【 နိုင်ငံတကာဆောင်းပါး 】ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်သော ကျန်းမာရေးအကျပ်အတည်းဖြစ်လာ

【  နိုင်ငံတကာဆောင်းပါး  】ရာသီဥတုပြောင်းလဲမှုကြောင့်  ပြင်းထန်သော ကျန်းမာရေးအကျပ်အတည်းဖြစ်လာ

ရာသီဥတု အကျပ်အတည်းသည် ကျန်းမာရေး အကျပ်အတည်းဖြစ်သည်။ ကမ္ဘာကြီးပိုမိုပူနွေးခြင်းကို ဖြစ်စေသော ဓါတ်ငွေ့ထုတ်လွှတ် မှုများသည်ပင် မိမိတို့ ရှုရှိက်နေသောလေကို ညစ်ညမ်းစေခြင်းအတွက် အကြီးအကျယ်တာဝန်ရှိပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာနှင့် ရောဂါကူးစက်မှုများကို ဖြစ်စေကာ လူ့ခန္ဒာကိုယ်အတွင်းမှ အင်္ဂါအစိတ်အပိုင်းတိုင်းကို ထိခိုက်စေသည်။ လေထု ညစ်ညမ်းခြင်းသည် ဆေးရွက်အသစ်တမျိုးဖြစ်ပြီး စီးကရက်ကဲ့သိုပင်များပြားလှသောသူများကို သေဆုံးစေသည်။ လေထုညစ်ညမ်း ခြင်း သည် ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်အမျိုးသမီး စသည့် မိမိတို့အားလုံးကို ခြိမ်းခြောက်နေပြီး ကိုယ်ခံစွမ်းအား စနစ် အားနည်း သော အရွယ်ရောက်ပြီးသူများအတွက် အန္တရာယ်ကြီးသည်။

ဆေးလိပ်သောက်ခြင်းသည် သင်နှင့်သင့်ပတ်ဝန်းကျင်ကို အပြင်းအထန်ထိခိုက်စေသည် ယခုလူတိုင်းသိကြသည်။ ထို့ကြောင့်ပင် ဆေးရွက်ကြီး ကုမဏီများ ဆွဲဆောင်မှုများနှင့် ကြော်ငြာများကို ကမ္ဘာတဝှမ်းတွင် တင်းကျပ်စွာ စည်းကမ်းထိန်းချုပ်ထားသည်။ ကမ္ဘာတဝှမ်းတွင် မိမိတို့သည့် လက်ရှိကျန်းမာရေးမူဝါဒများကို ကာာကွယ်ရန်နှင့် ၎င်းတို့၏ ထုတ်ကုန်သည်သတ်ဖြတ်နေသည်ဆိုသည့် အမှန်တရားကို ထိုကုမဏီများ ထုတ်ဖေါ်ပြောဆိုရန် လုပ်ဆောင်ခဲ့ကြသည်။

လေထုညစ်ညမ်းမှုနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများကြောင့်ဖြစ်ပေါ်သော ရာသီဥတုပြောင်းလဲမှုသည် အလားတူ သေစေနိုင် စွမ်းရှိကြောင်း မိမိတို့သိသောအခါ မိမိတို့၏ တုံ့ပြန်မှုသည် လွန်စွာ ကွဲပြားလာသည်။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာလုပ်ငန်းက အစိုးရများကို ဆွဲဆောင်စည်းရုံးခြင်းကို တားဆီးမည့် သို့မဟုတ် ကျောက်မီးသွေး၊ ရေနံနှင့် ဓါတ်ငွေ့ကုမဏီများကို နှစ်စဉ် အထောက် အပံ့ အမေရိကန်ဒေါ်လာ ၃၇၀ ဘီလျှံရက်ရက်ရောရောပေးနေသည်ကို အဆုံးသတ်မည့် မူဝါဒများ မည်သည့်နေရာတွင် ရောက်နေသ နည်း။ မိမိတို့ကို သတ်ဖြတ်မည့် ထုတ်ကုန်များကို မည်သည့်အတွက် ငွေထုတ်ပေးနေသနည်း။

