【 နိုင်ငံတကာဆောင်းပါး 】၁၀ နှစ်အတွင်း နိုင်ငံတကာရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွင် တရုတ်၏ ပါဝင်မှု

【 နိုင်ငံတကာဆောင်းပါး 】၁၀ နှစ်အတွင်း နိုင်ငံတကာရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွင် တရုတ်၏ ပါဝင်မှု

လွန်ခဲ့တဲ့ ၁၀ နှစ်က တရုတ်နိုင်ငံဟာ ပထမဆုံး အမျိုးသားဗျူဟာမြောက် စီမံချက် ရာသီဥတုပြောင်း လဲမှုကို တိုက်ဖျက်ရန်အတွက် စတင်ခဲ့ပါတယ်။ ယခု ၁၀ နှစ်ကြာချိန်မှာတော့ တရုတ်ဟာ နိုင်ငံတကာကို သတိ ထားလာစေခဲ့ပါပြီ။ တရုတ်ဟာ ဒါကိုအမျိုးသားရေးအဖြစ် ခံယူကျင့်သုံးမှုကို အသုံးပြုနေပြီး၊ ပါရီမြို့သဘောတူ ညီချက်အောက်တွင် အတူတူ အလုပ်လုပ်ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဆော်ဩမှုများ လုပ်ဆောင် လာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ခေါင်းဆောင်နေရာကနေ ပါဝင်နေပြီး ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး တွန်းအား ပေးမှုများ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကာ အထူးသဖြင့် ဒေါ်နယ်ထရမ့်ရဲ့ ပါရီမြို့သဘောတူညီချက် ကနေ နုတ်ထွက်ကြောင်း ကြေညာပြီးနောက် တရုတ်ဟာ ခေါင်းဆောင်နေရာကို ယူရန် ဆုံးဖြတ်ထားပါတယ်။

တရုတ်နိုင်ငံ၏ ၁၀ နှစ်ပြည့် ပထမဆုံးအမျိုးသားစီမံချက်နှစ်ပတ်လည်တွင် စီးပွားရေးကို ပြန်လည်တည် ဆောက်ခြင်း၊ သန်းရှင်းသော နည်းပညာကို အားပေးခြင်းနှင့် စွမ်းအင်လုံးလောက်မှုကို တိုးတက်အောက်စေရွက် ရန် ကတိပြုခဲ့ပါတယ်။ ပြည်တွင်းနှင့် ပြညပနိုင်ငံများတွင် မြင့်တက်လာသော အပူချိန်များကို ဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံဟာ ဘာတွေလုပ်နေသလဲ။

ပါရီမြို့သဘောတူညီချက်

၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီမြို့သဘောတူညီချက်ကို လက်ခံကျင့် သုံး လာခဲ့ပြီး သမ္မတရှီကျင့်ဖျင်ဟာ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနဲ့ တရုတ်နိုင်ငံအရှေ့ပိုင်းက ဟန်ကျူး မြို့ တွင် တွေ့ဆုံချိန်တွင် အနာဂတ်တွင် အပင်များအရေးပါလာမယ့်ပုံကို ရှင်းပြခဲ့ပါတယ်။ သဘောတူညီချက် ကတော့ ကမ္ဘာကြီးပူနွေးလာမှုကို ၂ ဒီဂရီဆယ်ဆီးယက်အထိ လျော့ချပြီး စက်မှုတော်လှန်ရေးမထွန်း ကားခင် တုန်းက အပူချိန်အဆင့်အထိ လျော့ချပြီး အပူချိန်ကို ၁.၅ ဒီဂရီအထိလျော့ချရန် သဘောတူညီခဲ့ကြပါတယ်။

ဒီသဘောတူညီချက်အောက်တွင် တရုတ်နိုင်ငံဟာ နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုကို ၂၀၃၀ တွင် ၆၀ ကနေ ၆၅ ရာခိုင်နှုန်းအထိ လျော့ချရန် သဘောတူထားပြီး လောင်စာဆီမဟုတ်သော စွမ်းအင်အသုံးပြုမှုကိုလည်း ၂၀ ရာ ခိုင် နှုန်းအထိ လျော့ချကာ ၂၀၃၀ နောက်ပိုင်း ကာဗွန်ထုတ်လွှတ်မှု တစ်နှစ်ပြီးတစ်နှစ် လျှော့ချရန် သဘောတူညီခဲ့ပါ တယ်။

