【 ထူးခြားထင်ရှား တစ်ပတ်အတွင်း ပြည်တွင်းသတင်းများ 】 ကြိုးတန်းပေါ်လျှောက်မယ့် ဖြေလျှော့မှု

【 ထူးခြားထင်ရှား တစ်ပတ်အတွင်း ပြည်တွင်းသတင်းများ 】 ကြိုးတန်းပေါ်လျှောက်မယ့် ဖြေလျှော့မှု

ယခုရက်ထဲ အများမျှော်လင့်နေတဲ့ stay at home အစီအစဉ်ကို ရုတ်သိမ်းမလားဆိုတဲ့ မျှော်လင့်ချက်က နိုင်ငံတကာမှာ လော့ခ်ဒေါင်းချထားရာကနေ ကူးစက်နူန်းတွေပြန်တက်လာတဲ့အတွက် ပြန်ပြီးလော့ခ်ဒေါင်းချရတဲ့ ဖြစ်ရပ်တွေကြောင့် တခြားလမ်းနဲ့ လူ ၅ ယောက်ထက် မပိုအောင် အာဏာပိုင်တွေက သက်တမ်းတိုးချဲ့ခဲ့တာနဲ့ မျှော်လင့်ချက်ပျက်ပြယ်ခဲ့ပါတယ်။ဒါ့အပြင် ကူးစက်မှုမြင့်မားဖွယ်ရှိတဲ့ မြို့နယ်တွေကို ပိုက်စိပ်တိုက် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး ကူးစက်ရောဂါကိုထိန်းချုပ်ဖို့ ကြိုးစားနေတာ၊ ယခုရက်ပိုင်းအတွင်း နေ့အပူချိန်တွေ စံချိန်တင်မြင့်တက်တဲ့သတင်းတွေ၊ တပ်ဘက်က အပစ်ရပ်ကြေညာရာမှာ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့နေရာတွေကလွဲလို့ ကျန်နေရာဒေသတွေပါဝင်တဲ့ သတင်းတွေနဲ့ ယခုရက်သတ္တပတ်က စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။

ငါးယောက်ထက်မပိုနဲ့

ယခုရက်သတ္တပတ်အဆုံးဖြစ်တဲ့ ယနေ့သောကြာနေ့မှာ အစိုးရကသတ်မှတ်ထားတဲ့ stay at home အစီအစဉ်က သက်တမ်းကုန်ပြီဖြစ်ပါတယ်။ဒီကြားကာလမှာ ပိုးကူးစက်ခံရသူ အရေအတွက်က ၂၀၀ အောက် သာရှိပြီး အချို့ရက်တွေမှာ ကူးစက်ခံရသူအရေအတွက်က တစ်ယောက်နှစ်ယောက်သာရှိခဲ့တာ၊ ပြန်လည်ကျန်းမာလာသူဦးရေက ကူးစက်ခံရသူဦးရေရဲ့ ရာခိုင်နူန်းသုံးဆယ်ကျော်ရှိလာခဲ့တာ၊ သေဆုံးသူဦးရေကလည်း ယခင်စတင်တွေ့ရှိပြီး အစောဆုံးနေ့ရက်တွေမှာဖြစ်ခဲ့တဲ့ သေဆုံးသူအရေအတွက်သာဘဲ ဆက်လက်ရှိခဲ့တဲ့အတွက် ယခုရက်သတ္တပတ်မှာ အစိုးရနဲ့ ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ stay at home အစီအစဉ်ကို ပြန်ဖြည့်ပေးမလားဆိုတဲ့ မျှော်လင့်ချက်တွေက ယခုရက်သတ္တပတ်အစောပိုင်းကတည်းက မြင့်တက်နေခဲ့ပါတယ်။

ဒီရက်ထဲ နိုင်ငံတော်အတိုင်ပင်ခံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြတာတွေ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာနယ်ပယ်ကသူတွေ၊ နယ်ခံဒေသခံတွေနဲ့ facebook ကနေ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ပြောခဲ့ဆိုခဲ့တဲ့ စကားအသွားအလာတွေကြောင့် ယခုသောကြာမှာ အစိုးရအနေနဲ့ stay at home အစီအစဉ်ကို လျှော့ချဖို့ဆိုတာ သေချာပြီး ဒီအစား ဘာနဲ့ထိန်းချုပ်မလဲဆိုတာ စောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။ဒီထဲမှာ မေ ၁၁ရက် ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီးထဲကမြို့နယ်တွေမှာ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ညွှန်ကြားချက်ထွက်လာပါတယ်။ဒီဒေသန္တရအမိန့်ထဲမှာ ကူးစက်ရောဂါအတွေ့များခဲ့တဲ့ အင်းစိန်၊ မရမ်းကုန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ ရွှေပြည်သာ၊ ဗိုလ်တထောင် စတဲ့မြို့နယ်တွေကို ယခင် stay home အစီအစဉ်ကို တိုးမြှင့်သတ်မှတ်ခဲ့ပြီး မလိုအပ်ဘဲနေ အိမ်အပြင်မထွက်ဖို့ ၊ လူ ၅ ယောက်ထက် ပိုမစုဖို့ စတဲ့ ယခင်ကန့်သတ်မှုတွေအပြင် ယခုအမိန့်မှာ အပြင်ထွက်ရင် မဖြစ်မနေ mask တပ်ဖို့နဲ့ mask မတပ်ရင် ဒဏ်ငွေ၊ ထောင်ဒဏ် ချဖို့တွေကိုပါ ပါဝင်ခဲ့ပါတယ်။

ဒီလို maskကို မဖြစ်မနေတပ်ဖို့ ‌မေ ၈ ရက်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာနယ်ပယ်လူတွေနဲ့ အွန်လိုင်းတွေ့ဆုံမှုတွေမှာ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။နိုင်ငံတော်အတိုင်ပင်ခံက လက်ရှိမြန်မာနိုင်ငံက COVID-19 ကူးစက်ခံရသူတွေထဲမှာ ရောဂါလက္ခဏာ ပြသမှုမရှိတဲ့သူတွေ ပါနေတဲ့အတွက် မိမိကစတင်ကာကွယ်နိုင်ဖို့အတွက် mask တပ်ခြင်းကို ရောဂါကာကွယ်ရေး ယဉ်ကျေးမှုတစ်ရပ်အဖြစ် ဖော်ဆောင်ဖို့ပြောခဲ့တာပါ။ ဒီအ တွက် တစ်ခါသုံး Mask များ တပ်ဖို့ အဆင်မပြေတဲ့ ပြည်သူများလည်း ရှိနေနိုင်တဲ့အတွက် အိမ်တွင်းဖြစ် ပိတ်စနှာ ခေါင်းစည်းများ ချုပ်လုပ်ဖို့အတွက်ကိုတိုက်တွန်းခဲ့ပါတယ်။ ဒီနောက် ၃ ရက်အကြာမှာအပြင် ထွက် သူတိုင်း mask  မဖြစ်မနေ တပ်ဖို့နဲ့ မတပ်ရင် အရေးယူမယ်ဆိုတာတွေဖြစ်လာခဲ့တာပါ။

လက်ရှိအခြေအနေအရ တစ်ရက်လုပ်တစ်ရက်စားလို့ခေါ်တဲ့ အခြေခံလူတန်းစားကအများစုဖြစ်တဲ့ အ တွက် ကပ်ရောဂါကြောင့် ကြာရှည်ကန့်သတ်ပိတ်ထားမယ်ဆိုရင် စားဝတ်နေရေးပြဿနာကြီးကြီးမားမားဖြစ် လာနိုင်တဲ့ အပြင် ဒါနဲ့နှီးနွယ်ပြီးငတ်လို့ လုတယ်ဆိုတဲ့ အခြေခံကျတဲ့ ရာဇဝတ်မှုတွေကိုပါတွေ့မြင်လာရဖွယ်ရှိလို့ အစိုးရအနေနဲ့  ကန်သတ်မှုတွေကိုတိုင်းတစ်ခုလုံးနေရာဒေသကြီးတစ်ခုလုံးမဟုတ်ဘဲအဖြစ်များတဲ့နေရာတွေကို ကွက်ပြီးတားမြစ်ကန့်သတ်ထားဖွယ်ရှိနေပါတယ်။

