【 နိုင်ငံတကာဆောင်းပါး 】စေတနာမှန်နဲ့ ရှေ့ဆက်နေသော တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】စေတနာမှန်နဲ့ ရှေ့ဆက်နေသော တရုတ်နိုင်ငံ

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုးသားကွန်ဂရက်ကို ပေကျင်းမြို့ရှိ  Hall of the People ခန်းမဆောင်တွင် အောက်တိုဘာ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကွန်ဂရက်ကို တင်ပြခဲ့သော အစီရင်ခံစာတွင် ရှီကျင့်ဖျင်က လွန်ခဲ့တဲ့ ဆယ်စုနှစ်တွင် အရေးပါပြီး သမိုင်းဝင် ဖြစ်စဉ် ၃ ခုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ နှစ်တစ်ရာပြည့်လာချိန်တွင် တရုတ်လူမျိုးများကို အသစ်‌သော ဆိုရှယ်လစ်လမ်းစဉ် တရုတ်စတိုင်ဖြင့် လမ်းပြပေးခြင်း၊ ဆင်းရဲမွဲတေမှုကို လျှော့ခြင်းနှင့် အသင့်သင့်ကြွယ်ဝချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းကို နှစ်တစ်ရာပြည့်ရည်မှန်းချက်အတိုင်း ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ လာမယ့် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံကို ခေတ်မီဆိုရှယ်လစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း ရှီကျင့်ဖျင်က ပြောပါတယ်။ လာမယ့် ၅ နှစ်ဟာ နိုင်ငံကို ခေတ်မီဆိုရှယ်လစ်နိုင်ငံအဖြစ် ပြောင်းလဲမှု ကောင်းမွန်စွာ စတင်နိုင်ရန် အရေးကြီးသော အချိန်ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်များဟာ တရုတ်အတွက်တော့ အနာဂတ်ကို ပြင်ဆင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်ဟာ ဆင်းရဲသော ကျေးလက်က လူပေါင်း ၉၈.၉၉ သန်းခန့်ကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် R&D ကဏ္ဍအတွက် ဒုတိယအကြီးမားဆုံး အသုံးစရိတ်ကို သုံးသော နိုင်ငံဖြစ်ပြီး ကန် ဒေါ်လာ ၉၈၀ ဘီလီယံခန့်နဲ့ ညီမျှသော အဆင့်မြင့်နည်းပညာများကိုတင်ပို့ခဲ့ပါတယ်။ တရုတ်အစိုးရဟာ ကမ္ဘာပေါ် တွင် ပြည်သူလူထု ထောက်ခံမှု အများဆုံး ရရှိထားသော အစိုးရဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တွင် Trust Barometer က ထုတ်ပြန်ထားသော အချက်အလက်အရ တရုတ်ပြည်သူ ၉၁ ရာခိုင်နှုန်းခန့်ဟာ အစိုးရကို ယုံကြည်နေကြကြောင်း ထုတ်ပြန်ထားပြီး ဒါဟာ ဆယ်နှစ်အတွင်း အမြင့်ဆုံးပမာဏ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်းဟာ တရုတ်၏ အနာဂတ်တွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်မြစ်ချလိုက်တာဖြစ်ပါတယ်။

