【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်အတွင်းက ခြေဥတိုက်ပွဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်အတွင်းက ခြေဥတိုက်ပွဲ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ပြည်တွင်းသတင်းတွေထဲမှာ သတိထားစရာ သတင်းတွေက ပြီးခဲ့တဲ့သီတင်းပတ်က ပြည်ထောင်စုလွှတ်တော်မှာ တင်ခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့ဖို့ အရေးကြီးအဆို တင်သွင်းခဲ့ရာမှာ ယခုတစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ထောက်ခံတဲ့ဘက်နဲ့ ကန့်ကွက်တဲ့ဘက် အခြေအတင် ဆွေးနွေးငြင်းခုံကြတဲ့ သတင်းက ယခုတစ်ပတ် ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ် လူစိတ်ဝင်စားမှုများတဲ့ သတင်းတွေဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်မှာ မိုင်းတုံမြို့မှ မိုင်းဆတ်သို့ သွားရောက်စဉ် စီးနင်းလာတဲ့ တပ်မတော်ရဟတ်ယာဉ် ဟိုက်ဒရောလစ်ဆီယိုမှုဖြစ်လို့ မြေပြင်ဆင်းသက်ခဲ့ရပြီး အခြားရဟတ်ယာဉ်တစ်စီးနဲ့ ချက်ချင်းအစားထိုးပြီး မိုင်းဆတ်ကို သွားရောက်ခဲ့ရတဲ့ သတင်း၊ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် လိုအပ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောလိုက်တဲ့ သတင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တံဆိပ်နဲ့ ဝတ်စုံတို့ကို ပြောင်းလဲမယ့် သတင်း၊ နေပြည်တော်မှာ ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ဖို့ NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကို နိုင်ငံတော်သမ္မတက ဖိတ်ကြားထားတဲ့ သတင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ-တရုတ် နယ်စပ်အမှတ်အသား စိုက်ထူထားတဲ့ မြန်မာနိုင်ငံ အလံတိုင်ကို တရုတ်နယ်ခြားစောင့်တပ်က လာရောက်ဖြိုဖျက်ခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း တရုတ်သံအမတ်ကြီးကို ခေါ်ယူပြောကြားခဲ့တဲ့ သတင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အမျိုးသားနှင့် အမျိုးသမီး ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်အရွယ်ကို (၁၈) နှစ်ပြည့်ပြီးမှ လက်ထပ်ဖို့ ပြင်ဆင်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့တဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားမှုအများဆုံး သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပြန်ရောင်းမယ့် လက်နက်များနှင့် ယခုရက်သတ္တပတ်

ယခုတစ်ပတ်အတွင်း မှုခင်းနောက်ခံ သတင်းတွေထဲမှာ သတိထားစရာ သတင်းတွေ ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ နမ်စမ့်မှာ ပြန်ရောင်းဖို့ သယ်လာတဲ့ လက်နက်တွေမိတဲ့ သတင်းနဲ့  တက္ကသိုလ်ထဲက အမျိုးသမီးအဆောင်ကို ခွင့်ပြုချက်ကျော်လွန်ပြီး ညဘက် ရုပ်သံဇာတ်လမ်းတွဲရိုက်တဲ့ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးကို သုံးနှစ် ရန်ကုန်တက္ကသိုလ်က ရိုက်ကူးခွင့်မပြုတော့တဲ့ ကိစ္စတွေက ဒီတစ်ပတ် သတင်းဖတ်ရှုသူတွေကို သတိထားမိစေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က နေပြည်တော်လေဆိပ်မှာ လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိခဲ့လို ဖမ်းဆီးတရားစွဲဆိုထားတဲ့ ACE ဟိုတယ်ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုက မပြီးသေးခင် ဖေဖေါ်ဝါရီ ၁ ရက်မှာ နမ့်စမ်မှာ ကားတစ်စီးပေါ်ကနေ စက်လက်တစ်လက် တွေ့ရာကနေ ပြန်ရောင်းမယ့် သေနတ် ၂၅ လက်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိခဲ့တဲ့အတွက် ပြည်တွင်းလုံခြုံရေးက သတိထားစိုးရိမ်ဖွယ် ဖြစ်လာခဲ့ပါတယ်။

ဖြိုးကိုကိုတင့်ဆန်း အမှုက တစ်နှစ်ကျော်ကြာ စစ်ဆေးနေတာ တင်ထားတဲ့ တရားလိုပြသက်သေ ၄၀၀ ကျော်ထဲက ၂၀၀ ကျော်သာ စစ်ဆေးရသေးတဲ့အတွက် အမှုစီရင်ချက်အဆင့်ရောက်ဖို့ ကြာဦးမယ့် အနေအထားပါ။နာမည်ကျော် ကြည်လင်း အမှုက ဖေဖေါ်ဝါရီ ၁၅ ရက်မှာ အပြီးသတ် အမှုစီရင်ချက်ချမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ နမ့်စမ်မှာ ပြန်ရောင်းမယ့် လက်နက်တွေ ဖမ်းဆီးရမိတာက အများပြည်သူအတွက် သတိထားစရာပါ။

ဖေဖေါ်ဝါရီ ၁ ရက်က နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေးရွာအုပ်စု လွိုင်ယဲ-တိုင်းခေါင်းကျေးရွာ ကားလမ်းမှာ ပါဂျဲရိုးကားတစ်စီးကို စစ်ဆေးခဲ့ရာကနေ ကားပေါ်ပါလာတဲ့ တရုတ်နိုင်ငံလုပ် စက်လက်သေနတ် ၁ လက်နှင့် ကျည်အိမ်အဝိုင်း ၁ ခုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ဖမ်းမိတဲ့ ကားသမားကို စစ်ဆေးမေးမြန်းခဲ့ရာမှာ နမ့်စန်မြို့နယ်ထဲက မက်မွန်မုန်းကျေးရွာက ရွာသားတစ်ဦးဆီကနေ ဝယ်လာခဲ့တာလို့ဆိုပြီး သွားဖမ်းဆီးတဲ့အခါ လူကို ဖမ်းဆီးရမိခြင်းမရှိဘဲ အဲဒီလူနေအိမ်ထဲကနေ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံလုပ် စက်လက်နှစ်လက် အပါအဝင် လက်နက် ၂၅ သိမ်းဆည်းရမိခဲ့ပါတယ်။ဒါ့အပြင် စနိုက်ပါမှန်ပြောင်းတွေ၊ ဆက်သွယ်ရေးစက်တွေပါ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိတဲ့သူကို စစ်ဆေးချက်အရ ပြန်ရောင်းဖို့ ဆိုတဲ့အတွက် ဒါဟာ မြန်မာနိုင်ငံအတွင်း လက်နက်ဈေးကွက် ဖြစ်ထွန်းနေပြီလားဆိုတာ သတိထားစရာ ဖြစ်လာခဲ့ပါတယ်။လက်နက်တွေ စုဆောင်းထားသူကို ဖမ်းမမိသေးတဲ့အတွက် ဘယ်အချိန်ကတည်းက ရောင်းခဲ့တယ်၊ ဘယ်လောက်အရေအတွက် ပမာဏရှိသလဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရောင်းချတာလား၊ ပြည်တွင်းက တရားမဝင် လက်နက်ကိုင်ဆောင်ချင်တဲ့ ရာဇဝတ်လုပ်ငန်း လုပ်ကိုင်နေသူတွေကို ရောင်းချခဲ့သလဲဆိုတာ မသိရသေးပါဘူး။

