【 နိုင်ငံတကာဆောင်းပါး 】“အရေးပေါ်အစီအမံကင်းမဲ့နေတဲ့ အမေရိကန် ဆည်ရာပေါင်း များစွာ"

【  နိုင်ငံတကာဆောင်းပါး  】“အရေးပေါ်အစီအမံကင်းမဲ့နေတဲ့ အမေရိကန် ဆည်ရာပေါင်း များစွာ"   

မကြာသေးမီက သည်းထန်စွာ ရွာသွန်းသော မိုးများကြောင့် ပုဂ္ဂလိကပိုင် မစ္စစပီ ရေကန်တခုတွင် ရေလျှံပြီးနောက် ၎င်း၏မြေသားဆည်ကို စတင်တိုက်စားသောအခါ ရာဇူးခရိုင် အရေးပေါ် စီမံခန့်ခွဲမှု ဒါရိုက်တာ ဂျက်ဝယ်လင်ဟန် သည် စီမံချက်တခု အလျှင်အမြန်ရေးဆွဲရန် လုပ်ဆောင် ရတော့သည်။ ဘေးလွတ်ရာနေရာသို့ရွှေ့ပြောင်းရနိုင်မည့် အိမ်ရှင်များကို ဆက်သွယ်ရန် လိပ်စာ များလည်း သူ့တွင်မရှိသောကြောင့် သူသည် ရေလျှံနေသော နေရာသို့သွားပြီး အိမ်တံခါးများကို ခေါက်နေရသည်။

 “အဲဒီနေရာလေးက သိပ်မကျယ်လို့ ကံကောင်းပြီး ကိုယ့် ဘာသာလုပ်နိုင်ခဲ့တယ် ။ တအိမ်တက် ဆင်း ပေါ့။ ခက်ခဲညီးငွေ့စရာကောင်းလိုက်တဲ့အလုပ်” ဟု သူပြောသည်။ ပြည်နယ်မြို့တော် ဂျက်ဆင်၏ မြောက်ဖက်နားလေးတွင်သာ တည်ရှိသော ထိုဆည်ကို ပြည်နယ်၏ အချက်အလက် စာရင်းတွင် MS04462 ဟု ဖေါ်ပြထားပြီး တရားဝင် ဆည်ကျိုးလျှင် အန္တရာယ် အဆင့်အတန်း သတ်မှတ်၊ ပြည်နယ်က စစ်ဆေးသည့် မှတ်တမ်း၊ ရေလွှမ်းမည့် ဧရိယာကို ပုံဖေါ်သော တရားဝင် အရေးပေါ် စီမံချက်။ မည်သူတို့ကို ဆက်သွယ်ပြီး မည်သူတို့ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းမည် စသည်တို့ တခုမျှမရှိပေ။

ထိုဆည်သည် စည်းကမ်းထိန်းကျပ်သူများတွင် အလုပ်လက်ကျန် များစွာရှိနေသော ကြောင့် အတန်းအစား မခွဲခြားရပဲ ရှိနေသေးသည့် မစ္စစပီတွင်ရှိသော ဆည် ၁၀၀၀ ကျော် အနက် တခု သာဖြစ်သည်။ မကြာသေးမီရက်သတ္တပါတ်များအတွင်း သည်းထန်သောမိုးများနှင့် ပြင်းထန်သော ရေလွှမ်းမိုးမှုများ ကြုံခဲ့ရသည့် အရှေ့တောင်ပိုင်း ပြည်နယ်များတွင် အန္တရာယ်ရှိလောက်အောင် အိမ်များနှင့် နီးကပ်စွာ တည်ရှိနေသည့် ဆည်ရာပေါင်း များစွာတွင်လည်း အရေးပေါ် စီမံချက် မရှိကြောင်း AP သတင်းဌာနက လေ့လာသိရှိရသည်။ AP သတင်းဌာနသည် ဆည်ကျိုးလျှင် အသက် သေဆုံးမှုဖြစ်နိုင်သည်ဟု ဖက်ဒရယ်အစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ စည်းကမ်း ထိန်းကျပ်သူများက အန္တရာယ်မြင့်မားသည့် ဆည်များကိုသာ အာရုံစူးစိုက် လေ့လာ ခဲ့ခြင်း ဖြစ်သည်။

