【 နိုင်ငံတကာဆောင်းပါး 】“ ဒီမိုကရက်များက ဘလွန်းဘတ်တက်လမ်းကို တိုက်ခိုက်ရန် အားယူနေ”

【  နိုင်ငံတကာဆောင်းပါး  】“ ဒီမိုကရက်များက ဘလွန်းဘတ်တက်လမ်းကို တိုက်ခိုက်ရန် အားယူနေ”

ဒီမိုကရက်တစ် သမ္မတလောင်းများသည် အိမ်ဖြူတော်သို့ ငွေဖြင့်ရင်းသွားရန်ကြိုးစားနေသည့် ၎င်းတို့၏ ပြိုင်ဖက် မိုက်ဘလွန်းဘတ်ကို တိုက်ခိုက်ရန်ရည်ရွယ်သည့် ထိုးစစ်ကိုပြန်လည် အသက် သွင်းရန်နှင့် လူမျိုးတန်းတူမှုနှင့် ပတ်သက်သည့် သူ၏ ကတိကိုမေးခွန်း ထုတ်ရန် မျှော်လင့်နေကြ သည်။

လူထုစစ်တမ်းများတွင် အခြေအနေမကောင်းသောကြောင့် ရုန်းကန်နေရသော အဲလိဇဘတ်ဝါရင် နှင့် ဂျိုးဘိုင်ဒင်တို့သည် ဘလွန်းဘတ်ကို တိုက်ခိုက်ရာတွင် ဦးဆောင်နေသည်။ “ရွေးကောက်ပွဲကို ဝယ်လို့ရတယ်လို့ ကျနော်တော့မထင်ဘူး” ဟု ဒုတိယ သမ္မတလောင်းဂျိုးဘိုင်ဒင် ကပြောပြီး ဝါရင်က ဘလွန်းဘတ်အနေဖြင့် အဆင့်အတန်းခွဲခြားသော အိမ်ရာအလေ့အထ သည် စီးပွားရေး ကို ကျဆင်းစေသည်ဟူသည့် ၂၀၀၈ ခုနှစ်က သူ၏ ပြောဆိုချက်ကို ရှင်းလင်းရန်ပြောသည်။

ဘိုင်ဒင်နှင့် ဘီလျှံနာ တွမ်စတေးယားတို့သည် ဘာနေးဆန်းဒါး နယူးဟမ့်ဆပိုင်းယားတွင် အနိုင် ရပြီးနောက် အင်ဒီယားနားပြည်နယ် ဆောက်သ်ဘန်းမြိုကတော်ဝန်ဟောင်း ပိဘတ်တစ်ဂက်နှင့် အိုင်အိုဝါတွင် အပြိုင်ဖြစ်လာသောအခါ ဘာနေးဆန်းဒါးကို တိုက်ခိုက်ရာတွင် ပူးပေါင်းခဲ့သည်။ ပုဂ္ဂလိက အာမခံကို အစိုးရအစီအစဉ်ဖြင့် မည်သို့အစားထိုးရန် မည်သို့ပေးချေမည်ကို ဘာနေးဆန်းဒါး အနေဖြင့် လုံလောက်စွာ ရှင်းပြခြင်းမရှိကြောင်း ဘိုင်ဒင်ပြောသည်။

“သူ့အစီအစဉ်အတွက် ဘယ်လိုပေးဆပ်မယ်ဆိုတာကို ပြောဖို့ငြင်းတာဟာ လူတိုင်းအတွက် အခွင့်အရေးဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးကို မလိုအပ်တဲ့ အန္တရာယ်တွေ ဖြစ်စေတယ်” ဟု စတေးယားပြောသည်။ မဲဆန္ဒရှင်များ အနေဖြင့် အချက်အလက်အားလုံး ရရှိသင့်ကြောင်း စတေးယားပြောသည်။

ထုံးစံအားဖြင့် သမ္မတလောင်းရွေးချယ်မှုနှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေးသည့် ပြည်နယ် များတွင် မဲပေးပြီးနောက်တွင် ထူးခြားစွာခန့်မှန်းရခက်သော အခြေအနေကို ကို ထိုဝေဖန်မှုများက ထင်ဟတ်နေသည်။ အိမ်ဖြူတော်အတွက် အလား အလာ ရှိသူများသည် ဘလွန်းဘတ်ကို တိုက်ခိုက် နေခြင်းဖြစ်သည်။ သူသည် ကြော်ညာအတွက် ရုပ်သံလွှင့်လုပ်ငန်းတွင် ဒေါ်လာသန်းရာ ချီသုံးပြီး လာမည့်အပါတ်တွင် ကျင်းပမည့် သမ္မတလောင်း စကားစစ်ထိုးပွဲသို့ ဝင်ခွင့်ရမည့် အလားအလာရှိနေသည်။ နောက်ကောက်ကျနေသော သမ္မတလောင်းများသည် ယှဉ်ပြိုင်မှု အတွင် သူတို့ရှိနေသေးကြောင်း ပြရန်စွမ်းရည်ရှိနေသေးကြောင်း ပြသရန်ကြိုးစားနေရသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့ အိုင်အိုဝါ ပြည်နယ် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေး နောက်ပိုင်း တွင် ရန်ပုံငွေ ဒေါ်လာ ၆ သန်းရှာထားကြောင်း ဝါရင်က အေပီ သတင်းဌာနသို့ ပြောသည်။ သူမအပေါ်  လူထုသဘောထား စစ်တမ်းတွင် စိတ်ပျက်စရာကောင်းသော အခြေအနေ ကြောင့်း မကြာမီ ပြိုင်ပွဲမှ ထွက်ခွာရတော့မည့်အလားအလာနှင့် ပတ်သတ်သည့် မေးခွန်းများကို ထိုမျှများပြားသော ငွေများက တိတ်ဆိတ်သွားစေသည်။ ထိုပြိုင်ပွဲအတွက် လမ်းများစွာပွင့်နေသေးကြောင်း သူပြောသည်။