မကြာခင်က  တာချီလိတ်မြို့လယ် မီးပွိုင့်မှာ မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက နေ့ခင်းကြောင်တောင် သေနတ်နဲ့  ပစ်သတ်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် ဒီလက်နက်တွေ ဖမ်းမိတဲ့ သတင်းဟာ ဘယ်သူ့ဆီလဲ၊ ဘယ်ကိုရောက်မှာလဲ ဆိုတာက အများပြည်သူအတွက် စိတ်သောကရောက်စရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီသတင်းလို စိတ်သောကရောက်စရာ သတင်းနဲ့အပြိုင် စိတ်ပျက်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ရန်ကုန်တက္ကသိုလ်ထဲက အမျိုးသမီးအဆောင်ဖြစ်တဲ့ နာမည်ကြီး အင်လျားဆောင်မှာ ရုပ်သံဇာတ်လမ်းတွဲ လာရိုက်တဲ့ နိယျာယန ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးကို ခွင့်ပြုချိန် ကျော်လွန်ရိုက်ကူးပြီး အခြားကိစ္စတွေကြောင့် အဆောင်နေသူ ကျောင်းသူအချို့ကို စိတ်အနှောင်အယှက်ဖြစ်အောင် လုပ်ခဲ့တဲ့ကိစ္စပါ။

အဆိုပါ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးအဖွဲ့က အမျိုးသား ၂၀ ခန့်ဟာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုအတွက် ဇာတ်ဝင်ခန်းတွေကို ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်အတွင်း ဖေဖော်ဝါရီ ၃ ရက် (သန်းခေါင်ကျော်) နံနက် ၁ နာရီ ၄၅ မိနစ်အထိ  လာရောက်ရိုက်ကူးနေစဉ် ကျောင်းသူတွေကို ထိပါးပြောဆိုတာတွေ၊ ကျောင်းသူအခန်းထဲ ချောင်းကြည့်တာတွေကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ထံ တာဝန်ယူ၊ တာဝန်ခံမှု ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ဒီတောင်းဆိုမှု ကြောင့် ဖေဖော်ဝါရီ ၅ ရက်က အင်းလျားအဆောင်သူအချို့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗက သများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ် ဆရာများအသင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် အဆိုပါထုတ်လုပ်ရေးမှ တာဝန်ရှိသူများ ပါဝင်သည့် အစည်းအဝေးပြုလုပ်ခဲ့ အပြီးတွင် အဆိုပါထုတ်လုပ်ရေးကို ရန်ကုန်တက္ကသိုလ်အတွင်း ရိုက်ကူးခွင့် သုံးနှစ်ပိတ်ရန်နှင့် အင်းလျားဆောင် အဆောင်မှူးအား ခံဝန်ကတိရေးထိုးစေရန် ဆုံးဖြတ်ခဲ့တယ် ဆိုပါတယ်။

ဒီသတင်းဟာ ရန်ကုန်တက္ကသိုလ်အတွင်း အဆောင်မှူးများရဲ့ ရှေးယခင်က အဆောင်သူ ကျောင်းသူတွေအပေါ် စောင့်ရှောက်မှုကို ပြန်သတိရစရာ လွမ်းစရာ ဖြစ်လာစေခဲ့ပါတယ်။ဒါ့အပြင် ကျောင်းထဲထိဝင်ပြီး ညဘက် အဆောင်အခန်းထဲ ချောင်းကြည့်တဲ့သူတွေရဲ့ ကျင့်ဝတ်မဲ့မှုနဲ့ ဒီလိုဖြစ်ပေါ်မှာကို မတွက်ဆတတ်တဲ့ တာဝန်ရှိသူတွေ အုပ်ချုပ်မှုအောက်က တက္ကသိုလ်အဆောင်တွေရဲ့ အနာဂတ်လုံခြုံမှုအပေါ် စိုးရိမ်စရာပါဘဲ။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ မှုခင်းသတင်းတွေဖြစ်တဲ့ မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းမှာ ကျောက်စိမ်းရောင်းရငွေ ကျပ်သိန်း ၉,၉၀၀ ကျော်ကို ပွဲစားက ပြန်လည်မပေးချေလို့  ကျောက်စိမ်းပိုင်ရှင် ခုနစ်ဦးက ရဲစခန်းကို တိုင်ကြားတဲ့ သတင်း၊ ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ ခရစ်တော်၏ တပည့်တော်များ မိတ်သဟာယအဖွဲ့ ဦးဆောင်သူ ငါးဦးကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ သတင်း၊ ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှာ ရေမဆေးသမားများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့တဲ့ သတင်း၊ မကွေးမြို့ နံကပ်ကျွန်း ဧရာဝတီမြစ်ရေချိုးဆိပ်မှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး မြစ်တစ်ဖက်သောင်ပြင်သို့ ဖြတ်ကူးစဉ် အမျိုးသားသုံးဦးသည် မြစ်အတွင်း မျောပါသေဆုံးခဲ့တဲ့ သတင်း၊ မြန်မာပလာဇာနှင့် မယ်လီနာဟိုတယ်ကြား ကားပါကင်မှာ အမျိုးသားနှစ်ဦး ကားပါကင်လုရင်း ရန်ဖြစ်တာကနေ တစ်ဦးသေဆုံးခဲ့တဲ့ သတင်း၊ ပေါက်မြို့နယ် ရေခါးကျေးရွာအနီးရှိ ရေနံလက်ယက်တွင်းတစ်ခု မီးလောင်ခဲ့တဲ့ သတင်း၊ ဖားကန့်မှာ မြေစာပုံ ပြိုကျလို့ ပျောက်ဆုံးနေသူ ၅၀ ဦးအထက်ရှိတဲ့ သတင်း စတဲ့ သတင်းတွေထက် စိတ်ဝင်စားမှု ပိုခဲ့ပါတယ်။

ဗဟိုဘဏ် ဝင်ကိုင်မယ့်ဆိုတဲ့ ဟွန်ဒီနဲ့ Red Dot ပြဿနာ

ယခုတစ်ပတ် စီးပွားရေးသတင်းတွေထဲမှာ အများပြည်သူကြားထဲ ပြောစရာဖြစ်ခဲ့တဲ့ သတင်းက Red Dot ကုမ္ပဏီရုံးခန်း ပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြဿနာနဲ့ ဟွန်ဒီလုပ်ငန်းကို တရားဝင်ဖြစ်အောင် ဗဟိုဘဏ်က လုပ်ဆောင်နေတဲ့ သတင်းတွေပါဘဲ။အထူးသဖြင့် အီလက်ထရွန်နစ် ဖုန်းဘီလ်ဖြည့်သွင်းခြင်း ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Red Dot ကုမ္ပဏီ ရုံးခန်းပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြဿနာဟာ လူတွေကြားထဲ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ သတင်းတွေအရ Red Dot ကုမ္ပဏီကို ၂၀၁၇ ဖေဖော်ဝါရီလက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့တယ် ဆိုပါတယ်။ကုမ္ပဏီရဲ့ အဓိကရင်းနှီးမြှုပ်နှံမှုက အိုင်ယာလန်ကနေ လာတာလို့ ဆိုပါတယ်။အဆိုပါကုမ္ပဏီဟာ ဖေဖော်ဝါရီ ၄ ရက်က စတင်ပြီး ရန်ကုန်မြို့ ယောက်လမ်းမှာရှိတဲ့ ပင်မရုံး အပါအဝင် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် နယ်မြို့အများအပြားက ရုံးခန်းတွေ ပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်လို့ ကုမ္ပဏီကို ဖုန်းဘီလ်သွင်းတဲ့ ကြိုပေးသွင်းထားတဲ့ ငွေနဲ့ စက်တန်ဖိုးတွေ ဆုံးရှုံးမှုရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ ငွေကြေးဆုံးရှုံးခဲ့တဲ့ ကိုယ်စားလှယ်တွေက ကုမ္ပဏီကို တရားစွဲဖို့ အွန်လိုင်းပေါ်ကနေ စည်းရုံးနေတာတွေ ရှိပေမယ့် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုတွေ ရောက်ရှိမလာသေးဘူးလို့ စားသုံးသူရေးရာဦးစီးဌာနဘက်က ပြောတာတွေ ရှိပါတယ်။

