【 နိုင်ငံတကာဆောင်းပါး 】စွဲချက်တင်ခြင်းကို အလေးမထားဘဲ မဲဆွယ်ပွဲ အတွက် ထရမ့် ယုံကြည်ချက် ရှိနေ

 【  နိုင်ငံတကာဆောင်းပါး  】စွဲချက်တင်ခြင်းကို အလေးမထားဘဲ မဲဆွယ်ပွဲ အတွက် ထရမ့် ယုံကြည်ချက် ရှိနေ

ရွေးကောက်ပွဲကျင်းပရန် တနှစ်မျှပင်မလိုတော့ချိန်တွင် သမ္မတထရမ့်၏ နောက်တကြိမ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ပွဲသည် အလားအလာရှိသော သမ္မတအပေါ်စွဲချက်တင်ခြင်းကို အလေးထားခြင်း မရှိကြောင်းပြသနေပြီး မဲဆွယ်ပွဲအတွက် အချက်အလက် ကောက်ယူရေး အား ထုတ်မှုများကို ချီးကျူးပြောကြားကာ ဒီမိုကရက်နယ်ပယ်မှ မည်သူမျှလက်ရှိသမ္မတကို ယှဉ်နိုင် မည် မဟုတ်ကြောင်း ကြေညာလိုက်သည်။

အောက်လွှတ်တော်တွင် စွဲချက်တင်ခြင်းကို လာမည့်အပါတ်တွင် မဲခွဲမည်ဟု မျှော်လင့်ရပြီး ထိုသို့ စွဲဆိုခြင်း ကို တသီးပုဂ္ဂလများက ကြိုက်နှစ်သက်ခြင်းမရှိကြောင်း အထူးသဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်များတွင် လူကြိုက်များခြင်းမရှိကြောင်း သဘောထားစစ်တမ်းများက ပြသနေသည်ဟု မဲဆွယ်ပွဲက အလေးထားပြောသည်။

ထရမ့်သည် ၂၀၁၆ ခုနှစ်က လူထုမဲတွင် မဲ ၃ သန်းရှုံးနိမ့်ခဲ့ပြီး မြောက်ပိုင်း အထည်ကြီးပျက် ပြည်နယ်များတွင် Electoral College မဲအနည်းငယ်ဖြင့်သာ အနိုင်ရသော်လည်း ပြန်လည် ရွေးကောက် ခံရရန်ချောမွေ့သော လမ်းကြောင်းပေါ်တွင်ရှိနေနိုင်ကြောင်း မဲဆွယ်ပွဲက ကြေညာ သည်။

သမ္မတ၏သားမက်နှင့် အိမ်ဖြူတော် အဆင့်မြင့်အကြံပေးဖြစ်သော ဂျရက် ကက်ရှ်နာသည် ကြာသပတေးနေ့က မဲဆွယ်ပွဲအခြေအနေကို သတင်းထောက်များအားပြောသော အဆင့်မမြင့် မဲဆွယ်ပွဲ အရာရှိအများအပြားအနက်တဦးဖြစ်သည်။ ပြန်လည်ရွေးကောက်ခံရရေးအဖွဲ့က  ဒီမိုကရက်တို့ဖက်ကိုကြည့်သောအခါ “အိုဘားမားညွုန့်ပေါင်းအဖွဲ့ကို စုစည်းနိုင်တဲ့သူ တယောက် မှ မတွေ့ဘူး။ နေရာတိုင်းမှာ ကျနော်တို့က ထိုးစစ်အနေအထားဖြစ်နေပြီး ဒါကြောင့် ကျနော်တို့ အရမ်းကို စိတ်လှုပ်ရှားနေတယ်” ဟု သူပြောသည်။

ကက်ရှ်နာသည် လွန်ခဲ့သော ၃ နှစ်က သူ၏ယောက္ခမ ရုတ်တရက်အနိုင်ရအောင်မကူညီခဲ့စဉ်က ဒီမိုကရက်ဖြစ်ခဲ့သည်။ “ကျနော်က ရီပါတ်ဗလစ်ကန်မဟုတ်ခဲ့ဘူး၊ အခုလည်းမဟုတ်ဘူး။ ဒါပေမယ့်ကျနော့်လိုလူတွေက ဒီပါတီရဲ့အစိတ်အပိုင်းဖြစ်နေရတာကို ကျေနပ်နေကြတော့ ရီပါတ်ဗလစ်ကန်ပါတီဟာ အခုဆိုရင်ကြီးထွားလာနေတယ်လို့ ကျနော်ထင်တယ်” ဟုလည်း သူပြောသည်။