AP သတင်းဌာန၏ သုံးသပ်ချက်တွင် မြောက်ကာရိုလိုင်းနားမှ ပြည်နယ်သို့မဟုတ် ဖက်ဒရယ် အေဂျင်စီများ ကကြီးကြပ်သည့် အန္တရာယ်မြင့်မားပြီး ၂၀၁၈ ခုနှစ် နွေမှစတင်ပြီး အရေးပေါ် စီမံချက်မရှိသော ဆည် ၅၇၈ ခုတွေ့ရှိသည်။ ဂျော်ဂျီယာတွင် ထိုသို့သောဆည် ၂၅၉ ခုရှိပြီး မစ္စစပီတွင် ၁၁၁ ခုရှိကာ တောင်ကာရိုလိုင်းနားတွင် ၁၀၁ ခုရှိသည်။ “ဆည်တိုင်းဆည်တိုင်း အထူးသဖြင့် အန္တရာယ်မြင့်မားနိုင်ခြေရှိတယ်လို့ သတ်မှတ်ထားတဲ့ ဆည်တိုင်းမှာ အရေးပေါ် စီမံချက်ရှိဖို့လိုတယ်” ဟု ယခင်က အိုဟိုင်ရိုဆည် လုံခြုံရေး အရာရှိဖြစ်ခဲ့ပြီး ယခုအခါ ပြည်နယ် ဆည်လုံခြုံရေး အရာရှိများအသင်းတွင် အထူးနည်းပညာရှင် အဖြစ်ဆောင်ရွက်နေသော မာ့ခ် အော့ဒန်ပြောသည်။ အရေးပေါ် စီမံချက်များသည် ဒေသဆိုင်ရာအစိုးရအရာရှိများ၊ သဘာဝ ဘေးအန္တရာယ် ကို တုံ့ပြန်ဆောင်ရွက်သော အရေးပေါ် ဝန်ထမ်းများနှင့် ဆည်အောက်ဖက် တောင်ကြား လွင်ပြင်များတွင် နေထိုင်သူများအတွက် အသုံးဝင်နိုင်သည်။ လွန်ခဲ့သော လက တစိတ်တပိုင်း ကျိုးခဲ့သော မစ္စစပီမှ အော့တစ်ဘီဟာ ခရိုင်ဆည်၏ အရေးပေါ်စီမံချက်တွင် ဆည်ကျိုးလျှင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရနိုင်သည့် စတတ်ဗိုင်းတွင်နေထိုင်သော အိမ်ပိုင်ရှင် ၁၀၀ ကျော်၏ အမည်များနှင့် လိပ်စာစာရင်းများပါဝင်သည်။

 ထိုစီမံချက်တွင် ရေလွှမ်းမို့မည့်အလားအလာရှိ ဒေသများကို ပြသောရောင်စုံမြေပုံများနှင့် ပိတ်ပစ်ရမည့် လမ်းများစာရင်းပါဝင်သည်။ ဆည်တွင်ဖြစ်ပွားသည့် ပြဿနာ အမျိုးအစားအပေါ် မူတည်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ အကြောင်းကြားရမည့် ဒေသဆိုင်ရာနှင့် ပြည်နယ် အရေးပေါ် ဝန်ထမ်း အမျိုးမျိုးတို့၏ ဖုန်းနံပါတ်များလည်း ထိုစီမံချက်တွင်ပါဝင်သည်။

မစ္စစပီသည် အန္တရာယ်မြင့်မားသည့် ဆည်များအားလုံးအတွက် အရေးပေါ်စီမံချက်လိုအပ်နေပြီး အချို့သောဆည်များအတွက် လူသေဆုံးမှု မရှိသော်လည်း လမ်းများနှင့်  အများပြည်သူ ဝန်ဆောင်မှုများ ထိခိုက်နိုင်ခြေကို ပြသသည့် ဘေးအန္တရာယ် အဆင့် သတ်မှတ်ချက် လိုအပ်နေ သည်။ မကြာသေးမီက မိုးမုန်တိုင်းများအတွင်း ပြဿနာများဖြစ်ပွားခဲ့သော ရာဇူးခရိုင်ဆည် သည် ပြည်နယ်စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီတွင် အလုပ်လက်ကျန်များနေသောကြောင့် အန္တရာယ်အဆင့်အတန်း သတ်မှတ်ချက် မရရှိသေးပေ။ ထိုဆည်သည် ထောင်ပေါင်းများစွာသော စည်းကမ်းထိန်းကျပ်မှုမရှိသည့် ထောင်ပေါင်းများစွာသော ဆည်များအနက် မစ္စစပီ သဘာဝ ပါတ်ဝန်းကျင် အရည်အသွေး ထိန်းသိမ်းရေးဌာနက ၂၀၁၆ ခုနှစ် ကောင်းကင်ဓါတ်ပုံနှင့် ပထဝီဆိုင်ရာ သတင်းအချက်အလက်စနစ် စစ်တမ်းတွင် အာရုံစိုက်မိလာသော ဆည်တခု ဖြစ်ကြောင်း ဆည်လုံခြုံရေးဌာန အကြီးအကဲ ဝီလျှံ မက်ကာချာပြောသည်။ ထိုစစ်တမ်းအရ ပြည်နယ်အတွင်း ဆည်အရေအတွက်မှာ ၃၄၀၀ မှ ၆၈၀၀ အထိ ၂ ဆတိုးလာသည်ဟု သူပြော သည်။

 နှစ်ပေါင်းများစွာကြာအောင်သူ၏ရုံးသည် ဆည်တခုစီအတွက် အန္တရာယ်အဆင့်ကို သတ်မှတ်ရန် လုပ်ဆောင်နေရဆဲဖြစ်သည်။ ထို အန္တရာယ်အဆင့်သတ်မှတ်ခြင်းသည် တရားဝင် အရေးပေါ် စီမံချက် သို့မဟုတ် ပုံမှန်စစ်ဆေးခြင်းလိုမလို ဆုံးဖြတ်ရန်ဖြစ်သည်။ ပြည်နယ် ၄၃ ခုနှင့် ပျူတိုရီကန် မှ အန္တရာယ်မြင့်မားသော ဆည်များအားလုံးတွင် အရေးပေါ်စီမံချက် မဖြစ်မနေ ရှိရမည်ဖြစ်ကြောင်း အမေရိကန် စစ်အင်ဂျင်နီယာတပ်၏ စစ်တမ်းအရ သိရသည်။