ဆေးရွက်ကြီးကို ကမ္ဘာက ပြင်းပြင်းထန်ထန်တုံ့ပြန်သကဲ့သို့ပင် အန္တရာယ်များလှသော ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ အသုံးပြုမှု အဆုံးသတ်ရေးသည် လက်ရှိမူဝါဒ ကြားဝင်စွက်ဖက်မှုနှင့် လူမှုလှုပ်ရှားအားထုတ်မှုများကို အရှိန်မြှင့်တင်ရန်လိုမည်ဖြစ်သည်။ ကံကောင်းသည်မှာ အချို့သော နိုင်ငံစုံ ဘာဏ္ဍာရေး အဖွဲ့အစည်းများသည် ထိုသို့သော အပြောင်းအလဲများကို ကိုယ်စားပြုသည့် အခွင့်အလမ်းများကို အသိအမှတ်ပြုကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုရပါက မလျှော့ကျသော ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ စီမံကိန်းများကို ငွေကြေးထောက်ပံ့မှုအားလုံးကို အဆုံးသတ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းသို့ ၎င်း၏ အများပြည်သူဆိုင်ရာ နှင့် ပုဂ္ဂလိက ငွေရင်းများကို အားပေးရန် ၎င်း၏ အနေအထားကို အသုံးပြုမည်ဟု ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်က မကြာသေးမီက ကြေညာခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာကို အဆုံးသတ်ခြင်းနှင့် လက်ရှိလမ်းကြောင်းကို ဆက်လက်လုပ်ကိုင်ခြင်း အကြားရွေးချယ်မှုသည် အဖြူအမဲသဲကွဲသောကိစ္စ သို့မဟုတ် သေရေးနှင့် ရှင်ရေးကိစ္စဖြစ်သည်။ မိမိတို့သည် မော်တော်ယာဉ် မီးခိုးငွေ့များကြောင့် တနှစ်လျှင် လူ ၇ သန်း အချိန်မတိုင်မီသေဆုံးရခြင်းကို တားဆီးရန်လေထုကို သန့်စင်ခြင်းနှင့် လူထုကို သန့်ရှင်းသော စွမ်းအင်ရင်းမြစ်များ ပေးအပ်ခြင်း လုပ်မလုပ်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ မိမိတို့သည် မော်တော်ယာဉ် မီးခိုးများကြောင့် တနှစ်လျှင် ကလေးသူငယ်ပန်းနာ ရင်ကျပ် ဖြစ်ခြင်း ၄ သန်းကို တားဆီးမည် မတားဆီးမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ မည်သို့ဆိုစေကာမူ ယနေ့မွေးဖွားသော ကလေးတယောက် ၏ တသက်တာကျန်းမာရေးသည် မိမိတို့ယနေ့နှင့်နောင်တွင် ချမှတ်သည့် ဆုံးဖြတ်ချက်ကြောင့် အကြီးအကျယ်သက်ရောက် ခံရမည်ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ရာသီဥတုပြောင်းလဲမှုကို အဖွဲ့အစည်းဆိုင်ရာ ထိပ်တန်းဦးစားပေး အဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုသည် စီးပွားရေးလုပ်ငန်းအားလုံး၊ အစိုးရအားလုံးနှင့် နိုင်ငံစုံအဖွဲ့အစည်းအားလုံး၏ ဦးစားပေးလည်း ဖြစ်သင့် သည်။ ထိုကိစ္စကို ဦးစားပေးခြင်းသည် ခက်ခဲသော ရွေးချယ်မှုများကို ပြုလုပ်ရန်လိုအပ်သော စိတ်ဓါတ်အင်အားကိုပေးသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်ခြင်းကို လျှော့ချရန်ယနေ့ဆုံးဖြတ်ခြင်းနှင့် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းကို စက်မှုခေတ် မတိုင်မီက ထက် ၁.၅ ဒီဂရီ ဆဲလ်စီးယပ်ထက် မကျော်အောင် ထိန်းသိမ်းခြင်းအားဖြင့် မိမိတို့သည် မိမိတို့ကမ္ဘာမြေကို အနာဂါတ်မျိုးဆက်သစ် များဆက်လက်နေထိုင်နိုင်အောင် ထိန်းသိမ်းနိုင်မည်သာမက တနှစ်လျှင် လူတသန်း၏ အသက်များကို ကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သိရသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံများတွင် လေထုညစ်ညမ်းမှုကို အဆုံးသတ်ခြင်းသည် စီးပွားရေးအရ နှစ်စဉ် ကျန်းမားရေားကုန်ကျစရိတ်ကြောင့် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု ၄ ရာခိုင်နှုန်းကို ချွေတာရာရောက်သည်။ ဓါတ်ငွေ့ထုတ်လွှတ် မှု လျှော့ချခြင်းသည် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းအား ၁.၅ ဒီဂရီ ဆဲလ်စီးယပ်တွင် ထိန်းထားခြင်းသည် တရုတ်နှင့် အိန္ဒိယတွင် နောက်ဆက် တွဲကျန်းမာရေး အကျိုးကျေးဇူးများအတွက် ပေးဆပ်ရန်မက ဖြစ်စေသည်။ အလားတူစွာပင် မိမိတို့၏ အစားအစာနှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို ပြောင်းလဲခြင်းသည် လေထုကိုသန့်စင်စေပြီး ရာသီဥတုကို တည်ငြိမ်စေကာ ကျန်းမာရေးနှင့် ကိုက်ညီသော အစားအစာများပေးခြင်းနှင့် ရုပ်ပိုင်းပိုမိုလှုပ်ရှားခြင်းအားဖြင့် ပိုမိုများပြားသော အသက်များကို ကယ်ဆယ်နိုင်သည်။

