【 နိုင်ငံတကာဆောင်းပါး 】အမေဇုန်နဲ့အတူလောင်ကျွမ်းသွားသော ကမ္ဘာ့အနာဂတ်

 【  နိုင်ငံတကာဆောင်းပါး 】အမေဇုန်နဲ့အတူလောင်ကျွမ်းသွားသော ကမ္ဘာ့အနာဂတ်

အများစုအားဖြင့် စိုက်ပျိုးရေးအတွက်၊ ကျွဲနွားမွေးမြူခြင်းအတွက်နှင့် အိမ်ခြံမြေဈေးကစားရန်အတွက် မြေရှင်းလင်းရန် တရားဝမင်ရှို့သည် မီးပေါင်း ၇၃၀၀၀ နီးပါး သည် အမေဇုန်နာ့စ်ပြည်နယ်တွင် အရေးပေါ် အခြေအနေကြေညာသည်အထိဖြစ်စေခဲ့သည်။ ထိုမီးများသည် အမေဇုန် မုတ်သုန်တော ကြီး ကို သတ်ဖြတ်နေပြီး ကမ္ဘာမြေအတွက် အောက်ဆီဂျင်အများအပြားကို ထုတ်ပေးနေသော ဂေဟစနစ်တခုအတွက် အလွန်အကျွံပျက်စီးစေနိုင်သောကြောင့် ကမ္ဘာ့အကြီးမားဆုံး ကာဗွန်စုပ် ယူသည့်နေရာ များအနက်တခုပျက်စီးမည်ကို နိုင်ငံတကာစိုးရိမ်ပူပန်မှုများဖြစ်စေခဲ့သည်။

စိတ်ပျက်စရာမှ ဝမ်းနည်းစရာအဆင့်သို့ပြောင်းလဲသွားပြီး တကမ္ဘာလုံးမှ ပူပန်မှုမကင်းသော တသီး ပုဂ္ဂလ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ လူမှုအသိုင်းအဝန်းသည် အမေဇုန်သစ်တောတွင် လူသား ကပြုလုပ်သည့် အဖျက်လုပ်ငန်းကို ထိန်းချုပ်ရန် နည်းလမ်းများကို ရှာဖွေလာကြသည်။ “ကျနော်တို့ အိမ်မီးလောင်နေပြီ” ဟု ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွှန်က တွစ်တာတွင်ရေးသားပြီး ပြင်သစ်နိုင်ငံ ဘီရာရစ်တွင် မကြာသေးမီကမှ ပြီးစိးသွားသော စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေး တွင် ထိုကိစ္စကို အရေးပေါ် ဆွေးနွေးရန် တောင်းဆိုသည်။

အမေဇုန်တွင် တောမီးများမှာ နှစ်စဉ် အထူးသဖြင့် ဇူလိုင်မှ စက်တင်ဘာအထိ ခြောက်သွေ့သော ရာသီတွင် လောင်နေကျဖြစ်သော်လည်း ယခုနှစ်လောင်သောပမာဏမှ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၈၄ ရာခိုင်နှုန်းပိုမိုများပြားသည်။

များစွာသော ရာသီဥတုသံသယဝါဒီများနှင့် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းသည် လူသားများ၏လုပ်ဆောင် မှုကြောင့်ဖြစ်သည်ကို ငြင်းဆန်နေသူများက ယခုနှစ်အမေဇုန်မီးများသည် သဘာဝဖြစ်ရပ်သာဖြစ် သည် ဟု ပြောဆိုနေသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများက ထိုမီးများသည် အဓိကအကြောင်းရင်းမှာ လူသားများသာဖြစ်ကြောင်း အခိုင်အမာပြောသည်။