 “အပေါ်ယံအမြှုပ်ထတာတွေ များနေသေးတယ်၊ အများကြီး စောင့်ကြည့်ရဦးမယ်”ဟု သူပြောသည်။သမ္မတလောင်းနှင့်ပတ်သက်ပြီး အလယ်အလတ်ဝါဒီများမှာ အင်အား စုစည်းနေရဆဲဖြစ်သောကြောင့် ထိုအချက်သည် မှန်ကန်သည်။ သူ၏ အလယ်ဗဟိုဝါဒီ သဘောထား သည် ကျယ်ပြန့်သော ဆွဲဆောင်မှုရှိပြီး သမ္မတဒေါ်နယ်ထရမ့် ကျဆုံးခြင်းကို ဖြစ်စေရန် ဒီမိုကရက်များအတွက် လွယ်ကူစေသောကြောင့် သူသည်ရွေးချယ်ခံရနိုင်ကြောင်း ဘိုင်ဟင်က ပြောဆိုနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ထိုအခြေအနေသည် အိုင်အိုဝါနှင့် နယူဟမ့်ဆပိုင်းရား တွင် အလယ်အလတ်သာ အောင်မြင်မှုရသောကြောင့် အန္တရာယ်ကျရောက် သွားနိုင်သည်။

ယခုအခါသူသည် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပမည့် တောင်ကာရိုလိုင်းနားတွင် ကျင်းပ မည့် ဒေသဆိုင်ရာ သမ္မတလောင်း ရွေးပွဲအတွက် မဲဆွယ်နေသည်။ ထို အခြေခံ သမ္မတလောင်း ရွေးပွဲသည် လူမည်းအများအပြား နေထိုင်သော ထိုပြည်နယ်တွင် ပထမဆုံး အခြေခံ သမ္မတ လောင်းရွေးပွဲဖြစ်သည်။

သို့သော်ထိုမတိုင်မီ သမ္မတလောင်းများသည် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပမည့် အခြေခံ ရွေးကောက်ပွဲရှိသည့် နီဗားဒါးမှ မဲဆန္ဒရှင်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ ယခုအပါတ် သမ္မတ လောင်း မဲဆွယ်ပွဲတွင် အလယ်အလတ် အဆင့် မဲဆွယ်ပွဲအတွက် မင်နီဆိုးတားမှ အထက် လွှတ်တော်အမတ် အေမီကလိုဘတ်ချာသည် အရှိန်အဟုန် ဆက်လက်ရရှိစေရန် ကြာသပတေးနေ့ က အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မှု အပြီး နီဗားဒါးသို့ အမြန်အဆန် သွားရ သည်။

 “နိုင်ငံရေးရှုခင်းက အေမီ ကလိုဘတ်ချာထက် ငွေပိုရှာနိုင်တဲ့ သူတွေနဲ့ ပြည့်နေတယ်။ သူမရဲ့ မဲဆွယ်ပွဲ သေနင်္ဂဗျူဟာက သူမဟာ ဖရိုဖရဲဖြစ်နေတယ်ဆိုတဲ့ အချက်အပေါ်မှာ အခြေခံတယ်။ သူက အဲဒီသေနင်္ဂဗျူဟာကို တစစီ ဖြစ်အောင်လုပ်နေတယ်”ဟု ကောလိပ်ကျောင်းသား ဘဝက ကလိုဘတ်ချာနှင့် အမေရိကန်လွတ်တော်တွင် အလုပ်သင်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည့် ဒီမိုကရက်တစ် အလှူရှင် နှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း တွမ်နိုက်စ် ကပြောသည်။

ကလိုဘတ်ချာ မဲတက်လာသောကြောင့် အထူးသဖြင့် ဘတ်တစ်ဂက်ထံမှ စူးစမ်းမှု သစ်များဖြစ်စေပြီး အလယ်အလတ် ဒီမိုကရက်များက သူ့အပေါ်ထောက်ခံမှုကို ကလိုဘတ်ချာ ရယူခြင်းမှ တားဆီးနိုင်မည်ဟု မျှော်လင့်နေသည်။ ကလိုဘတ်ချာ၏ ပစ်မှတ် ရက်သတ္တပါတ်ပေါင်း များစွာဖြစ်နေသော အတွေ့အကြုံနည်းသည် ဟု သူမ ဝေဖန်သည့် ဘတ်တစ်ဂက်သည် ကြာသပတေးနေ့ က သူ၏ ဝါရှင်တန်နိုင်ငံရေး အပေါ်ဝေဖန်မှုကို ကလိုဘတ်ချာဖက်သို့ လှည့်ခဲ့ သည်။

အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ကော်မရှင်နာ ကီဗင် မက်အလီနန် ကို ရာထူး အတည်ပြုသည့် အထက်လွှတ်တော် ၂၀၁၈ ခုနှစ် မဲခွဲပွဲ တွင် ထောက်ခံရာတွင် ကလိုဘတ်ချာ၏  မဖုံးကွယ်သော နည်းလမ်းကို LULAC ညီလာခံတွင် သူတိုက်ခိုက်သည်။ မက်အလီနန်သည် ကလေးများကို ကြောက်စရာကောင်းသော အခြေအနေတွင် ထိန်းသိမ်းထားသူ အဖြစ် သူပြော သည်။

