【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အထိတ်တလန့်မီးနဲ့ စိုးရိမ်ဖွယ်ရာ ရခိုင်အခြေအနေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အထိတ်တလန့်မီးနဲ့ စိုးရိမ်ဖွယ်ရာ ရခိုင်အခြေအနေ

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ ပြည်တွင်းသတင်းတွေထဲမှာ စိတ်ပျက်ဖွယ်သတင်းတွေ၊ စိတ်အားတက်ဖွယ်သတင်းတွေနဲ့ ထိတ်လန့်ဖွယ်သတင်းတွေက တစ်ပတ်လုံးဖြစ်ခဲ့တဲ့ သတင်းအများစုကို ဖုံးထားခဲ့ပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့မှာ အမျိုးသားနှစ်ဦးကို ခေါင်းဖြတ်သတ်ခံရတဲ့သတင်း၊ မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ၊ တပ်ဘက်က ခေါင်းဆောင်တွေ ကျိုင်းတုံမှာ ယခုတစ်ပတ်ထဲ တွေ့ဆုံဆွေးနွေးမယ့်သတင်း၊ ဗစ်တိုးရီးယား ခြောက်ကြိမ်မြောက်ရုံးချိန်း သတင်းတွေက ယခုတစ်ပတ် အများပြည်သူစိတ်ဝင်စားခဲ့တဲ့ ထိပ်တန်းသတင်းတွေပါဘဲ။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန် (၁) ရှိ ဇာမဏီ ဖယောင်းသိုလှောင်ရုံမှာ Level (4) အဆင့်ထိ မီးလောင်ကျွမ်းမှု ကြီးမားလို့ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ညွှန်ကြားချက်လိုက်နာခြင်းမရှိလို့ တယ်လီနော၊ အူရီးဒူးနဲ့ မိုင်တဲလ်ကို ဆက်သွယ်ရေးက သတိပေးခဲ့ရတဲ့သတင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ အပါအဝင် တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်မှာ ပထမအကြိမ် တွေ့ဆုံမယ့်သတင်း၊ အရပ်သားများ၊ ရဲအရာရှိအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူအချို့ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က သတ်ဖြတ်တဲ့ စွပ်စွဲချက်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ငြင်းဆိုခဲ့တဲ့သတင်း၊  ဂျပန်နိုင်ငံသူတစ်ဦး မန္တလေးဈေးချို လူစည်ကားသောနေရာ၌ လုယက်ခံရတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

သတ်ဖြတ်မှုတွေနဲ့ စိုးရိမ်ဖွယ်ရာ ရခိုင်ပြည်နယ်အခြေအနေ    

ပဋိပက္ခတွေနဲ့ ထွေးလုံးပတ်ချာလည်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ မှုခင်းဖြစ်ရပ်ကတော့ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေနဲ့ ဒေသခံတွေအတွက် ကျောချမ်းစရာပါဘဲ။စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ ဈေးလယ်လမ်းမှာ အမျိုးသားနှစ်ဦးကို ခေါင်းဖြတ်သတ်ပြီး ပစ်ချထားခဲ့ပါတယ်။

အဆိုပါနေ့ facebook ပေါ် တက်လာတဲ့ ဓာတ်ပုံတွေအရ အမျိုးသားနှစ်ဦးစလုံး၏ ဦးခေါင်းကိုဖြတ်ပြီး ရင်ဘတ်ပေါ်တွင်တင်ထားကာ တစ်ဦးရဲ့ဝမ်းဗိုက်မှာ ဓားထိုးစိုက်ထားတဲ့ပုံကို တွေ့ရပါတယ်။ဒါဟာ ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဝင်ရောက်လာပြီးနောက်ပိုင်း အဆိုးဆုံးအခြေအနေဖြစ်သလို ယခုလို ဆိုးဆိုးဝါးဝါးသတ်ဖြတ်မှုဟာ  ဒေသခံပြည်သူတွေ အပါအဝင် တစ်နိုင်ငံလုံးက တွေ့မြင်သူတွေ အားလုံးအတွက် ရခိုင်ပြည်နယ်ကို အကြောင်းတစ်စုံတစ်ခုဖြစ်ရင် လာဖို့တောင် ခက်ခက်ခဲခဲစဉ်းစားရမယ့်အထိ ထိခိုက်ခဲ့ပါတယ်။

သတင်းတွေအရ စွပ်စွဲမှုတွေ အေအေနဲ့ တခြားအကြောင်းတွေကို တရားခံတပ်မှုတွေ ရှိပေမယ့် တပ်ဘက်ကတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက စိုးရိမ်စရာအခြေအနေ ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အေအေ လက်နက်ကိုင်တွေက အရပ်သားတွေ။ဒေသခံတွေထဲက ယခင် တပ်မတော်သား အငြိမ်းစားတွေ၊ လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေ၊ ၎င်းအဖွဲ့ကို မထောက်ခံတဲ့သူတွေကို သတ်ဖြတ်လုပ်ကြံမှုတွေ ဆက်တိုက်လုပ်နေရာမှာ အေအေ လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ ဒေသတွေထဲ တရားဥပဒေစိုးမိုးရေးက အတော်လေးကို ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အခြေအနေပါဘဲ။

တရားဝင်သတင်းတွေအရ ဒါဟာ အေအေ လက်ချက်လို့လည်း ဆိုသလို သတ်ဖြတ်ခံရသူတွေက ဆိုးသွမ်းတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ သတ်ဖြတ်တာလို့ ယူဆမှုတွေလည်း ရှိနေပါတယ်။သတင်းစာဖော်ပြချက်တွေမှာ ဒီသတ်ဖြတ်မှုအပေါ် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းစစ်ဆေးနေတဲ့အတွက် ဘာတွေဖြစ်လို့ ဒီလောက်ထိ အငြိုးတကြီး သတ်ဖြတ်ရသလဲ၊ ဒီနောက်မှာ ဘယ်အဖွဲ့တွေ ပါနေသလဲ၊ အားလုံးထိတ်လန့်ခဲ့ရတဲ့ ယခုခေါင်းဖြတ်သတ်ဖြတ်မှု နောက်ကွယ်က ရည်ရွယ်ချက်ကဘာလဲ အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်မလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။  

ရှမ်းမြောက်တစ်ခွင်လုံး ကုန်စည်စီးဆင်းမှုက အေအေ အပါအဝင် မြောက်ပိုင်းသုံးဖွဲ့ လက်ချက်ကြောင့် ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရပြီးနောက်မှာ ပြည်ပအိမ်နီးချင်းနိုင်ငံကြီးရဲ့ ကြားဝင်ဦးဆောင်မှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုက ပြန်အသက်ဝင်လာခဲ့ပါတယ်။ကျိုင်းတုံမှာ ပထမအကြိမ် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ရခိုင်လက်နက်ကိုင်၊ တအာင်းလက်နက်ကိုင်၊ ကိုးကန့်လက်နက်ကိုင်တွေ ဆွေးနွေးအပြီးမှာ သဘောတူညီချက် မည်မည်ရရမရှိခဲ့ပေမယ့် နောက်တစ်ကြိမ် ဆွေးနွေးပွဲအတွက် သိသာတဲ့ဖြစ်ထွန်းမှုတွေကို တွေ့ခဲ့ရပါတယ်။

ဒါဟာ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ AA ၊ TNLA ၊ MNDAA ၊ KIA စတဲ့ အဖွဲ့တွေအပေါ် တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ယခုဆွေးနွေးပွဲက ပိုအလုပ်ဖြစ်လာမယ့်သဘောကို တွေ့နေရတဲ့ သဘောပါဘဲ။တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုက တရုတ်အတွက် သတိထားစရာဖြစ်ခဲ့သလို အဲဒီဒေသကို အခြေခံထားတဲ့ Belt&Road စီမံကိန်းထဲ အဓိက တရုတ်နိုင်ငံအတွက် တောင်ဘက်ထွက်ပေါက်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲ တိုးလျှိုးပေါက်မယ့် ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေအတွက် ရှမ်းမြောက်ပိုင်း ဒေသတစ်ခွင် တည်ငြိမ်မှုက ဘယ်လောက်အရေးကြီးပြီလဲဆိုတာကို သတိထားမိပုံလဲ ရပါတယ်။ဒါကြောင့် နောက်တစ်ကြိမ် ဆွေးနွေးမှုမှာ တပ်ဘက်က ပါဝင်လာမှာဖြစ်ပြီး မြောက်ပိုင်းလေးဖွဲ့ အဆိုတင်တဲ့ နေရာအစား အစိုးရငြိမ်းချမ်းရေးကော်မရှင် အဆိုတင်တဲ့ ကျိုင်းတုံမှာဘဲ စက်တင်ဘာ ၁၆/၁၇ ရက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့  လက်ခံလိုက်တာ တွေ့ရပါတယ်။

ဒီလိုလက်မခံခင်မှာဘဲ မြောက်ပိုင်းသုံးဖွဲ့က စက်တင်ဘာ ၉ ရက်ကစ၍ တစ်လကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပါတယ်။ဒီကြေညာချက်က တပ်မတော်ဘက်က စက်တင်ဘာ ၂၁ ရက်ထိ အပစ်ရပ်ကြေညာချက် ထုတ်ပြန်ထားခြင်းနောက်မှ ထုတ်ပြန်ခဲ့တာပါ။ဒီအတွက် အဆိုပါဒေသတွေမှာ တစ်ဘက်ဘက်က တိုက်ခိုက်မှုတွေမရှိခဲ့ရင် သေနတ်သံဆိတ်နေမယ့် သဘောပါဘဲ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေတာဟာ မအေးချမ်းတဲ့ နိုင်ငံရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ယခုရက်သတ္တပတ်ထဲမှာဘဲ ရန်ကုန်မှာကျင်းပတဲ့ အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး ဆွေးနွေးပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးညီလာခံ မကျင်းပနိုင်ခြင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာနေမှုအပေါ် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမျှ အပြစ်မတင်ကြောင်းနဲ့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ဖို့ ပြောထားတယ်လို့ အစိုးရဘက်က သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောခဲ့တာရှိပါတယ်။ဒါဟာ ကောင်းမွန်တဲ့ဓလေ့ပါဘဲ။