ချွင်းချက်အနေဖြင့် ဆည်စည်းကမ်းထိန်းသိမ်းရေးရုံး လုံးဝမရှိသော အယ်ဘားမားပြည်နယ်နှင့် ဖလော်ရီဒါ၊ အင်ဒီယားနား၊ အိုင်အိုဝါ၊ ကင်တပ်ကီ၊ ဗားမောင့်နှင့် ဝိုင်ယိုမင်း ပြည်နယ်များသာ ပါဝင်သည်။ အရေးပေါ်စီမံချက် လိုအပ်သော ပြည်နယ်များတွင်ပင် အချို့သောဆည်များတွင် အရေးပေါ်စီမံချက်မရှိကြောင်း AP ၏ စစ်တမ်းကပြသနေသည်။ အကြောင်းရင်းမှာ ထိုဆည် အများအပြား သည် ပုဂ္ဂလိကပိုင်ဖြစ်ပြီး ပြည်နယ်အေဂျင်စီများက ထိုပိုင်ရှင်များအနေဖြင့် အရေးပေါ်စီမံချက်ရေးဆွဲရေးအတွက် ပညာရှင်များငှားရန် လုပ်ဆိုင်နိုင်သည့် အာဏာ အကန့် အသတ် ဖြင့်သာ ရှိသောကြောင့် ဖြစ်သည်။ ထိုသို့ ငှားရန်းရန် ဒေါ်လာ သိန်းချီကုန်ကျမည် ဖြစ်သည်။

“ငွေစိုက်ထုတ်ရေးက အကြီးမားဆုံး ပြဿနာဖြစ်နိုင်တယ်” ဟု ဆည်လုံခြံုရေးအသင်းမှ အော့ဒန်ပြောသည်။ “ဆည်အရွယ်အစားနဲ့ အောက်ဖက်မှ ဘယ်လောက်ရေလွှမ်းမိုးနိုင်တယ်ဆိုတဲ့ ရှုပ်ထွေးမှုကြောင့် ဘယ်လောက်အကျယ်အဝန်းကို ထိခိုက်မယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အင်ဂျင်နီယာလုပ်ငန်း အရင်းအနှီး အများကြီးလိုတယ်” ဟုလည်း သူပြောသည်။ အော်ရီဂန် ပြည်နယ်တွင် ပြည်နယ်အရာရှိများသည် အရေးပေါ်စီမံချက် ရေးဆွဲရေးအတွက် စည်းမျဉ်း များကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး ဆည်ပိုင်ရှင်များအနေဖြင့် အရေးပေါ်စီမံချက် ပြီးစီး ရမည်ဟု သတ်မှတ်ခဲ့ကြောင်း ပြည်နယ် ဘေးကင်းသော ဆည်အစီအစဉ်မန်နေဂျာ တွမ်ဝုစလေ ပြောသည်။

 ထိုအချိန်မှ စတင်ပြီး အရေးပေါ်စီမံချက်ရှိသော အန္တရာယ်များ ဆည်အရေအတွက်သည် ပုံမှန်မြင့်မား လာသော်လည်း အချို့သော ပုဂ္ဂလိက ဆည်ပိုင်ရှင်များသည် လိုက်နာခြင်း မရှိကြ သေးပေ။ အရေးပေါ်စီမံချက် ရေးဆွဲရန် စည်းကမ်းချက်များကို ရှောင်ရှားနေသော ဆည်ပိုင်ရှင် များသည် ဂျော်ဂျီယာတွင် ဒဏ်ငွေချမှတ် ခံရနိုင်သော်လည်း အမှန်တကယ် ချမှတ်ခြင်းရှိမရှိကို မမှတ်မိကြောင်း ဝုစလေ ပြောသည်။

အခြေအနေ တော်တော်များများတွင် ထိုဆည်များသည် ငွေကြေးမဖေါ်ထုတ်နိုင်သောကြောင့် ဆည်ပြုပြင်စရိတ်အတွက် သုံးမည့်ငွေများကို ဒဏ်ငွေဆောင်ရာတွင် သုံးရမည်ကဲ့သို့ ဖြစ်နေကြောင်း သူပြောသည် မြောက်ကာရိုလိုင်းနားတွင် ၂၀၁၄ ခုနှစ်က ဆည်အားလုံးကို အန္တရာယ် မြင့်မား သို့မဟုတ် အလယ်အလတ် အန္တရာယ်ရှိ အဆင့်သတ်မှတ်ပြီး အရေးပေါ် စီမံချက်ရေးဆွဲရန် လိုအပ်လာသည်။ ၂၀၁၉ ခုနှစ်ဇန်နဝါရီလမှ စတင်ပြီး ထိုပြည်နယ်တွင် ဆည်ပိုင်ရှင်များ ထံမှ အရေးပေါ်စီမံချက် ၁၈၃ ခု ရရှိလာသည်။ သို့သော် ပြည်နယ် ပါတ်ဝန်း ကျင် အရည်အသွေး ထိန်းသိမ်းရေး ဌာန၏ အုပ်ချုပ်မှုအောက်မှ အန္တရာယ်မြင့်မားသည့် ဆည် ၁၂၇၂ ခုအနက် ၅၄၃ ခုတွင် အရေးပေါ်စီမံချက်မရှိသေးပေ။

