【 နိုင်ငံတကာဆောင်းပါး 】အာရှ-ပစိဖိတ်ဒေသတိုးတက်မှုကို မြှင့်တင်ပေးနေတဲ့ တရုတ် ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှု

【 နိုင်ငံတကာဆောင်းပါး 】အာရှ-ပစိဖိတ်ဒေသတိုးတက်မှုကို မြှင့်တင်ပေးနေတဲ့ တရုတ် ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှု

ဇူလိုင် ၁၉ ရက်က ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB)ထုတ်ပြန်မှုတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် အာရှ-ပစိဖိတ်ဒေသအတွင်း တိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိပြီး ယင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအလားအလာကို ၄.၈ ရာခိုင်နှုန်းထိန်းထားလျက်ရှိကြောင်း ဆိုသည်။ ထိုဒေသတွင် ဖွံ့ဖြိုးဆဲအာရှဒေသတွင် ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်မှလွဲ၍ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၄၆ နိုင်ငံပါဝင်သည်။သို့ဖြစ်ရာ တရုတ်နိုင်ငံ၏စီးပွားရေးက အာရှ-ပစိဖိတ်ဒေသကို ထိန်းကျောင်းနေသည့်သဘောပင် ဖြစ်သည်။

အာရှဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက် (ADO) က တရုတ်နိုင်ငံ၏ စီပွားရေးကို ယခုနှစ်အတွင်း ၅ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်းထားသည်။ ယခုခန့်မှန်းချက်က လွန်ခဲ့သည့် ဧပြီလတွင်းက ထုတ်ပြန်ထားသည့်အတိုင်းပင် အပြောင်းအလဲမရှိခဲ့ရာ  တိုးတက်မှုတည်ငြိမ်နေကြောင်းကို ပြနေ သည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)သည် ယခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၅၉၃၀၃.၄ ဘီလီယံ ရှိရာ ယခု ပထမနှစ်ဝက်  တရုတ်နိုင်ငံ၏ GDPမှာ  ပြီးခဲ့သည့်ကာလတူထက် ၅.၅ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း  တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုက ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။

ထိုတိုးတက်မှုသည် ကဏ္ဍစုံတွင်ဖြစ်နေသည်ကိုတွေ့ရသည်။ တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ပြည်ပ တင်ပို့မှုသည် ၂၀၂၃ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူထက် ၇၅.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး မော်တော်ကား ၂.၁၄ သန်းကို တင်ပို့နိုင်ခဲ့သည်။ထိုထဲတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်အစီးရေ ၅၃၄,၀၀၀ တင်ပို့နိုင်ခဲ့ရာ ယမန်နှစ်ကာလတူထက် ၁၆၀ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု ဆိုသည်။ခရီးသည် တင်ယာဉ်တင်ပို့မှုမှာ ယမန်နှစ်အလားတူကာလကထက် ၈၈.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အစီးရေ ၁.၇၈ သန်း အထိ ရှိလာခဲ့သည်။တရုတ်နိုင်ငံ၏ အဓိက အစိမ်းရောင် ထုတ်ကုန်များ တင်ပို့မှုဖြစ်သည့် အဓိကနည်းပညာသုံး အစိမ်းရောင်ထုတ်ကုန်သုံးမျိုးဖြစ်သည့် ဆိုလာဘတ္ထရီများ၊ လစ်သီယမ်-အိုင်းယွန်း ဘတ္ထရီများနှင့် လျှပ်စစ်မော်တော်ယာဉ်များ၏ စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာလည်း ယခုနှစ်ပထမနှစ်ဝက် တင်ပို့မှုမှာ ယမန် နှစ်ကာလတူထက် ၆၁.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

အာရှ-ပစိဖိတ်ဒေသအတွင်း တိုးတက်မှုကို တရုတ်စီးပွားရေးက မြှင့်တင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည့်  ADB ၏ ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံ အမျိုးသား စာရင်းအင်းဗျူရို၏ နှစ်ဝက်ထုတ်ပြန်ချက်ကို ကြည့်ပါက သိသာနိုင်ပေသည်။ ထိုထုတ်ပြန်မှုတွင်  ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်းတင်သွင်းမှုနှင့် တင်ပို့မှုမှာ ယွမ် ၂၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ထရီလီယံ) ရှိပြီး ယမန်နှစ်ကာလတူကထက် ၂.၁ ရာခိုင်နှုန်း တိုးလာကြောင်း အချက်အလက်များတွင်တွေ့ရသည်။ထိုပမာဏမှာ နိုင်ငံများအတွက်ထိရောက်သော ကုန်သွယ်မှုဖြစ်သည်။

