【 နိုင်ငံတကာဆောင်းပါး 】အင်တာနက်ကို အားလုံး ကောင်းစွာ အသုံးပြု၊ စီမံ၊ ဖွံ့ဖြိုး တိုးတက်ရေး

 【  နိုင်ငံတကာဆောင်းပါး  】အင်တာနက်ကို အားလုံး ကောင်းစွာ အသုံးပြု၊ စီမံ၊ ဖွံ့ဖြိုး တိုးတက်ရေး

လွန်ခဲ့သောရာစုနှစ်က လူသားများသည် ယနေ့ကမ္ဘာကြီ ယခုလောက်အထိ အပြန်အလှန် ဆက်စပ်လာလိမ့်မည်ဟု မည်သည့်အခါကမျှစိတ်ကူးပုံဖေါ်ထားနိုင်မည်မဟုတ်ပေ။

လွန်ခဲ့သောနှစ် ၅၀ မှစတင်ဖန်တီးလိုက်ချိန်မှစတင်ပြီး အင်တာနက်သည် တီထွင်ဆန်းသစ်မှုများကို လှုံ့ဆော်ပေးခြင်း ရပ်တန့်သည်ဟု မရှိခဲ့ပေ။ ကမ္ဘာ့ ဉာဏပစ္စည်း အဖွဲ့၏ အဆိုအရ လွန်ခဲ့သော နှစ် ၂၀ အတွင်း မူပိုင်ခွင့်လျှောက်ထားမှုအရ ကမ္ဘာတွင် ထိပ်တန်း ကုမဏီ ၃၀ တွင် ၈၀ ရာခိုင်နှုန်းသည် အင်တာနက်နှင့် ပတ်သက်သော ကုမဏီများဖြစ်သည်။ ၎င်းကို ကျယ်ပြန့်စွာ အသုံးပြုခြင်းကြောင့် အင်တာနက်သည် စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး စသည့်ကဏ္ဍ များ တွင် တီထွင်ဆန်းသစ်မှုများကို မောင်းနှင်ရာတွင် ကြီးမားသောအခန်းမှ ပါဝင်လာသည်။

အက်တာနက်သည် စီးပွားရေးနှင့် လူမှုတိုးတက်မှုများကို အဆုံးမရှိမောင်းနှင်ပေးသည်။  ကွန်ပြူတာ များ၏ အမှတ်သင်္ကေတဖြစ်သောဒစ်ဂျစ်တယ် တော်လှန်ရေးနှင့် ၂၀ ရာစုပြီးဆုံးချိန်က အင်တာနက် သည် ကြီးမားသော ကြွယ်ဝချမ်းသာခြင်းကို ယူဆောင်လာပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စု အနေဖြင့် ၎င်း၏ စီးပွားရေးနှင့် နည်းပညာ မဟာအင်အားကြီး နိုင်ငံအဆင့်ကို ပိုမိုခိုင်မာစေ ခဲ့သည်။ ယနေ့ အရာအရာအတွက် အင်တာနက်က ကိုယ်စားပြုနေသော သတင်းအချက်အလက်တော်လှန်
ရေးနှင့် ကြီးမားသော သတင်းအချက်အလက်များသည် တိုးတက်နေပြီး ကမ္ဘာ့စီးပွားရေး၏ မောင်းနှင် အားဖြစ်နေသည်။ ကုလသမဂ္ဂက စက်တင်ဘာလတွင် ထုတ်ပြန်သော ဒစ်ဂျစ်တယ်စီးပွားရေး အစီရင်ခံစာအရ ကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွားရေးသည် ဒေါ်လာ ၁၁.၅ သန်းတန်ကြေးရှိပြီး ကမ္ဘာ့ စီးပွားရေး ထုတ်လုပ်မှုအားလုံး၏ ၁၅.၅ ရာခိုင်နှုန်းရှိနေသည်။

အင်တာနက်သည် ပြည်သူများနှင့်နိုင်ငံများအကြားအကွာအဝေးကို ပိုမိုလျှော့ချပေးပြီး အချိန်နှင့် ဟင်းလင်းပြင်တို့နှင့်ပတ်သက်သော ရိုးရာအမြင်ကို ပြောင်းလဲပစ်ကာ ပိုမိုများပြားသောသူများကို သတင်းနည်းပညာအောင်မြင်မှု၏ တိုးတက်မှုအသီးအပွင့်များကို ခံစားစေသည်။ ထို့အပြင် ၎င်း၏ ဆက်သွယ်ရေးအခန်းကဏ္ဍအရ အင်တာနက်သည် အွန်လိုင်းဈေးဝယ်ရာတွင်၊ ခရီးသွားခြင်းကို မျှဝေရာတွင်၊ မိုဘိုင်းငွေပေးချေမှုလုပ်ဆောင်ရာတွင်နှင့် အွန်လိုင်းလေ့လာသင်ယူမှုတို့ကို လွယ်ကူစေခြင်း လူသား တိုင်း၏ နေ့စဉ်ဘဝကို နက်ရှိုင်းစွာပြောင်းလဲပြစ်လိုက်သည်။

အင်တာနက်၏ ဖွံ့ဖြိုးမှု စနစ်သည် ပိုမိုအင်အားတောင့်တင်းလာမည်ဖြစ်ပြီး ၎င်း၏ တိုးတက်မှု နယ် ပယ်သည်လည်း သိပံနှင့်နည်းပညာတော်လှန်ရေးများနှင့် စက်မှုအသွင်ကူးပြောင်းမှု အရှိန်အဟုန် များနှင့်အတူ နယ်ပယ် ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။ သို့သော် ဆိုက်ဘာနယ်ပယ်သည် လက်တွေ့ နယ်ပယ်ကဲ့သို့ပင် သတင်းနည်းပညာ အလွဲသုံးမှု၊ ဆိုက်ဘာနယ်ပယ်တွင် လက်နက်ပြိုင်ဆိုင်ခြင်း၊ ဟက်ကာတိုက်ခိုက်မှုနှင့် ဆိုက်ဘာ ထောက်လှမ်းစောင့်ကြည့်မှုစသည့်  ပြဿနာများနှင့် စိန်ခေါ်မှု များကို ရင်ဆိုင်နေရသည်။ ထိုပြဿနာများသည် အင်တာနက်လုံခြုံရေးနှင့် စနစ်အတွက် ခြိမ်းခြောက် မှုများဖြစ်နေသည်။ နိုင်ငံတကာဆိုက်ဘာနယ်ပယ်ကို အုပ်ချုပ်စီမံခြင်း၊ ကလေးသူငယ်များကို အကာ အကွယ်ပေးခြင်း၊ ကွန်ရက်အချက်အလက်များလုံခြုံရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၏ ခိုင်မာသော တိုးတက်မှုစသည်တို့သည် အင်တာနက်စီမံအုပ်ချုပ်မှု စနစ်က အလျှင်အမြန် တိုးတက်အောင် လုပ်ဆောင် ရမည့် ပြဿနာများဖြစ်နေသည်။

ပြည်သူများအနေဖြင့် တဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒများကို လမ်းခွဲပြီး ဆက်စက်မှု၊ မျှဝေမှုနှင့် ပွင့်လင်းစသော ပူးပေါင်းဆောင်ရွက်မှုတို့ကို ကြွယ်ဝချမ်းသာခြင်းနှင့် တိုးတက်မှု၏ မောင်နှင်အားအဖြစ် ကြိုဆိုရမည့်အချိန်ဖြစ်ပေသည်။

(  Zawgyi  )





