဉ်ကစတင်ပြီး ထရမ့်သည့် နိုင်ငံတကာ သဘောတူ စာချုပ်အများအပြား - အနည်းငယ်မျှကို ထုတ်ဖေါ်ပြောဆိုရ ပါက ပါရီရာသီဥတု သဘောတူညီချက်၊ ပိစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှု၊ ယူနက်စကို၊ အီရန် နျူကလီးယားသဘောတူ စာချုပ်၊ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့  မှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်စေရန် စိတ်အားထက်မှုဖြင့် တကမ္ဘာလုံးကို အံ့သြစေသည်။ထိုသို့နုတ်ထွက်ခြင်းများသည် အမေရိကန် ပြည်ထောင်စုကို ပြန်လည် ကြီးမြတ်စေရန်ဖြစ်ကြောင်း ထရမ့် က အမွမ်းတင်သည်။ သို့သော် ထိုသို့ပြောဆိုခြင်းမှာ ဆင်ခြေပေးခြင်းသာဖြစ်သည်။ ထိုသို့နုတ်ထွက် ခြင်းများ သည် နိုင်ငံ၏ စီးပွားရေးပြဿနာများကို ကိုင်တွယ်ရာ တွင် နိုင်ငံရေး ကလိမ်ကကျစ်ကျခြင်းသာဖြစ်သည်။

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ဟူသည့် အဆင့်အတန်းရှိသော်လည်း  အမေရိကန်ပြည်ထောင်စု၏ ပြင်း ထန်သော စီးပွားရေး ခေါင်း ကိုက်ခြင်းသည် သတင်းမဟုတ်တော့ပေ။ အခြေခံကုထုံးအရ ဆိုပါက လူမှုကြွယ်ဝ ချမ်းသာမှုများကို ပြန်လည်ခွဲဝေရန်လိုသည်။ သေချာသည်မှာ ထိုသို့လုပ်ဆောင်ခြင်းသည် လုပ်ငန်းစုကြီးများ၏ အကျိုးစီးပွားကိုစတေးရမည်ဖြစ်ပြီး  ထင်ရှားသည်မှာ ထရမ့်သည် သူ့ကို ငွေကြေးကမကထပြုနေသူများကို သစ္စာမဖေါက်ခြင်းဖြစ်သည်။ စီးပွားရေးပြဿနာများအတွက် တကမ္ဘာလုံး ပေါင်းစည်းခြင်း ဂလိုဘယ်လိုက် ဇေးရှင်း အပေါ် အပြစ်တင်ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းသည် အလွယ်ဆုံးနည်းလမ်းဖြစ်သည်။

လွန်စွာကြီးမားသော ဆင်းရဲချမ်းသာကွာဟမှုမည်သည့်အတွက် ထိုသို့ဖြစ်ရသနည်း။ ပထမဆုံးအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ပြင်းထန်လှ သော ဝင်ငွေမညီမျှမှုကို ကြည့်ပါ။ ၂၀၁၈ ခုနှစ်က ၁၀ ရာခိုင်နှုန်းသော အချမ်းသာဆုံးမိသားစုများက မိသားစုများ အားလုံး၏ ကြွယ်ဝချမ်းသာမှုများ၏ ၇၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ကြသည်။ ၁၉၈၉ ခုနှစ်က ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ရာမှ ပိုမိုမြင့်တက်လာ ခြင်းဖြစ်ကြောင့် ဗဟိုဘဏ် ဘောဂဗေဒပညာရှင်များ၏ အဆိုအရ သိရသည်။ ထိပ်ဆုံး ၁၀ ရာခိုင်နှုန်း ၏ ချမ်းသာကြွယ်ဝမှု အချိုး အစား တိုးလာခြင်းသည် ချမ်းသာကြွယ်ဝမှုပျံ့နှံ့မှုတွင် အဆင့် ၅၀ မှ ၉၀ အတွင်းမိသားစုများ၏ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာကြောင်း အမေရိကန် ဗဟိုဘဏ်ကပြောသည်။ လွန်ခဲ့သော ဆယ် စုနှစ် ၃ ခုအတွင်း အထက်လွှာချမ်းသာကြွယ်ဝမှု ဖေါင်းပွနေချိန်တွင် အောက်ခြေနှင့် လူလတ်တန်းစားများသည် ကြွယ်ဝချမ်းသာမှု လုံးဝတိုးတက်ခြင်းမရှိဘဲ ၎င်းတို့၏ ကြွယ်ဝချမ်းသာမှု အချိုးအစားကို ၄ ရာခိုင်နှုန်းမှ ၁ ရာ ခိုင်နှုန်းသို့ ကျဆင်းသွားစေသည်။

ထိုသို့ဖြစ်ရခြင်းမှာ စုစုပေါင်းကြွယ်ဝချမ်းသာမှု၏ အများစုကို လူနည်းစုက ချုပ်ကိုင်စေသော အကျိုး အမြတ်ရှာသည့် အရင်းရှင် စနစ်၏ မလွှဲရှောင်သာသော ရလဒ်ဖြစ်သည်။ ယခင်အမေရိကန် သမ္မတဟောင်း ဖရင်ကလင် ဒီ ရုစဗဲ့သည် အကျိုးအမြတ်သို့ ဦးတည် သော အရင်းရှင်စနစ်၏ အကျိုးဆက်များကို ကောင်းစွာ သိသောကြောင့် R  ၃ လုံးအစီအစဉ်သစ်ကို စတင်လုပ်ကိုင်သည်။ ဆင်းရဲသား များ သက်သာချောင်ချိရေး (Relief) စီးပွားရေးနာလန်ထရေး (Recovery)  နှင့် ဘာဏ္ဍာရေးစနစ်ပြုပြင်ပြောင်းလဲရေး (Reform) တို့ဖြစ်သည်။ ပထမ ဆုံး R သည် ဆင်းရဲချမ်းသာကွာဟမှုကို အတိုင်းအတာတခုအထိလျှော့ချပေးနိုင်သည်။

သို့သော်ထိုအစီအစဉ်သစ်သည် သက်တမ်းမရှည်လှပေ။ ရီဂင်ခေတ်တွင် နီယိုလစ်ဘရယ်ဝါဒ ခေါင်း ထောင်ထလာပြီး အရင်းရှင်စနစ် သည် အမေရိကန်လူ့အဖွဲ့အစည်းတွင် လွှမ်းမိုးသော အခန်းမှ ပြန်လည် ပါဝင် လာသည်။ ဇဝေဇဝါဖြစ်ရန်မလိုသည်မှာ အစိုးရထိန်းချုပ်မှု မရှိသော စီးပွားရေးလစ်ဘရယ်ဝါဒသည် ထိုဝင်ငွေ မညီမျှမှုကို အားပေးခြင်းဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ နောက်မျိုးဆက် များက ထိုပြဿနာကို ကိုင် တွယ်ရန် ထိရောက်သော ဖြေရှင်းမှု မလုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုကြီးမားလှသော ဆင်းရဲချမ်းသာ ကွာ ဟမှုသည် ၂၁ ရာစုတွင် ဆက်လက်ကြီးမားလာသည်။