ယခုဖြစ်ပွားနေသော အဖျက်လုပ်ငန်းများသည် ဘရာဇီးနှင့် ကမ္ဘာကြီးအတွက် ကြောက်မက်ဖွယ် အကျိုးဆက် များဖြစ်လာမည်ဟု သိပ္ပံပညာရှင်များကပြောသည်။ သစ်တောပြုန်းတီးမှု တိုးလာခြင်း သည် ရာသီဥတု၊ သဘာဝတောရိုင်းတိရစ္ဆာန်နှင့် သစ်တောတွင်းနေထိုင်သူများအတွက် ကြောက်မက် ဖွယ် အကျိုးဆက်များဖြစ်လာပြီး ထိုမုတ်သုန်သစ်တောကြီးကို အမြဲစိုစွတ်နေသောဒေသအဆင့်မှ ခြောက်သွေ့သော ဆာဗားနား ကန္တာရအဖြစ်သို့ ပြောင်းလဲသွားတော့မည့် အတိမ်းအစောင်း မခံနိုင်သော အမှတ်သို့ ရောက်လာသည်ဟု ဆောပေါလို တက္ကသိုလ်မှ အဆင့်မြင့်လေ့လာရေးသိပ္ပံမှ အထက်တန်း သုတေသီ ကားလို့စ် နိုဘာက ပြောကြောင်း ဂါးဒီဒယန်း သတင်းစာကဖေါ်ပြသည်။

သစ်တောပြုန်းတီးမှုသည် ယခုနှစ်တွင် ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိတိုးလာမည့် အခြေအနေရှိသည် ဟုနိုဘာကပြောပြီး ယခုနှစ်အတွင်းပြုန်းတီးမှုသည် ဆယ်နှစ်ကျော်အတွင် ပထမဆုံးအကြိမ်အဖြစ် စတုရန်းကီလိုမီတာ ၁၀၀၀၀ ကျော်ရန် လွန်စွာဖြစ်နိုင်ကြောင်းပြောသည်။

 “အရေအတွက်အရမ်းများတဲ့ ဒီမီးတွေဟာ ဝန်ကြီးတွေက လုပ်နေတဲ့ ယဉ်ကျေးမှု တွန်းအားတွေကြောင့် ပဲ။ သူတို့တွေက သစ်တောပြုန်းတီးမှုဟာ စီးပွားရေးအတွက်ကောင်းတော့ ဒါကို တွန်းအားပေးနေတယ်” ဟု နိုဘာက ဂါးဒီယန်းသို့ပြောသည်။

ရေတိုတွင် စီးပွားရေးအတွက်ကောင်းနိုင်သော်လည်း ကြီးမားသော တောမီးများ၏ ရေရှည်တွင် အဖျက်သဘော သက်ရောက်မှုကို စဉ်းစားသောအခါ ၎င်းသည် မိမိတို့နားလည်ထားသည့် စီးပွားရေး တိုးတက်မှုကို နိဂုံးချုပ်လိုက် နိုင်သည်။

ယခုနှစ် ဘရာဇီးတွင် မည်သည့်နေရာအတွက်မဆို ပိုမိုများပြားသောမီးများကို ကြုံတွေ့ရသော ပဲပိစပ်စိုက်ပျိုးရာဒေသဖြစ်သည့် မက်တို ဂရော့ဆိုတွင် မီးလောင်ကျွမ်းမှုများကို ဌာနေတိုင်းရင်းသား များ၏ မြေများနှင့် ဘေးမဲ့တောများအတွင်းတွင် ပင်တွေ့ရှိရသည်။

သစ်တောများအန္တရယ်ကျရောက်လောက်အောင် ဆုံးရှုံးမှုကို တားဆီးရန် ကျန်ရှိသော နည်းလမ်းများ အနက်တခုမှာ ပြင်ပမှ ဆန့်ကျင်ကန့်ကွက်ရန်နှင့် စားသုံးသူများကအရေးယူရန်ဖြစ်ကြောင်း နိုဘာက ဂါးဒီယန်းကိုပြောသည်။ “ဘရာဇီးက နိုင်ငံရေးသမားတွေက ဘရာဇီး ပြည်သူတွေအသံထက် နိုင်ငံတကာ ဖိအားကို ပိုပြီး ဂရုစိုက်ကြတယ်” ဟု သူပြောသည်။

