【 နိုင်ငံတကာဆောင်းပါး 】“ ရုရှားစွမ်းအင်မရှိဘဲ ဥရောပ ရပ်တည်နိုင်ပါ့မလား ”

【 နိုင်ငံတကာဆောင်းပါး 】“ ရုရှားစွမ်းအင်မရှိဘဲ ဥရောပ ရပ်တည်နိုင်ပါ့မလား ”

ရုရှားသဘာဝဓာတ်ငွေ့အတွက် ရူဘယ်ငွေဖြင့် မပေးချေသည့် ပိုလန်နှင့် ဘူလ်ဂေးရီးယားတို့၏ ဆုံးဖြတ်ချက်သည် ဥရောပနိုင်ငံနှစ်ခုအတွက်သာမက ကျန်တိုက်ကြီးအတွက်ပါ ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်သည်။

ရုရှားစွမ်းအင်အပေါ် ကြီးမားစွာ မှီခိုနေရသည့် ဥရောပသည်  သဘောတရားဖြင့် ရုရှား၏ ဓာတ်ငွေ့ထောက်ပံ့မှုနှင့် ပတ်သက်ပြီး အနည်းဆုံးတော့ ရုရှား၏ စည်းမျဥ်းစည်းကမ်းများကို သဘောတူရန်မှတပါး ရွေးချယ်စရာများ မရှိချေ။

ထိုအချက်မှာ  ရုရှားသည် ဥရောပသမဂ္ဂ (EU) ၏ အကြီးဆုံး စွမ်းအင်ပေးသွင်းသူဖြစ်ကြောင်း လူသိများသော အချက်ဖြစ်သည်။

အီးယူသည် ၎င်းလိုအပ်သည့်သဘာဝဓာတ်ငွေ့၏ ၄၅ ရာခိုင်နှုန်းခန့်ကို ရုရှားထံမှ ရရှိပြီး မော်စကိုသည် အီးယူ ရေနံတင်သွင်းမှု၏ ၂၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး တင်သွင်းမှု၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

ရုရှား၏စွမ်းအင်သာမရှိပါက ဥရောပစီးပွားရေးမှာ ပြိုကျနိုင်သည့်အစွန်းတွင်  ရပ်တည်နေလိမ့်မည် ဖြစ်သည်။

ဘရပ်ဆဲလ်၏ ရေရှည်မဟာဗျူဟာမှာ ရုရှားစွမ်းအင်အပေါ် ဥရောပမှီခိုအားထားမှုကို လျှော့ချရန်ဖြစ် သည်။

ရေတိုတွင် အီးယူအဖွဲ့ဝင်အားလုံး ရုရှားသဘာ၀ဓာတ်ငွေ့နှင့် ရေနံဝယ်ယူမှုကို ရပ်တန့်ပါက ရုရှား၏ စီးပွားရေး ထိခိုက်နိုင်သော်လည်း ဥရောပသည် ပို၍ပင် ထိခိုက်လာမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပိုလန်နှင့် ဘူလ်ဂေးရီးယားတို့သည် ရုရှားဓာတ်ငွေ့မပါဘဲ အသက်ရှင်နေထိုင်ရန် အခွင့်လမ်းကို ရယူခဲ့သည်။

ရုရှား၏ စွမ်းအင်ကုမ္ပဏီကြီး Gazprom သည် EU အဖွဲ့ဝင်အဆိုပါနိုင်ငံနှစ် နိုင်ငံသို့ ဓာတ်ငွေ့ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

၎င်းတို့၏ ဓာတ်ငွေ့သိုလှောင်မှုမှာ ပြည့်လုနီးပါးဖြစ်နေသောကြောင့် နှစ်နိုင်ငံစလုံးအနေဖြင့် လာမ့ မကြာမီကာလအတွင်း လောင်စာကြောင့်  ကြီးကြီးမားမား စီးပွားရေးပြဿနာများ ကြုံတွေ့လာဖွယ်မရှိပေ။

သို့သော် တခြား EU အဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် ရုရှားစွမ်းအင်ကို ရူဘယ်နဲ့ မဝယ်ပါက ဘာဖြစ်နိုင်မည်နည်း ။

ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ့်က “စနစ်သစ်အရ ပေးဆောင်ရန် ဖောက်သည်များက ငြင်းဆိုပါက၊ သမ္မတအမိန့်ကို သေချာပေါက် အကောင်အထည်ဖော်မှာပါ"ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ စာတမ်းကို ရည်ညွှန်းပြီးဆိုသည်။

