【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အုပ်စုဖွဲ့ အဂတိလိုက်စားမှုနှင့် တိုးလာတဲ့ ခြေတစ်လှမ်း

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အုပ်စုဖွဲ့ အဂတိလိုက်စားမှုနှင့် တိုးလာတဲ့ ခြေတစ်လှမ်း

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲ “အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ဖိုရမ်မှာ ဆွေးနွေးကျတဲ့ အကြောင်းအရာ သတင်းတွေ၊ “အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ဖိုရမ်မှာ ဆွေးနွေးကျတဲ့ အကြောင်းအရာတွေ၊ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သတင်းတွေ၊ ဘင်္ဂလားဒေရှ့်ကနေပြီး မြန်မာ ပြည်ထောင်စုဝန်ကြီးတစ်ဦးကို တရားဝင်တောင်းပန်ဖို့ တောင်းဆိုတဲ့ သတင်းနဲ့ ငွေလိမ်လည်မှုနဲ့ အမှုဖွင့်ခံရတဲ့ ယောဂီဝတ် နန္ဒမာလာ ကို မှုခင်းရဲတပ်ဖွဲ့(CID) က စတင် စစ်ဆေးနေတဲ့ သတင်းတွေက အများပြည်သူ သတင်းဖတ်သူတွေကြား သတိထားမိစေတဲ့အထိ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ် သတင်းတွေဖြစ်တဲ့ ဇွဲကပင် တောင်တက်လမ်း ဆက်လက်ဖောက်လုပ်ခွင့်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ဥပဒေအရ တားမြစ်မယ်ဆိုတဲ့ သတင်း၊ ချင်းပြည်နယ် တီးတိန် (ဇိုမီး) အဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်တဲ့ သတင်း၊ RCSS နဲ့ SSPP တိုက်ပွဲဖြစ်နေတဲ့ သီပေါနှင့် လားရှိုး မြို့နယ် နယ်စပ်နေရာများမှာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေတဲ့ သတင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ် ရယူထားသည်ဆိုသော ကက်သလစ် သာသနာပိုင်မြေ နေရာအချို့ ပြန်လည်ပေးအပ်ရန် မယ်စဲ့မြို့ခံ ကက်သလစ်ဘာသာဝင် ၅၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုတဲ့ သတင်း၊ နမ္မတူမြစ်ပေါ်၌ တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာစီမံကိန်းနှင့် တောင်ပိုင်းတွင် တည်ဆောက်မည့် ကျိုင်းတောင်း ရေကာတာစီမံကိန်းများ ရပ်ဆိုင်းရန် ရှမ်းပြည်နယ် ဒေသခံများက တောင်းဆိုတဲ့ သတင်း စတဲ့ သတင်းတွေလည်း ဒီတစ်ပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

အဂတိလိုက်စားမှု ကင်းမဲ့ဇုန်နှင့် အမြစ်တွယ် ပျံ့နှံ့နေသည့် အုပ်စုဖွဲ့ အဂတိလိုက်စားမှု စနစ်

ယခုတစ်ပတ် အစိုးရဆိုင်ရာ သတင်းတွေထဲမှာ ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မှာ UNODCနဲ့ UNDP ပေါင်းပြီး ပြုလုပ်တဲ့  “အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ဖိုရမ်မှာ ဆွေးနွေးကျတဲ့ အကြောင်းအရာတွေက အများပြည်သူကြား စိတ်ဝင်စားစရာ အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။

အရပ်သားအစိုးရ တက်လာကာစကတည်းက စတင်လုပ်ဆောင်လာခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုက ယခုနှစ်ပိုင်းတွေမှာ ပိုပြီးသွက်လက်လာခဲ့ပါတယ်။ဒီဘက်နှစ်ပိုင်းမှာ အွန်လိုင်းသရုပ်ဆောင်တစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့ ရဲကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခဲ့တဲ့နောက်မှာ အဖွဲ့ ဖွဲ့ထားပြီး ဘာမှ လောက်လောက်လားလား လုပ်ဆောင်တဲ့ အဖွဲ့မဟုတ်ဘူးဆိုတဲ့ ပြစ်တင်ဝေဖန်သံတွေ ခေတ္တနှုတ်ဆိတ်သွားခဲ့ပါတယ်။  

ဒီကြားထဲမှာ အစိုးရအဖွဲ့အစည်းတွေကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မကြာခဏဆိုသလို ဖိုရမ်တွေ၊ ဟောပြောပွဲတွေ လုပ်သလို ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တိုးချဲ့ခဲ့တဲ့အတွက် ပိုပြီးသွက်လက် အားကောင်းလာခဲ့ပါတယ်။ယခု UNODC နဲ့ UNDP ပေါင်းပြီး ပြုလုပ်တဲ့ပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေနဲ့ လူပုဂ္ဂိုလ်ကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ စနစ်ကို တိုက်နေခြင်း ဖြစ်တယ်လို့ ပြောခဲ့သလို ငါးကြီးကြီးကို ကြော်နေသည့်နည်းတူ ကိုင်းနိမ့်နိမ့်တွင် ပုပ်နေသည့် သစ်သီးများကိုလည်း တတ်နိုင်သလောက် ရှင်းနေတယ်လို့ ပြောခဲ့ပါတယ်။ထို့ပြင် မြန်မာနိုင်ငံ အစိုးရဌာနများအတွင်း အုပ်စုဖွဲ့ အဂတိလိုက်စားမှုများ ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။
အဆိုပါဆွေးနွေးမှုမှာပဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် အဂတိလိုက်စားမှုစနစ် (Systemic Corruption) ကို တိုက်ဖျက်ရာမှာ တာဝန်ယူမှု မြှင့်တင်ခြင်း က မဟာဗျူဟာ၏ မရှိမဖြစ် ပင်မကျောရိုးလို့ ပြောခဲ့ပါတယ်။

ပါဝင်ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက် ကတော့ ရန်ကုန်တိုင်းဒေသကြီးကို Corruption Free Yangon လို့ ကြေညာပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အဂတိလိုက်စားမှု မရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးခဲ့မှုက သတင်းဖတ်သူတွေကြား ပြောစရာ အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၄ ရက်က နေပြည်တော် MICC-II မှာ ပြုလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဖွင့်ပွဲမှာလည်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အစိုးရအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေသော အဂတိလိုက်စားမှုများကို စနစ်တကျတိုက်ဖျက်ရန် ဆောင်ရွက်နေပြီး အဂတိလိုက်စားမှု ကင်းစင်ခြင်း၏ တန်ဖိုးကို အခြေခံပညာ မူလတန်းအဆင့်မှ စတင်လေ့ကျင့် သင်ကြားပေးရန် စီစဉ်နေတယ်လို့ ပြောခဲ့ပါသေးတယ်။

အရပ်သားအစိုးရအနေနဲ့ ကျန်ရှိ လက်ကျန်သက်တမ်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပိုပြီးအရှိန်မြှင့် ဆောင်ရွက်မယ့် အလားအလာတွေ ပြနေပေမယ့် ထုနဲ့ထည်တဲ့ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားနေတဲ့ အုပ်စုတွေကို ထင်သလို ကိုင်တွယ်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက အိန္ဒိယ သမ္မတ ရှရီရမ် နသ်ကိုဗင့် သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်ကြာ လာရောက်မည့် သတင်း၊ ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားအနီးရှိ ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူခြောက်လုံးကို ကျန်ရှိနေသည့် ဆွေတော်မျိုးတော်များနှင့် ညှိနှိုင်း၍ နိုင်ငံတော်က ထိန်းသိမ်းဖို့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ သတင်း၊ မြန်မာ-ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ် မြန်မာ့ဆင်လေးကောင်ကို ဂျပန်နိုင်ငံသို့ လေကြောင်းနဲ့ ပို့ဆောင်ခဲ့တဲ့ သတင်း၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့  တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ တွေ့ဆုံတဲ့ သတင်း စတဲ့ ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေနည်းတူ အများပြည်သူကို စိတ်ဝင်စားမှု ပိုစေခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး အဆင့်ကို အရေးယူပေးဖို့ တောင်းဆိုတဲ့ ဘင်္ဂလားဒေရှ့်ရဲ့ သွေးတိုးစမ်းမှု