သို့သော် စက်မှုထိပ်သီး ၇ နိုင်ငံစည်းဝေးပွဲမတိုင်မီကာလတွင် ထိုအကျပ်အတည်းနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးပြီးကမ္ဘာ၏ တုန့်ပြန်မှုသည် ရောထွေးနေသည်။ နော်ဝေးနှင့် ဂျာမဏီအစိုးရများက ဘရာဇီး အစိုးရ ၏ အမေဇုန်ရန်ပုံငွေ သို့လှူဒါန်းခြင်းကို ရပ်ဆိုင်းလိုက်သည်။ သို့သော် ဗြိတိန်နိုင်ငံသည် လွန်ခဲ့သောအပါတ်အတွင်း ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် ဘရာဇီးနှင့် စီးပွားရေးကို သာ စဉ်းစားနေသည်။

လွန်ခဲ့သောအပါတ်အတွင်းမှာတွင်ပင် ဗြိတိန်ကုန်သွယ်ရေးဝန်ကြိး ကိုနာ ဘန်းစ် သည် ဘရာစေး လီယား တွင် ဘရာဇီး ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံနေပြီး ဗြိတိန်သည် ဘရာဇီးနှင့် ပိုမိုနက်ရှိုင်း သည့် ဆက်ဆံရေးထူထောင်လိုကြောင်းပြောသည်။ ပိုမိုဆိုးရွားသည်မှာ သူ့ကို အမေဇုန်တောမီး အကြောင်းမေးသောအခါ ဘန်းစ် ကဝေဖန်ပြောကြားရန် ငြင်းဆန်ပြီး ဘိုဆန်နာရိုအစိုးရသည် သူ၏ပြည်သူများအတွက် ချမ်းသာကြွယ်ဝမှုယူဆောင်လာပေးရန် တရားဝင်ရည်မှန်းချက်ရှိသည်ဟု ပြောခဲ့ကြောင်း သတင်းများကဆိုသည်။

ယခုဖြစ်ရပ်သည် အမေဇုန်အတွက် အမှောင်မိုက်ဆုံးအချိန်ဖြစ်သည်ဟု မုတ်သုန်တော၏ အတိမ်း အစောင်းမခံနိုင်သော အမှတ်နှင့်ပတ်သက်ပြီးပူးတွဲလေ့လာခဲ့သူနှင့် ဘရာဇီး မုတ်သုန်တော များ အတွင်းတွင် နှစ်ပေါင်း ၅၀ ကျော်ကြာအလုပ်လုပ်ခဲ့သူ သောမတ် လပ်ဖ်ဂျွိုင်းက ပြောသည်။ “အတက် အကျ အနိမ့်အမြင့်တွေ အမြဲရှိပေမယ် ခြုံပြီးပြောရရင်တိုးတက်မှုလမ်းကြောင်းမှာရှိနေတယ်။

အခုတော့ ဘရာဇီးနိုင်ငံဟာ အခြားဦးတည်ဖက်လမ်းကြောင်းကိုရောက်သွားပြီ။ ပုံမှန်အခြေအနေအောက် မှာ ပြင်ပကမ္ဘာက ကူညီဖို့ကြိုးစားမှာပဲ။ ဒါပေမယ့် ဘရာဇီးအစိုးရက ဒီအကူအညီတွေကို စိတ်မဝင်စားဘူး” ဟု သူပြောသည်။

သို့သော် မီးကို ကူညီငြိမ်းသတ်ရန် ပြင်ပမှ အထူးသဖြင့် စက်မှုထိပ်သီး ၇ နိုင်ငံမှ ဒေါ်လာ သန်း ၂၀ ကတိပြုသော်လည်း ထိုငွေမှာ မီးကိုထိန်းချုပ်ရန် မီးသတ်သမားများနှင့်လေယာဉ်များစေလွှတ်ရန်သာ အဓိကရည်ရွယ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီများက လွန်စွာနည်းလွန်းသည် ဟု ပယ်ချသည်။

