【 နိုင်ငံတကာဆောင်းပါး 】ကုန်သွယ်ရေးစစ်ပွဲကို နှစ်နှစ်ကြာစမ်းသပ်ပြီးနောက် ထရမ့် မအောင်မမြင်ဖြစ်ရ

【  နိုင်ငံတကာဆောင်းပါး  】ကုန်သွယ်ရေးစစ်ပွဲကို နှစ်နှစ်ကြာစမ်းသပ်ပြီးနောက် ထရမ့် မအောင်မမြင်ဖြစ်ရ

လွတ်လပ်ဈေးကွက် အရင်းရှင်စနစ် ပရိသတ်များအတွက် ပျော်ရွှင်စရာအကြောင်းတခုရှိသည်။ သင်၏ ဘီရိုနောက်ဖက်တွင်ရှိနေသည့် အဒမ်စမစ်၏ အစိမ်းရောင်လည်စီးများကို ပြန်လည်ထုတ်ယူလိုက်ပါ ။ ပါတီသည် ၎င်း၏ ၁၉၉၉ ခုနှစ်က သို့မဟုတ် ထိုထက် ပိုမိုကောင်းမွန်သည့် ၂၀၀၀ ပြည့်နှစ်က  ကဲ့သို့ အင်တာနက်ဖြင့်မောင်းနှင်သည့် Nasdaq အညွုန်းကိန်းသည် စံချိန်တင် ၅၀၀၀ ရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု သည် တရုတ်နိုင်ငံနှင့် ပုံမှန်ကုန်သွယ်ရေး ထူထောင်ခဲ့သည်ကို သတိရပါ။

ယနေ့ပျော်ရွှင်ရသည့် အကြောင်းရင်းမှာ သမ္မတထရမ့်သည် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေး သဘော တူညီမှု အဆင့် ၁ ကိုလက်မှတ်ရေးထိုးခြင်းဖြစ်သည်။ ရာစုနှစ်တခုအတွင်း ကမ္ဘာ့အဆိုးရွား ဆုံးဖြစ်သော ကုန်သွယ်ရေး ပဋိပက္ခတွင် အပြန်အလှန် အခွန်များချမှတ်ခဲ့ပြီး ၂ နှစ်ကြာသောအခါ ဝါရှင်တန်နှင့် ဘေ့ဂျင်းတို့သည် သမိုင်းဝင်သဘောတူညီချက် ရခဲ့သော်လည်း ထိုသဘောတူညီချက် သည် သိပ်ကြီးကြီးမားမား ပြီးမြောက်အောင်မြင်ခြင်းတော့မဟုတ်သေးပေ။

 ၎င်းသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ပိုမိုချိန်ခွင်လျှာညီသည့် ကုန်သွယ်ရေး ကို မဖန်တီးပေးသေးပေ။ ၎င်းသည် မဟာစီးပွားရေးကြီး နှစ်ခုအကြား ပြတ်ပြတ်သားသား ရှင်းရှင်း လင်းလင်း မဖြစ်သေးပေ။ ၎င်းသည် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဗဟိုချုပ်ကိုင်မှု နှင့် အစိုးရက အထောက်အပံ့ထုတ်ပေးသည့်စနစ်အပေါ် အခြေခံသည့် နိုင်ငံတော်အရင်းရှင် စီးပွားရေးကို စွန့်လွှတ်ရန် မလုပ်ဆောင်နိုင်သေးပေ။  အမေရိကန်ုလုပ်ငန်းများက တရုတ်နိုင်ငံသို့ နည်းပညာ လွှဲပြောင်းပေး ရသည့် စနစ်ကိုပင် တရုတ်နိုင်ငံက ဝန်ခံခြင်းမရှိသေးပေ။