ကျန်းမာသောဘဝဆိုင်ရာ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့သော အနာဂါတ်ကို ဥပဒေစနစ်များမှတဆင့် အကောင်အထည် ဖေါ်ရမည် ဖြစ်ပြီး ထိုအခွင့်အရေးများကို ပံ့ပိုးခြင်းမရှိသော အရာရှိများကို အရေးယူရမည်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုရပါက အစိုးရသည်ပါရီ ပတ်ဝန်းကျင်မှလေထုညစ်ညမ်းမှုကို ကန့်သတ်ရန် လုံလောက်စွာ လုပ်ဆောင်ခြင်းမရှိကြောင်း ပြင်သစ်နိုင်ငံမှ တရားရုံးတရုံးက တွေ့ရှိ သည်။ အလားတူစွာပင် ဂျကာတာတွင်နေထိုင်သူများသည် လေထုညစ်ညမ်းမှုကြောင့် အစိုးရကို တရားစွဲဆိုကြသည်။

နိုင်ငံသားများအတွက် ဘေးကင်းလုံခြုံသော လေထုအရည်အသွေးရရှိရန်နှင့် ၂၀၃၀ ခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် လေထု ညစ်ညမ်း မှု မူဝါဒများကို ချိန်ညှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တောင်ဆိုမှုကို ယခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစိုးရ အများအပြားကဖြည့်ဆည်းကြသည်။ ထိုအချက်သည် အားတက်စရာကောင်းသော ပထမခြေလှမ်းဖြစ်သည်။ ယခုအခါ လေထု ညစ်ညမ်း မှုကြောင့် ကျန်းမာရေးဝန်ထုတ်ဝန်ပိုးအများဆုံး နိုင်ငံအများအပြားတို့သည် ၎င်းတို့၏ ညစ်ညမ်းမှုအမြင့်ဆုံး စွမ်းအင်ရင်း မြစ်များကို ပယ်ဖျက်ရန်လိုနေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် မိမိတို့သည် အလားတူလုပ်ဆောင်နေသော အခြားသူများနှင့် ပူးပေါင်း ညှိနှိုင်းပြီး ထိုပြဿနာများကို အရေးယူရန်ဆက်လက်တွန်းအားပေးမည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် မဒရစ်တွင်ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ညီလာခံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ရာသီဥတုနှင့်ကျန်းမာရေးမဟာမိတ်အဖွဲ့သည် ရာသီဥတုနှင့် ကျန်းမာရေး နှင့်ပတ်သက်သော အစည်းအဝေးကို တရက်တာကျင်းပမည်ဖြစ်ပြီး လူမှုအခြေပြုအဖွဲ့အစည်းများ၊ ကျန်းမာရေးကဏ္ဍမှ ကိုယ်စားလှယ် များနှင့် အခြားပါဝင်ပတ်သက်သူများအား ထိုအရေးပါသော ပြဿနာကို မီမောင်းထိုးပြခွင့်ပေးမည်ဖြစ်သည်။

ထိုပြဿနာကို ဖြစ်စေသော လေထုညစ်ညမ်းမှုကဲ့သို့ပင် ရာသီဥတုပြောင်းလဲခြင်းသည် နယ်နိမိတ်များကို လိုက်နာခြင်းမပြုပေ။ ၎င်း သည် ၎င်း၏ သက်ရောက်မှုကို ညစ်ညမ်းအောင်ပြုလုပ်သူများအပေါ်တွင်သာ သက်ရောက်စေမည်မဟုတ်ပေ။ ပြဿနာအတွက်တာဝန် အကင်းဆုံးသူများဖြစ်သည့် ကလေးငယ်များ၊ အခွင့်အရေးဆုံးရှုံးနေသော အသိုင်းအဝန်းများ၊ အာရှ၊အာဖရိက၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယမ်မှ ဝင်ငွေ အလယ်အလတ်နှင့် နိမ့်ကျသော နိုင်ငံများ အချိုးအစားမမျှတသည့် ကျန်းမာရေး ဝန်ထုတ်ဝန်ပိုးကို ခံစားကြ ရသည်။