ပိုမိုစိတ်ပူစရာကောင်းသည်မှာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနှင့်ပတ်သက်လျှင် ကမ္ဘာကြီးသည် သဘောထားကွဲလွဲနေခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး စက်မှု ၇ နိုင်ငံဆွေးနွေး ပွဲတွင် အမေရိကန်ခေါင်းဆောင်၏ ခုံနေရာမှာ ဟာလာဟင်းလင်းဖြစ်နေခြင်းသည် ထိုအချက်ကို ပိုမိုထင်ရှားစေသည်။

စီးပွားရေးတိုးတက်ရေးအတွက် တန်ဖိုးမည်မျှပေးစပ်ရစေ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်မည့် သူများသည် ကမ္ဘာဂြိုလ်၏ အနာဂါတ်ကိုထက် ကမ္ဘာ့သစ်တောများ၏ အနာဂါတ်ကို ဓါးစာခံ အဖြစ် ချုပ်ကိုင်ထားပုံရသည်။ သို့သော် သစ်တော်များမရှိဘဲ မည်သည့်တိုးတက်မှုမျှမရှိပေ။

(  Zawgyi  )

 အမ်ားစုအားျဖင့္ စိုက္ပ်ိဳးေရးအတြက္၊ ကြၽဲႏြားေမြးျမဴျခင္းအတြက္ႏွင့္ အိမ္ၿခံေျမေဈးကစားရန္အတြက္ ေျမရွင္းလင္းရန္ တရားဝမင္ရႈိ႕သည္ မီးေပါင္း ၇၃၀၀၀ နီးပါး သည္ အေမဇုန္နာ့စ္ျပည္နယ္တြင္ အေရးေပၚ အေျခအေနေၾကညာသည္အထိျဖစ္ေစခဲ့သည္။ ထိုမီးမ်ားသည္ အေမဇုန္ မုတ္သုန္ေတာ ႀကီး ကို သတ္ျဖတ္ေနၿပီး ကမာၻေျမအတြက္ ေအာက္ဆီဂ်င္အမ်ားအျပားကို ထုတ္ေပးေနေသာ ေဂဟစနစ္တခုအတြက္ အလြန္အကြၽံပ်က္စီးေစႏိုင္ေသာေၾကာင့္ ကမာၻ႔အႀကီးမားဆုံး ကာဗြန္စုပ္ ယူသည့္ေနရာ မ်ားအနက္တခုပ်က္စီးမည္ကို ႏိုင္ငံတကာစိုးရိမ္ပူပန္မႈမ်ားျဖစ္ေစခဲ့သည္။

စိတ္ပ်က္စရာမွ ဝမ္းနည္းစရာအဆင့္သို႔ေျပာင္းလဲသြားၿပီး တကမာၻလုံးမွ ပူပန္မႈမကင္းေသာ တသီး ပုဂၢလ ပုဂၢိဳလ္မ်ားႏွင့္ အဖြဲ႕အစည္းမ်ား၏ လူမႈအသိုင္းအဝန္းသည္ အေမဇုန္သစ္ေတာတြင္ လူသား ကျပဳလုပ္သည့္ အဖ်က္လုပ္ငန္းကို ထိန္းခ်ဳပ္ရန္ နည္းလမ္းမ်ားကို ရွာေဖြလာၾကသည္။ “က်ေနာ္တို႔ အိမ္မီးေလာင္ေနၿပီ” ဟု ျပင္သစ္သမၼတ အီမန္ႏူရယ္ မက္ခ႐ႊန္က တြစ္တာတြင္ေရးသားၿပီး ျပင္သစ္ႏိုင္ငံ ဘီရာရစ္တြင္ မၾကာေသးမီကမွ ၿပီးစိးသြားေသာ စက္မႈထိပ္သီး ၇ ႏိုင္ငံ အစည္းအေဝး တြင္ ထိုကိစၥကို အေရးေပၚ ေဆြးေႏြးရန္ ေတာင္းဆိုသည္။

အေမဇုန္တြင္ ေတာမီးမ်ားမွာ ႏွစ္စဥ္ အထူးသျဖင့္ ဇူလိုင္မွ စက္တင္ဘာအထိ ေျခာက္ေသြ႕ေသာ ရာသီတြင္ ေလာင္ေနက်ျဖစ္ေသာ္လည္း ယခုႏွစ္ေလာင္ေသာပမာဏမွ ယခင္ႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ၈၄ ရာခိုင္ႏႈန္းပိုမိုမ်ားျပားသည္။