ကြီးကြီးမားမားပြီးမြောက်အောင်မြင်ခြင်းမရှိဟု ဆိုသော်လည်း အချီးနှီးတော့မဟုတ်ပေ။ ထရမ့်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ၏ ထူးခြားသော အောင်မြင်မှုမှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒသည် အလုပ်မဖြစ်ကြောင်း ကမ္ဘာ့ဇာတ်ခုံတွင် ရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့ မရည်ရွယ်သော်လည်း ကြိုဆိုရမည့် ရလဒ်အတွက် လွတ်လပ်သော ဈေးကွက်ဝါဒီများသည် အမှန်တကယ် မအံ့သြသင့်သော်လည်း ဝမ်းမြောက်သင့်သည်။ မည်သို့ဆိုစေကာမူ ထရမ့်၏ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် စီးပွားရေးအမြင်သည် လုံးဝမှားသည်။ ကြီးမားသော ကုန်သွယ်ရေး လိုငွေများသည် အကျင့်ပျက်သော သို့မဟုတ် အသိဉာဏ်ကင်းမဲ့သော နိုင်ငံရေး သမားများ၏ အသိဉာဏ်ကင်းမဲ့သော ကုန်သွယ်ရေး သဘောတူညီချက်များ၏ ရလဒ်မဟုတ်ပေ။

၎င်းတို့သည် အလွန်အကျွံအသုံးစရိတ်များနှင့်စုဆောင်းငွေ နည်းလွန်းခြင်း၏ ရလဒ်ဖြစ်သည်။ ထိုသဘောတူညီချက်ကြောင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထံမှ ကုန်စည်များ ပိုမိုဝယ်ယူ လာသော်လည်း ကာလတိုအတွင်း အမေရိကန် စီးပွားရေးတခုလုံး အတွက်အကျိုးအမြတ်မှာ အကန့်အသတ်ဖြင့်သာရှိနေသည်။

တရုတ်နိုင်ငံသို့ စွမ်းအင်နှင့်လယ်ယာထုတ်ကုန်ပိုမိုတင်ပို့ခြင်းသည့် အခြားနိုင်ငံများသို့ တင်ပို့မှု ကျဆင်းခြင်းကြောင့် ပြန်ကျေသွားမည်ဖြစ်သည်။ ထိုအချက်ကို Goldman Sachs မြင်သည့်အမြင်မှာ ထိုအတိုင်းပင် သေချာပေါက်ဖြစ်သည်။ “တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလိုငွေလျှော့ချနိုင်ခြင်းသည် အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးလိုငွေတိုးလာခြင်းနှင့်ပြန်လည်မျှခြေဖြစ်သွားမည်ဖြစ်သည်။ ထရမ့်၏ ကုန်သွယ်ရေးအစီအမံများရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုသည် ၂၀၁၉ ခုနှစ်ကိုလည်း ၂၀၁၈ ခုနှစ်က လိုငွေ ဒေါ်လာ ၆၂၁ ဘီလျှံထက် အနည်းငယ်သာ လျှော့နည်းအဆုံးသတ်ရ မည်ဖြစ် သည်။ ထိုအချက်ကြောင့် ထရမ့်၏ စီးပွားရေးအမြင်အရ ကျန်တကမ္ဘာလုံးသည် အမေရိကန် ပြည်ထောင်စုမှ ငွေများကို ဆက်လက်ယူဆောင်နေကြမည်ဖြစ်သည်။

အတိတ်စီးပွားရေး၏ ကျယ်ပြန့်သော ကိရိယာအဖြစ် အခွန်တိုးမြှင့်ခြင်းကို အသုံးပြုရန် ကြိုးစားခြင်း၏ အချီးနှီးဖြစ်မှုကိုလည်း ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲက ပြသနေသည်။ ခေတ်သစ် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ကာလကြာမြင့်စွာက ထွက်ခွာသွားခဲ့ ကြသော အထည်ကြီးပျက် ကုန်ထုတ် လုပ်ငန်းအလုပ်များကိုပြန်လည် ယူဆောင်ပေးမည် မဟုတ်ပေ။

သွင်းကုန်ကိုယ်ကျိုးစီးပွားကာကွယ်ခြင်းသည် အသာပေးလိုသောကဏ္ဍများကို ပြည်ပယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးနိုင်သော်လည်း ကုန်ကျစရိတ်မြင့်မားစေပြီး ပြည်ပလက်စားချေမှုကို ခံရစေနိုင်ကြောင်း ဘောဂဗေဒ ပညာရှင်များက ကြိုတင်ဟောကိန်း ထုတ်ထားသည်။ ယခုထို အတိုင်း ပင်ဖြစ်နေသည်။ ၂၀၁၈ ခုနှစ်ကအခွန်တိုးမြှင့်ခြင်းသည် ကုန်ထုန်အလုပ်များတွင် နှိုင်းယှဉ်ချက် အားဖြင့် ထုတ်လုပ်သူစရိတ်များတွင် နှိုင်းယှဉ်ချက်အားဖြင့် တိုးသွားစေကြောင်း အမေရိကန် ဗဟိုဘဏ် က လွန်ခဲ့သောလက ထုတ်ပြန်သည့် လေ့လာမှုကဖေါ်ပြသည်။

