【 နိုင်ငံတကာဆောင်းပါး 】လွတ်လပ်ခွင့်ကြောင့် ဖြစ်လာသည့် ကိုဗစ်ကူးစက်မှု အန္တရာယ်

【 နိုင်ငံတကာဆောင်းပါး 】လွတ်လပ်ခွင့်ကြောင့် ဖြစ်လာသည့် ကိုဗစ်ကူးစက်မှု အန္တရာယ် 

ကပ်ရောဂါဖြစ်ပွားမှု ၂ နှစ်ခန့်ရှိလာချိန် ဤကပ်ဆိုးကြီး ပြီးဆုံးမယ့် လက္ခဏာတော့မမြင်ရ သေးပါ။ လူများကပ်ရောဂါကြောင့် ပြန်လည် ရုန်းကန်နေချိန် သံသယဖြစ်စရာတွေကလည်း များလာ ပါတယ်။ဘာကြောင့် ကပ်ရောဂါဟာ ဖြစ်ပေါ်ခါစတုန်းကထက် ပိုမိုပြင်းထန်လာတာလဲ။ လွတ်လပ်မှုကို အဓိက ထားပါတယ်ဆိုတဲ့ အမေရိကန်ဟာ ဘယ်နေရာမှာ ရပ်တည်နေတာလဲ၊  ဤကပ်ဆိုးကြီးကို ထိန်းချုပ်နိုင်ဖို့ ပျက်ကွက်ခဲ့တာ ဘယ်နှကြိမ်ရှိနေပြီလဲ။ ကပ်ရောဂါဘယ်ကနေ စတင်ခဲ့သလဲဆိုတာကို စစ်ဆေးနိုင်ရန် ဘာကြောင့် အမေရိကန်အစိုးရဟာ စိတ်ဝင်စားမှုမရှိခဲ့တာလဲ။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်တွင် နိုင်ငံတကာတွင် ကပ်ရောဂါထပ်မံပြန့်ပွားမှုအတွက် အမေရိကန်တွင် တာဝန်ရှိတယ် ဆိုသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ခုတက်လာခဲ့ပါတယ်။ ထိုဆောင်းပါးတွင် အမေရိကန်နိုင်ငံကြောင့် ပြန့်ပွားသွားသော ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားမှု၊ အမေရိကန်ဟာ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ဖြန့်ဝေနေသော နိုင်ငံဖြစ်နေမှု နှင့် အမေရိကန်နိုင်ငံဟာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ကြိုးကိုင်ခြယ်လှယ်နေမှုတို့အကြောင်းကို ရေးသားဖော်ပြထားပါတယ်။
 
လွတ်လပ်မှုကို အကြောင်းပြုပြီး လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာပွဲကျင်းပခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ကြိုးကိုင်ခြယ်လှယ်ခွင့်နှင့် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လွတ်လပ်မှုပေးခြင်း တို့ကြောင့် အမေရိကန်နိုင်ငံဟာ ကမ္ဘာကို အန္တရာယ်များသော နေရာအဖြစ် တဖြည်းဖြည်းခြင်း လုပ်ဆောင်နေပါတယ်။
 
 
၁  လွတ်လပ်စွာသွားလာခွင့်ကြောင့် ကိုဗစ်-၁၉ ပြန်လည်ပြန့်ပွား
 
 
ကိုဗစ်-၁၉ ပြန်လည် ပြန့်ပွားနေချိန်တွင် နိုင်ငံအများစုဟာ ခရီးသွားခွင့်ကို ထိန်းချူပ်နေချိန်မှာ အမေရိကန် နိုင်ငံဟာ လျှော့ပေါ့တဲ့မူဝါဒကိုကျင့်သုံးနေပြီး ကိုဗစ်-၁၉ ပြန့်ပွားမှု၏ အလယ်ဗဟိုဖြစ်လာပြီးနောက် နိုင်ငံတကာကိုလည်း ကိုဗစ်-၁၉ ပြန့်ပွားမှုဖြစ်ပေါ်စေခဲ့ပါတယ်။
 