မကြာခင်ကတရားဟောဆုတောင်းပွဲတစ်ခုကနေကူးစက်မှုများခဲ့တဲ့ အင်းစိန်မြို့နယ်ထဲကရပ်ကွက် လေးခုကို တစ်ရက်တည်းအင်အားသုံးပြီး ပိုက်စိပ်တိုက် ကျန်းမားရေးစစ်ခဲ့သလိုမျိုး မေ ၁၆ ရက်မှာလည်း လှိုင် သာယာကကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ရပ်ကွက်များဖြစ်သည့် ၆ရပ်ကွက်၊ ၁၀ရပ်ကွက်နှင့် ချန်းရီစက်ရုံတို့ကို အဓိကထား၍ဆေးစစ်မှုများပြုလုပ်ဖို့ရှိသလို ၁၇ ရက်မှာတာမွေကိုဝင်ပြီးကျန်းမာရေးစစ်ဆေးမှုတွေပြုဖွယ်ရှိတဲ့ အတွက် အစိုးရအနေနဲ့ မကြာခင် ရန်ကုန်အပါအဝင် မြို့ကြီးတွေကိုကန့်သတ်ချက်တွေဖြေလျော့ပြီးစီးပွားရေး လုပ်ငန်းတွေကိုပြန်စဖို့ မီးစိမ်းပြဖွယ်ရှိပါတယ်။ မေ ၁၅ ရက်မှာ‌တော့ အများစုခန့်မှန်းထားတဲ့ အတိုင်း မြို့နယ် ၅ ခုကလွဲလို့ ကျန်နေရာဒေသတွေမှာစီးပွားရေးလုပ်ငန်းတွေ ၊ စားသောက်ဆိုင်တွေကို ကျန်းမာရေး ညွှန်ကြားချက် နဲ့ social distaningနဲအညီပြန်လည်ဖွင့်လှစ်ခွင်ပေးခဲ့ရာမှာတချို့လုပ်ငန်းတွေဖြစ်တဲ့ ဘီယာဆိုင်တွေ၊ ကေတီဗွီ တွေကိုတော့ ဖွင့်ခွင့်မပြုသေးပါဘူး။

ညဘက် သတ်မှတ်ချက်မှာလည်းယခင် နိုင်ငံတစ်ဝန်း ည ၁၀ နာရီကနေ မနက် ၄ နာရီအစား မေ ၁၅ ရက်ကစပြီး ည ၁၂ နာရီကနေ နံနက် ၄ နာရီ အထိ လျော့ချခဲ့ပါတယ်။ ဒါအပြင် လူစည်ကားလေ့ရှိတဲ့ လဘက်ရည် ဆိုင်တွေကို ကျန်းမာရေးအစီအစဉ်နဲ့ ပြန်ဖွင့်ခွင့်တွေ ပေးမဲ့ ဖြေ လျော့မှုနဲ့ စားသောက်ဆိုင်နဲ့ တခြားဆိုင်တွေ ပြန်ဖွင့်မှု ၊ တရုတ်၊ထိုင်းနဲ့ ပြည်ပ ကပြန်ဝင် လာသူတွေကြောင့် အကုန်လုံးကို တစ်ပြိုင်နက် ကိုင်တွယ်ရတော့မယ့် အစိုးရအနေနဲ့ ကျန်းမာရေး ကပ်ဘေးဆိုတဲ့ကြိုးတန်းအပေါ် ဘယ်လောက် ဖြောင့်ဖြောင့် လျှောက်နိုင်မလဲ ၊ ဘယ်လို အခက်တွေ ကြုံလာရနိုင် လဲဆိုတာ အားလုံးရင်တမမ စောင့်ကြည့်ရဦးမှာပါ။

ဒီဖြေလျာ့တဲ့ သတင်းတွေနဲ့အတူကိုဗက်နဲ့ဆိုင်တဲ့ သတင်းတွေဖြစ်တဲ့ ကိုဗက်ကာလနေပြည်တော်မှာ ညမထွက်ရ အမိန့်ချိုးဖောက်တဲ့ ၂၂ ဦးကိုထောင် ၁၅ ရက်ချခဲ့တဲ့ သတင်း၊ တားမြစ်ချက် ဖောက်ဖျက်ပြီး ဆုတောင်း ပွဲကျင်းပခဲ့တဲ့ တရားဟောဆရာစောဒေးဗစ်လားနှင့်အဖွဲ့ကို အမှုဖွင့်တရားစွဲဆိုထားတဲ့ အတွက် Quarantineဝင်ပြီးပါကအမှုရင်ဆိုင်ရတော့မာယ့် သတင်း၊ မြိုင်မှာ Quarantineဝင်နေတဲ့ အမျိုးသမီးတွေ နေထိုင်ရာ အခန်းဝင်ဖို့ လုပ်တဲ့ လုံခြုံရေးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ လချခဲ့တဲ့ သတင်း၊ ပုဇွန်တောင်မှာ maskမတပ်သူ ၁၃ ဦး၊မန္တလေးမှာ စျေးများအတွင်း mask စနစ်တကျ မတပ်လို့ လူ ၇၅၀ ကျော်နဲ့ စျေးသည် ၁၁ ဦးကို အရေးယူခဲ့တဲ့သတင်း၊ပုံမှန်ဝင်ငွေမရှိတဲ့ သူတွေကိုထောက်ပံ့ငွေပေးဖို့ အစိုးရက စာရင်းကောက်ယူနေတဲ့ သတင်း၊ အခြေခံပညာကျောင်းတွေ ဇူလိုင်လအတွင်း ပြန်ဖွင့်ဖို့ ရှိတဲ့ သတင်းတွေက လည်းသတိ ထားမိစရာ ရှိခဲ့ပါတယ်။

အပူဘေးနဲ့ ကပ်ဘေး

ကူးစက်ကပ်ရောဂါဘေးကြောင့် stay home အစီအစဉ်အရ အိမ်ထဲမှာနေနေရတဲ့ ယခုနှစ်မှာ နွေရာသီနေ့ အပူချိန်က စံချိန်တင်မြင့်ခဲ့တဲ့အတွက် ယခုရက်သတ္တပတ်က ချွေးပြန်တဲ့ ရက်တွေပါဘဲ။ ဒီရက်တွေထဲမှာ အပူချိန် တွေက ဆက်တိုက်ဆိုသလို တက်နေခဲ့ပါတယ်။မေ ၈ ရက်နေ့မှာဆိုရင် မကွေးက ချောက်မြို့မှာဆိုရင် နေ့အပူချိန် က  ၄၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိတက်ခဲ့ပါတယ်။ ဒါဟာ နှစ် ၅၀ အတွင်း ချောက်မြို့ရဲ့ စံချိန်သစ်ပါဘဲ။ ချောက်တွင်မကပါဘူး။ဒီအပူချိန်က မြန်မာနိုင်ငံမြို့ကြီးများရဲ့ အမြင့်ဆုံးစံချိန်တင် နေ့အပူချိန်လည်းဖြစ်ခဲ့ပါ တယ်။ ဒီလိုပဲ ပဲခူးတိုင်းဘက်က ကြို့ပင်ကောက်မှာ မေ ၈ ရက် အပူချိန်က စံချိန်တင်ပြီး ၄၃ ဒီဂရီ စင်တီဂရိတ် ထိ တက်ခဲ့ပါတယ်။