မ်ားစြာေသာ ရာသီဥတုသံသယဝါဒီမ်ားႏွင့္ ကမာၻႀကီးပိုမိုပူေႏြးလာျခင္းသည္ လူသားမ်ား၏လုပ္ေဆာင္ မႈေၾကာင့္ျဖစ္သည္ကို ျငင္းဆန္ေနသူမ်ားက ယခုႏွစ္အေမဇုန္မီးမ်ားသည္ သဘာဝျဖစ္ရပ္သာျဖစ္ သည္ ဟု ေျပာဆိုေနေသာ္လည္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝါဒီမ်ားက ထိုမီးမ်ားသည္ အဓိကအေၾကာင္းရင္းမွာ လူသားမ်ားသာျဖစ္ေၾကာင္း အခိုင္အမာေျပာသည္။

ယခုျဖစ္ပြားေနေသာ အဖ်က္လုပ္ငန္းမ်ားသည္ ဘရာဇီးႏွင့္ ကမာၻႀကီးအတြက္ ေၾကာက္မက္ဖြယ္ အက်ိဳးဆက္ မ်ားျဖစ္လာမည္ဟု သိပၸံပညာရွင္မ်ားကေျပာသည္။ သစ္ေတာျပဳန္းတီးမႈ တိုးလာျခင္း သည္ ရာသီဥတု၊ သဘာဝေတာ႐ိုင္းတိရစာၦန္ႏွင့္ သစ္ေတာတြင္းေနထိုင္သူမ်ားအတြက္ ေၾကာက္မက္ ဖြယ္ အက်ိဳးဆက္မ်ားျဖစ္လာၿပီး ထိုမုတ္သုန္သစ္ေတာႀကီးကို အၿမဲစိုစြတ္ေနေသာေဒသအဆင့္မွ ေျခာက္ေသြ႕ေသာ ဆာဗားနား ကႏၲာရအျဖစ္သို႔ ေျပာင္းလဲသြားေတာ့မည့္ အတိမ္းအေစာင္း မခံႏိုင္ေသာ အမွတ္သို႔ ေရာက္လာသည္ဟု ေဆာေပါလို တကၠသိုလ္မွ အဆင့္ျမင့္ေလ့လာေရးသိပၸံမွ အထက္တန္း သုေတသီ ကားလို႔စ္ ႏိုဘာက ေျပာေၾကာင္း ဂါးဒီဒယန္း သတင္းစာကေဖၚျပသည္။

သစ္ေတာျပဳန္းတီးမႈသည္ ယခုႏွစ္တြင္ ၂၀ မွ ၃၀ ရာခိုင္ႏႈန္းအထိတိုးလာမည့္ အေျခအေနရွိသည္ ဟုႏိုဘာကေျပာၿပီး ယခုႏွစ္အတြင္းျပဳန္းတီးမႈသည္ ဆယ္ႏွစ္ေက်ာ္အတြင္ ပထမဆုံးအႀကိမ္အျဖစ္ စတုရန္းကီလိုမီတာ ၁၀၀၀၀ ေက်ာ္ရန္ လြန္စြာျဖစ္ႏိုင္ေၾကာင္းေျပာသည္။

 “အေရအတြက္အရမ္းမ်ားတဲ့ ဒီမီးေတြဟာ ဝန္ႀကီးေတြက လုပ္ေနတဲ့ ယဥ္ေက်းမႈ တြန္းအားေတြေၾကာင့္ ပဲ။ သူတို႔ေတြက သစ္ေတာျပဳန္းတီးမႈဟာ စီးပြားေရးအတြက္ေကာင္းေတာ့ ဒါကို တြန္းအားေပးေနတယ္” ဟု ႏိုဘာက ဂါးဒီယန္းသို႔ေျပာသည္။