Red Dot ကုမ္ပဏီတွင် ကိုယ်စားလှယ် နှစ်သောင်းကျော် ရှိတယ်လို့ဆိုပြီး ကျပ်နှစ်သိန်းနှင့် အထက် ငွေကြေးဆုံးရှုံးသူအရေအတွက် ၁၅ ရာခိုင်နှုန်းခန့်၊ ကျပ်တစ်သိန်းမှ ကျပ်ငါးသောင်းအကြား ငွေကြေးဆုံးရှုံးသူ ၃၀ ရာခိုင်နှုန်းခန့် ရှိခဲ့တယ်လို့ ဆိုတဲ့အတွက် Red Dot ကုမ္ပဏီဘက်ကို ပါသွားတဲ့ ကိုယ်စားလှယ်တွေရဲ့ ငွေကြေးပမာဏက အတော်လေးများပါတယ်။

Viber, Ananda, iflix, Viu နဲ့ ဘဏ်အချို့နဲ့ မိတ်ဖက်လုပ်ကိုင်ပြီး အီလက်ထရွန်နစ်ဘီလ် ဖြည့်သွင်းခြင်း၊ မီတာဘီလ် ပေးဆောင်ခြင်းနှင့် ဗေဒင်ကဲ့သို့သော ဝန်ဆောင်မှုများအတွက် Red Dot Pay ဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ Red Dot ကုမ္ပဏီကို ဗဟိုဘဏ်က ဘဏ်လုပ်ငန်းတစ်ခု၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ခြင်းမရှိဘဲ လက်လီရောင်းသည့် လုပ်ငန်းတစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး လိုင်စင်ချထားပေးခြင်း မရှိသလို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုငယ် က ဖေဖေါ်ဝါရီ ၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Red Dot ကုမ္ပဏီရဲ့ ရုံးခန်းပိတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြဿနာကြောင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ တခြားလုပ်ငန်းတွေအပေါ် ရိုက်ခတ်မှုတွေ၊ အများပြည်သူရဲ့ ယုံကြည်မှုတွေ ထိခိုက်မှုရှိခဲ့တဲ့အတွက် Wave Money နှင့် Ok Dollar ကုမ္ပဏီတို့က သူတို့ ဝန်ဆောင်မှုအပေါ် အသုံးပြုတဲ့သူနဲ့ ကိုယ်စားလှယ်တွေကို ၎င်းတို့အနေနဲ့ ဘဏ်များမှာ ၁၀၀ ရာခိုင်နှုန်း အပြည့်အပ်နှံထားလို့ ငွေကြေးများအပေါ် အပြည့်အဝအာမခံနိုင်ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရတဲ့အထိ Red Dot ရိုက်ခတ်မှုက ကြီးခဲ့ပါတယ်။

ဒီပြဿနာက အများပြည်သူအတွက် ဆုံးရှုံးမှုများတဲ့အပြင် တခြားသာ ပုံစံတူလုပ်ငန်းငယ်တွေ အပေါ်လည်း ရိုက်ခတ်မှုရှိတဲ့အတွက် ငွေကြေးအာဏာပိုင်တွေဘက်က ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေ ရှိလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲ ထူးခြားတဲ့ နောက်သတင်းတစ်ပုဒ်က တစ်နှစ်ကို ဒေါ်လာဘီလျံနဲ့ချီတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေ ပေးပို့တဲ့ တရားမဝင် ငွေလွှဲလုပ်ငန်းတွေကို ကိုင်တွယ်ဖို့ ငွေကြေးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ဗဟိုဘဏ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းပါဘဲ။

ယမန်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုး က တရားမဝင် ပြည်ပငွေလွှဲလုပ်ငန်းများကို ထိန်းကျောင်းဖို့ မေးမြန်းခဲ့တာပါ။ဒီမေးခွန်းအတွက် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုငယ် က လွှတ်တော်မှာ လာရောက်ဖြေဆိုတဲ့ အခါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ထောက်ပံ့မှုတို့အတွက် အသုံးချနိုင်ဖွယ်ရှိတဲ့ တရားမဝင် ပြည်ပငွေလွှဲလုပ်ငန်းများကို ထိန်းကျောင်းနိုင်ဖို့ တရားဝင် လုပ်ကိုင်ခွင့်ပြုရေး စီစဉ်နေတယ်လို့ ပြောပါတယ်။ဒီလို တရားဝင်ဖွင့်ခွင့်ပြုဖို့ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ အတွေ့အကြုံ၊ နည်းလမ်းတို့ ရယူ၍ စည်းမျဉ်းတစ်ရပ်ကို မူကြမ်းရေးဆွဲပြုစုပြီး နိုင်ငံတော်သမ္မတရုံးနဲ့ တခြားသက်ဆိုင်ရာကော်မတီတွေကို ပေးပို့ထားတယ် ဆိုပါတယ်။ဒါဟာ ငွေကြေးမသမာမှုနဲ့ လိမ်လည်မှုခံနေရတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပေမယ့် တခြားဥပဒေ နည်းဥပဒေတွေလိုဘဲ ဘယ်အဆင့်တွေမှာ ကြန့်ကြာနေဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီစီးပွားရေးနောက်ခံ သတင်းတွေက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့  ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ချိန်ကို ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး ညနေ ၄ နာရီသို့ ပြောင်းလဲထုတ်ပြန်ခဲ့တဲ့ သတင်း၊ မြောက်ဦး ရွှေနန်းမြေ၊ အဉ္စနအားမာန်၊ ဝတီရွှေမြေ၊ ဘဝသစ်အောင်ခိုင်ဦး၊ သီဟရာဇာထွန်းနှင့် ကျော်လွှား သဇင်ကုမ္ပဏီ စတဲ့  ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခုကို ပြည်နယ်အစိုးရအဖွဲ့က မမှန်မကန် တိုင်ကြားသက်သေ ထွက်ဆိုခဲ့လို့ အမည်ပျက်စာရင်းသွင်းခဲ့တဲ့ သတင်း၊ မိုဘိုင်းဖုန်းအသုံးပြုမည့် ငွေပေးချေစနစ် (Mobile Payment) ကို ယခုနှစ်အတွင်း စတင်မိတ်ဆက်မည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် က ပြောခဲ့တဲ့ သတင်း၊ မြန်မာ-တရုတ် နယ်စပ် တရားဝင်ကုန်သွယ်ရေးတွင် ဘဏ်များမှတစ်ဆင့် တရုတ်ယွမ်နှင့် ကျပ်ငွေလဲလှယ်သည့် စနစ်ကို စတင်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတဲ့သတင်း စတဲ့ သတင်းတွေထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

ကျယ်ပြန့်လာတဲ့ မြစ်ဆုံအရေး

မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ဖို့ အသံတွေ ထွက်လာချိန်နဲ့အတူ ပြည်တွင်းက ဆန့်ကျင်ကန့်ကွက်သံတွေလည်း ဆူညံခဲ့ပါတယ်။၂၀၂၀ ရွေးကောက်ပွဲ ကပ်လာတာနဲ့အမျှ မြစ်ဆုံလို တိုင်းရင်းသားတွေ အထိမခံတဲ့ ကိစ္စတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ ပြန်ပေါ်လာတာ သတိထားစရာပါ။ဖေဖော်ဝါရီ ၅ ရက်က မြစ်ကြီးနားကို လာရောက်တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်က မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။