 “သမ္မတဖြစ်ဖို့ ဝါရှင်တန်အတွေ့အကြုံလိုတာကြောင့် ကျနော့်အတွေ့အကြုံနဲ့မဆိုင်ဘူးလို့ လူတွေပြောတာကို ခင်များတို့ကြားဖူးမှာပါ။ ဒါပေမယ့် အဲဒီလိုပြောတဲ့သူတွေထဲက တချို့က လက်အလီနန်ကို အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး ကော်မရှင်နာ အဖြစ်အတည်ပြုဖို့ မဲပေးခဲ့တယ်” ဟု ဘတ်တစ်ဂက် ပြောသည်။

နီဗားဒါဒမှ နိုင်ငံရေး သြဇာ အမြင့်မားဆုံးဖြစ်သည့်  ကာစီနိုလုပ်သားများ၏ အလုပ်သမား သမဂ္ဂ ပြည်နယ် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ မည်သည့် သမ္မတလောင်း အတွက်မျှ မဲပေးမည် မဟုတ်ကြောင်း ပြောလိုက်သောအခါ ဘိုင်ဒင်အတွက် သတင်းဆိုးများ ပိုမိုများပြားနေသည်။ ထောက်မရနိုင်ကြောင်း သို့သော် ထိုအချက်ကို အတည်ပြုရခြင်းသည် ထိုးနှက်ချက်ဖြစ်နိုင်ကြောင်း ယခင်ဒုတိယ သမ္မတလောင်း ဘိုင်ဒင်က သူ့ကိုထောက်ခံသူများကို ဗုဒ္ဒဟူးနေ့ကပြောသည်။

 “ဒုသမ္မတ ဘိုင်ဒင်ကို ကျနော်တို့သိတာနှစ်ပေါင်းများစွာကြာပြီ။ သူက ကျနော်တို့ရဲ့ မိတ်ဆွေ ပဲ။ သမ္မတလောင်းအားလုံးကို ကျနော်တို့သိတယ်။ အားလုံးကို လေးစားတယ်” ဟု  ထိုအလုပ် သမားသမဂ္ဂ မှ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး ဂျီရိုကွန်ဒါ အာဂူရယ်လို ကလိုင်းက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

နယူးဟမ့် စပိုင်းယားတွင် ဒုတိယနေရာတွင် ရှိနေသော ဘတ်တစ်ဂက်သည် နီဗားဒါးတွင် အကြီးအကျယ်ကစားမည်ဟု မျှော်လင့်ရသည်။ သို့သော်ထိုပြည်နယ်သည် သူ့အတွက် စိန်ခေါ် မှုဖြစ်နိုင်သည်။ သူသည်အသားအရောင်ခွဲခြားသော မဲဆန္ဒရှင်များကို ပထမဆုံး ဆွဲဆောင် ရသော နေရာဖြစ်သောကြောင့် စိန်ခေါ်မှုဖြစ်နေသည်။ လူထုသဘောထားစစ်တမ်းများက ထိုသို့ဆွဲဆောင်ရန် မဖြစ်နိုင်ကြောင်း ပြသနေသည်။

အခြေခံ ရွေးကောက်ပွဲတွင် ရလဒ်မှာ ရှုပ်ထွေးနေသောအလယ်အလတ်လမ်းဖြစ်သောကြောင့် ဆန်းဒါးသည် အောင်ပွဲများကို ဆက်လက်ထိန်းသိမ်းထားမည့်သဘောဖြစ်နေသည်။ လွှတ်တော် တွင် ဆန်းဒါးက “ကျနော်အမည်စာရင်းတင်သွင်းခံရနိုင်တယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

 “ထရမ့်ကို ခြေမှုန်းဖို့ သော့ချက်က အမေရိကန်သမိုင်းမှာ မဲပေးသူ အများဆုံးဖြစ်ဖို့ပဲ။ အကြောင်း မျိုးစုံကြောင့် ကျနော်တို့မှာ အဲဒီလိုဖြစ်ဖို့ မဲဆွယ်ပွဲရှိနေတယ်” ဟု သူပြောသည်။ ပိုမိုအလယ်အလတ်ကျသော သမ္မတလောင်းများသည် စတင်ပူပန်နေပြီဖြစ်သည်။ ပြိုင်ပွဲများ အလယ်ဗဟို ဝါဒီ ဒီမိုကရက်များပြားခြင်း အခြေခံရွေးကောက်ပွဲရာသီကို ပိုမိုရှည်ကြာစေမည် ဟု ကာလစ်ပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒိုင်ယန် ဖိန်းစတိန်း က စိုးရိမ်ပူပန်နေသည်။

 “ကျနော်တို့ အခြေခံ ရွေးကောက်ပွဲမှာ လူအရမ်းများနေတယ်။ ဒါက အရာရာကို ရှုပ်ထွေးစေ တယ်။ သူ့ဘာသာသူ ရွေးနေရတယ်” ဟု သူပြောသည်။ စကားရည်လုပွဲ တွင် ဘလွန်းဘတ် သည် သူ၏ အောင်မြင်မှုကို ကာကွယ်ရမည်ဟု ဘိုင်ဒင်ပြောပြီး အပြိုင်ညီလာခံ ရှိမည် မထင်ကြောင်း သူပြောသည်။

 “ကျနော့်ရဲ့ အားသာချက်က ကျနော်ဟာ အကြိမ်ကြိမ် စစ်ဆေးခံနိုင်တာပဲဖြစ်တယ်။ မိုက်က အခုမှ အစပဲရှိသေးတယ်” ဟု နယူးယောက်တွင် ကြာသပတေးနေ့က ကျင်းပသည့် ရန်ပုံငွေရှာ ပွဲတခုတွင် သူပြောသည်။ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မှ လူ ၄၀၀၀ ကျော်ကို ကြာသပတေးနေ့က မိန့်ခွန်းပြောကြားရတွင် ဝါရင်က သူ၏ စော်ကားသော မှတ်ချက်များ အတွက် ဘလွန်းဘတ်ကို ဝေဖန်သည်။