ယခုတစ်ပတ် မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ သတင်းတွေထဲမှာ သတိထားစရာ သတင်းတစ်ပုဒ် ရှိပါတယ်။ဒီသတင်းက ဘင်္ဂလားဒေရှ့်ကနေပြီး မြန်မာ ပြည်ထောင်စုဝန်ကြီးတစ်ဦးကို တရားဝင်တောင်းပန်ဖို့ တောင်းဆိုတဲ့ သတင်းပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ပြုလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအနားပွဲမှာ သာ/ယဉ် ပြည်ထောင်စုဝန်ကြီးက ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာ ရှိပါတယ်။ဒါက ဘင်္ဂလားဒေရှ့်ကို ရောက်နေတဲ့ မြန်မာပြည်ကနေ ပြေးထွက်တယ်ဆိုတဲ့ ဘင်္ဂါလီ အရေအတွက်ပါ။
ဝန်ကြီးက ဘင်္ဂါလီ အရေအတွက်က ခုနှစ်သိန်း။နောက် ကုလညီလာခံရောက်တော့ ဘင်္ဂါလီ အရေအတွက်က တစ်သန်းထိ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာစီနာ က ပြောခဲ့တာကိုပါ။ဒီမှာ ဝန်ကြီးက ဟာစီနာ တို့ လူတွေပိုတင်ပြီး နိုင်ငံတကာကနေ အကူအညီတွေတောင်းကာ ဝေမျှစားနေတယ်ဆိုပြီး ပြောခဲ့တာပါ။

ဒီပွဲမှာဘဲ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဘင်္ဂါလီလူငယ်တွေကို ရိုက်သွင်းထားတဲ့ စိတ်ကိုလည်း ပြောခဲ့ပါတယ်။ဒီလူတွေမှာ ရခိုင်ကို ချီတက်ဖို့၊ မြန်မာနိုင်ငံကို ချီတက်ဖို့ စိတ်ကို ရိုက်သွင်းထားတယ်လို့ ပြောခဲ့တာပါ။ဒီစကားကို ဘင်္ဂလားဒေ့ရှ့် ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံကို ဘင်္ဂါလီဒုက္ခသည်တွေ ပြန်လွှတ်ပေးဖို့ မကြာခဏ စကားမတည် ပျက်ကွက်နေတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဆက်စပ်ပြောခဲ့တာပါ။ဒီစကားကို ဘင်္ဂလားဒေရှ့်ဘက်က အကြောင်းပြုပြီး တရားဝင်တောင်းပန်ဖို့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဆင့်ခေါ်ကာ တောင်းဆိုခဲ့တာပါ။အထူးသဖြင့် ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည်တွေကို မွေးထား ပြီး ကျဆင်းနေတဲ့ ဘင်္ဂလားဒေရှ့် ပုံရိပ်ကို ပြန်တင်နေတဲ့အချိန်မှာ ယခုလက်ရှိဖြစ်နေတဲ့ ဘင်္ဂလားဒေရှ့် ဘက်က ဝန်ကြီးအဆင်ေ့တွရဲ့ ဗလောင်းဗလဲ စကားမတည်တာတွေ၊ ကတိပျက်ကွက်တာတွေကို ဖုံးဖို့ ဒီလိုအကြောင်းပြ တောင်းဆိုတာ ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလအဖွဲ့အစည်းတွေကို လွှမ်းမိုးဖို့ အဆိုပါအဖွဲ့တွေရဲ့ ရန်ပုံငွေကို OIC လို အဖွဲ့တွေက အဓိကထောက်ပံ့ပေးနေတဲ့အတွက် ဘင်္ဂလားဒေရှ့်လို နိုင်ငံက ဒီနောက်ခံတွေ အသုံးပြုပြီး ဘင်္ဂါလီဒုက္ခသည်တွေကို သူတို့ UN နဲ့ သူတို့ပါဝင်တဲ့ safe zone တွေရမှ ပြန်လွှတ်မယ်ဆိုတဲ့ အသံတွေ ထွက်လာခဲ့တာရှိခဲ့ရာကနေ ယခုတစ်ခါ မြန်မာဘက်နေ တရားဝင်တောင်းပန်ဖို့  တောင်းဆိုတဲ့အထိ ခြေတစ်လှမ်းတိုးလာတာကို တွေ့ရပါတယ်။

ခုချိန်မှာ  ခိုးဝင်ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး သတိထားနေကာ လှေမျောလာတဲ့ ဘင်္ဂါလီတွေ ရှိလာရင် အစိုးရဆီ အချိန်မီတင်ပြပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို တနင်္သာရီဝန်ကြီးချုပ်က သတိပေးထားရတာတွေ ရှိပါတယ်။မကြာခင်က ပြည်တွင်းအခမ်းအနားတစ်ခုမှာ သာ/ယဉ် ဝန်ကြီးက အစွန်းရောက်ဘာသာကြီး တစ်ခုက ဇနီး သုံး၊ လေးဦး ယူပြီး သားသမီး ၂၀ ခန့် မွေးနေတယ်လို့ လျှောက်တင်ခဲ့မှုအပေါ် အစွန်းရောက်ဘာသာကြီး တစ်ခုလို့ သူတို့ဘာသာကို ရည်ညွှန်းတယ်ဆိုကာ ပြည်တွင်း အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ ကန့်ကွက်ပြီး ပြည်ထောင်စုဝန်ကြီးကို ဥပဒေအရ အရေးယူပေးရန် တောင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး အမေရိကန်က လူမျိုးတုံးသုတ်သင်မှု (Genocide) စကားလုံးကို အသုံးမပြုဘဲ လူမျိုးရေးသန့်စင်ရှင်းလင်းမှု (Ethnic Cleansing) ဟူသော စကားကိုဘဲ ဆက်အသုံးပြုဖို့ ပြောခဲ့တဲ့အတွက် မြန်မာနိုင်ငံထဲ “လူမျိုးတုံးသုတ်သင်မှု” အကြောင်းပြပြီး ဝင်စွက်ဖက်ဖို့ ကြံနေတဲ့ OIC နောက်ခံ သူတို့လုပ်ရပ်တွေ ထင်သလောက် မပေါက်သေးတာပါဘဲ။

လက်ရှိအချိန်မှာ ဆော်ဒီအိမ်ရှေ့မင်းသားကိစ္စ၊ တရုတ်နဲ့ ကုန်သွယ်ရေး၊ ရေနံဈေးချမှု စတာတွေကြောင့် ဘင်္ဂါလီကိစ္စအပေါ် နိုင်ငံတကာမှာ အာရုံစိုက်မှု နည်းလာသလို ရုရှား၊ တရုတ်လို နိုင်ငံကြီးတွေက မြန်မာဘက်က ရပ်တည်နေတာ၊ ဘင်္ဂလားဒေရှ့်ဘက်က မကြာခဏလွှတ်မယ်ပြောပြီး ဒုက္ခသည်တွေကို မလွှတ်တာ၊ ကတိပျက်ယွင်းတာ နှစ်ကြိမ်အထိ ရှိလာတဲ့အတွက် ကမ္ဘာကလည်း ရှိတ်ဟာစီနာ ကစားနေတဲ့ “မျောက်ပြဆန်တောင်း” အကွက်ကို ရိပ်မိလာချိန်မှာ မြန်မာဝန်ကြီးပြောတဲ့ “နိုင်ငံတကာ အကူအညီတောင်းပြီး ဝေမျှစား” ဆိုတဲ့ စကားက သူတို့ကို အရှိုက်ထိစေတဲ့ စကားဖြစ်သွားပုံ ရပါတယ်။ဒါကြောင့် တခြားအကြောင်းဖြစ်တဲ့ ဘင်္ဂါလီလူငယ်တွေကို ရခိုင်ကို ချီတက်ဖို့၊ မြန်မာကိုချီတက်ဖို့ ရိုက်သွင်းထားတယ်ဆိုတဲ့ စကားကို အကြောင်းပြပြီး မြန်မာဘက်က တရားဝင်တောင်းပန်ဖို့ဆိုတဲ့ ဘင်္ဂလားဒေရှ့် အစိုးရရဲ့ တောင်းဆိုမှုက သတိထားစရာပါ။

OIC လို နိုင်ငံတွေရဲ့ အုပ်စုဖွဲ့အနိုင်ကျင့်မှုကို နိုင်ငံငယ်လေးတွေသာမက အမေရိကန်လို ကမ္ဘာ့အင်အားကြီးနိုင်ငံတောင် ခံနေရတာပါ။အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိတွေကို အာဖဂန်ကိစ္စနဲ့ ပတ်သက်ပြီး ICC ကို တင်မယ်ဆိုလို့ အမေရိကန်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ နုတ်ထွက်ရတာတွေ ဖြစ်ခဲ့တာတွေ မကြာသေးပါဘူး။ဒီလိုအချိန်မှာ ဘင်္ဂလားဒေရှ့်ရဲ့ မကြာခဏ ကတိပျက်နေမှုတွေ၊ ဒုက္ခသည်အကြောင်းပြပြီး ရခိုင်မြောက်ပိုင်းကို OIC ကျောထောက်နောက်ခံနဲ့ မျက်စောင်းထိုးကာ နိုင်ငံရေးကစားနေတာတွေက သတိထားရမယ့် အခြေအနေတွေပါ။    