သို့မဟုတ်ပါကလည်း ကုန်ထုတ်လုပ်သူများ ကိုယ်တိုင်ပြောနေသည်ကို နားထောင်လိုက်ပါ။ သွင်းကုန် သံမဏိများကို ထရမ့်က အခွန် ၂၅ ရာခိုင်နှုန်းချမှတ်သည်ကို သူသဘောတူသော်လည်း သူသည် အထူးကင်းလွတ်ခွင့်ကို ပိုမိုလိုလားကြောင်းAllegheny Technologies မှ အမှုဆောင်အရာရှိချုပ်က ဝေါ့စထရိဂျာနယ်သို့ပြောသည်။ ထိုအခွန်ကြောင့် ၎င်းတို့လုပ်ငန်းက စွမ်းဆောင်ရည်မြင့် သတ္တုစပ် များပြု လုပ်ရန် အသုံးပြုနေသည့် နီကယ်ပါသော စတီးပြားများဈေးမှာ ကျိုးကြောင်းဆီလျှော်မှု ကင်းမဲ့လောက်အောင် ဈေးတက်သွားပြီး ပင်ဆယ်ဗေးနီးယားမှ အလုပ်အကိုင်ရာပေါင်း များစွာ အတွက် အန္တရာယ်ရှိလာကြောင်း သူပြောသည်။ တနည်းအားဖြင့်ဆိုရပါက စီးပွားရေး ဘာသာရပ် အခြေခံများသာ အနိုင်ရမည်ဖြစ်သည်။

သွေးအေးသော ဝေါ့စထရိမှ မဟာအရင်းရှင်ကြီးများသည် တရုတ်နိုင်ငံနှင့်  ကုန်သွယ်ရေး သဘောတူ ညီချက်ကို နှစ်ခြိုက်ကြမည်ဖြစ်သည်။ သို့သော်ထိုသို့ နှစ်သက်ခြင်းသည် စုစုပေါင်းပြည်တွင်း ထုတ်လုပ် မှု ကို တိုးတက်စေမည်၊ စီးပွားရေးကို ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေမည်ဟု ရင်းနှီးမြှုပ်နှံသူ အများစုက ယုံကြည်သောကြောင့်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်လိုက်ခြင်းသည် အမှန်တကယ် အန္တရာယ်များသော နယ်ပယ်သို့ ထပ်မံကျရောက်သွားခြင်းကို အကြီးအကျယ်လျှော့ချပေး သည် ၎င်းတို့ ထင်သောကြောင့်သာဖြစ်သည်။ အခြားအခြေအနေတခုမှာ ထရမ့်သည် ပြဿနာကို ကိုင်တွယ်လိုက်သောအခါ ပိုမိုဆိုးရွားစေတတ်သောကြောင့်ဖြစ်သည်။

အခွန်တိုးမြှင့်ခြင်းသည် ပိုမိုပျက်ဆီးစေခြင်းမရှိသည်မှာ ၎င်း၏ သက်ရောက်မှုကို ထရမ့်၏ အခွန်လျှော့ ချခြင်းနှင့် ဗဟိုဘဏ်၏ တင်းကျပ်မှု ဖြည်လျှော့ခြင်းကြောင့်သာဖြစ်သည်။ ထိုနည်းလမ်းနှစ်ခုလုံး သည် အကျဖက်သို့လည်း ဦးတည်နိုင်သည်။ တရုတ်နိုင်ငံကို အခွန်တိုးမြှင့်သောကြောင့် ပြည်တွင်း အခွန် များဖြတ်တောက်ခြင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု မြှင့်တင်ရာတွင် ထိရောက်ခြင်းမရှိတော့ပေ။ ထိုအချက်သည် ဈေးကွက်အရင်းရှင်မျးလိုလားသောအချက်မဟုတ်ပေ။