ဘဏ္ဍာရေး ပြိုကွဲမှုနှင့် ပတ်သက်ပြီး “ဘဏ်တွေက ပိုမိုပြီး လူမျိုးရေးဆန်ခဲ့ရင် ၊ ကျမတို့ ပါတီ ရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ထင်ခဲ့ရင် အဲဒီအကျပ်အတည်းကို ရှောင်ရှားနိုင်ခဲ့မှာ မဟုတ် ဘူး” ဟုပြောသောကြောင့် ဘလွန်းဘတ်ကို လူအများ လှောင် ပြောင်ခဲ့သည်။

ထိုသို့သမ္မတလောင်းများ တိုက်ခိုက်နေချိန်တွင် ဘလွန်းဘတ်သည် အသာစည်းရနေပုံရှိပြီး မတ်လ ၃ ရက်နေ့တွင် ပြုလုပ်မည့် ကိုယ်စားလှယ်များ သော ပြည်နယ်များမှ ဆန္ဒမဲခွဲပွဲများကို အာရုံစိုက်နေသည်။ သူသည် ကြာသပတေးနေ့က မြောက်ကာရိုလိုင်းနားတွင် မဲဆွယ်နေပြီး သူ၏ ဒီမိုကရက်ပြိုင်ဖက်များ၏ တိုက်ခိုက်မှုများကို တုန့်ပြန်ခြင်းမရှိပေ။

 “ကျနော်တို့က ထရမ့်ရဲ့ သေနင်္ဂဗျူဟာကို သိတယ်။ သူက စီမံကိန်းတွေကို မတတ်နိုင်အောင်၊ ကြိုးကြောင်း ဆီလျှော်မှု မရှိအောင်နဲ့ အကောင်အထည်မဖေါ်နိုင်အောင်လုပ်တယ်။ ဒါက ကျနော့်အတွက် ပြဿနာမရှိဘူး” ဟု ဘလွန်းဘတ်က ရလေးမြို့ရှိ လူ ရာပေါင်းများစွာကို ပြောသည်။

ဘလွန်းဘတ်သည် လူထုသဘောထားစစ်တမ်းတွင် အလျှင်အမြန်တက်နေကြောင်း ထို့ကြောင့် ဝေဖန်မှုများကို အလုံးအရင်းနှင့် ရတော့မည်ဖြစ်ကြောင်း တောင်ကာရိုလိုင်းနားမှ ကိုလံဘီယာ မြို့တော်ဝန် စတိဘင်ဂျမင်က ဘလွန်းဘတ်နှင့် မဲဆွယ်စဉ်ပြောသည်။

သူ့ကို တွစ်တာတွင် ရေးသားလှောင်ပြောင်မှုများအတွက် ထရမ့်ကို ဘလွန်းဘတ်က ပြန်လည် တိုက်ခိုက်ခဲ့သည်။ “နယူးယောက်မှာ ဒီလိုလူတွေအများကြီးကို ကျနော်တို့သိတယ်။ နောက် ကွယ်မှာ လှောင်ပြောင်ပြီး လူရွှင်တော်လိုလိုပြောကြတယ်။ ခင်များအမွေတွေအများကြီးရပြီး ကြောင်တောင်တောင် အရည်အချင်းမဲ့ ဖြုန်းတီးတယ်ဆိုတာ လူတွေသိတယ်။ ကျနော့်မှာ ခင်များကို ခြေမှုန်းဖို့ သမိုင်းကောင်းနဲ့ ရင်းမြစ်တွေရှိတယ်။ ခင်များကို ခြေမှုန်းမယ်” ဟု သူရေးသည်။

 

(   Zawgyi  )

 

 ဒီမိုကရက္တစ္ သမၼတေလာင္းမ်ားသည္ အိမ္ျဖဴေတာ္သို႔ ေငြျဖင့္ရင္းသြားရန္ႀကိဳးစားေနသည့္ ၎တို႔၏ ၿပိဳင္ဖက္ မိုက္ဘလြန္းဘတ္ကို တိုက္ခိုက္ရန္ရည္႐ြယ္သည့္ ထိုးစစ္ကိုျပန္လည္ အသက္ သြင္းရန္ႏွင့္ လူမ်ိဳးတန္းတူမႈႏွင့္ ပတ္သက္သည့္ သူ၏ ကတိကိုေမးခြန္း ထုတ္ရန္ ေမွ်ာ္လင့္ေနၾက သည္။

လူထုစစ္တမ္းမ်ားတြင္ အေျခအေနမေကာင္းေသာေၾကာင့္ ႐ုန္းကန္ေနရေသာ အဲလိဇဘတ္ဝါရင္ ႏွင့္ ဂ်ိဳးဘိုင္ဒင္တို႔သည္ ဘလြန္းဘတ္ကို တိုက္ခိုက္ရာတြင္ ဦးေဆာင္ေနသည္။ “ေ႐ြးေကာက္ပြဲကို ဝယ္လို႔ရတယ္လို႔ က်ေနာ္ေတာ့မထင္ဘူး” ဟု ဒုတိယ သမၼတေလာင္းဂ်ိဳးဘိုင္ဒင္ ကေျပာၿပီး ဝါရင္က ဘလြန္းဘတ္အေနျဖင့္ အဆင့္အတန္းခြဲျခားေသာ အိမ္ရာအေလ့အထ သည္ စီးပြားေရး ကို က်ဆင္းေစသည္ဟူသည့္ ၂၀၀၈ ခုႏွစ္က သူ၏ ေျပာဆိုခ်က္ကို ရွင္းလင္းရန္ေျပာသည္။

