【 နိုင်ငံတကာဆောင်းပါး 】တရုတ်ပြည်၏ စီရင်စု ၈၃၂ ခု ဆင်းရဲခြင်းမှ လွတ်မြောက်အောင်မြင်မှုမှတ်တမ်း

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ပြည်၏ စီရင်စု ၈၃၂ ခု ဆင်းရဲခြင်းမှ လွတ်မြောက်အောင်မြင်မှုမှတ်တမ်း

တရုတ်နိုင်ငံဟာ ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် အမျိုးသားညီလာခံကစပြီး ဆင်းရဲမွဲတေမှုပပျောက်ရေးကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီကနေ့ တရုတ်နိုင်ငံဟာ ဝင်ငွေအလယ်အလတ်အထက်တွင်ရှိသောနိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးသော နိုင်ငံဖြစ်သော်လည်း ယခင်က ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးလူများရှိနေသော နိုင်ငံဖြစ်နေဆဲဖြစ်ကာ ဆင်းရဲသောသူများဟာ နိုင်ငံ၏အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် အများစုတည်ရှိနေပါတယ်။

၂၀၁၃ ခုနှစ်တွင် စီရင်စု  ၃ ခုတွင် ၁ ခုဟာ ဆင်းရဲသော စီရင်စုအဖြစ် သတ်မှတ်ခံရပါတယ်။ ထိုအချိန်က တရုတ်နိုင်ငံတွင် စီရင်စုပေါင်း ၈၃၂ ခုကို ဆင်းရဲသော စီရင်စုများအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထိုနေရာများမှာ လူဦးရေ သန်း ၈၀ ခန့်နေထိုင်ကြပါတယ်။ တရုတ်နိုင်ငံဟာ ကျေးလက်ဒေသက အလွန်ဆင်းရဲမွဲတေမှုကို ပပျောက်အောင်ဆောင်ရွက်ပြီး ၂၀၂၀ တွင် အခွင့်အရေးအပြည့်အဝရရှိမှုမရှိသောသူများကို ကယ်တင်နိုင်ရန် ရည်မှန်းခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာလတွင် တရုတ်ဟာ ဆင်းရဲမွဲတေမှုမြင့်မားခဲ့သော စီရင်စုပေါင်း ၈၃၂ ခုကို ခန့်မှန်းထားတာထက် ၁ လ စောကာ အလွန်ဆင်းရဲမွဲတေသူများကို ကယ်တင်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံအနောက်ပိုင်းဟာ မြင့်မားသော တောင်ကုန်းများဖြင့် ဖွဲ့စည်းထားပြီး တစ်ချို့သော တောင်တန်းဒေသများတွင် လူဦးရေနည်းပါးရှိကာ မြင့်မားသော တောင်တန်းများနှင့် သဲကန္တရလည်း နိုင်ငံပိုင်းတွင် ရှိပါတယ်။ သို့သော်လည်း နိုင်ငံ၏ အရှေ့ပိုင်းဟာ မြေဩဇာကောင်းသော ဒေသဖြစ်ပြီး စိုက်ပျိုးရေးအတွက် အလွန်သင့်တော်သော နေရာဖြစ်ကာ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် လူသာများနေထိုင်ရန် သင့်တော်သော နေရာ ဖြစ်ပါတယ်။ ရှေ့ခေတ်ကတည်းက လူဦးရေးဟာ နိုင်ငံ၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင်သာ အများစုနေထိုင်လာခဲ့ကြပါတယ်။

