【 နိုင်ငံတကာဆောင်းပါး】တန်းတူညီမျှမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖိုရမ်

【 နိုင်ငံတကာဆောင်းပါး】တန်းတူညီမျှမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖိုရမ်

ယခုနှစ် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ဘေဂျင်းမြို့၌ ကျင်းပသည့် ကမ္ဘာ့လူ့အခွင့်အရေး အုပ်ချုပ်ရေးဖိုရမ်ကို ကျင်းပခဲ့သည်။ ထိုဖိုရမ်က တရုတ်နိုင်ငံ၏ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ လူ့ယဉ်ကျေးမှုကြီးကို ဖော်ပြခဲ့သလို ထိုကမ္ဘာ့ပညာရှင်များကိုလည်း တရုတ်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုကိုလည်း သိသာစေခဲ့သည်။ထိုဖိုရမ်သည် ဗီယင်နာကြေညာစာတမ်း၏ လုပ်ဆောင်ချက်အစီအစဉ်နှင့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေး အဖွဲ့၏ နှစ် ၃၀ ပြည့် လည်းဖြစ်သည်။

ထိုဖိုရမ်သို့ ကုလသမဂ္ဂ အေဂျင်စီများ အပါအဝင် နိုင်ငံပေါင်း (၁၀၀)နီးပါးမှ နိုင်ငံတကာအဖွဲ့အစည်းများမှ တက်ရောက်သူ (၃၀၀)ကျော်ရှိခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီ၏ ပြန်ကြားရေးရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းကျင်းပသည့် ယင်းဖိုရမ်သို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဂုဏ်ပြုလွှာတစ်စောင်ပေးပို့ခဲ့ရာ ထိုစာကိုဖိုရမ်ဖွင့်ပွဲအခမ်းအ နားတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ လူထုပြန်ကြားရေးဌာနအကြီးအကဲ Li Shulei မှ ဖတ်ကြားခဲ့သည်။ လီကိုယ်တိုင်လည်း ယင်းဖိုရမ်ဖွင့်ပွဲတွင် အမှာစကား ပြောကြားခဲ့သည်။

စာထဲတွင် ရှီက တရုတ်နိုင်ငံသည် လူ့အခွင့်အရေးကို လုံခြုံရေးဖြင့် အကာအကွယ်ပေးရန်၊ လူ့အခွင့်အရေးမြှင့်တင်သူများနှင့် အပြန်အလှန် လေး စားမှု၊ တန်းတူညီမျှမှုဖြင့် ပူးပေါင်းဆောင်ရွက်ကာ  လူ့အခွင့်အရေး မြှင့်တင်ရန် ရပ်တည်ကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အ ရေး အုပ်ချုပ်ရေးတွင် တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုနှင့် အားလုံးပါဝင်နိုင်မှု၊ မျှဝေထားသော အနာဂတ်နှင့်အတူ လူ့အသိုက်အဝန်းတစ်ခု ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ရန် ဗီယင်နာကြေညာစာတမ်းနှင့် အရေးယူဆောင်ရွက်မှုအစီအစဉ်တွင် ပြဋ္ဌာန်းထားသည့် အခြေခံမူများကို လိုက်နာဆောင်ရွက်ရန် တရုတ်နိုင်ငံသည် ကျန်ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲ လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ရှီက ၎င်း၏ ဂုဏ်ပြုသဝဏ် လွှာတွင် ပြောကြားခဲ့သည်။