ဒီလို အပူချိန်မြင့်တက်တာက မြန်မာနိုင်ငံတစ်ခုတည်းဖြစ်ခဲ့တာ မဟုတ်ပေမယ့် မြန်မာနိုင်ငံကတော့ နှစ်များစွာ သဘာ၀ပတ်ဝန်းကျင်ကို လျစ်လျှူပြီး သစ်ထုတ်ခဲ့တာနဲ့ မြန်မာနိုင်ငံမှာ သံယံဇာတထုတ်လုပ်မှုတွေက ဖြစ်သင့်တာထက်များစွာကျော်လွန်ခဲ့တာတွေကြောင့် အပူချိန်က တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့တာများခဲ့ ပါတယ်။ အစောပိုင်းရက်သတ္တပတ်တွေက ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့တဲ့ အတွက် အဆိုပါ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဖြစ်ဝင်လာနိုင်တယ်ဆိုပြီး မိုးလေဝသပညာရှင်တွေက ခန့်မှန်းခဲ့ပေမယ့် လေဖိအားနည်းရပ်ဝန်း က မုန်တိုင်းအဖြစ် ပြောင်းလဲမလာဘဲ ပျက်ပြယ်သွားခဲ့တဲ့ အတွက် မြန် မာနိုင်ငံကို မုန်တိုင်းနဲ့ အတူ တစ်ပါတည်းဝင်လာတတ်တဲ့ မုတ်သုန်မိုးကို မျှော်လင့်လို့မရခဲ့ပါဘူး။

နေ့အပူချိန်တက်မှုနဲ့ အတူဖြစ်လေ့ရှိတဲ့ မိုးတိမ်တောင်တွေ၊ လေပြင်းတွေ၊စိုက်ဆင်းလေတွေကတော့ ထုံးစံအတိုင်း နေ့အပူချိန်တက်လေ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ဖြစ်လာလေရှိခဲ့ပါတယ်။ စာရင်းထုတ် ပြန်ချက်တွေအရဆိုရင် မေ၅ ရက်ကနေ ၁၁ ရက်အတွင်း စစ်ကိုင်း၊မန္တလေး၊မကွေး၊ဧရာ၀တီ၊ပဲခူး၊ရှမ်း၊ ကယားနဲ့ ကချင်တွေမှာ လေပြင်းတွေ နေ့စဉ်တိုက်ခတ်ခဲ့လို့ လူနေအိမ် ၅၀၀၀ ကျော် ပျက်စီးခဲ့တယ်ဆိုပါတယ်။မေ ၁၁ ရက် မှာတော့ အပူပိုင်းဒေသမှာရှိတဲ့ မန္တလေးတိုင်းအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ခဲ့ လို့ သစ်ပင်တွေပြိုလဲတာ၊ လျှပ်စစ်မီးတိုင်တွေပြိုလဲတာတွေဖြစ်ခဲ့ပါတယ်။

ဒီကာလက မိုးဦးလေဦးကာလနားနီးပေမယ့် အပူချိန်က ကျဖွယ်မရှိသလို ညအပူချိန်ကလည်း ဆက် တိုက်တက်နေတဲ့ အတွက် ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေပါတယ်။ အပူရှိန်ကြောင့် အပူရှပ်ဖျားနာတာတွေ ၊ Heat strokeဖြစ်တာတွေ ကြောင့် အသက်ဆုံးရှုံးမှုတွေလည်းရှိခဲ့ပါတယ်။ လက်ရှိမှာ ဘင်္ဂလားပင်လယ်အော်ထဲ လေဖိအားနည်းရပ်ဝန်းဆက်ဖြစ်နေတဲ့ အတွက် ဒီလေဖိအားနည်းရပ်ဝန်းကနေတစ်ဆင့် မုန်တိုင်းဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအတွင်း အပူချိန်တွေတိုးနေတာကို အရှိန်လျော့စေမယ့် မုတ်သုတ်မိုးကို မုန်တိုင်းနဲ့အတူခေါ်လာနိုင် လေမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပိုပြင်းထန်လာဖွယ်ရှိတဲ့ ရခိုင်စစ်ရေး

မကြာခင်က တပ်ဘက်ကနေ ကိုဗက် -၁၉ ကာလအတွင်း ကုသကာကွယ်ရေးလုပ်ငန်းတွေကို ဆောင် ရွက်ဖို့အတွက် သုံးလကြာ အပစ်ရပ်စဲကြောင်း မေ ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံ တော်မှ အကြမ်းဖက် ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှ အပ ဆိုတဲ့ စကားရပ်ပါတဲ့ အတွက် လတ်တလောမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းနဲ့ချင်းတောင်ပိုင်းမှာ ဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်တပ် အေအေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေက ရပ်တန့်ဖွယ်မရှိတဲ့ သဘောပါဘဲ။

ဒါပေမယ့် အဆိုပါအပစ်ရပ်စဲကြောင်းထုတ်ပြန်တဲ့ အထဲမှာ အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ရခိုင်လက်နက်ကိုင်တွေလှုပ်ရှားနေတဲ့ ရခိုင် ပြည် နယ်နဲ့ပလက်၀ဘက်ပါဖွယ်မရှိပါဘူး။ အဲဒီ ဘက်တွေမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပေဒနဲ့ ဖမ်းတာတွေ၊ ရခိုင် လက်နက်ကိုင်တွေနဲ့ အဆက်အ သွယ်ရှိ တယ် ဆိုပြီး ဖမ်းဆီးခဲ့တာတွေ  ဆက်တိုက် ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ဖမ်း ဆီးထားတဲ့သူတွေကို ရေယာဉ်ပေါ် မှာနှိပ်စက် နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဖေါ်ထွက်လာသလို နောက်ပိုင်းမှာ တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက  ဧပြီလ ၂၇ရက်မှာ ပုဏ္ဏား ကျွန်းမြို့နယ်မှ စစ်တွေမြို့နယ်သို့ တရားစွဲဆိုနိုင်ရန် ဖမ်းဆီးခေါ်ဆောင်လာစဉ် ဥပဒေနှင့်မလျော်ညီသည့် စစ် ဆေးမှုများဖြစ်ပေါ်ခဲ့ကြောင်း ၊ ကျူး လွန်သူတွေကို စစ်စည်းကမ်းအရအရေးယူနိုင်ရေးအတွက် စုံစမ်းမှုများပြလုပ် လျက်ရှိတယ်လို့ သတင်းမီဒီယာ တွေကို စာနဲ့အကြောင်းကြားပေးပို့ခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့တာရှိပါ တယ်။

မေ ၁၁ ရက်မှာ ရခိုင်အမျိုးသားပါတီ(ANP)၏တောင်ကုတ်မြို့နယ်ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌနဲ့ စည်ပင်ဥက္ကဋ္ဌ ဟောင်း တို့ကို  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာတွေလည်းရှိသလို ဒီရက်ပိုင်းမှာဘဲ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ မိုင်းပေါက်ကွဲမှုတစ်ခုကြောင့် ကလေးငယ်သုံးဦး သေဆုံး ခဲ့ပါတယ်။ ဒါအပြင် ကျောက်တော်မြို့နှင့် တစ်မိုင်ခန့်ဝေးသည့် ပိုက်သည်ရပ်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် လူငါးဦးဒဏ်ရာရရှိခဲ့တာဖြစ်ခဲ့သလို မေ ၈ ရက်မှာ ကျောက်တော်မြို့နယ် တောင်ဘွယ် ကျေးရွာ ကို လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲပြီးအမျိုးသမီးငယ်တစ်ဦးနှင့် ခြောက်တန်းကျောင်း သူတစ်ဦး တို့ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့တာလည်းရှိခဲ့ပါတယ်။