အမိန့်အရ ရုရှားနိုင်ငံမှ "ဖော်ရွေမှုမရှိသော" နိုင်ငံများမှ ရုရှားဓာတ်ငွေ့ ၀ယ်ယူသူများသည် ၎င်းတို့၏ ငွေပေးချေမှုများကို လွှဲပြောင်းရန်အတွက် အထူး "K-accounts" ကို ထူထောင်ရမည်ဖြစ်ပါသည်။

ငွေပေးချေမှုကို လက်ခံရရှိသည်နှင့် ရန်ပုံငွေများကို ရူဘယ်သို့ လဲလှယ်မည်ဖြစ်သည်။ ငွေပေးချေမှု အဆောက်အအုံ တစ်ခုလုံးကို နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Gazprombank မှတစ်ဆင့် တည်ဆောက်ပြီး လည်ပတ်မည်ဖြစ်သည်။

ယခုသတ်မှတ်ချက်ကို  အီးယူနိုင်ငံ အများအပြားက နိုင်ငံရေး အကြောင်းပြချက်ဖြင့် ရုရှားက သူတို့ကို ငွေညှစ်ဖို့ (blackmail) လုပ်ရန် ကြိုးစားနေသည်ဟု ဆိုကာ လိုက်နာရန် ငြင်းဆိုခဲ့သည်။

သို့သော်လည်း အချို့သော အစီရင်ခံစာများက ရုရှား၏ ရူဘယ်ဖြင့် ပေးချေရန် တောင်းဆိုမှုကို ဖြည့်ဆည်းရန်အတွက် အနည်းဆုံး ဥရောပကုမ္ပဏီ ၁၀ ခုခန့်က Gazprombank တွင် အကောင့်ဖွင့် ထားပြီးဖြစ်ကြောင်း ပြောခဲ့ပြီး အီးယူက ထိုကဲ့သို့ ခြေလှမ်းများ မလုပ်ဆောင်ရန် သတိပေးထားသည်။

သို့သော်လည်း ပြဿနာမှာ ဥရောပနိုင်ငံအချို့ဖြစ်သည့်  ဘူလ်ဂေးရီးယားကဲသို့နိုင်ငံမှာ ရုရှားသဘာဝ ဓာတ်ငွေ့ အပေါ် ၁၀၀ ရာခိုင်နှုန်းနီးပါး မှီခိုနေရသောကြောင့်ဖြစ်သည်။

အဇာဘိုင်ဂျန်၊ အယ်လ်ဂျီးရီးယားနှင့် ပင်လယ်ကွေ့နိုင်ငံများကဲ့သို့သော အခြားထုတ်လုပ်သူများမှာ အီးယူသို့ အဓိက ပေးသွင်းသူဖြစ်သည့်  ရုရှားနေရာတွင်  အချိန်မရွေး အစားထိုးနိုင်မည်မဟုတ်သဖြင့် မကြာမီ တစ်နည်းမဟုတ်တစ်နည်းဖြင့် ရုရှားစွမ်းအင်ကို ဆက်လက်ဝယ်ယူရန် နည်းလမ်းရှာရမည်ဖြစ်သည်။

ယူကရိန်းမှတစ်ဆင့် ရုရှားဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးသည် ချောမွေ့စွာ လည်ပတ်နေသည်ဆိုသော အချက်က အနောက်နိုင်ငံများသည် မကြာမီအတွင်း ရုရှားစွမ်းအင်ကို အချိန်မရွေး ရပ်တန့်ရန် အစီအစဉ်မရှိ ကြောင်း ညွှန်ပြနေသည်။

ရုရှားဓာတ်ငွေ့ကို မ၀ယ်တော့ဘဲ မကြာမီကာလတွင် ဝယ်ယူမှုရပ်ဆိုင်းမည့် နိုင်ငံများသည် ယူကရိန်းတွင် နှစ်အတန်ကြာ အကောင်အထည်ဖော်ခဲ့သည့် အလားတူပုံစံကို အကောင်အထည်ဖော်လိမ့်မည် ဖြစ်နိုင်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကိယက်ဗ် သည် ရုရှားမှ ဓာတ်ငွေ့ဝယ်ယူမှုကို ရပ်တန့်ခဲ့သည်။ ဒါမှမဟုတ် ပိုအတိအကျပြောရလျှင် ရုရှားကနေ တိုက်ရိုက်မဝယ်တော့ပေ။ တရားဝင်အားဖြင့် ယူကရိန်းအစား ဥရောပမှ ဝယ်ယူမှု တိုးလာနေခြင်းဖြစ်ပြီး လက်တွေ့တွင် သိသိသာသာ ပမာဏမှာ  ရုရှားကနေ လာနေဆဲဖြစ်သည်။

