【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အပြင်းအထန်ခုံခံရမယ့် မြန်မာကိုဗစ်ဒုတိယလှိုင်း

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အပြင်းအထန်ခုံခံရမယ့် မြန်မာကိုဗစ်ဒုတိယလှိုင်း

ယခုရက်ထဲသတင်းတွေထဲမှာ လူပြောသူပြောအများဆုံးက Covid 19 ကူးစက်ရောဂါတွေ့ရှိမှုမြင့် တက် လာသလို စက်တင် ဘာ ၆ ရက်မှာ အမြင့်ဆုံးအဖြစ် တစ်ရက်တည်းတွေ့ရှိမှု ၁၄၅ အထိရှိခဲ့တဲ့ အတွက် ကူးစက်မှု သတင်းက ထိပ်ဆုံး ဦးစားပေး သတင်း ဖြစ်ခဲ့ပါတယ်။ ဒီသတင်းနောက်မှာ လာမည့် စက်တင်ဘာ ၈ ရက်ကစပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ လုပ်ခွင့်ပြုလိုက်တဲ့ သတင်းနဲ့ ယခုရက်သတ္တပတ်မှာလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲသတင်းတွေက ထိပ်ဆုံးက အများအာရုံစိုက်စရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေလောက် အာရုံမစိုက်မိပေမယ့် ထူးခြားတဲ့ သတင်းအချို့လည်း ယခုရက်သတ္တပတ် မှာဖြစ်ခဲ့ တာရှိပါတယ်။ ဒီသတင်းတွေက  ပြည့်မှာ ဗိုလ်မှူးအယောင်ဆောင်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ရာကနေ  လက် ပစ်ဗုံးတွေ သေနတ်ကျည်ဆန်တွေနဲ့ စစ်ဝတ်စုံတွေပါ ဖမ်းမိခဲ့တဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာ ကျပ် သိန်း ၂,၄၀၀ ဖြင့် လုပ်ငန်းရှင်တစ်ဦးဝယ်ယူခဲ့တဲ့ သတင်း၊လားရှိုးမှာ နေအိမ်ထဲဝင်ပြီးပစ်ခတ်လို့  အမျိုးသား တစ် ဦးသေဆုံးခဲ့တဲ့ သတင်း၊ မင်္ဂလာဒုံမှာ နှစ်လောင်ပြိုင် လူသတ်မှု ဖြစ်ခဲ့တဲ့ သတင်း၊တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ အကျဉ်းသား ၅၅ ဦးကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ သတင်း၊တရားမဝင် ဝင်လာသည့် တရုတ် နိုင်ငံ သား ၇၅၀ ကျော်ကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု သမ္မတရုံကထုတ်ပြောလိုက်တဲ့ သတင်း၊ အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကျပ် ၂၀၀၀၀ နှုန်း ငွေကြေးထောက်ပံ့ရန်အတွက် အစိုးရအနေဖြင့် ငွေကျပ် ၁၁၃ ဘီလီယံကျော် ကျခံဆောင်ရွက်သွားမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူက ပြောလိုက်တဲ့ သတင်း၊COVID-19 ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီး အခြေခံပညာကျောင်းများ ပြန်ဖွင့်သင့်/မဖွင့်သင့် ဆုံးဖြတ်မယ်ဆိုတဲ့ သတင်းတွေကလည်း သတိထားရတဲ့ သတင်းအချို့ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲမှာ လတ်တလော အများပြည်သူအာရုံစိုက်နေတဲ့ ကိုဗစ် ၁၉ ကူးစက်မှု မြင့်တက်နေတဲ့ သတင်းကို စတင်ဆွေးနွေးချင်ပါတယ်။

ခုခံကာကွယ်ရတော့မည့် ကိုဗစ် ဒုတိယလှိုင်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အာရုံစိုက်ခဲ့ကြတဲ့ ကိုဗစ် ကူးစက်မှုသတင်းက  ကျန်းမာရေးကျွမ်းကျင်သူတွေ ခန့်မှန်းထားတဲ့ အတိုင်းဘဲ ကူးစက်မှုတွေက မြန်ဆန်လာခဲ့ပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး က လာမယ့် ရက်သတ္တပတ်တစ်ပတ်မှ နှစ်ပတ်ခန့် အထိ ကူးစက်မှုက ဆက်လက် မြင့်မား နေမယ်လို့ ခန့်မှန်းခဲ့ကြတဲ့ အခါ အားလုံးရင်ထိတ်နေရတဲ့ အထိ ကူးစက်မှုက အတော်လေးကို ပြန့်နှံခဲ့ပါတယ်။

တစ်ကယ်က ကိုဗစ် ဒုတိယလှိုင်းလို့ခေါ်တဲ့ ရခိုင်မှာ ဩဂုတ် ၁၆ ရက်ကတွေ့ရှိတဲ့ ကူးစက်မှုကနေ စခဲ့ တာဆိုပေမယ့် ဒီမတိုင်ခင်ကတည်းက ရခိုင်နဲ့ မြန်မာနိုင်ငံတစ်ဝန်းအထူးသဖြင့် ရန်ကုန်ကို ကူးလူးနေတဲ့ သူတွေ ထဲမှာ ကိုဗစ် ၁၉ ကူးစက်ခံနေရသူတွေ ဘယ်လောက်ထိပါနေလဲဆိုတာကိုပါဘဲ။ ကျန်းမာရေး အာဏာပိုင် တွေ အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ အကူအညီကိုရယူပြီး ရခိုင်ပြည်နယ်မှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာ သူများ မြန်မာနိုင်ငံရှိ မည်သည့်မြို့နယ်များသို့ ရောက်ရှိနေသည်ကို စုံစမ်းဖော်ထုတ်လျက်ရှိနေပေမယ့် သွား ရောက်ခဲ့သူ ငါးထောင်ကျော်ရဲ့ထက်ဝက်က ပြန်လည်မဆက်သွယ်ခဲ့တဲ့ အတွက် ဒီအရေအတွက်ကနေ ဆပွား နူန်းအတိုင်းသာဆိုရင် ကူးစက်မှုက အတော်လေးကို ပြန့်နေတဲ့ အနေအထားပါဘဲ။ဒီလို လူမသိ သူမသိ ကူးစက် မှုရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုက ယနေ့ ရန်ကုန်မှာဖြစ်နေတဲ့ ပိုးတွေ့သူနဲ့ မထိတွေ့၊ခရီးသွား ရာဇဝင် မရှိသူတွေမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရတာပါဘဲ။ စာရင်းတွေအရ ဒီလို ဘယ်ကနေ ကူးလာမှန်းမသိဘဲ ကူးစက်ခံထားရတဲ့ သူအရေအတွက်က တစ်ရာကျော်နေပြီ ဆိုပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေ အနေနဲ့ ကိုဗစ် ၁၉  ကူးစက်ရောဂါစဖြစ်တဲ့ မတ်လတုန်းကနည်းအတိုင်း ပြည်ကနေဝင်လာသူတွေကို တောက်လျှောက်စောင့်ကြည့်ခဲ့သလို  ကွာရင်းတိုင်းထဲထည့် ၊ ထိတွေ့မှုတွေကိုပါ ထိန်းချုပ်ခဲ့တဲ့ အတွက် အတော်လေးထိန်းချုပ်နိုင်ပေမယ့် ကူးစက်မှုအတော်လေးမြင့်မားသလို ကမ္ဘာ့ကူးစက်မှု အနေအထားမှာ ဒုတိယနေရာအထိ ဖြစ်လာတဲ့ အိန္ဒိယ၊ လူဦးရေသိပ်သည်းပြီး ကူးစက်မှုအလွန်မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံအနောက်ခြမ်းမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့်  ကူး လူးဆက်နွယ်မှုတွေကို ထိန်းချုပ်မရနိုင်လောက်အောင် ရှိခဲ့တဲ့ အတွက် အဆိုပါဒေသကလာတဲ့ သူတွေကို မထိန်း ချုပ်နိုင်ခြင်းက ယခုဖြစ်နေတဲ့ ပြဿနာရဲ့ အရင်းခံဖြစ်ဖို့များပါတယ်။