တရုတ်နိုင်ငံနှင့် BRI ပါဝင်သော နိုင်ငံများကြား ကုန်သွယ်မှုကို ပြန်ကြည့်ပါကလည်း ယခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ် အလားတူကာလထက် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယမန်နှစ် အလားတူကာလထက် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရသည်။ထိုပမာဏမှာ ယခုနှစ်ဝက်တရုတ်နိုင်ငံ၏ သွင်းကုန် ပို့ကုန်တန်ဖိုး ယွမ် ၂၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ထရီလီယံ)၏ ၃၄.၃ ရာခိုင်နှုန်းရှိကြောင်း ဆိုသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကိုကြည့်ပါက ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုမှာ အဓိကဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ စာရင်းအချက်အ လက်များအရ တရုတ်ပြည်ပကုန်သွယ်ရေးတွင် ကုန်စည်များ၏ ၉၅ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ရာ ကုန်စည်ပို့ဆောင်မှုမြင့်တက်လာခြင်းက တရုတ်စီးပွားရေးအရှိန်အဟုန်မှာ ကိုဗစ်ကပ်ကာလမတိုင်မီထက် ပိုလာနေသည်ကိုပြနေခဲ့သည်။ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံ၏ ဆိပ်ကမ်းကုန်စည်များမှာ တန်ချိန် ၁၅.၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး စုစုပေါင်း ကွန်တိန်နာတင်ပို့မှုပမာဏမှာလည်း TEUs သန်း ၃၀၀ နီးပါးရှိလာခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ဝ.၉ ရာခိုင်နှုန်းနှင့် ၄.၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။ ထို့ပြင် ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏအနေဖြင့်လည်း လွန်ခဲ့သော ၁၀ နှစ်နှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းနှင့် ၅၆ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။

ဇူလိုင် ၁၁ ရက် တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနထုတ်ပြန်မှုတွင် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း စီးပွားရေး ပြည်တွင်းအသားတင်ကုန်ထုတ် လုပ်မှု (GDP) မှာ ၂၀၂၂ ခုနှစ်တွင် ယွမ် ၉ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁.၂၅ ထရီလီယံ) ကျော်လွန်ခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ၏ ပြင်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(ODI)ကိုကြည့်ပါက ယခုနှစ် ပထမသုံးလပတ် (Q1) တွင် အမေရိကန်ဒေါ်လာ ၄၀.၅ ဘီလီယံထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်တိုးတက်မှုမှာ ၁၈ ရာခိုင်နှုန်းထိတိုးတက်ခဲ့သည်။ ငွေကြေးမဟုတ်သော ODI သည်  အမေရိကန်ဒေါ်လာ ၃၁.၅ ဘီလီယံရှိခဲ့ကာ တစ်နှစ်ထက် တစ်နှစ်တိုးတက်မှုမှာ ၁၇.၂ ရာခိုင်နူန်း ရှိသည်။ Belt and Road (B&R)တွင် ငွေကြေးမဟုတ်သော ODI သည် တစ်နှစ်ထက်တစ်နှစ်တိုးလာမှုမှာ ၉.၅ ရာခိုင်နှုန်းရှိပြီး အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံသို့တိုးလာကြောင်းဆိုသည်။

အသစ်ချုပ်ဆိုထားသော တရုတ်ပြည်ပ အင်ဂျင်နီယာ၊ ဝယ်ယူရေးနှင့် ဆောက်လုပ်ရေး (EPC) ပရောဂျက်များသည် တစ်နှစ်ထက်တစ်နှစ် ၉ ရာခိုင်နှုန်းတိုးတက်နေပြီး  အမေရိကန်ဒေါ်လာ  ၄၃.၂ ဘီလီယံအထိ ရှိသည်။ လျော့ကျသွားသည်။ သို့သော် အသစ်ချုပ်ဆိုထားသော B&R -EPC ပရောဂျက်များ၏အချိုးအစားသည် သိသိသာသာတိုးလာပြီး တစ်နှစ်ထက်တစ်နှစ် ၇.၂ ရာခိုင်နှုန်းအထိ တိုးလာသည်။ တရုတ်နိုင်ငံ၏ ပြည်ပ EPC ပရောဂျက်များ၏ အပြီးသတ် လည်ပတ်ငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁.၇ ဘီလီယံ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

ဇူလိုင် ၁၉ ရက် ADB ထုတ်ပြန်ချက်တွင် အာရှနှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအလားအလာကို ယခင်အတိုင်း ၄.၈ ရာခိုင်နှုန်းဖြင့် ထိန်းသိမ်းထားပြီး၊ ခိုင်မာသောပြည်တွင်း ဝယ်လိုအားက  ဒေသတွင်းပြန်လည်နာလန်ထူလာမှုကို ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း ဆိုသည်။ထိုထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ ကိုဗစ်ကြောင့် ပိတ်ထားသည့်နယ်စပ်များ(ရေကြောင်း၊ လေကြောင်း၊ နယ်စပ်)  ပြန်လည်ဖွင့်လှစ်ခြင်းက  ဒေသတွင်းတိုးတက်မှုကို အားကောင်းစေကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ရာ တရုတ်၏စီးပွားရေးတည်ငြိမ်မှုနှင့် အားကောင်းလာမှုက အာရှနှင့် ပစိဖိတ်ဒေသစီးပွားရေး တိုးတက်မှုကို တိုက်ရိုက်အချိုးကျနေသည်ကို တွေ့မြင်ရမည်ဖြစ်ရာ တရုတ်၏စီးပွားရေးမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုက ဒေသတွင်းသာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ  အရေးပါနေပြီဖြစ် သည်။

လင်းသစ်အောင်