PEW သုတေသနဌာန၏ အဆိုအရ လူလတ်တန်းစား၏ ချမ်းသာကြွယ်ဝမှု ဝေစုသည် ၁၉၇၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်း ကျဆင်သည်။ ဘာဏ္ဍာရေးအကျိုးအမြတ်များတွင် ကွဲပြာခြားနားမှုသည် ဝင်ငွေ  မညီမျှမှုကို  ပိုမိုကြီးမားစေခြင်းဖြစ်သည် လူလတ်တန်းစား မိသားစုများသည် ဝင်ငွေ ၆ ရာခိုင်နှုန်းတိုးခြင်းကို ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အတွင်း ခံစားခဲ့ရသော်လည်း ဝင်ငွေမြင့်မား သော မိသားစုများ ၉ ရာခိုင်နှုန်းတိုးကာ ဝင်ငွေ နည်းသော မိသားစုများလည် ၅ ရာခိုင်နှုန်းတိုးသည်။ သူ၏ရှေ့မှ သမ္မတများကဲ့သို့ပင် ထရမ့်သည် ထိုဆယ် စုနှစ်များစွာကြာနေပြီ ဖြစ်သော ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ထရမ့်သည် မည်သည်ကိုမျှ မလုပ်ဆောင် ခြင်းဖြစ်သည်။

ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်မှုလှိုင်းဂလိုဘယ်လိုက်ဇေးရှင်းသည် အမေရိကန် ပြည်တွင်းစီးပွားရေး ခေါင်းကိုက်ရောဂါကို ပိုမို ဆိုးရွားစေသည်။ စစ်အေးတိုက်ပွဲဆိုသည်မှာ အရင်းရှင်အုပ်စုနှင့်ဆိုရှယ်လစ်အုပ်စုအကြား စီးပွားရေးအရ ဆက်ဆံမှုမရှိခြင်း ကိုဆိုလို သည်။ ထွန်းသစ်စ စီးပွားရေးများထံမှ ယှဉ်ပြိုင်မှုမရှိဘဲ အင်အားကြီးမားသော အလုပ်သမား သမဂ္ဂများ၏ ထောက်ခံမှုဖြင့် လူလတ် တန်းစားသည် အမေရိကန်ပြည်ထောင်စုတွင် စီးပွားတိုးတက်ခဲ့သည်။ သို့သော် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ရင်ဆိုင်ရသောအခါ ထိုအခြေအနေရပ်တန့်သွားသည်။

တကမ္ဘာလုံးပေါင်းစည်းလာသောခေတ်တွင် အမေရိကန် စီးပွားရေးလုပ်ငန်းများသည် ကုန်ကျစရိတ် နည်းနည်းဖြင့် ထုတ်လုပ်ထားသော အစိတ်အပိုင်းများနှင့် လုပ်အားကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလွယ်တကူ တွေ့ရှိသွားသည်။ ကိန်းဂဏန်းအချက်အလက်များကို ထိုအရာ ကို ရှင်းပြနေသည်။ အာဂျင်တီးနားတွင် စက်ရုံ အလုပ်သမားတယောက်ကို တနေတာ ငှားရမ်းခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် ကုန်ကျစရိတ်၏ ၂၆ ရာ ခိုင်နှုန်းသာရှိသည်။ ဘရာဇိးတါင် ၂၃ ရာခိုင်နှုန်း၊ မက္ကဆီကိုတွင် ၁၃ ရာခိုင်နှုန်နှင့် ဖိလစ်ပိုင်တွင် ၄ ရာခိုင်နှုန်းသာ ရှိကြောင်း Cornell University's ILR School က ၂၀၁၀ ခုနှစ်တွင် ပြုလုပ်သည့်လေ့လာမှု အရသိရသည်။

တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတို့ကို နှိုင်းယှဉ်ပါက ပိုမိုထင်ရှားသည်။ အလုပ်သမားဗျူရို စာရင်းအင်းများအရ အမေရိကန် ပြည်ထောင်စုမှ သာမန် ကုန်ထုတ်လုပ်သော လုပ်သားတယောက်သည် တနာရီလျှင် ၂၃.၃၂ ဒေါ်လာနှုန်းဖြင့် တနေ့လျှင် ၈.၆ နာရီ လုပ်နိုင်သည်။ သို့သော် ထိုသို့အဆင့်တူ အလုပ်သမားတယောက်ကို တရုတ်နိုင်ငံတွင် ငှားရန်းခြင်းသည် တနာရီလျှင် ၁.၃၆ ဒေါ်လာသာ ကုန်ကျပြီး အမေရိကန်အလုပ်သမား၏ ဆယ် ပုံ တပုံအောက်သာရသည်။ တရုတ်အလုပ်သမားများ၏ အလုပ်ချိန်သည်လည်း များစွာပိုမိုရှည်ကြာပြီး  ၁၂ နာရီ ရှိသည်။

စက်ရုံများကို ဖွံ့ဖြိုးဆဲနိုင်ငံများသိုပ ရွှေ့ပြောင်းခြင်း အမြတ်လိုလားသော အမေရိကန် စီးပွားရေး လုပ် ငန်းများ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။ နောက်ဆုံးတွင် လူမှုတန်းတူမှုမရှာဘဲ အမြတ်ရအောင်လုပ်ကိုင်ခြင်း သည် အရင်းရှင်စနစ်၏ သဘော သဘာဝသာ ဖြစ်သည်။ ထုတ်လုပ်မှု စရိတ် နည်းပြီး ဈေးကွက်သစ်များသို့ ဝင် ရောက်ရန်လွယ်ကူ သောကြောင့် ဓနအင်အားဖြင့်သြဇာကြီးမားသော အမေရိကန်များသည် ဂလိုဘယ်လိုက်ဇေး ရှင်းမှ အမြတ်များစွာရရှိကြသည်။ သိုသော်  သေးငယ်သွားသော စက်ရုံကဏ္ဍသည် အလုပ်ဆုံးရှုံးမှုဖြစ်စေသော ကြောင့် ကော်လံပြာလုပ်သားများကို ထိုအတွက် စတေးလိုက်ကြရသည်။

ထရမ့်တက်လာခြင်းနှင့် ၎င်း၏ အဖြေ သို့သော် ထိုအောက်ခြေလူတန်စား အမေရိကန်များတွင် ဆန္ဒမဲများရှိသည်။  ထို့ကြောင့်လည်း တဖက် သတ်ဆန်သော ထရမ့်ကို အိမ်ဖြူတော်သို့ရောက်သွားစေသည်။  နိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခပေးနေသော ကြီးမားလှ သည့် ဆင်းရဲချမ်းသာကွာဟမှုကို ရင်ဆိုင်နေရသောအခါ ထရမ့်၏ အဖြေမှာ အပြစ်တင်ကစားခြင်းဖြစ်သည်။ သေးငယ်သော အမေရိကန် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မြင့်မားသည့် အလုပ်လက်မဲ့နှုန်းနှင့် ကျယ်ပြန့်နေသော ဝင်ငွေမညီမျှမှုတို့အတွက် ထွန်းသစ်စ စီးပွား ရေးများကို အပြစ်တင်သည်။ ထိုသို့သော အခြေအနေတွင် သမ္မတက ကမ္ဘာတဝှမ်း  အခွန်စစ်ပွဲကို ဆင်နွှဲပြီး  နိုင်ငံတကာ အဖွဲ့အစည်း များနှင့် သဘောတူစာချုပ်များမှ အမေရိကန်နိုင်ငံကို နုတ်ထွက်စေခြင်းဖြစ်သည်။