ဝန်ကြီးဌာနကတော့ ရခိုင်ကနေ ပြန်လာပြီး၊ရခိုင်နဲ့ ဒီရက်ပိုင်းအတွင်း သွားရောက်ခဲ့တဲ့ သူတွေအနေနဲ့ ပူးပေါင်းဆက်သွယ်ဖို့ ၊ တစ်ကယ်လို့ ပူးပေါင်းဆက်သွယ်မှုမရှိရင် "ထပ်ဆင့်ရောဂါ ကူးစက်မှုများ" ဖြစ်ပွားကာ ထိန်းချုပ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားနိုင်တဲ့ အပြင် ရောဂါထိန်းချုပ်မှုကာလ ကြာရှည်သွား နိုင်တယ်ဆိုပြီး ပြောထားခဲ့တာ ရှိပါတယ်။

လက်ရှိပြန့်နှံနေတဲ့ ရောဂါပိုးရဲ့ လက္ခဏာကလည်း အရင်လို မဟုတ်ပါဘူး။COVID-19 လူနာများ၏ (၇၅) ရာခိုင်နှုန်းကလည်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြတဲ့ အပြင် အမြင်အားဖြင့် ကျန်းမာနေတဲ့ အတွက် ကူးစက် ရောဂါ သယ်ဆောင်ဖြန့်ဖြူးသူ (ကယ်ရီယာ) ဖြစ်နေနိုင်တဲ့ အခြေအနေပါ။ ဒီအခြေအနေကြောင့် ရန်ကုန်က အ ရောင်းစင်တာကြီးတွေ၊ အလှပြင်ဆိုင်တွေ၊ ကေတီဗွီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလွှာစုံ၊ဝန်ထမ်း ပေါင်း စုံအထိကူးစက်နေကာ စက်တင်ဘာ ၇ ရက်မနက်အထိ ကူးစက်ခံရသူပေါင်း၁၄၆၄ရှိခဲ့ကာ  သေဆုံးသူက  ၈ ဦးထိရှိလာခဲ့တယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၂ ရက်ဖြစ်တဲ့  ဩဂုတ် ၁၆ ရက် ကထက်စာရင် ကူးစက်ခံရသူ  ၁၁၀၆ ဦးနဲ့ သေဆုံးသူ ၂ ဦးတိုးလာတဲ့ သဘောပါဘဲ။ ပထမဖြစ်ခဲ့စဉ်က  ၄ လကျော်ကို ကူးစက်ခံရသူက လူ ၃၅၈ ဦးသာ ရှိခဲ့တာကို နိူင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်လောက်တောင် ကူးစက်မြန်နေသလဲဆိုတာ သိနိုင်တဲ့ အနေအထားပါ။

ဒါကြောင့် လည်း မြို့တစ်ချို့ကို အဝင်အထွက်တွေ တင်းကျပ်ခဲ့သလိုရန်ကုန်က ကူးစက်မှုများများစားစား တွေ့ရတဲ့ မြို့နယ်အချို့ကိုလည်း စတေးဟုမ်းအစီအစဉ်တွေ ပြန်ချခဲ့ရတာကို တွေ့ရပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်ဆိုရင် အဝင်အထွက်ကြပ်မတ်ခဲ့ရတာနဲ့ပတ်သက်ပြီး နိုင်ငံ တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကိုယ်တိုင်က နိုင်ငံရဲ့ အုပ်ချုပ်ရေးဗဟိုချက်ဖြစ်တဲ့ အတွက် တစ်ယောက်ကူးစက်တာနဲ့ အားလုံး ကူးစက်နိုင်ပြီး Government က Shut down ဖြစ်သွားနိုင်တဲ့ အတွက် တင်းကြပ်ရတာလို့ ပြောခဲ့ပါတယ်။ နေပြည်တော်ကို ဝင်ထွက်လိုသူတွေ ဘယ်နေရာဘယ်ဒေသကပဲလာလာ သတ်မှတ်ထားသည့် Quarantine Center တွင် အသွားအလာကန့်သတ်မှုခံယူရမည်ဖြစ်ပြီး နှာခေါင်းတို့ဖတ်ယူကာ COVID-19 ရောဂါပိုးရှိ၊မရှိ ဓာတ်ခွဲနမူနာစစ်ဆေးရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာစစ်ဆေးသည့် ကုန်ကျစရိတ်ကိုလည်း မိမိစရိတ်နဲ့သာ အကုန်ကျခံရမယ်လို့ဆိုပါတယ်။

ဒီလို တင်းကြပ်တဲ့ အပြင် မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်ထဲရေးဒုဝန်ကြီးအပါအဝင် တာ ဝန်ရှိသူတွေ၊ ပါဝင်လုပ်ဆောင်နေသူတွေနဲ့ လူမှုကွန်ရက်ကနေ တေွ့ဆုံမှုအပြီးမှာ ကူးစက်ကပ် ရောဂါ ကာလ သွားလာမှုတွေ၊ တားမြစ်ချက်ဖောက်ဖျက်ပြီး သွားလာနေထိုင်မှုတွေ၊ စည်းကမ်းဖောက်ဖျက်ပြီး ဖွင့်လှစ်တဲ့ ဘား၊ ကလပ်၊ကေတီဗွီ၊မာဆပ်၊ အနှိခန်းဖွင့်ခဲ့တဲ့ သူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တာကိုတွေ့ရပါတယ်။

