
【 နိုင်ငံတကာဆောင်းပါး 】“ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်လာမည့် မဟာဗျူဟာမူဘောင်”
မက်ဒရစ်တွင် ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးတွင် မဟာမိတ်အဖွဲ့သည် ဟန့်တားခြိမ်း ခြောက်သည့် မဟာဗျူဟာမူဘောင်အသစ်ကို ထောက်ခံအတည်ပြုခဲ့ပြီး ယင်းတွင် အန္တရာယ်ကို မြင့်မားစေသည့် မှားယွင်းသော တွက်ချက်မှုများနှင့် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများကို ကိုးကားပြီး အရှေ့ဘက်ခြမ်းတွင် တပ်ဖွဲ့ များ တိုးမြှင့်ရန် ကြိုးပမ်းနေခဲ့သည်။
ချမှတ်ထားသော မူဘောင်နှင့် မဟာဗျူဟာ အယူအဆများအရ NATO အဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် အပြု သဘော ဆောင်သောချဉ်းကပ်မှုများမရှိခြင်းမရှိဘဲ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုဖြစ် ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်ကိုတွေရသည်။
မက်ဒရစ် တွင်ကျင်းပသော NATO 2022 ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်သည့် စစ်ရေးမဟာမိတ်အဖွဲ့၏ ကျဉ်းမြောင်းပြီး အထီးကျန်ဆန်သောအမြင်ကို ထပ်မံထုတ်ဖော်ပြသခဲ့သည်။
စစ်ရေးအရ တိုးချဲ့ရန်အခန်းကဏ္ဍကို တွန်းအားပေးနေကြချိန်တွင် ခြိမ်းခြောက်မှုများကို စေ့စေ့ငှငှလုပ် ခြင်းက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုများစွာကို တိုးမပေါက်စေပေ။
မဟာမိတ်အဖွဲ့သည် မက်ဒရစ်တွင် ပိုမိုကြီးမားသောချဲ့ထွင်မှုရှာဖွေခြင်းကလွဲပြီး အပြုသဘော ဆောင် သော မည်သည့်အရာမှ ပေါ်ပေါက်မလာဘဲ၊ စစ်ရေးတည်ဆောက်မှုများ ပြုလုပ်ရန်နှင့် အငြင်းပွားဖွယ် အယူဝါဒ များကို လက်ခံကျင့်သုံးရန်သာ အဖွဲ့ဝင်များကို တွန်းအားပေးခဲ့သည်။
ပိုမိုအန္တရာယ်များသောကမ္ဘာတစ်ခုအကြောင်း ထုတ်ပြန်ထားသောသတိပေးချက်များသည် ကမ္ဘာလုံးဆိုင် ရာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဖြစ်စေကာ ပိုမိုကြီးမားသောနှစ်ခြမ်းကွဲခြင်းကိုဖြစ်စေပြီး ချမှတ်ထားသော မူဝါဒများနှင့်ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
တင်းမာမှုများ မပြန့်နှံ့စေရန်၊ တွေ့ဆုံဆွေးနွေးရေး စတင်ရန် အဆိုပြုချက်များ မပါရှိဘဲ နေတိုးသည် စစ် အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ ၎င်း၏ ခုခံရေးနှင့် ကာကွယ်ရေး စွမ်းရည်ကို အကြီးမားဆုံး ပြန်လည်မွမ်းမံမှု စတင် ခဲ့ပြီး ဗျူဟာမြောက်မူဘောင်သစ်ကို ဦးတည်သည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်သည် ရုရှားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့စေမည့် မဟာမိတ်အဖွဲ့၏ အရှေ့ဘက် ခြမ်းကို တိုးချဲ့ရန် အာရုံစိုက်ထားသည်။