အလယ်အလတ် အန္တရာယ်ရှိဆည် ၂၄၇ ခုအနက် ၁၈၁ ခုတွင်လည်း အရေးပေါ် စီမံချက် မရှိ သေးကြောင်း ဌာနပြောခွင့်ရသူ ရော့ဘ် ဂျွန်ဆင်ပြောသည်။ ဆည်များအားလုံး ဥပဒေကို လိုက်နာ စေရန် ဌာနက ဆုံးဖြတ်ထားကြောင်း သူပြောသည်။ သို့သော် ဆည်လုံခြုံရေး အစီအစဉ်တွင် ဝန်ထမ်းနှင့် ရင်းမြစ် နည်းနေပြီး ပြည်နယ်အတွင်းရှိ ဆည် ၆၀၀၀ ကို ကြီးကြပ်ရန် အချိန်ပြည့် ဝန်ထမ်း ၁၈ ဦးလိုကြောင်း သူပြောသည်။ ထိုအရေအတွက်မှာ မစ္စစပီတွင် ရနိုင်သော ဝန်ထမ်း အရေအတွက်ထက် လွန်စွာပိုမိုများပြားနေသည်။ ထိုပြည်နယ်မှ ဆည်လုံခြုံရေး အစီအစဉ် အတွက် ဝန်ထမ်း ၇ ဦးသာ ခန့်အပ်ခွင့် ရှိသော်လည်း လတ်တလောတွင် နေရာလွတ်များ ရှိနေ သောကြောင့် ဝန်ထမ်း ၃ ဦးသာ ရှိနေသည်ဟု မက်ကာချာ ပြောသည်။

ထိုရုံးသည် အသုံးမပြုသော ဝန်ထမ်းလစာငွေများအတွက် အလုပ်မလုပ်တော့သော ဆည်များနှင့် ငွေကြေးရရှိမှုနည်းသော ရေဝေရေလဲဒေသများအတွက် ဆည် အရေးပေါ်  စီမံချက်များ ရေးဆွဲ ရန် ကန်ထရိုက်တာများ ငှားရာတွင် သုံးနေကြောင်း သူပြောသည်။ ရာဇူးခရိုင် စပရင်းရစ်ပလေ့ ဌာနခွဲမှ ဆည်တခုကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က အာဏာပိုင်များစစ်ဆေးခဲ့ပါက ထိုဆည်၏ ရေပိုလွှဲမှ ပိတ်နေပြီး ဆည်ထိပ်မှ ရေများလျှံကျနေပြီး ဆည်ပိတ်ထားသောနေရာကို တစိတ်တပိုင်း တိုက်စားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုဆည်တွင် အရေးပေါ် စီမံချက် ရှိပါက ဒေသခံ အရေးပေါ်အခြေအနေဖြေရှင်းရေး အရာရှိများအတွက် စိတ်သက်သာ စရာ ဖြစ်ပေမည်။ “အရေးပေါ်စီမံချက်သာရှိရင် ဒီနေရာမှာ ပြဿနာရှိတယ်၊ ဖုန်းဆက်ရမယ့်သူက ဘယ်နှစ်ယောက်၊ ကျနော်တို့ တဆင့်ပြီးတဆင့်လုပ်သွားလို့ရတယ်။ အဲဒီကို မသွားဘဲတောင် လုပ်လို့ရတယ်” ဟု ဝယ်လင်ဟန်ပြောသည်။

(  Zawgyi  )

 မၾကာေသးမီက သည္းထန္စြာ ႐ြာသြန္းေသာ မိုးမ်ားေၾကာင့္ ပုဂၢလိကပိုင္ မစၥစပီ ေရကန္တခုတြင္ ေရလွ်ံၿပီးေနာက္ ၎၏ေျမသားဆည္ကို စတင္တိုက္စားေသာအခါ ရာဇူးခ႐ိုင္ အေရးေပၚ စီမံခန႔္ခြဲမႈ ဒါ႐ိုက္တာ ဂ်က္ဝယ္လင္ဟန္ သည္ စီမံခ်က္တခု အလွ်င္အျမန္ေရးဆြဲရန္ လုပ္ေဆာင္ ရေတာ့သည္။ ေဘးလြတ္ရာေနရာသို႔ေ႐ႊ႕ေျပာင္းရႏိုင္မည့္ အိမ္ရွင္မ်ားကို ဆက္သြယ္ရန္ လိပ္စာ မ်ားလည္း သူ႔တြင္မရွိေသာေၾကာင့္ သူသည္ ေရလွ်ံေနေသာ ေနရာသို႔သြားၿပီး အိမ္တံခါးမ်ားကို ေခါက္ေနရသည္။