ချပြထားသော သေနင်္ဂဗျူဟာတွင် ၂၀၁၈ ခုနှစ် နှစ်လယ်ရွေးကောက်ပွဲအတွင်းက အိမ်တွင်သာ နေထိုင်ကြသော သမ္မတကို ထောက်ခံသူများမဲပေးအောင်လုပ်ဆောင်ရေး အပါအဝင် ထောက်တိုင် များစွာပါဝင်သည်။ သမ္မတ၏ ကျယ်လောင်သော လူထုစုဝေးပွဲမှ အချက်အလက် ကောက်ခံခြင်းက တွန်းအားပေးသော တောင့်တင်းကြံ့ခိုင်သည့် အချက်အလက်စစ်ဆင်ရေး၊ ၂၀၁၆ ခုနှစ်က အကုန်အကျသက်သာသည့် ပုံစံထက် များစွာ ပိုမိုကျွမ်းကျင်သည့် စေတနာ့ ဝန်ထမ်း ကြီးမားသော နည်းပညာအဖွဲ့အစည်း၊  နောက်ဆုံးအကြိမ်က ထရမ့်ရှုံးနိမ့်ခဲ့သည့် မင်နီဆိုးတား၊ နယူ ဟမ့်ရှိုင်းယားနှင့် နယူး မက္ကဆီကို အပါအဝင် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ပြည်နယ် ၁၇ ခုတွင် ယှဉ်ပြိုင်ခြင်းဖြင့် အောင်ပွဲရမည့်လမ်းကြောင်းများကို တိုးချဲ့ရေး စသည် တို့ကိုလည်း ထောက်တိုင်များအဖြစ်အာရုံစိုက်သည်။

ပြန်လည်ရွေးကောက်ခံရရေးအတွက် သော့ချက်တခုမှာ မဲဆွယ်ပွဲအတွင်း ၂၀၁၆ ခုနှစ်က သမ္မတ ကို ထောက်ခံခဲ့ပြီး ဆက်လက်ထောက်ခံနေကာ သက်တမ်းလယ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပြား များတွင် ထရမ့်၏အမည်ကို မတွေ့သောကြောင့် မဲမပေးခဲ့သည့်တွေ့ရှိရသည့် မဲဆန္ဒရှင် ၈.၈ သန်းကို ထွက်ပေါ်လာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

မဲဆွယ်ပွဲ၏ တင်ပြမှုတွင် မောက်မာမှုအတန်အသင့်ပါဝင်ပြီး စွဲချက်တင်ခြင်းသည် နိုင်ငံရေးအရ အနိုင်ရသည်ဟုသော ပြောဆိုမှုလည်းပါဝင်သည်။ထရမ့်သည် တတိယမြောက်စွဲချက်တင်ခြင်း ခံရသော သမ္မတဖြစ်လာနိုင်ပြီး သူသည် ပြန်လည်ရွေးကောက်ခံသော စွဲချက်တင်ခံရသည့် ပထမ “ ဒါဟာ ကျနော်တို့ရဲ့အခြေခံကို အလင်းရောင်ပေးတယ်။ သမ္မတကို ထောက်ခံသူတွေကို ပြသ တယ်။ သူတို့တွေက စိတ်တွေရှုပ်ထွေးနေတယ်။ စိတ်ပျက်နေတယ် ပြီးတော့ မဲပေးသူတွေကို စိတ်ဓါတ်ခွန်အားပေးနေတယ်။

ထရမ့်သည် စွဲချက်တင်ခံရရန်မထိုက်တန်ကြောင်းသူပြောသော်လည်း ပါစကေးက ထိုကြားနာ စစ်ဆေးမှုသည် မဲဆွယ်ပွဲအတွက် စေတနာ့ဝန်ထမ်းများ စုဆောင်းမှုနှင့် ရန်ပုံငွေရှာဖွေရေးကို အထောက်အကူပြုမည်ဟု ဆိုသည်။