ဘိုင္ဒင္ႏွင့္ ဘီလွ်ံနာ တြမ္စေတးယားတို႔သည္ ဘာေနးဆန္းဒါး နယူးဟမ့္ဆပိုင္းယားတြင္ အႏိုင္ ရၿပီးေနာက္ အင္ဒီယားနားျပည္နယ္ ေဆာက္သ္ဘန္းၿမိဳကေတာ္ဝန္ေဟာင္း ပိဘတ္တစ္ဂက္ႏွင့္ အိုင္အိုဝါတြင္ အၿပိဳင္ျဖစ္လာေသာအခါ ဘာေနးဆန္းဒါးကို တိုက္ခိုက္ရာတြင္ ပူးေပါင္းခဲ့သည္။ ပုဂၢလိက အာမခံကို အစိုးရအစီအစဥ္ျဖင့္ မည္သို႔အစားထိုးရန္ မည္သို႔ေပးေခ်မည္ကို ဘာေနးဆန္းဒါး အေနျဖင့္ လုံေလာက္စြာ ရွင္းျပျခင္းမရွိေၾကာင္း ဘိုင္ဒင္ေျပာသည္။

“သူ႔အစီအစဥ္အတြက္ ဘယ္လိုေပးဆပ္မယ္ဆိုတာကို ေျပာဖို႔ျငင္းတာဟာ လူတိုင္းအတြက္ အခြင့္အေရးျဖစ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ရရွိေရးကို မလိုအပ္တဲ့ အႏၲရာယ္ေတြ ျဖစ္ေစတယ္” ဟု စေတးယားေျပာသည္။ မဲဆႏၵရွင္မ်ား အေနျဖင့္ အခ်က္အလက္အားလုံး ရရွိသင့္ေၾကာင္း စေတးယားေျပာသည္။

ထုံးစံအားျဖင့္ သမၼတေလာင္းေ႐ြးခ်ယ္မႈႏွင့္ပတ္သက္သည့္ အဆုံးအျဖတ္ေပးသည့္ ျပည္နယ္ မ်ားတြင္ မဲေပးၿပီးေနာက္တြင္ ထူးျခားစြာခန႔္မွန္းရခက္ေသာ အေျခအေနကို ကို ထိုေဝဖန္မႈမ်ားက ထင္ဟတ္ေနသည္။ အိမ္ျဖဴေတာ္အတြက္ အလား အလာ ရွိသူမ်ားသည္ ဘလြန္းဘတ္ကို တိုက္ခိုက္ ေနျခင္းျဖစ္သည္။ သူသည္ ေၾကာ္ညာအတြက္ ႐ုပ္သံလႊင့္လုပ္ငန္းတြင္ ေဒၚလာသန္းရာ ခ်ီသုံးၿပီး လာမည့္အပါတ္တြင္ က်င္းပမည့္ သမၼတေလာင္း စကားစစ္ထိုးပြဲသို႔ ဝင္ခြင့္ရမည့္ အလားအလာရွိေနသည္။ ေနာက္ေကာက္က်ေနေသာ သမၼတေလာင္းမ်ားသည္ ယွဥ္ၿပိဳင္မႈ အတြင္ သူတို႔ရွိေနေသးေၾကာင္း ျပရန္စြမ္းရည္ရွိေနေသးေၾကာင္း ျပသရန္ႀကိဳးစားေနရသည္။

ေဖေဖၚဝါရီလ ၃ ရက္ေန႔ အိုင္အိုဝါ ျပည္နယ္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား အစည္းအေဝး ေနာက္ပိုင္း တြင္ ရန္ပုံေငြ ေဒၚလာ ၆ သန္းရွာထားေၾကာင္း ဝါရင္က ေအပီ သတင္းဌာနသို႔ ေျပာသည္။ သူမအေပၚ  လူထုသေဘာထား စစ္တမ္းတြင္ စိတ္ပ်က္စရာေကာင္းေသာ အေျခအေန ေၾကာင့္း မၾကာမီ ၿပိဳင္ပြဲမွ ထြက္ခြာရေတာ့မည့္အလားအလာႏွင့္ ပတ္သတ္သည့္ ေမးခြန္းမ်ားကို ထိုမွ်မ်ားျပားေသာ ေငြမ်ားက တိတ္ဆိတ္သြားေစသည္။ ထိုၿပိဳင္ပြဲအတြက္ လမ္းမ်ားစြာပြင့္ေနေသးေၾကာင္း သူေျပာသည္။

 “အေပၚယံအျမႇဳပ္ထတာေတြ မ်ားေနေသးတယ္၊ အမ်ားႀကီး ေစာင့္ၾကည့္ရဦးမယ္”ဟု သူေျပာသည္။သမၼတေလာင္းႏွင့္ပတ္သက္ၿပီး အလယ္အလတ္ဝါဒီမ်ားမွာ အင္အား စုစည္းေနရဆဲျဖစ္ေသာေၾကာင့္ ထိုအခ်က္သည္ မွန္ကန္သည္။ သူ၏ အလယ္ဗဟိုဝါဒီ သေဘာထား သည္ က်ယ္ျပန႔္ေသာ ဆြဲေဆာင္မႈရွိၿပီး သမၼတေဒၚနယ္ထရမ့္ က်ဆုံးျခင္းကို ျဖစ္ေစရန္ ဒီမိုကရက္မ်ားအတြက္ လြယ္ကူေစေသာေၾကာင့္ သူသည္ေ႐ြးခ်ယ္ခံရႏိုင္ေၾကာင္း ဘိုင္ဟင္က ေျပာဆိုေနသည္မွာ ကာလၾကာျမင့္ၿပီျဖစ္သည္။ ထိုအေျခအေနသည္ အိုင္အိုဝါႏွင့္ နယူဟမ့္ဆပိုင္းရား တြင္ အလယ္အလတ္သာ ေအာင္ျမင္မႈရေသာေၾကာင့္ အႏၲရာယ္က်ေရာက္ သြားႏိုင္သည္။