တရုတ်နိုင်ငံ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း မမျှတရသည့်အကြောင်းအရင်းဟာ သဘာဝတောတောင် အခြေအနေများကြောင့် ဖြစ်ပါတယ်။ အစိုးရက ၂၀၁၃ တွင် ဆင်းရဲမွဲတေမှု မြင့်မားသောနေရာအဖြစ် သတ်မှတ်ထားသော စီရင်စု  ၈၃၂ ခုမှာ နိုင်ငံ၏ အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် တည်ရှိပါတယ်။ ၂၀၁၃ ခုနှစ် တွင် ဆင်းရဲမှုမြင့်မားသော နေရာများဟာ တရုတ်နိုင်ငံဧရိယာထက်ဝက်ခန့်ကို ကိုယ်စားပြုခဲ့ပါတယ်။ ထိုအချိန်တုန်းက စီရင်စု ၃ ခုတွင် ၁ ခုကို ဆင်းရဲမှုမြင့်မားသော စီရင်စု အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထို့ကြောင့် တရုတ်ဟာ ထိုကဲ့သို့ ဆင်းရဲမှုမြင့်မားသော နိုင်ငံကတော့ ဝင်ငွေအသင့်သင့်အလယ်အလတ်မြင့်မားသောနိုင်ငံဖြစ်လာရန် ဘယ်လောက်ခက်ခဲစွာ လုပ်ခဲ့သလဲဆိုတာကို သိရှိပါတယ်။

ဒေသဆိုင်ရာဆင်းရဲမွဲတေမှုစာရင်းများအရ တရုတ်နိုင်ငံကို အုပ်ချုပ်မှုဒေသ ၅ အဖြစ် ပိုင်းခြားနိုင်ပြီး အ နောက်မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဆိုကာ ၅ နေရာအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဆင်းရဲသော ကောင်တီများဟာ အများအားဖြင့် အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် အခြားသော နေရာများထက် ပိုများပြီး အလယ်ပိုင်းမှာလည်း အနည်းငယ်မြင့်မားနေပါတယ်။

တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင်ရှိသော ဆင်းရဲသောစီရင်စုများဟာ ပြည်နယ်အဆင့်ရှိ စီရင်စု ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၃ တွင် ဆင်းရဲမွဲတေမှုမြင့်မားနေသော နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင်ရှိသော ဆင်းရဲသောစီရင်စုများဟာ ၃၀ ရာခိုင်နှုန်း အထက်တွင် မရှိခဲ့ပါဘူး။ သို့သော်လည်း တရုတ်နိုင်ငံအနောက်ဘက်တွင်တည်ရှိသော စီရင်စု အများစုဟာ ဆင်းရဲသော စီရင်စုများဖြစ်ကာ နိုင်ငံ၏ အခြားသော နေရာများထက် လူဦးရေလည်း နည်းပါးပါတယ်။ အရှေ့ပိုင်းတွင် ရှိသော ပြည်နယ် ၉ ခုတွင် ဆင်းရဲမှုမြင့်မားသော စီရင်စုမရှိခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ အရှေ့ပိုင်းတွင် လူတစ်ဦး၏ တစ်နှစ်တာ ပျမ်းမျှဝင်ငွေဟာ ယွမ် ၁၀၀၀၀ အထက်တွင်ရှိကြောင်း ဆိုပါတယ်။ ရှန်ဟိုင်းတွင် နေထိုင်သောသူများဟာ ဝင်ငွေအမြင့်မားဆုံးသောသူများဖြစ်ပြီး တရုတ်အနောက် မြောက်ပိုင်း ကန်ဆူပြည်နယ်ဟာ မြို့ပြနှင့် ကျေးလက်ဝင်ငွေကွာဟမှုအမြင့်မားဆုံးရှိသော နေရာဖြစ်ပါတယ်။ နိုင်ငံ၏ အနောက်တောင်ပိုင်းတွင်ရှိသော ကွေကျိုးဟာ ကျေးလက်ဒေသများအကြား ဝင်ငွေအနည်းဆုံးရှိ သောနေရာဖြစ်ပါတယ်။

ငွေကြေးချမ်းသောသော အရှေ့ပိုင်းနှင့် အခွင့်အရေးနည်းပါးသော အနောက်ပိုင်းအကြား ချမ်းသာကြွယ်ဝမှုကွာဟမှုကို လျော့ချနိုင်ရန်အတွက် မူဝါဒရေးဆွဲသူများဟာ “ချမ်းသာသောသူများ ဆင်းရဲသောသူများကို ကူညီရေး” ဆိုတဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုစီမံချက်အသစ်ကို ရေးဆွဲခဲ့ကြပါတယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းလည်း ဆင်းရဲမှုပပျောက်ရေးမူဝါဒအမျိုးမျိုးကို ကျင့်သုံးလာခဲ့ကြပါတယ်။