စက်တင်ဘာ ၄ ရက် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက COVID-19 ကပ်ရောဂါကာလအတွင်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သောကြောင့် အရေးယူခံရ သူပေါင်း နှစ်သောင်းနီးပါးရှိနေပြီလို့ပြောခဲ့ကာ ဘား၊ ကေတီဗွီ၊ Club များဖွင့်၍ အရေးယူခဲ့သည့် အမှုပေါင်း ၂၂ခုရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ ကိုဗစ် ကူးစက်မှု ဒုတိယအကျော့ကို ပြန်ထိန်းချုပ်ဖို့ အတွက် တက်သုတ်ရိုက်ပြင် ဆင် နေတာကိုတွေ့ရပါတယ်။ စက်တင်ဘာ ၆ ရက်နေ့စွဲ့နဲ့နိုင်ငံတော် သမ္မတရုံးက စာတစ်စောင်ထုတ်ခဲ့ပြီး စက်တင် ဘာ ၉ ရက်က စလို့ အစိုးရဝန်ထမ်းတွေကို တစ်ဝက်ဆင်း တစ်ဝက်နားအလှည့်ကျစနစ်နဲ့ တာဝန်ထမ်းဆောင်ကျဖို့ အမိန့်ထုတ်ခဲ့သလို ကူးစက်မှုများတဲ့ ရန်ကုန်တိုင်းအတွင်း စားသောက်ဆိုင်တွေ၊   လဘက်ရည်ဆိုင်တွေကို အပါ အဝင် ဆိုင်တွေ အားလုံးကို ဆိုင်တွင် စားသောက်မှုမပြုစေဘဲ ပါဆယ်ဆွဲစနစ်နဲ့ ရောင်းချစေခဲ့ပါတယ်။ ကျန်းမာ ရေးပညာရှင်တွေက တော့ ပြည်သူတွေအနေနဲ့ ရက်သတ္တပတ်နှစ်ပတ်လောက်သာ ချမှတ်ထားတဲ့ စည်းကမ်း ကိုတိတိကျကျလိုက်နာပေးမယ်ဆိုရင် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်မယ်ဆိုပါတယ်။ ပြဿနာက ရခိုင်ကနေ ပြန်လာပြီး မဆက်သွယ်ဘဲ ရှောင်နေကြတဲ့ တာဝန်မဲ့တဲ့ လူနှစ်ထောင်ကျော်ကို ဘယ်လို ရှာမလဲဆိုတာပါ။ ဒီလူ တွေကြောင့် ရောဂါက ဘယ်လောက်ထိ ထိစပ်ပြန့်နှံနေပြီလဲဆိုတာ ခန့်မှန်းလို့မရနိုင်အောင်ပါဘဲ။ ဒီအတွက် လည်း စက်တင်ဘာ ၇ ရက်မှာ facebook ကနေလုပ်ခဲ့တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေး အတွက် Quarantine Center များနှင့် စပ်လျဉ်းပြီး အပြန်အလှန်ဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံက စစ်တွေ မှ ရန်ကုန်သို့ လေယာဉ်ခရီးဖြင့်ပြန်လာပြီး မိမိဆန္ဒအလျောက် နီးစပ်ရာကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို သတင်းပို့မဆက်သွယ်ခဲ့တဲ့သူတွေကို နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးပြီး အရေးယူမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

ကိုဗစ် ဒုတိယအကျော့ ထိန်းချုပ်လို့ရမရဆိုတာ ဘာမှ အသေအချာ မပြောနိုင်သေးတဲ့ အနေအထားပါ။ ဒီအတွက် ညတိုင်း ကူးစက်မှုအတက်အကျကို အိမ်ထဲမှာနေပြီး ဘုရားတစောင့်ကြည့်ရတော့မယ့်ရက်တွေ ရောက် လာနေပြီဖြစ်ပါတယ်။

ပြိင်ဘက်မရှိ ဖြစ်လာနိုင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ရက် နံနက် ၆နာရီ မှ နိုဝင်ဘာလ ၆ရက် ည ၁၂ နာရီအထိ နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများကို မဲဆွယ်စည်းရုံးခွင့်ရှိသည့်ကာလအဖြစ် သတ်မှတ်လိုက် ပြီးနောက်မှာ ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲက စတင်အသက်ဝင်လာခဲ့ပါတယ် ။ရွေးကောက် ပွဲတွေ ထုံးစံအတိုင်းစလာတာနဲ့ တစ်ဘက်နဲ့ တစ်ဘက် ပြောဆိုမှုတွေ၊ မကျေနပ်ချက်တွေ များစွာထွက်လာခဲ့ပါ တယ်။ အထူးသဖြင့် ဝေဖန်ခံရမှုအများဆုံးက ရွေးကောက်ပွဲကော်မရှင် ပါဘဲ။ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ် သက် ပြီး ဝေဖန်မှုတွေ ထွက်လာခဲ့ရာမှာ ပါတီတိုင်းက လက်ရှိရွေးကော် ကော်မရှင်ဟာ အာဏာရပါတီက ရွေး ချယ်တင်မြှောက်ခဲ့တာ ဖြစ်လို့ ကော်မရှင်အနေနဲ့ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် အာဏာရပါတီဘက်က ရပ်တည်မှာကို စိုးရိမ်မှုရှိကြောင်း ထုတ်ပြောခဲ့ကြတာတွေ တွေ့ပါတယ်။ လက်ရှိမှာလည်း ဗိုင်းရပ်ကူးစက်မှုမြင့်တက်နေတဲ့ အ တွက် ရွေးကောက်ပွဲရွေ့ဆိုင်းမှာ၊ မဲဆွယ်ပွဲကို စုရုံးဟောပြောခွင့်မရမှာကို စိုးရိမ်နေတဲ့ သဘောပါဘဲ။

ပါတီတွေဘက်က စိုးရိမ်မှုကို ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်ခွင့်ရက်မကြေညာခင် စက်တင်ဘာ ၂ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကတည်းက ပြောထားခဲ့တာရှိပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ကိုဗစ်(၁၉) ကြောင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ရွှေ့ဆိုင်းနိုင်မှုရှိ/မရှိနဲ့ ပတ်သက်ပြီး ပြောခဲ့ရာမှာတော့ “ ရွှေ့ဖို့အကြောင်း အခုထိမရှိသေးဘူး။ ရွှေ့ရင် အောက်တို ဘာမှာ ကြိုတင်ပြီး ပြောမှာပေါ့”လို့ ပြောခဲ့ပါတယ်။နိုင်ငံတကာမှာလည်း ကိုဗစ်ကြောင့် ရွေးကောက်ပွဲတွေ ရွေ့ရ တာတွေ ရှိသလို အနီးစပ်ဆုံးအနေနဲ့  နယူးဇီလန်မှာ ကိုဗစ် ၁၉ ကြောင့် ရွေးကောက်ပွဲကိုရွေ့ပြီးကျင်းပခဲ့ရတာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်မှာတော့ နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်လိုအခြေအနေဖြစ်ပါ စေလုပ်မယ်ဆိုပြီး ပြင်ဆင်နေတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ရွေး/ကော်ကတော့ ကိုဗစ်ကာလအတွင်း ရွေး ကောက်ပွဲ ကျင်းပခဲ့တဲ့ စင်ကာပူတို့၊ ကိုရီးယားတို့ ဒါတွေကို နမူနာကြည့်ပြီး ပြင်ဆင်ထားတယ်လို့ပြောခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်ကနေ စပြီးမဲဆွယ်ခွင့်ပေးခဲ့မှုမှာ ပါတီတွေကို ကူးစက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် ညွှန်ကြားချက်တွေကိုပေးခဲ့ပါတယ်။ ဒီလိုပေးရာမှာ COVID-19 ရောဂါ ပြန့်ပွားမှု မရှိစေရန် အချိန် ကာလ၊ နေရာ ဒေသအလိုက်ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ၊ အမိန့် လမ်းညွှန်ချက်တွေ လိုက်နာရန်ပါခဲ့ပါ တယ်။ လက်ရှိမှာ ကူးစက်မှုက အတော်လေးကို ထိန်းမနိုင်သိမ်းမရမဖြစ်သေးပေမယ့် ကြာရင်ဘာဖြစ်မလဲမသိ နိုင်တဲ့ အခြေအနေပါ။ဒီအတွက် မဲဆွယ်ခွင့်မရမှာကို ပါတီတွေဘက်က စိုးရိမ်မှုရှိခဲ့ပြီး ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ(KNDP)ဘက်ကဆိုရင် ထုတ်ပြန်ချက်ထုတ်ပြန်ပြီး မည်သည့်အခြေ အနေတွင်မဆို မဲဆွယ်စည်းရုံးရေး ကာလကို အနည်းဆုံး နှစ်လကြာ ခွင့်ပြုပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