ရာသီဥတုပြောင်းလဲမှုနှင့်လေထုညစ်ညမ်းမှုကြောင့်ဖြစ်သော ကျန်းမာရေး အန္တရာယ်များကို ဖြေရှင်းရာတွင် နိုင်ငံအများအပြားတို့သည် အကူအညီကင်းမဲ့ ထိခိုက်လွယ် အကာအကွယ်မဲ့နေကြောင်း မဒရစ် ရာသီဥတု ညီလာခံတွင် ပြုလုပ်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းသစ်ကပြသနေသည်။ အများပြည်သူကျန်းမာရေးအပေါ် ပိုမိုများပြားသော ဆိုးရွားမှုကို သင့်တော်သော နိုင်ငံတကာတုံ့ပြန်မှုလိုသည်မှာ ထင်ရှားသည်။ အနာဂါတ်အားထုတ်မှုများသည် မိမိတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ အခြေပြု စီးပွားရေး၏ ပေးဆပ်ရသည့် စစ်မှန်သော တန်ဖိုးများကို ရောင်ပြန်ဟပ်ရမည်ဖြစ်ပြီး အထိခိုက်ဆုံးသူများကို ကူညီရမည်ဖြစ်သည်။

ထိုလုပ်ငန်းအောင်မြင်ရန် ပါရီ ရာသီဥတုပြောင်းလဲမှု သဘောတူစာချုပ်လက်မှတ်ထိုးသော နိုင်ငံများအားလုံးသည် ၎င်းတို့၏ အမျိုးသား ရာသီဥတုပြောင်းလဲမှု စီမံချက်များကို ၂၀၂၀ တွင် ပိုမိုတောင့်တင်းကြံ့ခိုင်အောင်လုပ်ရန်လိုသည်။ ထို့အပြင် ထိခိုက် လွယ်ဆုံး သူများကို ကာကွယ်ရန်နှင့် လူမှုအသိုင်းအဝန်းများအနေဖြင့် အမှန်တကယ် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရေးအတွက်ကူညီရန် တောင့်တင်းကြံ့ခိုင်သော စနစ်သစ်များ ထူထောင်ရန်လိုသည်။ ကျန်းမာရေးသည် ပါရီ ကတိကဝတ်များ၏အသည်းနှလုံးဖြစ်ရမည်။ မိမိတို့၏လေထုကို ညစ်ညမ်းစေပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးစေသော ညစ်ညမ်းမှုကြီးထွားလာနေသည်မှာ မျိုးဆက်များစွာ ကြာပြီဖြစ် သည်။ ထိုပြဿနာကိုဖြေရှင်းရန် ထိုမအချိန်ပေးနိုင်တော့မည်မဟုတ်ပေ။

(  Zawgyi  )

 ရာသီဥတု အက်ပ္အတည္းသည္ က်န္းမာေရး အက်ပ္အတည္းျဖစ္သည္။ ကမာၻႀကီးပိုမိုပူေႏြးျခင္းကို ျဖစ္ေစေသာ ဓါတ္ေငြ႕ထုတ္လႊတ္ မႈမ်ားသည္ပင္ မိမိတို႔ ရႈရွိက္ေနေသာေလကို ညစ္ညမ္းေစျခင္းအတြက္ အႀကီးအက်ယ္တာဝန္ရွိၿပီး ႏွလုံးေရာဂါ၊ ေလျဖတ္ျခင္း၊ အဆုတ္ကင္ဆာႏွင့္ ေရာဂါကူးစက္မႈမ်ားကို ျဖစ္ေစကာ လူ႔ခႏၵာကိုယ္အတြင္းမွ အဂၤါအစိတ္အပိုင္းတိုင္းကို ထိခိုက္ေစသည္။ ေလထု ညစ္ညမ္းျခင္းသည္ ေဆး႐ြက္အသစ္တမ်ိဳးျဖစ္ၿပီး စီးကရက္ကဲ့သိုပင္မ်ားျပားလွေသာသူမ်ားကို ေသဆုံးေစသည္။ ေလထုညစ္ညမ္း ျခင္း သည္ ကေလး၊ သက္ႀကီး႐ြယ္အို၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး စသည့္ မိမိတို႔အားလုံးကို ၿခိမ္းေျခာက္ေနၿပီး ကိုယ္ခံစြမ္းအား စနစ္ အားနည္း ေသာ အ႐ြယ္ေရာက္ၿပီးသူမ်ားအတြက္ အႏၲရာယ္ႀကီးသည္။

