【 နိုင်ငံတကာဆောင်းပါး 】တိကျတဲ့ ကိုဗစ်ကာကွယ်ရေး အချက် ၁၀ ချက်နှင့် တရုတ်ပြည်

【 နိုင်ငံတကာဆောင်းပါး 】တိကျတဲ့ ကိုဗစ်ကာကွယ်ရေး အချက် ၁၀ ချက်နှင့် တရုတ်ပြည်

သုံးနှစ်နီးပါးကြာပြီးနောက် တရုတ်သည် ၎င်း၏ COVID ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ ထိုသည်က ကမ္ဘာ့နိုင်ငံများအတွက် သိချင်စရာဖြစ်လာခဲ့သည်။ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် သုံးနှစ်တာကာလအတွင်း တရုတ်သည် ၎င်း၏တုံ့ပြန်မှုကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရန် မကြာသေးမီက ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ပြီး စမ်းသပ်မှု၊ သီးသန့်နေထိုင်မှုနှင့် ခရီးသွားလာမှုဆိုင်ရာ မူဝါဒများကိုချိန်ညှိခဲ့သည်။
ယခုအခါနောက်ဆုံးထုတ်ပြန်ချက်များအရ အများသူငှာနေရာအများစုသို့ ဝင်ရောက်သည့်အခါ PCR စမ်းသပ်မှုများမလိုအပ်တော့ဘဲ၊ အပျော့စား COVID-19 လက္ခဏာများရှိသောလူနာများသည် ယခုအခါ အိမ်တွင် quarantine ပြုလုပ်နိုင်ပြီဖြစ်ပြီး ကူးစက်မှုအန္တရာယ်များသောနေရာများတွင် ခရီးသွားလာခွင့်ကန့်သတ်ချက်များ သို့မဟုတ် လုပ်ငန်းများကိုရပ်ဆိုင်းထားရန် မလိုတော့ပြီ ဖြစ်သည်။
ဤပြောင်းလဲမှုများသည် တရုတ်နိုင်ငံတွင် သုံးနှစ်နီးပါး လိုက်နာကျင့်သုံးခဲ့သော တက်ကြွသော ကိုဗစ်-သုည မဟာဗျူဟာမှ သိသာထင်ရှားသော မူဝါဒ အပြောင်းအလဲအဖြစ် ထင်ရှားသောအမှတ်အသားဖြစ် သည်။
ကိုဗစ်စတင်ခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာမှစကာ ကူးစက်ရောဂါကို ထိန်းချုပ်ရန် သုံးနှစ်ကြာ ကြိုးပမ်းပြီးနောက် အကြောင်းအရာများသည် ယခင်နှင့်မတူကွဲပြားလာနေခဲ့သည်ကို ကျန်းမာရေး အာဏာပိုင်များနှင့် ကျွမ်းကျင်သူများက သိလာခဲ့သည်။
ပထမဦးစွာ တရုတ်နိုင်ငံတွင် လက်ရှိပျံ့နှံ့နေသော Omicron အမျိုးအစားခွဲများသည် ယခင်မျိုးကွဲများထက် ပိုမိုပျော့ပျောင်းသည်။၎င်းတို့သည် ပိုမိုကူးစက်နိုင်သော်လည်း ပြင်းထန်သော ဖျားနာမှုများကို နည်းပါးစေပြီး ယခင်မျိုးကွဲများထက် လူများ၏ကျန်းမာရေးကို ထိခိုက်မှုနည်းသည်ကို ကျန်းမာရေးအရာရှိများနှင့် ကျွမ်းကျင်သူများသိလာခဲ့သည်။
နောက်ဆုံးပေါ် Omicron အမျိုးအစားခွဲများ ကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းသည် ခုနစ်ရက်မှ ၁၀ ရက်အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းအသက်ရှူလမ်းကြောင်း ဆိုင်ရာကျွမ်းကျင်သူZhong Nanshan က ဆိုသည်။
