【 နိုင်ငံတကာဆောင်းပါး 】ကိုက်တက်သော ချစ်ပ် (Chip)

【 နိုင်ငံတကာဆောင်းပါး 】ကိုက်တက်သော ချစ်ပ် (Chip)

မကြာသေးခင်က အမေရိကန်သမ္မတလက်မှတ်ရေးထိုးလိုက်သော CHIPS နဲ့ Science Act ဥပဒေ မူကြမ်းဟာ စျေးကွက်အတွင်းက ယှဉ်ပြိုင်မှုကို အားမပေးပါဘူး၊ စျေးကွက်ကိုသာ သတ်နေပါတယ်။ ဒီမူကြမ်းဟာ နိုင်ငံတကာကတစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပိတ်ဆို့အရေးယူမှုနဲ့တူသော မူဝါဒ‌ အဆိပ်နဲ့ သတ်လိုက်တာ ဖြစ်ပါတယ်။

ဒီချစ်ပ်ဥပဒေမူကြမ်းကို ထောက်ခံသောသူများ၏ ပြောကြားချက်အရတော့ အမေရိကန်နိုင်ငံ၏ နည်းပညာကဏ္ဍကို ထက်မြက်စေရန်နှင့် နောက်ကျကျန်ခဲ့သော ဒီစက်မှုကဏ္ဍကို ထူထောင်ရာတွင် ရန်ပုံငွေ လိုနေကြောင်း ဆိုကြပါတယ်။ အကယ်၍ ဒီလို ချစ်ပ်ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခြင်းအားဖြင့် စျေးကွက်တွင် ပြိုင်ဆိုင်မှုအား ပိုကောင်းလာတယ် ဆိုရင် ဒါဟာ ကောင်းသောအရာဖြစ်ပါတယ်။ သို့သော်လည်း အစိုးရ၏ စက်မှုလုပ်ငန်းများကို ကာကွယ်ရန် ကြိုးပမ်းနေခြင်းဟာ အမြဲလိုလို သံသယဖြစ်လာစရာသာ များပါတယ်၊ ဒီလမ်းစဉ်ကို နိုင်ငံပေါင်းများစွာက လိုက်နာကျင့်သုံးခဲ့ကြပါတယ်။

အတည်ပြုလိုက်သော ဥပဒေမူကြမ်းဟာ အရေးကြီးသော မေးခွန်းမေးစရာရှိစေပါတယ်။ အမေရိကန် နိုင်ငံဟာ နည်းပညာကဏ္ဍတွင် ရှုံးနေပြီလား ဆိုတာပါပဲ။ ထိုမေးခွန်း၏ အဖြေဟာ ရေတိုရန်ပုံငွေထောက်ပံ့ပြီး ဖြေရှင်းခြင်းထက် ပိုပါတယ်။ အဖြေဟာ လုပ်ငန်းခွင်တွင် အလုပ်သမားများ၏ အခွင့်အရေးများကို ချိုးဖောက်အနိုင်ကျင့်ခြင်း၊ နိုင်ငံတကာက အသိပညာရှင်များကို အလုပ်ခန့်မှုနှေးကွေးသွားစေနိုင်ခြင်းနှင့် အခြားသော သုတေသနလုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ လေ့လာမှုကိုလည်း ကျဆင်းလာစေပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံထက် သုတေသနစာရွတ်စာတမ်းပိုပြီး ဖြန့်ချီနေပါတယ်။

အကာအကွယ်ယူထားသော ပတ်ဝန်းကျင်တွင် ချစ်ပ်အတွက် အတားအဆီးများကို ဆောက်လုပ်ခြင်းဖြင့် ပြဿနာအနည်းငယ်ကိုသာ ဖြေရှင်းနိုင်ပါတယ်။ ဒီကနေ့အထိ မေးစရာရှိလာတာက ဒီမူကြမ်းဟာ ဆန်းသစ်တီထွင်မှုကို အားပေးမလား ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းဆိုတာ ပြိုင်ဘက်မရှိသောအခါ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားတတ်ပါတယ်။

အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ ဒိုနယ်ထရမ့်ကလည်း အမေရိကန်နိုင်ငံတွင် လူသိများခဲ့သော အရင်း ရှင်စနစ်ဆန် ပြိုင်ဆိုင်မှုကြီးကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ဟာ ဒိုနယ်ထရမ့်နဲ့အတူ ကြီးပြင်းလာသော မျိုးဆက်ဖြစ်သော်လည်း သမ္မတဂျိုးဘိုင်ဒင်ကတော့ လူမိုက်ဂိုဏ်များထိန်းချုပ်ထားသော အရင်းရှင်ဆန်ဆန် စီးပွားရေးစနစ်ကို ဆက်လက်အသုံးပြုနေပြီး အကျိုးအဆက်အဖြစ် ပြိုင်ဆိုင်မှုကို အဆိပ်ဖြင့် သတ်လိုက်ပါတယ်။