လက်ရှိမှာ အာဏာရပါတီဘက်က စက်တင်ဘာ ၈ ရက်ကစပြီး ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး လုပ်ငန်းများစတင်တော့မယ်ဆိုပြီး  အစောပိုင်းရက်တွေက ထုတ်ပြန်ခဲ့တဲ့အတွက် အခြားပါတီတွေဘက် ဝေဖန်မှု တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ကော်မ ရှင်က စည်း ရုံးခွင့်ဆိုင်ရာခွင့်ပြုရက်ကိုကြေညာခြင်းမရှိသေးဘဲ အောင်နိုင် ရေးလုပ်ငန်းတွေလုပ်ဖို့  စတင်ခဲ့တာကို ထုတ်ပြန်ခဲ့တဲ့အတွက် ကော်မရှင်က ထုတ်ပြန်မယ့်ရက်ကိုကြိုသိလို့ ထုတ် ပြန်တာလားဆိုပြီး ဝေဖန်ခဲ့တာကိုတွေ့ရပါတယ်။

အာဏာရပါတီဘက်က စက်တင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲကမ်ပိမ်းအဖြစ်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီကို ထောက်ခံသူတွေ ပါတီအထိမ်းအမှတ် အလံကို လွှင့်ထူပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် စျေးကွက်ထဲ မှာ LLDအလံတွေ  ပစ္စည်းပြတ်လပ်တဲ့ အထိ ရောင်းအားကောင်းနေခဲ့တာကိုတွေ့ရပါတယ်။ ပြိုင်ဘက်ပါတီတွေ၊ ပါတီသက်တမ်းနုနယ်ပေမယ် ရည်မှန်းချက်ကြီးတဲ့ ပါတီတွေ၊ကျောထောက်နောက်ခံကြီးမားတဲ့ ပါတီတွေ၊ အာ ဏာရပါတီကနေ နူတ်ထွက်ပြီး ပါတီထောင်သူတွေ၊ ခွဲထွက်သူတွေနဲ့  ပါတီပေါင်းများစွာ၊ ပါဝင်ယှဉ်ပြိုင်သူ များစွာ တို့ရှိပေမယ့် ရွေးကောက်ပွဲကာလနီးလာတာနဲ့ အမျှ လူမူကွန်ရက်နဲ့ မြေပြင် အခြေအနေမှာ ဘယ်ပါတီက အနိုင်ရ နိုင်ခြေမြင့်မားနေတယ်ဆိုတာ သိသာမှုတွေ ရှိခဲ့ပါတယ်။ လာမယ်ရွေးကောက်ပွဲ ဘယ်ပါတီအနိုင်ရသည်ဖြစ်စေ ကိုဗစ်ကြောင့် ယိုင်နဲ့နေတဲ့ နိုင်ငံစီးပွားရေးနဲ့ လူမှုရေးပြဿနာတွေ၊ တကမ္ဘာလုံးကပ်ဆိုက်နေတဲ့ အခြေအနေ တွေကြောင့် ရင်ဆိုင်ရမယ့် ပြဿနာတွေကို မလွဲမသွေဖြေရှင်းရမှာ ဖြစ်တဲ့ အတွက် အရည်အချင်းရှိပြီး အဂတိ တရား ကင်းစင်တဲ့ ၊ကင်းစင်အောင် ကြိုးစားနေတဲ့ ပါတီက အနိုင်ရဖို့ လိုနေပါတယ်။ ဒီရက်ပိုင်းမြင်ရတဲ့ အခင်းအ ကျင်းတွေအရ ယခင်ကတွင်ကျင်ခဲ့တဲ့ အဖွဲ့အစည်းကလူတွေ ယခင်လိုဘဲ ပြည်သူအပေါ် ဆက်ဆံပြနေခဲ့ကြတဲ့ အတွက် လာမည့် စက်တင်ဘာ ၈ ရက်အခင်းအကျင်းမှာ  ပြည်သူဆန္ဒအချို့ကို မြင်ရဖွယ်ရှိနေပါတယ်။ ဒီအတွက် ရှေ့ရက်တွေမှာ မြင်ရမယ့် ပါတီတွေမဲဆွယ်ပွဲတွေက ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာ စောင့်ကြည့်ရင်း ယခုရက်သတ္တပတ်ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၇
( Zawgyi )
ယခုရက္ထဲသတင္းေတြထဲမွာ လူေျပာသူေျပာအမ်ားဆုံးက Covid 19 ကူးစက္ေရာဂါေတြ႕ရွိမႈျမင့္ တက္ လာသလို စက္တင္ ဘာ ၆ ရက္မွာ အျမင့္ဆုံးအျဖစ္ တစ္ရက္တည္းေတြ႕ရွိမႈ ၁၄၅ အထိရွိခဲ့တဲ့ အတြက္ ကူးစက္မႈ သတင္းက ထိပ္ဆုံး ဦးစားေပး သတင္း ျဖစ္ခဲ့ပါတယ္။ ဒီသတင္းေနာက္မွာ လာမည့္ စက္တင္ဘာ ၈ ရက္ကစၿပီး ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္မႈေတြ လုပ္ခြင့္ျပဳလိုက္တဲ့ သတင္းနဲ႔ ယခုရက္သတၱပတ္မွာလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲသတင္းေတြက ထိပ္ဆုံးက အမ်ားအာ႐ုံစိုက္စရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြေလာက္ အာ႐ုံမစိုက္မိေပမယ့္ ထူးျခားတဲ့ သတင္းအခ်ိဳ႕လည္း ယခုရက္သတၱပတ္ မွာျဖစ္ခဲ့ တာရွိပါတယ္။ ဒီသတင္းေတြက  ျပည့္မွာ ဗိုလ္မႉးအေယာင္ေဆာင္ၿပီး ေသနတ္နဲ႔ ၿခိမ္းေျခာက္ရာကေန  လက္ ပစ္ဗုံးေတြ ေသနတ္က်ည္ဆန္ေတြနဲ႔ စစ္ဝတ္စုံေတြပါ ဖမ္းမိခဲ့တဲ့ သတင္း၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ကဗ်ာ က်ပ္ သိန္း ၂,၄၀၀ ျဖင့္ လုပ္ငန္းရွင္တစ္ဦးဝယ္ယူခဲ့တဲ့ သတင္း၊လားရႈိးမွာ ေနအိမ္ထဲဝင္ၿပီးပစ္ခတ္လို႔  အမ်ိဳးသား တစ္ ဦးေသဆုံးခဲ့တဲ့ သတင္း၊ မဂၤလာဒုံမွာ ႏွစ္ေလာင္ၿပိဳင္ လူသတ္မႈ ျဖစ္ခဲ့တဲ့ သတင္း၊တကၠသိုလ္ဝင္တန္းေအာင္ျမင္တဲ့ အက်ဥ္းသား ၅၅ ဦးကို သမၼတက လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တဲ့ သတင္း၊တရားမဝင္ ဝင္လာသည့္ တ႐ုတ္ ႏိုင္ငံ သား ၇၅၀ ေက်ာ္ကို တည္ဆဲဥပေဒအရ အေရးယူသြားမည္ဟု သမၼတ႐ုံကထုတ္ေျပာလိုက္တဲ့ သတင္း၊ အေျခခံ လူတန္းစား အိမ္ေထာင္စုမ်ားအတြက္ တတိယအႀကိမ္ ေငြက်ပ္ ၂၀၀၀၀ ႏႈန္း ေငြေၾကးေထာက္ပံ့ရန္အတြက္ အစိုးရအေနျဖင့္ ေငြက်ပ္ ၁၁၃ ဘီလီယံေက်ာ္ က်ခံေဆာင္႐ြက္သြားမယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ ရွိသူက ေျပာလိုက္တဲ့ သတင္း၊COVID-19 ေရာဂါျဖစ္ပြားမႈေပၚမူတည္ၿပီး အေျခခံပညာေက်ာင္းမ်ား ျပန္ဖြင့္သင့္/မဖြင့္သင့္ ဆုံးျဖတ္မယ္ဆိုတဲ့ သတင္းေတြကလည္း သတိထားရတဲ့ သတင္းအခ်ိဳ႕ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲမွာ လတ္တေလာ အမ်ားျပည္သူအာ႐ုံစိုက္ေနတဲ့ ကိုဗစ္ ၁၉ ကူးစက္မႈ ျမင့္တက္ေနတဲ့ သတင္းကို စတင္ေဆြးေႏြးခ်င္ပါတယ္။