ေဆးလိပ္ေသာက္ျခင္းသည္ သင္ႏွင့္သင့္ပတ္ဝန္းက်င္ကို အျပင္းအထန္ထိခိုက္ေစသည္ ယခုလူတိုင္းသိၾကသည္။ ထို႔ေၾကာင့္ပင္ ေဆး႐ြက္ႀကီး ကုမဏီမ်ား ဆြဲေဆာင္မႈမ်ားႏွင့္ ေၾကာ္ျငာမ်ားကို ကမာၻတဝွမ္းတြင္ တင္းက်ပ္စြာ စည္းကမ္းထိန္းခ်ဳပ္ထားသည္။ ကမာၻတဝွမ္းတြင္ မိမိတို႔သည့္ လက္ရွိက်န္းမာေရးမူဝါဒမ်ားကို ကာာကြယ္ရန္ႏွင့္ ၎တို႔၏ ထုတ္ကုန္သည္သတ္ျဖတ္ေနသည္ဆိုသည့္ အမွန္တရားကို ထိုကုမဏီမ်ား ထုတ္ေဖၚေျပာဆိုရန္ လုပ္ေဆာင္ခဲ့ၾကသည္။

ေလထုညစ္ညမ္းမႈႏွင့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာမ်ားေၾကာင့္ျဖစ္ေပၚေသာ ရာသီဥတုေျပာင္းလဲမႈသည္ အလားတူ ေသေစႏိုင္ စြမ္းရွိေၾကာင္း မိမိတို႔သိေသာအခါ မိမိတို႔၏ တုံ႔ျပန္မႈသည္ လြန္စြာ ကြဲျပားလာသည္။ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာလုပ္ငန္းက အစိုးရမ်ားကို ဆြဲေဆာင္စည္း႐ုံးျခင္းကို တားဆီးမည့္ သို႔မဟုတ္ ေက်ာက္မီးေသြး၊ ေရနံႏွင့္ ဓါတ္ေငြ႕ကုမဏီမ်ားကို ႏွစ္စဥ္ အေထာက္ အပံ့ အေမရိကန္ေဒၚလာ ၃၇၀ ဘီလွ်ံရက္ရက္ေရာေရာေပးေနသည္ကို အဆုံးသတ္မည့္ မူဝါဒမ်ား မည္သည့္ေနရာတြင္ ေရာက္ေနသ နည္း။ မိမိတို႔ကို သတ္ျဖတ္မည့္ ထုတ္ကုန္မ်ားကို မည္သည့္အတြက္ ေငြထုတ္ေပးေနသနည္း။

ေဆး႐ြက္ႀကီးကို ကမာၻက ျပင္းျပင္းထန္ထန္တုံ႔ျပန္သကဲ့သို႔ပင္ အႏၲရာယ္မ်ားလွေသာ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာ အသုံးျပဳမႈ အဆုံးသတ္ေရးသည္ လက္ရွိမူဝါဒ ၾကားဝင္စြက္ဖက္မႈႏွင့္ လူမႈလႈပ္ရွားအားထုတ္မႈမ်ားကို အရွိန္ျမႇင့္တင္ရန္လိုမည္ျဖစ္သည္။ ကံေကာင္းသည္မွာ အခ်ိဳ႕ေသာ ႏိုင္ငံစုံ ဘာ႑ာေရး အဖြဲ႕အစည္းမ်ားသည္ ထိုသို႔ေသာ အေျပာင္းအလဲမ်ားကို ကိုယ္စားျပဳသည့္ အခြင့္အလမ္းမ်ားကို အသိအမွတ္ျပဳၾကျခင္းျဖစ္သည္။ ဥပမာအားျဖင့္ဆိုရပါက မေလွ်ာ့က်ေသာ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာ စီမံကိန္းမ်ားကို ေငြေၾကးေထာက္ပံ့မႈအားလုံးကို အဆုံးသတ္ၿပီး ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္လုပ္ငန္းသို႔ ၎၏ အမ်ားျပည္သူဆိုင္ရာ ႏွင့္ ပုဂၢလိက ေငြရင္းမ်ားကို အားေပးရန္ ၎၏ အေနအထားကို အသုံးျပဳမည္ဟု ဥေရာပ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္က မၾကာေသးမီက ေၾကညာခဲ့ျခင္းျဖစ္သည္။

ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာကို အဆုံးသတ္ျခင္းႏွင့္ လက္ရွိလမ္းေၾကာင္းကို ဆက္လက္လုပ္ကိုင္ျခင္း အၾကားေ႐ြးခ်ယ္မႈသည္ အျဖဴအမဲသဲကြဲေသာကိစၥ သို႔မဟုတ္ ေသေရးႏွင့္ ရွင္ေရးကိစၥျဖစ္သည္။ မိမိတို႔သည္ ေမာ္ေတာ္ယာဥ္ မီးခိုးေငြ႕မ်ားေၾကာင့္ တႏွစ္လွ်င္ လူ ၇ သန္း အခ်ိန္မတိုင္မီေသဆုံးရျခင္းကို တားဆီးရန္ေလထုကို သန႔္စင္ျခင္းႏွင့္ လူထုကို သန႔္ရွင္းေသာ စြမ္းအင္ရင္းျမစ္မ်ား ေပးအပ္ျခင္း လုပ္မလုပ္ကို ဆုံးျဖတ္ရမည္ျဖစ္သည္။ မိမိတို႔သည္ ေမာ္ေတာ္ယာဥ္ မီးခိုးမ်ားေၾကာင့္ တႏွစ္လွ်င္ ကေလးသူငယ္ပန္းနာ ရင္က်ပ္ ျဖစ္ျခင္း ၄ သန္းကို တားဆီးမည္ မတားဆီးမည္ကို ဆုံးျဖတ္ရမည္ျဖစ္သည္။ မည္သို႔ဆိုေစကာမူ ယေန႔ေမြးဖြားေသာ ကေလးတေယာက္ ၏ တသက္တာက်န္းမာေရးသည္ မိမိတို႔ယေန႔ႏွင့္ေနာင္တြင္ ခ်မွတ္သည့္ ဆုံးျဖတ္ခ်က္ေၾကာင့္ အႀကီးအက်ယ္သက္ေရာက္ ခံရမည္ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ကလည္း ရာသီဥတုေျပာင္းလဲမႈကို အဖြဲ႕အစည္းဆိုင္ရာ ထိပ္တန္းဦးစားေပး အျဖစ္သတ္မွတ္ထားျခင္းျဖစ္သည္။

ရာသီဥတုေျပာင္းလဲမႈသည္ စီးပြားေရးလုပ္ငန္းအားလုံး၊ အစိုးရအားလုံးႏွင့္ ႏိုင္ငံစုံအဖြဲ႕အစည္းအားလုံး၏ ဦးစားေပးလည္း ျဖစ္သင့္ သည္။ ထိုကိစၥကို ဦးစားေပးျခင္းသည္ ခက္ခဲေသာ ေ႐ြးခ်ယ္မႈမ်ားကို ျပဳလုပ္ရန္လိုအပ္ေသာ စိတ္ဓါတ္အင္အားကိုေပးသည္။ ကာဗြန္ဒိုင္ေအာက္ဆိုက္ထုတ္လႊတ္ျခင္းကို ေလွ်ာ့ခ်ရန္ယေန႔ဆုံးျဖတ္ျခင္းႏွင့္ ကမာၻႀကီးပိုမိုပူေႏြးလာျခင္းကို စက္မႈေခတ္ မတိုင္မီက ထက္ ၁.၅ ဒီဂရီ ဆဲလ္စီးယပ္ထက္ မေက်ာ္ေအာင္ ထိန္းသိမ္းျခင္းအားျဖင့္ မိမိတို႔သည္ မိမိတို႔ကမာၻေျမကို အနာဂါတ္မ်ိဳးဆက္သစ္ မ်ားဆက္လက္ေနထိုင္ႏိုင္ေအာင္ ထိန္းသိမ္းႏိုင္မည္သာမက တႏွစ္လွ်င္ လူတသန္း၏ အသက္မ်ားကို ကယ္ဆယ္ႏိုင္မည္ျဖစ္ေၾကာင္း လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕၏ အဆိုအရ သိရသည္။

ထို႔အျပင္ အေမရိကန္ျပည္ေထာင္စုႏွင့္ ၿဗိတိန္ကဲ့သို႔ေသာ ႏိုင္ငံမ်ားတြင္ ေလထုညစ္ညမ္းမႈကို အဆုံးသတ္ျခင္းသည္ စီးပြားေရးအရ ႏွစ္စဥ္ က်န္းမားေရားကုန္က်စရိတ္ေၾကာင့္ စုစုေပါင္းျပည္တြင္းထုတ္လုပ္မႈ ၄ ရာခိုင္ႏႈန္းကို ေခြၽတာရာေရာက္သည္။ ဓါတ္ေငြ႕ထုတ္လႊတ္ မႈ ေလွ်ာ့ခ်ျခင္းသည္ ကမာၻႀကီးပိုမိုပူေႏြးလာျခင္းအား ၁.၅ ဒီဂရီ ဆဲလ္စီးယပ္တြင္ ထိန္းထားျခင္းသည္ တ႐ုတ္ႏွင့္ အိႏၵိယတြင္ ေနာက္ဆက္ တြဲက်န္းမာေရး အက်ိဳးေက်းဇူးမ်ားအတြက္ ေပးဆပ္ရန္မက ျဖစ္ေစသည္။ အလားတူစြာပင္ မိမိတို႔၏ အစားအစာႏွင့္ သယ္ယူပို႔ေဆာင္ေရးစနစ္မ်ားကို ေျပာင္းလဲျခင္းသည္ ေလထုကိုသန႔္စင္ေစၿပီး ရာသီဥတုကို တည္ၿငိမ္ေစကာ က်န္းမာေရးႏွင့္ ကိုက္ညီေသာ အစားအစာမ်ားေပးျခင္းႏွင့္ ႐ုပ္ပိုင္းပိုမိုလႈပ္ရွားျခင္းအားျဖင့္ ပိုမိုမ်ားျပားေသာ အသက္မ်ားကို ကယ္ဆယ္ႏိုင္သည္။