ဘင်္ဂလားဒေရှ့်ရဲ့ လတ်တလော တောင်းဆိုမှုကို မြန်မာဘက်က ဘာမှအကြောင်းပြန်မှုမှ မရှိသေးဘဲ ဘယ်လိုတုံ့ပြန်မလဲဆိုတာ၊ အရေးအရာမလုပ်ဘဲ ထားမလားဆိုတာ အားလုံးက သတိနဲ့ ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရိုက်နှက်မှုနဲ့ လက်သံပြောင်တဲ့ သိန်းကိုးသောင်းတန် ယောဂီဝတ်

ယခုတစ်ပတ်အတွင်း မူခင်းနောက်ခံ သတင်းတွေထဲမှာ ထုံးစံအတိုင်း မပါမဖြစ်ပါနေတာက သက်ငယ်မုဒိမ်းတွေနဲ့ လုယက်မှုတွေပါဘဲ။ဒီတစ်ပတ်မှာ ထူးထူးခြားခြား ပြည်ပမှာ သွားရောက်လုပ်ကိုင်တဲ့သူတွေ ထိခိုက်သေကြေတဲ့ သတင်းတွေ ရှိခဲ့သလို ပြည်တွင်းမှာ အမှုရင်ဆိုင်နေရတဲ့ အမှုကြီးအချို့ တရားစီရင် ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်။

ပြည်ပမှာအလုပ်သွားလုပ်နေတဲ့ မြန်မာလုပ်သားတွေ သတင်းထဲ မလေးရှားနိုင်ငံသားတွေ ဝိုင်းရိုက်လို့  မြန်မာလုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဒီတစ်ပတ် ဖြစ်ခဲ့ပါတယ်။မလေးရှားနိုင်ငံ စမုန်ညှင်းမြို့မှာ မနက်ဘက် လုပ်ငန်းခွင်ဝင်ဖို့ သွားတဲ့ မြန်မာလုပ်သားကို မလေးရှားနိုင်ငံသား ငါးဦးက ရိုက်နှက်တာပါ။ရိုက်နှက်တာပြင်းလို့ မေးရိုးကျိုးပြီး ကာဂျန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပါတယ်။

ပြည်တွင်း မှုခင်းသတင်းတွေထဲမှာတော့ ယခုရက်သတ္တပတ်ထဲ ကော့သောင်းမှာဖြစ်တဲ့ ရိုက်နှက်မှုနဲ့ သန်လျင်က တက္ကစီယာဉ်မောင်း သေဆုံးတဲ့ ကိစ္စက လူမှုကွန်ရက်မှာ အတော်လေးပျံ့နှံ့ခဲ့ပါတယ်။ဒီဇင်ဘာ ၂ ရက် ညဉ့် ၁၂ နာရီခွဲခန့်က ဧရာဝတီဘဏ် ATM စက်ရှေ့ ငွေထုတ်ဖို့ ဧရာဝတီဘဏ် ဝန်ထမ်းတစ်ဦး သူငယ်ချင်း ခြောက်ဦးနှင့်အတူ စောင့်ဆိုင်းနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ဒုရဲအုပ်နှင့် မီးသတ်တပ်ဖွဲ့ဝင်အချို့ ပါသော အုပ်စုက ဧရာဝတီဘဏ် ဝန်ထမ်းကို ထိုးကြိတ်ဝိုင်းရိုက်ခဲ့တဲ့ စီစီတီဗီမှတ်တမ်း ဗီဒီယိုဖိုင်က လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ပြည်သူများအကြား ဝေဖန်မှု မြင့်တက်ခဲ့ပါတယ်။

ထိုးကြိတ်ရိုက်နှက်ခံရတဲ့ အမျိုးသားက နောက်ပိုင်းမှာ တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့က အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းနေတယ် ဆိုပါတယ်။ထိုးကြိတ်ခံရတဲ့ ကာယကံရှင်ကတော့ အကြောင်းမဲ့ ရိုက်နှက်ထိုးကြိတ်ရာတွင် ပါဝင်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် အရေးယူခြင်း မရှိပါက အမှုမှန်ပေါ်ပေါက်ရေး အဆင့်ဆင့်တိုင်ကြားမယ်လို့ ပြောထားပါတယ်။

သန်လျင်မှာဖြစ်တဲ့ တက္ကစီသမား သေဆုံးမှုမှာတော့ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့်ဟု သက်သေများက ထွက်ဆိုတဲ့အတွက် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များကို စုံစမ်းဖော်ထုတ်ကာ လိုအပ်သလို အရေးယူပေးရန် လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလူသေဆုံးမှုက တက္ကစီယာဉ်မောင်း ကိုအောင်အောင် က ခရီးသည်နှစ်ဦးကို စက်တင်ဘာ ၁၂ ရက်က လိုက်ပို့ရာကနေ  ခရီးသည်နှစ်ဦးကို ခိုးမှုနဲ့ မသင်္ကာ ဖမ်းဆီးရာကနေ တက္ကစီယာဉ်မောင်း ကိုအောင်အောင် ကိုပါ မသင်္ကာလို့ ၃ ရက်ကြာ ဖမ်းဆီးခဲ့တာပါ။ကိုအောင်အောင် ကို လွှတ်ပေးခဲ့ပေမယ့် ရဲတပ်ဖွဲ့၏ ရိုက်နှက် စစ်ဆေးမှုကြောင့် စက်တင်ဘာ ၂၆ ရက်တွင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ကော်မရှင်ကတော့ နောက်နောင်တွင် ဒီလိုဖြစ်ရပ်တွေ မပေါ်ပေါက်ဖို့အတွက် သင်ခန်းစာယူနိုင်ရန် ကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။မကြာခင်ကလည်း  ထားဝယ်ဆေးရုံဝင်းထဲနေတဲ့ ကျောင်းသားတစ်ဦးကို ဆေးရုံတာဝန်ကျ ရဲအရာရှိတစ်ဦးက သူခိုးလို့ဆိုပြီး သံသယနဲ့ ဖမ်းဆီးရိုက်နှက်ခဲ့တဲ့အတွက် လူ့အခွင့်အရေး ကော်မရှင် ထောက်ပြတဲ့ တာဝန်ရှိတဲ့သူကို ဖော်ထုတ်အရေးယူဖို့ ဆိုတဲ့ အကြံပေးချက်က တစ်ကယ်အကောင်အထည်ဖော်ဖို့ လိုနေတဲ့အချက် ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ မိုးကုတ် အေးစေတီဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးနှင့် ကပ္ပိယတို့ကို သတ်ဖြတ်ပြီး ဘုံကထိန်က လှူဒါန်းငွေတွေ ယူသွားမှုက တရားခံလို့ မသင်္ကာသူတွေကို မြန်မာ-တရုတ် နယ်စပ်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့နှစ်က လှိုင်မှာဖြစ်ခဲ့တဲ့ ၃ လောင်းပြိုင် လူသတ်မှုကို အနောက်ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၄ ရက်မှာ အပြီးသတ် အမိန့်ချခဲ့ပါတယ်။ ကလေးငယ်တစ်ယောက် အပါအဝင် လူ ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ ဇွဲလင်းထက် ဆိုသူကို တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖြတ်ဖို့ အမိန့်ချခဲ့သလို တရားခံရဲ့ ဇနီးနဲ့ မိခင်ကိုလည်း စွဲချက် ၃ ခုနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

ဒီ ၃ လောင်းပြိုင် လူသတ်မှုက တရားခံကို သေဒဏ်ချမှတ်ခဲ့လို့ အမှုပြီးပြတ်ပေမယ့် လှည်းကူးက တပ်မတော်အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူက အိမ်အကူ မကရင်မ ကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်တဲ့ အမှုမှာတော့ ယခုထိ သက်သေတွေ စစ်ဆေးနေရ၊ ယခင် အိမ်အကူကို သက်သေတင်သွင်းဖို့ ဆက်သွယ်လို့မရလို့ လူမှုကွန်ရက်ကနေတစ်ဆင့် အကူအညီတောင်းနေရဆဲ ဖြစ်ပါတယ်။