 “အဲဒီေနရာေလးက သိပ္မက်ယ္လို႔ ကံေကာင္းၿပီး ကိုယ့္ ဘာသာလုပ္ႏိုင္ခဲ့တယ္ ။ တအိမ္တက္ ဆင္း ေပါ့။ ခက္ခဲညီးေငြ႕စရာေကာင္းလိုက္တဲ့အလုပ္” ဟု သူေျပာသည္။ ျပည္နယ္ၿမိဳ႕ေတာ္ ဂ်က္ဆင္၏ ေျမာက္ဖက္နားေလးတြင္သာ တည္ရွိေသာ ထိုဆည္ကို ျပည္နယ္၏ အခ်က္အလက္ စာရင္းတြင္ MS04462 ဟု ေဖၚျပထားၿပီး တရားဝင္ ဆည္က်ိဳးလွ်င္ အႏၲရာယ္ အဆင့္အတန္း သတ္မွတ္၊ ျပည္နယ္က စစ္ေဆးသည့္ မွတ္တမ္း၊ ေရလႊမ္းမည့္ ဧရိယာကို ပုံေဖၚေသာ တရားဝင္ အေရးေပၚ စီမံခ်က္။ မည္သူတို႔ကို ဆက္သြယ္ၿပီး မည္သူတို႔ကို ေဘးလႊတ္ရာသို႔ ေ႐ႊ႕ေျပာင္းမည္ စသည္တို႔ တခုမွ်မရွိေပ။

ထိုဆည္သည္ စည္းကမ္းထိန္းက်ပ္သူမ်ားတြင္ အလုပ္လက္က်န္ မ်ားစြာရွိေနေသာ ေၾကာင့္ အတန္းအစား မခြဲျခားရပဲ ရွိေနေသးသည့္ မစၥစပီတြင္ရွိေသာ ဆည္ ၁၀၀၀ ေက်ာ္ အနက္ တခု သာျဖစ္သည္။ မၾကာေသးမီရက္သတၱပါတ္မ်ားအတြင္း သည္းထန္ေသာမိုးမ်ားႏွင့္ ျပင္းထန္ေသာ ေရလႊမ္းမိုးမႈမ်ား ႀကဳံခဲ့ရသည့္ အေရွ႕ေတာင္ပိုင္း ျပည္နယ္မ်ားတြင္ အႏၲရာယ္ရွိေလာက္ေအာင္ အိမ္မ်ားႏွင့္ နီးကပ္စြာ တည္ရွိေနသည့္ ဆည္ရာေပါင္း မ်ားစြာတြင္လည္း အေရးေပၚ စီမံခ်က္ မရွိေၾကာင္း AP သတင္းဌာနက ေလ့လာသိရွိရသည္။ AP သတင္းဌာနသည္ ဆည္က်ိဳးလွ်င္ အသက္ ေသဆုံးမႈျဖစ္ႏိုင္သည္ဟု ဖက္ဒရယ္အစိုးရ သို႔မဟုတ္ ျပည္နယ္အစိုးရ စည္းကမ္း ထိန္းက်ပ္သူမ်ားက အႏၲရာယ္ျမင့္မားသည့္ ဆည္မ်ားကိုသာ အာ႐ုံစူးစိုက္ ေလ့လာ ခဲ့ျခင္း ျဖစ္သည္။

AP သတင္းဌာန၏ သုံးသပ္ခ်က္တြင္ ေျမာက္ကာ႐ိုလိုင္းနားမွ ျပည္နယ္သို႔မဟုတ္ ဖက္ဒရယ္ ေအဂ်င္စီမ်ား ကႀကီးၾကပ္သည့္ အႏၲရာယ္ျမင့္မားၿပီး ၂၀၁၈ ခုႏွစ္ ေႏြမွစတင္ၿပီး အေရးေပၚ စီမံခ်က္မရွိေသာ ဆည္ ၅၇၈ ခုေတြ႕ရွိသည္။ ေဂ်ာ္ဂ်ီယာတြင္ ထိုသို႔ေသာဆည္ ၂၅၉ ခုရွိၿပီး မစၥစပီတြင္ ၁၁၁ ခုရွိကာ ေတာင္ကာ႐ိုလိုင္းနားတြင္ ၁၀၁ ခုရွိသည္။ “ဆည္တိုင္းဆည္တိုင္း အထူးသျဖင့္ အႏၲရာယ္ျမင့္မားႏိုင္ေျခရွိတယ္လို႔ သတ္မွတ္ထားတဲ့ ဆည္တိုင္းမွာ အေရးေပၚ စီမံခ်က္ရွိဖို႔လိုတယ္” ဟု ယခင္က အိုဟိုင္႐ိုဆည္ လုံၿခဳံေရး အရာရွိျဖစ္ခဲ့ၿပီး ယခုအခါ ျပည္နယ္ ဆည္လုံၿခဳံေရး အရာရွိမ်ားအသင္းတြင္ အထူးနည္းပညာရွင္ အျဖစ္ေဆာင္႐ြက္ေနေသာ မာ့ခ္ ေအာ့ဒန္ေျပာသည္။ အေရးေပၚ စီမံခ်က္မ်ားသည္ ေဒသဆိုင္ရာအစိုးရအရာရွိမ်ား၊ သဘာဝ ေဘးအႏၲရာယ္ ကို တုံ႔ျပန္ေဆာင္႐ြက္ေသာ အေရးေပၚ ဝန္ထမ္းမ်ားႏွင့္ ဆည္ေအာက္ဖက္ ေတာင္ၾကား လြင္ျပင္မ်ားတြင္ ေနထိုင္သူမ်ားအတြက္ အသုံးဝင္ႏိုင္သည္။ လြန္ခဲ့ေသာ လက တစိတ္တပိုင္း က်ိဳးခဲ့ေသာ မစၥစပီမွ ေအာ့တစ္ဘီဟာ ခ႐ိုင္ဆည္၏ အေရးေပၚစီမံခ်က္တြင္ ဆည္က်ိဳးလွ်င္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္း ရႏိုင္သည့္ စတတ္ဗိုင္းတြင္ေနထိုင္ေသာ အိမ္ပိုင္ရွင္ ၁၀၀ ေက်ာ္၏ အမည္မ်ားႏွင့္ လိပ္စာစာရင္းမ်ားပါဝင္သည္။

