【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်လယ်ယာလုပ်ငန်းရှင်အချို့၏ ခေါင်းပုံဖြတ်မှု

【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်လယ်ယာလုပ်ငန်းရှင်အချို့၏ ခေါင်းပုံဖြတ်မှု

ဂျော်ဂျီယာတွင် ရှိသော လယ်ထဲတွင် အလုပ်လုပ်ရန် မွန်တေရီကနေ လူကုန်ကူးခံခဲ့ရတဲ့ မက္ကဆီကို နိုင်ငံသား အလုပ်သမားတစ်ဦးကတော့ သူ့ရဲ့လုံခြုံရေးအတွက် အမည်မဖော်လိုပဲ အမေရိကန်ရှိ လယ်ယာတစ်ခုတွင် ခေါင်းပုံဖြတ်မှုများနှင့် လူမဆန်သော လုပ်ရပ်များအကြောင်းကို ဇွန်လတုန်းက ဖွင့်ချခဲ့ပါတယ်။
 
လူကုန်ကူးသူများကို ကန်ဒေါ်လာ ၉၅၀ ခန့်ပေးပြီး မွန်တေရီအတွင်း ခေါက်တုံ့ခေါက် ပြန် ခရီးသွား လေ့လာ ပြီးနောက် လူကုန်ကူးရန် အခြေအနေကောင်းမကောင်းကို လေ့လာကာ နယ်စပ်ကို ကျော်ဖြတ်လေ့ရှိ ကြပါတယ်။ သူတို့ကို အစတုန်းကတော့ ဘလူးဘယ်ရီခြံတွင် အလုပ်လုပ်ရမည်ဟု ပြောခဲ့သော်လည်း သူတို့ကို ပြောင်းဖူးစိုက်တဲ့ လယ်ကိုသာခေါ်သွားခဲ့ကြပါတယ်။
 
သူတို့ဟာ မနက်အစောကြီး ၃ နာရီ ၄ နာရီလောက်ကစပြီး အလုပ်လုပ်ခဲ့ရပါတယ်၊ ညနေ ၃ နာရီ ၄ နာရီလောက်မှသာ နားရပါတယ်၊ နေ့လယ်စာစားချိန်ကို ၁၅ မိနစ်ခန့်သာ ပေးထားပြီး ၁၅ ရက်တွင် ကန်ဒေါ်လာ ၂၂၅ ဒေါ်လာသာရရှိခဲ့ကြပါတယ်။ သူတို့ကတော့ အရင်က အလုပ်သမားများစွာ သေဆုံး ခဲ့ကြကြောင်း ကောလာဟလတွေကိုလည်း ကြားခဲ့ရပါတယ်။ ဤအကြောင်းများကို ပြောပြသော အလုပ်သမား၏ ပြောကြားချက်အရ ဟေတီနိုင်ငံက အလုပ်သမားများကိုလည်း ဤနေရာတွင် သူလူကုန်ကူးခံရ သကဲ့သို့ ရောက်လာခဲ့ရကြောင်း ပြောပါတယ်။
 
ပြောင်းဖူးခင်းတွင် ရက် ၂၀ ခန့် အလုပ်လုပ်ပြီးနောက် သူ့ကို သခွားသီးများ သိုလှောင်ထားသော နေရာကို ပို့လိုက်ပါတယ်၊ အဲ့မှာတော့ သူ့ကို လုပ်အားခလုံးဝမပေးခဲ့ကြပါဘူး၊ ထို့နောက် တက်ဆက်ပြည်နယ်ကို ထပ်မံ အပို့ခံလိုက်ရပါတယ်၊ ပြီးတော့သူထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဇူလိုင်လတွင် မက္ကဆီကို ပြန်သွားခဲ့ပါတယ်။လုပ်ခ နည်းနည်းလေးအတွက် ကြီးမားတဲ့ ရက်စက်မှုတွေပါပဲ၊ လုံးဝကို လှည့်ဖြားမှုကြီးပဲ လို့ သူက ပြောပါတယ်။
 