ယခုလာမယ့် စက်တင်ဘာ ၁၆/၁၇ ရက်မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးမှုမှာ တပ်ဘက်က ပါလာတဲ့အတွက် မပြီးပြတ်သေးတဲ့ Bilateral အပစ်အခတ်ရပ်စဲရေး ပါဝင်လာဖို့ရှိပေမယ့် ပြီးပြတ်ဖို့တော့ မမြင်သေးပါဘူး။ဒါပေမယ့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့ဘက်မှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ရန် အစိုးရဘက်က ဖိတ်ကြားထားခြင်း၊ တပ်မတော်ခေါင်းဆောင်များ ပါလာနိုင်ခြင်းကြောင့် ယခင်ကထက် ပိုပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် သတင်းကောင်းတွေ လာမယ့်ရက်သတ္တပတ်ထဲ ကြားရဖွယ်ရှိနေပါတယ်။

အစိုးရနဲ့ တပ်ဘက်ရဲ့ ထင်ရှားတဲ့အရွေ့

ယခုရက်သတ္တပတ်ထဲမှာ ပြည်တွင်းနိုင်ငံရေးစောင့်ကြည့်သူတွေကြား တပ်မတော်ဘက်က ထင်ရှားသိသာတဲ့ လုပ်ဆောင်မှုတွေကို တွေ့ခဲ့ရပါတယ်။ဒီအကြောင်းမတိုင်ခင် မြန်မာဘက်က အသိအမှတ်မပြုဘဲ ကုလ လူ့အခွင့်အရေးကောင်စီက ကိုယ့်သဘောနဲ့ကိုယ် ဖွဲ့ထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) ကနေ မြန်မာနိုင်ငံနှင့် ပတ်သက်သော အထောက်အထားတွေကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို လွှဲပြောင်းပေးတယ်ဆိုပြီး စက်တင်ဘာ ၉ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းထုတ်ပြန်ချက်က မစ်ရှင်က ၂ နှစ်အတွင်း ရှာဖွေထားတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံ ပြင်ပတွင်ရှိသော မည်သည့်တရားရုံး၌မဆို ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုများအတွက် အသုံးပြုနိုင်စေဆိုတာ ပါတဲ့အတွက် ဒါဟာ တစ်ဖက်သတ်ဖြစ်သလို အချုပ်အခြာအာဏာ ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ သဘောလည်းဖြစ်ပါတယ်။ဒီလွှဲပြောင်းပေးတဲ့ အချက်တွေထဲမှာ အနောက်ဘက် အိမ်နီးချင်းနိုင်ငံက ပုံဖော်နေတဲ့ လိုလားချက်ဖြစ်တဲ့ save zone ဆိုတဲ့ ကိုယ်နိုင်ငံထဲ ကြားခံဇုန် ဖော်ဆောင်မယ်ဆိုတဲ့ ကျူးကျော်မှုကို အကူအညီဖြစ်စေမယ့် အချက်တွေ ပါလာမှာ အသေအချာပါပဲ။ဒီအတွက် ပြည်တွင်းမှာ မညီမညွတ်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျောချင်းကပ်ပြီး သတိကြီးစွာ စောင့်ကြည့်နေရဖို့  ရှိနေပါတယ်။

ဘာကြောင့်ဆို ယခုလ တတိယပတ်ထဲမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြောင့်ပါဘဲ။ဒီရက်ထဲမှာ  OIC ကြီးစိုးထားတဲ့ ကုလ လူ့အခွင့်အရေးကောင်စီဘက်က ယခုလိုဆောင်ရွက်မှုတွေရှိသလို လူ့အခွင့်အရေးလှုပ်ရှားတဲ့ နိုင်ငံတကာအဖွဲ့အများစု ပါဝင်တဲ့ အဖွဲ့အစည်း ၁၆ ခုက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို အိတ်ဖွင့်စာတစ်စောင်ကိုလည်း ယခုရက်သတ္တပတ်ထဲမှာဘဲ ပေးခဲ့ပါတယ်။ဒီအိတ်ဖွင့်စာထဲမှာ ကုလသမဂ္ဂရဲ့ ယန္တရားတွေ မြန်မာနိုင်ငံထဲ စုံစမ်းစစ်ဆေးခွင့်ရရှိရေး၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကနေ စစ်ဆေးစီရင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။အစိုးရဘက်ကတော့ ကုလသမဂ္ဂအနေနဲ့ ဘက်မလိုက်ဖို့၊ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျကျနဲ့ အပြုသဘောဖြစ်ဖို့ လိုမယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီလိုပြဿနာတွေ၊ တောင်းဆိုမှုတွေကြောင့် ယခုလ တတိယအပတ်ထဲ ကျင်းပမယ့် ကုလ အထွေထွေညီလာခံမှာ သေချာပေါက်နီးပါး မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အစီရင်ခံစာ တင်သွင်းတာတွေ ဆုံးဖြတ်ချက် အတည်ပြုတာတွေ ဆောင်ရွက်လာဖွယ် ရှိနေပါတယ်။ဒါကြောင့်လည်း ရခိုင်မြောက်ပိုင်းနဲ့ နှီးနွယ်ပြီး ယခုဖြစ်ရပ်တွေကြောင့် ကုလညီလာခံမှာ အစိုးရကို ဘာတွေဖိအားပေးမှုတွေ ဖြစ်လာမလဲ၊ အစိုးရဘက်က တုံ့ပြန်ဖို့ ဘာတွေပြင်ဆင်ထားသလဲ ဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။

ကုလရဲ့ ဒီလိုဖိအားပေးနဲ့ စွက်ဖက်မှုတွေ အကျိုးဆက်ကြောင့်ပဲ ယခုရက်သတ္တပတ်ထဲ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရည်ရွယ်ချက်ကောင်းပြီး နိုင်ငံပေါင်း ၁၇၃ နိုင်ငံ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အရပ်ဘက် လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ် (ICC-PR) မှာ မြန်မာနိုင်ငံဘက်က ပါဝင်လက်မှတ်ရေးထိုးဖို့  အဆိုဟာ မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်ခံခဲ့ရပါတယ်။

ယခုရက်သတ္တပတ်ထဲမှာဘဲ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဂျွန်းဗလီ အခြေခံဘာသာရေး စာသင်ကျောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ပြီး တပ်မတော်မိသားစုဝင်တွေက ရိက္ခာနှင့် အလှူငွေတွေ လာလှူခဲ့ပါတယ်။ဒါဟာ ဂျွန်းဗလီ စတည်ဆောက်ပြီးကတည်းက ပထမဆုံး နိုင်ငံတော်ထိပ်တန်းအဆင့် အကြီးအကဲတစ်ဦး လာရောက်တာဖြစ်လို့ ပြည်တွင်း ပြည်ပ မီဒီယာတွေကြား သတိပြုစရာ ဖြစ်ခဲ့ပါတယ်။ဒီလှူဒါန်းပွဲမှာ တပ်ချုပ်က “နွားကွဲရင် ကျားဆွဲမယ်ဆိုတာ ရှိပါတယ်။ကျွန်တော်တို့တစ်တွေ စည်းစည်းလုံးလုံးရှိမယ်ဆိုရင် ဘယ်သူကမှ ကျွန်တော်တို့ကို လာပြီးပြောလို့မရဘူး။ကျွန်တော်တို့တစ်တွေ စည်းစည်းလုံးလုံးမရှိရင်၊ ခင်ဗျားတို့လည်း ခင်ဗျားတို့အချင်းချင်း စည်းစည်းလုံးလုံးမရှိရင် အပြောခံရမှာပဲ။တပ်မတော်မှာ စည်းစည်းလုံးလုံးမရှိရင် အပြောခံရမှာပဲ။တပ်မတော်နဲ့ ပြည်သူ စည်းစည်းလုံးလုံးမရှိရင်လည်း အပြောခံရမယ်။ပြည်သူပြည်သားတွေ စည်းစည်းလုံးလုံးမရှိရင် အပြောခံရမယ်။ဒီထုံးကို အမြဲတမ်းနှလုံးမူကြပြီးတော့ ငါတို့ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ် ရှိကြပါ။သိပ်ပြီးတော့ အစွန်းမရောက်ဘဲနဲ့ ကောင်းအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ကြဖို့လိုပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း အစွန်းမရောက်ပါဘူး။ကျွန်တော်ကတော့ အားလုံးကို ညီညီညွတ်ညွတ်နဲ့ မျှမျှတတပဲ စဉ်းစားတယ်” လို့ ပြောခဲ့ပါတယ်။

အဆိုပါတစ်ရက်ထဲမှာဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မစိုးရိမ်တိုက်ဟောင်းနှင့် ဖာသာလဖုန်း ခရစ်ယာန်ကျောင်းတို့ကိုလည်း ရိက္ခာနှင့် အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ဒီခရီးစဉ်ဟာ ဘာသာရေးကြောင့် အစွန်းရောက်တရားတွေ ဖြစ်ထွန်းခဲ့တဲ့ မြန်မာနိုင်ငံအတွက် အကျိုးတရားတွေ များစွာဖြစ်ထွန်းခဲ့သလို ပြည်သူအားလုံးအတွက်လည်း စိတ်ချမ်းမြေ့စရာဖြစ်ခဲ့တဲ့ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

တပ်မတော်ဘက်က ယခုရက်သတ္တပတ်ထဲမှာဘဲ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွမ်ကို တရားစွဲဆိုထားတာကို ရုပ်သိမ်းပေးခဲ့ပါတယ်။ဒါဟာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွေ့ဆုံစဉ် ဒေါက်တာခလန်ဆမ်ဆွမ် ရဲ့ ပြောကြားခဲ့တာတွေက တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်ဆိုပြီး မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တရားစွဲထားတဲ့ အမှုပါ။ဒီတရားစွဲမှုကို တပ်ဘက်က ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ဒီလို တပ်ဘက်က ရုတ်သိမ်းခဲ့တဲ့အတွက် အမေရိကန်သံရုံးက ကြိုဆိုခဲ့သလို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘက်ကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလန်ဆန်ဆွမ် နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ဘာသာရေးနှင့် ပတ်သက်၍ ကိုးကွယ်သည့် ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပြီး ဖြစ်သည့်အတွက် ဘာသာရေးအကြောင်းပြကာ မလိုလားအပ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများ မဖြစ်စေလိုကြောင်း ပြောခဲ့ပါတယ်။