ဒီလိုလူသတ်မှုတွေနောက်ကနေ နောက်ထပ် စိတ်ဝင်စားစေတဲ့ သတင်းတစ်ခုက ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သတင်းပါ။

စင်ကာပူနိုင်ငံသား နှစ်ဦးကို ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မှာ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေမိလို့ ဖမ်းရာကနေ မူရင်းလဲလှယ်လာတဲ့ စင်ကာပူက မြန်မာကျပ်ငွေ လဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင်တဲ့ ငွေလဲလုပ်ငန်း ၁၈ ခုကို စင်ကာပူရဲတပ်ဖွဲ့က စစ်ဆေးနေသလို ဒီဇင်ဘာ ၇ ရက်မှာ ဒိုက်ဦးက အမျိုးသမီးတစ်ဦးကို ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးမိလို့ စစ်ဆေးရာကနေ  စင်ကာပူတွင် အိမ်အကူလုပ်ကိုင်ခဲ့ရာမှ မြန်မာနိုင်ငံပြန်ရန် လုပ်အားခများအား အိမ်ရှင်အမျိုးသမီးက  စင်္ကာပူနိုင်ငံရှိ MM Sharife Trader တွင် စင်္ကာပူဒေါ်လာ ၃၁၂၃ ဒသမ ၃၉ အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ သွားရောက်လဲလှယ်ရာမှ ရရှိသော မြန်မာငွေ ၂,၉၆၀,၀၀၀ ကျပ် ၎င်းထံပေးခဲ့ရာမှ ပါလာတဲ့ ငွေတုတွေဖြစ်တယ်ဆိုတာ ပေါ်ပေါက်ခဲ့တဲ့အတွက် မြန်မာကျပ်ငွေ တစ်သောင်းတန် ငွေစက္ကူအတုတွေပြဿနာ ဘယ်မှာအဆုံးသတ်မလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ငွေစက္ကူအတုထက် စိတ်ဝင်စားစေတဲ့ နောက်မှုခင်းသတင်းက ငွေလိမ်လည်မှုနဲ့ အမှုဖွင့်ခံရတဲ့ ယောဂီဝတ် နန္ဒမာလာ ကို မှုခင်းရဲတပ်ဖွဲ့ (CID) က စတင်စစ်ဆေးနေတဲ့ သတင်းပါဘဲ။အများပြည်သူကြား ဂန်းမယ်တော်လို့ သိကြတဲ့ ယောဂီဝတ် နန္ဒမာလာ ကို ငွေလိမ်လည်မှုနဲ့ အမှုဖွင့်ထားရာမှာ ယောဂီဝတ် နန္ဒမာလာ က ရှောင်နေတဲ့အတွက် ဒီဇင်ဘာ ၆ ရက်မှာ လှိုင်မြို့နယ်တရားရုံးက နန္ဒမာလာ ၏ အတူနေအမျိုးသား ဦးနေထွန်းနိုင် နဲ့ မန်နေဂျာ စွမ်းအောင် တို့ကို ငွေကြေးလိမ်လည်မှု၊ တရားခံပြေး လက်ခံထိန်းသိမ်းထားမှုတို့နဲ့  ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။မီဒီယာဖော်ပြချက်တွေမှာတော့ အဆိုပါ ယောဂီဝတ် အမျိုးသမီး လိမ်လည်သွားတဲ့ ငွေပမာဏ သိန်းပေါင်း ကိုးသောင်းခန့် ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောစကားကို ကိုးကားပြီး ဖော်ပြခဲ့သလို အဆိုပါ အမျိုးသမီးယောဂီဝတ်မှာ သီလရှင်ဝတ်နေပြီး သာသနာပြုခရီးထွက်နေကာ ၎င်း၏မွေးနေ့မှာ ပြန်လာမှာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

သိန်းကိုးသောင်း ပမာဏဆိုတာ နည်းတဲ့ပမာဏ မဟုတ်တဲ့အတွက် မှုခင်းရဲတပ်ဖွဲ့ (CID) က ဝင်စုံစမ်းစစ်ဆေးနေတဲ့ ယောဂီဝတ် ဂန်းမယ်တော် အများပြည်သူမြင်ကွင်းကို ပြန်ပေါ်ထွက် လာ/မလာ ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဒီဇင်ဘာ - ၇
Photo Credit : straitstimes.com

( Zawgyi )

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲ “အဂတိလိုက္စားမႈ တားဆီးကာကြယ္ဖို႔ တာဝန္ယူမႈ ျမႇင့္တင္ၾကပါစို႔” ဖိုရမ္မွာ ေဆြးေႏြးက်တဲ့ အေၾကာင္းအရာ သတင္းေတြ၊ “အဂတိလိုက္စားမႈ တားဆီးကာကြယ္ဖို႔ တာဝန္ယူမႈ ျမႇင့္တင္ၾကပါစို႔” ဖိုရမ္မွာ ေဆြးေႏြးက်တဲ့ အေၾကာင္းအရာေတြ၊ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု သတင္းေတြ၊ ဘဂၤလားေဒရွ႕္ကေနၿပီး ျမန္မာ ျပည္ေထာင္စုဝန္ႀကီးတစ္ဦးကို တရားဝင္ေတာင္းပန္ဖို႔ ေတာင္းဆိုတဲ့ သတင္းနဲ႔ ေငြလိမ္လည္မႈနဲ႔ အမႈဖြင့္ခံရတဲ့ ေယာဂီဝတ္ နႏၵမာလာ ကို မႈခင္းရဲတပ္ဖြဲ႕(CID) က စတင္ စစ္ေဆးေနတဲ့ သတင္းေတြက အမ်ားျပည္သူ သတင္းဖတ္သူေတြၾကား သတိထားမိေစတဲ့အထိ စိတ္ဝင္စားစရာ ေကာင္းခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ သတင္းေတြျဖစ္တဲ့ ဇြဲကပင္ ေတာင္တက္လမ္း ဆက္လက္ေဖာက္လုပ္ခြင့္ကို ကရင္ျပည္နယ္အစိုးရအဖြဲ႕က ဥပေဒအရ တားျမစ္မယ္ဆိုတဲ့ သတင္း၊ ခ်င္းျပည္နယ္ တီးတိန္ (ဇိုမီး) အဖြဲ႕က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကို ခ်င္းသူရဲေကာင္းဘြဲ႕ ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ သတင္း၊ RCSS နဲ႔ SSPP တိုက္ပြဲျဖစ္ေနတဲ့ သီေပါႏွင့္ လားရႈိး ၿမိဳ႕နယ္ နယ္စပ္ေနရာမ်ားမွာ စစ္ေရွာင္မ်ားအတြက္ စားနပ္ရိကၡာႏွင့္ အဝတ္အထည္မ်ား အေရးေပၚလိုအပ္ေနတဲ့ သတင္း၊ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ရယူထားသည္ဆိုေသာ ကက္သလစ္ သာသနာပိုင္ေျမ ေနရာအခ်ိဳ႕ ျပန္လည္ေပးအပ္ရန္ မယ္စဲ့ၿမိဳ႕ခံ ကက္သလစ္ဘာသာဝင္ ၅၀၀ ေက်ာ္က လက္မွတ္ေရးထိုး ေတာင္းဆိုတဲ့ သတင္း၊ နမၼတူျမစ္ေပၚ၌ တည္ေဆာက္မည့္ အထက္ရဲ႐ြာ ေရကာတာစီမံကိန္းႏွင့္ ေတာင္ပိုင္းတြင္ တည္ေဆာက္မည့္ က်ိဳင္းေတာင္း ေရကာတာစီမံကိန္းမ်ား ရပ္ဆိုင္းရန္ ရွမ္းျပည္နယ္ ေဒသခံမ်ားက ေတာင္းဆိုတဲ့ သတင္း စတဲ့ သတင္းေတြလည္း ဒီတစ္ပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။

အဂတိလိုက္စားမႈ ကင္းမဲ့ဇုန္ႏွင့္ အျမစ္တြယ္ ပ်ံ႕ႏွံ႔ေနသည့္ အုပ္စုဖြဲ႕ အဂတိလိုက္စားမႈ စနစ္