အကယ်၍ အမေရိကန်နိုင်ငံက ကုမ္ပဏီများဟာ နိုင်ငံခြားကနေ ဝယ်ယူသော ချစ်ပ်ပမာဏထက် ပြည်တွင်းတွင် ချစ်ပ်များ ပိုမိုထုတ်လုပ်ပါက နိုင်ငံက ချစ်ပ်ထုတ်လုပ်သော ကုမ္ပဏီများ အထူးသဖြင့် တရုတ်နိုင်ငံဟာ ချစ်ပ်ဝယ်လိုအား ကျဆင်းမှုနဲ့ ရင်ဆိုင်ရမည်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အစိုးရထောက်ပံ့ထားသော ပြိုင်ဆိုင်မှု မူဝါဒများ၏ ထုံးတမ်းအစဉ်အလာလို ဖြစ်နေပါတယ်။

ယှဉ်ပြိုင်မှုကို အားမပေးသော အမေရိကန်နိုင်ငံ၏ “အမေရိကန်နိုင်ငံသားဦးစားပေးရေး” မူဝါဒဟာ ချစ်ပ် ထုတ်လုပ်သော တရုတ်နိုင်ငံကို ကြီးမားစွာ ထိခိုက်စေခြင်းထက် အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်သော အခြားသော နိုင်ငံများအပေါ် အကျိုးသက်ရောက်မှု ပိုကြီးမားလာလိမ့်မည်ဟု ဆိုကြပါတယ်။

ဥပမာအဖြစ် ထောက်ပြရလျှင် ချစ်ပ်ထုတ်လုပ်သော ကုမ္ပဏီတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက Samsung နှင့် SK Hynix တို့၏ ပြောကြားချက်အရ ချစ်ပ်ကြောင့် သူတို့၏ တရုတ်နှင့် ဥရောပရင်းနှီးမြှုပ်နှံမှု ဗျူဟာကို ရှုပ်ထွေးစေကြောင်း ဆိုပါတယ်။

ဒီအဆိပ်ကြောင့် တရုတ်နိုင်ငံက ချစ်ပ်ထုတ်လုပ်သော ကုမ္ပဏီများဟာ တရုတ်ကုမ္ပဏီများနဲ့သာ အရောင်းအဝယ်လုပ်ရတော့မည်ဖြစ်ပြီး Samsung ကလည်း အဝေးကွင်းတွင် Intel ကုမ္ပဏီနဲ့ ပြင်းထန်စွာ ယှဉ်ပြိုင်ရတော့မည်ဖြစ်ပါတယ်။

နည်းပညာကုမ္ပဏီကြီးများတွင် ထိပ်တန်းအလုပ်မှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသော အကြီးအကဲများ၏ ပြောဆိုချက်အရ ချစ်ပ်ပုံမှန် ထောက်ပံ့ပိုးနိုင်ခြင်းဟာ 5G နှင့် ဆေးကုသမှုတွင် အလွန်အရေးပါကြောင်း ပြောကြပါတယ်။ သူတို့၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံ၏ ခုလို ပြည်တွင်းတွင် ချစ်ပ်ထုတ်လုပ်ရန် ကြိုးပမ်းနေမှုဟာ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသလား ဆိုတာကိုတော့ သူတို့ မပြောနိုင်ကြပါဘူး။ အမေရိကန်၏ ချစ်ပ်ထုတ်လုပ်ခြင်းထက် ချစ်ပ်ပံ့ပိုးပေးနိုင်မှုဟာ ပိုပြီး အရေးပါကြောင်း ဆိုကြပါတယ်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းစျေးကွက်ဟာ အမေရိကန်နိုင်ငံထက် ပိုပြီးကျယ်ပြန့်ပါတယ်။ ဒီစျေးကွက်တွင် တစ်ကမ္ဘာလုံးပါဝင်နေပြီး ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများလည်း ပါဝင်ကာ ထိုနိုင်ငံများတွင် ချစ်ပ်ဝယ်လိုအားဟာ အမေရိကန်နိုင်ငံထက် လျင်မြန်စွာ တိုးတက်လာပါတယ်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ စားသုံးသူများ စျေးကွက် တိုးတက်လာမှုကို ချန်လျှပ်ပြီး နိုင်ငံတကာစျေးကွက်ကနေ သီးခြားခွဲထွက်ရန် ကြိုးပမ်းနေမှုဟာ အခြား နိုင်ငံက ချစ်ပ်ထုတ်လုပ်သော ကုမ္ပဏီများအတွက်တော့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်အတွက် ပေးဆပ်ရန် လိုချင်မှာမဟုတ်ပါဘူး။