ကချင်ပြည်နယ်ကို လာရောက်တဲ့ ခရီးစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကက်သလစ်အသင်းတော်က ဘုန်းတော်ကြီးများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC )မှ သိက္ခာတော်ရ ဆရာတော်များနဲ့ တွေ့ဆုံစဉ်မှာ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီး လူထုဆန္ဒကို ဆန့်ကျင်လုပ်ရန် အခက်အခဲများစွာရှိနေလို့ ပြန်လည်စဉ်းစားရမည်လို့ ပြောခဲ့ပါတယ်။
ဒါပာာ စစ်တပ်ဖက်က ထိပ်တန်းတာဝန်ရှိသူတစ်ဦးရဲ့ မြစ်ဆုံနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားပါ။

လွှတ်တော်က မြစ်ဆုံစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ ကော်မတီကတော့ စာချုပ်ပါ အချက်အလက်တွေကို လေ့လာပြီး သမ္မတရုံးကို သုံးသပ်ချက် အစီရင်ခံစာ တင်ထားတာ တစ်နှစ်ကျော်ပြီလို့ ဆိုပါတယ်။ယခုထိ သမ္မတရုံးဘက်ကနေ တိကျတဲ့အဖြေ ပေါ်ထွက်လာခြင်း မရှိသေးဘူးလို့ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ပေါင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ ပြောစကားကို  ပြည်တွင်းသတင်းစာ တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းစာချုပ်ကို ချုပ်စဉ်က အစိုးရအဖွဲ့ထဲ ပါဝင်ခဲ့တဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း က စီမံကိန်းကို မဆောင်ရွက်ဘဲ သံတမန်နည်းလမ်းသုံးကာ လျော်ကြေးပေးပြီး ဖြေရှင်းသင့်တယ်လို့ အကြံပြုထားပါတယ်။ဒါပေမယ့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကတော့ လက်ရှိမှာ စီမံကိန်းအရွယ်အစားနဲ့ နေရာကို ပြောင်းပြီးလုပ်ဆောင်ဖို့ တရုတ်ဘက်နဲ့ ညှိနှိုင်းနေတယ်လို့ ပြောခဲ့ပါတယ်။

မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၇ ရက်တွင် မြစ်ကြီးနားမြို့၌ လူထောင်ချီအင်အားဖြင့် ပြုလုပ်ခဲ့ပြီး မြစ်ဆုံဆောက်လုပ်မှု ထာဝရရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် မြစ်ဆုံနဲ့ပတ်သက်ပြီး ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

လွှတ်တော်ထဲက ခြေဥတိုက်ပွဲ

ယခုရက်ပိုင်းအတွင်း နိုင်ငံရေး စိတ်ဝင်စားသူရော စိတ်မဝင်စားသူရော စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ရတဲ့ သတင်းက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမယ့် အရေးကြီးအဆိုပါပဲ။

ဖေဖေါ်ဝါရီ ၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ကော်မတီဖွဲ့စည်းရေး အဆိုကို လွှတ်တော်တွင်း နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၃၆ ဦး ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးမည့် ကိုယ်စားလှယ် ၃၆ ဦး စာရင်းတွင် ဒီချုပ်ပါတီက ကိုယ်စားလှယ် ၁၄ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် ၁၀ ဦး၊ SNLD ပါတီဝင် ကိုယ်စားလှယ်လေးဦး၊ ရခိုင် အမျိုးသားပါတီဝင် သုံးဦး၊ တအာင်း (ပလောင်) အမျိုးသားပါတီဝင်နှစ်ဦး၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ် ပါတီဝင်တစ်ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်း တို့က ပါဝင်ဆွေးနွေးဖို့ စာရင်းပေးခဲ့ကြပါတယ်။ဒါပေမယ့် ဆွေးနွေးတဲ့အခါ အဆိုတင်သွင်းမှုအပေါ် ကန့်ကွက်ခဲ့တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးမှု မရှိခဲ့ပါဘူး။

ဒီအရေးကြီးတဲ့ အဆိုကို တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က အဆိုကို ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်တွေက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်းမရှိဘူးဆိုပြီး ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင် မင်းကင်း ကိုယ်စားလှယ် ဦးမောင်မြင့် က ယခု ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အဆိုတင်သွင်းမှုက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ လွှတ်တော် လုပ်ထုံးလုပ်နည်းတွေနဲ့ ကွဲလွဲနေတယ်လို့ ပြောခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် အမတ် ဦးသောင်းအေး က အဆိုနှင့် ပတ်သက်၍ အငြင်းပွားနေမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ၍  အဆုံးအဖြတ် ခံယူသင့်တယ်လို့ ပြောခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဘက်က ဒေါက်တာမြတ်ဉာဏစိုး က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပါတီတစ်ခုတည်းက ဆောင်ရွက်ရန် သင့်လျော်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ၃၀ ဦးက အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် အရေးကြီးအဆိုကို စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်အ တည်ပြုခဲ့ပြီးနောက် အဆိုပါပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန် ကို တာဝန်ပေးမည်ဖြစ်ပြီး ကော်မတီကို သင့်လျော်သည့် ကိုယ်စားလှယ်အရေအတွက်ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း လွှတ်တော်နာယကမှ ပြောခဲ့ပါ တယ်။

အဆိုပါ အဆိုတင်သွင်းစဉ်က မဲပေးခြင်းမရှိခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ်များက အရေးကြီးအဆို မဲခွဲရာမှာ ပါဝင် စက်ခလုပ်နှိပ် မဲပေးခဲ့ပြီး အစုအဖွဲ့ခေါင်းဆောင်က ကော်မတီကို မျှတစွာ ဖွဲ့စည်းခြင်း ရှိ၊ မရှိ စောင့်ကြည့်မယ်လို့ ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းဖို့ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပေမယ့် ပြဿနာပေါင်းများစွာရှိတဲ့အတွက် ဘာတွေဆက်ဖြစ်လာဦးမလဲ၊ ပြည်သူတွေမျှော်မှန်းထားသလို ပြင်ဆင်ဖို့က အဆင်ပြေပြေ ဖြစ်လာနိုင်ပါ့မလား၊ ပထမအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဖွဲ့ခဲ့တဲ့ ကော်မတီတုန်းကလို ပုဒ်မတစ်ခုလောက်သာ ပြင်ဆင်နိုင်တဲ့ ပုံစံမျိုး ဖြစ်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါ တယ်။

အဆိုပါသတင်းက ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးသတင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အဆိုပြုတင်ပြခဲ့တဲ့ သတင်း၊ ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းမှုကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီ က ကြိုဆိုခဲ့တဲ့ သတင်း၊ ရန်ကုန်တိုင်းအတွင်း မြို့နယ်လေးမြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ပြုရေး တိုက်တွန်းတဲ့ အဆို ပြည်ထောင်စုတစ်ခုလုံးနဲ့ မသက်ဆိုင်လို့ လွှတ်တော်ကလည်း လက်ခံဆွေးနွေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့တဲ့ သတင်းတွေထက် ပိုပြီး အာရုံစိုက် သတိထားစောင့်ကြည့်ရမယ့် သတင်းဖြစ်တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
Photo Credit : ပြည်ထောင်စုလွှတ်တော်
ဖေဖော်ဝါရီ - ၈