ရှီ၏သဘောထားအတိုင်းပင်  ဖိုရမ်တွင် တက်ရောက်သူအများအပြားက ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုကို နိုင်ငံတကာ လူ့အဖွဲ့အစည်းဝင်အားလုံး၏ ပေါင်းစပ်ကြိုးပမ်းမှုဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဟု သဘောထားပေးကြသည်။ ထိုဖိုရမ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အကြံပေးကော်မတီမှ လူ့အခွင့်အရေးကျွမ်းကျင်သူ Liu Xinsheng က ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာခြင်းသည် ကမ္ဘာ့လူ့အခွင့်အရေးစီမံခန့်ခွဲမှုတွင် အရေးအကြီးဆုံးဖြစ်ကြောင်းပြောခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုတွင် ပါဝင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအား ပိုမိုပံ့ပိုးပေးသင့်ပြီး ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အုပ်ချုပ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပိုမိုပံ့ပိုးပေးသင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းသည် ခွဲခြားဆက်ဆံခြင်းမပြုရန်နှင့် အားလုံးပါဝင်နိုင်မှုဆိုင်ရာ အခြေခံမူများကို အလေး ပေးဖော်ပြထားသည်။ ယင်းဖိုရမ်တွင် တက်ရောက်ဆွေးနွေးသူများက လူမျိုး၊ ကျား၊မ၊ ဘာသာရေးနှင့် လူမှုရေးအဆင့်အတန်းမခွဲခြားဘဲ အား လုံးအတွက် တန်းတူအခွင့်အရေးနှင့်အခွင့်အလမ်းများကို တောင်းဆိုပြီး ဘေးဖယ်ခံ ထားရသည့် ထိခိုက်လွယ်သောအုပ်စုများကို အရင်းအမြစ်များ လက်လှမ်းမမီနိုင်စေကာ လူမှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရန်အတွက်ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ၏ လူအခွင့်အရေးအဓိပ္ပာယ်ဖွင့်ပုံက အနောက်နိုင်ငံများနှင့် ကွဲပြားမှုရှိနိုင်ပေသည်။ ဥပမာ အားဖြင့်၊ အာရှနှင့် အာဖရိကနိုင်ငံများရှိ လူများသည် နိုင်ငံတော်တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အထွေထွေပညာရေး၊ အများပြည်သူ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အခြားလူ့အခွင့်အရေးများကို ယုံကြည်ကြသော်လည်း အနောက်နိုင်ငံများနှင့် တန်ဖိုးထားမှု မတူညီနိုင်ပေ။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများတွင် အခြေခံစားဝတ်နေရေးနှင့် အသက်အန္တရာယ် ကင်းစွာနေထိုင်နိုင်ရေးက လူတိုင်း၏အခြေခံဦးစားပေးဖြစ်သည်။ ဖိုရမ်တွင် ကျွမ်းကျင်သူ အများအပြားက လူ့အခွင့်အရေး လေးစားခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာ တရုတ် ၏ မျှော်မှန်းချက်ကို အသိအမှတ်ပြုကြပြီး ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစိန်ခေါ်မှုများကို ဖြေရှင်းချက်အတွက် ထိုးထွင်းသိမြင်မှုအသစ်များပေးနိုင်ကြောင်း သတိပြုမိကြသည်။         

ဖိုရမ်တွင် ဆွေးနွေးသူပါဝင်သူများသည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အုပ်ချုပ်မှုသို့ ဒစ်ဂျစ်တယ် နည်းပညာလျင်မြန်စွာဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်ပေါ်လာသော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အာရုံစိုက်ခဲ့သည်။ ဖိုရမ်မှ လူ့အခွင့်အရေး ပညာရှင်များက နိုင်ငံတိုင်း၏ အချုပ် အခြာအာဏာကို လေးစားရန် တောင်းဆိုခဲ့ပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနှင့် နိုင်ငံရေးစနစ်တို့ ပါဝင်သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၏ သဘောတရားများသည် universal ဟုလည်း ယုံကြည်ကြသော်လည်း ၎င်းတို့သည် အဆိုပါ အယူအဆများ၏ အနောက်တိုင်းအမြင်နှင့် မကိုက်ညီဘဲ မတူညီသော နိုင်ငံများတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် “အမျိုးမျိုးသော လမ်းကြောင်းများ” ရှိသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။

လူ့အခွင့်အရေးသည် အနောက်ဗဟိုပြုဖြစ်နေရာ ယခုဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် မငြိမ်မသက်မှုများ တိုးလာနေသည့်ကြားတွင်၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့တောင်ခြမ်း၏ ဆိုးရွားသောလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်မည်ကို တက် ရောက်သူများက စိုးရိမ်ခဲ့ကြသည်။

လူ့အခွင့်အရေးဆိုင်ရာ ကွဲပြားသော နားလည်မှုများသည် မလိုမုန်းထားမှုများကို ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် အယူဝါဒဆိုင်ရာ ပြိုင်ဆိုင်မှုအ ဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ လူ့အခွင့်အရေးများကို အလေးပေးမှုတွင် လူသားမျိုးနွယ်၏ တာဝန်ဝတ္တရားများကို အလေးထားရန် လိုအပ်ပြီး ငြိမ်းချမ်းရေး၏ ရပိုင်ခွင့်များကို ထည့်သွင်းစဉ်းစားရန်၊ စစ်ပွဲနှင့် ပဋိပက္ခများကို ရှောင်ရှားရန်နှင့် လူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် လိုအပ်သည်ကို ထိုဖိုရမ်တွင် ဆွေးနွေးခဲ့သည်။ထိုသည်ကိုကြည့်လျှင် တရုတ်နိုင်ငံ ပေကျင်းတွင် ကျင်းပသည့်ထိုဖိုရမ်က လူအခွင့်အရေးကို  အရှိတရားနှင့်ချည်းကပ်သည်ကိုတွေ့ရမည် ဖြစ်လေသည်။

လင်းသစ်အောင်