တိုင်းရင်းသားတွေနဲ့ ဘာသာရေးဆိုင်ရာခေါင်းဆောင်တွေနဲ့ဆက်ဆံရာမှာ ယခင်ကထက်ပိုမိုနီး ကပ် လာတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ အရွေ့ကြောင့် ပြည်တွင်းနိုင်ငံရေးအခြေအနေက အကောင်းဘက် ရောင်နီ သန်း လာခဲ့ပါတယ်။ရှေ့ဆက် ကုလလို နိုင်ငံတကာ အဖွဲ့အစည်းနဲ့ လူဦးရေပေါက်ကွဲနေတဲ့ အိမ်နီးချင်းနိုင်ငံ ကြောင့် ဖြစ်လာတဲ့ အနောက်ဘက် တံခါးပြဿနာကြောင့် နိုင်ငံတကာမှာ မြန်မာနိုင်ငံအနေနဲ့ သံတမန်ရေးရာ တိုက်ပွဲတွေ ခက်ခက်ခဲခဲရင်ဆိုင်ရနိုင်ချိန်မှာ ယခုလို ပြည်တွင်းမှာ ယုံကြည်မှုနဲ့ နားလည်မှုတည်ဆောက်တဲ့ လုပ်ဆောင်မှုတွေ့က ညီညွတ်မှုဖြစ်ထွန်းလာဖို့ အခြေခံကောင်းတွေမို့  စိတ်သက်သာစရာ ပါ။ရှေ့လျှောက် ဒီထက်ပိုကောင်းတဲ့ အခြေခံကောင်းတွေ ဘယ်လောက်ထိဖြစ်ထွန်းလာမလဲဆိုတာ ဆက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေအပြင် ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့များနဲ့ပတ်သက်ပြီး မည်သည့်ဌာနအဖွဲ့ အစည်းက တာဝန်ခံသလဲဆိုတာကို လွှတ်တော်မှာ မေးခဲ့တဲ့ သတင်း၊နမ့်စန်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးကျပ် ၁၀ ဘီလျံကျော် အမှုမှာပါဝင်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦး  ထွက်ပြေးတိမ်းရှောင်နေတဲ့ သတင်း၊ တစ်နိုင် ငံလုံးပစ် ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ရေး ထိုးခြင်းလေးနှစ်ပြည့် အထိမ်းအ မှတ်အခမ်း အနားကို ရက်ရွှေ့ကျင်းပရန် ညှိနှိုင်းနေတဲ့ သတင်း၊   သဘာဝဘေးဒဏ်ခံစား ခဲ့ရသူများအတွက် ကူညီလှူဒါန်း ခဲ့တဲ့နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာတစ်ဝန်းမှ အလှူရှင်များကို ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့တဲ့ သတင်း၊ မန္တလေးမြို့ရှိ မြဝတီမင်း ကြီးကျောင်း တိုက်ဆရာတော် အရှင်အရိယ ဝံသာဘိဝံသကို ပုဒ်မ  ၅၀၅ (က) နဲ့ အရေးယူပေးရန် တပ်မတော် အရာရှိ တစ်ဦးက  တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ သတင်း၊ မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်ရှိ နေအိမ်တစ် အိမ်မှာ အေအေလက် နက်ကိုင်အဖွဲ့ဝင်လို့ ယူဆရတဲ့ အမျိုးသားလေးဦးကို ဖမ်းဆီးရမိ ခဲ့တဲ့ သတင်း တွေလည်း ယခုတစ်ပတ်ထဲ ဖြစ်ခဲ့ပါတယ်။

အမှန်တရားပေါ်ထွန်းဖို့ နီးလာပြီလား

ယခုရက်သတ္တပတ်ထဲ ထင်ရှားတဲ့ အဖြစ်အပျက်က အများပြည်သူစိတ်ဝင်စားနေတဲ့ နေပြည်တော် ဗစ် တိုးရီးယားအမှု ခြောက်ကြိမ်မြောက် ရုံးချိန်းပါဘဲ။ ငါးကြိမ်မြောက်ရုံးချိန်းကတည်း စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ ဒီ အမှုဟာ အများပြည်သူအဖို့ လက်ရှိ ဖမ်းဆီးခံထားရတဲ့ယာဉ်မောင်းအောင်ကြီးက ဒီအမှုရဲ့ တရားခံဖြစ်ပါ့မလား ၊သူမဟုတ်ရင် ဘယ်သူဖြစ်မလဲ၊ ဖေမ်းဆီးခံထားရတဲ့ သူသာ တရားခံမဟုတ်ရင် ဘာကြောင့် အာဏာပိုင် တေ က တရားခံအဖြစ် ဖမ်းဆီးခဲ့တာလဲဆိုတာ အများပြည်သူက စိတ်ဝင်စားစေခဲ့တဲ့ အကြောင်းတစ်ရပ်ပါ။

ပြီးခဲ့တဲ့ ငါးကြိမ်မြောက်ရုံးချိန်းမှာ ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူ တင်သွင်းတဲ့ ဗီဒီယိုဖိုင်သက်သေကို တင်သွင်းကတည်းက အများပြည်သူအဖို့ ဒီအမှုအပေါ် စိတ်ဝင်စားမှုများခဲ့ပါတယ်။ ယခုခြောက်ကြိမ်မြောက်ရုံး ချိန်းမှာ ဗစ်တိုးရီးယားကို ဗွီဒီယိုကွန်ဖရန့်ဆင်းနှင့်မေးမှာဖြစ်တဲ့ အတွက် ဒီအမှုရဲ့ အရေးကြီးဆုံးစစ်ဆေးမှု အ ပိုင်းထဲ ရောက်လာခဲ့ပါတယ်။ဒီစစ်ဆေးမှုကနေ ကွဲပြားတဲ့ အဖြေတစ်ခုထွက်မှာ ဖြစ်တဲ့အတွက်လည်း အများ ပြည်သူကစောင့်ကြည့်ခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်က ပြုလုပ်တဲ့ ခြောက်ကြိမ်မြောက်ရုံးချိန်းမှာ သက်ဆိုင်ရာနယ်မြေ လွှတ်တော် ကိုယ်စားလှယ်တွေအပါအဝင် အများပြည်သူ တစ်ရာကျော်နဲ့ မီဒီယာတွေ စုံညီခဲ့ပါတယ်။ ဒီစစ်ဆေးမှုမှာ ကလေးငယ်က တရားသူကြီးရဲ့ ဉာဏ်စမ်းတွေကိုအောင်မြင်စွာဖြေဆိုပြီးနောက်မှာ သူကိုကျူးလွန်တဲ့ သူကို မှန်ကန်စွာဖြေဆိုခဲ့ပါတယ်။ ဒီဖြေဆိုချက်မှာ လက်ရှိဖမ်းဆီးထားတဲ့ ယာဉ်မောင်းအောင်ကြီးကို ကလေးငယ်က လုံးဝမသိဘဲ စဖြစ်ကတည်းက ပြောခဲ့တဲ့ ကလေးငယ်တက်ခဲ့တဲ့ ကျောင်းက ကိုကို အငယ်နဲ့ ကိုကိုအကြီးက ဘယ်လိုလုပ်တယ်ဆိုတာကိုသာ ပြောခဲ့ပါတယ်။

ဒီလိုကလေးငယ်ရဲ့ထွက်ဆိုချက်ကြောင့် ဖမ်းဆီးခံထားရသူ အောင်ကြီးအတွက် လွတ်လုနီးပါး မျှော် လင့်ချက်ရှိလာသလို အောင်ကြီးကို သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့သူတွေမှာလည်း ဖိအားရှိလာခဲ့ပြီဖြစ်ပါ တယ်။ အများပြည်သူအနေနဲ့  အောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဖြစ်သူပြောတဲ့ ဒီအမှု ကြောင့် ၎င်းအပေါ် ဖိအား၊အကျပ်ကိုင်မှုတွေရှိတယ်ဆိုတာတွေကြောင့် ဒီအမှု နောက်ကွယ်မှာ ဘာအကြောင်း တွေရှိနေလဲ ဆိုတာ အများပြည်သူနဲ့ မီဒီယာအတွက်စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ ဒီအမှု့မှာ အမှန်တရား အတွက် ကျူးလွန်ခံရသူကလေးငယ်နဲ့ အတူတကွ ပေါင်းပြီးပြည်သူတွေက တိုက်ပွဲဝင် ခဲ့တဲ့အတွက် နောက်ကွယ် ကလူတွေ အဖို့လည်း ထိတ်လန့်စရာပါ။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောခဲ့တဲ့ ဒီအမှုမှာ မှားယွင်းခဲ့ရင် တာဝန်ရှိတဲ့ သူတွေ တာဝန်ခံရမယ် တာဝန်ယူရမယ်ဆိုတဲ့ အတွက် ဒီအမှုကနေ မကြာခင်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမှာလဲ ၊ ဖမ်းဆီး ခံထားရတဲ့ အောင်ကြီးအာမခံရလာနိုင်သလား၊ ဘယ်သူတွေရဲ့ သတင်းတွေ ကြားရဦး မလဲဆိုတာလည်း စောင့် ကြည့်စရာပါ။

ယခုတစ်ပတ်နောက်ထပ်စိတ်ဝင်စားစရာကောင်းခဲ့တဲ့ သတင်းတစ်ပုဒ်က အင်းစိန်ရှိ BPI ဆေးဝါးစက်ရုံ မှူး ဒေါက်တာအောင်ဇော်ကို ဆေးဝါးထုပ်ပိုးပစ္စည်း များ ထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ် နည်း နဲ့ အညီဝယ်ယူခြင်းမရှိလို့ အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်တဲ့ သတင်းပါဘဲ။ ပုံမှန်အတိုင်းဆိုရင် ဒီသတင်းက သာမန် အဂတိလိုက်စားမှုကို ကော်မရှင်ကနေ အရေးယူတာဖြစ်ပေမယ့် BPI စက်ရုံမှူးကို ပထမ ဆုံးရုံးထုတ်ချိန်မှာ စက်ရုံက ဝန်ထမ်း ၁၀၀ ကျော်က ယူနီဖောင်း အပြည့်အစုံဝတ်ဆင်၍ လာရောက်ဝန်း ရံခဲ့တဲ့ အတွက် ဒီဖြစ်စဉ်ဟာ အများပြည်သူကြား စဉ်းစားတွေးတောစရာဖြစ်လာခဲ့ပါတယ်။