ယခုတစ္ပတ္ အစိုးရဆိုင္ရာ သတင္းေတြထဲမွာ ဒီဇင္ဘာ ၉ ရက္က ရန္ကုန္မွာ UNODCနဲ႔ UNDP ေပါင္းၿပီး ျပဳလုပ္တဲ့  “အဂတိလိုက္စားမႈ တားဆီးကာကြယ္ဖို႔ တာဝန္ယူမႈ ျမႇင့္တင္ၾကပါစို႔” ဖိုရမ္မွာ ေဆြးေႏြးက်တဲ့ အေၾကာင္းအရာေတြက အမ်ားျပည္သူၾကား စိတ္ဝင္စားစရာ အေၾကာင္းအရာေတြ ျဖစ္ခဲ့ပါတယ္။

အရပ္သားအစိုးရ တက္လာကာစကတည္းက စတင္လုပ္ေဆာင္လာခဲ့တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေဆာင္႐ြက္မႈက ယခုႏွစ္ပိုင္းေတြမွာ ပိုၿပီးသြက္လက္လာခဲ့ပါတယ္။ဒီဘက္ႏွစ္ပိုင္းမွာ အြန္လိုင္းသ႐ုပ္ေဆာင္တစ္ဦး အသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး တရားသူႀကီးေတြ၊ ေရွ႕ေနေတြနဲ႔ ရဲကို အဂတိလိုက္စားမႈနဲ႔ ဖမ္းဆီးခဲ့တဲ့ေနာက္မွာ အဖြဲ႕ ဖြဲ႕ထားၿပီး ဘာမွ ေလာက္ေလာက္လားလား လုပ္ေဆာင္တဲ့ အဖြဲ႕မဟုတ္ဘူးဆိုတဲ့ ျပစ္တင္ေဝဖန္သံေတြ ေခတၱႏႈတ္ဆိတ္သြားခဲ့ပါတယ္။  

ဒီၾကားထဲမွာ အစိုးရအဖြဲ႕အစည္းေတြၾကား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က မၾကာခဏဆိုသလို ဖိုရမ္ေတြ၊ ေဟာေျပာပြဲေတြ လုပ္သလို ဝန္ထမ္းဖြဲ႕စည္းပုံကိုလည္း တိုးခ်ဲ႕ခဲ့တဲ့အတြက္ ပိုၿပီးသြက္လက္ အားေကာင္းလာခဲ့ပါတယ္။ယခု UNODC နဲ႔ UNDP ေပါင္းၿပီး ျပဳလုပ္တဲ့ပြဲမွာ ေကာ္မရွင္ဥကၠ႒က ေကာ္မရွင္အေနနဲ႔ လူပုဂၢိဳလ္ကို တိုက္ခိုက္ေနျခင္း မဟုတ္ဘဲ စနစ္ကို တိုက္ေနျခင္း ျဖစ္တယ္လို႔ ေျပာခဲ့သလို ငါးႀကီးႀကီးကို ေၾကာ္ေနသည့္နည္းတူ ကိုင္းနိမ့္နိမ့္တြင္ ပုပ္ေနသည့္ သစ္သီးမ်ားကိုလည္း တတ္ႏိုင္သေလာက္ ရွင္းေနတယ္လို႔ ေျပာခဲ့ပါတယ္။ထို႔ျပင္ ျမန္မာႏိုင္ငံ အစိုးရဌာနမ်ားအတြင္း အုပ္စုဖြဲ႕ အဂတိလိုက္စားမႈမ်ား ရွိေနတာကိုလည္း ေထာက္ျပခဲ့ပါတယ္။
အဆိုပါေဆြးေႏြးမႈမွာပဲ ေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္ က တစ္ႏိုင္ငံလုံးတြင္ ပ်ံ႕ႏွံ႔ေနသည့္ အဂတိလိုက္စားမႈစနစ္ (Systemic Corruption) ကို တိုက္ဖ်က္ရာမွာ တာဝန္ယူမႈ ျမႇင့္တင္ျခင္း က မဟာဗ်ဴဟာ၏ မရွိမျဖစ္ ပင္မေက်ာ႐ိုးလို႔ ေျပာခဲ့ပါတယ္။

ပါဝင္ေဆြးေႏြးသူ တစ္ဦးျဖစ္တဲ့ ေဒါက္တာေအာင္ထြန္းသက္ ကေတာ့ ရန္ကုန္တိုင္းေဒသႀကီးကို Corruption Free Yangon လို႔ ေၾကညာၿပီး ရန္ကုန္တိုင္းေဒသႀကီးမွာ အဂတိလိုက္စားမႈ မရွိေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာကို ေဆြးေႏြးခဲ့မႈက သတင္းဖတ္သူေတြၾကား ေျပာစရာ အေၾကာင္းအရာတစ္ရပ္ ျဖစ္ခဲ့ပါတယ္။

ဒီဇင္ဘာ ၄ ရက္က ေနျပည္ေတာ္ MICC-II မွာ ျပဳလုပ္တဲ့ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲ (အေျခခံပညာက႑) ဖြင့္ပြဲမွာလည္း  ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က အစိုးရအေနျဖင့္ လူ႔အဖြဲ႕အစည္းအတြင္း လႈိက္စားေနေသာ အဂတိလိုက္စားမႈမ်ားကို စနစ္တက်တိုက္ဖ်က္ရန္ ေဆာင္႐ြက္ေနၿပီး အဂတိလိုက္စားမႈ ကင္းစင္ျခင္း၏ တန္ဖိုးကို အေျခခံပညာ မူလတန္းအဆင့္မွ စတင္ေလ့က်င့္ သင္ၾကားေပးရန္ စီစဥ္ေနတယ္လို႔ ေျပာခဲ့ပါေသးတယ္။

အရပ္သားအစိုးရအေနနဲ႔ က်န္ရွိ လက္က်န္သက္တမ္းမွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို ပိုၿပီးအရွိန္ျမႇင့္ ေဆာင္႐ြက္မယ့္ အလားအလာေတြ ျပေနေပမယ့္ ထုနဲ႔ထည္တဲ့ အျမစ္တြယ္ေနတဲ့ အဂတိလိုက္စားေနတဲ့ အုပ္စုေတြကို ထင္သလို ကိုင္တြယ္ႏိုင္ပါ့မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက အိႏၵိယ သမၼတ ရွရီရမ္ နသ္ကိုဗင့္ သည္ ျမန္မာႏိုင္ငံသို႔ ဒီဇင္ဘာ ၁၀ ရက္မွ ၁၄ ရက္အထိ ငါးရက္ၾကာ လာေရာက္မည့္ သတင္း၊ ရန္ကုန္ၿမိဳ႕ ငါးထပ္ႀကီးဘုရားအနီးရွိ ကုန္းေဘာင္ေခတ္ ဘုရင့္ေဆြေတာ္မ်ိဳးေတာ္မ်ား၏ အုတ္ဂူေျခာက္လုံးကို က်န္ရွိေနသည့္ ေဆြေတာ္မ်ိဳးေတာ္မ်ားႏွင့္ ညႇိႏႈိင္း၍ ႏိုင္ငံေတာ္က ထိန္းသိမ္းဖို႔ ျပည္သူ႔လႊတ္ေတာ္မွာ ေမးျမန္းခဲ့တဲ့ သတင္း၊ ျမန္မာ-ဂ်ပန္ ခ်စ္ၾကည္ေရး အထိမ္းအမွတ္ ျမန္မာ့ဆင္ေလးေကာင္ကို ဂ်ပန္ႏိုင္ငံသို႔ ေလေၾကာင္းနဲ႔ ပို႔ေဆာင္ခဲ့တဲ့ သတင္း၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔  တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ပါတီ ေကာ္မတီ အတြင္းေရးမႉးႏွင့္ အဖြဲ႕ ေတြ႕ဆုံတဲ့ သတင္း စတဲ့ ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြနည္းတူ အမ်ားျပည္သူကို စိတ္ဝင္စားမႈ ပိုေစခဲ့ပါတယ္။

ျပည္ေထာင္စုဝန္ႀကီး အဆင့္ကို အေရးယူေပးဖို႔ ေတာင္းဆိုတဲ့ ဘဂၤလားေဒရွ႕္ရဲ႕ ေသြးတိုးစမ္းမႈ