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ျပည္တြင္းသတင္းေတြထဲမွာ သတိထားစရာ သတင္းေတြက ၿပီးခဲ့တဲ့သီတင္းပတ္က ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ခဲ့တဲ့ အေျခခံဥပေဒ ျပင္ဆင္ေရး ေကာ္မတီဖြဲ႕ဖို႔ အေရးႀကီးအဆို တင္သြင္းခဲ့ရာမွာ ယခုတစ္ပတ္အတြင္း ျပည္ေထာင္စုလႊတ္ေတာ္အတြင္းမွာ ေထာက္ခံတဲ့ဘက္နဲ႔ ကန႔္ကြက္တဲ့ဘက္ အေျခအတင္ ေဆြးေႏြးျငင္းခုံၾကတဲ့ သတင္းက ယခုတစ္ပတ္ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ လူစိတ္ဝင္စားမႈမ်ားတဲ့ သတင္းေတြျဖစ္တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ရွမ္းျပည္နယ္ခရီးစဥ္မွာ မိုင္းတုံၿမိဳ႕မွ မိုင္းဆတ္သို႔ သြားေရာက္စဥ္ စီးနင္းလာတဲ့ တပ္မေတာ္ရဟတ္ယာဥ္ ဟိုက္ဒေရာလစ္ဆီယိုမႈျဖစ္လို႔ ေျမျပင္ဆင္းသက္ခဲ့ရၿပီး အျခားရဟတ္ယာဥ္တစ္စီးနဲ႔ ခ်က္ခ်င္းအစားထိုးၿပီး မိုင္းဆတ္ကို သြားေရာက္ခဲ့ရတဲ့ သတင္း၊ အပစ္အခတ္ရပ္စဲထားတဲ့ ကာလအတြင္း အျမန္ဆုံးေတြ႕ဆုံေဆြးေႏြးရန္ လိုအပ္တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာလိုက္တဲ့ သတင္း၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန တံဆိပ္နဲ႔ ဝတ္စုံတို႔ကို ေျပာင္းလဲမယ့္ သတင္း၊ ေနျပည္ေတာ္မွာ က်င္းပမည့္ ျပည္ေထာင္စုေန႔အခမ္းအနားကို တက္ေရာက္ဖို႔ NCA လက္မွတ္ထိုးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕ကို ႏိုင္ငံေတာ္သမၼတက ဖိတ္ၾကားထားတဲ့ သတင္း၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာ-တ႐ုတ္ နယ္စပ္အမွတ္အသား စိုက္ထူထားတဲ့ ျမန္မာႏိုင္ငံ အလံတိုင္ကို တ႐ုတ္နယ္ျခားေစာင့္တပ္က လာေရာက္ၿဖိဳဖ်က္ခဲ့တဲ့ လုပ္ရပ္ကို ကန႔္ကြက္ေၾကာင္း တ႐ုတ္သံအမတ္ႀကီးကို ေခၚယူေျပာၾကားခဲ့တဲ့ သတင္း၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ထိမ္းျမားလက္ထပ္ႏိုင္တဲ့ အသက္အ႐ြယ္ကို (၁၈) ႏွစ္ျပည့္ၿပီးမွ လက္ထပ္ဖို႔ ျပင္ဆင္သင့္ေၾကာင္း ေဆြးေႏြးတင္ျပခဲ့တဲ့ သတင္းေတြထဲမွာ စိတ္ဝင္စားမႈအမ်ားဆုံး သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ျပန္ေရာင္းမယ့္ လက္နက္မ်ားႏွင့္ ယခုရက္သတၱပတ္

ယခုတစ္ပတ္အတြင္း မႈခင္းေနာက္ခံ သတင္းေတြထဲမွာ သတိထားစရာ သတင္းေတြ ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ နမ္စမ့္မွာ ျပန္ေရာင္းဖို႔ သယ္လာတဲ့ လက္နက္ေတြမိတဲ့ သတင္းနဲ႔  တကၠသိုလ္ထဲက အမ်ိဳးသမီးအေဆာင္ကို ခြင့္ျပဳခ်က္ေက်ာ္လြန္ၿပီး ညဘက္ ႐ုပ္သံဇာတ္လမ္းတြဲ႐ိုက္တဲ့ ႐ုပ္ရွင္ႏွင့္ ဗီဒီယို ထုတ္လုပ္ေရးကို သုံးႏွစ္ ရန္ကုန္တကၠသိုလ္က ႐ိုက္ကူးခြင့္မျပဳေတာ့တဲ့ ကိစၥေတြက ဒီတစ္ပတ္ သတင္းဖတ္ရႈသူေတြကို သတိထားမိေစခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ေနျပည္ေတာ္ေလဆိပ္မွာ လက္နက္ေတြနဲ႔ မူးယစ္ေဆးဝါးေတြနဲ႔ ဖမ္းဆီးရမိခဲ့လို ဖမ္းဆီးတရားစြဲဆိုထားတဲ့ ACE ဟိုတယ္ပိုင္ရွင္ ၿဖိဳးကိုကိုတင့္ဆန္း အမႈက မၿပီးေသးခင္ ေဖေဖၚဝါရီ ၁ ရက္မွာ နမ့္စမ္မွာ ကားတစ္စီးေပၚကေန စက္လက္တစ္လက္ ေတြ႕ရာကေန ျပန္ေရာင္းမယ့္ ေသနတ္ ၂၅ လက္နဲ႔ လက္နက္ခဲယမ္းေတြ ဖမ္းမိခဲ့တဲ့အတြက္ ျပည္တြင္းလုံၿခဳံေရးက သတိထားစိုးရိမ္ဖြယ္ ျဖစ္လာခဲ့ပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္း အမႈက တစ္ႏွစ္ေက်ာ္ၾကာ စစ္ေဆးေနတာ တင္ထားတဲ့ တရားလိုျပသက္ေသ ၄၀၀ ေက်ာ္ထဲက ၂၀၀ ေက်ာ္သာ စစ္ေဆးရေသးတဲ့အတြက္ အမႈစီရင္ခ်က္အဆင့္ေရာက္ဖို႔ ၾကာဦးမယ့္ အေနအထားပါ။နာမည္ေက်ာ္ ၾကည္လင္း အမႈက ေဖေဖၚဝါရီ ၁၅ ရက္မွာ အၿပီးသတ္ အမႈစီရင္ခ်က္ခ်မွာ ျဖစ္တဲ့အတြက္ ဒီအခ်ိန္မွာ နမ့္စမ္မွာ ျပန္ေရာင္းမယ့္ လက္နက္ေတြ ဖမ္းဆီးရမိတာက အမ်ားျပည္သူအတြက္ သတိထားစရာပါ။