စက်ရုံမှူးကို လာရောက်ဝန်းရံသူတွေက ယခုဖြစ်စဉ်တွင် စက် ရုံမှူးမှာ အပြစ်မရှိဟု ယုံကြည်လို့ လာ ရောက်ဝန်းရံ တာလို့ ဆိုသလို ဖမ်းဆီးခံရသူကလည်း ယခုလိုဖမ်းဆီးခံရမှုအပေါ် ပေါ့ပေါ့ပါးပါးရှိနေတဲ့ အတွက် ဒီဖြစ်စဉ်ဟာ အများပြည်သူနဲ့ မီဒီယာကြား စိတ်ဝင်စားမှုပိုခဲ့ပါတယ်။ ဒီမတိုင်ခင်က နေပြည်တော် စည်ပင် အရာ ရှိ ကိစ္စမှာ လုပ်ငန်းရှင်ဘက်က လိမ်လည်တိုင်ကြားတာပေါ်ပေါက်ခဲ့လို့ ပြန်လွှတ်ပေးခဲ့ရတာလည်း ရှိခဲ့တဲ့ အ တွက် လူမှုကွန်ရက်မှာ ယခုဖြစ်ရပ်ကို သတိထားကိုင်တွယ်စစ်ဆေးဖို့ အဂတိလိုက်စားမှုကော်မရှင်ကို တိုက် တွန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါအပြင် BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်အပေါ် အဂတိကော်မ ရှင်၏ စစ်ဆေး အရေးယူမှုများနှင့် ပတ် သက်၍ လူမှုကွန်ရက် စာ မျက်နှာများပေါ်တွင် ဝေဖန်ရေး သားမှုများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်ခဲ့တာ လည်း ထူးခြားမှုတစ်ခုပါ။

ကော်မရှင်ဘက်က ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ချက်ထုတ်ကာ ဆေးဝါး စက်ရုံ (အင်းစိန်)စက်ရုံမှူး နှင့် အရာထမ်း၊ အမှု ထမ်းများ၏ ကြိုးစားအားထုတ်အောင်မြင်မှုများကို အသိအမှတ် ပြုပြီး ဝန်ထမ်းများ၏ ထောက်ခံချက်ကိုလည်း စဉ်းစားခဲ့ကြောင်း ၊ ယခုကိစ္စမှာ ဥပဒေနဲ့အညီ အရေးယူဖို့ ခိုင် လုံတဲ့ အထောက်အထားပေါ်ပေါက်နေတဲ့အပြင် ရေရှည်မှာ အများပြည်သူအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာ နိုင်ခြေရှိလို့ ဥပဒေအရ အရေးယူရန် ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ယခုအဂတိလိုက်စားမှုအတွက် အရေးယူတဲ့ အမှုက ထူးခြားနေသလို ယခင်အရေးယူခဲ့တဲ့ အမှုတွေလို မဟုတ်ဘဲ သာမန်အောက်ခြေစက်ရုံဝန်ထမ်းတွေကိုယ်တိုင် အလုပ်ဖျက်ပြီး လာရောက်ဝန်းရံခဲ့ကြတာဖြစ်လို့ ဘယ်ဘက်က မှားနေသလဲဆိုတာ စိတ်ဝင်စားစရာပါဘဲ။ ဘယ်သူကမှားသလဲ ၊ဘယ်နေရာတွေမှားနေ သလဲ၊ တစ်ကယ်ဘဲ အဂတိလိုက်စားခဲ့သလားဆိုတာ များမကြာခင်မှာ အများပြည်သူကြားထင်ထင်ရှားရှား မြင်တွေ့ရ ဖွယ်ရှိနေလို့ ဒီသတင်းကလည်း ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ယခုသတင်းက ဒီတစ်ပတ် စိတ်ဝင်စားဖွယ်ရာ သတင်းတွေထဲက အင်းစိန်မြို့နယ် ရထားရဲတပ်ဖွဲ့ ရဲအရာခံတစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှူးဟုဆိုကာ  ငွေကျပ် ၁၃ သိန်း လိမ်လည်သွားတဲ့ သတင်း ၊ရန်ကုန်တွင် ကရင်အာ ဇာနည်နေ့အခမ်းအနားဦးဆောင်ကျင်းပမှုကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲခံရသူ သုံးဦးအနက် ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ နော်အုံးလှကို ကျောက်တံတားမြို့နယ် တရား ရုံးတွင် ယမန်နေ့က ပထမအကြိမ် ရုံးထုတ်ခဲ့တဲ့ သတင်း၊  ပြည်သူတစ်ဦးက သတင်း ပေးတိုင်ကြားမှုကြောင့် မော် လမြိုင်မြို့ရှိ ကျောက်မီးသွေးရုံ ငါး၊ ပုစွန်လက်ကားဈေးရှိ ငါးနှပ်များတွင် တာရှည်ခံ ဓာတုဆေးရည် (Formalin) ထည့်သွင်းသုံးစွဲထားသည်ကို စစ်ဆေးတွေ့ခဲ့ရှိရတဲ့ သတင်း၊သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုနှစ်ထဲ တစ်နိုင်ငံလုံးတွင် လူ ၆၈ ဦး သေဆုံးခဲ့တဲ့ သတင်း၊ အလုပ်သမားခေါင်းဆောင်များအပေါ် တရားစွဲဆိုထားလို့ ပုသိမ်ရှိ အထည်ချုပ်စက်ရုံခုနစ်ရုံ မှ လုပ်သားဦးရေ ထောင် နှင့်ချီ ကာ ဆန္ဒပြခဲ့တဲ့ သတင်း၊ တပ်မတော် နည်း ပညာတက္ကသိုလ်(DSTA)တိုက်ခိုက်မှု နှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်း ဆီးစစ်ဆေးခံနေရသော ရှမ်း ပရ ဟိတကျောင်းဆရာညီအစ်ကိုနှစ်ဦး အာမခံဖြင့် အမှုရင် ဆိုင်ခွင့်ရရှိခဲ့တဲ့ သတင်းတွေထဲ ဆက်စောင့် ကြည့်ရမယ့် သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင် ယခုရက်သတ္တပတ်သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၁၃

( Zawgyi )

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ ျပည္တြင္းသတင္းေတြထဲမွာ စိတ္ပ်က္ဖြယ္သတင္းေတြ၊ စိတ္အားတက္ဖြယ္သတင္းေတြနဲ႔ ထိတ္လန႔္ဖြယ္သတင္းေတြက တစ္ပတ္လုံးျဖစ္ခဲ့တဲ့ သတင္းအမ်ားစုကို ဖုံးထားခဲ့ပါတယ္။အထူးသျဖင့္ ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ကမ္းေထာင့္ႀကီးၿမိဳ႕မွာ အမ်ိဳးသားႏွစ္ဦးကို ေခါင္းျဖတ္သတ္ခံရတဲ့သတင္း၊ ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရ၊ တပ္ဘက္က ေခါင္းေဆာင္ေတြ က်ိဳင္းတုံမွာ ယခုတစ္ပတ္ထဲ ေတြ႕ဆုံေဆြးေႏြးမယ့္သတင္း၊ ဗစ္တိုးရီးယား ေျခာက္ႀကိမ္ေျမာက္႐ုံးခ်ိန္း သတင္းေတြက ယခုတစ္ပတ္ အမ်ားျပည္သူစိတ္ဝင္စားခဲ့တဲ့ ထိပ္တန္းသတင္းေတြပါဘဲ။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ စက္မႈဇုန္ (၁) ရွိ ဇာမဏီ ဖေယာင္းသိုေလွာင္႐ုံမွာ Level (4) အဆင့္ထိ မီးေလာင္ကြၽမ္းမႈ ႀကီးမားလို႔ မီးသတ္တပ္ဖြဲ႕ဝင္ ၁၂ ဦးႏွင့္ အရပ္သားငါးဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ၫႊန္ၾကားခ်က္လိုက္နာျခင္းမရွိလို႔ တယ္လီေနာ၊ အူရီးဒူးနဲ႔ မိုင္တဲလ္ကို ဆက္သြယ္ေရးက သတိေပးခဲ့ရတဲ့သတင္း၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ တနသၤာရီတိုင္းအစိုးရအဖြဲ႕ အပါအဝင္ တိုင္းအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေနျပည္ေတာ္မွာ ပထမအႀကိမ္ ေတြ႕ဆုံမယ့္သတင္း၊ အရပ္သားမ်ား၊ ရဲအရာရွိအခ်ိဳ႕ႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးပိုင္းမွ တာဝန္ရွိသူအခ်ိဳ႕ကို ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) က သတ္ျဖတ္တဲ့ စြပ္စြဲခ်က္ကို ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) က ျငင္းဆိုခဲ့တဲ့သတင္း၊  ဂ်ပန္ႏိုင္ငံသူတစ္ဦး မႏၲေလးေဈးခ်ိဳ လူစည္ကားေသာေနရာ၌ လုယက္ခံရတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

သတ္ျဖတ္မႈေတြနဲ႔ စိုးရိမ္ဖြယ္ရာ ရခိုင္ျပည္နယ္အေျခအေန    

ပဋိပကၡေတြနဲ႔ ေထြးလုံးပတ္ခ်ာလည္ေနတဲ့ ရခိုင္ျပည္နယ္ထဲမွာ ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ မႈခင္းျဖစ္ရပ္ကေတာ့ ရခိုင္ျပည္နယ္မွာ ေနထိုင္သူေတြနဲ႔ ေဒသခံေတြအတြက္ ေက်ာခ်မ္းစရာပါဘဲ။စက္တင္ဘာ ၁၀ ရက္ နံနက္ပိုင္းက ေျမပုံၿမိဳ႕နယ္ ကမ္းေထာင့္ႀကီးၿမိဳ႕ ေဈးလယ္လမ္းမွာ အမ်ိဳးသားႏွစ္ဦးကို ေခါင္းျဖတ္သတ္ၿပီး ပစ္ခ်ထားခဲ့ပါတယ္။

အဆိုပါေန႔ facebook ေပၚ တက္လာတဲ့ ဓာတ္ပုံေတြအရ အမ်ိဳးသားႏွစ္ဦးစလုံး၏ ဦးေခါင္းကိုျဖတ္ၿပီး ရင္ဘတ္ေပၚတြင္တင္ထားကာ တစ္ဦးရဲ႕ဝမ္းဗိုက္မွာ ဓားထိုးစိုက္ထားတဲ့ပုံကို ေတြ႕ရပါတယ္။ဒါဟာ ရခိုင္ျပည္နယ္အတြင္း ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ဝင္ေရာက္လာၿပီးေနာက္ပိုင္း အဆိုးဆုံးအေျခအေနျဖစ္သလို ယခုလို ဆိုးဆိုးဝါးဝါးသတ္ျဖတ္မႈဟာ  ေဒသခံျပည္သူေတြ အပါအဝင္ တစ္ႏိုင္ငံလုံးက ေတြ႕ျမင္သူေတြ အားလုံးအတြက္ ရခိုင္ျပည္နယ္ကို အေၾကာင္းတစ္စုံတစ္ခုျဖစ္ရင္ လာဖို႔ေတာင္ ခက္ခက္ခဲခဲစဥ္းစားရမယ့္အထိ ထိခိုက္ခဲ့ပါတယ္။