ထို့အပြင် PKK အကြမ်းဖက်သမားများအား လွှဲပြောင်းပေးရေး သဘောတူညီချက်အပေါ် အခြေခံ၍ ဆွီဒင် နှင့် ဖင်လန်၏ အဖွဲ့ဝင်ဖြစ်မှုကို သဘောတူရန် တူရကီအား ဆုံးဖြတ်စေခြင်းသည့် တူရကီကို NATOကဲ့သို့ ပုံစံတူ ထိုးစစ်ဆင် နွဲရန် ခွင့်ပြုချက်ကို ပေးသလိုဖြစ်သည်။
ဆွီဒင်နှင့် ဖင်လန်တို့မှ ကာ့ဒ်တိုက်ခိုက်ရေးသမား ၃၃ ဦးအား လွှဲပြောင်းရယူရန် ကြိုးပမ်းခြင်းသည်လည်း NATO အား တိုက်ခိုက်ရေးအဆင်သင့်ဖြစ်ရန် စီစဉ်ထားသော နောက်ထပ်တပ်ဖွဲ့များနှင့် စစ်ရေးအရ ညှိနှိုင်းမှုမှ တွင် အကျိုးအမြတ်ရရှိစေသည်ကို သတိပြုသင့်သည်။
ဆိုသည်မှာ ငြိမ်းချမ်းရေးအတွက် တွက်ချက်နည်းမဟုတ်ဘဲ NATO သည် ဗျူဟာမြောက် ဉာဏ်ပညာ ကင်းမဲ့နေသည်မှာ ထင်ရှားနေသည်။
တကယ့်အမှန်တရားမှာ နေတိုး၏ ချဲ့ထွင်မှုနှင့် ထိုးစစ်ဆင်မှုများသည် ငြိမ်းချမ်းရေးနှစ်ကာလများ အတွက် စိုးရိမ်စရာအကြောင်းရင်းဖြစ်သင့်သည်။
မဟာမိတ်အဖွဲ့အတွက် သမိုင်းဝင်အသွင်ပြောင်းသည့်အဆင့်ဖြစ်သည့် ထိပ်သီးစည်းဝေးပွဲတွင် NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ရဲ့ ပြောဆိုချက်က ပိုလန်တွင် အမေရိကန် အမြဲတမ်း အခြေ စိုက်စခန်းတစ်ခု ထူထောင်ရန်နှင့် လန်ဒန်ကို F-35 တပ်ခွဲနှစ်ခုကို ပံ့ပိုးပေးမယ့် ဘိုင်ဒင်၏ လုံခြုံရေးကတိက ဝတ်တွေကြား ထွက်ပေါ်လာသည်ကို သတိပြုသင့်သည်။ ထို့ပြင် အစောပိုင်းကလည်း စပိန်နိုင်ငံသို့ ရေတပ်ဖျက် သင်္ဘောနှစ်စင်းကို ပေးပို့အခြေချထားရန် နည်းလမ်းရှာဖွေနေခဲ့သည်။
အနှစ်သာရအားဖြင့် နေတိုးသည် ဥရောပတိုက်ကို စစ်အင်အားကြီးဖြစ်အောင် ဗြိတိန်ဝန်ကြီးချုပ် ဘော ရစ်ဂျွန်ဆင်က အဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ရေးနှင့် ဟန့်တားရေးအတွက် GDP ၏ နှစ်ရာခိုင်နှုန်းကို သုံးစွဲရန် တိုက်တွန်းခဲ့သည်။
မဟာမိတ်အဖွဲ့သည် ၎င်း၏ နယ်ပယ်ထက် ကျော်လွန်သော ဒေသများကို ပစ်မှတ်ထားခြင်းဖြင့် စစ်အေး တိုက်ပွဲ စိတ်ဓာတ်အတိုင်း လျှောက်လာရန် ကြိုးပမ်းနေသည်ဆိုသည့်မှာ သံသယဖြစ်စရာ အနည်းငယ်ရှိ နေသည်။
ထိပ်သီးအစည်းအဝေးတွင် အငြင်းပွားဖွယ်ရာ လုံခြုံရေးအယူအဆသစ်ကို အတည်ပြုချက်ရယူခဲ့သည်။
အဆိုပါအယူအဆတွင် နေတိုး၏ စစ်ဆင်ရေးနယ်ပယ်ကို ချဲ့ထွင်ကာ တရုတ်ကဲ့သို့သော အချုပ်အခြာ အာဏာပိုင်နိုင်ငံများကိုပါ တိုက်ရိုက်ပစ်မှတ်ထားလာသည်။
တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသကို ထပ်ခါတလဲလဲ ပြောဆိုခြင်းဖြင့် နေတိုးသည် ၎င်း၏ စစ်ဆင်ရေးများကို အာရှ-ပစိဖိတ်ဒေသသို့ ချဲ့ထွင်ရန်အရန် တရားမျှတမှုတစ်ရပ်ကို ရှာဖွေနေခဲ့သည်။