 ရှေ့ဆက်ပြောရပါက မူဝါဒချမှတ်သူများအတွက် ကြီးမားသောအလုပ်မှာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကျဆုံးခြင်းမှ သင်ခန်းစာယူပြီး နှစ်ပါတီလုံးပိုမိုလက်ခံသော သို့မဟုတ် လက်မခံသော နည်းလမ်းများ ကို ဖွေရှာရန် ဖြစ် သည်။ တရုတ်နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် နည်းပညာ စိန်ခေါ်မှုကို ဖြေရှင်းရန် ကုန်သွယ်ရေးအလွဲသုံးမှုများကို ပစ်မှတ်ထားခြင်းကို ပိုမိုလုပ်ဆောင်ပြီး နည်းပညာရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရမည်ဖြစ်သည်။ မည်သို့လုပ်ကိုင်ခြင်းသည် အလုပ်မဖြစ်ကြောင်း သိလျှင် အောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်သည်။

Ref:the week

(  Zawgyi  )

 လြတ္လပ္ေဈးကြက္ အရင္းရွင္စနစ္ ပရိသတ္မ်ားအတြက္ ေပ်ာ္႐ႊင္စရာအေၾကာင္းတခုရွိသည္။ သင္၏ ဘီ႐ိုေနာက္ဖက္တြင္ရွိေနသည့္ အဒမ္စမစ္၏ အစိမ္းေရာင္လည္စီးမ်ားကို ျပန္လည္ထုတ္ယူလိုက္ပါ ။ ပါတီသည္ ၎၏ ၁၉၉၉ ခုႏွစ္က သို႔မဟုတ္ ထိုထက္ ပိုမိုေကာင္းမြန္သည့္ ၂၀၀၀ ျပည့္ႏွစ္က  ကဲ့သို႔ အင္တာနက္ျဖင့္ေမာင္းႏွင္သည့္ Nasdaq အၫြဳန္းကိန္းသည္ စံခ်ိန္တင္ ၅၀၀၀ ရွိခဲ့ၿပီး အေမရိကန္ျပည္ေထာင္စု သည္ တ႐ုတ္ႏိုင္ငံႏွင့္ ပုံမွန္ကုန္သြယ္ေရး ထူေထာင္ခဲ့သည္ကို သတိရပါ။

ယေန႔ေပ်ာ္႐ႊင္ရသည့္ အေၾကာင္းရင္းမွာ သမၼတထရမ့္သည္ တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္ေရး သေဘာ တူညီမႈ အဆင့္ ၁ ကိုလက္မွတ္ေရးထိုးျခင္းျဖစ္သည္။ ရာစုႏွစ္တခုအတြင္း ကမာၻ႔အဆိုး႐ြား ဆုံးျဖစ္ေသာ ကုန္သြယ္ေရး ပဋိပကၡတြင္ အျပန္အလွန္ အခြန္မ်ားခ်မွတ္ခဲ့ၿပီး ၂ ႏွစ္ၾကာေသာအခါ ဝါရွင္တန္ႏွင့္ ေဘ့ဂ်င္းတို႔သည္ သမိုင္းဝင္သေဘာတူညီခ်က္ ရခဲ့ေသာ္လည္း ထိုသေဘာတူညီခ်က္ သည္ သိပ္ႀကီးႀကီးမားမား ၿပီးေျမာက္ေအာင္ျမင္ျခင္းေတာ့မဟုတ္ေသးေပ။

 ၎သည္ အေမရိကန္ျပည္ေထာင္စုႏွင့္ တ႐ုတ္ႏိုင္ငံအၾကား ပိုမိုခ်ိန္ခြင္လွ်ာညီသည့္ ကုန္သြယ္ေရး ကို မဖန္တီးေပးေသးေပ။ ၎သည္ မဟာစီးပြားေရးႀကီး ႏွစ္ခုအၾကား ျပတ္ျပတ္သားသား ရွင္းရွင္း လင္းလင္း မျဖစ္ေသးေပ။ ၎သည္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ၎၏ ဗဟိုခ်ဳပ္ကိုင္မႈ ႏွင့္ အစိုးရက အေထာက္အပံ့ထုတ္ေပးသည့္စနစ္အေပၚ အေျခခံသည့္ ႏိုင္ငံေတာ္အရင္းရွင္ စီးပြားေရးကို စြန႔္လႊတ္ရန္ မလုပ္ေဆာင္ႏိုင္ေသးေပ။  အေမရိကႏ္ုလုပ္ငန္းမ်ားက တ႐ုတ္ႏိုင္ငံသို႔ နည္းပညာ လႊဲေျပာင္းေပး ရသည့္ စနစ္ကိုပင္ တ႐ုတ္ႏိုင္ငံက ဝန္ခံျခင္းမရွိေသးေပ။