သတင္းေတြအရ စြပ္စြဲမႈေတြ ေအေအနဲ႔ တျခားအေၾကာင္းေတြကို တရားခံတပ္မႈေတြ ရွိေပမယ့္ တပ္ဘက္ကေတာ့ ရခိုင္ျပည္နယ္ရဲ႕ အေျခအေနက စိုးရိမ္စရာအေျခအေန ျဖစ္ေနၿပီလို႔ ေျပာခဲ့ပါတယ္။ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ေအေအ လက္နက္ကိုင္ေတြက အရပ္သားေတြ။ေဒသခံေတြထဲက ယခင္ တပ္မေတာ္သား အၿငိမ္းစားေတြ၊ လက္ရွိ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ အစိုးရဌာနဆိုင္ရာေတြ၊ ၎အဖြဲ႕ကို မေထာက္ခံတဲ့သူေတြကို သတ္ျဖတ္လုပ္ႀကံမႈေတြ ဆက္တိုက္လုပ္ေနရာမွာ ေအေအ လက္နက္ကိုင္ေတြ လႈပ္ရွားေနတဲ့ ေဒသေတြထဲ တရားဥပေဒစိုးမိုးေရးက အေတာ္ေလးကို ဆိုးဆိုး႐ြား႐ြားျဖစ္ေနတဲ့ အေျခအေနပါဘဲ။

တရားဝင္သတင္းေတြအရ ဒါဟာ ေအေအ လက္ခ်က္လို႔လည္း ဆိုသလို သတ္ျဖတ္ခံရသူေတြက ဆိုးသြမ္းတဲ့အတြက္ ပုဂၢိဳလ္ေရးအရ သတ္ျဖတ္တာလို႔ ယူဆမႈေတြလည္း ရွိေနပါတယ္။သတင္းစာေဖာ္ျပခ်က္ေတြမွာ ဒီသတ္ျဖတ္မႈအေပၚ ရဲတပ္ဖြဲ႕က အပူတျပင္း စုံစမ္းစစ္ေဆးေနတဲ့အတြက္ ဘာေတြျဖစ္လို႔ ဒီေလာက္ထိ အၿငိဳးတႀကီး သတ္ျဖတ္ရသလဲ၊ ဒီေနာက္မွာ ဘယ္အဖြဲ႕ေတြ ပါေနသလဲ၊ အားလုံးထိတ္လန႔္ခဲ့ရတဲ့ ယခုေခါင္းျဖတ္သတ္ျဖတ္မႈ ေနာက္ကြယ္က ရည္႐ြယ္ခ်က္ကဘာလဲ အမႈမွန္ေပၚေပါက္ေအာင္ ေဖာ္ထုတ္ႏိုင္မလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။  

ရွမ္းေျမာက္တစ္ခြင္လုံး ကုန္စည္စီးဆင္းမႈက ေအေအ အပါအဝင္ ေျမာက္ပိုင္းသုံးဖြဲ႕ လက္ခ်က္ေၾကာင့္ ရပ္ဆိုင္းလုနီးပါး ျဖစ္ခဲ့ရၿပီးေနာက္မွာ ျပည္ပအိမ္နီးခ်င္းႏိုင္ငံႀကီးရဲ႕ ၾကားဝင္ဦးေဆာင္မႈနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈက ျပန္အသက္ဝင္လာခဲ့ပါတယ္။က်ိဳင္းတုံမွာ ပထမအႀကိမ္ အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ရခိုင္လက္နက္ကိုင္၊ တအာင္းလက္နက္ကိုင္၊ ကိုးကန႔္လက္နက္ကိုင္ေတြ ေဆြးေႏြးအၿပီးမွာ သေဘာတူညီခ်က္ မည္မည္ရရမရွိခဲ့ေပမယ့္ ေနာက္တစ္ႀကိမ္ ေဆြးေႏြးပြဲအတြက္ သိသာတဲ့ျဖစ္ထြန္းမႈေတြကို ေတြ႕ခဲ့ရပါတယ္။

ဒါဟာ ေျမာက္ပိုင္း မဟာမိတ္ေလးဖြဲ႕ျဖစ္တဲ့ AA ၊ TNLA ၊ MNDAA ၊ KIA စတဲ့ အဖြဲ႕ေတြအေပၚ တ႐ုတ္ႏိုင္ငံရဲ႕ ဖိအားေပးမႈေၾကာင့္ ယခုေဆြးေႏြးပြဲက ပိုအလုပ္ျဖစ္လာမယ့္သေဘာကို ေတြ႕ေနရတဲ့ သေဘာပါဘဲ။တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးလမ္းေၾကာင္း ျပတ္ေတာက္မႈက တ႐ုတ္အတြက္ သတိထားစရာျဖစ္ခဲ့သလို အဲဒီေဒသကို အေျခခံထားတဲ့ Belt&Road စီမံကိန္းထဲ အဓိက တ႐ုတ္ႏိုင္ငံအတြက္ ေတာင္ဘက္ထြက္ေပါက္ျဖစ္တဲ့ ဘဂၤလားပင္လယ္ေအာ္ထဲ တိုးလွ်ိဳးေပါက္မယ့္ ရထားလမ္း၊ ကားလမ္းစီမံကိန္းေတြအတြက္ ရွမ္းေျမာက္ပိုင္း ေဒသတစ္ခြင္ တည္ၿငိမ္မႈက ဘယ္ေလာက္အေရးႀကီးၿပီလဲဆိုတာကို သတိထားမိပုံလဲ ရပါတယ္။ဒါေၾကာင့္ ေနာက္တစ္ႀကိမ္ ေဆြးေႏြးမႈမွာ တပ္ဘက္က ပါဝင္လာမွာျဖစ္ၿပီး ေျမာက္ပိုင္းေလးဖြဲ႕ အဆိုတင္တဲ့ ေနရာအစား အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ အဆိုတင္တဲ့ က်ိဳင္းတုံမွာဘဲ စက္တင္ဘာ ၁၆/၁၇ ရက္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ က်င္းပဖို႔  လက္ခံလိုက္တာ ေတြ႕ရပါတယ္။

ဒီလိုလက္မခံခင္မွာဘဲ ေျမာက္ပိုင္းသုံးဖြဲ႕က စက္တင္ဘာ ၉ ရက္ကစ၍ တစ္လၾကာ တစ္ဖက္သတ္ အပစ္အခတ္ရပ္ဆိုင္းမည္ဟု ေၾကညာခဲ့ပါတယ္။ဒီေၾကညာခ်က္က တပ္မေတာ္ဘက္က စက္တင္ဘာ ၂၁ ရက္ထိ အပစ္ရပ္ေၾကညာခ်က္ ထုတ္ျပန္ထားျခင္းေနာက္မွ ထုတ္ျပန္ခဲ့တာပါ။ဒီအတြက္ အဆိုပါေဒသေတြမွာ တစ္ဘက္ဘက္က တိုက္ခိုက္မႈေတြမရွိခဲ့ရင္ ေသနတ္သံဆိတ္ေနမယ့္ သေဘာပါဘဲ။

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ရပ္တန႔္ေနတာဟာ မေအးခ်မ္းတဲ့ ႏိုင္ငံေရးအတြက္ ေကာင္းမြန္တဲ့ လကၡဏာေတာ့ မဟုတ္ပါဘူး။ယခုရက္သတၱပတ္ထဲမွာဘဲ ရန္ကုန္မွာက်င္းပတဲ့ အစိုးရႏွင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ေတြ႕ဆုံတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေရွ႕ဆက္ႏိုင္ေရး ေဆြးေႏြးပြဲမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ၿငိမ္းခ်မ္းေရးညီလာခံ မက်င္းပႏိုင္ျခင္း အပါအဝင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ၾကန႔္ၾကာေနမႈအေပၚ မည္သည့္ပုဂၢိဳလ္အဖြဲ႕အစည္းကိုမွ် အျပစ္မတင္ေၾကာင္းနဲ႔ ဘယ္သူ႔ကိုမွလည္း အျပစ္မတင္ဖို႔ ေျပာထားတယ္လို႔ အစိုးရဘက္က သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ေျပာခဲ့တာရွိပါတယ္။ဒါဟာ ေကာင္းမြန္တဲ့ဓေလ့ပါဘဲ။

ယခုလာမယ့္ စက္တင္ဘာ ၁၆/၁၇ ရက္မွာ က်င္းပမယ့္ ေတြ႕ဆုံေဆြးေႏြးမႈမွာ တပ္ဘက္က ပါလာတဲ့အတြက္ မၿပီးျပတ္ေသးတဲ့ Bilateral အပစ္အခတ္ရပ္စဲေရး ပါဝင္လာဖို႔ရွိေပမယ့္ ၿပီးျပတ္ဖို႔ေတာ့ မျမင္ေသးပါဘူး။ဒါေပမယ့္ ေျမာက္ပိုင္းလက္နက္ကိုင္ ေလးဖြဲ႕ဘက္မွ အဆင့္ျမင့္ကိုယ္စားလွယ္မ်ား တက္ေရာက္ရန္ အစိုးရဘက္က ဖိတ္ၾကားထားျခင္း၊ တပ္မေတာ္ေခါင္းေဆာင္မ်ား ပါလာႏိုင္ျခင္းေၾကာင့္ ယခင္ကထက္ ပိုၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ သတင္းေကာင္းေတြ လာမယ့္ရက္သတၱပတ္ထဲ ၾကားရဖြယ္ရွိေနပါတယ္။