 “ဒါကကျနော်တို့ဘဏ်မှာ ငွေတွေရောက်လာစေတယ်။ ကျနော်တို့ကွင်းဆင်းအစီအစဉ်အတွက် စေတနာ့ဝန်ထမ်းတွေကို ပိုမိုများပြားစေတယ်” ဟု သူပြောသည်။ “လူထုစည်းဝေးပွဲအတွက် နေရာဖြည့်ပေးရတာပိုမိုလွယ်ကူစေတယ်” ဟု သူပြောသည်။

ထိုအချက်သည် သမ္မတရာထူးအတွက်ယှဉ်ပြိုင်မည့်သူများအပါအဝင် ဒီမိုကရက်တို့၏ လေးနက်သော လေသံနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ထိုသူများက နိုင်ငံရေးရန်သူတဦးကို စုံစမ်းစစ်ဆေးရန် ယူကရိန်းကို တွန်းအားပေးရန် ထရမ့်၏ အားထုတ်မှုသည် စွဲချက်တင်ရန် လိုအပ်သော အကြောင်းဟု ယုံကြည်ကြသည်။ ၎င်းတို့သည် နိုင်ငံရေးအတွက် အမြတ်ရရန် မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ တာဝန်အရ ထရမ့်ကို စွဲချက်တင်ရန်အားထုတ်မှုများကို ဆက်လက်လုပ်ကိုင်သည်ဟု ဒီမိုကရက် ဥပဒေပြုအမတ်များက ပြောဆိုကြသည်။

သမ္မတကမူ ဆန့်ကျင်ဖက်ကိုပြောဆိုပြီး စွဲချက်တင်ခြင်းသည် ဘက်လိုက်သော နိုင်ငံရေး ပြဇာတ် ဖြစ်သည်ဟု ရှုတ်ချသည်။ထရမ့်အပေါ်ထောက်ခံမှုနှုန်းသည် သမ္မတသက်တမ်းတလျှောက်လုံး နိမ့်ကျနေသော်လည်း သူ့ကိုလူပုဂ္ဂိုလ်အရ မကြိုက်နှစ်သက် သောမဲဆန္ဒရှင်အချို့သည်ပင် သူ၏မူဝါဒများနှင့် စီးပွားရေးအခြေအနေအရ သူ့ကိုလာမည့်နှစ်တွင် ထောက်ခံမည်ဖြစ် သောကြောင့် သူပြန်လည်ရွေးချယ်ခံရခြင်း အောင်မြင်မည်ဟု မဲဆွယ်ပွဲအရာရှိများ ကပြောဆို နေကြသည်။

ထရမ့်သည် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ အထက်လွှတ်တော်အမတ် များဖြစ်သော အဲလိဇဘတ် ဝါရင်၊ ဘာနေးဆန်းဒါးနှင့် အင်ဒီယားနားပြည်နယ် ဆောက်သ်ဘန်းမြို့တော်ဝန် ပိဘတ်တစ်ဂစ် တို့အပါအဝင် အဓိက ဒီမိုကရက် သမ္မတ လောင်းများ၏ နောက်တွင်ရှိနေကြောင်း တနိုင်ငံလုံးလူထုသဘောထား စစ်တမ်းများကပြသနေသည်။ အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ပြည်နယ်များမှ လူထုသဘောထားစစ်တမ်းများကလည်း အပြင်းအထန် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းပြသနေသည်။

(  Zawgyi  )

ေ႐ြးေကာက္ပြဲက်င္းပရန္ တႏွစ္မွ်ပင္မလိုေတာ့ခ်ိန္တြင္ သမၼတထရမ့္၏ ေနာက္တႀကိမ္ ေ႐ြးေကာက္ပြဲ အတြက္ မဲဆြယ္ပြဲသည္ အလားအလာရွိေသာ သမၼတအေပၚစြဲခ်က္တင္ျခင္းကို အေလးထားျခင္း မရွိေၾကာင္းျပသေနၿပီး မဲဆြယ္ပြဲအတြက္ အခ်က္အလက္ ေကာက္ယူေရး အား ထုတ္မႈမ်ားကို ခ်ီးက်ဴးေျပာၾကားကာ ဒီမိုကရက္နယ္ပယ္မွ မည္သူမွ်လက္ရွိသမၼတကို ယွဥ္ႏိုင္ မည္ မဟုတ္ေၾကာင္း ေၾကညာလိုက္သည္။