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့်မဟုတ် ဘဲ အမြတ်အစွန်းကမောင်းနှင်သော အရင်းရှင်စနစ် သည်ဆယ်စုနှစ်များစွာကြာပြီဖြစ်သော စီးပွားရေးပြဿနာ၏ အရင်းအမြစ်ဖြစ်သည်ကို အမေရိကန် နိုင်ငံံရေးသမားများ ရှင်းလင်းစွာ သိကြသည်။ ရုစဗဲ့လ်၏ အစီအစဉ် သစ်ကဲ့သို့  အခြေခံကျသော လူအဖွဲ့အစည်းဆိုင်ရာ  နိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေး ပြုပြင်ပြောင်လဲမှုများသည်သာ အဖြေဖြစ်သည်။ သို့သော လူမှုကြွယ်ဝချမ်းသာမှုများကို ပြန်လည်ခွဲဝေရန် မည်သည့်အားထုတ်မှုမဆိုသည် အမေရိကန် ဘာဏ္ဍာရေးဂိုဏ်းကြီးများ၏ အကျိုးစီးပွားကို မလွှဲရှောင်သာ စတေးရမည်ဖြစ်ကြောင်းလည်း သူတို့ကောင်းစွာသိသည်။

စီးပွားရေးသမားမှ သမ္မတဖြစ်လာသူ ထရမ့်သည်  သူကိုငွေကြေးကမကထပြုနေသူများကို ထိခိုက်အောင် လုပ်ဆောင်လိုခြင်း မရှိသည်မှာ ထင်ရှားသည်။ အမေရိကန် ပါတီနှစ်ခုနိုင်ငံရေးတွင် ငွေရင်းသည် အဓိက အခန်းမှ ပါဝင်သည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ဓနအင်အားကြောင့် သြဇာကြီးမားသည့် အမေရိကန် များထံမှ ငွေကြေးထောက်ပံ့မှု မရှိလျှင် ထရမ့်သည် အမေရိကန် နိုင်ငံရေး နယ်ပယ် သို့ ရောက်လာခဲ့မည်မဟုတ်ပေ။ လုပ်ငန်းစုကြီးများကို ထိခိုက်အောင်လုပ်ခြင်းသည် ထရမ့်၏ နိုင်ငံရေးဘဝတခုလုံးကို အန္တရာယ် ကျရောက်သွားစေနိုင်သည်။

အခွန်နှင့် ပတ်သက်သည့် ထရမ့်၏ သဘောထားကိုကြည့်လျှင် သူသည် ဓနအင်အားကြောင့် သြဇာကြီးမားသူများ၏ ထောက်ခံမှုကို အကြီးအကျယ်လိုကြောင်း ပြသနေသည်။ ချမ်းသာကြွယ်ဝမှုကို ပြန်လည်မျှဝေရာတွင် အခွန်မရှိမဖြစ်လိုကြောင်း လူတိုင်းသိကြသည်။ သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ ထရမ့်၏ ကိစ္စတွင် မင်းတို့၏ ငွေကြေးကမကထပြုမှုသည် ထိရောက်သော ကိရိယာဖြစ်နေ သည်။ ၂၀၁၇ ခုနှစ် ထရမ့် အခွန်လျှော့ ချပြီးနောက် အမေရိကန်နိုင်ငံမှ အချမ်းသာဆုံး လူ ၄၀၀ ၏ အခွန်နှုန်းထားမှာ ၂၀၁၈ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်းဖြစ်လာပြီး စုစုပေါင်းဝင်ငွေ၏ လေးပုံတပုံအောက်သို့ရောက်လာသည်။ ထိုနှုန်းကို ၁၉၅၀ ခုနှစ်က ၇၀ ရာခိုင်နှုန်းနှင့် ၁၉၈၀ ခုနှစ်က ၄၇ ရာခိုင်နှုန်းတို့နှင့် ယှဉ်ကြည့်နိုင်ကြောင်း နယူးယောက်တိုင်းမ်၏ အဆိုအရ သိရသည်။

မှတ်တမ်းတင်ထားသော ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ်  အချမ်းသာဆုံး အမေရိကန် ၄၀၀ တို့သည် အခြားမည်သည့် ဝင်ငွေ အုပ်စုထက်မဆို အနိမ့်ဆုံး အခွန်နှုန်းကို ပေးဆောင်ခဲ့ကြသည်ဟု နယူးယောက်တိုင်းမ်က ရေးသားသည်။ ထိုအခွန်များတွင် ပြည်ထောင်စု ပြည်နယ်နှင့် ဒေသဆိုင်ရာအခွန်များပါဝင်သည်။ ချမ်းသာသူများ ပိုမိုချမ်းသာလာပြီး ဆင်းရဲသူများ ပိုမိုဆင်းရဲလာသည်မှာ အံံဩစရာ မဟုတ်ပေ။  ၂၀၁၆ ခုနှစ် မဲဆွယ်ပွဲအတွင်း ဘီလီယံနာများထံမှ ထရမ့်ရရှိသည့် ရန်ပုံငွေများကို တစေ့တစောင်းကြည့်ပါက  ကျယ်ပြန့် နေသော ဆင်းရဲချမ်းသာကွာဟမှုသည် လွှဲရှောင်မရသည့် ရလဒ်ဖြစ်သည်။ ထရမ့်က ဓနအင်အားကြောင့် သြဇာကြီးမားသူများ၏ ထောက်ခံမှုနှင့် နိုင်ငံရေးအနိုင်ရမှု ကိုစိတ်အားထက်သန်လေလေ သူသည်သူ၏ နိုင်ငံရေးငွေကြေးမကကထပြုမှု အကျိုးစီးပွားကို စတေးနိုင်ခြေ နည်းလေလေပင်ဖြစ်ပေမည်။

သို့သော် တချိန်တည်းတွင် ထရမ့်သည် သူ့ကို ထောက်ခံသည့် အောက်ခြေလူတန်းစားများကို လျှစ်လျှူမရှုနိုင်ပေ။ အမေရိကန် စီးပွားရေးပြဿနာများကို ဂလိုဘယ်လိုက်ဇေးရှင်း အပေါ် လုံးလုံးလျှားလျှား အပြစ်တင်လိုက်ခြင်းသည် အလွယ်ကူဆုံး ထွက်ပေါက် ဖြစ်သည်။  ထိုနည်းလမ်းအားဖြင့် ထရမ့်သည်  ဓနအင်အားကြောင့် သြဇာကြီးသူများ၏ စည်းစိမ်ကို ထိခိုက်စေရန် စိတ်ပူစရာ မလိုတော့ဘဲ နိုင်ငံတကာ တာဝန်ဝတ္တရားများကို ငြင်းပယ်ခြင်းသည် ဂလိုဘယ်လိုက်ဇေးရှင်းကို မုန်းတီးသည့် သူ၏ ကော်လံပြာ မဲဆန္ဒရှင်များကို စည်းရုံးနိုင်မည်ဖြစ်သည်။