ဒုတိယအချက်မှာ တရားဝင်ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နိုင်ငံရှိ လူများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေး အပြည့်အ၀ထိုးထားခြင်းဖြစ်သည်။ ၎င်းတို့အနက် အသက် ၆၀ နှစ်အထက် ၈၆.၄၂ ရာ ခိုင် နှုန်းမှာ ဗိုင်းရပ်စ်ပိုး ပိုမိုခံနိုင်ရည်ရှိနေပြီဖြစ်သည်။ ထို့ပြင် အစိုးရက သက်ကြီးရွယ်အိုများအား ကာကွယ်ဆေး ထပ်တိုး ထိုးရန်တွန်းအားပေးလျှက်ရှိသည်။ ကိုဗစ် ကူးစက်မှုကို လက်တကမ်းတွင်ထားနိုင်ပြီဖြစ်သလို ကာကွယ်ဆေးမှာလည်း နိုင်ငံကို လွှမ်းခြုံနိုင်သည်အထိ ထိုးနှံပြီးဖြစ်သည့်အခါ ဗိုင်းရပ်စ်နှင့် အတူယှဉ်တွဲနေထိုင်သည့် စနစ်သို့ ကူးပြောင်းရန် တရုတ်ကျန်းမာရေးအာဏာပိုင်များက စတင်ခဲ့သည်။
ဗိုင်းရပ်စ်နှင့်အတူယှဉ်တွဲနေထိုင်သည့် မူဝါဒကို နိုင်ငံအများအပြားက ၂၀၂၁ ခုနှစ်ကတည်းက ရွေးချယ်ခဲ့ကြသော်လည်း လူဦးရေ တစ်ဘီလီယံကျော်ရှိသည့် တရုတ်မှာ ကြီးကြီးမားမားမူဝါဒပြောင်းရန် သုံးနှစ်နီးပါး စောင့်ဆိုင်းခဲ့ရသည်။ ထိုသို့ မစောင့်ခဲ့ပါက ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်သည့် နည်းကို စောစီးစွာကျင့်သုံးခဲ့သည့် တရုတ်နိုင်ငံလို လူဦးရေဘီလီယံချီသည့် အိန္ဒိယ၏ ကိုဗစ်မျိုးကွဲ ဒယ်လ်တာတွင် သန်းနှင့်ချီကာ သေဆုံးခဲ့ရသည့်အဖြစ်လို ကြုံရမည်ဖြစ်သည်။ထိုသို့သော အခြေအနေများကြောင့် တရုတ်နိုင်ငံ၏ ကိုဗစ်မူဝါဒမှာ လူအသက်ကို တန်ဖိုးကြီးစွာထားကာ ဖြေးညှင်းစွာ ပြောင်းလဲရဟန်တူလေသည်။
အမှန်တကယ်တွင်မှု တရုတ်နိုင်ငံသည် ၎င်းတို့၏ COVID-19 မူဝါဒများကို အလုံးစုံအကဲဖြတ်နေပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်း ပိုမိုတိကျစေရန် ၎င်း၏ COVID-19 မူဝါဒများကို တိုးမြင့်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ယခုချိန်ထိ ကိုဗစ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးရသည့်အရေအတွက်မှာ မယုံနိုင်ဖွယ်ကောင်းအောင် ၅၂၃၅ ဦးသာရှိခဲ့သည်။ တရုတ်၏အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်ကြောင့် သေဆုံးခဲ့ရသည့်အရေအတွက်ကိုကြည့်လျှင် တရုတ်၏ ကိုဗစ်သုညမူဝါဒက တရုတ်နိုင်ငံအတွက် မည်မျှအလုပ်ဖြစ်သည်ကိုမြင်နိုင်မည် ဖြစ်သည်။