ယခုအခါသူသည္ ေဖေဖၚဝါရီလ ၂၉ ရက္ေန႔တြင္ က်င္းပမည့္ ေတာင္ကာ႐ိုလိုင္းနားတြင္ က်င္းပ မည့္ ေဒသဆိုင္ရာ သမၼတေလာင္း ေ႐ြးပြဲအတြက္ မဲဆြယ္ေနသည္။ ထို အေျခခံ သမၼတေလာင္း ေ႐ြးပြဲသည္ လူမည္းအမ်ားအျပား ေနထိုင္ေသာ ထိုျပည္နယ္တြင္ ပထမဆုံး အေျခခံ သမၼတ ေလာင္းေ႐ြးပြဲျဖစ္သည္။

သို႔ေသာ္ထိုမတိုင္မီ သမၼတေလာင္းမ်ားသည္ ေဖေဖၚဝါရီလ ၂၂ ရက္ေန႔တြင္ က်င္းပမည့္ အေျခခံ ေ႐ြးေကာက္ပြဲရွိသည့္ နီဗားဒါးမွ မဲဆႏၵရွင္မ်ားကို ရင္ဆိုင္ရမည္ျဖစ္သည္။ ယခုအပါတ္ သမၼတ ေလာင္း မဲဆြယ္ပြဲတြင္ အလယ္အလတ္ အဆင့္ မဲဆြယ္ပြဲအတြက္ မင္နီဆိုးတားမွ အထက္ လႊတ္ေတာ္အမတ္ ေအမီကလိုဘတ္ခ်ာသည္ အရွိန္အဟုန္ ဆက္လက္ရရွိေစရန္ ၾကာသပေတးေန႔ က အထက္လႊတ္ေတာ္ မဲခြဲဆုံးျဖတ္မႈ အၿပီး နီဗားဒါးသို႔ အျမန္အဆန္ သြားရ သည္။

 “ႏိုင္ငံေရးရႈခင္းက ေအမီ ကလိုဘတ္ခ်ာထက္ ေငြပိုရွာႏိုင္တဲ့ သူေတြနဲ႔ ျပည့္ေနတယ္။ သူမရဲ႕ မဲဆြယ္ပြဲ ေသနဂၤဗ်ဴဟာက သူမဟာ ဖ႐ိုဖရဲျဖစ္ေနတယ္ဆိုတဲ့ အခ်က္အေပၚမွာ အေျခခံတယ္။ သူက အဲဒီေသနဂၤဗ်ဴဟာကို တစစီ ျဖစ္ေအာင္လုပ္ေနတယ္”ဟု ေကာလိပ္ေက်ာင္းသား ဘဝက ကလိုဘတ္ခ်ာႏွင့္ အေမရိကန္လြတ္ေတာ္တြင္ အလုပ္သင္အျဖစ္တာဝန္ ထမ္းေဆာင္ခဲ့သည့္ ဒီမိုကရက္တစ္ အလႉရွင္ ႏွင့္ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း တြမ္ႏိုက္စ္ ကေျပာသည္။

ကလိုဘတ္ခ်ာ မဲတက္လာေသာေၾကာင့္ အထူးသျဖင့္ ဘတ္တစ္ဂက္ထံမွ စူးစမ္းမႈ သစ္မ်ားျဖစ္ေစၿပီး အလယ္အလတ္ ဒီမိုကရက္မ်ားက သူ႔အေပၚေထာက္ခံမႈကို ကလိုဘတ္ခ်ာ ရယူျခင္းမွ တားဆီးႏိုင္မည္ဟု ေမွ်ာ္လင့္ေနသည္။ ကလိုဘတ္ခ်ာ၏ ပစ္မွတ္ ရက္သတၱပါတ္ေပါင္း မ်ားစြာျဖစ္ေနေသာ အေတြ႕အႀကဳံနည္းသည္ ဟု သူမ ေဝဖန္သည့္ ဘတ္တစ္ဂက္သည္ ၾကာသပေတးေန႔ က သူ၏ ဝါရွင္တန္ႏိုင္ငံေရး အေပၚေဝဖန္မႈကို ကလိုဘတ္ခ်ာဖက္သို႔ လွည့္ခဲ့ သည္။

အေကာက္ခြန္ႏွင့္ နယ္စပ္ကာကြယ္ေရး ေကာ္မရွင္နာ ကီဗင္ မက္အလီနန္ ကို ရာထူး အတည္ျပဳသည့္ အထက္လႊတ္ေတာ္ ၂၀၁၈ ခုႏွစ္ မဲခြဲပြဲ တြင္ ေထာက္ခံရာတြင္ ကလိုဘတ္ခ်ာ၏  မဖုံးကြယ္ေသာ နည္းလမ္းကို LULAC ညီလာခံတြင္ သူတိုက္ခိုက္သည္။ မက္အလီနန္သည္ ကေလးမ်ားကို ေၾကာက္စရာေကာင္းေသာ အေျခအေနတြင္ ထိန္းသိမ္းထားသူ အျဖစ္ သူေျပာ သည္။