အချိန်ကာလကြာမြင့်လှပြီဖြစ်သော နိုင်ငံ၏ စီးပွားရေးခေါင်းကိုက်ရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အခြေခံကျသော ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဝင်ငွေကွာဟမှုကို ကျဉ်းမြောင်းသွားစေရန်  စီးပွားရေးလုပ်ငန်းစုကြီးများ၏ စည်းစိမ်ဥစ္စာကို ထိခိုက်စေမည်ဖြစ်သည်။ ဓနအင်အားကြောင့် သြဇာကြီးမားသူများကို ထိခိုက်စေရန် စိတ်မပါဘဲ သူ၏မဲဆန္ဒရှင်များ ကို နှစ်သိမ့်ရန် ဖိအားပေးခြင်းဖြင့် ထရမ့်သည် အပြစ်တင်သောကစားနည်းကို ရွေးလိုက်ကာ စီးပွားရေးပြဿနာများ အားလုံးသည် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ကြောင်းပြောသည်။ ထိုသို့လုပ်ခြင်သည် တာဝန်မဲ့ပြီး ထိုပြဿနာများအတွက် ကုထုံးမဟုတ်ပေ။ ဆိုရှယ်လစ်ဖြစ်စေ အရင်းရှင်ဖြစ်စေ မည်သည့်အစိုးရမဆိုသည် လူမှုချမ်းသာကြွယ်ဝမှုများကို ပြန်လည်မျှဝေရန် တာဝန်ရှိသည်။  ပြဿနာများကို ဘေးဖယ်ထားခြင်းသည် ပိုမိုဆိုးရွားစေကြောင်း အမေရိကန် စီးပွားရေးပြဿနာ များ၏ ပြင်းထန်မှုက သက်သေပြနေ သည်။ အပြစ်တင်သော ကစားနည်းကိုကစားခြင်းနှင့် နိုင်ငံတကာ တာဝန်ဝတ္တရားများကို ငြင်းဆန်ခြင်းသည် အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။ ထရမ့်အစိုးရသည် ထိုအချက်ကို သိသည်။ သို့သော် သူ၏ နိုင်ငံရေးဘဝသည် အမေရိကကို ပြန်လည်ကြီးမြတ်အောင် လုပ်ရေးထက် များစွာပိုမို အရေးပါနေသည်။

(အယ်ဒီတာမှတ်ချက် - အခွန်စစ်ပွဲများကို ဆင်နွဲပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းများမှ နုတ်ထွက်ကာ ဥရောပသမဂ္ဂနှင့် ရုရှားအကြား သဘောထားကွဲလွဲအောင်လုပ်ပြီးနောက် တရုတ်နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်ပြီး မေရိကန်ပြည်ထောင်စုသည် ထရမ့်၏ ဦးဆောင်မှု အောက်တွင် ၎င်း၏ ကမ္ဘာ့ အခန်းကဏ္ဍကို ပြန်လည်ရေးသားနေသည်။  ထိုနိုင်ငံသည် ကမ္ဘာတဝှမ်း မငြိမ်သက်မှုများ၏ ရင်းမြစ်ဖြစ်နေ ပါသလား။ CGTN Insight သည် အမေရိကန်နိုင်ငံကို စတင်ရောဂါရှာဖွေကာ နိုင်ငံတကာစနစ်ကို အမေရိကန်ပြည်ထောင်စု၏ အကြိမ် ကြိမ် စိန်ခေါ်မှုများ၏နောက်ကွယ်တွင် မည်သည်တို့ရှိသည်ကို စုံစမ်းစစ်ဆေးမှုငယ်များ ပြုလုပ်ခဲ့သည်။ ပထမဆုံး ဇာတ်ဝင်ခန်းမှာ အမေရိကန် ဆုတ်ခွာမှုရောဂါဖြစ်သည်။

(If you want to contribute and have specific expertise, please contact us at [email protected].)

 

(  Zawgyi  )

 ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ထိုကမာၻလုံးဆိုင္ရာ အဖြဲ႕အစည္းမ်ားတြင္ ၎တို႔လႊမ္းမိုးေသာ အဆင့္အတန္း ရရွိရန္ အေမရိကန္ သမၼတမ်ား၏ အားထုတ္မႈမ်ားကို မည္သူမွ် ျငင္းပယ္ႏိုင္ျခင္းမရွိေပ။ သို႔ေသာ္ ထိအခ်က္မွာ သမိုင္းျဖစ္လာေနသည္။ ရာထူးအတြက္ က်မ္းသစၥာက်ိန္ဆိုစဥ္ကစတင္ၿပီး ထရမ့္သည့္ ႏိုင္ငံတကာ သေဘာတူ စာခ်ဳပ္အမ်ားအျပား - အနည္းငယ္မွ်ကို ထုတ္ေဖၚေျပာဆိုရ ပါက ပါရီရာသီဥတု သေဘာတူညီခ်က္၊ ပိစိဖိတ္ျဖတ္ေက်ာ္ပူးေပါင္းေဆာင္႐ြက္မႈ၊ ယူနက္စကို၊ အီရန္ န်ဴကလီးယားသေဘာတူ စာခ်ဳပ္၊ ကမာၻ႔ က်န္း မာေရးအဖြဲ႕  မွ အေမရိကန္ျပည္ေထာင္စုကို ႏုတ္ထြက္ေစရန္ စိတ္အားထက္မႈျဖင့္ တကမာၻလုံးကို အံ့ၾသေစသည္။ထိုသို႔ႏုတ္ထြက္ျခင္းမ်ားသည္ အေမရိကန္ ျပည္ေထာင္စုကို ျပန္လည္ ႀကီးျမတ္ေစရန္ျဖစ္ေၾကာင္း ထရမ့္ က အမြမ္းတင္သည္။ သို႔ေသာ္ ထိုသို႔ေျပာဆိုျခင္းမွာ ဆင္ေျခေပးျခင္းသာျဖစ္သည္။ ထိုသို႔ႏုတ္ထြက္ ျခင္းမ်ား သည္ ႏိုင္ငံ၏ စီးပြားေရးျပႆနာမ်ားကို ကိုင္တြယ္ရာ တြင္ ႏိုင္ငံေရး ကလိမ္ကက်စ္က်ျခင္းသာျဖစ္သည္။

