【 နိုင်ငံတကာဆောင်းပါး 】ဖွံ့ဖြိုးတိုးတက်မှုဟာ အတွေးအမြင်မဟုတ်ပဲ အမှန်တရားသာဖြစ်

【 နိုင်ငံတကာဆောင်းပါး 】ဖွံ့ဖြိုးတိုးတက်မှုဟာ အတွေးအမြင်မဟုတ်ပဲ အမှန်တရားသာဖြစ်

“ကြောင်ဟာ ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ၊ ကြွက်ဖမ်းဖို့ပဲ အရေးကြီးတယ်”။

ဒါကတော့ တရုတ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ တိန်ရှောင်ဖိန်ရဲ့ လျင်မြန်စွာ တိုးတက်လာသော တရုတ်နိုင်ငံ၏ တိုးတက်မှုနဲ့ပတ်သက်ပြီး အမှန်တရားကို ပြောကြားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသမိုင်းမှာ  ထင်ရှားပါတယ်။

ဟုတ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆိုရှယ်လစ်နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း ဆိုရှယ်လစ်ဝါဒဆိုတာ ပြောင်းလဲမှုမလုပ်နိုင်သော စနစ်မဟုတ်ပါဘူး။ ခြားနားသော ဗျူဟာနှင့်လက်တွေ့များကို မတူညီသော ကာလတွင် အသုံးပြုနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အရင်းရှင်စနစ်ကို ဆိုရှယ် လစ်ဝါဒကို ဆန့်ကျင်သော ဝါဒမဟုတ်ပါဘူး။

တိန်ဟာ တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒသို့ ၁၉၇၈ ခုနှစ်တွင် ဦးမဆောင်ခင်တွင် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် အတွေးအမြင်ဆိုင်ရာ အကြီးမားဆုံးသောပုံးထဲတွင် ပိတ်မိနေခဲ့ပါတယ်။ ဆိုရှယ်လစ်ဝါဒနှင့် အရင်းရှင်စနစ်အပေါ်မှာ ဆံပင်ခွဲခြားရန် ကြိုးစားခဲ့ပါတယ်။ ဆိုရှယ်လစ်ဝါဒတွင် အရင်းရှင်စနစ် မဟုတ်ပဲ ဖြစ်သင့်ဖြစ်ထိုက်မှုများအတွက် ကြိုးပမ်းလာခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ လူသားများသမိုင်းတွင် အကြီးမားဆုံး တူညီသော အခွင့်အလမ်းကို အမြင့်ဆုံးအဆင့်ဖြင့် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်၊ လူတိုင်းတွင်တူညီသော အခွင့်အလမ်းရှိခဲ့ပြီး တစ်ချိန်တည်းမှာပဲ လူတိုင်းဟာ တူညီစွာ ဆင်းရဲခဲ့ပါတယ်။

သေချာတာကတော့ ဒါဟာ တရုတ်လိုချင်သော ရလဒ်တော့မဟုတ်ခဲ့ပါဘူး။ တိန်ဟာ အတတ်ပညာနှင့် ရဲရင့်မှုလည်း ပိုင်ဆိုင်ထားသောသူဖြစ်ပြီး အကယ်၍ ဆိုရှယ်လစ်ဝါဒဆိုတာ ဆင်းရဲမွဲတေမှုကို ဆိုလိုပါက ဒါဟာ တရုတ်အတွက် မှန်ကန်သော စနစ်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအတွက် နိုင်ငံရေးစနစ်ဟာ ဆိုရှယ်လစ်ဝါဒကို တရုတ်ပုံစံဖြင့်သာ ဖြစ်သင့်ကြောင်း၊ အရာအားလုံးနှင့် ဘယ်အရာကိုမဆို ပေါင်းစည်းနိုင်ကြောင်း၊ ဒါဟာ ပြည်သူများကို အကျိုးပြုရန် တရုတ်နိုင်ငံကို တိုးတက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ်ဟာ အစပိုင်းတုန်းက ထိရောက်မှု ရှိကောင်းရှိနိုင်သော်လည်း တရုတ်နိုင်ငံကို စက်မှုနိုင်ငံတော်စနစ်ကြီးတည်ဆောက်ရန် လိုအပ်သော အရင်းအမြစ်များ ရယူမှုအတွက် အဟန့်အတား ဖြစ်ခဲ့ပါတယ်။

သို့သော်လည်း တရုတ်၏ ဆိုရှယ်လစ်ဝါဒဟာ ဗဟိုထိန်းချုပ်မှုရှိသောစီးပွားရေးအတွက် အဟန့်အတား ဖြစ်လောက်သည်အထိ တင်းကျပ်မှု မရှိခဲ့ပါဘူး။ တရုတ်ဟာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အသစ်ကို ဝင်ရောက်ခဲ့ချိန်တွင်၊ တံခါးဖွင့်မူဝါဒကို စတင်ကျင့်သုံးလာခဲ့ပြီး နိုင်ငံ၏ စက်မှုနိုင်ငံအသွင်ပြောင်းလဲမှုကို နောက်တစ်ဆင့်တက်လှမ်းစေခဲ့ပါတယ်။