ဒီရခိုင်မြောက်ပိုင်းဒေသတစ်ခုလုံးမှာ ပြီးခဲ့သည့်နှစ်အစောပိုင်းကတည်းက တိုက်ပွဲများကြောင့် လူပေါင်း သောင်းနှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရာဂဏန်းမျှ သေဆုံး၊ ဒဏ်ရာရခဲ့ပြီးဖြစ်ကာ ဒေသခံတွေကို   မြန်မာ့ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် နှစ်ဖွဲ့စလုံးက တစ်ဖက်ဖက်နှင့်ပတ်သက်ဆက်နွှယ်သည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်ကြတဲ့အတွက် တိုက်ပွဲတွေ ဖမ်းဆီးတာတွေကြောင့် ဒေသကနေ စွန့်ခွာပြီး အခြားအရပ်ကို အခြေချနေတာတွေ၊စစ်ရှောင်ဒုက္ခသည်စခန်းမှာ သွားရောက်နေထိုင်တာတွေလည်း ဆက် တိုက် ဖြစ်နေခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့်  တပ်မတော်ဘက်က ၃ လတာ ကူးစက်ကပ်ရောဂါ ကိုဗက်ကြောင့် အပစ် ခတ်ရပ်စဲတဲ့ ဒေသထဲ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခံထားရတဲ့  ရခိုင်လက်နက်ကိုင် အေအေရှိနေတဲ့ ရခိုင် မြောက်ပိုင်းနဲ့ ချင်းတောင်ပိုင်းမပါဖို့ သေချာသလောက်ရှိတဲ့ အတွက် အဆိုပါနေရာဒေသတွေမှာ တပ်မတော်နှင့် အေအေ လက်နက်ကိုင်အဖွဲ့တို့၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ် သူတွေ၊ရခိုင်ပါတီဘက်က တာဝန်ရှိသူတွေက သုံးသပ်တာတွေလည်း ရှိထားပါတယ်။အစိုးရက ကိုဗစ်(၁၉) နှင့် ပတ်သက်ပြီး  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် အတွက် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားတဲ့ အတွက်  တပ်မတော်ဘက်က အပစ်ရပ်ကြောင်း ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုဆိုခဲ့သလို မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်ဘက်ကလည်း စာတစ်စောင်ထုတ်ပြီး တပ်မတော်ဘက်က ၃ လကြာ အပစ် အခတ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီရက်ထဲမှာဘဲ ကုလသမဂ္ဂလုံခြုံရေးညီလာခံမှာ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေ များပြား မြင့်တက်နေသည့်ကိစ္စနဲ့ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ အခြေအနေတိုကို တံခါးပိတ် အစည်းအဝေးအဖြစ် ကျင်းပဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့သလို ဒီတံခါးပိတ်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှဝါနာ ဘူဂီနာကဘာမှတ်ချက်ပေးမလဲဆိုတာမသိရသလို မကြာ ခင်က ဘယ်သူလက်ချက်နဲ့သေရမှန်းမသိခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ဝန်ထမ်း ယာဉ်မောင်း သေဆုံးခဲ့တဲ့ ကိစ္စကလည်းရှိနေတဲ့ အတွက် ဘာတွေ ထုတ်ပြန်ချက်ထွက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ယခုရက်အတွင်း ဒီသတင်းတွေအပြင် အခြားသတိထားမိတဲ့ သတင်းများကတော့ လှိုင်သာယာ ရွှေလင် ဗန်းစက်မှုဇုန်မှာတရုတ်နိုင်ငံသားလုပ်ငန်းရှင်တစ်ဦးနေ့ခင်းကြောင်တောင် ဓားထိုးအသတ်ခံရတဲ့ သတင်း၊ ရှမ်း ပြည်မြောက် ပိုင်းမူဆယ်မြို့အဝင် အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီတိုးဂိတ်မှာမေ ၁၁ ရက်ညက ပေါက်ကွဲမှု ဖြစ် ပွားခဲ့တဲ့ သတင်း၊သရုပ်ဆောင်မင်းရာဇာကိုသက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲဆိုမှုကိုအရှေ့ပိုင်းခရိုင်က လက်ခံလိုက် တဲ့ သတင်း၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တုကို ၂၀၂၁ခုနှစ်မှာ လွှတ်တင်မယ့်သတင်း ၊ပဲခူးတိုင်းထဲကကျေးရွာ အုပ် ချုပ်ရေးမှူးတစ်ဦးနဲ့ မကွေးတိုင်းထဲကမြေတိုင်းဝန်ထမ်းတစ်ဦးတို့ကိုလာဘ်စားမှုနဲ့ မြန်မာနိုင်ငံ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က  အမှုဖွင့်အရေးယူခဲ့တဲ့ သတင်း၊ ပုဂံယဉ်ရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရွှေကျင်ရန်တူးဖော်နေတဲ့ အတွက် တားဆီးခဲ့ရတဲ့ သတင်း၊ ပဲခူးစက်ရုံလုပ်သားများအားအပြင်ခေါ်ထုတ်ခဲ့ပြီး အစိုးရကိုဖေ့စ်ဘုတ်ပေါ် လိုက်လွှင့်ဝေဖန်ပုတ်ခတ်ခဲ့တဲ့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကို၅၀၅ (ခ) ဖြင့် တရားစွဲခံဖမ်းဆီးခဲ့တဲ့ သတင်း၊ WHO ယာဉ်ပစ်ခတ်ခံရမှု အပေါ် စုံစမ်းစစ်ဆေးရေးစတင်ခဲ့တဲ့ သတင်း စတဲ့ တွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်ထူးခြားထင်ရှားတဲ့ သတင်းတွေအပေါ် ခြုံငုံသုံးသပ်မှုကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
မေ - ၁၅

( Zawgyi )

ယခုရက္ထဲ အမ်ားေမွ်ာ္လင့္ေနတဲ့ stay at home အစီအစဥ္ကို ႐ုတ္သိမ္းမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္က ႏိုင္ငံတကာမွာ ေလာ့ခ္ေဒါင္းခ်ထားရာကေန ကူးစက္ႏူန္းေတြျပန္တက္လာတဲ့အတြက္ ျပန္ၿပီးေလာ့ခ္ေဒါင္းခ်ရတဲ့ ျဖစ္ရပ္ေတြေၾကာင့္ တျခားလမ္းနဲ႔ လူ ၅ ေယာက္ထက္ မပိုေအာင္ အာဏာပိုင္ေတြက သက္တမ္းတိုးခ်ဲ႕ခဲ့တာနဲ႔ ေမွ်ာ္လင့္ခ်က္ပ်က္ျပယ္ခဲ့ပါတယ္။ဒါ့အျပင္ ကူးစက္မႈျမင့္မားဖြယ္ရွိတဲ့ ၿမိဳ႕နယ္ေတြကို ပိုက္စိပ္တိုက္ က်န္းမာေရးစစ္ေဆးမႈေတြလုပ္ၿပီး ကူးစက္ေရာဂါကိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာ၊ ယခုရက္ပိုင္းအတြင္း ေန႔အပူခ်ိန္ေတြ စံခ်ိန္တင္ျမင့္တက္တဲ့သတင္းေတြ၊ တပ္ဘက္က အပစ္ရပ္ေၾကညာရာမွာ အၾကမ္းဖက္အဖြဲ႕လို႔ သတ္မွတ္ထားတဲ့ေနရာေတြကလြဲလို႔ က်န္ေနရာေဒသေတြပါဝင္တဲ့ သတင္းေတြနဲ႔ ယခုရက္သတၱပတ္က စိတ္ဝင္စားစရာေကာင္းေနခဲ့ပါတယ္။

ငါးေယာက္ထက္မပိုနဲ႔

ယခုရက္သတၱပတ္အဆုံးျဖစ္တဲ့ ယေန႔ေသာၾကာေန႔မွာ အစိုးရကသတ္မွတ္ထားတဲ့ stay at home အစီအစဥ္က သက္တမ္းကုန္ၿပီျဖစ္ပါတယ္။ဒီၾကားကာလမွာ ပိုးကူးစက္ခံရသူ အေရအတြက္က ၂၀၀ ေအာက္ သာရွိၿပီး အခ်ိဳ႕ရက္ေတြမွာ ကူးစက္ခံရသူအေရအတြက္က တစ္ေယာက္ႏွစ္ေယာက္သာရွိခဲ့တာ၊ ျပန္လည္က်န္းမာလာသူဦးေရက ကူးစက္ခံရသူဦးေရရဲ႕ ရာခိုင္ႏူန္းသုံးဆယ္ေက်ာ္ရွိလာခဲ့တာ၊ ေသဆုံးသူဦးေရကလည္း ယခင္စတင္ေတြ႕ရွိၿပီး အေစာဆုံးေန႔ရက္ေတြမွာျဖစ္ခဲ့တဲ့ ေသဆုံးသူအေရအတြက္သာဘဲ ဆက္လက္ရွိခဲ့တဲ့အတြက္ ယခုရက္သတၱပတ္မွာ အစိုးရနဲ႔ က်န္းမာေရးအာဏာပိုင္ေတြအေနနဲ႔ stay at home အစီအစဥ္ကို ျပန္ျဖည့္ေပးမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြက ယခုရက္သတၱပတ္အေစာပိုင္းကတည္းက ျမင့္တက္ေနခဲ့ပါတယ္။