ယခုတစ္ပတ္ ျမန္မာႏိုင္ငံနဲ႔ဆိုင္တဲ့ သတင္းေတြထဲမွာ သတိထားစရာ သတင္းတစ္ပုဒ္ ရွိပါတယ္။ဒီသတင္းက ဘဂၤလားေဒရွ႕္ကေနၿပီး ျမန္မာ ျပည္ေထာင္စုဝန္ႀကီးတစ္ဦးကို တရားဝင္ေတာင္းပန္ဖို႔ ေတာင္းဆိုတဲ့ သတင္းပါ။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၄ ရက္က ျပဳလုပ္တဲ့ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲ (အေျခခံပညာက႑) အခမ္းအနားပြဲမွာ သာ/ယဥ္ ျပည္ေထာင္စုဝန္ႀကီးက ရခိုင္ေျမာက္ပိုင္းမွာ ျဖစ္ေနတဲ့ ျပႆနာေတြနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာ ရွိပါတယ္။ဒါက ဘဂၤလားေဒရွ႕္ကို ေရာက္ေနတဲ့ ျမန္မာျပည္ကေန ေျပးထြက္တယ္ဆိုတဲ့ ဘဂၤါလီ အေရအတြက္ပါ။
ဝန္ႀကီးက ဘဂၤါလီ အေရအတြက္က ခုႏွစ္သိန္း။ေနာက္ ကုလညီလာခံေရာက္ေတာ့ ဘဂၤါလီ အေရအတြက္က တစ္သန္းထိ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ဟာစီနာ က ေျပာခဲ့တာကိုပါ။ဒီမွာ ဝန္ႀကီးက ဟာစီနာ တို႔ လူေတြပိုတင္ၿပီး ႏိုင္ငံတကာကေန အကူအညီေတြေတာင္းကာ ေဝမွ်စားေနတယ္ဆိုၿပီး ေျပာခဲ့တာပါ။

ဒီပြဲမွာဘဲ ဒုကၡသည္စခန္းေတြမွာရွိတဲ့ ဘဂၤါလီလူငယ္ေတြကို ႐ိုက္သြင္းထားတဲ့ စိတ္ကိုလည္း ေျပာခဲ့ပါတယ္။ဒီလူေတြမွာ ရခိုင္ကို ခ်ီတက္ဖို႔၊ ျမန္မာႏိုင္ငံကို ခ်ီတက္ဖို႔ စိတ္ကို ႐ိုက္သြင္းထားတယ္လို႔ ေျပာခဲ့တာပါ။ဒီစကားကို ဘဂၤလားေဒ့ရွ႕္ ဒုကၡသည္စခန္းေတြက ျမန္မာႏိုင္ငံကို ဘဂၤါလီဒုကၡသည္ေတြ ျပန္လႊတ္ေပးဖို႔ မၾကာခဏ စကားမတည္ ပ်က္ကြက္ေနတဲ့ ကိစၥနဲ႔ ပက္သက္ၿပီး ဆက္စပ္ေျပာခဲ့တာပါ။ဒီစကားကို ဘဂၤလားေဒရွ႕္ဘက္က အေၾကာင္းျပဳၿပီး တရားဝင္ေတာင္းပန္ဖို႔ ျမန္မာသံအမတ္ႀကီးကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ဆင့္ေခၚကာ ေတာင္းဆိုခဲ့တာပါ။အထူးသျဖင့္ ဘဂၤလားေဒရွ႕္ဘက္က ဒုကၡသည္ေတြကို ေမြးထား ၿပီး က်ဆင္းေနတဲ့ ဘဂၤလားေဒရွ႕္ ပုံရိပ္ကို ျပန္တင္ေနတဲ့အခ်ိန္မွာ ယခုလက္ရွိျဖစ္ေနတဲ့ ဘဂၤလားေဒရွ႕္ ဘက္က ဝန္ႀကီးအဆင္ေ့တြရဲ႕ ဗေလာင္းဗလဲ စကားမတည္တာေတြ၊ ကတိပ်က္ကြက္တာေတြကို ဖုံးဖို႔ ဒီလိုအေၾကာင္းျပ ေတာင္းဆိုတာ ျဖစ္ပါတယ္။

အထူးသျဖင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ၊ ကုလအဖြဲ႕အစည္းေတြကို လႊမ္းမိုးဖို႔ အဆိုပါအဖြဲ႕ေတြရဲ႕ ရန္ပုံေငြကို OIC လို အဖြဲ႕ေတြက အဓိကေထာက္ပံ့ေပးေနတဲ့အတြက္ ဘဂၤလားေဒရွ႕္လို ႏိုင္ငံက ဒီေနာက္ခံေတြ အသုံးျပဳၿပီး ဘဂၤါလီဒုကၡသည္ေတြကို သူတို႔ UN နဲ႔ သူတို႔ပါဝင္တဲ့ safe zone ေတြရမွ ျပန္လႊတ္မယ္ဆိုတဲ့ အသံေတြ ထြက္လာခဲ့တာရွိခဲ့ရာကေန ယခုတစ္ခါ ျမန္မာဘက္ေန တရားဝင္ေတာင္းပန္ဖို႔  ေတာင္းဆိုတဲ့အထိ ေျခတစ္လွမ္းတိုးလာတာကို ေတြ႕ရပါတယ္။

ခုခ်ိန္မွာ  ခိုးဝင္ဘဂၤါလီေတြနဲ႔ ပတ္သက္ၿပီး သတိထားေနကာ ေလွေမ်ာလာတဲ့ ဘဂၤါလီေတြ ရွိလာရင္ အစိုးရဆီ အခ်ိန္မီတင္ျပေပးဖို႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးေတြကို တနသၤာရီဝန္ႀကီးခ်ဳပ္က သတိေပးထားရတာေတြ ရွိပါတယ္။မၾကာခင္က ျပည္တြင္းအခမ္းအနားတစ္ခုမွာ သာ/ယဥ္ ဝန္ႀကီးက အစြန္းေရာက္ဘာသာႀကီး တစ္ခုက ဇနီး သုံး၊ ေလးဦး ယူၿပီး သားသမီး ၂၀ ခန႔္ ေမြးေနတယ္လို႔ ေလွ်ာက္တင္ခဲ့မႈအေပၚ အစြန္းေရာက္ဘာသာႀကီး တစ္ခုလို႔ သူတို႔ဘာသာကို ရည္ၫႊန္းတယ္ဆိုကာ ျပည္တြင္း အစၥလာမ္ဘာသာေရး အဖြဲ႕အစည္းေတြ ကန႔္ကြက္ၿပီး ျပည္ေထာင္စုဝန္ႀကီးကို ဥပေဒအရ အေရးယူေပးရန္ ေတာင္းဆိုခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

ရခိုင္ျပည္နယ္ အေရးႏွင့္ ပတ္သက္ၿပီး အေမရိကန္က လူမ်ိဳးတုံးသုတ္သင္မႈ (Genocide) စကားလုံးကို အသုံးမျပဳဘဲ လူမ်ိဳးေရးသန႔္စင္ရွင္းလင္းမႈ (Ethnic Cleansing) ဟူေသာ စကားကိုဘဲ ဆက္အသုံးျပဳဖို႔ ေျပာခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံထဲ “လူမ်ိဳးတုံးသုတ္သင္မႈ” အေၾကာင္းျပၿပီး ဝင္စြက္ဖက္ဖို႔ ႀကံေနတဲ့ OIC ေနာက္ခံ သူတို႔လုပ္ရပ္ေတြ ထင္သေလာက္ မေပါက္ေသးတာပါဘဲ။

လက္ရွိအခ်ိန္မွာ ေဆာ္ဒီအိမ္ေရွ႕မင္းသားကိစၥ၊ တ႐ုတ္နဲ႔ ကုန္သြယ္ေရး၊ ေရနံေဈးခ်မႈ စတာေတြေၾကာင့္ ဘဂၤါလီကိစၥအေပၚ ႏိုင္ငံတကာမွာ အာ႐ုံစိုက္မႈ နည္းလာသလို ႐ုရွား၊ တ႐ုတ္လို ႏိုင္ငံႀကီးေတြက ျမန္မာဘက္က ရပ္တည္ေနတာ၊ ဘဂၤလားေဒရွ႕္ဘက္က မၾကာခဏလႊတ္မယ္ေျပာၿပီး ဒုကၡသည္ေတြကို မလႊတ္တာ၊ ကတိပ်က္ယြင္းတာ ႏွစ္ႀကိမ္အထိ ရွိလာတဲ့အတြက္ ကမာၻကလည္း ရွိတ္ဟာစီနာ ကစားေနတဲ့ “ေမ်ာက္ျပဆန္ေတာင္း” အကြက္ကို ရိပ္မိလာခ်ိန္မွာ ျမန္မာဝန္ႀကီးေျပာတဲ့ “ႏိုင္ငံတကာ အကူအညီေတာင္းၿပီး ေဝမွ်စား” ဆိုတဲ့ စကားက သူတို႔ကို အရႈိက္ထိေစတဲ့ စကားျဖစ္သြားပုံ ရပါတယ္။ဒါေၾကာင့္ တျခားအေၾကာင္းျဖစ္တဲ့ ဘဂၤါလီလူငယ္ေတြကို ရခိုင္ကို ခ်ီတက္ဖို႔၊ ျမန္မာကိုခ်ီတက္ဖို႔ ႐ိုက္သြင္းထားတယ္ဆိုတဲ့ စကားကို အေၾကာင္းျပၿပီး ျမန္မာဘက္က တရားဝင္ေတာင္းပန္ဖို႔ဆိုတဲ့ ဘဂၤလားေဒရွ႕္ အစိုးရရဲ႕ ေတာင္းဆိုမႈက သတိထားစရာပါ။