ေအာက္လႊတ္ေတာ္တြင္ စြဲခ်က္တင္ျခင္းကို လာမည့္အပါတ္တြင္ မဲခြဲမည္ဟု ေမွ်ာ္လင့္ရၿပီး ထိုသို႔ စြဲဆိုျခင္း ကို တသီးပုဂၢလမ်ားက ႀကိဳက္ႏွစ္သက္ျခင္းမရွိေၾကာင္း အထူးသျဖင့္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမည့္ ျပည္နယ္မ်ားတြင္ လူႀကိဳက္မ်ားျခင္းမရွိေၾကာင္း သေဘာထားစစ္တမ္းမ်ားက ျပသေနသည္ဟု မဲဆြယ္ပြဲက အေလးထားေျပာသည္။

ထရမ့္သည္ ၂၀၁၆ ခုႏွစ္က လူထုမဲတြင္ မဲ ၃ သန္းရႈံးနိမ့္ခဲ့ၿပီး ေျမာက္ပိုင္း အထည္ႀကီးပ်က္ ျပည္နယ္မ်ားတြင္ Electoral College မဲအနည္းငယ္ျဖင့္သာ အႏိုင္ရေသာ္လည္း ျပန္လည္ ေ႐ြးေကာက္ ခံရရန္ေခ်ာေမြ႕ေသာ လမ္းေၾကာင္းေပၚတြင္ရွိေနႏိုင္ေၾကာင္း မဲဆြယ္ပြဲက ေၾကညာ သည္။

သမၼတ၏သားမက္ႏွင့္ အိမ္ျဖဴေတာ္ အဆင့္ျမင့္အႀကံေပးျဖစ္ေသာ ဂ်ရက္ ကက္ရွ္နာသည္ ၾကာသပေတးေန႔က မဲဆြယ္ပြဲအေျခအေနကို သတင္းေထာက္မ်ားအားေျပာေသာ အဆင့္မျမင့္ မဲဆြယ္ပြဲ အရာရွိအမ်ားအျပားအနက္တဦးျဖစ္သည္။ ျပန္လည္ေ႐ြးေကာက္ခံရေရးအဖြဲ႕က  ဒီမိုကရက္တို႔ဖက္ကိုၾကည့္ေသာအခါ “အိုဘားမားၫြဳန႔္ေပါင္းအဖြဲ႕ကို စုစည္းႏိုင္တဲ့သူ တေယာက္ မွ မေတြ႕ဘူး။ ေနရာတိုင္းမွာ က်ေနာ္တို႔က ထိုးစစ္အေနအထားျဖစ္ေနၿပီး ဒါေၾကာင့္ က်ေနာ္တို႔ အရမ္းကို စိတ္လႈပ္ရွားေနတယ္” ဟု သူေျပာသည္။

ကက္ရွ္နာသည္ လြန္ခဲ့ေသာ ၃ ႏွစ္က သူ၏ေယာကၡမ ႐ုတ္တရက္အႏိုင္ရေအာင္မကူညီခဲ့စဥ္က ဒီမိုကရက္ျဖစ္ခဲ့သည္။ “က်ေနာ္က ရီပါတ္ဗလစ္ကန္မဟုတ္ခဲ့ဘူး၊ အခုလည္းမဟုတ္ဘူး။ ဒါေပမယ့္က်ေနာ့္လိုလူေတြက ဒီပါတီရဲ႕အစိတ္အပိုင္းျဖစ္ေနရတာကို ေက်နပ္ေနၾကေတာ့ ရီပါတ္ဗလစ္ကန္ပါတီဟာ အခုဆိုရင္ႀကီးထြားလာေနတယ္လို႔ က်ေနာ္ထင္တယ္” ဟုလည္း သူေျပာသည္။

