【 နိုင်ငံတကာဆောင်းပါး 】“ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းအတွက် မှားယွင်းသောဖြေရှင်းချက်”

【 နိုင်ငံတကာဆောင်းပါး 】“ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းအတွက် မှားယွင်းသောဖြေရှင်းချက်”

အာတိတ်သည် ကမ္ဘာပေါ်ရှိ အခြားသောဒေသများထက် ယခုအခါ ပိုမိုပူနွေးလာသည်။ ထိုရာသီ ဥတု ပြောင်းလဲမှု အဖြစ်က ၎င်း၏ထူးခြားသောဂေဟစနစ်များကို ခြိမ်းခြောက်နေသည်။  

သို့သော် ရာသီဥတုပြောင်းလဲမှုသည် ၎င်း၏ထူးခြားသောဂေဟစနစ်များကို ခြိမ်းခြောက်နေပြီး၊ နှင်းခဲများ ဖျော့ရော့လာကာ ၎င်း၏ရုပ်ပိုင်းဆိုင်ရာမှာ လူတို့၏ အခြေခံရုပ်အဆောက်အအုံ ပျက်ပြားစေသကဲ့သို့ဖြစ်လာ သဖြင့် အချို့သော အင်အားကြီးသည့်အသံများက လက်ရှိစွမ်းအင်အကျပ်အတည်းအတွက် ကမ္ဘာ၏အထိခိုက်ဆုံးသောဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်တောင်းဆိုရန် အသံထွက်လာနေခဲ့သည်။

ဤအရာက  သဘာဝပတ်ဝန်းကျင်ကို ပိုထိခိုက်စေပြီး စီးပွားရေးအရလည်း လွဲမှားစေသည့် ဦးတည်ချက် နှစ်ခုစလုံးဖြစ်မည်ဟု ယုံကြည်ထားသည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (WWF)တွင် ကျွန်ုပ်တို့သည် အာတိတ်ဒေသ၌ နောက်ထပ်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်ယူမှုမှန်သမျှကို ကာလရှည်ကြာဆန့်ကျင်ခဲ့သည်။ အာတိတ်ဒေသမှာ ကမ္ဘာတွင် အကောင်းမွန်ဆုံးသော ပတ်ဝန်းကျင်များထဲမှ တစ်ခုသာ ကျန်ရှိတော့သည်သာမက လေထုညစ်ညမ်းမှုနှင့် မတော်တဆယိုဖိတ်မှုတို့ကိုလည်း ထူးထူးခြားခြား ခုခံနိုင်စွမ်းရှိသည့်နေရာတစ်ခုလည်း ဖြစ်သည်။

ပင်လယ်ရေခဲပြင်တွင် ရေနံယိုဖိတ်မှုကို ဖယ်ရှားရှင်းလင်းရန် ထိရောက်သောနည်းလမ်း မရှိသည့် အပြင် အပူချိန်နိမ့်ပါက ဖိတ်စင်နေသော ဟိုက်ဒရိုကာဗွန်များကို ဖြိုခွဲသည့် သဘာဝဖြစ်စဉ်များကို နှေးကွေး စေသဖြင့် ဤဝေးလံခေါင်သီသောဒေသရှိ သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရန် လုပ်ငန်းလည်ပတ်သူများအတွက် ခက်ခဲသည်။

မကြာသေးမီနှစ်များအတွင်း တိုးပွားလာနေသော အာတိတ်အစိုးရများက ထိုဒေသအတွင်း  ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေခြင်း(သို့မဟုတ်) ရပ်တန့်စေခဲ့သည်။

ဒိန်းမတ်၊ ဆွီဒင်နှင့် ကနေဒါနိုင်ငံ ကွီဘတ် ပြည်နယ်တို့ပါဝင်သည့်  Beyond Oil and Gas မဟာမိတ် အဖွဲ့ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု၏ စီမံကွပ်ကဲမှုအဆင့်မှ လွတ်မြောက်ရေး လွယ်ကူချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းထားပြီး ဂရင်းလန်းကျွန်းတွင် ရေနံတူးဖော်ခြင်းကို တားမြစ်ထားခဲ့သည်။

ကနေဒါဖက်ဒရယ်အစိုးရကလည်း အာတိတ်ဒေသရှိ ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံတူးဖော်ခြင်း ကို နှစ်ပေါင်းများစွာ ယာယီပိတ်ပင်ထားခဲ့သည်။

သို့သော် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် စွမ်းအင် စျေးကွက်ကို ပိတ်ရန် အရေးတကြီး တွန်းအားပေးမှုကြောင့် နိုင်ငံအချို့သည် ၎င်းတို့၏ အစိမ်းရောင်စွမ်းအင် ရည်မှန်းချက်များ ကို ပြန်လည်စဉ်းစားရန် တွန်းအားပေးခဲ့သည်။

ထို့အပြင် စွမ်းအင်စျေးနှုန်းများ တဟုန်ထိုး တက်လာခြင်းကလည်း အာတိတ်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူမှု တိုးချဲ့မည့် အလားအလာကို မြှင့်တင်ပေးနေသည်။