၂၀၂၀ ဩဂုတ်လတွင် နိုင်ငံတကာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ သန်း ၂၀ နီးပါးဖြစ်လာခဲ့ချိန် အမေရိကန်နိုင်ငံတစ်ခုတည်းတွင် ကူးစက်မှုနှုန်းက ၅ သန်းခန့်ရှိခဲ့ပါတယ်။ သို့သော်လည်း အမေရိကန်၏ နိုင်ငံခြားရေး ဝန်ကြီး ဌာနကတော့ ကိုဗစ်-၁၉ ဟာ ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်း စီးပွားရေးပြန်လည် လည်ပတ်လို့ရအောင်သာ လုပ်ဆောင်ရန်လိုကြောင်း ပြောပါတယ်။ ထိုအချိန်တွင် နိုင်ငံတကာတွင် ခရီးသွားခွင့်များကို ကန့်သတ်ထား ကြပါတယ်။သို့သော်လည်း ၂၀၂၀ ဧပြီလ အနေ ၂၀၂၁ မတ်လအတွင်း နိုင်ငံတကာကို ကုန်းလမ်း၊ လေကြောင်းလမ်းကနေ ခရီးသွားနေကြသော အမေရိကန်နိုင်ငံသားများဟာ ၂၃.၁၉၅ သန်းရှိကြောင်း အမေရိကန် အမျိုးသား ခရီး သွားရေးရုံးက ပြောပါတယ်။ ထို့ကြောင့် လွတ်လပ်စွာခရီးသွားလာခွင့် ဆိုသော အတွေးအခေါ်များကြောင့် အမေရိကန်နိုင်ငံအတွင်းက ကြီးမားသောကူးစက်မှုများဟာ နိုင်ငံတကာကို ကိုဗစ်-၁၉ လျင်မြန်စွာပြန့်ပွားစေခဲ့ပါတယ်။
 
တောင်ကိုရီးယားတွင် နိုင်ငံခြားပြန်သူများတွင် တွေ့ရှိထားသော ကူးစက်မှု ၃၀ ရာခိုင်နှုန်းခန့်ဟာ အမေရိကန်နိုင်ငံကနေ ပြန်လာသူများဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံ၏ ကိုဗစ်-၁၉ တွေ့ရှိမှု ၁၄ ရာခိုင်နှုန်းခန့်ကလည်း အမေရိကန်နိုင်ငံကနေ ဝင်ရောက်လာသူများတွင် တွေ့ရှိတာဖြစ်ပါတယ်။
 
 
၂ ။ ပွဲတော်များကျင်းပခွင့် 
 
 
ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားတွင်ရှိသော အမေရိကန်စစ်သားများဟာ ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိပဲ ပွဲကျင်းပခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သူတို့ရှိသော ဂျပန်နှင့် တောင် ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်မှုများဖြစ်ပွားစေခဲ့ပါတယ်။ ၂၀၂၀ ဇူလိုင်လတွင် အိုကီနာဝ က ဟီလ်တန်ဟိုတယ်တွင် ကွာရင်တင်း ဝင်နေကြသော ဂျပန်စစ်သားများဟာ မြို့လယ်ခေါင်က အမေရိကန်လွတ်လပ်ရေးနေ့ပွဲကို တက်ရောက်ခဲ့ကြပြီး ထိုပွဲကို တက်ရောက်သူများဟာ ကိုဗစ်-၁၉ စည်ကမ်းများကို လိုက်နာခြင်းမရှိသလို နှာခေါင်းစည်းတပ်ဆင်ခြင်း လည်းမရှိခဲ့ကြပါဘူး။
 
ဂျပန်စစ်သားများနဲ့ အမေရိကန်စစ်သားများ အတူတူစစ်ရေးလေ့ကျင့်မှုများကြောင့် အိုကီနာဝခရိုက်တွင် ကိုဗစ်-၁၉ ကူးစက်မှုပြန်လည်းမြင့်တက် ခဲ့ပါတယ်။ ထို့အပြင် ၂၀၂၀ ဇူလိုင်လတွင် တောင်ကိုရီးယားနိုင်ငံ အိုဆန် နှင့် ဒေဂူး စခန်းတွင် ရှိသော အမေရိကန်စစ်သားများဟာ ဘူဆန်တွင် အမေရိကန်လွတ်လပ်ရေးနေ့ကို သွားရောက်ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ နှာခေါင်းစည်းတပ်ခြင်းမရှိခဲ့ကြပါဘူး ထို့အပြင် မီးပန်းများကိုလည်း ဖောက်ခဲ့ကြပါတယ်။ ထို့နောက် ဘူဆန်တွင် ကိုဗစ်-၁၉ ကူးစက်မှု နေ့စဉ်မြင့်မားလာခဲ့ပါတယ်။
 