က်န္းမာေသာဘဝဆိုင္ရာ လူ႔အခြင့္အေရးႏွင့္ ေရရွည္တည္တံ့ေသာ အနာဂါတ္ကို ဥပေဒစနစ္မ်ားမွတဆင့္ အေကာင္အထည္ ေဖၚရမည္ ျဖစ္ၿပီး ထိုအခြင့္အေရးမ်ားကို ပံ့ပိုးျခင္းမရွိေသာ အရာရွိမ်ားကို အေရးယူရမည္ျဖစ္သည္။ ဥပမာအားျဖင့္ဆိုရပါက အစိုးရသည္ပါရီ ပတ္ဝန္းက်င္မွေလထုညစ္ညမ္းမႈကို ကန႔္သတ္ရန္ လုံေလာက္စြာ လုပ္ေဆာင္ျခင္းမရွိေၾကာင္း ျပင္သစ္ႏိုင္ငံမွ တရား႐ုံးတ႐ုံးက ေတြ႕ရွိ သည္။ အလားတူစြာပင္ ဂ်ကာတာတြင္ေနထိုင္သူမ်ားသည္ ေလထုညစ္ညမ္းမႈေၾကာင့္ အစိုးရကို တရားစြဲဆိုၾကသည္။

ႏိုင္ငံသားမ်ားအတြက္ ေဘးကင္းလုံၿခဳံေသာ ေလထုအရည္အေသြးရရွိရန္ႏွင့္ ၂၀၃၀ ခုႏွစ္တြင္ ရာသီဥတုေျပာင္းလဲမႈႏွင့္ ေလထု ညစ္ညမ္း မႈ မူဝါဒမ်ားကို ခ်ိန္ညႇိရန္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေတာင္ဆိုမႈကို ယခုႏွစ္ ကုလသမဂၢ အေထြေထြညီလာခံတြင္ အစိုးရ အမ်ားအျပားကျဖည့္ဆည္းၾကသည္။ ထိုအခ်က္သည္ အားတက္စရာေကာင္းေသာ ပထမေျခလွမ္းျဖစ္သည္။ ယခုအခါ ေလထု ညစ္ညမ္း မႈေၾကာင့္ က်န္းမာေရးဝန္ထုတ္ဝန္ပိုးအမ်ားဆုံး ႏိုင္ငံအမ်ားအျပားတို႔သည္ ၎တို႔၏ ညစ္ညမ္းမႈအျမင့္ဆုံး စြမ္းအင္ရင္း ျမစ္မ်ားကို ပယ္ဖ်က္ရန္လိုေနသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕တြင္ မိမိတို႔သည္ အလားတူလုပ္ေဆာင္ေနေသာ အျခားသူမ်ားႏွင့္ ပူးေပါင္း ညႇိႏႈိင္းၿပီး ထိုျပႆနာမ်ားကို အေရးယူရန္ဆက္လက္တြန္းအားေပးမည္။ ဒီဇင္ဘာလ ၇ ရက္ေန႔တြင္ က်င္းပမည့္ မဒရစ္တြင္က်င္းပသည့္ ကုလသမဂၢ ရာသီဥတု ေျပာင္းလဲမႈ ညီလာခံတြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ႏွင့္ ကမာၻ႔ရာသီဥတုႏွင့္က်န္းမာေရးမဟာမိတ္အဖြဲ႕သည္ ရာသီဥတုႏွင့္ က်န္းမာေရး ႏွင့္ပတ္သက္ေသာ အစည္းအေဝးကို တရက္တာက်င္းပမည္ျဖစ္ၿပီး လူမႈအေျချပဳအဖြဲ႕အစည္းမ်ား၊ က်န္းမာေရးက႑မွ ကိုယ္စားလွယ္ မ်ားႏွင့္ အျခားပါဝင္ပတ္သက္သူမ်ားအား ထိုအေရးပါေသာ ျပႆနာကို မီေမာင္းထိုးျပခြင့္ေပးမည္ျဖစ္သည္။