လစ္စဘွန်းတွင် ထုတ်ဖော်ပြသခဲ့သည့် NATO ၏ ၂၀၁၀ အယူအဆမူဝါဒတွင် တရုတ်ကို မည်သည့် အခါမျှဖော်ပြ ခြင်းမရှိသလို ရုရှားနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများအကြောင်းကိုသာ ပြောဆိုခဲ့ သည်။
Wellesley ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Stacie Goddard ၏ အဆိုအရ အယူအဆသစ်သည် ပါဝါ ပြိုင်ဆိုင်မှုတွင် အရေးတကြီး အာရုံစူးစိုက်မှုအပေါ် သာ အလေးပေးဖော်ပြထားသည်ဟုဆိုသည်။
ထို့အပြင်နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများနှင့် နူမပြန့်ပွားရေးတို့ကို ဖြစ်စေသော်လည်း၊ အယူအဆသစ်အရ မဟာမိတ်အဖွဲ့အား နျူကလီယားအင်အား မြှင့်တင်ရန်လည်း ထုတ်ဖော်ထားသည်။
NATO သည် နျူကလီးယားလက်နက်ကမ္ဘာကို ချေမှုန်းရန် ကြိုးပမ်းစဉ်တွင် NATO သည် နျူကလီးယား မဟာမိတ်အဖြစ်ဆက်လက်တည်ရှိနေမည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
၎င်းကိုယ်တိုင်က ဆန့်ကျင်ဘက်ဖြစ်နေပြီး ငြိမ်းချမ်းရေးကို မြှင့်တင်မပေးပေ။
ယင်းကဲ့သို့ ကတိပြုချက်များ၊ အယူအဆသစ်များနှင့် ကြေညာချက်မျာတွင် အခိုင်အမာ ဖော်ပြထား မှုအရ NATO ၏ဗျူဟာသစ်သည် တွက်ချက်မှု မှားယွင်းနိုင်ခြေမြင့်မားနေပြီး ပိုမိုရန်လိုသော ကမ္ဘာ့အစီအစဉ်ကို မြှင့်တင်နေခြင်း ဖြစ်သည်။
ထို့အပြင် အာရှပစိဖိတ်ဒေသဆိုင်ရာ ဆွေးနွေးချက်နှင့် မဟာဗျူဟာအယူအဆများသည် ဒေသတွင်း လုံခြုံရေးဆိုင်ရာ အသိပညာ လုံဝကင်းမဲ့ကြောင်း ပြသနေသောကြောင့် ဒေသတွင်းနိုင်ငံများအားလုံး ရင်းရင်း နှီးနှီး ဆက်ဆံရန် မယိမ်းယိုင်သော ကတိကဝတ်များကို ထုတ်ဖော်ပြောဆိုကြပြီး ကြားနေရေးမူဝါဒကို အကောင် အထည်ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ကိုတွေ့ရသည်။
အကယ်၍ NATO သည် အတင်းအကြပ်နည်းဗျူဟာများနှင့် ဆဲဆိုကြိမ်းမောင်းသော စကားလုံးများကို အသုံးပြုခြင်းဖြင့် ကမ္ဘာကြီးကို မဟာမိတ်အဖွဲ့သည် ပိုင်းခြားနိုင်မည်ဟု ယုံကြည်ပါက၊ ဤမူဝါဒသည် အဖွဲ့အစည်း အတွင်းရော အပြင်ဘက်ပါပါ ဆွဲငင်အားအနည်းငယ်သာ ရှိမည်ဖြစ်သည်။
ထို့ကြောင့် မက်ဒရစ်တွင်ကျင်းပသော NATO 2022 ထိပ်သီးအစည်းအဝေးသည် ကမ္ဘာတစ်ဝှမ်းရှိ ဒေသ များကို စစ်ရေးအရ လှုံ့ဆော်ရန်နှင့် စစ်လက်နက်အားပြိုင်သောဒေသများဖြစ်ရန် ကြိုးပမ်းနေကြောင်း ထင်ရှားနေ သည်။
စစ်အေးခေတ်လွန်ကာလတွင် ထိုသို့သော ဗျူဟာမြောက် ဦးတည်ချက်များက ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အဟန့်အတားများဖြစ်သည်။
(တည်းဖြတ်သူ၏မှတ်ချက်- Hamzah Rifaat Hussain သည် Pakistan ရှိ Indus News မှ ရုပ်မြင်သံကြား သတင်း ထောက်တစ်ဦးဖြစ်သည်။ဤဆောင်းပါးသည် စာရေးသူ၏ ထင်မြင်ယူဆချက်များကို ထင်ဟပ်စေပြီး CGTN ၏ ထင်မြင်ယူဆချက်များကို မထင်ဟပ်စေပါ)
Linko