ပြောင်းလဲလာနေသော အခြေအနေများနှင့်အတူ တရုတ်ပြည်သူများ၏ဆန္ဒနှင့်အညီ ကိုဗစ်စည်းကမ်းနှင့် ကန့်သတ်ချက်များကို တရုတ်အစိုးရက ဒီဇင်ဘာ ၇ ရက်တွင်လျော့ချပေးခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီ၏ ပူးတွဲကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးယန္တရားသည် ဒီဇင်ဘာလ (၇)ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ရာတွင် ရောဂါလက္ခဏာမပြသော ရောဂါပိုးရှိသူများနှင့် ဖြစ်ပွားမှုမပြင်းထန်သည့် ရောဂါဖြစ်ပွားမှုတို့ပါဝင်သည့် ကပ်ရောဂါဖြစ်ပွားမှုအခြေအနေအတွက် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ အိမ်တွင်ခွဲထားရန် အခြေအနေများနှင့် ကိုက်ညီပါက ယေဘုယျအားဖြင့် အိမ်တွင် သီးခြားခွဲထားနိုင်ရန် (သို့မဟုတ်) ၎င်းတို့ကို ဗဟိုချုပ်ကိုင်မှုရှိသော သီးခြားခွဲထားမှုတွင် ကုသရန် ဆန္ဒအလျောက် ရွေးချယ်ခွင့်ကိုပြုခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကျွန်ုပ်တို့သည် ဒေသတွင်း ရေကြောင်းဆိုင်ရာဝန်ထမ်းများကို ကုန်းပေါ်ဆင်းကာ ကူးစက်ကင်းရှင်းကြောင်း နျူကလိစ် အက်ဆစ်စမ်းသပ်မှုနှင့် ကျန်းမာရေးကုဒ်စစ်ဆေးတော့မည် မဟုတ်ကြောင်း ပါဝင်လာခဲ့သည်။ ထိုထုတ်ပြန်ချက်က တရုတ်ပြည်သူများနှင့် စီးပွားရေးလာရောက်လုပ်ကိုင်နေသူများအတွက် ကောင်းမွန်သော အခြေအနေဖြစ်သည်။ ထိုသို့ပြောင်းလဲခြင်းမှာ လက်ရှိ ကပ်ရောဂါအခြေအနေနှင့် ဗိုင်းရပ်စ်ကွဲ လွဲမှုအရ ပိုမို၍ သိပ္ပံနည်း ကျ တိကျသော ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်မှုများ ပြုလုပ်ရန်၊ ကြိုတင်ကာ ကွယ်ရေးနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းတွင် ထူးခြားသောပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်စေရန်၊ ကပ်ရော ဂါကာကွယ်ရေးနှင့် ထိန်းချုပ် ရေးအစီအမံများကို အကောင်အထည်ဖော်ရာတွင် ပိုမိုကောင်းမွန်စေရန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ မြို့ကြီးအများအပြားသည် ကျယ်ပြန့်သောလော့ခ်ဒေါင်းချမှုများကို ရုတ်သိမ်းရန်၊ ပုံမှန် PCR စမ်းသပ်မှုများကို လျှော့ချရန်နှင့် မြေအောက်ရထားဘူတာများနှင့် ပန်းခြံများကဲ့သို့သော အများသူငှာနေရာများတွင် ကိုဗစ်ကူးစက်မှုကင်းရှင်းကြောင်း ရှိ/မရှိစစ်ဆေးမှုများကို အဆုံးသတ်ရန် စတင်နေပြီဖြစ်သည်။
တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်၏ ဝက်ဘ်ဆိုက်ထုတ်ပြန်ချက်တွင် ကိုဗစ်ကာကွယ်ရေးအတွက် တိကျသည့် အချက် ၁၀ ချက်ကို ပြောင်းလဲထုတ်ပြန်ခဲ့သည်။ ထိုထဲတွင် ၁-ကူးစက်မှုအန္တရာယ်ရှိ နယ် မြေများကို သိပ္ပံနည်းကျ တိကျစွာ ပိုင်းခြားခြင်း၊
 