တစ်ချိန်တည်းမှာပဲ ဗီယက်နမ်နိုင်ငံကိုသွားရောက်ခဲ့သော အမေရိကန်စစ်သားများဟာ ကိုဗစ်-၁၉ ပြန်ပွားမှုဖြစ်ပေါ်စေခဲ့ပါတယ်။ ၂၀၂၀ မတ်လတွင် အမေရိကန်လေယာဉ်တင်စစ်သင်္ဘောကြီး Roosevelt ဟာ ဗီယက် နမ်နိုင်ငံက ဒါနန်ဆိပ်ကမ်းသို့ရောက်ရှခဲ့ပါတယ်။ ထို့နောက် ဗီယနမ်နိုင်ငံသားဟာ သင်္ဘောပေါ်သို့တက်ကာ လေ့ လာခဲ့ကြပါတယ်၊ ထိုအချိန်က ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ထားခြင်းလည်း မရှိခဲ့ပါဘူး။ ထို့နောက် အမေရိကန်စစ်သားများနှင့် အရာရှိများ ၅၀၀၀ ခန့်ဟာ ဒါနန်မြို့ကိုလည်ပတ်ခဲ့ကြပါတယ်။ အမေရိကန် စစ်သင်္ဘော ကြီးထွက်ခွာသွားပြီးနောက် ဗီယနမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပါတယ်။
 
 
၃ ။ လွတ်လပ်စွာ စုဝေးခွင့် 
 
 
CNN ၏ ၂၀၂၀ ဒီဇင်ဘာလ ၁၁ နေ့တွင်ကြေညာချက်အရ မာဆာချူးဆက်ပြည်နယ်တွင်ရှိသော Broad Institute က လက်ဗွေစမ်းသပ်လေ့လာရေးအခန်းဟာ ၂၀၂၀ ဖေဖော်ဝါရီလ ပိုင်းက ကျင်းပခဲ့သော ပွဲကြောင့် ကို ဗစ်-၁၉ ကူးစက်ပြန့်ပွားရာနေရာဖြစ်လာခဲ့ကြောင်း၊ ထိုပွဲကို တက်ရောက်သူပေါင်း ၂၄၅၀၀၀ ခန့်ရှိခဲ့ကြောင်း၊ ထို နေရာမှ အမေရိကန်နိုင်ငံတစ်ဝှမ်းနှင် ဥရောပသို့ ကိုဗစ်-၁၉ ပြန့်ပွားမှုဖြစ်စေခဲ့ကြောင်း ပြောပါတယ်။
 
နောက်ထပ် လက်ကနေ ပြန့်ပွားခဲ့သော ကိုဗစ်-၁၉ ပြန့်ပွားမှုဟာ အမေရိကန်နိုင်ငံတွင် လူပေါင်း ၈၈၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကူးစက်စေခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ထို့ကြောင့် ကာကွယ်မှုမရှိပဲ နိုင်ငံတကာက လူပေါင်း ၂၀၀ ခန့်ဖြင့် ကျင်းပခဲ့သော ပွဲတစ်ပွဲကြောင့် နိုင်ငံတကာတွင် လူထောင်ပေါင်းများစွာကို ဖြစ်ပေါ် စေခဲ့ပါတယ်။
 
 
၄ ။ နိုင်ငံရေးသမားများ၏ လွတ်လပ်မှုကို လိုရာဆွဲသုံးခြင်း 
 
 
ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ထိရောက်မှုမရှိခြင်းဟာ အမေရိကန်ရှိ နိုင်ငံရေးသမားများ၏ ကမ္ဘာကိုသွန်း လောင်းလိုက်သော ညစ်ညမ်းသောရေကြောင့် ဖြစ်ပါတယ်။ ထိုရေများကို တရုတ်ကိုလည်းကောင်း၊ တရုတ်ဆန့်ကျင်ရေးအဖြစ်လည်း အသုံးချခဲ့ကာ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပွင့်လင်းမြင်သာမှုကို နာမည် ပျက်အောင်ပြုလုပ်ခဲ့ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ကို တရုတ်ဗိုင်းရပ်စ် လို့တောင်ခေါ်ခဲ့ကာ တရုတ်-အမေရိကန် နှစ်နိုင်ငံ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပူးပေါင်းမှုကို အလေးမထားခဲ့ပါဘူး။
 