ေဖေဖၚဝါရီ ၁ ရက္က နမ့္စန္ၿမိဳ႕နယ္၊ လြိဳင္ယဲေက်း႐ြာအုပ္စု လြိဳင္ယဲ-တိုင္းေခါင္းေက်း႐ြာ ကားလမ္းမွာ ပါဂ်ဲ႐ိုးကားတစ္စီးကို စစ္ေဆးခဲ့ရာကေန ကားေပၚပါလာတဲ့ တ႐ုတ္ႏိုင္ငံလုပ္ စက္လက္ေသနတ္ ၁ လက္ႏွင့္ က်ည္အိမ္အဝိုင္း ၁ ခုကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ဖမ္းမိတဲ့ ကားသမားကို စစ္ေဆးေမးျမန္းခဲ့ရာမွာ နမ့္စန္ၿမိဳ႕နယ္ထဲက မက္မြန္မုန္းေက်း႐ြာက ႐ြာသားတစ္ဦးဆီကေန ဝယ္လာခဲ့တာလို႔ဆိုၿပီး သြားဖမ္းဆီးတဲ့အခါ လူကို ဖမ္းဆီးရမိျခင္းမရွိဘဲ အဲဒီလူေနအိမ္ထဲကေန တ႐ုတ္ႏိုင္ငံႏွင့္ အေမရိကန္ႏိုင္ငံလုပ္ စက္လက္ႏွစ္လက္ အပါအဝင္ လက္နက္ ၂၅ သိမ္းဆည္းရမိခဲ့ပါတယ္။ဒါ့အျပင္ စႏိုက္ပါမွန္ေျပာင္းေတြ၊ ဆက္သြယ္ေရးစက္ေတြပါ ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းမိတဲ့သူကို စစ္ေဆးခ်က္အရ ျပန္ေရာင္းဖို႔ ဆိုတဲ့အတြက္ ဒါဟာ ျမန္မာႏိုင္ငံအတြင္း လက္နက္ေဈးကြက္ ျဖစ္ထြန္းေနၿပီလားဆိုတာ သတိထားစရာ ျဖစ္လာခဲ့ပါတယ္။လက္နက္ေတြ စုေဆာင္းထားသူကို ဖမ္းမမိေသးတဲ့အတြက္ ဘယ္အခ်ိန္ကတည္းက ေရာင္းခဲ့တယ္၊ ဘယ္ေလာက္အေရအတြက္ ပမာဏရွိသလဲနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကို ေရာင္းခ်တာလား၊ ျပည္တြင္းက တရားမဝင္ လက္နက္ကိုင္ေဆာင္ခ်င္တဲ့ ရာဇဝတ္လုပ္ငန္း လုပ္ကိုင္ေနသူေတြကို ေရာင္းခ်ခဲ့သလဲဆိုတာ မသိရေသးပါဘူး။

မၾကာခင္က  တာခ်ီလိတ္ၿမိဳ႕လယ္ မီးပြိဳင့္မွာ ၿမိဳ႕ခံစီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ဆိုင္ကယ္စီး ေသနတ္သမားႏွစ္ဦးက ေန႔ခင္းေၾကာင္ေတာင္ ေသနတ္နဲ႔  ပစ္သတ္ခဲ့တာေတြ ရွိခဲ့တဲ့အတြက္ ဒီလက္နက္ေတြ ဖမ္းမိတဲ့ သတင္းဟာ ဘယ္သူ႔ဆီလဲ၊ ဘယ္ကိုေရာက္မွာလဲ ဆိုတာက အမ်ားျပည္သူအတြက္ စိတ္ေသာကေရာက္စရာ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။

ဒီသတင္းလို စိတ္ေသာကေရာက္စရာ သတင္းနဲ႔အၿပိဳင္ စိတ္ပ်က္စရာေကာင္းတဲ့ သတင္းတစ္ပုဒ္ကေတာ့ ရန္ကုန္တကၠသိုလ္ထဲက အမ်ိဳးသမီးအေဆာင္ျဖစ္တဲ့ နာမည္ႀကီး အင္လ်ားေဆာင္မွာ ႐ုပ္သံဇာတ္လမ္းတြဲ လာ႐ိုက္တဲ့ နိယ်ာယန ႐ုပ္ရွင္ႏွင့္ ဗီဒီယို ထုတ္လုပ္ေရးကို ခြင့္ျပဳခ်ိန္ ေက်ာ္လြန္႐ိုက္ကူးၿပီး အျခားကိစၥေတြေၾကာင့္ အေဆာင္ေနသူ ေက်ာင္းသူအခ်ိဳ႕ကို စိတ္အေႏွာင္အယွက္ျဖစ္ေအာင္ လုပ္ခဲ့တဲ့ကိစၥပါ။

အဆိုပါ ႐ုပ္ရွင္ႏွင့္ ဗီဒီယို ထုတ္လုပ္ေရးအဖြဲ႕က အမ်ိဳးသား ၂၀ ခန႔္ဟာ ႐ုပ္သံဇာတ္လမ္းတြဲတစ္ခုအတြက္ ဇာတ္ဝင္ခန္းေတြကို ရန္ကုန္တကၠသိုလ္ အင္းလ်ားေဆာင္အတြင္း ေဖေဖာ္ဝါရီ ၃ ရက္ (သန္းေခါင္ေက်ာ္) နံနက္ ၁ နာရီ ၄၅ မိနစ္အထိ  လာေရာက္႐ိုက္ကူးေနစဥ္ ေက်ာင္းသူေတြကို ထိပါးေျပာဆိုတာေတြ၊ ေက်ာင္းသူအခန္းထဲ ေခ်ာင္းၾကည့္တာေတြေၾကာင့္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္) က ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ထံ တာဝန္ယူ၊ တာဝန္ခံမႈ ျပဳလုပ္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ဒီေတာင္းဆိုမႈ ေၾကာင့္ ေဖေဖာ္ဝါရီ ၅ ရက္က အင္းလ်ားအေဆာင္သူအခ်ိဳ႕၊ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (ဗက သမ်ားအဖြဲ႕ခ်ဳပ္)၊ ရန္ကုန္တကၠသိုလ္ ဆရာမ်ားအသင္း၊ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ အဆိုပါထုတ္လုပ္ေရးမွ တာဝန္ရွိသူမ်ား ပါဝင္သည့္ အစည္းအေဝးျပဳလုပ္ခဲ့ အၿပီးတြင္ အဆိုပါထုတ္လုပ္ေရးကို ရန္ကုန္တကၠသိုလ္အတြင္း ႐ိုက္ကူးခြင့္ သုံးႏွစ္ပိတ္ရန္ႏွင့္ အင္းလ်ားေဆာင္ အေဆာင္မႉးအား ခံဝန္ကတိေရးထိုးေစရန္ ဆုံးျဖတ္ခဲ့တယ္ ဆိုပါတယ္။

ဒီသတင္းဟာ ရန္ကုန္တကၠသိုလ္အတြင္း အေဆာင္မႉးမ်ားရဲ႕ ေရွးယခင္က အေဆာင္သူ ေက်ာင္းသူေတြအေပၚ ေစာင့္ေရွာက္မႈကို ျပန္သတိရစရာ လြမ္းစရာ ျဖစ္လာေစခဲ့ပါတယ္။ဒါ့အျပင္ ေက်ာင္းထဲထိဝင္ၿပီး ညဘက္ အေဆာင္အခန္းထဲ ေခ်ာင္းၾကည့္တဲ့သူေတြရဲ႕ က်င့္ဝတ္မဲ့မႈနဲ႔ ဒီလိုျဖစ္ေပၚမွာကို မတြက္ဆတတ္တဲ့ တာဝန္ရွိသူေတြ အုပ္ခ်ဳပ္မႈေအာက္က တကၠသိုလ္အေဆာင္ေတြရဲ႕ အနာဂတ္လုံၿခဳံမႈအေပၚ စိုးရိမ္စရာပါဘဲ။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ မႈခင္းသတင္းေတြျဖစ္တဲ့ မႏၲေလး မဟာေအာင္ေျမ ေက်ာက္ဝိုင္းမွာ ေက်ာက္စိမ္းေရာင္းရေငြ က်ပ္သိန္း ၉,၉၀၀ ေက်ာ္ကို ပြဲစားက ျပန္လည္မေပးေခ်လို႔  ေက်ာက္စိမ္းပိုင္ရွင္ ခုနစ္ဦးက ရဲစခန္းကို တိုင္ၾကားတဲ့ သတင္း၊ က်ဳံေပ်ာ္ၿမိဳ႕နယ္ လွည္းဆိပ္ေက်း႐ြာရွိ ခရစ္ေတာ္၏ တပည့္ေတာ္မ်ား မိတ္သဟာယအဖြဲ႕ ဦးေဆာင္သူ ငါးဦးကို သာသနာေတာ္ ညႇိဳးႏြမ္းေစမႈနဲ႔ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ တစ္ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့ သတင္း၊ ဖားကန႔္ ေက်ာက္စိမ္းလုပ္ကြက္မွာ ေရမေဆးသမားမ်ားႏွင့္ လုံၿခဳံေရးရဲတပ္ဖြဲ႕တို႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး ေသနတ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းမႈေၾကာင့္ ေရမေဆးေက်ာက္ ရွာေဖြသူတစ္ဦး ေသနတ္ထိမွန္ ေသဆုံးခဲ့တဲ့ သတင္း၊ မေကြးၿမိဳ႕ နံကပ္ကြၽန္း ဧရာဝတီျမစ္ေရခ်ိဳးဆိပ္မွာ အမ်ိဳးသားသုံးဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ျမစ္တစ္ဖက္ေသာင္ျပင္သို႔ ျဖတ္ကူးစဥ္ အမ်ိဳးသားသုံးဦးသည္ ျမစ္အတြင္း ေမ်ာပါေသဆုံးခဲ့တဲ့ သတင္း၊ ျမန္မာပလာဇာႏွင့္ မယ္လီနာဟိုတယ္ၾကား ကားပါကင္မွာ အမ်ိဳးသားႏွစ္ဦး ကားပါကင္လုရင္း ရန္ျဖစ္တာကေန တစ္ဦးေသဆုံးခဲ့တဲ့ သတင္း၊ ေပါက္ၿမိဳ႕နယ္ ေရခါးေက်း႐ြာအနီးရွိ ေရနံလက္ယက္တြင္းတစ္ခု မီးေလာင္ခဲ့တဲ့ သတင္း၊ ဖားကန႔္မွာ ေျမစာပုံ ၿပိဳက်လို႔ ေပ်ာက္ဆုံးေနသူ ၅၀ ဦးအထက္ရွိတဲ့ သတင္း စတဲ့ သတင္းေတြထက္ စိတ္ဝင္စားမႈ ပိုခဲ့ပါတယ္။