BRI စီမံကိန်း

စွမ်းအင်ကဏ္ဍဟာ BRI စီမံကိန်းတွင် အရေးပါသော ကဏ္ဍတစ်ခုတွင် ပါဝင်နေပြီး ဒီမူဘောင်အောက်တွင် တရုတ်ကုမ္ပဏီများဟာ ဆိုလာနည်းပညာများကို တင်ပို့ခြင်း၊ လေတာဘိုင်များနှင့် ပြန်လည်ထုတ်လုပ်အသုံးပြုလို့ ရသောစွမ်းအင်ဆိုင်ရာ ပညာရှင်များကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ စေလွှတ်ခြင်းတို့လည်းပါဝင်ပါတယ်။

BRI ဖိုရမ်အောက် ၂၀၁၇ ခုနှစ် မေလတွင် ကျင်းပခဲ့သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွင် ရှီကျင့် ဖျင်ဟာ နိုင်ငံတကာမဟာမိတ်အဖွဲ့အစည်းများကို BRI အောက်က အစိမ်းရောက်ဖွံ့ဖြိုးတက်မှုအတွက် ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် ထောက်ပံ့မှုများပေးရန် ကမ်းလှမ်းခဲ့ပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး

တရုတ်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယ၊ ဘရာဇီလ်း၊ အီးယူ၊ အမေရိကန်၊ ပြင်သစ် နှင့် အခြားသောနိုင်ငံများနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဗြိတိန်နိုင်ငံတွင် ကြီးမားသော နျူကလီးယားလျှပ်စစ်ဓါတ်ပေါင်းဖိုအတွက် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံဖြစ်ပြီး ပြင်သစ်နှင့် Hinkley Point တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် တရုတ်ဟာ တောင်ပိုင်း-တောင်ပိုင်းပူးပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်းကို ရာသီဥတုပြောင်းမှုအတွက် အခြားသော နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရန် စတင်ခဲ့ပြီး ထို ၂၇ နိုင် ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် ကူညီပေးမည်ဖြစ်ပြီး ငွေကြေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်း ဆောင်ရည်မှာလည်း ကူညီပေးမည်ဖြစ်ကြောင်း သဘောတူခဲ့ပါတယ်။

ရည်မှန်းချက်

တရုတ်နိုင်ငံဟာ ကျောက်မီးသွေးအသုံးပြုမှုကို ၂၀၂၀ တွင် ၅၈ ရာခိုင်နှုန်းအထိလျော့ချရန် ရည်မှန်းထား ပြီး လောင်စာဆီမဟုတ်ဟော စွမ်းအင်အသုံးပြုမှုကိုလည်း ၁၅ ရာခိုင်နှုန်းအထိ နှင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို ၁၀ ရာခိုင်နှုန်းအထိ အသုံးပြုရန် ရည်မှန်းထားပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း ၁၇ ရာခိုင်နှုန်းအထိ လျော့ချ ပြီး တစ်ဦးချင်း၏ ဂျီဒီပီယူနစ် စွမ်းအင်အသုံးပြုမှုကို ၁၈.၂ ရာခိုင်နှုန်းအထိ လျော့ချရန် ရည်မှန်းထားပါတယ်။ တရုတ်နိုင်ငံဟာ ပါရီမြို့သဘောတူညီချက်အရ လောင်စာဆီမဟုတ်သော စွမ်းအင်အသုံးပြုမှုကို ၂၀၃၀တွင် ၂၀ ရာ ခိုင်နှုန်းအထိ တိုးမြှင့်ရန် ဂတိပေးထားပြီး ၂၀၁၅ တွင် ၁၂ ရာခိုင်နှုန်း ရည်မှန်းထားရာကနေ ခုလို မြင့်တက်လာခြင်း ဖြစ်ပါတယ်။