ကမာၻ႔အႀကီးမားဆုံး စီးပြားေရး ဟူသည့္ အဆင့္အတန္းရွိေသာ္လည္း  အေမရိကန္ျပည္ေထာင္စု၏ ျပင္း ထန္ေသာ စီးပြားေရး ေခါင္း ကိုက္ျခင္းသည္ သတင္းမဟုတ္ေတာ့ေပ။ အေျခခံကုထုံးအရ ဆိုပါက လူမႈႂကြယ္ဝ ခ်မ္းသာမႈမ်ားကို ျပန္လည္ခြဲေဝရန္လိုသည္။ ေသခ်ာသည္မွာ ထိုသို႔လုပ္ေဆာင္ျခင္းသည္ လုပ္ငန္းစုႀကီးမ်ား၏ အက်ိဳးစီးပြားကိုစေတးရမည္ျဖစ္ၿပီး  ထင္ရွားသည္မွာ ထရမ့္သည္ သူ႔ကို ေငြေၾကးကမကထျပဳေနသူမ်ားကို သစၥာမေဖါက္ျခင္းျဖစ္သည္။ စီးပြားေရးျပႆနာမ်ားအတြက္ တကမာၻလုံး ေပါင္းစည္းျခင္း ဂလိုဘယ္လိုက္ ေဇးရွင္း အေပၚ အျပစ္တင္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ႏုတ္ထြက္ျခင္းသည္ အလြယ္ဆုံးနည္းလမ္းျဖစ္သည္။

လြန္စြာႀကီးမားေသာ ဆင္းရဲခ်မ္းသာကြာဟမႈမည္သည့္အတြက္ ထိုသို႔ျဖစ္ရသနည္း။ ပထမဆုံးအေနျဖင့္ အေမရိကန္ျပည္ေထာင္စု၏ ျပင္းထန္လွ ေသာ ဝင္ေငြမညီမွ်မႈကို ၾကည့္ပါ။ ၂၀၁၈ ခုႏွစ္က ၁၀ ရာခိုင္ႏႈန္းေသာ အခ်မ္းသာဆုံးမိသားစုမ်ားက မိသားစုမ်ား အားလုံး၏ ႂကြယ္ဝခ်မ္းသာမႈမ်ား၏ ၇၀ ရာခိုင္ႏႈန္းကိုပိုင္ဆိုင္ၾကသည္။ ၁၉၈၉ ခုႏွစ္က ၆၀ ရာခိုင္ႏႈန္း ပိုင္ဆိုင္ရာမွ ပိုမိုျမင့္တက္လာ ျခင္းျဖစ္ေၾကာင့္ ဗဟိုဘဏ္ ေဘာဂေဗဒပညာရွင္မ်ား၏ အဆိုအရ သိရသည္။ ထိပ္ဆုံး ၁၀ ရာခိုင္ႏႈန္း ၏ ခ်မ္းသာႂကြယ္ဝမႈ အခ်ိဳး အစား တိုးလာျခင္းသည္ ခ်မ္းသာႂကြယ္ဝမႈပ်ံ႕ႏွံ႔မႈတြင္ အဆင့္ ၅၀ မွ ၉၀ အတြင္းမိသားစုမ်ား၏ ဆုံးရႈံးမႈမ်ား ျဖစ္ေပၚလာေၾကာင္း အေမရိကန္ ဗဟိုဘဏ္ကေျပာသည္။ လြန္ခဲ့ေသာ ဆယ္ စုႏွစ္ ၃ ခုအတြင္း အထက္လႊာခ်မ္းသာႂကြယ္ဝမႈ ေဖါင္းပြေနခ်ိန္တြင္ ေအာက္ေျခႏွင့္ လူလတ္တန္းစားမ်ားသည္ ႂကြယ္ဝခ်မ္းသာမႈ လုံးဝတိုးတက္ျခင္းမရွိဘဲ ၎တို႔၏ ႂကြယ္ဝခ်မ္းသာမႈ အခ်ိဳးအစားကို ၄ ရာခိုင္ႏႈန္းမွ ၁ ရာ ခိုင္ႏႈန္းသို႔ က်ဆင္းသြားေစသည္။

ထိုသို႔ျဖစ္ရျခင္းမွာ စုစုေပါင္းႂကြယ္ဝခ်မ္းသာမႈ၏ အမ်ားစုကို လူနည္းစုက ခ်ဳပ္ကိုင္ေစေသာ အက်ိဳး အျမတ္ရွာသည့္ အရင္းရွင္ စနစ္၏ မလႊဲေရွာင္သာေသာ ရလဒ္ျဖစ္သည္။ ယခင္အေမရိကန္ သမၼတေဟာင္း ဖရင္ကလင္ ဒီ ႐ုစဗဲ့သည္ အက်ိဳးအျမတ္သို႔ ဦးတည္ ေသာ အရင္းရွင္စနစ္၏ အက်ိဳးဆက္မ်ားကို ေကာင္းစြာ သိေသာေၾကာင့္ R  ၃ လုံးအစီအစဥ္သစ္ကို စတင္လုပ္ကိုင္သည္။ ဆင္းရဲသား မ်ား သက္သာေခ်ာင္ခ်ိေရး (Relief) စီးပြားေရးနာလန္ထေရး (Recovery)  ႏွင့္ ဘာ႑ာေရးစနစ္ျပဳျပင္ေျပာင္းလဲေရး (Reform) တို႔ျဖစ္သည္။ ပထမ ဆုံး R သည္ ဆင္းရဲခ်မ္းသာကြာဟမႈကို အတိုင္းအတာတခုအထိေလွ်ာ့ခ်ေပးႏိုင္သည္။

သို႔ေသာ္ထိုအစီအစဥ္သစ္သည္ သက္တမ္းမရွည္လွေပ။ ရီဂင္ေခတ္တြင္ နီယိုလစ္ဘရယ္ဝါဒ ေခါင္း ေထာင္ထလာၿပီး အရင္းရွင္စနစ္ သည္ အေမရိကန္လူ႔အဖြဲ႕အစည္းတြင္ လႊမ္းမိုးေသာ အခန္းမွ ျပန္လည္ ပါဝင္ လာသည္။ ဇေဝဇဝါျဖစ္ရန္မလိုသည္မွာ အစိုးရထိန္းခ်ဳပ္မႈ မရွိေသာ စီးပြားေရးလစ္ဘရယ္ဝါဒသည္ ထိုဝင္ေငြ မညီမွ်မႈကို အားေပးျခင္းျဖစ္သည္။ ဝမ္းနည္းစရာေကာင္းသည္မွာ ေနာက္မ်ိဳးဆက္ မ်ားက ထိုျပႆနာကို ကိုင္ တြယ္ရန္ ထိေရာက္ေသာ ေျဖရွင္းမႈ မလုပ္ေဆာင္ခဲ့ျခင္းပင္ျဖစ္သည္။ ထိုႀကီးမားလွေသာ ဆင္းရဲခ်မ္းသာ ကြာ ဟမႈသည္ ၂၁ ရာစုတြင္ ဆက္လက္ႀကီးမားလာသည္။