ဒီရက္ထဲ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပတာေတြ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ သက္ဆိုင္ရာနယ္ပယ္ကသူေတြ၊ နယ္ခံေဒသခံေတြနဲ႔ facebook ကေန တိုက္႐ိုက္ေတြ႕ဆုံ ေဆြးေႏြးမႈေတြမွာ ေျပာခဲ့ဆိုခဲ့တဲ့ စကားအသြားအလာေတြေၾကာင့္ ယခုေသာၾကာမွာ အစိုးရအေနနဲ႔ stay at home အစီအစဥ္ကို ေလွ်ာ့ခ်ဖို႔ဆိုတာ ေသခ်ာၿပီး ဒီအစား ဘာနဲ႔ထိန္းခ်ဳပ္မလဲဆိုတာ ေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။ဒီထဲမွာ ေမ ၁၁ရက္ ရက္စြဲနဲ႔ ရန္ကုန္တိုင္းေဒသႀကီးထဲကၿမိဳ႕နယ္ေတြမွာ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက ၫႊန္ၾကားခ်က္ထြက္လာပါတယ္။ဒီေဒသႏၲရအမိန႔္ထဲမွာ ကူးစက္ေရာဂါအေတြ႕မ်ားခဲ့တဲ့ အင္းစိန္၊ မရမ္းကုန္း၊ တာေမြ၊ ေတာင္ဥကၠလာပ၊ လႈိင္သာယာ၊ မဂၤလာဒုံ၊ ပန္းဘဲတန္း၊ ဗဟန္း၊ ေ႐ႊျပည္သာ၊ ဗိုလ္တေထာင္ စတဲ့ၿမိဳ႕နယ္ေတြကို ယခင္ stay home အစီအစဥ္ကို တိုးျမႇင့္သတ္မွတ္ခဲ့ၿပီး မလိုအပ္ဘဲေန အိမ္အျပင္မထြက္ဖို႔ ၊ လူ ၅ ေယာက္ထက္ ပိုမစုဖို႔ စတဲ့ ယခင္ကန႔္သတ္မႈေတြအျပင္ ယခုအမိန႔္မွာ အျပင္ထြက္ရင္ မျဖစ္မေန mask တပ္ဖို႔နဲ႔ mask မတပ္ရင္ ဒဏ္ေငြ၊ ေထာင္ဒဏ္ ခ်ဖို႔ေတြကိုပါ ပါဝင္ခဲ့ပါတယ္။

ဒီလို maskကို မျဖစ္မေနတပ္ဖို႔ ‌ေမ ၈ ရက္က ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ သက္ဆိုင္ရာနယ္ပယ္လူေတြနဲ႔ အြန္လိုင္းေတြ႕ဆုံမႈေတြမွာ တိုက္တြန္းခဲ့တာကို ေတြ႕ရပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံက လက္ရွိျမန္မာႏိုင္ငံက COVID-19 ကူးစက္ခံရသူေတြထဲမွာ ေရာဂါလကၡဏာ ျပသမႈမရွိတဲ့သူေတြ ပါေနတဲ့အတြက္ မိမိကစတင္ကာကြယ္ႏိုင္ဖို႔အတြက္ mask တပ္ျခင္းကို ေရာဂါကာကြယ္ေရး ယဥ္ေက်းမႈတစ္ရပ္အျဖစ္ ေဖာ္ေဆာင္ဖို႔ေျပာခဲ့တာပါ။ ဒီအ တြက္ တစ္ခါသုံး Mask မ်ား တပ္ဖို႔ အဆင္မေျပတဲ့ ျပည္သူမ်ားလည္း ရွိေနႏိုင္တဲ့အတြက္ အိမ္တြင္းျဖစ္ ပိတ္စႏွာ ေခါင္းစည္းမ်ား ခ်ဳပ္လုပ္ဖို႔အတြက္ကိုတိုက္တြန္းခဲ့ပါတယ္။ ဒီေနာက္ ၃ ရက္အၾကာမွာအျပင္ ထြက္ သူတိုင္း mask  မျဖစ္မေန တပ္ဖို႔နဲ႔ မတပ္ရင္ အေရးယူမယ္ဆိုတာေတြျဖစ္လာခဲ့တာပါ။

လက္ရွိအေျခအေနအရ တစ္ရက္လုပ္တစ္ရက္စားလို႔ေခၚတဲ့ အေျခခံလူတန္းစားကအမ်ားစုျဖစ္တဲ့ အ တြက္ ကပ္ေရာဂါေၾကာင့္ ၾကာရွည္ကန႔္သတ္ပိတ္ထားမယ္ဆိုရင္ စားဝတ္ေနေရးျပႆနာႀကီးႀကီးမားမားျဖစ္ လာႏိုင္တဲ့ အျပင္ ဒါနဲ႔ႏွီးႏြယ္ၿပီးငတ္လို႔ လုတယ္ဆိုတဲ့ အေျခခံက်တဲ့ ရာဇဝတ္မႈေတြကိုပါေတြ႕ျမင္လာရဖြယ္ရွိလို႔ အစိုးရအေနနဲ႔  ကန္သတ္မႈေတြကိုတိုင္းတစ္ခုလုံးေနရာေဒသႀကီးတစ္ခုလုံးမဟုတ္ဘဲအျဖစ္မ်ားတဲ့ေနရာေတြကို ကြက္ၿပီးတားျမစ္ကန႔္သတ္ထားဖြယ္ရွိေနပါတယ္။

မၾကာခင္ကတရားေဟာဆုေတာင္းပြဲတစ္ခုကေနကူးစက္မႈမ်ားခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္ထဲကရပ္ကြက္ ေလးခုကို တစ္ရက္တည္းအင္အားသုံးၿပီး ပိုက္စိပ္တိုက္ က်န္းမားေရးစစ္ခဲ့သလိုမ်ိဳး ေမ ၁၆ ရက္မွာလည္း လႈိင္ သာယာကကိုဗစ္-၁၉ေရာဂါျဖစ္ပြားသည့္ ရပ္ကြက္မ်ားျဖစ္သည့္ ၆ရပ္ကြက္၊ ၁၀ရပ္ကြက္ႏွင့္ ခ်န္းရီစက္႐ုံတို႔ကို အဓိကထား၍ေဆးစစ္မႈမ်ားျပဳလုပ္ဖို႔ရွိသလို ၁၇ ရက္မွာတာေမြကိုဝင္ၿပီးက်န္းမာေရးစစ္ေဆးမႈေတြျပဳဖြယ္ရွိတဲ့ အတြက္ အစိုးရအေနနဲ႔ မၾကာခင္ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးေတြကိုကန႔္သတ္ခ်က္ေတြေျဖေလ်ာ့ၿပီးစီးပြားေရး လုပ္ငန္းေတြကိုျပန္စဖို႔ မီးစိမ္းျပဖြယ္ရွိပါတယ္။ ေမ ၁၅ ရက္မွာ‌ေတာ့ အမ်ားစုခန႔္မွန္းထားတဲ့ အတိုင္း ၿမိဳ႕နယ္ ၅ ခုကလြဲလို႔ က်န္ေနရာေဒသေတြမွာစီးပြားေရးလုပ္ငန္းေတြ ၊ စားေသာက္ဆိုင္ေတြကို က်န္းမာေရး ၫႊန္ၾကားခ်က္ နဲ႔ social distaningနဲအညီျပန္လည္ဖြင့္လွစ္ခြင္ေပးခဲ့ရာမွာတခ်ိဳ႕လုပ္ငန္းေတြျဖစ္တဲ့ ဘီယာဆိုင္ေတြ၊ ေကတီဗြီ ေတြကိုေတာ့ ဖြင့္ခြင့္မျပဳေသးပါဘူး။