ပြန်လည်ထုတ်လုပ်အသုံးပြုခြင်း

တရုတ်နိုင်ငံဟာ ပြန်လည်အသုံးပြုလို့ရသော စွမ်းအင်နဲ့ ပတ်သက်ပြီး မူကြမ်းအသစ်ကို ရေးဆွဲထားပြီဖြစ် ပါတယ်။ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၆ တွင် တရုတ်နိုင်ငံဟာ ပြန်လည် အသုံးပြုလို့ရသော စွမ်းအင်အတွက် ငွေကြေးအများဆုံး အသုံးပြုထားသော နိုင်ငံဖြစ်ကြောင်းနှင့် အမေရိကန် ဒေါ်လာ ၇၈.၃ ဘီလီယံအထိရှိကြောင်း ဆိုပါတယ်။

တရုတ်အစိုးရ၏ ၅ နှစ်တာစီမံကိန်းတွင် ပြည်လည်အသုံးပြုလို့ရသော စွမ်းအင်ကဏ္ဍလည်း ပါဝင်နေပြီး ဟိုက်ပါစွမ်းအင်၊ လေကနေ လျှပ်စစ်ထုတ်လုပ်ခြင်းတို့ကို ၅၀ ရာခိုင်နှုန်းအထိ တိုးလာစေရန် ရည်မှန်းထားပြီး ဆိုလာစွမ်းအင်ကလည်း ၂ ဆ တိုးထုတ်ရန် ရည်မှန်းထားပါတယ်။

ကျောက်မီးသွေး

တရုတ်အစိုးရ၏ ၂၀၁၆-၂၀ နှစ်အတွင်းစွမ်းအင်စီမံကိန်းတွင် ကျောက်မီးသွေး အသုံးပြုမှုကို ၂၀၂၀ တွင် ၄.၁ တန်ချိန် အထိ လျော့ချရန် စီစဉ်ထားပြီး တိုင်းပြည်စွမ်းအင်အတွက် ကျောင်မီးသွေးအသုံးပြုမှုဟာ ၅၈ ရာ ခိုင်နှုန်း အထိ ကျ ဆင်းလာစေရန် စီမံထားပါတယ်။ ၂၀၁၅ တွင် ကျောက်မီးသွေးဟာ တရုတ်နိုင်ငံ၏ လျှပ်စစ် အသုံး ပြုမှုပေါင်း ၆၄ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ်တွင် အမျိုးသားစွမ်းအင်အုပ်ချုရေး၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဟာ နိုင်ငံအတွင်းရှိ သတ္တုတူးဖော်ခြင်းလုပ်များ ၅၀၀ ကျော်ကို ပိတ်သိမ်းရန် သဘောတူခဲ့ပြီး ယခုနှစ်တွင် သန့်ရှင်းသော စွမ်းအင် များကို စတင်အသုံးပြုရန် စီစဉ်ထားပါတယ်။

နျူကလီးယား

၂၀၂၀ နှစ်ကုန်ပိုင်းတွင် တရုတ်ဟာ ကီလိုဝမ် ၅၈ သန်းအထိ ထွက်သော နျူကလီးယားဓါတ်ပေါင်းဖို ဆောက်လုပ်အသုံးပြုန် လိုအပ်နေပြီး ကီလိုဝပ် ၃၀ သန်းထွက်သော အသုံးပြုနေပြီဖြစ်သော ဓါတ်ပေါင်းဖိုများကို လည်း ဓါတပေါင်း ၃၅ ခု ရှိပါတယ်။ အသစ် ၂၀ ခန့်ကိုလည်းဆောက်ထပ်မံဆောက်လုပ်နေပါတယ်။

စျေးနှုန်းနှင့် ကုန်သွယ်ရေး

တရုတ်နိုင်ငံဟာ ယခုနှစ်တွင် ကာဗွန်ကုန်သွယ်ရေးစျေးကွက်စတင်မည်ဖြစ်ပြီး ၂၀၁၃ တွင် စတင်ပြု လုပ်ခဲ့ သော လေ့လာချက်အပေါ်တွင် အမှီပြုပြီး စတင်မည်ဖြစ်ပြီးပါတယ်။

 

Naing

 

Ref:CMG| China's global climate role 10 years after first national strategy