 ထိုစီမံခ်က္တြင္ ေရလႊမ္းမို႔မည့္အလားအလာရွိ ေဒသမ်ားကို ျပေသာေရာင္စုံေျမပုံမ်ားႏွင့္ ပိတ္ပစ္ရမည့္ လမ္းမ်ားစာရင္းပါဝင္သည္။ ဆည္တြင္ျဖစ္ပြားသည့္ ျပႆနာ အမ်ိဳးအစားအေပၚ မူတည္ၿပီး လုပ္ေဆာင္ရမည့္ လုပ္ငန္းမ်ား၊ အေၾကာင္းၾကားရမည့္ ေဒသဆိုင္ရာႏွင့္ ျပည္နယ္ အေရးေပၚ ဝန္ထမ္း အမ်ိဳးမ်ိဳးတို႔၏ ဖုန္းနံပါတ္မ်ားလည္း ထိုစီမံခ်က္တြင္ပါဝင္သည္။

မစၥစပီသည္ အႏၲရာယ္ျမင့္မားသည့္ ဆည္မ်ားအားလုံးအတြက္ အေရးေပၚစီမံခ်က္လိုအပ္ေနၿပီး အခ်ိဳ႕ေသာဆည္မ်ားအတြက္ လူေသဆုံးမႈ မရွိေသာ္လည္း လမ္းမ်ားႏွင့္  အမ်ားျပည္သူ ဝန္ေဆာင္မႈမ်ား ထိခိုက္ႏိုင္ေျခကို ျပသသည့္ ေဘးအႏၲရာယ္ အဆင့္ သတ္မွတ္ခ်က္ လိုအပ္ေန သည္။ မၾကာေသးမီက မိုးမုန္တိုင္းမ်ားအတြင္း ျပႆနာမ်ားျဖစ္ပြားခဲ့ေသာ ရာဇူးခ႐ိုင္ဆည္ သည္ ျပည္နယ္စည္းကမ္းထိန္းသိမ္းေရး ေအဂ်င္စီတြင္ အလုပ္လက္က်န္မ်ားေနေသာေၾကာင့္ အႏၲရာယ္အဆင့္အတန္း သတ္မွတ္ခ်က္ မရရွိေသးေပ။ ထိုဆည္သည္ ေထာင္ေပါင္းမ်ားစြာေသာ စည္းကမ္းထိန္းက်ပ္မႈမရွိသည့္ ေထာင္ေပါင္းမ်ားစြာေသာ ဆည္မ်ားအနက္ မစၥစပီ သဘာဝ ပါတ္ဝန္းက်င္ အရည္အေသြး ထိန္းသိမ္းေရးဌာနက ၂၀၁၆ ခုႏွစ္ ေကာင္းကင္ဓါတ္ပုံႏွင့္ ပထဝီဆိုင္ရာ သတင္းအခ်က္အလက္စနစ္ စစ္တမ္းတြင္ အာ႐ုံစိုက္မိလာေသာ ဆည္တခု ျဖစ္ေၾကာင္း ဆည္လုံၿခဳံေရးဌာန အႀကီးအကဲ ဝီလွ်ံ မက္ကာခ်ာေျပာသည္။ ထိုစစ္တမ္းအရ ျပည္နယ္အတြင္း ဆည္အေရအတြက္မွာ ၃၄၀၀ မွ ၆၈၀၀ အထိ ၂ ဆတိုးလာသည္ဟု သူေျပာ သည္။

 ႏွစ္ေပါင္းမ်ားစြာၾကာေအာင္သူ၏႐ုံးသည္ ဆည္တခုစီအတြက္ အႏၲရာယ္အဆင့္ကို သတ္မွတ္ရန္ လုပ္ေဆာင္ေနရဆဲျဖစ္သည္။ ထို အႏၲရာယ္အဆင့္သတ္မွတ္ျခင္းသည္ တရားဝင္ အေရးေပၚ စီမံခ်က္ သို႔မဟုတ္ ပုံမွန္စစ္ေဆးျခင္းလိုမလို ဆုံးျဖတ္ရန္ျဖစ္သည္။ ျပည္နယ္ ၄၃ ခုႏွင့္ ပ်ဴတိုရီကန္ မွ အႏၲရာယ္ျမင့္မားေသာ ဆည္မ်ားအားလုံးတြင္ အေရးေပၚစီမံခ်က္ မျဖစ္မေန ရွိရမည္ျဖစ္ေၾကာင္း အေမရိကန္ စစ္အင္ဂ်င္နီယာတပ္၏ စစ္တမ္းအရ သိရသည္။