PEW သုေတသနဌာန၏ အဆိုအရ လူလတ္တန္းစား၏ ခ်မ္းသာႂကြယ္ဝမႈ ေဝစုသည္ ၁၉၇၁ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္အတြင္း ၁၀ ရာခိုင္ႏႈန္း က်ဆင္သည္။ ဘာ႑ာေရးအက်ိဳးအျမတ္မ်ားတြင္ ကြဲျပာျခားနားမႈသည္ ဝင္ေငြ  မညီမွ်မႈကို  ပိုမိုႀကီးမားေစျခင္းျဖစ္သည္ လူလတ္တန္းစား မိသားစုမ်ားသည္ ဝင္ေငြ ၆ ရာခိုင္ႏႈန္းတိုးျခင္းကို ၂၀၁၀ မွ ၂၀၁၆ ခုႏွစ္အတြင္း ခံစားခဲ့ရေသာ္လည္း ဝင္ေငြျမင့္မား ေသာ မိသားစုမ်ား ၉ ရာခိုင္ႏႈန္းတိုးကာ ဝင္ေငြ နည္းေသာ မိသားစုမ်ားလည္ ၅ ရာခိုင္ႏႈန္းတိုးသည္။ သူ၏ေရွ႕မွ သမၼတမ်ားကဲ့သို႔ပင္ ထရမ့္သည္ ထိုဆယ္ စုႏွစ္မ်ားစြာၾကာေနၿပီ ျဖစ္ေသာ ျပႆနာကို ကိုင္တြယ္ေျဖရွင္းရန္ ထရမ့္သည္ မည္သည္ကိုမွ် မလုပ္ေဆာင္ ျခင္းျဖစ္သည္။

ဂလိုဘယ္လိုက္ေဇးရွင္းဆန႔္က်င္မႈလႈိင္းဂလိုဘယ္လိုက္ေဇးရွင္းသည္ အေမရိကန္ ျပည္တြင္းစီးပြားေရး ေခါင္းကိုက္ေရာဂါကို ပိုမို ဆိုး႐ြားေစသည္။ စစ္ေအးတိုက္ပြဲဆိုသည္မွာ အရင္းရွင္အုပ္စုႏွင့္ဆိုရွယ္လစ္အုပ္စုအၾကား စီးပြားေရးအရ ဆက္ဆံမႈမရွိျခင္း ကိုဆိုလို သည္။ ထြန္းသစ္စ စီးပြားေရးမ်ားထံမွ ယွဥ္ၿပိဳင္မႈမရွိဘဲ အင္အားႀကီးမားေသာ အလုပ္သမား သမဂၢမ်ား၏ ေထာက္ခံမႈျဖင့္ လူလတ္ တန္းစားသည္ အေမရိကန္ျပည္ေထာင္စုတြင္ စီးပြားတိုးတက္ခဲ့သည္။ သို႔ေသာ္ ဂလိုဘယ္လိုက္ေဇးရွင္းႏွင့္ ရင္ဆိုင္ရေသာအခါ ထိုအေျခအေနရပ္တန႔္သြားသည္။

တကမာၻလုံးေပါင္းစည္းလာေသာေခတ္တြင္ အေမရိကန္ စီးပြားေရးလုပ္ငန္းမ်ားသည္ ကုန္က်စရိတ္ နည္းနည္းျဖင့္ ထုတ္လုပ္ထားေသာ အစိတ္အပိုင္းမ်ားႏွင့္ လုပ္အားကို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ အလြယ္တကူ ေတြ႕ရွိသြားသည္။ ကိန္းဂဏန္းအခ်က္အလက္မ်ားကို ထိုအရာ ကို ရွင္းျပေနသည္။ အာဂ်င္တီးနားတြင္ စက္႐ုံ အလုပ္သမားတေယာက္ကို တေနတာ ငွားရမ္းျခင္းသည္ အေမရိကန္ျပည္ေထာင္စုတြင္ ကုန္က်စရိတ္၏ ၂၆ ရာ ခိုင္ႏႈန္းသာရွိသည္။ ဘရာဇိးတါင္ ၂၃ ရာခိုင္ႏႈန္း၊ မကၠဆီကိုတြင္ ၁၃ ရာခိုင္ႏႈန္ႏွင့္ ဖိလစ္ပိုင္တြင္ ၄ ရာခိုင္ႏႈန္းသာ ရွိေၾကာင္း Cornell University's ILR School က ၂၀၁၀ ခုႏွစ္တြင္ ျပဳလုပ္သည့္ေလ့လာမႈ အရသိရသည္။

တ႐ုတ္ႏွင့္အေမရိကန္ျပည္ေထာင္စုတို႔ကို ႏႈိင္းယွဥ္ပါက ပိုမိုထင္ရွားသည္။ အလုပ္သမားဗ်ဴ႐ို စာရင္းအင္းမ်ားအရ အေမရိကန္ ျပည္ေထာင္စုမွ သာမန္ ကုန္ထုတ္လုပ္ေသာ လုပ္သားတေယာက္သည္ တနာရီလွ်င္ ၂၃.၃၂ ေဒၚလာႏႈန္းျဖင့္ တေန႔လွ်င္ ၈.၆ နာရီ လုပ္ႏိုင္သည္။ သို႔ေသာ္ ထိုသို႔အဆင့္တူ အလုပ္သမားတေယာက္ကို တ႐ုတ္ႏိုင္ငံတြင္ ငွားရန္းျခင္းသည္ တနာရီလွ်င္ ၁.၃၆ ေဒၚလာသာ ကုန္က်ၿပီး အေမရိကန္အလုပ္သမား၏ ဆယ္ ပုံ တပုံေအာက္သာရသည္။ တ႐ုတ္အလုပ္သမားမ်ား၏ အလုပ္ခ်ိန္သည္လည္း မ်ားစြာပိုမိုရွည္ၾကာၿပီး  ၁၂ နာရီ ရွိသည္။

စက္႐ုံမ်ားကို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသိုပ ေ႐ႊ႕ေျပာင္းျခင္း အျမတ္လိုလားေသာ အေမရိကန္ စီးပြားေရး လုပ္ ငန္းမ်ား လုပ္ေဆာင္ရမည့္ ကိစၥျဖစ္သည္။ ေနာက္ဆုံးတြင္ လူမႈတန္းတူမႈမရွာဘဲ အျမတ္ရေအာင္လုပ္ကိုင္ျခင္း သည္ အရင္းရွင္စနစ္၏ သေဘာ သဘာဝသာ ျဖစ္သည္။ ထုတ္လုပ္မႈ စရိတ္ နည္းၿပီး ေဈးကြက္သစ္မ်ားသို႔ ဝင္ ေရာက္ရန္လြယ္ကူ ေသာေၾကာင့္ ဓနအင္အားျဖင့္ၾသဇာႀကီးမားေသာ အေမရိကန္မ်ားသည္ ဂလိုဘယ္လိုက္ေဇး ရွင္းမွ အျမတ္မ်ားစြာရရွိၾကသည္။ သိုေသာ္  ေသးငယ္သြားေသာ စက္႐ုံက႑သည္ အလုပ္ဆုံးရႈံးမႈျဖစ္ေစေသာ ေၾကာင့္ ေကာ္လံျပာလုပ္သားမ်ားကို ထိုအတြက္ စေတးလိုက္ၾကရသည္။