 “သမၼတျဖစ္ဖို႔ ဝါရွင္တန္အေတြ႕အႀကဳံလိုတာေၾကာင့္ က်ေနာ့္အေတြ႕အႀကဳံနဲ႔မဆိုင္ဘူးလို႔ လူေတြေျပာတာကို ခင္မ်ားတို႔ၾကားဖူးမွာပါ။ ဒါေပမယ့္ အဲဒီလိုေျပာတဲ့သူေတြထဲက တခ်ိဳ႕က လက္အလီနန္ကို အေကာက္ခြန္နဲ႔ နယ္စပ္ကာကြယ္ေရး ေကာ္မရွင္နာ အျဖစ္အတည္ျပဳဖို႔ မဲေပးခဲ့တယ္” ဟု ဘတ္တစ္ဂက္ ေျပာသည္။

နီဗားဒါဒမွ ႏိုင္ငံေရး ၾသဇာ အျမင့္မားဆုံးျဖစ္သည့္  ကာစီႏိုလုပ္သားမ်ား၏ အလုပ္သမား သမဂၢ ျပည္နယ္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား အစည္းအေဝးမတိုင္မီ မည္သည့္ သမၼတေလာင္း အတြက္မွ် မဲေပးမည္ မဟုတ္ေၾကာင္း ေျပာလိုက္ေသာအခါ ဘိုင္ဒင္အတြက္ သတင္းဆိုးမ်ား ပိုမိုမ်ားျပားေနသည္။ ေထာက္မရႏိုင္ေၾကာင္း သို႔ေသာ္ ထိုအခ်က္ကို အတည္ျပဳရျခင္းသည္ ထိုးႏွက္ခ်က္ျဖစ္ႏိုင္ေၾကာင္း ယခင္ဒုတိယ သမၼတေလာင္း ဘိုင္ဒင္က သူ႔ကိုေထာက္ခံသူမ်ားကို ဗုဒၵဟူးေန႔ကေျပာသည္။

 “ဒုသမၼတ ဘိုင္ဒင္ကို က်ေနာ္တို႔သိတာႏွစ္ေပါင္းမ်ားစြာၾကာၿပီ။ သူက က်ေနာ္တို႔ရဲ႕ မိတ္ေဆြ ပဲ။ သမၼတေလာင္းအားလုံးကို က်ေနာ္တို႔သိတယ္။ အားလုံးကို ေလးစားတယ္” ဟု  ထိုအလုပ္ သမားသမဂၢ မွ အတြင္းေရးမႉးႏွင့္ ဘ႑ာေရးမႉး ဂ်ီ႐ိုကြန္ဒါ အာဂူရယ္လို ကလိုင္းက ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲတြင္ေျပာသည္။

နယူးဟမ့္ စပိုင္းယားတြင္ ဒုတိယေနရာတြင္ ရွိေနေသာ ဘတ္တစ္ဂက္သည္ နီဗားဒါးတြင္ အႀကီးအက်ယ္ကစားမည္ဟု ေမွ်ာ္လင့္ရသည္။ သို႔ေသာ္ထိုျပည္နယ္သည္ သူ႔အတြက္ စိန္ေခၚ မႈျဖစ္ႏိုင္သည္။ သူသည္အသားအေရာင္ခြဲျခားေသာ မဲဆႏၵရွင္မ်ားကို ပထမဆုံး ဆြဲေဆာင္ ရေသာ ေနရာျဖစ္ေသာေၾကာင့္ စိန္ေခၚမႈျဖစ္ေနသည္။ လူထုသေဘာထားစစ္တမ္းမ်ားက ထိုသို႔ဆြဲေဆာင္ရန္ မျဖစ္ႏိုင္ေၾကာင္း ျပသေနသည္။

အေျခခံ ေ႐ြးေကာက္ပြဲတြင္ ရလဒ္မွာ ရႈပ္ေထြးေနေသာအလယ္အလတ္လမ္းျဖစ္ေသာေၾကာင့္ ဆန္းဒါးသည္ ေအာင္ပြဲမ်ားကို ဆက္လက္ထိန္းသိမ္းထားမည့္သေဘာျဖစ္ေနသည္။ လႊတ္ေတာ္ တြင္ ဆန္းဒါးက “က်ေနာ္အမည္စာရင္းတင္သြင္းခံရႏိုင္တယ္လို႔ က်ေနာ္ထင္တယ္” ဟု သူေျပာသည္။

 “ထရမ့္ကို ေျခမႈန္းဖို႔ ေသာ့ခ်က္က အေမရိကန္သမိုင္းမွာ မဲေပးသူ အမ်ားဆုံးျဖစ္ဖို႔ပဲ။ အေၾကာင္း မ်ိဳးစုံေၾကာင့္ က်ေနာ္တို႔မွာ အဲဒီလိုျဖစ္ဖို႔ မဲဆြယ္ပြဲရွိေနတယ္” ဟု သူေျပာသည္။ ပိုမိုအလယ္အလတ္က်ေသာ သမၼတေလာင္းမ်ားသည္ စတင္ပူပန္ေနၿပီျဖစ္သည္။ ၿပိဳင္ပြဲမ်ား အလယ္ဗဟို ဝါဒီ ဒီမိုကရက္မ်ားျပားျခင္း အေျခခံေ႐ြးေကာက္ပြဲရာသီကို ပိုမိုရွည္ၾကာေစမည္ ဟု ကာလစ္ျပည္နယ္မွ ဒီမိုကရက္တစ္ အထက္လႊတ္ေတာ္အမတ္ ဒိုင္ယန္ ဖိန္းစတိန္း က စိုးရိမ္ပူပန္ေနသည္။