ခုခံကာကြယ္ရေတာ့မည့္ ကိုဗစ္ ဒုတိယလႈိင္း

ၿပီးခဲ့တဲ့ ရက္သတၱပတ္က အာ႐ုံစိုက္ခဲ့ၾကတဲ့ ကိုဗစ္ ကူးစက္မႈသတင္းက  က်န္းမာေရးကြၽမ္းက်င္သူေတြ ခန႔္မွန္းထားတဲ့ အတိုင္းဘဲ ကူးစက္မႈေတြက ျမန္ဆန္လာခဲ့ပါတယ္။က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး က လာမယ့္ ရက္သတၱပတ္တစ္ပတ္မွ ႏွစ္ပတ္ခန႔္ အထိ ကူးစက္မႈက ဆက္လက္ ျမင့္မား ေနမယ္လို႔ ခန႔္မွန္းခဲ့ၾကတဲ့ အခါ အားလုံးရင္ထိတ္ေနရတဲ့ အထိ ကူးစက္မႈက အေတာ္ေလးကို ျပန႔္ႏွံခဲ့ပါတယ္။

တစ္ကယ္က ကိုဗစ္ ဒုတိယလႈိင္းလို႔ေခၚတဲ့ ရခိုင္မွာ ဩဂုတ္ ၁၆ ရက္ကေတြ႕ရွိတဲ့ ကူးစက္မႈကေန စခဲ့ တာဆိုေပမယ့္ ဒီမတိုင္ခင္ကတည္းက ရခိုင္နဲ႔ ျမန္မာႏိုင္ငံတစ္ဝန္းအထူးသျဖင့္ ရန္ကုန္ကို ကူးလူးေနတဲ့ သူေတြ ထဲမွာ ကိုဗစ္ ၁၉ ကူးစက္ခံေနရသူေတြ ဘယ္ေလာက္ထိပါေနလဲဆိုတာကိုပါဘဲ။ က်န္းမာေရး အာဏာပိုင္ ေတြ အေနနဲ႔ သက္ဆိုင္ရာ အာဏာပိုင္ေတြ အကူအညီကိုရယူၿပီး ရခိုင္ျပည္နယ္မွ ေလေၾကာင္းခရီးျဖင့္ ဝင္ေရာက္လာ သူမ်ား ျမန္မာႏိုင္ငံရွိ မည္သည့္ၿမိဳ႕နယ္မ်ားသို႔ ေရာက္ရွိေနသည္ကို စုံစမ္းေဖာ္ထုတ္လ်က္ရွိေနေပမယ့္ သြား ေရာက္ခဲ့သူ ငါးေထာင္ေက်ာ္ရဲ႕ထက္ဝက္က ျပန္လည္မဆက္သြယ္ခဲ့တဲ့ အတြက္ ဒီအေရအတြက္ကေန ဆပြား ႏူန္းအတိုင္းသာဆိုရင္ ကူးစက္မႈက အေတာ္ေလးကို ျပန႔္ေနတဲ့ အေနအထားပါဘဲ။ဒီလို လူမသိ သူမသိ ကူးစက္ မႈရဲ႕ေနာက္ဆက္တြဲအက်ိဳးသက္ေရာက္မႈက ယေန႔ ရန္ကုန္မွာျဖစ္ေနတဲ့ ပိုးေတြ႕သူနဲ႔ မထိေတြ႕၊ခရီးသြား ရာဇဝင္ မရွိသူေတြမွာ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံေနရတာပါဘဲ။ စာရင္းေတြအရ ဒီလို ဘယ္ကေန ကူးလာမွန္းမသိဘဲ ကူးစက္ခံထားရတဲ့ သူအေရအတြက္က တစ္ရာေက်ာ္ေနၿပီ ဆိုပါတယ္။

က်န္းမာေရးအာဏာပိုင္ေတြ အေနနဲ႔ ကိုဗစ္ ၁၉  ကူးစက္ေရာဂါစျဖစ္တဲ့ မတ္လတုန္းကနည္းအတိုင္း ျပည္ကေနဝင္လာသူေတြကို ေတာက္ေလွ်ာက္ေစာင့္ၾကည့္ခဲ့သလို  ကြာရင္းတိုင္းထဲထည့္ ၊ ထိေတြ႕မႈေတြကိုပါ ထိန္းခ်ဳပ္ခဲ့တဲ့ အတြက္ အေတာ္ေလးထိန္းခ်ဳပ္ႏိုင္ေပမယ့္ ကူးစက္မႈအေတာ္ေလးျမင့္မားသလို ကမာၻ႔ကူးစက္မႈ အေနအထားမွာ ဒုတိယေနရာအထိ ျဖစ္လာတဲ့ အိႏၵိယ၊ လူဦးေရသိပ္သည္းၿပီး ကူးစက္မႈအလြန္ျမင့္မားေနတဲ့ ဘဂၤလားေဒ့ရွ္စတဲ့ ႏိုင္ငံေတြနဲ႔ ထိစပ္ေနတဲ့ ျမန္မာႏိုင္ငံအေနာက္ျခမ္းမွာ တိုက္ပြဲေတြ၊ ပဋိပကၡေတြေၾကာင့္  ကူး လူးဆက္ႏြယ္မႈေတြကို ထိန္းခ်ဳပ္မရႏိုင္ေလာက္ေအာင္ ရွိခဲ့တဲ့ အတြက္ အဆိုပါေဒသကလာတဲ့ သူေတြကို မထိန္း ခ်ဳပ္ႏိုင္ျခင္းက ယခုျဖစ္ေနတဲ့ ျပႆနာရဲ႕ အရင္းခံျဖစ္ဖို႔မ်ားပါတယ္။