ထရမ့္တက္လာျခင္းႏွင့္ ၎၏ အေျဖ သို႔ေသာ္ ထိုေအာက္ေျခလူတန္စား အေမရိကန္မ်ားတြင္ ဆႏၵမဲမ်ားရွိသည္။  ထို႔ေၾကာင့္လည္း တဖက္ သတ္ဆန္ေသာ ထရမ့္ကို အိမ္ျဖဴေတာ္သို႔ေရာက္သြားေစသည္။  ႏိုင္ငံကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ ဒုကၡေပးေနေသာ ႀကီးမားလွ သည့္ ဆင္းရဲခ်မ္းသာကြာဟမႈကို ရင္ဆိုင္ေနရေသာအခါ ထရမ့္၏ အေျဖမွာ အျပစ္တင္ကစားျခင္းျဖစ္သည္။ ေသးငယ္ေသာ အေမရိကန္ ကုန္ထုတ္လုပ္မႈက႑၊ ျမင့္မားသည့္ အလုပ္လက္မဲ့ႏႈန္းႏွင့္ က်ယ္ျပန႔္ေနေသာ ဝင္ေငြမညီမွ်မႈတို႔အတြက္ ထြန္းသစ္စ စီးပြား ေရးမ်ားကို အျပစ္တင္သည္။ ထိုသို႔ေသာ အေျခအေနတြင္ သမၼတက ကမာၻတဝွမ္း  အခြန္စစ္ပြဲကို ဆင္ႏႊဲၿပီး  ႏိုင္ငံတကာ အဖြဲ႕အစည္း မ်ားႏွင့္ သေဘာတူစာခ်ဳပ္မ်ားမွ အေမရိကန္ႏိုင္ငံကို ႏုတ္ထြက္ေစျခင္းျဖစ္သည္။

ဂလိုဘယ္လိုက္ေဇးရွင္းေၾကာင့္မဟုတ္ ဘဲ အျမတ္အစြန္းကေမာင္းႏွင္ေသာ အရင္းရွင္စနစ္ သည္ဆယ္စုႏွစ္မ်ားစြာၾကာၿပီျဖစ္ေသာ စီးပြားေရးျပႆနာ၏ အရင္းအျမစ္ျဖစ္သည္ကို အေမရိကန္ ႏိုင္ငံံေရးသမားမ်ား ရွင္းလင္းစြာ သိၾကသည္။ ႐ုစဗဲ့လ္၏ အစီအစဥ္ သစ္ကဲ့သို႔  အေျခခံက်ေသာ လူအဖြဲ႕အစည္းဆိုင္ရာ  ႏိုင္ငံေရးဆိုင္ရာႏွင့္ စီးပြားေရး ျပဳျပင္ေျပာင္လဲမႈမ်ားသည္သာ အေျဖျဖစ္သည္။ သို႔ေသာ လူမႈႂကြယ္ဝခ်မ္းသာမႈမ်ားကို ျပန္လည္ခြဲေဝရန္ မည္သည့္အားထုတ္မႈမဆိုသည္ အေမရိကန္ ဘာ႑ာေရးဂိုဏ္းႀကီးမ်ား၏ အက်ိဳးစီးပြားကို မလႊဲေရွာင္သာ စေတးရမည္ျဖစ္ေၾကာင္းလည္း သူတို႔ေကာင္းစြာသိသည္။

စီးပြားေရးသမားမွ သမၼတျဖစ္လာသူ ထရမ့္သည္  သူကိုေငြေၾကးကမကထျပဳေနသူမ်ားကို ထိခိုက္ေအာင္ လုပ္ေဆာင္လိုျခင္း မရွိသည္မွာ ထင္ရွားသည္။ အေမရိကန္ ပါတီႏွစ္ခုႏိုင္ငံေရးတြင္ ေငြရင္းသည္ အဓိက အခန္းမွ ပါဝင္သည္မွာ လွ်ိဳ႕ဝွက္ခ်က္မဟုတ္ေပ။ ဓနအင္အားေၾကာင့္ ၾသဇာႀကီးမားသည့္ အေမရိကန္ မ်ားထံမွ ေငြေၾကးေထာက္ပံ့မႈ မရွိလွ်င္ ထရမ့္သည္ အေမရိကန္ ႏိုင္ငံေရး နယ္ပယ္ သို႔ ေရာက္လာခဲ့မည္မဟုတ္ေပ။ လုပ္ငန္းစုႀကီးမ်ားကို ထိခိုက္ေအာင္လုပ္ျခင္းသည္ ထရမ့္၏ ႏိုင္ငံေရးဘဝတခုလုံးကို အႏၲရာယ္ က်ေရာက္သြားေစႏိုင္သည္။

အခြန္ႏွင့္ ပတ္သက္သည့္ ထရမ့္၏ သေဘာထားကိုၾကည့္လွ်င္ သူသည္ ဓနအင္အားေၾကာင့္ ၾသဇာႀကီးမားသူမ်ား၏ ေထာက္ခံမႈကို အႀကီးအက်ယ္လိုေၾကာင္း ျပသေနသည္။ ခ်မ္းသာႂကြယ္ဝမႈကို ျပန္လည္မွ်ေဝရာတြင္ အခြန္မရွိမျဖစ္လိုေၾကာင္း လူတိုင္းသိၾကသည္။ သို႔ေသာ္ စိတ္ဝင္စားစရာေကာင္းသည္မွာ ထရမ့္၏ ကိစၥတြင္ မင္းတို႔၏ ေငြေၾကးကမကထျပဳမႈသည္ ထိေရာက္ေသာ ကိရိယာျဖစ္ေန သည္။ ၂၀၁၇ ခုႏွစ္ ထရမ့္ အခြန္ေလွ်ာ့ ခ်ၿပီးေနာက္ အေမရိကန္ႏိုင္ငံမွ အခ်မ္းသာဆုံး လူ ၄၀၀ ၏ အခြန္ႏႈန္းထားမွာ ၂၀၁၈ ခုႏွစ္တြင္ ၂၃ ရာခိုင္ႏႈန္းျဖစ္လာၿပီး စုစုေပါင္းဝင္ေငြ၏ ေလးပုံတပုံေအာက္သို႔ေရာက္လာသည္။ ထိုႏႈန္းကို ၁၉၅၀ ခုႏွစ္က ၇၀ ရာခိုင္ႏႈန္းႏွင့္ ၁၉၈၀ ခုႏွစ္က ၄၇ ရာခိုင္ႏႈန္းတို႔ႏွင့္ ယွဥ္ၾကည့္ႏိုင္ေၾကာင္း နယူးေယာက္တိုင္းမ္၏ အဆိုအရ သိရသည္။

မွတ္တမ္းတင္ထားေသာ ကာလအတြင္း ပထမဆုံး အႀကိမ္အျဖစ္  အခ်မ္းသာဆုံး အေမရိကန္ ၄၀၀ တို႔သည္ အျခားမည္သည့္ ဝင္ေငြ အုပ္စုထက္မဆို အနိမ့္ဆုံး အခြန္ႏႈန္းကို ေပးေဆာင္ခဲ့ၾကသည္ဟု နယူးေယာက္တိုင္းမ္က ေရးသားသည္။ ထိုအခြန္မ်ားတြင္ ျပည္ေထာင္စု ျပည္နယ္ႏွင့္ ေဒသဆိုင္ရာအခြန္မ်ားပါဝင္သည္။ ခ်မ္းသာသူမ်ား ပိုမိုခ်မ္းသာလာၿပီး ဆင္းရဲသူမ်ား ပိုမိုဆင္းရဲလာသည္မွာ အံံဩစရာ မဟုတ္ေပ။  ၂၀၁၆ ခုႏွစ္ မဲဆြယ္ပြဲအတြင္း ဘီလီယံနာမ်ားထံမွ ထရမ့္ရရွိသည့္ ရန္ပုံေငြမ်ားကို တေစ့တေစာင္းၾကည့္ပါက  က်ယ္ျပန႔္ ေနေသာ ဆင္းရဲခ်မ္းသာကြာဟမႈသည္ လႊဲေရွာင္မရသည့္ ရလဒ္ျဖစ္သည္။ ထရမ့္က ဓနအင္အားေၾကာင့္ ၾသဇာႀကီးမားသူမ်ား၏ ေထာက္ခံမႈႏွင့္ ႏိုင္ငံေရးအႏိုင္ရမႈ ကိုစိတ္အားထက္သန္ေလေလ သူသည္သူ၏ ႏိုင္ငံေရးေငြေၾကးမကကထျပဳမႈ အက်ိဳးစီးပြားကို စေတးႏိုင္ေျခ နည္းေလေလပင္ျဖစ္ေပမည္။