အစိုးရနဲ႔ တပ္ဘက္ရဲ႕ ထင္ရွားတဲ့အေ႐ြ႕

ယခုရက္သတၱပတ္ထဲမွာ ျပည္တြင္းႏိုင္ငံေရးေစာင့္ၾကည့္သူေတြၾကား တပ္မေတာ္ဘက္က ထင္ရွားသိသာတဲ့ လုပ္ေဆာင္မႈေတြကို ေတြ႕ခဲ့ရပါတယ္။ဒီအေၾကာင္းမတိုင္ခင္ ျမန္မာဘက္က အသိအမွတ္မျပဳဘဲ ကုလ လူ႔အခြင့္အေရးေကာင္စီက ကိုယ့္သေဘာနဲ႔ကိုယ္ ဖြဲ႕ထားတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ၏ အခ်က္အလက္ရွာေဖြေရး မစ္ရွင္ (FFM) ကေန ျမန္မာႏိုင္ငံႏွင့္ ပတ္သက္ေသာ အေထာက္အထားေတြကို လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရား (IIMM) ကို လႊဲေျပာင္းေပးတယ္ဆိုၿပီး စက္တင္ဘာ ၉ ရက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီသတင္းထုတ္ျပန္ခ်က္က မစ္ရွင္က ၂ ႏွစ္အတြင္း ရွာေဖြထားတဲ့ အခ်က္အလက္ေတြကို ျမန္မာႏိုင္ငံ ျပင္ပတြင္ရွိေသာ မည္သည့္တရား႐ုံး၌မဆို ရာဇဝတ္မႈဆိုင္ရာ တရားစီရင္မႈမ်ားအတြက္ အသုံးျပဳႏိုင္ေစဆိုတာ ပါတဲ့အတြက္ ဒါဟာ တစ္ဖက္သတ္ျဖစ္သလို အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္တဲ့ ႏိုင္ငံတစ္ခုရဲ႕ ျပည္တြင္းေရးကို ဝင္စြက္ဖက္တဲ့ သေဘာလည္းျဖစ္ပါတယ္။ဒီလႊဲေျပာင္းေပးတဲ့ အခ်က္ေတြထဲမွာ အေနာက္ဘက္ အိမ္နီးခ်င္းႏိုင္ငံက ပုံေဖာ္ေနတဲ့ လိုလားခ်က္ျဖစ္တဲ့ save zone ဆိုတဲ့ ကိုယ္ႏိုင္ငံထဲ ၾကားခံဇုန္ ေဖာ္ေဆာင္မယ္ဆိုတဲ့ က်ဴးေက်ာ္မႈကို အကူအညီျဖစ္ေစမယ့္ အခ်က္ေတြ ပါလာမွာ အေသအခ်ာပါပဲ။ဒီအတြက္ ျပည္တြင္းမွာ မညီမၫြတ္ျဖစ္ေနတဲ့ အဖြဲ႕အစည္းေတြအေနနဲ႔ ေက်ာခ်င္းကပ္ၿပီး သတိႀကီးစြာ ေစာင့္ၾကည့္ေနရဖို႔  ရွိေနပါတယ္။

ဘာေၾကာင့္ဆို ယခုလ တတိယပတ္ထဲမွာ က်င္းပမယ့္ ကုလသမဂၢ အေထြေထြညီလာခံေၾကာင့္ပါဘဲ။ဒီရက္ထဲမွာ  OIC ႀကီးစိုးထားတဲ့ ကုလ လူ႔အခြင့္အေရးေကာင္စီဘက္က ယခုလိုေဆာင္႐ြက္မႈေတြရွိသလို လူ႔အခြင့္အေရးလႈပ္ရွားတဲ့ ႏိုင္ငံတကာအဖြဲ႕အမ်ားစု ပါဝင္တဲ့ အဖြဲ႕အစည္း ၁၆ ခုက ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ကုလသမဂၢကို အိတ္ဖြင့္စာတစ္ေစာင္ကိုလည္း ယခုရက္သတၱပတ္ထဲမွာဘဲ ေပးခဲ့ပါတယ္။ဒီအိတ္ဖြင့္စာထဲမွာ ကုလသမဂၢရဲ႕ ယႏၲရားေတြ ျမန္မာႏိုင္ငံထဲ စုံစမ္းစစ္ေဆးခြင့္ရရွိေရး၊ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢကေန စစ္ေဆးစီရင္ဖို႔ ဆိုတာေတြ ပါဝင္ပါတယ္။အစိုးရဘက္ကေတာ့ ကုလသမဂၢအေနနဲ႔ ဘက္မလိုက္ဖို႔၊ ျပႆနာကို ေျဖရွင္းတဲ့ေနရာမွာ လက္ေတြ႕က်က်နဲ႔ အျပဳသေဘာျဖစ္ဖို႔ လိုမယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ ကန႔္ကြက္ေျပာဆိုခဲ့တာေတြ ရွိခဲ့ပါတယ္။

ဒီလိုျပႆနာေတြ၊ ေတာင္းဆိုမႈေတြေၾကာင့္ ယခုလ တတိယအပတ္ထဲ က်င္းပမယ့္ ကုလ အေထြေထြညီလာခံမွာ ေသခ်ာေပါက္နီးပါး ျမန္မာႏိုင္ငံအေရးႏွင့္ ပတ္သက္ၿပီး အစီရင္ခံစာ တင္သြင္းတာေတြ ဆုံးျဖတ္ခ်က္ အတည္ျပဳတာေတြ ေဆာင္႐ြက္လာဖြယ္ ရွိေနပါတယ္။ဒါေၾကာင့္လည္း ရခိုင္ေျမာက္ပိုင္းနဲ႔ ႏွီးႏြယ္ၿပီး ယခုျဖစ္ရပ္ေတြေၾကာင့္ ကုလညီလာခံမွာ အစိုးရကို ဘာေတြဖိအားေပးမႈေတြ ျဖစ္လာမလဲ၊ အစိုးရဘက္က တုံ႔ျပန္ဖို႔ ဘာေတြျပင္ဆင္ထားသလဲ ဆိုတာကိုလည္း ေစာင့္ၾကည့္ရဦးမွာပါ။

ကုလရဲ႕ ဒီလိုဖိအားေပးနဲ႔ စြက္ဖက္မႈေတြ အက်ိဳးဆက္ေၾကာင့္ပဲ ယခုရက္သတၱပတ္ထဲ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ရည္႐ြယ္ခ်က္ေကာင္းၿပီး ႏိုင္ငံေပါင္း ၁၇၃ ႏိုင္ငံ ပါဝင္ လက္မွတ္ေရးထိုးထားတဲ့ အရပ္ဘက္ လူထုဆိုင္ရာႏွင့္ ႏိုင္ငံေရးဆိုင္ရာ ရပိုင္ခြင့္မ်ားႏွင့္ သက္ဆိုင္ေသာ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ (ICC-PR) မွာ ျမန္မာႏိုင္ငံဘက္က ပါဝင္လက္မွတ္ေရးထိုးဖို႔  အဆိုဟာ မွတ္တမ္းတင္ဖို႔သာ ဆုံးျဖတ္ခံခဲ့ရပါတယ္။

ယခုရက္သတၱပတ္ထဲမွာဘဲ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ ဂြၽန္းဗလီ အေျခခံဘာသာေရး စာသင္ေက်ာင္းကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ လာေရာက္ၿပီး တပ္မေတာ္မိသားစုဝင္ေတြက ရိကၡာႏွင့္ အလႉေငြေတြ လာလႉခဲ့ပါတယ္။ဒါဟာ ဂြၽန္းဗလီ စတည္ေဆာက္ၿပီးကတည္းက ပထမဆုံး ႏိုင္ငံေတာ္ထိပ္တန္းအဆင့္ အႀကီးအကဲတစ္ဦး လာေရာက္တာျဖစ္လို႔ ျပည္တြင္း ျပည္ပ မီဒီယာေတြၾကား သတိျပဳစရာ ျဖစ္ခဲ့ပါတယ္။ဒီလႉဒါန္းပြဲမွာ တပ္ခ်ဳပ္က “ႏြားကြဲရင္ က်ားဆြဲမယ္ဆိုတာ ရွိပါတယ္။ကြၽန္ေတာ္တို႔တစ္ေတြ စည္းစည္းလုံးလုံးရွိမယ္ဆိုရင္ ဘယ္သူကမွ ကြၽန္ေတာ္တို႔ကို လာၿပီးေျပာလို႔မရဘူး။ကြၽန္ေတာ္တို႔တစ္ေတြ စည္းစည္းလုံးလုံးမရွိရင္၊ ခင္ဗ်ားတို႔လည္း ခင္ဗ်ားတို႔အခ်င္းခ်င္း စည္းစည္းလုံးလုံးမရွိရင္ အေျပာခံရမွာပဲ။တပ္မေတာ္မွာ စည္းစည္းလုံးလုံးမရွိရင္ အေျပာခံရမွာပဲ။တပ္မေတာ္နဲ႔ ျပည္သူ စည္းစည္းလုံးလုံးမရွိရင္လည္း အေျပာခံရမယ္။ျပည္သူျပည္သားေတြ စည္းစည္းလုံးလုံးမရွိရင္ အေျပာခံရမယ္။ဒီထုံးကို အၿမဲတမ္းႏွလုံးမူၾကၿပီးေတာ့ ငါတို႔ေကာင္းေအာင္လုပ္မယ္ဆိုတဲ့စိတ္ ရွိၾကပါ။သိပ္ၿပီးေတာ့ အစြန္းမေရာက္ဘဲနဲ႔ ေကာင္းေအာင္လုပ္မယ္ဆိုတဲ့ စိတ္နဲ႔ လုပ္ၾကဖို႔လိုပါတယ္။ကြၽန္ေတာ္ကိုယ္တိုင္လည္း အစြန္းမေရာက္ပါဘူး။ကြၽန္ေတာ္ကေတာ့ အားလုံးကို ညီညီၫြတ္ၫြတ္နဲ႔ မွ်မွ်တတပဲ စဥ္းစားတယ္” လို႔ ေျပာခဲ့ပါတယ္။

အဆိုပါတစ္ရက္ထဲမွာဘဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ မစိုးရိမ္တိုက္ေဟာင္းႏွင့္ ဖာသာလဖုန္း ခရစ္ယာန္ေက်ာင္းတို႔ကိုလည္း ရိကၡာႏွင့္ အလႉေငြေတြ သြားေရာက္လႉဒါန္းခဲ့ပါတယ္။ဒီခရီးစဥ္ဟာ ဘာသာေရးေၾကာင့္ အစြန္းေရာက္တရားေတြ ျဖစ္ထြန္းခဲ့တဲ့ ျမန္မာႏိုင္ငံအတြက္ အက်ိဳးတရားေတြ မ်ားစြာျဖစ္ထြန္းခဲ့သလို ျပည္သူအားလုံးအတြက္လည္း စိတ္ခ်မ္းေျမ့စရာျဖစ္ခဲ့တဲ့ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။