အမေရိကန်နိုင်ငံအတွင်းရှိ လယ်အလုပ်သမားများဟာ အများအားဖြင့် အကာအကွယ်မဲ့ နေသူများဖြစ် ကြပါတယ်။ သူတို့ဟာ ၁၉၃၅ ခုနှစ်တွင် အတည်ပြုခဲ့သော အမျိုး သား အလုပ်သမား ဆက်ဆံရေးမူဝါဒကြမ်းတွင် ပါဝင်ခြင်းမရှိပဲ ၁၉၃၈ ခုနှစ်တွင် အတည်ပြုခဲ့ကြသော မျှတသောအလုပ်သမားစံနှုန်း အက်ဥပဒေတွင်လည်း အခွင့်အ ရေးမရခဲ့ကြပါဘူး။ အမေရိကန်နိုင်ငံရှိ လယ်သမားများအများစုဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စော်ကားမှုအမျိုးမျိုး၊ လုပ်အားခခိုးသုံးမှု၊ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်သော ဒဏ်ရာရရှိမှု၊ အန္တရာယ်များသော နေရာများတွင် အလုပ်လုပ်စေခိုင်းမှု အစရှိသော မတရားမှုများစွာကို ရင်ဆိုင်နေကြရပါတယ်။ ဒါကို ယနေ့ခေတ်ကျွန်အဖြစ်ခိုင်းစေခြင်း ဟုခေါ်ဆိုကြပြီး အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အမေရိက တိုက်အလယ်ပိုင်းက အလုပ်သမားများကို ကန်ထရိုက်ဖြင့်ခေါ်ယူကာ ထောင်ကျနေသကဲ့သို့ မတရားခိုင်းစေမှုဟာ နှစ်ပေါင်းမျာစွာ အမြစ်တည်ရှိလာခဲ့သော ကိစ္စတစ်ခု ဖြစ်ပါတယ်။
 
Operation Blooming Onion ၏ စစ်ဆေးတွေ့ရှိချက်အရ မတရားခိုင်းစေမှုကို ကျူးလွန်နေကြသော သူများဟာ အလုပ်သမားများကို အမေရိကန်နိုင်ငံသို့ အသွားခရီးစရိတ်ကို ပေးစေပြီး အစားအစာ၊ နေစရာများအတွက်လည်း H2-A ဗီဇာစနစ်ဖြစ် အလုပ်သမားများက ကုန်ကျစရိတ်ခံရကြောင်း၊ ထို့အပြင် အလုပ်သမားများ၏ စာရွက်စာတမ်းများနှင့် ခရီးသွားခွင့်များကိုလည်း ထိန်းချုပ်ထားကာ လုပ်ခနည်း ပါးစွာ (သို့မဟုတ်) လုပ်ခမပေးဘဲ  ခိုင်းစေမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။
 
ဤကဲ့သို့ မတရားခိုင်းစေမှုများဖြင့် စီးပွားရှာနေကြသောသူ ၁၀ ဦးကျော်ဟာ လယ်ယာငှားရမ်းပေးခြင်း၊ အိမ်များငှားရမ်းပေးခြင်း၊ မော်တော်ယာဉ်များငှားရမ်းခြင်း၊ စားသောက်ဆိုင်နှင့် နိုက်ကလပ်များကိုလည်း ဝယ်ယူခြင်းတို့ကိုလည်း လုပ်နေပြီး ကန်ဒေါ်လာ သန်း ၂၀၀ ခန့်အကျိုးအမြတ်ရရှိကြောင်း စစ်ဆေးတွေ့ ရှိချက်တွင် ဖော်ပြထားပါတယ်။ ဤကဲ့သို့ စစ်ဆေးပြီးနောက် အလုပ်သမားပေါင်း ၁၀၀ ခန့်ဟာ မတရား ခိုင်း စေမှုကနေ လွတ်မြောက်လာခဲ့ကြပါတယ်။
 
H2-A ဗီဇာကို အမေရိကန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများကို မတရားခိုင်းစေမှုတွင် အသုံးပြုကြပြီး အလုပ်သမားများ နိုင်ငံသားဖြစ် ပိုင်ခွင့် အခွင့်အရေးကိုလည်း ပိတ်ထားပါတယ်။ ဤဗီဇာဖြင့် အမေရိကန်ကို ဝင်ရောက်လာသော သူအများစုဟာ အကြွေးယူ ဝင်ရောက်လာသူများဖြစ်ပြီး ထိုအကြွေးကို အကြောင်းပြကာ မတရားခိုင်းစေမှု၊ လူကုန်ကူးမှုများကို အလုပ်ရှင်များက ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။
 