ေရတိုတြင္ စီးပြားေရးအတြက္ေကာင္းႏိုင္ေသာ္လည္း ႀကီးမားေသာ ေတာမီးမ်ား၏ ေရရွည္တြင္ အဖ်က္သေဘာ သက္ေရာက္မႈကို စဥ္းစားေသာအခါ ၎သည္ မိမိတို႔နားလည္ထားသည့္ စီးပြားေရး တိုးတက္မႈကို နိဂုံးခ်ဳပ္လိုက္ ႏိုင္သည္။

ယခုႏွစ္ ဘရာဇီးတြင္ မည္သည့္ေနရာအတြက္မဆို ပိုမိုမ်ားျပားေသာမီးမ်ားကို ႀကဳံေတြ႕ရေသာ ပဲပိစပ္စိုက္ပ်ိဳးရာေဒသျဖစ္သည့္ မက္တို ဂေရာ့ဆိုတြင္ မီးေလာင္ကြၽမ္းမႈမ်ားကို ဌာေနတိုင္းရင္းသား မ်ား၏ ေျမမ်ားႏွင့္ ေဘးမဲ့ေတာမ်ားအတြင္းတြင္ ပင္ေတြ႕ရွိရသည္။

သစ္ေတာမ်ားအႏၲရယ္က်ေရာက္ေလာက္ေအာင္ ဆုံးရႈံးမႈကို တားဆီးရန္ က်န္ရွိေသာ နည္းလမ္းမ်ား အနက္တခုမွာ ျပင္ပမွ ဆန႔္က်င္ကန႔္ကြက္ရန္ႏွင့္ စားသုံးသူမ်ားကအေရးယူရန္ျဖစ္ေၾကာင္း ႏိုဘာက ဂါးဒီယန္းကိုေျပာသည္။ “ဘရာဇီးက ႏိုင္ငံေရးသမားေတြက ဘရာဇီး ျပည္သူေတြအသံထက္ ႏိုင္ငံတကာ ဖိအားကို ပိုၿပီး ဂ႐ုစိုက္ၾကတယ္” ဟု သူေျပာသည္။

သို႔ေသာ္ စက္မႈထိပ္သီး ၇ ႏိုင္ငံစည္းေဝးပြဲမတိုင္မီကာလတြင္ ထိုအက်ပ္အတည္းႏွင့္ပတ္သက္ၿပီး ဖြံ႕ၿဖိဳးၿပီးကမာၻ၏ တုန႔္ျပန္မႈသည္ ေရာေထြးေနသည္။ ေနာ္ေဝးႏွင့္ ဂ်ာမဏီအစိုးရမ်ားက ဘရာဇီး အစိုးရ ၏ အေမဇုန္ရန္ပုံေငြ သို႔လႉဒါန္းျခင္းကို ရပ္ဆိုင္းလိုက္သည္။ သို႔ေသာ္ ၿဗိတိန္ႏိုင္ငံသည္ လြန္ခဲ့ေသာအပါတ္အတြင္း ဥေရာပသမဂၢမွ ႏုတ္ထြက္ၿပီးေနာက္ ဘရာဇီးႏွင့္ စီးပြားေရးကို သာ စဥ္းစားေနသည္။

လြန္ခဲ့ေသာအပါတ္အတြင္းမွာတြင္ပင္ ၿဗိတိန္ကုန္သြယ္ေရးဝန္ႀကိး ကိုနာ ဘန္းစ္ သည္ ဘရာေစး လီယား တြင္ ဘရာဇီး ကုန္သြယ္ေရးဝန္ႀကီးႏွင့္ ေတြ႕ဆုံေနၿပီး ၿဗိတိန္သည္ ဘရာဇီးႏွင့္ ပိုမိုနက္ရႈိင္း သည့္ ဆက္ဆံေရးထူေထာင္လိုေၾကာင္းေျပာသည္။ ပိုမိုဆိုး႐ြားသည္မွာ သူ႔ကို အေမဇုန္ေတာမီး အေၾကာင္းေမးေသာအခါ ဘန္းစ္ ကေဝဖန္ေျပာၾကားရန္ ျငင္းဆန္ၿပီး ဘိုဆန္နာ႐ိုအစိုးရသည္ သူ၏ျပည္သူမ်ားအတြက္ ခ်မ္းသာႂကြယ္ဝမႈယူေဆာင္လာေပးရန္ တရားဝင္ရည္မွန္းခ်က္ရွိသည္ဟု ေျပာခဲ့ေၾကာင္း သတင္းမ်ားကဆိုသည္။