ထိုျပႆနာကို ျဖစ္ေစေသာ ေလထုညစ္ညမ္းမႈကဲ့သို႔ပင္ ရာသီဥတုေျပာင္းလဲျခင္းသည္ နယ္နိမိတ္မ်ားကို လိုက္နာျခင္းမျပဳေပ။ ၎ သည္ ၎၏ သက္ေရာက္မႈကို ညစ္ညမ္းေအာင္ျပဳလုပ္သူမ်ားအေပၚတြင္သာ သက္ေရာက္ေစမည္မဟုတ္ေပ။ ျပႆနာအတြက္တာဝန္ အကင္းဆုံးသူမ်ားျဖစ္သည့္ ကေလးငယ္မ်ား၊ အခြင့္အေရးဆုံးရႈံးေနေသာ အသိုင္းအဝန္းမ်ား၊ အာရွ၊အာဖရိက၊ လက္တင္အေမရိကႏွင့္ ကာရစ္ဘီယမ္မွ ဝင္ေငြ အလယ္အလတ္ႏွင့္ နိမ့္က်ေသာ ႏိုင္ငံမ်ား အခ်ိဳးအစားမမွ်တသည့္ က်န္းမာေရး ဝန္ထုတ္ဝန္ပိုးကို ခံစားၾက ရသည္။

ရာသီဥတုေျပာင္းလဲမႈႏွင့္ေလထုညစ္ညမ္းမႈေၾကာင့္ျဖစ္ေသာ က်န္းမာေရး အႏၲရာယ္မ်ားကို ေျဖရွင္းရာတြင္ ႏိုင္ငံအမ်ားအျပားတို႔သည္ အကူအညီကင္းမဲ့ ထိခိုက္လြယ္ အကာအကြယ္မဲ့ေနေၾကာင္း မဒရစ္ ရာသီဥတု ညီလာခံတြင္ ျပဳလုပ္မည့္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ကမာၻလုံးဆိုင္ရာ စစ္တမ္းသစ္ကျပသေနသည္။ အမ်ားျပည္သူက်န္းမာေရးအေပၚ ပိုမိုမ်ားျပားေသာ ဆိုး႐ြားမႈကို သင့္ေတာ္ေသာ ႏိုင္ငံတကာတုံ႔ျပန္မႈလိုသည္မွာ ထင္ရွားသည္။ အနာဂါတ္အားထုတ္မႈမ်ားသည္ မိမိတို႔၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာ အေျချပဳ စီးပြားေရး၏ ေပးဆပ္ရသည့္ စစ္မွန္ေသာ တန္ဖိုးမ်ားကို ေရာင္ျပန္ဟပ္ရမည္ျဖစ္ၿပီး အထိခိုက္ဆုံးသူမ်ားကို ကူညီရမည္ျဖစ္သည္။

ထိုလုပ္ငန္းေအာင္ျမင္ရန္ ပါရီ ရာသီဥတုေျပာင္းလဲမႈ သေဘာတူစာခ်ဳပ္လက္မွတ္ထိုးေသာ ႏိုင္ငံမ်ားအားလုံးသည္ ၎တို႔၏ အမ်ိဳးသား ရာသီဥတုေျပာင္းလဲမႈ စီမံခ်က္မ်ားကို ၂၀၂၀ တြင္ ပိုမိုေတာင့္တင္းႀကံ့ခိုင္ေအာင္လုပ္ရန္လိုသည္။ ထို႔အျပင္ ထိခိုက္ လြယ္ဆုံး သူမ်ားကို ကာကြယ္ရန္ႏွင့္ လူမႈအသိုင္းအဝန္းမ်ားအေနျဖင့္ အမွန္တကယ္ ရာသီဥတုေျပာင္းလဲမႈကို ခံႏိုင္ေရးအတြက္ကူညီရန္ ေတာင့္တင္းႀကံ့ခိုင္ေသာ စနစ္သစ္မ်ား ထူေထာင္ရန္လိုသည္။ က်န္းမာေရးသည္ ပါရီ ကတိကဝတ္မ်ား၏အသည္းႏွလုံးျဖစ္ရမည္။ မိမိတို႔၏ေလထုကို ညစ္ညမ္းေစၿပီး ကမာၻႀကီးကို ပိုမိုပူေႏြးေစေသာ ညစ္ညမ္းမႈႀကီးထြားလာေနသည္မွာ မ်ိဳးဆက္မ်ားစြာ ၾကာၿပီျဖစ္ သည္။ ထိုျပႆနာကိုေျဖရွင္းရန္ ထိုမအခ်ိန္ေပးႏိုင္ေတာ့မည္မဟုတ္ေပ။