ဝန္ႀကီးဌာနကေတာ့ ရခိုင္ကေန ျပန္လာၿပီး၊ရခိုင္နဲ႔ ဒီရက္ပိုင္းအတြင္း သြားေရာက္ခဲ့တဲ့ သူေတြအေနနဲ႔ ပူးေပါင္းဆက္သြယ္ဖို႔ ၊ တစ္ကယ္လို႔ ပူးေပါင္းဆက္သြယ္မႈမရွိရင္ "ထပ္ဆင့္ေရာဂါ ကူးစက္မႈမ်ား" ျဖစ္ပြားကာ ထိန္းခ်ဳပ္ရန္ ခက္ခဲေသာ အေျခအေနသို႔ ေရာက္ရွိသြားႏိုင္တဲ့ အျပင္ ေရာဂါထိန္းခ်ဳပ္မႈကာလ ၾကာရွည္သြား ႏိုင္တယ္ဆိုၿပီး ေျပာထားခဲ့တာ ရွိပါတယ္။

လက္ရွိျပန႔္ႏွံေနတဲ့ ေရာဂါပိုးရဲ႕ လကၡဏာကလည္း အရင္လို မဟုတ္ပါဘူး။COVID-19 လူနာမ်ား၏ (၇၅) ရာခိုင္ႏႈန္းကလည္း ေရာဂါလကၡဏာ တစ္စုံတစ္ရာမျပတဲ့ အျပင္ အျမင္အားျဖင့္ က်န္းမာေနတဲ့ အတြက္ ကူးစက္ ေရာဂါ သယ္ေဆာင္ျဖန႔္ျဖဴးသူ (ကယ္ရီယာ) ျဖစ္ေနႏိုင္တဲ့ အေျခအေနပါ။ ဒီအေျခအေနေၾကာင့္ ရန္ကုန္က အ ေရာင္းစင္တာႀကီးေတြ၊ အလွျပင္ဆိုင္ေတြ၊ ေကတီဗြီေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အလႊာစုံ၊ဝန္ထမ္း ေပါင္း စုံအထိကူးစက္ေနကာ စက္တင္ဘာ ၇ ရက္မနက္အထိ ကူးစက္ခံရသူေပါင္း၁၄၆၄ရွိခဲ့ကာ  ေသဆုံးသူက  ၈ ဦးထိရွိလာခဲ့တယ္။ ဒါဟာ လြန္ခဲ့တဲ့ ၂၂ ရက္ျဖစ္တဲ့  ဩဂုတ္ ၁၆ ရက္ ကထက္စာရင္ ကူးစက္ခံရသူ  ၁၁၀၆ ဦးနဲ႔ ေသဆုံးသူ ၂ ဦးတိုးလာတဲ့ သေဘာပါဘဲ။ ပထမျဖစ္ခဲ့စဥ္က  ၄ လေက်ာ္ကို ကူးစက္ခံရသူက လူ ၃၅၈ ဦးသာ ရွိခဲ့တာကို ႏိူင္းယွဥ္ၾကည့္မယ္ဆိုရင္ ဘယ္ေလာက္ေတာင္ ကူးစက္ျမန္ေနသလဲဆိုတာ သိႏိုင္တဲ့ အေနအထားပါ။

ဒါေၾကာင့္ လည္း ၿမိဳ႕တစ္ခ်ိဳ႕ကို အဝင္အထြက္ေတြ တင္းက်ပ္ခဲ့သလိုရန္ကုန္က ကူးစက္မႈမ်ားမ်ားစားစား ေတြ႕ရတဲ့ ၿမိဳ႕နယ္အခ်ိဳ႕ကိုလည္း စေတးဟုမ္းအစီအစဥ္ေတြ ျပန္ခ်ခဲ့ရတာကို ေတြ႕ရပါတယ္။ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္ဆိုရင္ အဝင္အထြက္ၾကပ္မတ္ခဲ့ရတာနဲ႔ပတ္သက္ၿပီး ႏိုင္ငံ ေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကိုယ္တိုင္က ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးဗဟိုခ်က္ျဖစ္တဲ့ အတြက္ တစ္ေယာက္ကူးစက္တာနဲ႔ အားလုံး ကူးစက္ႏိုင္ၿပီး Government က Shut down ျဖစ္သြားႏိုင္တဲ့ အတြက္ တင္းၾကပ္ရတာလို႔ ေျပာခဲ့ပါတယ္။ ေနျပည္ေတာ္ကို ဝင္ထြက္လိုသူေတြ ဘယ္ေနရာဘယ္ေဒသကပဲလာလာ သတ္မွတ္ထားသည့္ Quarantine Center တြင္ အသြားအလာကန႔္သတ္မႈခံယူရမည္ျဖစ္ၿပီး ႏွာေခါင္းတို႔ဖတ္ယူကာ COVID-19 ေရာဂါပိုးရွိ၊မရွိ ဓာတ္ခြဲနမူနာစစ္ေဆးရမွာျဖစ္ၿပီး ဓာတ္ခြဲနမူနာစစ္ေဆးသည့္ ကုန္က်စရိတ္ကိုလည္း မိမိစရိတ္နဲ႔သာ အကုန္က်ခံရမယ္လို႔ဆိုပါတယ္။

ဒီလို တင္းၾကပ္တဲ့ အျပင္ မၾကာေသးမီက ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ျပည္ထဲေရးဒုဝန္ႀကီးအပါအဝင္ တာ ဝန္ရွိသူေတြ၊ ပါဝင္လုပ္ေဆာင္ေနသူေတြနဲ႔ လူမႈကြန္ရက္ကေန ေတြ႕ဆုံမႈအၿပီးမွာ ကူးစက္ကပ္ ေရာဂါ ကာလ သြားလာမႈေတြ၊ တားျမစ္ခ်က္ေဖာက္ဖ်က္ၿပီး သြားလာေနထိုင္မႈေတြ၊ စည္းကမ္းေဖာက္ဖ်က္ၿပီး ဖြင့္လွစ္တဲ့ ဘား၊ ကလပ္၊ေကတီဗြီ၊မာဆပ္၊ အႏွိခန္းဖြင့္ခဲ့တဲ့ သူေတြကို ဝင္ေရာက္ဖမ္းဆီးခဲ့တာကိုေတြ႕ရပါတယ္။

စက္တင္ဘာ ၄ ရက္ သမၼတအိမ္ေတာ္သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ ေဌးက COVID-19 ကပ္ေရာဂါကာလအတြင္း စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္ခဲ့ေသာေၾကာင့္ အေရးယူခံရ သူေပါင္း ႏွစ္ေသာင္းနီးပါးရွိေနၿပီလို႔ေျပာခဲ့ကာ ဘား၊ ေကတီဗြီ၊ Club မ်ားဖြင့္၍ အေရးယူခဲ့သည့္ အမႈေပါင္း ၂၂ခုရွိခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