ဒီဥပဒေမူကြမ်းကို ထောက်ခံသောသူများကတော့ ဒီဥပဒေမူကြမ်းဟာ တရုတ်ထုတ် အဆင့်မြင့် ချစ်ပ် များကို ထိရောက်စွာ အနိုင်ယူပေးနိုင်လိမ့်မည်ဟု ပြောကြပါတယ်။ ခုလို အဆင့်မြင့် ချစ်ပ်များထုတ်လုပ်မှုတွင် အမေရိကန်နိုင်ငံကို တိုက်တန်သော ယှဉ်ပြိုင်သူဖြစ်လာစေရန် လိုအပ်သော အရာကတော့ ယှဉ်ပြိုင်မှုကို ဖယ်ရှားရန်သာ ရှိပါတယ်။ ဒါဟာ ယှဉ်ပြိုင်အနိုင်ယူခြင်းလည်း မဟုတ်သလို ဒါဟာ ဆန်းသစ်တီထွင်မှုလည်း မဟုတ်ပါဘူး။ လူမိုက်ဆန်သော အရင်းရှင်ဟာ ယှဉ်ပြိုင်မှုကို ဖျက်စီးနေသောသူဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ခုလို ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ခြင်းဖြင့် စျေးကွက်တွင် ဆန်းသစ်တီထွင်မှု ကျဆင်းလာမည်ဖြစ်ပြီး ယှဉ်ပြိုင်မှုကလည်း ပျောက်ကွယ်သွားမည်ဖြစ်ပါတယ်။ ထို့အပြင် ယှဉ်ပြိုင်မှု မရှိသောကြောင့် ချစ်ပ်စျေးနှုန်းများကလည်း မြင့်တက်လာနိုင်ပါတယ်။ ထို့အပြင် ယှဉ်ပြိုင်မှု မရှိသောကြောင့် ထုတ်ကုန်များ၏ အရည်အသွေးကလည်း ကျဆင်းလာနိုင်ပါတယ်။

ထို့အပြင် ခုလို ယှဉ်ပြိုင်မှုကို အားမပေးသော မူဝါဒများကြောင့် စီးပွားရေးလည်း ထိခိုက်လာနိုင်သော်လည်း အသက်ကြီးနေပြီဖြစ်သော ခေါင်းဆောင်များဟာ နည်းလမ်းဟောင်းများကို အသုံးပြုနေဆဲဖြစ်ပါတယ်။

ချစ်ပ်ဥပဒေမူကြမ်းဟာ ကာကွယ်မှုအသားပေးသော မူဝါဒများတွင် အဆိုးဆုံးတစ်ခုဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ ယှဉ်ပြိုင်သူများကို ပိတ်ပင်ထားရုံသာမက ယှဉ်ပြိုင်သူများကိုလည်း ဖျက်စီးသောကြောင့် ဖြစ် ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ အခြား ကုန်သွယ်ရေးအဖွဲ့အစည်းများဟာ ကာကွယ်ရေးကို အလေးပေးမူဝါဒ များနှင့် ကုန်သွယ်ရေးကို အတားအဆီးဖြစ်စေသော အဟန့်အတားများကို ဖယ်ရှားရန် ကြိုးပမ်းနေကြပါတယ်။ သို့ သော်လည်း ဒီအဖွဲ့အစည်းများဟာ အမေရိကန်၏ လူမိုက်ဂိုဏ်းဆန်သော အရင်းရှင်စနစ်ကို ခုခံနိုင်စွမ်း မရှိကြပါဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်ရန် လူသားများဟာ သူတို့၏ ပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အတွေးအခေါ်များကို ပြောင်းလဲရမည်ဖြစ်ပြီး သန့်ရှင်းသော ယှဉ်ပြိုင်မှုကို အားပေးသော မူဝါဒကို အသုံးပြုရန် လိုအပ်ပါတယ် ဘာကြောင့်လဲဆိုတော့ ချစ်ပ်ဆိုတာ သူတို့ကို ပြန်ကိုက်ဖို့ရန် ပြန်လာအုံးမည်ဖြစ်သောကြောင့် ဖြစ်ပါတယ်။

Ref:CMG: Chip's bite

Linko