ခ်ျပထားေသာ ေသနဂၤဗ်ဴဟာတြင္ ၂၀၁၈ ခုႏွစ္ ႏွစ္လယ္ေ႐ြးေကာက္ပြဲအတြင္းက အိမ္တြင္သာ ေနထိုင္ၾကေသာ သမၼတကို ေထာက္ခံသူမ်ားမဲေပးေအာင္လုပ္ေဆာင္ေရး အပါအဝင္ ေထာက္တိုင္ မ်ားစြာပါဝင္သည္။ သမၼတ၏ က်ယ္ေလာင္ေသာ လူထုစုေဝးပြဲမွ အခ်က္အလက္ ေကာက္ခံျခင္းက တြန္းအားေပးေသာ ေတာင့္တင္းႀကံ့ခိုင္သည့္ အခ်က္အလက္စစ္ဆင္ေရး၊ ၂၀၁၆ ခုႏွစ္က အကုန္အက်သက္သာသည့္ ပုံစံထက္ မ်ားစြာ ပိုမိုကြၽမ္းက်င္သည့္ ေစတနာ့ ဝန္ထမ္း ႀကီးမားေသာ နည္းပညာအဖြဲ႕အစည္း၊  ေနာက္ဆုံးအႀကိမ္က ထရမ့္ရႈံးနိမ့္ခဲ့သည့္ မင္နီဆိုးတား၊ နယူ ဟမ့္ရႈိင္းယားႏွင့္ နယူး မကၠဆီကို အပါအဝင္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမည့္ ျပည္နယ္ ၁၇ ခုတြင္ ယွဥ္ၿပိဳင္ျခင္းျဖင့္ ေအာင္ပြဲရမည့္လမ္းေၾကာင္းမ်ားကို တိုးခ်ဲ႕ေရး စသည္ တို႔ကိုလည္း ေထာက္တိုင္မ်ားအျဖစ္အာ႐ုံစိုက္သည္။

ျပန္လည္ေ႐ြးေကာက္ခံရေရးအတြက္ ေသာ့ခ်က္တခုမွာ မဲဆြယ္ပြဲအတြင္း ၂၀၁၆ ခုႏွစ္က သမၼတ ကို ေထာက္ခံခဲ့ၿပီး ဆက္လက္ေထာက္ခံေနကာ သက္တမ္းလယ္ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲျပား မ်ားတြင္ ထရမ့္၏အမည္ကို မေတြ႕ေသာေၾကာင့္ မဲမေပးခဲ့သည့္ေတြ႕ရွိရသည့္ မဲဆႏၵရွင္ ၈.၈ သန္းကို ထြက္ေပၚလာေအာင္ လုပ္ေဆာင္ျခင္းျဖစ္သည္။

မဲဆြယ္ပြဲ၏ တင္ျပမႈတြင္ ေမာက္မာမႈအတန္အသင့္ပါဝင္ၿပီး စြဲခ်က္တင္ျခင္းသည္ ႏိုင္ငံေရးအရ အႏိုင္ရသည္ဟုေသာ ေျပာဆိုမႈလည္းပါဝင္သည္။ထရမ့္သည္ တတိယေျမာက္စြဲခ်က္တင္ျခင္း ခံရေသာ သမၼတျဖစ္လာႏိုင္ၿပီး သူသည္ ျပန္လည္ေ႐ြးေကာက္ခံေသာ စြဲခ်က္တင္ခံရသည့္ ပထမ “ ဒါဟာ က်ေနာ္တို႔ရဲ႕အေျခခံကို အလင္းေရာင္ေပးတယ္။ သမၼတကို ေထာက္ခံသူေတြကို ျပသ တယ္။ သူတို႔ေတြက စိတ္ေတြရႈပ္ေထြးေနတယ္။ စိတ္ပ်က္ေနတယ္ ၿပီးေတာ့ မဲေပးသူေတြကို စိတ္ဓါတ္ခြန္အားေပးေနတယ္။

ထရမ့္သည္ စြဲခ်က္တင္ခံရရန္မထိုက္တန္ေၾကာင္းသူေျပာေသာ္လည္း ပါစေကးက ထိုၾကားနာ စစ္ေဆးမႈသည္ မဲဆြယ္ပြဲအတြက္ ေစတနာ့ဝန္ထမ္းမ်ား စုေဆာင္းမႈႏွင့္ ရန္ပုံေငြရွာေဖြေရးကို အေထာက္အကူျပဳမည္ဟု ဆိုသည္။