ညဘက္ သတ္မွတ္ခ်က္မွာလည္းယခင္ ႏိုင္ငံတစ္ဝန္း ည ၁၀ နာရီကေန မနက္ ၄ နာရီအစား ေမ ၁၅ ရက္ကစၿပီး ည ၁၂ နာရီကေန နံနက္ ၄ နာရီ အထိ ေလ်ာ့ခ်ခဲ့ပါတယ္။ ဒါအျပင္ လူစည္ကားေလ့ရွိတဲ့ လဘက္ရည္ ဆိုင္ေတြကို က်န္းမာေရးအစီအစဥ္နဲ႔ ျပန္ဖြင့္ခြင့္ေတြ ေပးမဲ့ ေျဖ ေလ်ာ့မႈနဲ႔ စားေသာက္ဆိုင္နဲ႔ တျခားဆိုင္ေတြ ျပန္ဖြင့္မႈ ၊ တ႐ုတ္၊ထိုင္းနဲ႔ ျပည္ပ ကျပန္ဝင္ လာသူေတြေၾကာင့္ အကုန္လုံးကို တစ္ၿပိဳင္နက္ ကိုင္တြယ္ရေတာ့မယ့္ အစိုးရအေနနဲ႔ က်န္းမာေရး ကပ္ေဘးဆိုတဲ့ႀကိဳးတန္းအေပၚ ဘယ္ေလာက္ ေျဖာင့္ေျဖာင့္ ေလွ်ာက္ႏိုင္မလဲ ၊ ဘယ္လို အခက္ေတြ ႀကဳံလာရႏိုင္ လဲဆိုတာ အားလုံးရင္တမမ ေစာင့္ၾကည့္ရဦးမွာပါ။

ဒီေျဖလ်ာ့တဲ့ သတင္းေတြနဲ႔အတူကိုဗက္နဲ႔ဆိုင္တဲ့ သတင္းေတြျဖစ္တဲ့ ကိုဗက္ကာလေနျပည္ေတာ္မွာ ညမထြက္ရ အမိန႔္ခ်ိဳးေဖာက္တဲ့ ၂၂ ဦးကိုေထာင္ ၁၅ ရက္ခ်ခဲ့တဲ့ သတင္း၊ တားျမစ္ခ်က္ ေဖာက္ဖ်က္ၿပီး ဆုေတာင္း ပြဲက်င္းပခဲ့တဲ့ တရားေဟာဆရာေစာေဒးဗစ္လားႏွင့္အဖြဲ႕ကို အမႈဖြင့္တရားစြဲဆိုထားတဲ့ အတြက္ Quarantineဝင္ၿပီးပါကအမႈရင္ဆိုင္ရေတာ့မာယ့္ သတင္း၊ ၿမိဳင္မွာ Quarantineဝင္ေနတဲ့ အမ်ိဳးသမီးေတြ ေနထိုင္ရာ အခန္းဝင္ဖို႔ လုပ္တဲ့ လုံၿခဳံေရးကို အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၆ လခ်ခဲ့တဲ့ သတင္း၊ ပုဇြန္ေတာင္မွာ maskမတပ္သူ ၁၃ ဦး၊မႏၲေလးမွာ ေစ်းမ်ားအတြင္း mask စနစ္တက် မတပ္လို႔ လူ ၇၅၀ ေက်ာ္နဲ႔ ေစ်းသည္ ၁၁ ဦးကို အေရးယူခဲ့တဲ့သတင္း၊ပုံမွန္ဝင္ေငြမရွိတဲ့ သူေတြကိုေထာက္ပံ့ေငြေပးဖို႔ အစိုးရက စာရင္းေကာက္ယူေနတဲ့ သတင္း၊ အေျခခံပညာေက်ာင္းေတြ ဇူလိုင္လအတြင္း ျပန္ဖြင့္ဖို႔ ရွိတဲ့ သတင္းေတြက လည္းသတိ ထားမိစရာ ရွိခဲ့ပါတယ္။

အပူေဘးနဲ႔ ကပ္ေဘး

ကူးစက္ကပ္ေရာဂါေဘးေၾကာင့္ stay home အစီအစဥ္အရ အိမ္ထဲမွာေနေနရတဲ့ ယခုႏွစ္မွာ ေႏြရာသီေန႔ အပူခ်ိန္က စံခ်ိန္တင္ျမင့္ခဲ့တဲ့အတြက္ ယခုရက္သတၱပတ္က ေခြၽးျပန္တဲ့ ရက္ေတြပါဘဲ။ ဒီရက္ေတြထဲမွာ အပူခ်ိန္ ေတြက ဆက္တိုက္ဆိုသလို တက္ေနခဲ့ပါတယ္။ေမ ၈ ရက္ေန႔မွာဆိုရင္ မေကြးက ေခ်ာက္ၿမိဳ႕မွာဆိုရင္ ေန႔အပူခ်ိန္ က  ၄၇ ဒသမ ၅ ဒီဂရီစင္တီဂရိတ္အထိတက္ခဲ့ပါတယ္။ ဒါဟာ ႏွစ္ ၅၀ အတြင္း ေခ်ာက္ၿမိဳ႕ရဲ႕ စံခ်ိန္သစ္ပါဘဲ။ ေခ်ာက္တြင္မကပါဘူး။ဒီအပူခ်ိန္က ျမန္မာႏိုင္ငံၿမိဳ႕ႀကီးမ်ားရဲ႕ အျမင့္ဆုံးစံခ်ိန္တင္ ေန႔အပူခ်ိန္လည္းျဖစ္ခဲ့ပါ တယ္။ ဒီလိုပဲ ပဲခူးတိုင္းဘက္က ႀကိဳ႕ပင္ေကာက္မွာ ေမ ၈ ရက္ အပူခ်ိန္က စံခ်ိန္တင္ၿပီး ၄၃ ဒီဂရီ စင္တီဂရိတ္ ထိ တက္ခဲ့ပါတယ္။

ဒီလို အပူခ်ိန္ျမင့္တက္တာက ျမန္မာႏိုင္ငံတစ္ခုတည္းျဖစ္ခဲ့တာ မဟုတ္ေပမယ့္ ျမန္မာႏိုင္ငံကေတာ့ ႏွစ္မ်ားစြာ သဘာ၀ပတ္ဝန္းက်င္ကို လ်စ္လွ်ဴၿပီး သစ္ထုတ္ခဲ့တာနဲ႔ ျမန္မာႏိုင္ငံမွာ သံယံဇာတထုတ္လုပ္မႈေတြက ျဖစ္သင့္တာထက္မ်ားစြာေက်ာ္လြန္ခဲ့တာေတြေၾကာင့္ အပူခ်ိန္က တစ္ႏွစ္ထက္တစ္ႏွစ္ တိုးတက္လာခဲ့တာမ်ားခဲ့ ပါတယ္။ အေစာပိုင္းရက္သတၱပတ္ေတြက ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚခဲ့တဲ့ အတြက္ အဆိုပါ ေလဖိအားနည္းရပ္ဝန္းကေန မုန္တိုင္းအျဖစ္ဝင္လာႏိုင္တယ္ဆိုၿပီး မိုးေလဝသပညာရွင္ေတြက ခန႔္မွန္းခဲ့ေပမယ့္ ေလဖိအားနည္းရပ္ဝန္း က မုန္တိုင္းအျဖစ္ ေျပာင္းလဲမလာဘဲ ပ်က္ျပယ္သြားခဲ့တဲ့ အတြက္ ျမန္ မာႏိုင္ငံကို မုန္တိုင္းနဲ႔ အတူ တစ္ပါတည္းဝင္လာတတ္တဲ့ မုတ္သုန္မိုးကို ေမွ်ာ္လင့္လို႔မရခဲ့ပါဘူး။