ဒီလို မတရားမှုများရှိနေတာကလည်း ကျွန်တော်တို့၏ စနစ်ကြောင့်လည်းပါတယ်၊ ဒါပေမဲ့လည်း မကြာခဏဆိုသလို အပြစ်ပေးမခံရကြဘူးလေ ဟု စီးပွားရေးမူဝါဒကျောင်းရွှေ့ပြောင်းရေးဆိုင်ရာ ဥပဒေနှင့် မူဝါဒသုတေသနဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒဲလ်နရယ်ကော့စတာက ပြောပါတယ်။
 
သင်ဟာ စိုက်ပျိုးရေးလုပ်ငန်းရှင်ဖြစ်နေတယ်ဆိုရင် ခင်ဗျားဟာ စစ်ဆေးမေးမြန်းခံရနိုင်ခြေ ၁ ရာခိုင်နှုန်းပဲ ရှိတယ်၊ ဒါကြောင့် အများစုက အလုပ်သမားများကို မတရားခိုင်းစေရင်လည်း အပြစ်ပေးဒဏ်ကနေ လွတ်မြောက်တာများတယ် ဟု သူကဆက်ပြောပါတယ်။
 
ဂျော်ဂျီယာက အလုပ်သမားများဟာ အလုပ်ရှင်များ၏ ခိုင်းစေမှုကို မလိုက်နာပါက ပြည်နှင်ဒဏ် ပေးခံရမည်ဟု ခြိမ်းခြောက်ခံနေရပါတယ်။ ထိုကဲ့သို့ ခြိမ်းခြောက်မှုများ၊ မတရားခိုင်းစေမှုများအပြင် အလုပ်သမားများဟာ မုဒိမ်းပြုခံရခြင်း၊ ပြန်ပေးဆွဲခြင်း (သို့မဟုတ်) အလုပ်သမားများကို သတ်ဖြတ်ခြင်း (သို့မဟုတ်) မိသားစုဝင်တစ်ယောက် ယောက်ကို သတ်ဖြတ်မည် အစရှိသော ခြိမ်းခြောက်မှုများကို ကြုံရပါ တယ်။ 
 
ထို့အပြင် တချို့နေရာများတွင် အလုပ်သမားများကို တချို့လုပ်ငန်းရှင်များထံ ရောင်း ချတာ တို့လည်း ရှိပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ ဆိုးရွားသော နေထိုင်မှုနှင့် အလုပ်လုပ်မှုကြောင့် အနည်းဆုံး အလုပ်သမားနှစ်ဦး သေဆုံးပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
 
တစ်ချို့အလုပ်သမားတွေကို တစ်နာရီလုပ်အားခ ကန်ဒေါ်လာ ၁၂ ဒေါ်လာပေးမည်ဟု ကတိပေးထားသော်လည်း တစ်ကယ်တော့ ကြက်သွန်နီတစ်ခြင်းရအောင် တူးပေးလျှင် ၀.၂၀ ဒေါ်လာသာ ပေးနိုင်ကြောင်း သူတို့ကို သေနတ်ကိုင်စောင့်နေကြသူများက ပြန် လည် ခြိမ်းခြောက်ပြီး ကတိအတိုင်း လုပ်ခမရခဲ့ကြပါဘူး။
 
ဂျော်ဂျီယာရှိ ဝေးခရုတ်တရားရုံးတွင် အတင်းအကျပ်စေခိုင်းခြင်း၊ ငွေကြေးဆိုင်ရာ လိမ်လည်မှု၊ တရားရုံးတွင် မှားယွင်းစွာသက်သေထွက်ဆိုမှု အစရှိသော ပြစ်မှုများကို ကျူးလွန်နေသော လုပ်ငန်းရှင် ၂၄ ဦးရှိပါတယ်။ ဤအမှုများအတွက် ရုံတင်စစ်ဆေးမှုများကို ဒီဇင်ဘာ ၂၁ ကနေ ဇန်နဝါရီတစ်နေ့အတွင်း စစ်ဆေးရန်ရှိပါတယ်။
 
 
Naing 
 
Ref: Theguardian