ထိုအချိန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ဟာ အမေရိကန်နိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် တာဝန် မကျယ်ဟုဆိုကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို ရန်ပုံငွေထောက်ပံ့ရေး ကိုအရေးတကြီးလိုအပ်နေချိန်တွင် ရပ် တန့်ခဲ့ပါတယ်။ 
 
 
၅ ။ လွတ်လပ်မှုပေးထားသော ကာကွယ်ဆေး များ 
 
 
အမေရိကန်နိုင်ငံဟာ လူသားချင်စာနာရေးနှင့် လူ့အခွင့်အရေးခေါင်းစဉ်တို့ကို အမြဲတမ်းအလေးထား ပြောကြားသောနိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း ကာကွယ်ဆေးဖြန့်ချိရေးနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံသားများကိုသာ ဦးစားပေးတာကိုမြင်ရပြီး အမျိုးသားရေးဝါဒကို ပိုအလေးထားတာကို တွေ့ရပါတယ်။  အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ကာကွယ်ဆေးဖြန့်ချိရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ခြင်းမရှိသလို တရုတ်နိုင်ငံကို ကာကွယ်ဆေးနဲ့ပတ်သက်ပြီး စွပ်စွဲထားပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံဟာ ကာကွယ်ဆေးထုတ်လုပ်မှု ကုန်ကြမ်းတင်ပို့မှုတွင် ပိတ်ဆို့မှုများပြုလုပ်ပြီး သူတို့ကတော့ ကြီးမားတဲ့ ကာကွယ်ဆေးများကို သိုလှောင် ထားကာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကာကွယ်ဆေးဖြန့်ဝေရေးတွင် နှောင့်နှေးနေပါတယ်။
ဗြိတိန်နိုင်ငံရှိ Look at the World with Data တွင် ဖော်ပြထားသော အချက်အလက်များအရ အာဖရိကတိုက် တွင်ရှိသော ၁.၃ ဘီလီယံခန့်သောလူများတွင် ၇ ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေးကို ပြည့်စုံစွာ ထိုးသူများ ဖြစ်ပြီး ၁၁ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ပထမအကြိမ်သာထိုးရသေးကြောင်း ဖော်ပြထားပါတယ်။ 
 
Global Alliance for Vaccines and Immunization တွင် အလုပ်မှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဆက်ဘာကလေ၏ ပြောကြားချက်အရ ကမ္ဘာပေါ်ရှိလူအများ ကာကွယ်ဆေးပြည့်စုံစွာ ထိုးနှံခြင်းမရှိသေးသ၍ ကိုဗစ်-၁၉ မျိုးကွဲများ ထပ်မံပေါ်လာအုံးမည်ဖြစ်ပြီး ကပ်ရောဂါအချိန်ကလည်း ကြာအုံးမည်ဟု ပြောပါတယ်။
 
အမေရိကန်နိုင်ငံ၏ လွတ်လပ်မှုများကြောင့် သိပ္ပံနည်းကျ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဗျူဟာများဟာ ကြန့်ကြာနေပြီး နိုင်ငံတကာရှိ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို နှေးကွေးစေပါတယ်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိလူအများ၏ လွတ်လပ်မှုကို စွန့်လွှတ်နေရပါတယ်။ အမေရိကန်၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကြောင့် မလိုလားအပ်သော သေဆုံး မှုများဖြစ်ပေါ်နေပြီး လူအသိုင်းအဝိုင်းအတွင်း မကောင်းမှုများကို ယူဆောင်လာပြီး ဒါအတွက် အမေရိကန် နိုင်ငံဟာ တာဝန်ရှိကြောင်း ကို မှတ်တမ်းထားသင့်တယ်မဟုတ်လား။
 
Ref: chinanews
 
Naing