သို့သော်လည်းစိန်ခေါ်မှုများကတော့ ရှိနေဆဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟာ အများပြည်သူရဲ့ဘဝနှင့်နယ်စပ်ကုန်သွယ်ရေးအတွက် အဟန့်အတားနှင့် အခက်အခဲဖြစ်နေဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာ စင်မြင့်ပေါ်တွင်  ပထဝီနိုင်ငံရေးပြိုကွဲမှုကလည်း တစ်ဦးအပေါ် တစ်ဦး သံသယရှိစေပြီး ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေပါတယ်။ လူများ၏ စည်းလုံးမှုကို ပြိုကွဲစေပြီး ဂလိုဘလ်လိုက်ဇေးရှင်းကို နောက်ပြန်လှည့်ချင်သောသူများဟာ ဖွံ့ဖြိုးတိုးတက်မှု၏ အင်အားကြီးမားသော ရန်သူဖြစ်နေဆဲဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ ပြည်သူလူထုကို ပထမနေရာမှာ ထားရမယ်၊ မိမိကိုယ်မိမိ ယုံကြည်မှုထားပြီး ကျွန်တော်တို့ရဲ့ခြေထောက်ပေါ်မှာ ရပ်တည်နိုင်ရမယ်၊ အခြေခံစည်းကမ်းများကို လိုက်နာပြီး ကဏ္ဍအသစ်များကိုလည်း စတင်နိုင်ရမယ်။ ပြဿနာခြေခံချဉ်းမှုနည်းကို အသုံးပြုပြီး စနစ်ကျသော တွေးခေါ်မှုကို ကျင့်သုံးရမည်။ ပြီးတော့ နိုင်ငံတကာအမြင်ကိုလည်းထားရှိရမည်” ဟု ရှီကျင့်ဖိန်က သူ့ရဲ့ အစီရင်ခံစာတွင် ပြောခဲ့ပါတယ်။ ဒါဟာ အတိတ်က သမိုင်းတစ်ခုတည်းမဟုတ်ပဲ တရုတ်နိုင်ငံ၏ အောင်မြင်မှု လျှို့ဝှက်ချက်ဖြစ်တယ်။ ဒါပေမယ့် ဒါကို အခြေခံပြီး အနာဂတ်ကိုလည်း တည်ဆောက်ရမည်ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ အာဏာခွဲဝေသော ခေတ်သစ်ကို ဝင်ရောက်နေပြီဖြစ်သောကြောင့် ခွန်အားကြီးသောသူအဖြစ် ဆက်ပြီး ရပ်တည်နိုင်ခြင်း၊ ပြည်သူများရဲ့ အကျိုးကို စောင့်ရှောက်ပေးခြင်းတို့ဟာ အနာဂတ် နိုင်ငံတကာ စနစ်သစ်တွင် ခွန်အားကြီးသော နိုင်ငံများရဲ့ တာဝန်ဖြစ်လာလိမ့်မယ်ဟု ပြောခဲ့ပါတယ်။ တရုတ်ဟာ လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို ဆက်ပြီး ကျင့်သုံးနေမည်ဖြစ်ပြီး ကိုယ့်အတွက် အကျိုးဖြစ်ထွန်းသော နေရာနှင့် မူဝါဒကိုသာ အမြဲတမ်းကျင့်သုံးမည်ဖြစ်ကြောင်း ဆိုပါတယ်။ အဖွဲ့များပါဝင်သော နိုင်ငံရေး၊ စစ်အေးကာလ စိတ်ဓာတ်နှင့် အယူဝါဒကို စွဲကိုင်ထားသော သံတမန်ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်အနည်းတုန်းက ကြုံတွေ့ခဲ့သော စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းလိမ့်မည် မဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။

အင်အားကြီးသော နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအတွက်တော့ ရှေ့ဆက်ချီတက်ခြင်းဟာ တရုတ်နိုင်ငံ၏ ဒုတိယ နှစ်တစ်ရာ၏ ရည်မှန်းချက်ဖြစ်ပြီး တရုတ်ပြည်သူများအတွက် ဖွံ့ဖြိုးတက်မှုများ ဖော်ဆောင်ပေးကာ နိုင်ငံတကာကို အပြုသဘောဆောင်သော နေရာကနေ ဦးဆောင်ရန်ဖြစ်ပါတယ်။ နိုင်ငံတကာဟာ လမ်းခုလတ် တစ်နေရာကို ပြန်ရောက်နေပြီး အနာဂတ်ကမ္ဘာ၏ ဆုံးဖြတ်ချက်များကို ပြည်သူကသာ လုပ်ရမည်ဖြစ်ကြောင်းလည်း ပြောပါတယ်။ တရုတ်ပြည်သူများဟာ နိုင်ငံတကာက လူများနဲ့ အတူတကွ ပူးပေါင်း အလုပ်လုပ်ရန် ဆင်သင့်ဖြစ်နေကြပြီး ပိုမိုတောက်ပသော လူသားများအတွက် အနာဂတ်ကို ဖန်တီးရန် အဆင့်သင့်ရှိနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Naing

Ref:CMG : True to the people, China forges ahead