ကွမ်တုံရဲ့ ဂျီဒီပီဟာ နှစ်ပေါင်းများစွာ နိုင်ငံအတွင်းအမြင့်မားဆုံးအဖြစ်တည်ရှိခဲ့ပြီး ဒီပြည်နယ်ဟာ အလွန် ဆင်းရဲသော ပြည်နယ်များအတွက် “အရှေ့-အနောက်အတူတူပူးပေါင်းဆောင်ရွက်ခြင်း” စီမံချက်အောက်တွင် ကူညီမှုအများဆုံး  ပြုလုပ်လာခဲ့သော ပြည်နယ်ဖြစ်လာပါတယ်။ လွန်ခဲ့သော ၅ နှစ်အတွင်း ကွမ်တုံပြည်နယ်ဟာ လူ ပေါင်း ၄ သန်းကျော်ကို ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ရန် ကူညီပေးခဲ့ပါတယ်။ ငွေကြေးထောက်ပံ့မှုများ အပါ အဝင်၊ စက်မှုကဏ္ဍတိုးချဲ့ခြင်း၊ အလုပ်အကိုင်ရရှိမှု၊ စွမ်းရည်မြှင့်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး နှင့် လူမှုဖူလုံရေးတို့တွင် ကူညီမှုများကို ပေးအပ်ခဲ့ပါတယ်။

ရှန်ဟိုင်းဟာ ဆင်းရဲမွဲတေမှုမြင့်မားသော စီရင်စု ၂၂ ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တိဘက်နှင့် ရှင်ကျန်း ဒေသတို့ကိုလည်း ကူညီမှုပေးအပ်ခဲ့ပါတယ်။ ထို့ကြောင့်တရုတ်၏ ဆင်းရဲမွဲတေမှုလျော့ချရေးစီမံချက်ဟာ ရလဒ် ကောင်းများထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ ၂၀၂၀ နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ စီရင်စုပေါင်း ၈၃၂ ခုကို ဆင်းရဲမွဲတေမှုစာရင်းကနေ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အားလုံး၏ ပူးပေါင်းပါဝင်မှု၊ အစိုးရ ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ အစိုးရပိုင်ကုပ္ပဏီများ၊ ပုဂ္ဂလိကနယ်ပယ်၊ အစိုးရမဟုတ်သော အေဂျင်စီ များ အစရှိသော အဖွဲ့အစည်းများဖြင့် တရုတ်ဟာ ဆင်းရဲမွဲတေမှုပပျောက်ရေးရည်မှန်းချက်များကို နောက်ဆုံး တော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

တရုတ်အနောက်ပိုင်း ကျေးလက်ဒေသက ဝင်ငွေဟာ အရှေ့ပိုင်းက နိုင်ငံသားများထက် လျင်မြန်စွာ မြင့်တက်လာနေပါတယ်။ အရှေ့အနောက်ဝင်ငွေကွာဟမှုကလည်း ကျည်းမြောင်းလာခဲ့ပါတယ်။ မြို့ပြ-ကျေးလက် ဝင်ငွေကွာဟမှုနှုန်းအချိုးဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း လျော့ကျလာကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများ၏ တစ်ဦးချင်းဝင်ငွေဟာ ကွာဟမှုနည်းပါးလာပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အကြား တရုတ်နိုင်ငံ၏ ဆင်းရဲသောလူဦးရေပမာဏဟာ ၉၈.၉၉ သန်း ကနေ ၅.၅၁ သန်းသို့ ကျဆင်းလာခဲ့ပါတယ်။ ကျေးလက်နေပြည်သူများဟာ အခြေခံအဆောက်အဦ၊ ပြည်သူ့ဝန်ဆောင်မှု၊ စက်မှုလုပ်ငန်း နှင့် ဂေဟစနစ်များတွင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ နိုင်ငံ၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်း အကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များအကြား ဝင်ငွေကွာဟမှုကလည်း ကျည်းမြောင်းလာခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတွေမှု ပပျောက်ရေးစီမံချက်တွင် ကြီးမားသော အောင်မြင်မှုဖြစ်ပါတယ်။

(CMG သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် A story of struggle and success: China's 832 poorest counties သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်)

Naing