တပ္မေတာ္ဘက္က ယခုရက္သတၱပတ္ထဲမွာဘဲ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒါက္တာခလန္ဆမ္ဆြမ္ကို တရားစြဲဆိုထားတာကို ႐ုပ္သိမ္းေပးခဲ့ပါတယ္။ဒါဟာ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ ဥကၠ႒နဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေတြ႕ဆုံစဥ္ ေဒါက္တာခလန္ဆမ္ဆြမ္ ရဲ႕ ေျပာၾကားခဲ့တာေတြက တပ္မေတာ္အႀကီးအကဲမ်ားႏွင့္ တပ္မေတာ္သားမ်ား၏ ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစတယ္ဆိုၿပီး ျမစ္ႀကီးနားၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲထားတဲ့ အမႈပါ။ဒီတရားစြဲမႈကို တပ္ဘက္က ျပန္လည္႐ုပ္သိမ္းခဲ့ပါတယ္။ဒီလို တပ္ဘက္က ႐ုတ္သိမ္းခဲ့တဲ့အတြက္ အေမရိကန္သံ႐ုံးက ႀကိဳဆိုခဲ့သလို ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) ဘက္ကလည္း ႀကိဳဆိုေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) ဥကၠ႒ သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခလန္ဆန္ဆြမ္ ႏွင့္ အဖြဲ႕ကို လက္ခံေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မိမိတို႔ကိုယ္တိုင္ ႀကိဳးစားအားထုတ္ရမည္ျဖစ္ေၾကာင္း၊ ဘာသာေရးႏွင့္ ပတ္သက္၍ ကိုးကြယ္သည့္ ဘာသာအားလုံးကို လြတ္လပ္စြာ ကိုးကြယ္ခြင့္ေပးထားၿပီး ျဖစ္သည့္အတြက္ ဘာသာေရးအေၾကာင္းျပကာ မလိုလားအပ္သည့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားႏွင့္ ပဋိပကၡမ်ား မျဖစ္ေစလိုေၾကာင္း ေျပာခဲ့ပါတယ္။

တိုင္းရင္းသားေတြနဲ႔ ဘာသာေရးဆိုင္ရာေခါင္းေဆာင္ေတြနဲ႔ဆက္ဆံရာမွာ ယခင္ကထက္ပိုမိုနီး ကပ္ လာတဲ့ ႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ အေ႐ြ႕ေၾကာင့္ ျပည္တြင္းႏိုင္ငံေရးအေျခအေနက အေကာင္းဘက္ ေရာင္နီ သန္း လာခဲ့ပါတယ္။ေရွ႕ဆက္ ကုလလို ႏိုင္ငံတကာ အဖြဲ႕အစည္းနဲ႔ လူဦးေရေပါက္ကြဲေနတဲ့ အိမ္နီးခ်င္းႏိုင္ငံ ေၾကာင့္ ျဖစ္လာတဲ့ အေနာက္ဘက္ တံခါးျပႆနာေၾကာင့္ ႏိုင္ငံတကာမွာ ျမန္မာႏိုင္ငံအေနနဲ႔ သံတမန္ေရးရာ တိုက္ပြဲေတြ ခက္ခက္ခဲခဲရင္ဆိုင္ရႏိုင္ခ်ိန္မွာ ယခုလို ျပည္တြင္းမွာ ယုံၾကည္မႈနဲ႔ နားလည္မႈတည္ေဆာက္တဲ့ လုပ္ေဆာင္မႈေတြ႕က ညီၫြတ္မႈျဖစ္ထြန္းလာဖို႔ အေျခခံေကာင္းေတြမို႔  စိတ္သက္သာစရာ ပါ။ေရွ႕ေလွ်ာက္ ဒီထက္ပိုေကာင္းတဲ့ အေျခခံေကာင္းေတြ ဘယ္ေလာက္ထိျဖစ္ထြန္းလာမလဲဆိုတာ ဆက္ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြအျပင္ ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ျပည္သူ႔စစ္အဖြဲ႕မ်ားနဲ႔ပတ္သက္ၿပီး မည္သည့္ဌာနအဖြဲ႕ အစည္းက တာဝန္ခံသလဲဆိုတာကို လႊတ္ေတာ္မွာ ေမးခဲ့တဲ့ သတင္း၊နမ့္စန္မွာ ဖမ္းမိတဲ့ မူးယစ္ေဆးဝါးက်ပ္ ၁၀ ဘီလ်ံေက်ာ္ အမႈမွာပါဝင္တဲ့ ျပည္သူ႔စစ္ေခါင္းေဆာင္ႏွစ္ဦး  ထြက္ေျပးတိမ္းေရွာင္ေနတဲ့ သတင္း၊ တစ္ႏိုင္ ငံလုံးပစ္ ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာ တူစာခ်ဳပ္ (NCA) လက္မွတ္ေရး ထိုးျခင္းေလးႏွစ္ျပည့္ အထိမ္းအ မွတ္အခမ္း အနားကို ရက္ေ႐ႊ႕က်င္းပရန္ ညႇိႏႈိင္းေနတဲ့ သတင္း၊   သဘာဝေဘးဒဏ္ခံစား ခဲ့ရသူမ်ားအတြက္ ကူညီလႉဒါန္း ခဲ့တဲ့ႏိုင္ငံတစ္ဝန္းႏွင့္ ကမာၻတစ္ဝန္းမွ အလႉရွင္မ်ားကို ေဒၚခင္ၾကည္ေဖာင္ ေဒးရွင္းဥကၠ႒ ေဒၚ ေအာင္ဆန္း စုၾကည္က ေက်းဇူးတင္စကား ေျပာၾကားခဲ့တဲ့ သတင္း၊ မႏၲေလးၿမိဳ႕ရွိ ျမဝတီမင္း ႀကီးေက်ာင္း တိုက္ဆရာေတာ္ အရွင္အရိယ ဝံသာဘိဝံသကို ပုဒ္မ  ၅၀၅ (က) နဲ႔ အေရးယူေပးရန္ တပ္မေတာ္ အရာရွိ တစ္ဦးက  တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားတဲ့ သတင္း၊ မႏၲေလးၿမိဳ႕ ခ်မ္းျမသာ စည္ၿမိဳ႕နယ္ရွိ ေနအိမ္တစ္ အိမ္မွာ ေအေအလက္ နက္ကိုင္အဖြဲ႕ဝင္လို႔ ယူဆရတဲ့ အမ်ိဳးသားေလးဦးကို ဖမ္းဆီးရမိ ခဲ့တဲ့ သတင္း ေတြလည္း ယခုတစ္ပတ္ထဲ ျဖစ္ခဲ့ပါတယ္။

အမွန္တရားေပၚထြန္းဖို႔ နီးလာၿပီလား

ယခုရက္သတၱပတ္ထဲ ထင္ရွားတဲ့ အျဖစ္အပ်က္က အမ်ားျပည္သူစိတ္ဝင္စားေနတဲ့ ေနျပည္ေတာ္ ဗစ္ တိုးရီးယားအမႈ ေျခာက္ႀကိမ္ေျမာက္ ႐ုံးခ်ိန္းပါဘဲ။ ငါးႀကိမ္ေျမာက္႐ုံးခ်ိန္းကတည္း စိတ္ဝင္စားမႈျမင့္တက္ခဲ့တဲ့ ဒီ အမႈဟာ အမ်ားျပည္သူအဖို႔ လက္ရွိ ဖမ္းဆီးခံထားရတဲ့ယာဥ္ေမာင္းေအာင္ႀကီးက ဒီအမႈရဲ႕ တရားခံျဖစ္ပါ့မလား ၊သူမဟုတ္ရင္ ဘယ္သူျဖစ္မလဲ၊ ေဖမ္းဆီးခံထားရတဲ့ သူသာ တရားခံမဟုတ္ရင္ ဘာေၾကာင့္ အာဏာပိုင္ ေတ က တရားခံအျဖစ္ ဖမ္းဆီးခဲ့တာလဲဆိုတာ အမ်ားျပည္သူက စိတ္ဝင္စားေစခဲ့တဲ့ အေၾကာင္းတစ္ရပ္ပါ။

ၿပီးခဲ့တဲ့ ငါးႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ ဗစ္တိုးရီးယားရဲ႕ဖခင္ျဖစ္သူ တင္သြင္းတဲ့ ဗီဒီယိုဖိုင္သက္ေသကို တင္သြင္းကတည္းက အမ်ားျပည္သူအဖို႔ ဒီအမႈအေပၚ စိတ္ဝင္စားမႈမ်ားခဲ့ပါတယ္။ ယခုေျခာက္ႀကိမ္ေျမာက္႐ုံး ခ်ိန္းမွာ ဗစ္တိုးရီးယားကို ဗြီဒီယိုကြန္ဖရန႔္ဆင္းႏွင့္ေမးမွာျဖစ္တဲ့ အတြက္ ဒီအမႈရဲ႕ အေရးႀကီးဆုံးစစ္ေဆးမႈ အ ပိုင္းထဲ ေရာက္လာခဲ့ပါတယ္။ဒီစစ္ေဆးမႈကေန ကြဲျပားတဲ့ အေျဖတစ္ခုထြက္မွာ ျဖစ္တဲ့အတြက္လည္း အမ်ား ျပည္သူကေစာင့္ၾကည့္ခဲ့ပါတယ္။

စက္တင္ဘာ ၁၁ ရက္က ျပဳလုပ္တဲ့ ေျခာက္ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ သက္ဆိုင္ရာနယ္ေျမ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအပါအဝင္ အမ်ားျပည္သူ တစ္ရာေက်ာ္နဲ႔ မီဒီယာေတြ စုံညီခဲ့ပါတယ္။ ဒီစစ္ေဆးမႈမွာ ကေလးငယ္က တရားသူႀကီးရဲ႕ ဉာဏ္စမ္းေတြကိုေအာင္ျမင္စြာေျဖဆိုၿပီးေနာက္မွာ သူကိုက်ဴးလြန္တဲ့ သူကို မွန္ကန္စြာေျဖဆိုခဲ့ပါတယ္။ ဒီေျဖဆိုခ်က္မွာ လက္ရွိဖမ္းဆီးထားတဲ့ ယာဥ္ေမာင္းေအာင္ႀကီးကို ကေလးငယ္က လုံးဝမသိဘဲ စျဖစ္ကတည္းက ေျပာခဲ့တဲ့ ကေလးငယ္တက္ခဲ့တဲ့ ေက်ာင္းက ကိုကို အငယ္နဲ႔ ကိုကိုအႀကီးက ဘယ္လိုလုပ္တယ္ဆိုတာကိုသာ ေျပာခဲ့ပါတယ္။