တရုတ်ပုံစံ ဆိုရှယ်လစ်ဝါဒဟာ တရုတ်နိုင်ငံအတွက် လွတ်လပ်မှုကို ဖော်ဆောင်ပေးခဲ့သော စွမ်းဆောင်ရည်အကောင်းဆုံး တွန်းအားဖြစ်လာခဲ့ပါတယ်။ဆန်းသစ်တီထွင်မှုကိုလည်း မီးညှိပေးပြီး၊ တီထွင်ကြံဆမှု၊ စီးပွားရေးစွန့်ဦးတည်ထောင်မှု၊ ကုန်ထုတ်လုပ်မှု၊ စွမ်းဆောင်ရည်အားကောင်းမှုနှင့် တရုတ်နိုင်ငံအတွက် အထောက်အကူ ဖြစ်နိုင်သော မည်သည့်နိုင်ငံထံကနေမဆို သင်ယူလေ့လာကာ တိုးတက်မှုဖော်ဆောင်ရန် ဆန္ဒပြင်းပြလာခဲ့ပါတယ်။

တိန်ကတော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ခက်ခဲစွာ ရရှိလာသော အမှန်တရားဖြစ်ကြောင်းဆိုပါတယ်။ အမှန်တရား၏ စစ်မှန်သော စမ်းသပ်မှုဟာ လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး အတွေးအမြင် မဟုတ်ပါဘူး။ တရုတ်ပြည်သူများဟာ တစ်စုံတစ်ခုဟာ နိုင်ငံအတွက် ကောင်းမကောင်းဆိုတာနဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ပေးနိုင်ပါတယ်။ အတွေးအမြင်ဟာ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကို ဆုံးဖြတ်ပေးမယ့် တစ်ခုတည်းသော အရာမဟုတ်ပါဘူး။

ဒီလို ပြောင်းလဲမှုများကြောင့်သာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဖြစ်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဆိုရှယ် လစ်နိုင်ငံဖြစ်ခြင်းဟာ တရုတ်နိုင်ငံ၏ စျေးကွက်စီးပွားရေးကို ကျင့်သုံးမှုတွင် အဟန့်အတားမဖြစ်ပါဘူး။ သို့မဟုတ် နိုင်ငံတကာကုန်သွယ်ရေးတွင်လည်း အဟန့်အတား မဖြစ်ခဲ့ပါဘူး။

၂၀၀၁ တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက်မှာတော့ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏဟာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၅၉ ထရီလီယံအထိ ရှိလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သွင်းကုန်ကလည်း ၈ ဆ ကျော်မြင့်တက်လာခဲ့ပြီး ကန်ဒေါ်လာ ၂.၀၅ ထရီလီယံ ဒေါ်လာအထိ ရှိလာခဲ့ပါတယ်။

၂၁ ရာစုတွင် သမ္မတရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံကို တရုတ်ပုံစံ ဆိုရှယ်လစ်ဝါဒ ကျင့်သုံးနေသော နိုင်ငံအဖြစ် ကြွေးကြော်ထားပါတယ်။ တရုတ်နိုင်ငံ၏ ပြောင်းလဲမှုဟာ ပင်မတိုင် ၂ ခုက ပံ့ပိုးပေးခဲ့ပြီး၊ ပြည်တွင်းတွင် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာတွင် ငြိမ်းချမ်းမှုကို ဖော်ဆောင်ခြင်းတို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ လွတ်လပ်သောကုန်သွယ်ရေး၊ စီးပွားရေး တိုးတက်မှု၊ ရေရှည်ခိုင်မာသော တိုးတက်မှု၊ ဆင်းရဲမွဲတေမှု လျှော့ချရေး နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ထိပ်ဆုံးက ဦးဆောင်သော နိုင်ငံဖြစ်လာပြီဖြစ်ပါတယ်။

တိန်က ပြောကြားခဲ့သလိုပဲ ကြောင်ဟာ ဖြူသည်မည်းသည် အရေးမကြီးပါဘူး။အရေးကြီးတာကတော့ ကြွက်ဖမ်းဖို့ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ ၏ အခြေခံဥပဒေတွင် အပြောင်းအလဲများ လုပ်နိုင်ခြင်းဟာ တရုတ်ပြည်သူများကို ဆင်းရဲမွဲတေမှုကနေ ကယ်တင်နိုင်ခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ နိုင်ငံရေးနှင့် အတွေးအမြင်မှားယွင်းမှုကနေလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

ဒါဟာ တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံဖြစ်လာရန် လမ်းခင်းပေးခဲ့ပါတယ်။

Naing

Ref: CMG|Development, not ideology, is the hard truth