သဘာဝဓာတ်ငွေ့ကို virtual reverse ဖြင့် ခေါ်တဲ့ အီးယူကနေ ယူကရိန်းကို ပို့ပေးပြီး အများအားဖြင့် ဆလိုဗက်ကီးယားမှတစ်ဆင့် ကိယက်ဗ့်သည် ရုရှားဓာတ်ငွေ့ကို လက်တွေ့တွင်  သုံးစွဲနေဆဲဖြစ်သည်။

အကယ်၍ ဘရပ်ဆဲလ် သည် ရုရှားတွင် ရူဘယ်အကောင့်ဖွင့်ထားပြီးသော ကုမ္ပဏီများကို အပြစ်မပေးပါက၊ EU သည် အလားတူ ဗျူဟာကို အသုံးပြုရန် စီစဉ်ထားကြောင်း ရှင်းရှင်းလင်းလင်း သိလာမည် ဖြစ်သည်။

တစ်နည်းဆိုရသော် ရူဘယ်အကောင့်ဖွင့်ရန် သဘောတူထားသည့် နိုင်ငံများမှာ ဓာတ်ငွေ့ဗဟိုချက် တစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

ဥပမာအားဖြင့်၊ အကယ်၍ ဂျာမနီသည် Gazprombank တွင် အထူး "K-account" ကို ထူထောင်ပါက၊ ၎င်းသည် ရုရှားသဘာ၀ဓာတ်ငွေ့ အမြောက်အမြားကို ဝယ်ယူပြီးနောက် လက်ရှိတွင် ကုဗမီတာ တစ်ထောင်လျှင် ဒေါ်လာ ၁၃၀၀ အထက်ရှိသော စျေးကွက်ပေါက်ဈေးဖြင့် ပိုလန်သို့ ပြန်လည်တင်ပို့နိုင်သည်။

သို့သော် ထိုလုပ်ထုံးလုပ်နည်းက ထာဝရတည်မြဲနေမည်မဟုတ်ပေ။ မကြာမီ သို့မဟုတ် နောက်ပိုင်းတွင်၊ ဥရောပ-အမေရိကန်၏ ဖိအားများအောက်တွင် ဖြစ်စေ ဆန္ဒအလျောက်ဖြစ်စေ ရုရှားထံမှ စွမ်းအင်တင်သွင်းမှုကို လုံးဝရပ်တန့်ခြင်းမရှိပါက သိသာထင်ရှားစွာ လျှော့ချနိုင်လိမ့်မည်ဖြစ်သည်။

ဥရောပရှိ ရုရှားရုပ်ကြွင်းလောင်စာများခေတ် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆာဗွန်ဒါလီယန်း က မကြာသေးမီက အလေးနက်ထားပြောကြားခဲ့သလို ဘရပ်ဆဲလ်က အမြန်ဆုံးဖြစ်မြောက်စေရန် သန္နိဋ္ဌာန်ချထားကြောင်း ပြောကြားခဲ့သည်။

အမှန်မှာ၊ ယူကရိန်း ပဋိပက္ခ၏ ရလဒ်ကြောင့် ကမ္ဘာကြီးသည် စွမ်းအင်ကုန်သွယ်မှု အသွင်ကူးပြောင်းမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

ရုရှားစွမ်းအင် စီးဆင်းမှုသည် အရှေ့ဘက်သို့ ရွေ့လျားမည်ဟု မျှော်လင့်ရပြီး ဥရောပသည် စျေးပေါသော ရုရှားဓာတ်ငွေ့နှင့် ရေနံမပါဘဲ နေထိုင်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။

(အယ်ဒီတာ၏မှတ်ချက်- Nikola Mikovic သည် ဆားဘီးယားအခြေစိုက် အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး ရုရှား၊ ယူကရိန်းနှင့် ဘီလာရုစ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များကို အကျုံးဝင်ပြီး ဝက်ဘ်မဂ္ဂဇင်းများစွာ အတွက် ရေးသားသူလည်း ဖြစ်သည်။ယခု ဆောင်းပါးသည် စာရေးသူ၏ ထင်မြင်ယူဆချက်များသာဖြစ်ပြီး CGTN ၏ အာဘော်မဟုတ်ပါ)

Ref: CMG: Can Europe live without Russian energy?

 

Linko