 “က်ေနာ္တို႔ အေျခခံ ေ႐ြးေကာက္ပြဲမွာ လူအရမ္းမ်ားေနတယ္။ ဒါက အရာရာကို ရႈပ္ေထြးေစ တယ္။ သူ႔ဘာသာသူ ေ႐ြးေနရတယ္” ဟု သူေျပာသည္။ စကားရည္လုပြဲ တြင္ ဘလြန္းဘတ္ သည္ သူ၏ ေအာင္ျမင္မႈကို ကာကြယ္ရမည္ဟု ဘိုင္ဒင္ေျပာၿပီး အၿပိဳင္ညီလာခံ ရွိမည္ မထင္ေၾကာင္း သူေျပာသည္။

 “က်ေနာ့္ရဲ႕ အားသာခ်က္က က်ေနာ္ဟာ အႀကိမ္ႀကိမ္ စစ္ေဆးခံႏိုင္တာပဲျဖစ္တယ္။ မိုက္က အခုမွ အစပဲရွိေသးတယ္” ဟု နယူးေယာက္တြင္ ၾကာသပေတးေန႔က က်င္းပသည့္ ရန္ပုံေငြရွာ ပြဲတခုတြင္ သူေျပာသည္။ ဗာဂ်ီးနီးယားျပည္နယ္ အာလင္တန္မွ လူ ၄၀၀၀ ေက်ာ္ကို ၾကာသပေတးေန႔က မိန႔္ခြန္းေျပာၾကားရတြင္ ဝါရင္က သူ၏ ေစာ္ကားေသာ မွတ္ခ်က္မ်ား အတြက္ ဘလြန္းဘတ္ကို ေဝဖန္သည္။

ဘ႑ာေရး ၿပိဳကြဲမႈႏွင့္ ပတ္သက္ၿပီး “ဘဏ္ေတြက ပိုမိုၿပီး လူမ်ိဳးေရးဆန္ခဲ့ရင္ ၊ က်မတို႔ ပါတီ ရဲ႕ ေခါင္းေဆာင္ျဖစ္သင့္တယ္လို႔ ထင္ခဲ့ရင္ အဲဒီအက်ပ္အတည္းကို ေရွာင္ရွားႏိုင္ခဲ့မွာ မဟုတ္ ဘူး” ဟုေျပာေသာေၾကာင့္ ဘလြန္းဘတ္ကို လူအမ်ား ေလွာင္ ေျပာင္ခဲ့သည္။

ထိုသို႔သမၼတေလာင္းမ်ား တိုက္ခိုက္ေနခ်ိန္တြင္ ဘလြန္းဘတ္သည္ အသာစည္းရေနပုံရွိၿပီး မတ္လ ၃ ရက္ေန႔တြင္ ျပဳလုပ္မည့္ ကိုယ္စားလွယ္မ်ား ေသာ ျပည္နယ္မ်ားမွ ဆႏၵမဲခြဲပြဲမ်ားကို အာ႐ုံစိုက္ေနသည္။ သူသည္ ၾကာသပေတးေန႔က ေျမာက္ကာ႐ိုလိုင္းနားတြင္ မဲဆြယ္ေနၿပီး သူ၏ ဒီမိုကရက္ၿပိဳင္ဖက္မ်ား၏ တိုက္ခိုက္မႈမ်ားကို တုန႔္ျပန္ျခင္းမရွိေပ။

 “က်ေနာ္တို႔က ထရမ့္ရဲ႕ ေသနဂၤဗ်ဴဟာကို သိတယ္။ သူက စီမံကိန္းေတြကို မတတ္ႏိုင္ေအာင္၊ ႀကိဳးေၾကာင္း ဆီေလွ်ာ္မႈ မရွိေအာင္နဲ႔ အေကာင္အထည္မေဖၚႏိုင္ေအာင္လုပ္တယ္။ ဒါက က်ေနာ့္အတြက္ ျပႆနာမရွိဘူး” ဟု ဘလြန္းဘတ္က ရေလးၿမိဳ႕ရွိ လူ ရာေပါင္းမ်ားစြာကို ေျပာသည္။

ဘလြန္းဘတ္သည္ လူထုသေဘာထားစစ္တမ္းတြင္ အလွ်င္အျမန္တက္ေနေၾကာင္း ထို႔ေၾကာင့္ ေဝဖန္မႈမ်ားကို အလုံးအရင္းႏွင့္ ရေတာ့မည္ျဖစ္ေၾကာင္း ေတာင္ကာ႐ိုလိုင္းနားမွ ကိုလံဘီယာ ၿမိဳ႕ေတာ္ဝန္ စတိဘင္ဂ်မင္က ဘလြန္းဘတ္ႏွင့္ မဲဆြယ္စဥ္ေျပာသည္။

သူ႔ကို တြစ္တာတြင္ ေရးသားေလွာင္ေျပာင္မႈမ်ားအတြက္ ထရမ့္ကို ဘလြန္းဘတ္က ျပန္လည္ တိုက္ခိုက္ခဲ့သည္။ “နယူးေယာက္မွာ ဒီလိုလူေတြအမ်ားႀကီးကို က်ေနာ္တို႔သိတယ္။ ေနာက္ ကြယ္မွာ ေလွာင္ေျပာင္ၿပီး လူ႐ႊင္ေတာ္လိုလိုေျပာၾကတယ္။ ခင္မ်ားအေမြေတြအမ်ားႀကီးရၿပီး ေၾကာင္ေတာင္ေတာင္ အရည္အခ်င္းမဲ့ ျဖဳန္းတီးတယ္ဆိုတာ လူေတြသိတယ္။ က်ေနာ့္မွာ ခင္မ်ားကို ေျခမႈန္းဖို႔ သမိုင္းေကာင္းနဲ႔ ရင္းျမစ္ေတြရွိတယ္။ ခင္မ်ားကို ေျခမႈန္းမယ္” ဟု သူေရးသည္။