ႀကီးႀကီးမားမားၿပီးေျမာက္ေအာင္ျမင္ျခင္းမရွိဟု ဆိုေသာ္လည္း အခ်ီးႏွီးေတာ့မဟုတ္ေပ။ ထရမ့္၏ ကိုယ္က်ိဳးစီးပြားကာကြယ္ေရးမူဝါဒ၏ ထူးျခားေသာ ေအာင္ျမင္မႈမွာ ကိုယ္က်ိဳးစီးပြားကာကြယ္ေရး မူဝါဒသည္ အလုပ္မျဖစ္ေၾကာင္း ကမာၻ႔ဇာတ္ခုံတြင္ ရွင္းရွင္းလင္းလင္းျပသလိုက္ျခင္းပင္ျဖစ္သည္။ ထိုသို႔ မရည္႐ြယ္ေသာ္လည္း ႀကိဳဆိုရမည့္ ရလဒ္အတြက္ လြတ္လပ္ေသာ ေဈးကြက္ဝါဒီမ်ားသည္ အမွန္တကယ္ မအံ့ၾသသင့္ေသာ္လည္း ဝမ္းေျမာက္သင့္သည္။ မည္သို႔ဆိုေစကာမူ ထရမ့္၏ ကုန္သြယ္ေရးႏွင့္ ပတ္သက္သည့္ စီးပြားေရးအျမင္သည္ လုံးဝမွားသည္။ ႀကီးမားေသာ ကုန္သြယ္ေရး လိုေငြမ်ားသည္ အက်င့္ပ်က္ေသာ သို႔မဟုတ္ အသိဉာဏ္ကင္းမဲ့ေသာ ႏိုင္ငံေရး သမားမ်ား၏ အသိဉာဏ္ကင္းမဲ့ေသာ ကုန္သြယ္ေရး သေဘာတူညီခ်က္မ်ား၏ ရလဒ္မဟုတ္ေပ။

၎တို႔သည္ အလြန္အကြၽံအသုံးစရိတ္မ်ားႏွင့္စုေဆာင္းေငြ နည္းလြန္းျခင္း၏ ရလဒ္ျဖစ္သည္။ ထိုသေဘာတူညီခ်က္ေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံထံမွ ကုန္စည္မ်ား ပိုမိုဝယ္ယူ လာေသာ္လည္း ကာလတိုအတြင္း အေမရိကန္ စီးပြားေရးတခုလုံး အတြက္အက်ိဳးအျမတ္မွာ အကန႔္အသတ္ျဖင့္သာရွိေနသည္။

တ႐ုတ္ႏိုင္ငံသို႔ စြမ္းအင္ႏွင့္လယ္ယာထုတ္ကုန္ပိုမိုတင္ပို႔ျခင္းသည့္ အျခားႏိုင္ငံမ်ားသို႔ တင္ပို႔မႈ က်ဆင္းျခင္းေၾကာင့္ ျပန္ေက်သြားမည္ျဖစ္သည္။ ထိုအခ်က္ကို Goldman Sachs ျမင္သည့္အျမင္မွာ ထိုအတိုင္းပင္ ေသခ်ာေပါက္ျဖစ္သည္။ “တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးလိုေငြေလွ်ာ့ခ်ႏိုင္ျခင္းသည္ အျခားႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ေရးလိုေငြတိုးလာျခင္းႏွင့္ျပန္လည္မွ်ေျချဖစ္သြားမည္ျဖစ္သည္။ ထရမ့္၏ ကုန္သြယ္ေရးအစီအမံမ်ားရွိေနေသာ္လည္း အေမရိကန္ျပည္ေထာင္စုသည္ ၂၀၁၉ ခုႏွစ္ကိုလည္း ၂၀၁၈ ခုႏွစ္က လိုေငြ ေဒၚလာ ၆၂၁ ဘီလွ်ံထက္ အနည္းငယ္သာ ေလွ်ာ့နည္းအဆုံးသတ္ရ မည္ျဖစ္ သည္။ ထိုအခ်က္ေၾကာင့္ ထရမ့္၏ စီးပြားေရးအျမင္အရ က်န္တကမာၻလုံးသည္ အေမရိကန္ ျပည္ေထာင္စုမွ ေငြမ်ားကို ဆက္လက္ယူေဆာင္ေနၾကမည္ျဖစ္သည္။