OIC လို ႏိုင္ငံေတြရဲ႕ အုပ္စုဖြဲ႕အႏိုင္က်င့္မႈကို ႏိုင္ငံငယ္ေလးေတြသာမက အေမရိကန္လို ကမာၻ႔အင္အားႀကီးႏိုင္ငံေတာင္ ခံေနရတာပါ။အေမရိကန္ စစ္ဘက္ဆိုင္ရာ အရာရွိေတြကို အာဖဂန္ကိစၥနဲ႔ ပတ္သက္ၿပီး ICC ကို တင္မယ္ဆိုလို႔ အေမရိကန္က ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီကေန ႏုတ္ထြက္ရတာေတြ ျဖစ္ခဲ့တာေတြ မၾကာေသးပါဘူး။ဒီလိုအခ်ိန္မွာ ဘဂၤလားေဒရွ႕္ရဲ႕ မၾကာခဏ ကတိပ်က္ေနမႈေတြ၊ ဒုကၡသည္အေၾကာင္းျပၿပီး ရခိုင္ေျမာက္ပိုင္းကို OIC ေက်ာေထာက္ေနာက္ခံနဲ႔ မ်က္ေစာင္းထိုးကာ ႏိုင္ငံေရးကစားေနတာေတြက သတိထားရမယ့္ အေျခအေနေတြပါ။    

ဘဂၤလားေဒရွ႕္ရဲ႕ လတ္တေလာ ေတာင္းဆိုမႈကို ျမန္မာဘက္က ဘာမွအေၾကာင္းျပန္မႈမွ မရွိေသးဘဲ ဘယ္လိုတုံ႔ျပန္မလဲဆိုတာ၊ အေရးအရာမလုပ္ဘဲ ထားမလားဆိုတာ အားလုံးက သတိနဲ႔ ဆက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

႐ိုက္ႏွက္မႈနဲ႔ လက္သံေျပာင္တဲ့ သိန္းကိုးေသာင္းတန္ ေယာဂီဝတ္

ယခုတစ္ပတ္အတြင္း မူခင္းေနာက္ခံ သတင္းေတြထဲမွာ ထုံးစံအတိုင္း မပါမျဖစ္ပါေနတာက သက္ငယ္မုဒိမ္းေတြနဲ႔ လုယက္မႈေတြပါဘဲ။ဒီတစ္ပတ္မွာ ထူးထူးျခားျခား ျပည္ပမွာ သြားေရာက္လုပ္ကိုင္တဲ့သူေတြ ထိခိုက္ေသေၾကတဲ့ သတင္းေတြ ရွိခဲ့သလို ျပည္တြင္းမွာ အမႈရင္ဆိုင္ေနရတဲ့ အမႈႀကီးအခ်ိဳ႕ တရားစီရင္ ဆုံးျဖတ္ခဲ့တာေတြ ရွိပါတယ္။

ျပည္ပမွာအလုပ္သြားလုပ္ေနတဲ့ ျမန္မာလုပ္သားေတြ သတင္းထဲ မေလးရွားႏိုင္ငံသားေတြ ဝိုင္း႐ိုက္လို႔  ျမန္မာလုပ္သားတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့တာ ဒီတစ္ပတ္ ျဖစ္ခဲ့ပါတယ္။မေလးရွားႏိုင္ငံ စမုန္ညႇင္းၿမိဳ႕မွာ မနက္ဘက္ လုပ္ငန္းခြင္ဝင္ဖို႔ သြားတဲ့ ျမန္မာလုပ္သားကို မေလးရွားႏိုင္ငံသား ငါးဦးက ႐ိုက္ႏွက္တာပါ။႐ိုက္ႏွက္တာျပင္းလို႔ ေမး႐ိုးက်ိဳးၿပီး ကာဂ်န္းေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူေနရပါတယ္။

ျပည္တြင္း မႈခင္းသတင္းေတြထဲမွာေတာ့ ယခုရက္သတၱပတ္ထဲ ေကာ့ေသာင္းမွာျဖစ္တဲ့ ႐ိုက္ႏွက္မႈနဲ႔ သန္လ်င္က တကၠစီယာဥ္ေမာင္း ေသဆုံးတဲ့ ကိစၥက လူမႈကြန္ရက္မွာ အေတာ္ေလးပ်ံ႕ႏွံ႔ခဲ့ပါတယ္။ဒီဇင္ဘာ ၂ ရက္ ညဥ့္ ၁၂ နာရီခြဲခန႔္က ဧရာဝတီဘဏ္ ATM စက္ေရွ႕ ေငြထုတ္ဖို႔ ဧရာဝတီဘဏ္ ဝန္ထမ္းတစ္ဦး သူငယ္ခ်င္း ေျခာက္ဦးႏွင့္အတူ ေစာင့္ဆိုင္းေနစဥ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ဒုရဲအုပ္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္အခ်ိဳ႕ ပါေသာ အုပ္စုက ဧရာဝတီဘဏ္ ဝန္ထမ္းကို ထိုးႀကိတ္ဝိုင္း႐ိုက္ခဲ့တဲ့ စီစီတီဗီမွတ္တမ္း ဗီဒီယိုဖိုင္က လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနၿပီး ျပည္သူမ်ားအၾကား ေဝဖန္မႈ ျမင့္တက္ခဲ့ပါတယ္။

ထိုးႀကိတ္႐ိုက္ႏွက္ခံရတဲ့ အမ်ိဳးသားက ေနာက္ပိုင္းမွာ တိုင္ၾကားခဲ့ၿပီး ရဲတပ္ဖြဲ႕က အျဖစ္မွန္ေပၚေပါက္ေရး စုံစမ္းေနတယ္ ဆိုပါတယ္။ထိုးႀကိတ္ခံရတဲ့ ကာယကံရွင္ကေတာ့ အေၾကာင္းမဲ့ ႐ိုက္ႏွက္ထိုးႀကိတ္ရာတြင္ ပါဝင္သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေပးရန္ႏွင့္ အေရးယူျခင္း မရွိပါက အမႈမွန္ေပၚေပါက္ေရး အဆင့္ဆင့္တိုင္ၾကားမယ္လို႔ ေျပာထားပါတယ္။

သန္လ်င္မွာျဖစ္တဲ့ တကၠစီသမား ေသဆုံးမႈမွာေတာ့ ရဲတပ္ဖြဲ႕၏ ႐ိုက္ႏွက္မႈေၾကာင့္ဟု သက္ေသမ်ားက ထြက္ဆိုတဲ့အတြက္ တာဝန္ရွိ ရဲတပ္ဖြဲ႕ဝင္မ်ားကို စုံစမ္းေဖာ္ထုတ္ကာ လိုအပ္သလို အေရးယူေပးရန္ လူ႔အခြင့္အေရး ေကာ္မရွင္က ဒီဇင္ဘာ ၄ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလူေသဆုံးမႈက တကၠစီယာဥ္ေမာင္း ကိုေအာင္ေအာင္ က ခရီးသည္ႏွစ္ဦးကို စက္တင္ဘာ ၁၂ ရက္က လိုက္ပို႔ရာကေန  ခရီးသည္ႏွစ္ဦးကို ခိုးမႈနဲ႔ မသကၤာ ဖမ္းဆီးရာကေန တကၠစီယာဥ္ေမာင္း ကိုေအာင္ေအာင္ ကိုပါ မသကၤာလို႔ ၃ ရက္ၾကာ ဖမ္းဆီးခဲ့တာပါ။ကိုေအာင္ေအာင္ ကို လႊတ္ေပးခဲ့ေပမယ့္ ရဲတပ္ဖြဲ႕၏ ႐ိုက္ႏွက္ စစ္ေဆးမႈေၾကာင့္ စက္တင္ဘာ ၂၆ ရက္တြင္ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