ေန႔အပူခ်ိန္တက္မႈနဲ႔ အတူျဖစ္ေလ့ရွိတဲ့ မိုးတိမ္ေတာင္ေတြ၊ ေလျပင္းေတြ၊စိုက္ဆင္းေလေတြကေတာ့ ထုံးစံအတိုင္း ေန႔အပူခ်ိန္တက္ေလ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြမွာ ျဖစ္လာေလရွိခဲ့ပါတယ္။ စာရင္းထုတ္ ျပန္ခ်က္ေတြအရဆိုရင္ ေမ၅ ရက္ကေန ၁၁ ရက္အတြင္း စစ္ကိုင္း၊မႏၲေလး၊မေကြး၊ဧရာ၀တီ၊ပဲခူး၊ရွမ္း၊ ကယားနဲ႔ ကခ်င္ေတြမွာ ေလျပင္းေတြ ေန႔စဥ္တိုက္ခတ္ခဲ့လို႔ လူေနအိမ္ ၅၀၀၀ ေက်ာ္ ပ်က္စီးခဲ့တယ္ဆိုပါတယ္။ေမ ၁၁ ရက္ မွာေတာ့ အပူပိုင္းေဒသမွာရွိတဲ့ မႏၲေလးတိုင္းအတြင္းမွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈ ျဖစ္ခဲ့ လို႔ သစ္ပင္ေတြၿပိဳလဲတာ၊ လွ်ပ္စစ္မီးတိုင္ေတြၿပိဳလဲတာေတြျဖစ္ခဲ့ပါတယ္။

ဒီကာလက မိုးဦးေလဦးကာလနားနီးေပမယ့္ အပူခ်ိန္က က်ဖြယ္မရွိသလို ညအပူခ်ိန္ကလည္း ဆက္ တိုက္တက္ေနတဲ့ အတြက္ က်န္းမာေရးအရ ထိခိုက္မႈေတြ ရွိေနပါတယ္။ အပူရွိန္ေၾကာင့္ အပူရွပ္ဖ်ားနာတာေတြ ၊ Heat strokeျဖစ္တာေတြ ေၾကာင့္ အသက္ဆုံးရႈံးမႈေတြလည္းရွိခဲ့ပါတယ္။ လက္ရွိမွာ ဘဂၤလားပင္လယ္ေအာ္ထဲ ေလဖိအားနည္းရပ္ဝန္းဆက္ျဖစ္ေနတဲ့ အတြက္ ဒီေလဖိအားနည္းရပ္ဝန္းကေနတစ္ဆင့္ မုန္တိုင္းျဖစ္လာခဲ့ရင္ ျမန္မာႏိုင္ငံအတြင္း အပူခ်ိန္ေတြတိုးေနတာကို အရွိန္ေလ်ာ့ေစမယ့္ မုတ္သုတ္မိုးကို မုန္တိုင္းနဲ႔အတူေခၚလာႏိုင္ ေလမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ပိုျပင္းထန္လာဖြယ္ရွိတဲ့ ရခိုင္စစ္ေရး

မၾကာခင္က တပ္ဘက္ကေန ကိုဗက္ -၁၉ ကာလအတြင္း ကုသကာကြယ္ေရးလုပ္ငန္းေတြကို ေဆာင္ ႐ြက္ဖို႔အတြက္ သုံးလၾကာ အပစ္ရပ္စဲေၾကာင္း ေမ ၉ ရက္က ထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္ထဲမွာ ႏိုင္ငံ ေတာ္မွ အၾကမ္းဖက္ ဟုသတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္ အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွ အပ ဆိုတဲ့ စကားရပ္ပါတဲ့ အတြက္ လတ္တေလာမွာ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ေျမာက္ပိုင္းနဲ႔ခ်င္းေတာင္ပိုင္းမွာ ျဖစ္ေနတဲ့ ရခိုင္လက္နက္ကိုင္တပ္ ေအေအနဲ႔ ျဖစ္ေနတဲ့ တိုက္ပြဲေတြက ရပ္တန႔္ဖြယ္မရွိတဲ့ သေဘာပါဘဲ။

ဒါေပမယ့္ အဆိုပါအပစ္ရပ္စဲေၾကာင္းထုတ္ျပန္တဲ့ အထဲမွာ အစိုးရက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားတဲ့ ရခိုင္လက္နက္ကိုင္ေတြလႈပ္ရွားေနတဲ့ ရခိုင္ ျပည္ နယ္နဲ႔ပလက္၀ဘက္ပါဖြယ္မရွိပါဘူး။ အဲဒီ ဘက္ေတြမွာ အၾကမ္းဖက္တိုက္ဖ်က္ေရးဥေပဒနဲ႔ ဖမ္းတာေတြ၊ ရခိုင္ လက္နက္ကိုင္ေတြနဲ႔ အဆက္အ သြယ္ရွိ တယ္ ဆိုၿပီး ဖမ္းဆီးခဲ့တာေတြ  ဆက္တိုက္ ရွိခဲ့ပါတယ္။ ဒီရက္ပိုင္းမွာ ဖမ္း ဆီးထားတဲ့သူေတြကို ေရယာဥ္ေပၚ မွာႏွိပ္စက္ ေနတဲ့ ဗီဒီယိုဖိုင္တစ္ခုေဖၚထြက္လာသလို ေနာက္ပိုင္းမွာ တပ္မ ေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက  ဧၿပီလ ၂၇ရက္မွာ ပုဏၰား ကြၽန္းၿမိဳ႕နယ္မွ စစ္ေတြၿမိဳ႕နယ္သို႔ တရားစြဲဆိုႏိုင္ရန္ ဖမ္းဆီးေခၚေဆာင္လာစဥ္ ဥပေဒႏွင့္မေလ်ာ္ညီသည့္ စစ္ ေဆးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း ၊ က်ဴး လြန္သူေတြကို စစ္စည္းကမ္းအရအေရးယူႏိုင္ေရးအတြက္ စုံစမ္းမႈမ်ားျပလုပ္ လ်က္ရွိတယ္လို႔ သတင္းမီဒီယာ ေတြကို စာနဲ႔အေၾကာင္းၾကားေပးပို႔ခဲ့တယ္လို႔ မီဒီယာေတြမွာ ေဖာ္ျပခဲ့တာရွိပါ တယ္။

ေမ ၁၁ ရက္မွာ ရခိုင္အမ်ိဳးသားပါတီ(ANP)၏ေတာင္ကုတ္ၿမိဳ႕နယ္ဒုတိယဥကၠ႒၊ ၿမိဳ႕နယ္စည္ပင္ဥကၠ႒နဲ႔ စည္ပင္ဥကၠ႒ ေဟာင္း တို႔ကို  အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ရဲတပ္ဖြဲ႕ကဖမ္းဆီးခဲ့တာေတြလည္းရွိသလို ဒီရက္ပိုင္းမွာဘဲ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ မိုင္းေပါက္ကြဲမႈတစ္ခုေၾကာင့္ ကေလးငယ္သုံးဦး ေသဆုံး ခဲ့ပါတယ္။ ဒါအျပင္ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ တစ္မိုင္ခန႔္ေဝးသည့္ ပိုက္သည္ရပ္မွာ လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲသျဖင့္ လူငါးဦးဒဏ္ရာရရွိခဲ့တာျဖစ္ခဲ့သလို ေမ ၈ ရက္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေတာင္ဘြယ္ ေက်း႐ြာ ကို လက္နက္ႀကီးက်ည္တစ္လုံးက်ေရာက္ေပါက္ကြဲၿပီးအမ်ိဳးသမီးငယ္တစ္ဦးႏွင့္ ေျခာက္တန္းေက်ာင္း သူတစ္ဦး တို႔ ဒဏ္ရာရရွိခဲ့တဲ့ ျဖစ္စဥ္ျဖစ္ခဲ့တာလည္းရွိခဲ့ပါတယ္။