အတိတ္စီးပြားေရး၏ က်ယ္ျပန႔္ေသာ ကိရိယာအျဖစ္ အခြန္တိုးျမႇင့္ျခင္းကို အသုံးျပဳရန္ ႀကိဳးစားျခင္း၏ အခ်ီးႏွီးျဖစ္မႈကိုလည္း ထရမ့္၏ ကုန္သြယ္ေရးစစ္ပြဲက ျပသေနသည္။ ေခတ္သစ္ ကိုယ္က်ိဳးစီးပြား ကာကြယ္ေရးဝါဒသည္ ကာလၾကာျမင့္စြာက ထြက္ခြာသြားခဲ့ ၾကေသာ အထည္ႀကီးပ်က္ ကုန္ထုတ္ လုပ္ငန္းအလုပ္မ်ားကိုျပန္လည္ ယူေဆာင္ေပးမည္ မဟုတ္ေပ။

သြင္းကုန္ကိုယ္က်ိဳးစီးပြားကာကြယ္ျခင္းသည္ အသာေပးလိုေသာက႑မ်ားကို ျပည္ပယွဥ္ၿပိဳင္မႈမွ အကာအကြယ္ေပးႏိုင္ေသာ္လည္း ကုန္က်စရိတ္ျမင့္မားေစၿပီး ျပည္ပလက္စားေခ်မႈကို ခံရေစႏိုင္ေၾကာင္း ေဘာဂေဗဒ ပညာရွင္မ်ားက ႀကိဳတင္ေဟာကိန္း ထုတ္ထားသည္။ ယခုထို အတိုင္း ပင္ျဖစ္ေနသည္။ ၂၀၁၈ ခုႏွစ္ကအခြန္တိုးျမႇင့္ျခင္းသည္ ကုန္ထုန္အလုပ္မ်ားတြင္ ႏႈိင္းယွဥ္ခ်က္ အားျဖင့္ ထုတ္လုပ္သူစရိတ္မ်ားတြင္ ႏႈိင္းယွဥ္ခ်က္အားျဖင့္ တိုးသြားေစေၾကာင္း အေမရိကန္ ဗဟိုဘဏ္ က လြန္ခဲ့ေသာလက ထုတ္ျပန္သည့္ ေလ့လာမႈကေဖၚျပသည္။

သို႔မဟုတ္ပါကလည္း ကုန္ထုတ္လုပ္သူမ်ား ကိုယ္တိုင္ေျပာေနသည္ကို နားေထာင္လိုက္ပါ။ သြင္းကုန္ သံမဏိမ်ားကို ထရမ့္က အခြန္ ၂၅ ရာခိုင္ႏႈန္းခ်မွတ္သည္ကို သူသေဘာတူေသာ္လည္း သူသည္ အထူးကင္းလြတ္ခြင့္ကို ပိုမိုလိုလားေၾကာင္းAllegheny Technologies မွ အမႈေဆာင္အရာရွိခ်ဳပ္က ေဝါ့စထရိဂ်ာနယ္သို႔ေျပာသည္။ ထိုအခြန္ေၾကာင့္ ၎တို႔လုပ္ငန္းက စြမ္းေဆာင္ရည္ျမင့္ သတၱဳစပ္ မ်ားျပဳ လုပ္ရန္ အသုံးျပဳေနသည့္ နီကယ္ပါေသာ စတီးျပားမ်ားေဈးမွာ က်ိဳးေၾကာင္းဆီေလွ်ာ္မႈ ကင္းမဲ့ေလာက္ေအာင္ ေဈးတက္သြားၿပီး ပင္ဆယ္ေဗးနီးယားမွ အလုပ္အကိုင္ရာေပါင္း မ်ားစြာ အတြက္ အႏၲရာယ္ရွိလာေၾကာင္း သူေျပာသည္။ တနည္းအားျဖင့္ဆိုရပါက စီးပြားေရး ဘာသာရပ္ အေျခခံမ်ားသာ အႏိုင္ရမည္ျဖစ္သည္။