 “ဒါကက်ေနာ္တို႔ဘဏ္မွာ ေငြေတြေရာက္လာေစတယ္။ က်ေနာ္တို႔ကြင္းဆင္းအစီအစဥ္အတြက္ ေစတနာ့ဝန္ထမ္းေတြကို ပိုမိုမ်ားျပားေစတယ္” ဟု သူေျပာသည္။ “လူထုစည္းေဝးပြဲအတြက္ ေနရာျဖည့္ေပးရတာပိုမိုလြယ္ကူေစတယ္” ဟု သူေျပာသည္။

ထိုအခ်က္သည္ သမၼတရာထူးအတြက္ယွဥ္ၿပိဳင္မည့္သူမ်ားအပါအဝင္ ဒီမိုကရက္တို႔၏ ေလးနက္ေသာ ေလသံႏွင့္ ဆန႔္က်င္ဖက္ျဖစ္ေနသည္။ ထိုသူမ်ားက ႏိုင္ငံေရးရန္သူတဦးကို စုံစမ္းစစ္ေဆးရန္ ယူကရိန္းကို တြန္းအားေပးရန္ ထရမ့္၏ အားထုတ္မႈသည္ စြဲခ်က္တင္ရန္ လိုအပ္ေသာ အေၾကာင္းဟု ယုံၾကည္ၾကသည္။ ၎တို႔သည္ ႏိုင္ငံေရးအတြက္ အျမတ္ရရန္ မဟုတ္ဘဲ ဖြဲ႕စည္းပုံအေျခခံဥပေဒ တာဝန္အရ ထရမ့္ကို စြဲခ်က္တင္ရန္အားထုတ္မႈမ်ားကို ဆက္လက္လုပ္ကိုင္သည္ဟု ဒီမိုကရက္ ဥပေဒျပဳအမတ္မ်ားက ေျပာဆိုၾကသည္။

သမၼတကမူ ဆန႔္က်င္ဖက္ကိုေျပာဆိုၿပီး စြဲခ်က္တင္ျခင္းသည္ ဘက္လိုက္ေသာ ႏိုင္ငံေရး ျပဇာတ္ ျဖစ္သည္ဟု ရႈတ္ခ်သည္။ထရမ့္အေပၚေထာက္ခံမႈႏႈန္းသည္ သမၼတသက္တမ္းတေလွ်ာက္လုံး နိမ့္က်ေနေသာ္လည္း သူ႔ကိုလူပုဂၢိဳလ္အရ မႀကိဳက္ႏွစ္သက္ ေသာမဲဆႏၵရွင္အခ်ိဳ႕သည္ပင္ သူ၏မူဝါဒမ်ားႏွင့္ စီးပြားေရးအေျခအေနအရ သူ႔ကိုလာမည့္ႏွစ္တြင္ ေထာက္ခံမည္ျဖစ္ ေသာေၾကာင့္ သူျပန္လည္ေ႐ြးခ်ယ္ခံရျခင္း ေအာင္ျမင္မည္ဟု မဲဆြယ္ပြဲအရာရွိမ်ား ကေျပာဆို ေနၾကသည္။

ထရမ့္သည္ ဒုတိယသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္၊ အထက္လႊတ္ေတာ္အမတ္ မ်ားျဖစ္ေသာ အဲလိဇဘတ္ ဝါရင္၊ ဘာေနးဆန္းဒါးႏွင့္ အင္ဒီယားနားျပည္နယ္ ေဆာက္သ္ဘန္းၿမိဳ႕ေတာ္ဝန္ ပိဘတ္တစ္ဂစ္ တို႔အပါအဝင္ အဓိက ဒီမိုကရက္ သမၼတ ေလာင္းမ်ား၏ ေနာက္တြင္ရွိေနေၾကာင္း တႏိုင္ငံလုံးလူထုသေဘာထား စစ္တမ္းမ်ားကျပသေနသည္။ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမည့္ ျပည္နယ္မ်ားမွ လူထုသေဘာထားစစ္တမ္းမ်ားကလည္း အျပင္းအထန္ ယွဥ္ၿပိဳင္ရမည္ ျဖစ္ေၾကာင္းျပသေနသည္။