အစိုးရအေနနဲ႔ ကိုဗစ္ ကူးစက္မႈ ဒုတိယအေက်ာ့ကို ျပန္ထိန္းခ်ဳပ္ဖို႔ အတြက္ တက္သုတ္႐ိုက္ျပင္ ဆင္ ေနတာကိုေတြ႕ရပါတယ္။ စက္တင္ဘာ ၆ ရက္ေန႔စြဲ႕နဲ႔ႏိုင္ငံေတာ္ သမၼတ႐ုံးက စာတစ္ေစာင္ထုတ္ခဲ့ၿပီး စက္တင္ ဘာ ၉ ရက္က စလို႔ အစိုးရဝန္ထမ္းေတြကို တစ္ဝက္ဆင္း တစ္ဝက္နားအလွည့္က်စနစ္နဲ႔ တာဝန္ထမ္းေဆာင္က်ဖို႔ အမိန႔္ထုတ္ခဲ့သလို ကူးစက္မႈမ်ားတဲ့ ရန္ကုန္တိုင္းအတြင္း စားေသာက္ဆိုင္ေတြ၊   လဘက္ရည္ဆိုင္ေတြကို အပါ အဝင္ ဆိုင္ေတြ အားလုံးကို ဆိုင္တြင္ စားေသာက္မႈမျပဳေစဘဲ ပါဆယ္ဆြဲစနစ္နဲ႔ ေရာင္းခ်ေစခဲ့ပါတယ္။ က်န္းမာ ေရးပညာရွင္ေတြက ေတာ့ ျပည္သူေတြအေနနဲ႔ ရက္သတၱပတ္ႏွစ္ပတ္ေလာက္သာ ခ်မွတ္ထားတဲ့ စည္းကမ္း ကိုတိတိက်က်လိုက္နာေပးမယ္ဆိုရင္ ကူးစက္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္မယ္ဆိုပါတယ္။ ျပႆနာက ရခိုင္ကေန ျပန္လာၿပီး မဆက္သြယ္ဘဲ ေရွာင္ေနၾကတဲ့ တာဝန္မဲ့တဲ့ လူႏွစ္ေထာင္ေက်ာ္ကို ဘယ္လို ရွာမလဲဆိုတာပါ။ ဒီလူ ေတြေၾကာင့္ ေရာဂါက ဘယ္ေလာက္ထိ ထိစပ္ျပန႔္ႏွံေနၿပီလဲဆိုတာ ခန႔္မွန္းလို႔မရႏိုင္ေအာင္ပါဘဲ။ ဒီအတြက္ လည္း စက္တင္ဘာ ၇ ရက္မွာ facebook ကေနလုပ္ခဲ့တဲ့ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေစာင့္ေရွာက္ေရး အတြက္ Quarantine Center မ်ားႏွင့္ စပ္လ်ဥ္းၿပီး အျပန္အလွန္ေဆြးေႏြးပြဲမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံက စစ္ေတြ မွ ရန္ကုန္သို႔ ေလယာဥ္ခရီးျဖင့္ျပန္လာၿပီး မိမိဆႏၵအေလ်ာက္ နီးစပ္ရာက်န္းမာေရးဌာနမ်ားႏွင့္ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းေတြကို သတင္းပို႔မဆက္သြယ္ခဲ့တဲ့သူေတြကို ေနာက္ပိုင္းမွာ စုံစမ္းစစ္ေဆးၿပီး အေရးယူမယ္လို႔ ျပင္းျပင္းထန္ထန္ သတိေပးခဲ့ပါတယ္။

ကိုဗစ္ ဒုတိယအေက်ာ့ ထိန္းခ်ဳပ္လို႔ရမရဆိုတာ ဘာမွ အေသအခ်ာ မေျပာႏိုင္ေသးတဲ့ အေနအထားပါ။ ဒီအတြက္ ညတိုင္း ကူးစက္မႈအတက္အက်ကို အိမ္ထဲမွာေနၿပီး ဘုရားတေစာင့္ၾကည့္ရေတာ့မယ့္ရက္ေတြ ေရာက္ လာေနၿပီျဖစ္ပါတယ္။

ၿပိင္ဘက္မရွိ ျဖစ္လာႏိုင္တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က စက္တင္ဘာ ၈ရက္ နံနက္ ၆နာရီ မွ ႏိုဝင္ဘာလ ၆ရက္ ည ၁၂ နာရီအထိ ႏိုင္ငံေရးပါတီႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားကို မဲဆြယ္စည္း႐ုံးခြင့္ရွိသည့္ကာလအျဖစ္ သတ္မွတ္လိုက္ ၿပီးေနာက္မွာ ၿပိဳင္ဆိုင္မႈျပင္းထန္လာႏိုင္တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲက စတင္အသက္ဝင္လာခဲ့ပါတယ္ ။ေ႐ြးေကာက္ ပြဲေတြ ထုံးစံအတိုင္းစလာတာနဲ႔ တစ္ဘက္နဲ႔ တစ္ဘက္ ေျပာဆိုမႈေတြ၊ မေက်နပ္ခ်က္ေတြ မ်ားစြာထြက္လာခဲ့ပါ တယ္။ အထူးသျဖင့္ ေဝဖန္ခံရမႈအမ်ားဆုံးက ေ႐ြးေကာက္ပြဲေကာ္မရွင္ ပါဘဲ။ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ပတ္ သက္ ၿပီး ေဝဖန္မႈေတြ ထြက္လာခဲ့ရာမွာ ပါတီတိုင္းက လက္ရွိေ႐ြးေကာ္ ေကာ္မရွင္ဟာ အာဏာရပါတီက ေ႐ြး ခ်ယ္တင္ေျမႇာက္ခဲ့တာ ျဖစ္လို႔ ေကာ္မရွင္အေနနဲ႔ တစ္စုံတစ္ခုျဖစ္လာခဲ့ရင္ အာဏာရပါတီဘက္က ရပ္တည္မွာကို စိုးရိမ္မႈရွိေၾကာင္း ထုတ္ေျပာခဲ့ၾကတာေတြ ေတြ႕ပါတယ္။ လက္ရွိမွာလည္း ဗိုင္းရပ္ကူးစက္မႈျမင့္တက္ေနတဲ့ အ တြက္ ေ႐ြးေကာက္ပြဲေ႐ြ႕ဆိုင္းမွာ၊ မဲဆြယ္ပြဲကို စု႐ုံးေဟာေျပာခြင့္မရမွာကို စိုးရိမ္ေနတဲ့ သေဘာပါဘဲ။

ပါတီေတြဘက္က စိုးရိမ္မႈကို ေ႐ြးေကာက္ပြဲေကာ္မရွင္က မဲဆြယ္ခြင့္ရက္မေၾကညာခင္ စက္တင္ဘာ ၂ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲကတည္းက ေျပာထားခဲ့တာရွိပါတယ္။ အဲဒီသတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ကိုဗစ္(၁၉) ေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပမည့္ရက္ ေ႐ႊ႕ဆိုင္းႏိုင္မႈရွိ/မရွိနဲ႔ ပတ္သက္ၿပီး ေျပာခဲ့ရာမွာေတာ့ “ ေ႐ႊ႕ဖို႔အေၾကာင္း အခုထိမရွိေသးဘူး။ ေ႐ႊ႕ရင္ ေအာက္တို ဘာမွာ ႀကိဳတင္ၿပီး ေျပာမွာေပါ့”လို႔ ေျပာခဲ့ပါတယ္။ႏိုင္ငံတကာမွာလည္း ကိုဗစ္ေၾကာင့္ ေ႐ြးေကာက္ပြဲေတြ ေ႐ြ႕ရ တာေတြ ရွိသလို အနီးစပ္ဆုံးအေနနဲ႔  နယူးဇီလန္မွာ ကိုဗစ္ ၁၉ ေၾကာင့္ ေ႐ြးေကာက္ပြဲကိုေ႐ြ႕ၿပီးက်င္းပခဲ့ရတာ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္မွာေတာ့ ႏိုဝင္ဘာမွာက်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ဘယ္လိုအေျခအေနျဖစ္ပါ ေစလုပ္မယ္ဆိုၿပီး ျပင္ဆင္ေနတဲ့ ႏိုင္ငံေတြလည္းရွိပါတယ္။ ေ႐ြး/ေကာ္ကေတာ့ ကိုဗစ္ကာလအတြင္း ေ႐ြး ေကာက္ပြဲ က်င္းပခဲ့တဲ့ စင္ကာပူတို႔၊ ကိုရီးယားတို႔ ဒါေတြကို နမူနာၾကည့္ၿပီး ျပင္ဆင္ထားတယ္လို႔ေျပာခဲ့ပါတယ္။