ဒီရခိုင္ေျမာက္ပိုင္းေဒသတစ္ခုလုံးမွာ ၿပီးခဲ့သည့္ႏွစ္အေစာပိုင္းကတည္းက တိုက္ပြဲမ်ားေၾကာင့္ လူေပါင္း ေသာင္းႏွင့္ခ်ီ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရၿပီး ရာဂဏန္းမွ် ေသဆုံး၊ ဒဏ္ရာရခဲ့ၿပီးျဖစ္ကာ ေဒသခံေတြကို   ျမန္မာ့ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္ ႏွစ္ဖြဲ႕စလုံးက တစ္ဖက္ဖက္ႏွင့္ပတ္သက္ဆက္ႏႊယ္သည္ဟု သံသယရွိမႈျဖင့္ ဖမ္းဆီးစစ္ေဆးျခင္းမ်ားျပဳလုပ္ၾကတဲ့အတြက္ တိုက္ပြဲေတြ ဖမ္းဆီးတာေတြေၾကာင့္ ေဒသကေန စြန႔္ခြာၿပီး အျခားအရပ္ကို အေျခခ်ေနတာေတြ၊စစ္ေရွာင္ဒုကၡသည္စခန္းမွာ သြားေရာက္ေနထိုင္တာေတြလည္း ဆက္ တိုက္ ျဖစ္ေနခဲ့ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္  တပ္မေတာ္ဘက္က ၃ လတာ ကူးစက္ကပ္ေရာဂါ ကိုဗက္ေၾကာင့္ အပစ္ ခတ္ရပ္စဲတဲ့ ေဒသထဲ အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္ခံထားရတဲ့  ရခိုင္လက္နက္ကိုင္ ေအေအရွိေနတဲ့ ရခိုင္ ေျမာက္ပိုင္းနဲ႔ ခ်င္းေတာင္ပိုင္းမပါဖို႔ ေသခ်ာသေလာက္ရွိတဲ့ အတြက္ အဆိုပါေနရာေဒသေတြမွာ တပ္မေတာ္ႏွင့္ ေအေအ လက္နက္ကိုင္အဖြဲ႕တို႔၏ စစ္ေရးလႈပ္ရွားမႈမ်ား ပိုမိုျပင္းထန္လာႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာ သုံးသပ္ သူေတြ၊ရခိုင္ပါတီဘက္က တာဝန္ရွိသူေတြက သုံးသပ္တာေတြလည္း ရွိထားပါတယ္။အစိုးရက ကိုဗစ္(၁၉) ႏွင့္ ပတ္သက္ၿပီး  တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအားလုံးကို ကာကြယ္၊ ထိန္းခ်ဳပ္ေရးလုပ္ငန္း ေဆာင္႐ြက္ရန္ အတြက္ ပူးေပါင္းလုပ္ကိုင္ေဆာင္႐ြက္ရန္ ဖိတ္ေခၚေၾကာင္း ထုတ္ျပန္ထားတဲ့ အတြက္  တပ္မေတာ္ဘက္က အပစ္ရပ္ေၾကာင္း ထုတ္ျပန္ခ်က္အေပၚ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြက ႀကိဳဆိုခဲ့သလို ျမန္မာႏိုင္ငံလူအခြင့္အေရးေကာ္မရွင္ဘက္ကလည္း စာတစ္ေစာင္ထုတ္ၿပီး တပ္မေတာ္ဘက္က ၃ လၾကာ အပစ္ အခတ္ရပ္စဲေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဒီရက္ထဲမွာဘဲ ကုလသမဂၢလုံၿခဳံေရးညီလာခံမွာ ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ဦးေရ မ်ားျပား ျမင့္တက္ေနသည့္ကိစၥနဲ႔ ျမန္မာႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္ကပ္ေရာဂါ အေျခအေနတိုကို တံခါးပိတ္ အစည္းအေဝးအျဖစ္ က်င္းပဖို႔ ၿဗိတိန္ႏိုင္ငံက ေတာင္းဆိုခဲ့သလို ဒီတံခါးပိတ္အစည္းအေဝးမွာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ မစၥ ခရစၥတင္း ရွဝါနာ ဘူဂီနာကဘာမွတ္ခ်က္ေပးမလဲဆိုတာမသိရသလို မၾကာ ခင္က ဘယ္သူလက္ခ်က္နဲ႔ေသရမွန္းမသိခဲ့တဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)ဝန္ထမ္း ယာဥ္ေမာင္း ေသဆုံးခဲ့တဲ့ ကိစၥကလည္းရွိေနတဲ့ အတြက္ ဘာေတြ ထုတ္ျပန္ခ်က္ထြက္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ယခုရက္အတြင္း ဒီသတင္းေတြအျပင္ အျခားသတိထားမိတဲ့ သတင္းမ်ားကေတာ့ လႈိင္သာယာ ေ႐ႊလင္ ဗန္းစက္မႈဇုန္မွာတ႐ုတ္ႏိုင္ငံသားလုပ္ငန္းရွင္တစ္ဦးေန႔ခင္းေၾကာင္ေတာင္ ဓားထိုးအသတ္ခံရတဲ့ သတင္း၊ ရွမ္း ျပည္ေျမာက္ ပိုင္းမူဆယ္ၿမိဳ႕အဝင္ အိုရီယမ္တယ္ဟိုက္ေဝးကုမၸဏီတိုးဂိတ္မွာေမ ၁၁ ရက္ညက ေပါက္ကြဲမႈ ျဖစ္ ပြားခဲ့တဲ့ သတင္း၊သ႐ုပ္ေဆာင္မင္းရာဇာကိုသက္ငယ္မုဒိမ္းမႈနဲ႔ တရားစြဲဆိုမႈကိုအေရွ႕ပိုင္းခ႐ိုင္က လက္ခံလိုက္ တဲ့ သတင္း၊ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ၿဂိဳဟ္တုကို ၂၀၂၁ခုႏွစ္မွာ လႊတ္တင္မယ့္သတင္း ၊ပဲခူးတိုင္းထဲကေက်း႐ြာ အုပ္ ခ်ဳပ္ေရးမႉးတစ္ဦးနဲ႔ မေကြးတိုင္းထဲကေျမတိုင္းဝန္ထမ္းတစ္ဦးတို႔ကိုလာဘ္စားမႈနဲ႔ ျမန္မာႏိုင္ငံ အဂတိလိုက္ စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က  အမႈဖြင့္အေရးယူခဲ့တဲ့ သတင္း၊ ပုဂံယဥ္ေရွးေဟာင္းယဥ္ေက်းမႈေဒသအတြင္း ေ႐ႊက်င္ရန္တူးေဖာ္ေနတဲ့ အတြက္ တားဆီးခဲ့ရတဲ့ သတင္း၊ ပဲခူးစက္႐ုံလုပ္သားမ်ားအားအျပင္ေခၚထုတ္ခဲ့ၿပီး အစိုးရကိုေဖ့စ္ဘုတ္ေပၚ လိုက္လႊင့္ေဝဖန္ပုတ္ခတ္ခဲ့တဲ့ အလုပ္သမားအေရးေဆာင္႐ြက္သူတစ္ဦးကို၅၀၅ (ခ) ျဖင့္ တရားစြဲခံဖမ္းဆီးခဲ့တဲ့ သတင္း၊ WHO ယာဥ္ပစ္ခတ္ခံရမႈ အေပၚ စုံစမ္းစစ္ေဆးေရးစတင္ခဲ့တဲ့ သတင္း စတဲ့ ေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ထူးျခားထင္ရွားတဲ့ သတင္းေတြအေပၚ ၿခဳံငုံသုံးသပ္မႈကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေမ - ၁၅