အစွန်းတစ်ဘက်သို့

ဥပမာအားဖြင့် နော်ဝေးတွင်  ဘာရင့်ပင်လယ်၏ နော်ဝေးဂျီယန်အပိုင်းရှိ ရိုးစင်းသော ရေခဲအစွန်းပိုင်း၌ ရေနံသဘာ၀ဓာတ်ငွေ့တူးဖော်ရေးကို တိုးချဲ့ရန် အစိုးရက အဆိုပြုနေသည်။၎င်းရေခဲစွန်းမှာ ဇီဝမျိုးစုံမျိုးကွဲများ ပြည့်နှက်နေသည့် ရေခဲပြင်ဖြစ်ပြီး ခြိမ်းခြောက်ခံနေရသော အာတိတ်မျိုးစိတ်များစွာ၏ ရှင်သန်မှုအတွက် အရေးကြီးနေသည်။

တစ်ချိန်တည်းတွင် ကနေဒါသည် အာတိတ်ဒေသတူးဖော်မှုအပေါ် ၎င်း၏လက်ရှိ ဆိုင်းငံ့ထားမှုကို ပြန်လည်သုံးသပ်နေပြီး နယူးဖောင်လန်ရှိ ဒီနော့ ပင်လယ်အော် (Bay de Nord) တွင် ရေနံသဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှုအသစ်ကို စတင်ရန် စဉ်းစားနေသည်။

ယင်းအတွက် သက်ရောက်မှုက အာတစ်ရီဖူဂီ (Arctic Refuge) အပါအဝင် အလက်စကာရှိ ထုတ်လုပ်မှုများကို မြှင့်တင်ရန် ကြိုးပမ်းမှုများမှာ  စားပွဲပေါ် ပြန်လည်ရောက်ရှိလာနေပြီဖြစ်သည်။

သို့ရာတွင် အာတိတ်ဒေသတစ်ဝန်း ရေနံ၊သဘာ၀ဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်မှုကို ဆန့်ကျင်နေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်မှာ ရှင်းလင်းပြတ်သားပြီး ငြင်းဆို၍မရပေ။

ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံ၊သဘာ၀ဓာတ်ငွေ့ တူးဖော်ခြင်းသည် ဘေးဥပဒ်အန္တရာယ်ကို တိုးမြင့် စေရုံသာမက တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့အခြေချနေထိုင်ရာများ၊ လူ့အသိုင်းအဝိုင်းများကို ခြိမ်းခြောက်နိုင်ရုံသာမက ရုပ်ကြွင်းလောင်စာအသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဒေသတွင်း ရာသီဥတုပြောင်းလဲမှုကို အရှိန်မြှင့်ပေးမည်ဖြစ်သည်။

အာတိတ်ဒေသရှိ ပျမ်းမျှအပူချိန်သည် စက်မှုမထွန်းကားအဆင့်ထက် ၂၀၁၉ ခုနှစ်တွင် ၃.၁ ဒီဂရီ ဆဲစီး ယပ်စ် ရှိပြီး၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျမ်းမျှ တစ်ဒီဂရီ ဆဲစီးယပ်စ် တိုးလာခဲ့သည်။

ပြီးခဲ့သည့်လက ဝင်ရိုးစွန်းအပူလှိုင်းကြောင့် အပူချိန်သည် ပုံမှန်အဆင့်ထက် ၃၀ ဒီဂရီ ဆဲစီးယပ်စ် (30°C) အထက်ရှိခဲ့ရာ တုန်လှုပ်သွားစေခဲ့သည်။

ဒေသတွင်းရှိ ဟိုက်ဒရိုကာဗွန်ထုတ်ယူခြင်းက အခြေခံအုတ်မြစ်များကို အမှန်တကယ် ပျက်ပြားစေကာ ထိုဒေသကို ပူနွေးမှုအဆင့်ရောက်စေခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အခြေခံအဆောက်အအုံ အများစုမှာ  အရည်ပျော်နေသည့် ဝင်ရိုး စွန်းဒေသတွင် အမြဲအေးခဲနေသော နက်ရှိုင်းသည့် မြေလွှာပေါ် တည်ဆောက်ထားသည်။

ထို့ကြောင့် လက်ရှိစွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံရန် လိုအပ်သည်။

မကြာသေးမီနှစ်များအတွင်း ထိုဒေသတွင်း၌ အဆိုးရွားဆုံး လေထုညစ်ညမ်းမှု ဘေးအန္တရာယ်တစ်ခုဖြစ် စေခဲ့သည့် ဆိုက်ဘေးရီးယား အာတိတ်ဒေသရှိ မြစ်နှစ်စင်းကို ညစ်ညမ်းစေသည့် Norilsk Nickel မှ ရေနံယို ဖိတ်မှုမှာလည်း အမှန်စင်စစ်မှု ရုတ်ခြည်း နှင်းခဲများပါးလျလာခြင်းနှင့် ဆက်စပ်နေသည်။