ဗဟိုဘဏ္ ဝင္ကိုင္မယ့္ဆိုတဲ့ ဟြန္ဒီနဲ႔ Red Dot ျပႆနာ

ယခုတစ္ပတ္ စီးပြားေရးသတင္းေတြထဲမွာ အမ်ားျပည္သူၾကားထဲ ေျပာစရာျဖစ္ခဲ့တဲ့ သတင္းက Red Dot ကုမၸဏီ႐ုံးခန္း ပိတ္သိမ္းကာ ထြက္ေျပးတိမ္းေရွာင္သြားတဲ့ ျပႆနာနဲ႔ ဟြန္ဒီလုပ္ငန္းကို တရားဝင္ျဖစ္ေအာင္ ဗဟိုဘဏ္က လုပ္ေဆာင္ေနတဲ့ သတင္းေတြပါဘဲ။အထူးသျဖင့္ အီလက္ထ႐ြန္နစ္ ဖုန္းဘီလ္ျဖည့္သြင္းျခင္း ဝန္ေဆာင္မႈကုမၸဏီတစ္ခုျဖစ္တဲ့ Red Dot ကုမၸဏီ ႐ုံးခန္းပိတ္သိမ္းကာ ထြက္ေျပးတိမ္းေရွာင္သြားတဲ့ ျပႆနာဟာ လူေတြၾကားထဲ အေတာ္ေလး လႈပ္လႈပ္ခတ္ခတ္ ျဖစ္ခဲ့ပါတယ္။

ေဖာ္ျပခဲ့တဲ့ သတင္းေတြအရ Red Dot ကုမၸဏီကို ၂၀၁၇ ေဖေဖာ္ဝါရီလက ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနမွာ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီအျဖစ္ မွတ္ပုံတင္ခဲ့တယ္ ဆိုပါတယ္။ကုမၸဏီရဲ႕ အဓိကရင္းႏွီးျမႇဳပ္ႏွံမႈက အိုင္ယာလန္ကေန လာတာလို႔ ဆိုပါတယ္။အဆိုပါကုမၸဏီဟာ ေဖေဖာ္ဝါရီ ၄ ရက္က စတင္ၿပီး ရန္ကုန္ၿမိဳ႕ ေယာက္လမ္းမွာရွိတဲ့ ပင္မ႐ုံး အပါအဝင္ မႏၲေလး၊ ေမာ္လၿမိဳင္၊ ေတာင္ႀကီး စသည့္ နယ္ၿမိဳ႕အမ်ားအျပားက ႐ုံးခန္းေတြ ပိတ္သိမ္းကာ ထြက္ေျပးတိမ္းေရွာင္သြားတာျဖစ္လို႔ ကုမၸဏီကို ဖုန္းဘီလ္သြင္းတဲ့ ႀကိဳေပးသြင္းထားတဲ့ ေငြနဲ႔ စက္တန္ဖိုးေတြ ဆုံးရႈံးမႈရွိခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ေငြေၾကးဆုံးရႈံးခဲ့တဲ့ ကိုယ္စားလွယ္ေတြက ကုမၸဏီကို တရားစြဲဖို႔ အြန္လိုင္းေပၚကေန စည္း႐ုံးေနတာေတြ ရွိေပမယ့္ ကုမၸဏီဖ်က္သိမ္းျခင္းႏွင့္ ပတ္သက္၍ တိုင္ၾကားမႈေတြ ေရာက္ရွိမလာေသးဘူးလို႔ စားသုံးသူေရးရာဦးစီးဌာနဘက္က ေျပာတာေတြ ရွိပါတယ္။

Red Dot ကုမၸဏီတြင္ ကိုယ္စားလွယ္ ႏွစ္ေသာင္းေက်ာ္ ရွိတယ္လို႔ဆိုၿပီး က်ပ္ႏွစ္သိန္းႏွင့္ အထက္ ေငြေၾကးဆုံးရႈံးသူအေရအတြက္ ၁၅ ရာခိုင္ႏႈန္းခန႔္၊ က်ပ္တစ္သိန္းမွ က်ပ္ငါးေသာင္းအၾကား ေငြေၾကးဆုံးရႈံးသူ ၃၀ ရာခိုင္ႏႈန္းခန႔္ ရွိခဲ့တယ္လို႔ ဆိုတဲ့အတြက္ Red Dot ကုမၸဏီဘက္ကို ပါသြားတဲ့ ကိုယ္စားလွယ္ေတြရဲ႕ ေငြေၾကးပမာဏက အေတာ္ေလးမ်ားပါတယ္။

Viber, Ananda, iflix, Viu နဲ႔ ဘဏ္အခ်ိဳ႕နဲ႔ မိတ္ဖက္လုပ္ကိုင္ၿပီး အီလက္ထ႐ြန္နစ္ဘီလ္ ျဖည့္သြင္းျခင္း၊ မီတာဘီလ္ ေပးေဆာင္ျခင္းႏွင့္ ေဗဒင္ကဲ့သို႔ေသာ ဝန္ေဆာင္မႈမ်ားအတြက္ Red Dot Pay ဝန္ေဆာင္မႈကို လုပ္ကိုင္ေနတဲ့ Red Dot ကုမၸဏီကို ဗဟိုဘဏ္က ဘဏ္လုပ္ငန္းတစ္ခု၊ ေငြေၾကးဆိုင္ရာ ဝန္ေဆာင္မႈတစ္ခုအျဖစ္ သတ္မွတ္ျခင္းမရွိဘဲ လက္လီေရာင္းသည့္ လုပ္ငန္းတစ္ခုအျဖစ္သာ သတ္မွတ္ထားၿပီး လိုင္စင္ခ်ထားေပးျခင္း မရွိသလို ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ မရွိဘူးလို႔ ဗဟိုဘဏ္ ဒု-ဥကၠ႒ ဦးဘိုဘိုငယ္ က ေဖေဖၚဝါရီ ၆ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