ခြၽင္းခ်က္အေနျဖင့္ ဆည္စည္းကမ္းထိန္းသိမ္းေရး႐ုံး လုံးဝမရွိေသာ အယ္ဘားမားျပည္နယ္ႏွင့္ ဖေလာ္ရီဒါ၊ အင္ဒီယားနား၊ အိုင္အိုဝါ၊ ကင္တပ္ကီ၊ ဗားေမာင့္ႏွင့္ ဝိုင္ယိုမင္း ျပည္နယ္မ်ားသာ ပါဝင္သည္။ အေရးေပၚစီမံခ်က္ လိုအပ္ေသာ ျပည္နယ္မ်ားတြင္ပင္ အခ်ိဳ႕ေသာဆည္မ်ားတြင္ အေရးေပၚစီမံခ်က္မရွိေၾကာင္း AP ၏ စစ္တမ္းကျပသေနသည္။ အေၾကာင္းရင္းမွာ ထိုဆည္ အမ်ားအျပား သည္ ပုဂၢလိကပိုင္ျဖစ္ၿပီး ျပည္နယ္ေအဂ်င္စီမ်ားက ထိုပိုင္ရွင္မ်ားအေနျဖင့္ အေရးေပၚစီမံခ်က္ေရးဆြဲေရးအတြက္ ပညာရွင္မ်ားငွားရန္ လုပ္ဆိုင္ႏိုင္သည့္ အာဏာ အကန႔္ အသတ္ ျဖင့္သာ ရွိေသာေၾကာင့္ ျဖစ္သည္။ ထိုသို႔ ငွားရန္းရန္ ေဒၚလာ သိန္းခ်ီကုန္က်မည္ ျဖစ္သည္။

“ေငြစိုက္ထုတ္ေရးက အႀကီးမားဆုံး ျပႆနာျဖစ္ႏိုင္တယ္” ဟု ဆည္လုံၿခံဳေရးအသင္းမွ ေအာ့ဒန္ေျပာသည္။ “ဆည္အ႐ြယ္အစားနဲ႔ ေအာက္ဖက္မွ ဘယ္ေလာက္ေရလႊမ္းမိုးႏိုင္တယ္ဆိုတဲ့ ရႈပ္ေထြးမႈေၾကာင့္ ဘယ္ေလာက္အက်ယ္အဝန္းကို ထိခိုက္မယ္ဆိုတာကို ဆုံးျဖတ္ဖို႔အတြက္ အင္ဂ်င္နီယာလုပ္ငန္း အရင္းအႏွီး အမ်ားႀကီးလိုတယ္” ဟုလည္း သူေျပာသည္။ ေအာ္ရီဂန္ ျပည္နယ္တြင္ ျပည္နယ္အရာရွိမ်ားသည္ အေရးေပၚစီမံခ်က္ ေရးဆြဲေရးအတြက္ စည္းမ်ဥ္း မ်ားကို ၂၀၁၆ ခုႏွစ္တြင္ ျပင္ဆင္ခဲ့ၿပီး ဆည္ပိုင္ရွင္မ်ားအေနျဖင့္ အေရးေပၚစီမံခ်က္ ၿပီးစီး ရမည္ဟု သတ္မွတ္ခဲ့ေၾကာင္း ျပည္နယ္ ေဘးကင္းေသာ ဆည္အစီအစဥ္မန္ေနဂ်ာ တြမ္ဝုစေလ ေျပာသည္။

 ထိုအခ်ိန္မွ စတင္ၿပီး အေရးေပၚစီမံခ်က္ရွိေသာ အႏၲရာယ္မ်ား ဆည္အေရအတြက္သည္ ပုံမွန္ျမင့္မား လာေသာ္လည္း အခ်ိဳ႕ေသာ ပုဂၢလိက ဆည္ပိုင္ရွင္မ်ားသည္ လိုက္နာျခင္း မရွိၾက ေသးေပ။ အေရးေပၚစီမံခ်က္ ေရးဆြဲရန္ စည္းကမ္းခ်က္မ်ားကို ေရွာင္ရွားေနေသာ ဆည္ပိုင္ရွင္ မ်ားသည္ ေဂ်ာ္ဂ်ီယာတြင္ ဒဏ္ေငြခ်မွတ္ ခံရႏိုင္ေသာ္လည္း အမွန္တကယ္ ခ်မွတ္ျခင္းရွိမရွိကို မမွတ္မိေၾကာင္း ဝုစေလ ေျပာသည္။