ေသြးေအးေသာ ေဝါ့စထရိမွ မဟာအရင္းရွင္ႀကီးမ်ားသည္ တ႐ုတ္ႏိုင္ငံႏွင့္  ကုန္သြယ္ေရး သေဘာတူ ညီခ်က္ကို ႏွစ္ၿခိဳက္ၾကမည္ျဖစ္သည္။ သို႔ေသာ္ထိုသို႔ ႏွစ္သက္ျခင္းသည္ စုစုေပါင္းျပည္တြင္း ထုတ္လုပ္ မႈ ကို တိုးတက္ေစမည္၊ စီးပြားေရးကို ပိုမိုယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေစမည္ဟု ရင္းႏွီးျမႇဳပ္ႏွံသူ အမ်ားစုက ယုံၾကည္ေသာေၾကာင့္မဟုတ္ေပ။ ထိုသို႔လုပ္ေဆာင္လိုက္ျခင္းသည္ အမွန္တကယ္ အႏၲရာယ္မ်ားေသာ နယ္ပယ္သို႔ ထပ္မံက်ေရာက္သြားျခင္းကို အႀကီးအက်ယ္ေလွ်ာ့ခ်ေပး သည္ ၎တို႔ ထင္ေသာေၾကာင့္သာျဖစ္သည္။ အျခားအေျခအေနတခုမွာ ထရမ့္သည္ ျပႆနာကို ကိုင္တြယ္လိုက္ေသာအခါ ပိုမိုဆိုး႐ြားေစတတ္ေသာေၾကာင့္ျဖစ္သည္။

အခြန္တိုးျမႇင့္ျခင္းသည္ ပိုမိုပ်က္ဆီးေစျခင္းမရွိသည္မွာ ၎၏ သက္ေရာက္မႈကို ထရမ့္၏ အခြန္ေလွ်ာ့ ခ်ျခင္းႏွင့္ ဗဟိုဘဏ္၏ တင္းက်ပ္မႈ ျဖည္ေလွ်ာ့ျခင္းေၾကာင့္သာျဖစ္သည္။ ထိုနည္းလမ္းႏွစ္ခုလုံး သည္ အက်ဖက္သို႔လည္း ဦးတည္ႏိုင္သည္။ တ႐ုတ္ႏိုင္ငံကို အခြန္တိုးျမႇင့္ေသာေၾကာင့္ ျပည္တြင္း အခြန္ မ်ားျဖတ္ေတာက္ျခင္းသည္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ထုတ္လုပ္မႈ ျမႇင့္တင္ရာတြင္ ထိေရာက္ျခင္းမရွိေတာ့ေပ။ ထိုအခ်က္သည္ ေဈးကြက္အရင္းရွင္မ်းလိုလားေသာအခ်က္မဟုတ္ေပ။

 ေရွ႕ဆက္ေျပာရပါက မူဝါဒခ်မွတ္သူမ်ားအတြက္ ႀကီးမားေသာအလုပ္မွာ ကိုယ္က်ိဳးစီးပြား ကာကြယ္ေရးဝါဒက်ဆုံးျခင္းမွ သင္ခန္းစာယူၿပီး ႏွစ္ပါတီလုံးပိုမိုလက္ခံေသာ သို႔မဟုတ္ လက္မခံေသာ နည္းလမ္းမ်ား ကို ေဖြရွာရန္ ျဖစ္ သည္။ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရး၊ ႏိုင္ငံေရးႏွင့္ နည္းပညာ စိန္ေခၚမႈကို ေျဖရွင္းရန္ ကုန္သြယ္ေရးအလြဲသုံးမႈမ်ားကို ပစ္မွတ္ထားျခင္းကို ပိုမိုလုပ္ေဆာင္ၿပီး နည္းပညာရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ရမည္ျဖစ္သည္။ မည္သို႔လုပ္ကိုင္ျခင္းသည္ အလုပ္မျဖစ္ေၾကာင္း သိလွ်င္ ေအာင္ျမင္ေရးအတြက္ အေထာက္အကူျပဳႏိုင္သည္။

Ref:the week