လူ႔အခြင့္အေရး ေကာ္မရွင္ကေတာ့ ေနာက္ေနာင္တြင္ ဒီလိုျဖစ္ရပ္ေတြ မေပၚေပါက္ဖို႔အတြက္ သင္ခန္းစာယူႏိုင္ရန္ က်ဴးလြန္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ေဖာ္ထုတ္ေဆာင္႐ြက္သင့္တယ္လို႔ အႀကံျပဳခဲ့ပါတယ္။မၾကာခင္ကလည္း  ထားဝယ္ေဆး႐ုံဝင္းထဲေနတဲ့ ေက်ာင္းသားတစ္ဦးကို ေဆး႐ုံတာဝန္က် ရဲအရာရွိတစ္ဦးက သူခိုးလို႔ဆိုၿပီး သံသယနဲ႔ ဖမ္းဆီး႐ိုက္ႏွက္ခဲ့တဲ့အတြက္ လူ႔အခြင့္အေရး ေကာ္မရွင္ ေထာက္ျပတဲ့ တာဝန္ရွိတဲ့သူကို ေဖာ္ထုတ္အေရးယူဖို႔ ဆိုတဲ့ အႀကံေပးခ်က္က တစ္ကယ္အေကာင္အထည္ေဖာ္ဖို႔ လိုေနတဲ့အခ်က္ ျဖစ္လာပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ ျဖစ္ခဲ့တဲ့ မိုးကုတ္ ေအးေစတီဘုန္းႀကီးေက်ာင္းမွ သံဃာတစ္ပါးႏွင့္ ကပၸိယတို႔ကို သတ္ျဖတ္ၿပီး ဘုံကထိန္က လႉဒါန္းေငြေတြ ယူသြားမႈက တရားခံလို႔ မသကၤာသူေတြကို ျမန္မာ-တ႐ုတ္ နယ္စပ္မွာ ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့ႏွစ္က လႈိင္မွာျဖစ္ခဲ့တဲ့ ၃ ေလာင္းၿပိဳင္ လူသတ္မႈကို အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက ဒီဇင္ဘာ ၄ ရက္မွာ အၿပီးသတ္ အမိန႔္ခ်ခဲ့ပါတယ္။ ကေလးငယ္တစ္ေယာက္ အပါအဝင္ လူ ၃ ဦးကို သတ္ျဖတ္ခဲ့တဲ့ ဇြဲလင္းထက္ ဆိုသူကို တရား႐ုံးက မေသမခ်င္း ႀကိဳးကြင္းစြပ္သတ္ျဖတ္ဖို႔ အမိန႔္ခ်ခဲ့သလို တရားခံရဲ႕ ဇနီးနဲ႔ မိခင္ကိုလည္း စြဲခ်က္ ၃ ခုနဲ႔ အလုပ္နဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

ဒီ ၃ ေလာင္းၿပိဳင္ လူသတ္မႈက တရားခံကို ေသဒဏ္ခ်မွတ္ခဲ့လို႔ အမႈၿပီးျပတ္ေပမယ့္ လွည္းကူးက တပ္မေတာ္အရာရွိတစ္ဦးရဲ႕ ဇနီးျဖစ္သူက အိမ္အကူ မကရင္မ ကို ေသဆုံးသည္အထိ ညႇဥ္းပန္းႏွိပ္စက္တဲ့ အမႈမွာေတာ့ ယခုထိ သက္ေသေတြ စစ္ေဆးေနရ၊ ယခင္ အိမ္အကူကို သက္ေသတင္သြင္းဖို႔ ဆက္သြယ္လို႔မရလို႔ လူမႈကြန္ရက္ကေနတစ္ဆင့္ အကူအညီေတာင္းေနရဆဲ ျဖစ္ပါတယ္။

ဒီလိုလူသတ္မႈေတြေနာက္ကေန ေနာက္ထပ္ စိတ္ဝင္စားေစတဲ့ သတင္းတစ္ခုက က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု သတင္းပါ။

စင္ကာပူႏိုင္ငံသား ႏွစ္ဦးကို ၿပီးခဲ့တဲ့ သီတင္းပတ္က ရန္ကုန္မွာ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴေတြမိလို႔ ဖမ္းရာကေန မူရင္းလဲလွယ္လာတဲ့ စင္ကာပူက ျမန္မာက်ပ္ေငြ လဲလွယ္တဲ့လုပ္ငန္း လုပ္ကိုင္တဲ့ ေငြလဲလုပ္ငန္း ၁၈ ခုကို စင္ကာပူရဲတပ္ဖြဲ႕က စစ္ေဆးေနသလို ဒီဇင္ဘာ ၇ ရက္မွာ ဒိုက္ဦးက အမ်ိဳးသမီးတစ္ဦးကို က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု ၁၅၄ ႐ြက္ ဖမ္းဆီးမိလို႔ စစ္ေဆးရာကေန  စင္ကာပူတြင္ အိမ္အကူလုပ္ကိုင္ခဲ့ရာမွ ျမန္မာႏိုင္ငံျပန္ရန္ လုပ္အားခမ်ားအား အိမ္ရွင္အမ်ိဳးသမီးက  စကၤာပူႏိုင္ငံရွိ MM Sharife Trader တြင္ စကၤာပူေဒၚလာ ၃၁၂၃ ဒသမ ၃၉ အား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၃၀ ရက္မွာ သြားေရာက္လဲလွယ္ရာမွ ရရွိေသာ ျမန္မာေငြ ၂,၉၆၀,၀၀၀ က်ပ္ ၎ထံေပးခဲ့ရာမွ ပါလာတဲ့ ေငြတုေတြျဖစ္တယ္ဆိုတာ ေပၚေပါက္ခဲ့တဲ့အတြက္ ျမန္မာက်ပ္ေငြ တစ္ေသာင္းတန္ ေငြစကၠဴအတုေတြျပႆနာ ဘယ္မွာအဆုံးသတ္မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ေငြစကၠဴအတုထက္ စိတ္ဝင္စားေစတဲ့ ေနာက္မႈခင္းသတင္းက ေငြလိမ္လည္မႈနဲ႔ အမႈဖြင့္ခံရတဲ့ ေယာဂီဝတ္ နႏၵမာလာ ကို မႈခင္းရဲတပ္ဖြဲ႕ (CID) က စတင္စစ္ေဆးေနတဲ့ သတင္းပါဘဲ။အမ်ားျပည္သူၾကား ဂန္းမယ္ေတာ္လို႔ သိၾကတဲ့ ေယာဂီဝတ္ နႏၵမာလာ ကို ေငြလိမ္လည္မႈနဲ႔ အမႈဖြင့္ထားရာမွာ ေယာဂီဝတ္ နႏၵမာလာ က ေရွာင္ေနတဲ့အတြက္ ဒီဇင္ဘာ ၆ ရက္မွာ လႈိင္ၿမိဳ႕နယ္တရား႐ုံးက နႏၵမာလာ ၏ အတူေနအမ်ိဳးသား ဦးေနထြန္းႏိုင္ နဲ႔ မန္ေနဂ်ာ စြမ္းေအာင္ တို႔ကို ေငြေၾကးလိမ္လည္မႈ၊ တရားခံေျပး လက္ခံထိန္းသိမ္းထားမႈတို႔နဲ႔  ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။မီဒီယာေဖာ္ျပခ်က္ေတြမွာေတာ့ အဆိုပါ ေယာဂီဝတ္ အမ်ိဳးသမီး လိမ္လည္သြားတဲ့ ေငြပမာဏ သိန္းေပါင္း ကိုးေသာင္းခန႔္ ရွိတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး ေျပာစကားကို ကိုးကားၿပီး ေဖာ္ျပခဲ့သလို အဆိုပါ အမ်ိဳးသမီးေယာဂီဝတ္မွာ သီလရွင္ဝတ္ေနၿပီး သာသနာျပဳခရီးထြက္ေနကာ ၎၏ေမြးေန႔မွာ ျပန္လာမွာလို႔ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

သိန္းကိုးေသာင္း ပမာဏဆိုတာ နည္းတဲ့ပမာဏ မဟုတ္တဲ့အတြက္ မႈခင္းရဲတပ္ဖြဲ႕ (CID) က ဝင္စုံစမ္းစစ္ေဆးေနတဲ့ ေယာဂီဝတ္ ဂန္းမယ္ေတာ္ အမ်ားျပည္သူျမင္ကြင္းကို ျပန္ေပၚထြက္ လာ/မလာ ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဒီဇင္ဘာ - ၇
Photo Credit : straitstimes.com