အေျခအေန ေတာ္ေတာ္မ်ားမ်ားတြင္ ထိုဆည္မ်ားသည္ ေငြေၾကးမေဖၚထုတ္ႏိုင္ေသာေၾကာင့္ ဆည္ျပဳျပင္စရိတ္အတြက္ သုံးမည့္ေငြမ်ားကို ဒဏ္ေငြေဆာင္ရာတြင္ သုံးရမည္ကဲ့သို႔ ျဖစ္ေနေၾကာင္း သူေျပာသည္ ေျမာက္ကာ႐ိုလိုင္းနားတြင္ ၂၀၁၄ ခုႏွစ္က ဆည္အားလုံးကို အႏၲရာယ္ ျမင့္မား သို႔မဟုတ္ အလယ္အလတ္ အႏၲရာယ္ရွိ အဆင့္သတ္မွတ္ၿပီး အေရးေပၚ စီမံခ်က္ေရးဆြဲရန္ လိုအပ္လာသည္။ ၂၀၁၉ ခုႏွစ္ဇန္နဝါရီလမွ စတင္ၿပီး ထိုျပည္နယ္တြင္ ဆည္ပိုင္ရွင္မ်ား ထံမွ အေရးေပၚစီမံခ်က္ ၁၈၃ ခု ရရွိလာသည္။ သို႔ေသာ္ ျပည္နယ္ ပါတ္ဝန္း က်င္ အရည္အေသြး ထိန္းသိမ္းေရး ဌာန၏ အုပ္ခ်ဳပ္မႈေအာက္မွ အႏၲရာယ္ျမင့္မားသည့္ ဆည္ ၁၂၇၂ ခုအနက္ ၅၄၃ ခုတြင္ အေရးေပၚစီမံခ်က္မရွိေသးေပ။

အလယ္အလတ္ အႏၲရာယ္ရွိဆည္ ၂၄၇ ခုအနက္ ၁၈၁ ခုတြင္လည္း အေရးေပၚ စီမံခ်က္ မရွိ ေသးေၾကာင္း ဌာနေျပာခြင့္ရသူ ေရာ့ဘ္ ဂြၽန္ဆင္ေျပာသည္။ ဆည္မ်ားအားလုံး ဥပေဒကို လိုက္နာ ေစရန္ ဌာနက ဆုံးျဖတ္ထားေၾကာင္း သူေျပာသည္။ သို႔ေသာ္ ဆည္လုံၿခဳံေရး အစီအစဥ္တြင္ ဝန္ထမ္းႏွင့္ ရင္းျမစ္ နည္းေနၿပီး ျပည္နယ္အတြင္းရွိ ဆည္ ၆၀၀၀ ကို ႀကီးၾကပ္ရန္ အခ်ိန္ျပည့္ ဝန္ထမ္း ၁၈ ဦးလိုေၾကာင္း သူေျပာသည္။ ထိုအေရအတြက္မွာ မစၥစပီတြင္ ရႏိုင္ေသာ ဝန္ထမ္း အေရအတြက္ထက္ လြန္စြာပိုမိုမ်ားျပားေနသည္။ ထိုျပည္နယ္မွ ဆည္လုံၿခဳံေရး အစီအစဥ္ အတြက္ ဝန္ထမ္း ၇ ဦးသာ ခန႔္အပ္ခြင့္ ရွိေသာ္လည္း လတ္တေလာတြင္ ေနရာလြတ္မ်ား ရွိေန ေသာေၾကာင့္ ဝန္ထမ္း ၃ ဦးသာ ရွိေနသည္ဟု မက္ကာခ်ာ ေျပာသည္။

ထို႐ုံးသည္ အသုံးမျပဳေသာ ဝန္ထမ္းလစာေငြမ်ားအတြက္ အလုပ္မလုပ္ေတာ့ေသာ ဆည္မ်ားႏွင့္ ေငြေၾကးရရွိမႈနည္းေသာ ေရေဝေရလဲေဒသမ်ားအတြက္ ဆည္ အေရးေပၚ  စီမံခ်က္မ်ား ေရးဆြဲ ရန္ ကန္ထ႐ိုက္တာမ်ား ငွားရာတြင္ သုံးေနေၾကာင္း သူေျပာသည္။ ရာဇူးခ႐ိုင္ စပရင္းရစ္ပေလ့ ဌာနခြဲမွ ဆည္တခုကို ေဖေဖၚဝါရီလ ၁၁ ရက္ေန႔က အာဏာပိုင္မ်ားစစ္ေဆးခဲ့ပါက ထိုဆည္၏ ေရပိုလႊဲမွ ပိတ္ေနၿပီး ဆည္ထိပ္မွ ေရမ်ားလွ်ံက်ေနၿပီး ဆည္ပိတ္ထားေသာေနရာကို တစိတ္တပိုင္း တိုက္စားေနသည္ကို ေတြ႕ရမည္ျဖစ္သည္။ ထိုဆည္တြင္ အေရးေပၚ စီမံခ်က္ ရွိပါက ေဒသခံ အေရးေပၚအေျခအေနေျဖရွင္းေရး အရာရွိမ်ားအတြက္ စိတ္သက္သာ စရာ ျဖစ္ေပမည္။ “အေရးေပၚစီမံခ်က္သာရွိရင္ ဒီေနရာမွာ ျပႆနာရွိတယ္၊ ဖုန္းဆက္ရမယ့္သူက ဘယ္ႏွစ္ေယာက္၊ က်ေနာ္တို႔ တဆင့္ၿပီးတဆင့္လုပ္သြားလို႔ရတယ္။ အဲဒီကို မသြားဘဲေတာင္ လုပ္လို႔ရတယ္” ဟု ဝယ္လင္ဟန္ေျပာသည္။