သို႔ေသာ္ တခ်ိန္တည္းတြင္ ထရမ့္သည္ သူ႔ကို ေထာက္ခံသည့္ ေအာက္ေျခလူတန္းစားမ်ားကို လွ်စ္လွ်ဴမရႈႏိုင္ေပ။ အေမရိကန္ စီးပြားေရးျပႆနာမ်ားကို ဂလိုဘယ္လိုက္ေဇးရွင္း အေပၚ လုံးလုံးလွ်ားလွ်ား အျပစ္တင္လိုက္ျခင္းသည္ အလြယ္ကူဆုံး ထြက္ေပါက္ ျဖစ္သည္။  ထိုနည္းလမ္းအားျဖင့္ ထရမ့္သည္  ဓနအင္အားေၾကာင့္ ၾသဇာႀကီးသူမ်ား၏ စည္းစိမ္ကို ထိခိုက္ေစရန္ စိတ္ပူစရာ မလိုေတာ့ဘဲ ႏိုင္ငံတကာ တာဝန္ဝတၱရားမ်ားကို ျငင္းပယ္ျခင္းသည္ ဂလိုဘယ္လိုက္ေဇးရွင္းကို မုန္းတီးသည့္ သူ၏ ေကာ္လံျပာ မဲဆႏၵရွင္မ်ားကို စည္း႐ုံးႏိုင္မည္ျဖစ္သည္။

အခ်ိန္ကာလၾကာျမင့္လွၿပီျဖစ္ေသာ ႏိုင္ငံ၏ စီးပြားေရးေခါင္းကိုက္ေရာဂါကို ကိုင္တြယ္ေျဖရွင္းရန္ အေျခခံက်ေသာ ျပဳျပင္ေျပာင္းလဲမႈ လုပ္ေဆာင္ရမည္ျဖစ္သည္။ ထိုသို႔လုပ္ေဆာင္ရာတြင္ ဝင္ေငြကြာဟမႈကို က်ဥ္းေျမာင္းသြားေစရန္  စီးပြားေရးလုပ္ငန္းစုႀကီးမ်ား၏ စည္းစိမ္ဥစၥာကို ထိခိုက္ေစမည္ျဖစ္သည္။ ဓနအင္အားေၾကာင့္ ၾသဇာႀကီးမားသူမ်ားကို ထိခိုက္ေစရန္ စိတ္မပါဘဲ သူ၏မဲဆႏၵရွင္မ်ား ကို ႏွစ္သိမ့္ရန္ ဖိအားေပးျခင္းျဖင့္ ထရမ့္သည္ အျပစ္တင္ေသာကစားနည္းကို ေ႐ြးလိုက္ကာ စီးပြားေရးျပႆနာမ်ား အားလုံးသည္ ဂလိုဘယ္လိုက္ေဇးရွင္းေၾကာင့္ ျဖစ္ေၾကာင္းေျပာသည္။ ထိုသို႔လုပ္ျခင္သည္ တာဝန္မဲ့ၿပီး ထိုျပႆနာမ်ားအတြက္ ကုထုံးမဟုတ္ေပ။ ဆိုရွယ္လစ္ျဖစ္ေစ အရင္းရွင္ျဖစ္ေစ မည္သည့္အစိုးရမဆိုသည္ လူမႈခ်မ္းသာႂကြယ္ဝမႈမ်ားကို ျပန္လည္မွ်ေဝရန္ တာဝန္ရွိသည္။  ျပႆနာမ်ားကို ေဘးဖယ္ထားျခင္းသည္ ပိုမိုဆိုး႐ြားေစေၾကာင္း အေမရိကန္ စီးပြားေရးျပႆနာ မ်ား၏ ျပင္းထန္မႈက သက္ေသျပေန သည္။ အျပစ္တင္ေသာ ကစားနည္းကိုကစားျခင္းႏွင့္ ႏိုင္ငံတကာ တာဝန္ဝတၱရားမ်ားကို ျငင္းဆန္ျခင္းသည္ အခ်ိန္ျဖဳန္းျခင္းသာ ျဖစ္သည္။ ထရမ့္အစိုးရသည္ ထိုအခ်က္ကို သိသည္။ သို႔ေသာ္ သူ၏ ႏိုင္ငံေရးဘဝသည္ အေမရိကကို ျပန္လည္ႀကီးျမတ္ေအာင္ လုပ္ေရးထက္ မ်ားစြာပိုမို အေရးပါေနသည္။

(အယ္ဒီတာမွတ္ခ်က္ - အခြန္စစ္ပြဲမ်ားကို ဆင္ႏြဲၿပီးေနာက္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ ႏုတ္ထြက္ကာ ဥေရာပသမဂၢႏွင့္ ႐ုရွားအၾကား သေဘာထားကြဲလြဲေအာင္လုပ္ၿပီးေနာက္ တ႐ုတ္ႏိုင္ငံကို ထိပ္တိုက္ရင္ဆိုင္ၿပီး ေမရိကန္ျပည္ေထာင္စုသည္ ထရမ့္၏ ဦးေဆာင္မႈ ေအာက္တြင္ ၎၏ ကမာၻ႔ အခန္းက႑ကို ျပန္လည္ေရးသားေနသည္။  ထိုႏိုင္ငံသည္ ကမာၻတဝွမ္း မၿငိမ္သက္မႈမ်ား၏ ရင္းျမစ္ျဖစ္ေန ပါသလား။ CGTN Insight သည္ အေမရိကန္ႏိုင္ငံကို စတင္ေရာဂါရွာေဖြကာ ႏိုင္ငံတကာစနစ္ကို အေမရိကန္ျပည္ေထာင္စု၏ အႀကိမ္ ႀကိမ္ စိန္ေခၚမႈမ်ား၏ေနာက္ကြယ္တြင္ မည္သည္တို႔ရွိသည္ကို စုံစမ္းစစ္ေဆးမႈငယ္မ်ား ျပဳလုပ္ခဲ့သည္။ ပထမဆုံး ဇာတ္ဝင္ခန္းမွာ အေမရိကန္ ဆုတ္ခြာမႈေရာဂါျဖစ္သည္။

(If you want to contribute and have specific expertise, please contact us at [email protected].)