၂-နျူကလိကလစ်အက်ဆစ်နည်းဖြင့် ရှာဖွေခြင်းကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊
 
၃- သီးခြားခွဲထားခြင်းကို အကောင်းဆုံးဖြစ်အောင်ချိန်ညှိပေးခြင်း၊
 
၄ - အန္တရာယ်များသောနေရာများတွင် "အမြန်ပိတ်ပြီး အမြန်လွှတ်ပေးရန်" ကို အကောင် အထည်ဖော်ခြင်း၊
 
၅- ဆေးဝါးသုံးစွဲတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ပြည်၀စေရန် သေချာစေခြင်း၊
 
၆- သက်ကြီးရွယ်အိုများတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်ဆောင်ရွက်ခြင်း၊
 
၇- အဓိကကျသည့် လူဦးရေဆိုင်ရာ ကျန်းမာရေးအခြေအနေဆိုင်ရာ စုံစမ်းစစ်ဆေးမှုနှင့် ခွဲခြားစီမံမှုကို အားကောင်းစေခြင်း၊
 
၈-လူ့အဖွဲ့အစည်း၏ ပုံမှန်လည်ပတ်မှုနှင့် အခြေခံဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို သေချာစေခြင်း၊
 
၉- ကပ်ရောဂါနှင့်ဆက်နွယ်သော ရောဂါများအတွက် ကာကွယ်ရေးကို အာမခံချက် ခိုင်မာစေခြင်း၊
 
၁၀- ကျောင်းတွင်း ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင် ခြင်းတို့ကို ထုတ်ပြန်ခဲ့သည်။
 
တရုတ်နိုင်ငံတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့် lockdown ချမှတ်မှုများကိုအဆုံးသတ်ကာ ဗိုင်းရပ်စ်ကူးစက်ခံရသူအချို့ကို နေအိမ်တွင်သီးခြားနေထိုင်ခွင့်ပြုကြောင်း ကြေညာခဲ့ပြီးနောက် တရုတ်၏ တင်းကျပ်သော ကိုဗစ်ကင်းစင်ရေးမူဝါဒ ပြောင်းလဲမှုအပေါ် ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။ တိကျသည့် အချက် ၁၀ ချက်တွင် ပါဝင်သည့် ကာကွယ်ဆေးထိုးနှံမှုနှုန်းနှင့် ဗိုင်းရပ်စ်သတ်ဆေးကုသမှုများ မြှင့်တင်ခြင်းအားထုတ်ကြိုးပမ်းမှုသည် တရုတ်နိုင်ငံသားများအတွက် အလွန်ကောင်းမွန်သည်သာမက အာရှနှင့် ကမ္ဘာ့နိုင်ငံများအတွက်လည်း အရေးပါသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏အကြီးအကဲက ပြောခဲ့သည်ကိုတွေ့ရသည်။
တရုတ်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းခြင်းသည် ကပ်ရောဂါ၏သက်ရောက်မှုများ၊ ယူကရိန်း စစ်ပွဲနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် လှုပ်ခတ်နေသော ကမ္ဘာတွင်မသေချာမှုများကို ဖယ်ရှားရာ၌ အကူအညီဖြစ်စေလိမ့်မည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) ညွှန်ကြားရေးမှူးချုပ် အိုကွန် ဂျိုအိုင်ဝီလာက ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၃ ခုနှစ်တွင် COVID-19ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ဟုကြေညာရန် ရှိနေချိန်တွင် တရုတ်အစိုးရက တိကျသော ကိုဗစ်ကာ ကွယ်ရေးအတွက် အချက် ၁၀ ချက်ထုတ်ပြန်ကာ ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်ရန် မူအပြောင်းအလဲက ကိုဗစ်အပေါ် ထိထိရောက်ရောက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာက ပြသလိုက်သည့် အမှတ်အသားတစ်ခုပင်ဖြစ်ပါသည်။
 
လင်းသစ်အောင်