ဒီလိုကေလးငယ္ရဲ႕ထြက္ဆိုခ်က္ေၾကာင့္ ဖမ္းဆီးခံထားရသူ ေအာင္ႀကီးအတြက္ လြတ္လုနီးပါး ေမွ်ာ္ လင့္ခ်က္ရွိလာသလို ေအာင္ႀကီးကို သံသယတရားခံအျဖစ္ ဖမ္းဆီးခဲ့သူေတြမွာလည္း ဖိအားရွိလာခဲ့ၿပီျဖစ္ပါ တယ္။ အမ်ားျပည္သူအေနနဲ႔  ေအာင္ႀကီးဘက္က လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနျဖစ္သူေျပာတဲ့ ဒီအမႈ ေၾကာင့္ ၎အေပၚ ဖိအား၊အက်ပ္ကိုင္မႈေတြရွိတယ္ဆိုတာေတြေၾကာင့္ ဒီအမႈ ေနာက္ကြယ္မွာ ဘာအေၾကာင္း ေတြရွိေနလဲ ဆိုတာ အမ်ားျပည္သူနဲ႔ မီဒီယာအတြက္စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။ ဒီအမႈ႕မွာ အမွန္တရား အတြက္ က်ဴးလြန္ခံရသူကေလးငယ္နဲ႔ အတူတကြ ေပါင္းၿပီးျပည္သူေတြက တိုက္ပြဲဝင္ ခဲ့တဲ့အတြက္ ေနာက္ကြယ္ ကလူေတြ အဖို႔လည္း ထိတ္လန႔္စရာပါ။

သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူေျပာခဲ့တဲ့ ဒီအမႈမွာ မွားယြင္းခဲ့ရင္ တာဝန္ရွိတဲ့ သူေတြ တာဝန္ခံရမယ္ တာဝန္ယူရမယ္ဆိုတဲ့ အတြက္ ဒီအမႈကေန မၾကာခင္မွာ ဘယ္လို အေျပာင္းအလဲေတြ ျဖစ္လာမွာလဲ ၊ ဖမ္းဆီး ခံထားရတဲ့ ေအာင္ႀကီးအာမခံရလာႏိုင္သလား၊ ဘယ္သူေတြရဲ႕ သတင္းေတြ ၾကားရဦး မလဲဆိုတာလည္း ေစာင့္ ၾကည့္စရာပါ။

ယခုတစ္ပတ္ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းခဲ့တဲ့ သတင္းတစ္ပုဒ္က အင္းစိန္ရွိ BPI ေဆးဝါးစက္႐ုံ မႉး ေဒါက္တာေအာင္ေဇာ္ကို ေဆးဝါးထုပ္ပိုးပစၥည္း မ်ား ထုတ္လုပ္ရန္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္ နည္း နဲ႔ အညီဝယ္ယူျခင္းမရွိလို႔ အဂတိတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လိုက္တဲ့ သတင္းပါဘဲ။ ပုံမွန္အတိုင္းဆိုရင္ ဒီသတင္းက သာမန္ အဂတိလိုက္စားမႈကို ေကာ္မရွင္ကေန အေရးယူတာျဖစ္ေပမယ့္ BPI စက္႐ုံမႉးကို ပထမ ဆုံး႐ုံးထုတ္ခ်ိန္မွာ စက္႐ုံက ဝန္ထမ္း ၁၀၀ ေက်ာ္က ယူနီေဖာင္း အျပည့္အစုံဝတ္ဆင္၍ လာေရာက္ဝန္း ရံခဲ့တဲ့ အတြက္ ဒီျဖစ္စဥ္ဟာ အမ်ားျပည္သူၾကား စဥ္းစားေတြးေတာစရာျဖစ္လာခဲ့ပါတယ္။

စက္႐ုံမႉးကို လာေရာက္ဝန္းရံသူေတြက ယခုျဖစ္စဥ္တြင္ စက္ ႐ုံမႉးမွာ အျပစ္မရွိဟု ယုံၾကည္လို႔ လာ ေရာက္ဝန္းရံ တာလို႔ ဆိုသလို ဖမ္းဆီးခံရသူကလည္း ယခုလိုဖမ္းဆီးခံရမႈအေပၚ ေပါ့ေပါ့ပါးပါးရွိေနတဲ့ အတြက္ ဒီျဖစ္စဥ္ဟာ အမ်ားျပည္သူနဲ႔ မီဒီယာၾကား စိတ္ဝင္စားမႈပိုခဲ့ပါတယ္။ ဒီမတိုင္ခင္က ေနျပည္ေတာ္ စည္ပင္ အရာ ရွိ ကိစၥမွာ လုပ္ငန္းရွင္ဘက္က လိမ္လည္တိုင္ၾကားတာေပၚေပါက္ခဲ့လို႔ ျပန္လႊတ္ေပးခဲ့ရတာလည္း ရွိခဲ့တဲ့ အ တြက္ လူမႈကြန္ရက္မွာ ယခုျဖစ္ရပ္ကို သတိထားကိုင္တြယ္စစ္ေဆးဖို႔ အဂတိလိုက္စားမႈေကာ္မရွင္ကို တိုက္ တြန္းမႈေတြ ရွိခဲ့ပါတယ္။ ဒါအျပင္ BPI စက္႐ုံမႉး ေဒါက္တာ ေအာင္ေဇာ္အေပၚ အဂတိေကာ္မ ရွင္၏ စစ္ေဆး အေရးယူမႈမ်ားႏွင့္ ပတ္ သက္၍ လူမႈကြန္ရက္ စာ မ်က္ႏွာမ်ားေပၚတြင္ ေဝဖန္ေရး သားမႈမ်ား က်ယ္က်ယ္ ျပန႔္ျပန႔္ ထြက္ေပၚခဲ့တာ လည္း ထူးျခားမႈတစ္ခုပါ။

ေကာ္မရွင္ဘက္က ယခုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေကာ္မရွင္အေနျဖင့္ ထုတ္ျပန္ခ်က္ထုတ္ကာ ေဆးဝါး စက္႐ုံ (အင္းစိန္)စက္႐ုံမႉး ႏွင့္ အရာထမ္း၊ အမႈ ထမ္းမ်ား၏ ႀကိဳးစားအားထုတ္ေအာင္ျမင္မႈမ်ားကို အသိအမွတ္ ျပဳၿပီး ဝန္ထမ္းမ်ား၏ ေထာက္ခံခ်က္ကိုလည္း စဥ္းစားခဲ့ေၾကာင္း ၊ ယခုကိစၥမွာ ဥပေဒနဲ႔အညီ အေရးယူဖို႔ ခိုင္ လုံတဲ့ အေထာက္အထားေပၚေပါက္ေနတဲ့အျပင္ ေရရွည္မွာ အမ်ားျပည္သူအတြက္ ထိခိုက္နစ္နာဆုံးရႈံးမႈမ်ား ျဖစ္ေပၚလာ ႏိုင္ေျခရွိလို႔ ဥပေဒအရ အေရးယူရန္ ဆုံးျဖတ္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ယခုအဂတိလိုက္စားမႈအတြက္ အေရးယူတဲ့ အမႈက ထူးျခားေနသလို ယခင္အေရးယူခဲ့တဲ့ အမႈေတြလို မဟုတ္ဘဲ သာမန္ေအာက္ေျခစက္႐ုံဝန္ထမ္းေတြကိုယ္တိုင္ အလုပ္ဖ်က္ၿပီး လာေရာက္ဝန္းရံခဲ့ၾကတာျဖစ္လို႔ ဘယ္ဘက္က မွားေနသလဲဆိုတာ စိတ္ဝင္စားစရာပါဘဲ။ ဘယ္သူကမွားသလဲ ၊ဘယ္ေနရာေတြမွားေန သလဲ၊ တစ္ကယ္ဘဲ အဂတိလိုက္စားခဲ့သလားဆိုတာ မ်ားမၾကာခင္မွာ အမ်ားျပည္သူၾကားထင္ထင္ရွားရွား ျမင္ေတြ႕ရ ဖြယ္ရွိေနလို႔ ဒီသတင္းကလည္း ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ယခုသတင္းက ဒီတစ္ပတ္ စိတ္ဝင္စားဖြယ္ရာ သတင္းေတြထဲက အင္းစိန္ၿမိဳ႕နယ္ ရထားရဲတပ္ဖြဲ႕ ရဲအရာခံတစ္ဦးကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးဟုဆိုကာ  ေငြက်ပ္ ၁၃ သိန္း လိမ္လည္သြားတဲ့ သတင္း ၊ရန္ကုန္တြင္ ကရင္အာ ဇာနည္ေန႔အခမ္းအနားဦးေဆာင္က်င္းပမႈေၾကာင့္ ၿငိမ္းစုစီဥပေဒ ပုဒ္မ ၂၀ ျဖင့္ တရားစြဲခံရသူ သုံးဦးအနက္ ကရင္အမ်ိဳးသမီး အစည္းအ႐ုံးဥကၠ႒ ေနာ္အုံးလွကို ေက်ာက္တံတားၿမိဳ႕နယ္ တရား ႐ုံးတြင္ ယမန္ေန႔က ပထမအႀကိမ္ ႐ုံးထုတ္ခဲ့တဲ့ သတင္း၊  ျပည္သူတစ္ဦးက သတင္း ေပးတိုင္ၾကားမႈေၾကာင့္ ေမာ္ လၿမိဳင္ၿမိဳ႕ရွိ ေက်ာက္မီးေသြး႐ုံ ငါး၊ ပုစြန္လက္ကားေဈးရွိ ငါးႏွပ္မ်ားတြင္ တာရွည္ခံ ဓာတုေဆးရည္ (Formalin) ထည့္သြင္းသုံးစြဲထားသည္ကို စစ္ေဆးေတြ႕ခဲ့ရွိရတဲ့ သတင္း၊ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ယခုႏွစ္ထဲ တစ္ႏိုင္ငံလုံးတြင္ လူ ၆၈ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ အလုပ္သမားေခါင္းေဆာင္မ်ားအေပၚ တရားစြဲဆိုထားလို႔ ပုသိမ္ရွိ အထည္ခ်ဳပ္စက္႐ုံခုနစ္႐ုံ မွ လုပ္သားဦးေရ ေထာင္ ႏွင့္ခ်ီ ကာ ဆႏၵျပခဲ့တဲ့ သတင္း၊ တပ္မေတာ္ နည္း ပညာတကၠသိုလ္(DSTA)တိုက္ခိုက္မႈ ႏွင့္ပတ္သက္ၿပီး သံသယျဖင့္ ဖမ္း ဆီးစစ္ေဆးခံေနရေသာ ရွမ္း ပရ ဟိတေက်ာင္းဆရာညီအစ္ကိုႏွစ္ဦး အာမခံျဖင့္ အမႈရင္ ဆိုင္ခြင့္ရရွိခဲ့တဲ့ သတင္းေတြထဲ ဆက္ေစာင့္ ၾကည့္ရမယ့္ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္ ယခုရက္သတၱပတ္သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၁၃