ယခုျဖစ္ရပ္သည္ အေမဇုန္အတြက္ အေမွာင္မိုက္ဆုံးအခ်ိန္ျဖစ္သည္ဟု မုတ္သုန္ေတာ၏ အတိမ္း အေစာင္းမခံႏိုင္ေသာ အမွတ္ႏွင့္ပတ္သက္ၿပီးပူးတြဲေလ့လာခဲ့သူႏွင့္ ဘရာဇီး မုတ္သုန္ေတာ မ်ား အတြင္းတြင္ ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာအလုပ္လုပ္ခဲ့သူ ေသာမတ္ လပ္ဖ္ဂြၽိဳင္းက ေျပာသည္။ “အတက္ အက် အနိမ့္အျမင့္ေတြ အၿမဲရွိေပမယ္ ၿခဳံၿပီးေျပာရရင္တိုးတက္မႈလမ္းေၾကာင္းမွာရွိေနတယ္။

အခုေတာ့ ဘရာဇီးႏိုင္ငံဟာ အျခားဦးတည္ဖက္လမ္းေၾကာင္းကိုေရာက္သြားၿပီ။ ပုံမွန္အေျခအေနေအာက္ မွာ ျပင္ပကမာၻက ကူညီဖို႔ႀကိဳးစားမွာပဲ။ ဒါေပမယ့္ ဘရာဇီးအစိုးရက ဒီအကူအညီေတြကို စိတ္မဝင္စားဘူး” ဟု သူေျပာသည္။

သို႔ေသာ္ မီးကို ကူညီၿငိမ္းသတ္ရန္ ျပင္ပမွ အထူးသျဖင့္ စက္မႈထိပ္သီး ၇ ႏိုင္ငံမွ ေဒၚလာ သန္း ၂၀ ကတိျပဳေသာ္လည္း ထိုေငြမွာ မီးကိုထိန္းခ်ဳပ္ရန္ မီးသတ္သမားမ်ားႏွင့္ေလယာဥ္မ်ားေစလႊတ္ရန္သာ အဓိကရည္႐ြယ္ေသာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝါဒီမ်ားက လြန္စြာနည္းလြန္းသည္ ဟု ပယ္ခ်သည္။

ပိုမိုစိတ္ပူစရာေကာင္းသည္မွာ ရာသီဥတုေျပာင္းလဲမႈတိုက္ဖ်က္ေရးႏွင့္ပတ္သက္လွ်င္ ကမာၻႀကီးသည္ သေဘာထားကြဲလြဲေနျခင္းျဖစ္သည္။ ရာသီဥတုေျပာင္းလဲမႈတိုက္ဖ်က္ေရး စက္မႈ ၇ ႏိုင္ငံေဆြးေႏြး ပြဲတြင္ အေမရိကန္ေခါင္းေဆာင္၏ ခုံေနရာမွာ ဟာလာဟင္းလင္းျဖစ္ေနျခင္းသည္ ထိုအခ်က္ကို ပိုမိုထင္ရွားေစသည္။

စီးပြားေရးတိုးတက္ေရးအတြက္ တန္ဖိုးမည္မွ်ေပးစပ္ရေစ တုံးတိုက္တိုက္ က်ားကိုက္ကိုက္ လုပ္မည့္ သူမ်ားသည္ ကမာၻၿဂိဳလ္၏ အနာဂါတ္ကိုထက္ ကမာၻ႔သစ္ေတာမ်ား၏ အနာဂါတ္ကို ဓါးစာခံ အျဖစ္ ခ်ဳပ္ကိုင္ထားပုံရသည္။ သို႔ေသာ္ သစ္ေတာ္မ်ားမရွိဘဲ မည္သည့္တိုးတက္မႈမွ်မရွိေပ။