ပိုင်ဆိုင်မှုများ သောင်တင်နေမှု

ထိုဒေသတွင်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူမှု ချဲ့ထွင်ခြင်းသည်လည်း စီးပွားရေးအရ လွဲမှား နေသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် စွမ်းအင်လိုအပ်ချက်ရိုက်ခတ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စွမ်းအင်စျေးနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

စျေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းက  ယူကရိန်းကို ကျူးကျော်မှုအား ရေတိုတုံ့ပြန်မှုတစ်ခု သာဖြစ်လာဖွယ်ရှိပြီး စျေးနှုန်းများမှာ မကြာမီ ကျူးကျော်မှုမတိုင်မီထက် နိမ့်ကျသည့်အဆင့်သို့ ပြန်လည်ရောက် ရှိမည်ဟု ခန့်မှန်းရသည်။

လက်ရှိရေနံစျေးနှုန်းကို အခြေခံ၍ စီမံကိန်းအသစ်များကို အကောင်အထည်ဖော်ပါက ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ သောင်တင်ရေမကျ ဖြစ်သွားကာ ဆက်လုပ်ရခက်ခက်၊ ရပ်ရခက်ခက် အခြေအနေကို အလွယ်တကူ မြင်တွေ့နိုင်မည်ဖြစ်သည်။

ထို့အပြင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာကြီးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀ယ်လိုအား ကျဆင်းနေသည်ဟု စွမ်းအင်လေ့လာသုံးသပ်သူအများစုက ယုံကြည်ကြပြီး ဆိုလိုသည်က  ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့ အသစ်ထပ်တိုးထုတ်ယူခြင်းက  အဆုံးစွန်အနေအားဖြင့် မည်သည့်အရာအတွက်မျှ မဖြစ်နိုင်ခြင်း ဖြစ်သည်။

အကြောင်းမှာ အသစ်ရှာဖွေတွေ့ရှိထားသော အရင်းအမြစ်များ ထုတ်လုပ်မှုသို့ မဝင်ရောက်မီ ပျမ်းမျှ 16 နှစ်ခန့် အချိန်ယူရသောကြောင့် ရှာဖွေတွေ့ရှိမှုအသစ်များသည် စွမ်းအင်အသွင်ကူးပြောင်းမှုကို ကောင်းမွန်စွာလုပ်ဆောင်ပြီးသည်နှင့်သာ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

တကယ်ပင် လက်ရှိ အကျပ်အတည်းက  ဤအကူးအပြောင်းကို အရှိန်မြှင့်ရန် အလားအလာကောင်း နေပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများတွင် စွမ်းအင်လုံခြုံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများက ရုပ်ကြွင်းလောင်စာများကို လျင်မြန်စွာ ပြောင်းလဲခြင်းမှာ ခိုင်လုံသော အကြောင်းရင်းများအဖြစ်ပါ၀င်နေသည်။

ရုရှား၏ သံတမန်ရေးနှင့် စီးပွားရေး အထီးကျန်မှုကြောင့် ဘေးထွက်ဆိုးကျိုးတစ်ခုမှာ  ရာသီဥတုပြောင်းလဲမှု အပေါ် ဆောင်ရွက်ရန် ၎င်းအစိုးရ၏ နွေးထွေးသောအဆင်သင့်ဖြစ်မှုမှာ လုံးလုံးလျားလျား အငွေ့ပျံသွားဖွယ် ရှိပြီး အာတိတ်ဒေသနှင့် သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုကျယ်ပြန့်စွာ အန္တရာယ်ဖြစ်စေနိုင်သည်။

ရုရှားအစိုးရသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို သဘာဝပတ်ဝန်းကျင် ထိန်းကျောင်းမှုဖြင့် ပြန်တုံ့ပြန်နိုင်ဖွယ်ရှိသည်။

ရင်းနှီးမြှုှုနှံမှုနှင့် အသိပညာရရှိမှုနည်းပါးခြင်းက  အာတိတ်ရှိ ၎င်း၏အခြေခံအဆောက်အအုံများ ယိုယွင်းလာမှုကို အရှိန်ကောင်းစေပြီး  အန္တရာယ်ရှိသည့် မတော်တဆဖြစ်ရပ်များဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသည်။

ဤအရာအားလုံးက  အခြားအာတိတ်ဒေသ၏ သဘာဝသယံဇာတများကို ကိုယ်ပိုင်အကျိုးအမြတ်အတွက် ထုတ်လုပ်မှုတိုးမြှင့်ရန်ပေးသည့် ဖိအားများတွန်းလှန်ရန်ထက်  ပို၍အရေးကြီးစေသည်။

ထို့အတွက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုနှင့် လူများတိုးမြှင့်လုပ်ဆောင်ခြင်းတို့ကို တိုက်ဖျက်ရန် ကမ္ဘာ့တန်ဖိုးအရှိဆုံးနှင့် ထိခိုက်လွယ်သော အစိတ်အပိုင်းကို ယင်းဒေသထိန်းသိမ်းရန် ၎င်းတို့၏ ကတိကဝတ်များကို နှစ်ဆတိုးရမည်ဖြစ်သည်။

Linko

Ref: thebarentsobserver:Arctic oil and gas: the wrong solution to the world’s energy crisis