စက္တင္ဘာ ၈ ရက္ကေန စၿပီးမဲဆြယ္ခြင့္ေပးခဲ့မႈမွာ ပါတီေတြကို ကူးစက္ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး လိုက္နာရမယ့္ ၫႊန္ၾကားခ်က္ေတြကိုေပးခဲ့ပါတယ္။ ဒီလိုေပးရာမွာ COVID-19 ေရာဂါ ျပန႔္ပြားမႈ မရွိေစရန္ အခ်ိန္ ကာလ၊ ေနရာ ေဒသအလိုက္ထုတ္ျပန္သည့္ က်န္းမာေရးဆိုင္ရာ ၊ အမိန႔္ လမ္းၫႊန္ခ်က္ေတြ လိုက္နာရန္ပါခဲ့ပါ တယ္။ လက္ရွိမွာ ကူးစက္မႈက အေတာ္ေလးကို ထိန္းမႏိုင္သိမ္းမရမျဖစ္ေသးေပမယ့္ ၾကာရင္ဘာျဖစ္မလဲမသိ ႏိုင္တဲ့ အေျခအေနပါ။ဒီအတြက္ မဲဆြယ္ခြင့္မရမွာကို ပါတီေတြဘက္က စိုးရိမ္မႈရွိခဲ့ၿပီး ကရင္အမ်ိဳးသားဒီမိုကရက္ တစ္ပါတီ(KNDP)ဘက္ကဆိုရင္ ထုတ္ျပန္ခ်က္ထုတ္ျပန္ၿပီး မည္သည့္အေျခ အေနတြင္မဆို မဲဆြယ္စည္း႐ုံးေရး ကာလကို အနည္းဆုံး ႏွစ္လၾကာ ခြင့္ျပဳေပးဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံေတာင္းဆိုခဲ့တာကို ေတြ႕ရပါတယ္။

လက္ရွိမွာ အာဏာရပါတီဘက္က စက္တင္ဘာ ၈ ရက္ကစၿပီး ေ႐ြးေကာက္ပြဲအတြက္ ေအာင္ႏိုင္ေရး လုပ္ငန္းမ်ားစတင္ေတာ့မယ္ဆိုၿပီး  အေစာပိုင္းရက္ေတြက ထုတ္ျပန္ခဲ့တဲ့အတြက္ အျခားပါတီေတြဘက္ ေဝဖန္မႈ ေတြ ရွိခဲ့ပါတယ္။ အထူးသျဖင့္ ေကာ္မ ရွင္က စည္း ႐ုံးခြင့္ဆိုင္ရာခြင့္ျပဳရက္ကိုေၾကညာျခင္းမရွိေသးဘဲ ေအာင္ႏိုင္ ေရးလုပ္ငန္းေတြလုပ္ဖို႔  စတင္ခဲ့တာကို ထုတ္ျပန္ခဲ့တဲ့အတြက္ ေကာ္မရွင္က ထုတ္ျပန္မယ့္ရက္ကိုႀကိဳသိလို႔ ထုတ္ ျပန္တာလားဆိုၿပီး ေဝဖန္ခဲ့တာကိုေတြ႕ရပါတယ္။

အာဏာရပါတီဘက္က စက္တင္ဘာ ၈ ရက္မွာ ေ႐ြးေကာက္ပြဲကမ္ပိမ္းအျဖစ္  အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ ပါတီကို ေထာက္ခံသူေတြ ပါတီအထိမ္းအမွတ္ အလံကို လႊင့္ထူေပးဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ ေစ်းကြက္ထဲ မွာ LLDအလံေတြ  ပစၥည္းျပတ္လပ္တဲ့ အထိ ေရာင္းအားေကာင္းေနခဲ့တာကိုေတြ႕ရပါတယ္။ ၿပိဳင္ဘက္ပါတီေတြ၊ ပါတီသက္တမ္းႏုနယ္ေပမယ္ ရည္မွန္းခ်က္ႀကီးတဲ့ ပါတီေတြ၊ေက်ာေထာက္ေနာက္ခံႀကီးမားတဲ့ ပါတီေတြ၊ အာ ဏာရပါတီကေန ႏူတ္ထြက္ၿပီး ပါတီေထာင္သူေတြ၊ ခြဲထြက္သူေတြနဲ႔  ပါတီေပါင္းမ်ားစြာ၊ ပါဝင္ယွဥ္ၿပိဳင္သူ မ်ားစြာ တို႔ရွိေပမယ့္ ေ႐ြးေကာက္ပြဲကာလနီးလာတာနဲ႔ အမွ် လူမူကြန္ရက္နဲ႔ ေျမျပင္ အေျခအေနမွာ ဘယ္ပါတီက အႏိုင္ရ ႏိုင္ေျချမင့္မားေနတယ္ဆိုတာ သိသာမႈေတြ ရွိခဲ့ပါတယ္။ လာမယ္ေ႐ြးေကာက္ပြဲ ဘယ္ပါတီအႏိုင္ရသည္ျဖစ္ေစ ကိုဗစ္ေၾကာင့္ ယိုင္နဲ႔ေနတဲ့ ႏိုင္ငံစီးပြားေရးနဲ႔ လူမႈေရးျပႆနာေတြ၊ တကမာၻလုံးကပ္ဆိုက္ေနတဲ့ အေျခအေန ေတြေၾကာင့္ ရင္ဆိုင္ရမယ့္ ျပႆနာေတြကို မလြဲမေသြေျဖရွင္းရမွာ ျဖစ္တဲ့ အတြက္ အရည္အခ်င္းရွိၿပီး အဂတိ တရား ကင္းစင္တဲ့ ၊ကင္းစင္ေအာင္ ႀကိဳးစားေနတဲ့ ပါတီက အႏိုင္ရဖို႔ လိုေနပါတယ္။ ဒီရက္ပိုင္းျမင္ရတဲ့ အခင္းအ က်င္းေတြအရ ယခင္ကတြင္က်င္ခဲ့တဲ့ အဖြဲ႕အစည္းကလူေတြ ယခင္လိုဘဲ ျပည္သူအေပၚ ဆက္ဆံျပေနခဲ့ၾကတဲ့ အတြက္ လာမည့္ စက္တင္ဘာ ၈ ရက္အခင္းအက်င္းမွာ  ျပည္သူဆႏၵအခ်ိဳ႕ကို ျမင္ရဖြယ္ရွိေနပါတယ္။ ဒီအတြက္ ေရွ႕ရက္ေတြမွာ ျမင္ရမယ့္ ပါတီေတြမဲဆြယ္ပြဲေတြက ဘာေတြ ျဖစ္လာႏိုင္သလဲဆိုတာ ေစာင့္ၾကည့္ရင္း ယခုရက္သတၱပတ္ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၇