Red Dot ကုမၸဏီရဲ႕ ႐ုံးခန္းပိတ္ၿပီး ထြက္ေျပးတိမ္းေရွာင္သြားတဲ့ ျပႆနာေၾကာင့္ ေငြေၾကးလႊဲေျပာင္း ဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ေနတဲ့ တျခားလုပ္ငန္းေတြအေပၚ ႐ိုက္ခတ္မႈေတြ၊ အမ်ားျပည္သူရဲ႕ ယုံၾကည္မႈေတြ ထိခိုက္မႈရွိခဲ့တဲ့အတြက္ Wave Money ႏွင့္ Ok Dollar ကုမၸဏီတို႔က သူတို႔ ဝန္ေဆာင္မႈအေပၚ အသုံးျပဳတဲ့သူနဲ႔ ကိုယ္စားလွယ္ေတြကို ၎တို႔အေနနဲ႔ ဘဏ္မ်ားမွာ ၁၀၀ ရာခိုင္ႏႈန္း အျပည့္အပ္ႏွံထားလို႔ ေငြေၾကးမ်ားအေပၚ အျပည့္အဝအာမခံႏိုင္ေၾကာင္း ေဖေဖာ္ဝါရီ ၆ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ရတဲ့အထိ Red Dot ႐ိုက္ခတ္မႈက ႀကီးခဲ့ပါတယ္။

ဒီျပႆနာက အမ်ားျပည္သူအတြက္ ဆုံးရႈံးမႈမ်ားတဲ့အျပင္ တျခားသာ ပုံစံတူလုပ္ငန္းငယ္ေတြ အေပၚလည္း ႐ိုက္ခတ္မႈရွိတဲ့အတြက္ ေငြေၾကးအာဏာပိုင္ေတြဘက္က ဘယ္လိုအေရးယူ ေဆာင္႐ြက္မႈေတြ ရွိလာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီတစ္ပတ္ထဲ ထူးျခားတဲ့ ေနာက္သတင္းတစ္ပုဒ္က တစ္ႏွစ္ကို ေဒၚလာဘီလ်ံနဲ႔ခ်ီတဲ့ ျပည္ပေရာက္ ျမန္မာလုပ္သားေတြ ေပးပို႔တဲ့ တရားမဝင္ ေငြလႊဲလုပ္ငန္းေတြကို ကိုင္တြယ္ဖို႔ ေငြေၾကးအာဏာပိုင္အဖြဲ႕ျဖစ္တဲ့ ဗဟိုဘဏ္က စီစဥ္ေနတယ္ဆိုတဲ့ သတင္းပါဘဲ။

ယမန္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ မန္တုံ မဲဆႏၵနယ္မွ ေဒၚနန္းမိုး က တရားမဝင္ ျပည္ပေငြလႊဲလုပ္ငန္းမ်ားကို ထိန္းေက်ာင္းဖို႔ ေမးျမန္းခဲ့တာပါ။ဒီေမးခြန္းအတြက္ ဗဟိုဘဏ္ ဒု-ဥကၠ႒ ဦးဘိုဘိုငယ္ က လႊတ္ေတာ္မွာ လာေရာက္ေျဖဆိုတဲ့ အခါ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္ေထာက္ပံ့မႈတို႔အတြက္ အသုံးခ်ႏိုင္ဖြယ္ရွိတဲ့ တရားမဝင္ ျပည္ပေငြလႊဲလုပ္ငန္းမ်ားကို ထိန္းေက်ာင္းႏိုင္ဖို႔ တရားဝင္ လုပ္ကိုင္ခြင့္ျပဳေရး စီစဥ္ေနတယ္လို႔ ေျပာပါတယ္။ဒီလို တရားဝင္ဖြင့္ခြင့္ျပဳဖို႔ စင္ကာပူႏွင့္ ထိုင္းႏိုင္ငံတို႔၏ အေတြ႕အႀကဳံ၊ နည္းလမ္းတို႔ ရယူ၍ စည္းမ်ဥ္းတစ္ရပ္ကို မူၾကမ္းေရးဆြဲျပဳစုၿပီး ႏိုင္ငံေတာ္သမၼတ႐ုံးနဲ႔ တျခားသက္ဆိုင္ရာေကာ္မတီေတြကို ေပးပို႔ထားတယ္ ဆိုပါတယ္။ဒါဟာ ေငြေၾကးမသမာမႈနဲ႔ လိမ္လည္မႈခံေနရတဲ့ ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြအတြက္ သတင္းေကာင္းတစ္ခုျဖစ္ေပမယ့္ တျခားဥပေဒ နည္းဥပေဒေတြလိုဘဲ ဘယ္အဆင့္ေတြမွာ ၾကန႔္ၾကာေနဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီစီးပြားေရးေနာက္ခံ သတင္းေတြက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့  ဗဟိုဘဏ္က ရည္ၫႊန္းေငြလဲႏႈန္း သတ္မွတ္ခ်ိန္ကို ေဖေဖာ္ဝါရီ ၅ ရက္က စတင္ၿပီး ညေန ၄ နာရီသို႔ ေျပာင္းလဲထုတ္ျပန္ခဲ့တဲ့ သတင္း၊ ေျမာက္ဦး ေ႐ႊနန္းေျမ၊ အၪၥနအားမာန္၊ ဝတီေ႐ႊေျမ၊ ဘဝသစ္ေအာင္ခိုင္ဦး၊ သီဟရာဇာထြန္းႏွင့္ ေက်ာ္လႊား သဇင္ကုမၸဏီ စတဲ့  ေဆာက္လုပ္ေရးကုမၸဏီ ေျခာက္ခုကို ျပည္နယ္အစိုးရအဖြဲ႕က မမွန္မကန္ တိုင္ၾကားသက္ေသ ထြက္ဆိုခဲ့လို႔ အမည္ပ်က္စာရင္းသြင္းခဲ့တဲ့ သတင္း၊ မိုဘိုင္းဖုန္းအသုံးျပဳမည့္ ေငြေပးေခ်စနစ္ (Mobile Payment) ကို ယခုႏွစ္အတြင္း စတင္မိတ္ဆက္မည္ဟု ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္ က ေျပာခဲ့တဲ့ သတင္း၊ ျမန္မာ-တ႐ုတ္ နယ္စပ္ တရားဝင္ကုန္သြယ္ေရးတြင္ ဘဏ္မ်ားမွတစ္ဆင့္ တ႐ုတ္ယြမ္ႏွင့္ က်ပ္ေငြလဲလွယ္သည့္ စနစ္ကို စတင္အေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ေနတဲ့သတင္း စတဲ့ သတင္းေတြထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

က်ယ္ျပန႔္လာတဲ့ ျမစ္ဆုံအေရး

ျမစ္ဆုံေရကာတာ ျပန္လည္တည္ေဆာက္ဖို႔ အသံေတြ ထြက္လာခ်ိန္နဲ႔အတူ ျပည္တြင္းက ဆန႔္က်င္ကန႔္ကြက္သံေတြလည္း ဆူညံခဲ့ပါတယ္။၂၀၂၀ ေ႐ြးေကာက္ပြဲ ကပ္လာတာနဲ႔အမွ် ျမစ္ဆုံလို တိုင္းရင္းသားေတြ အထိမခံတဲ့ ကိစၥေတြနဲ႔ ပက္သက္တဲ့ အေၾကာင္းအရာေတြ ျပန္ေပၚလာတာ သတိထားစရာပါ။ေဖေဖာ္ဝါရီ ၅ ရက္က ျမစ္ႀကီးနားကို လာေရာက္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရဲ႕ ခရီးစဥ္မွာ ကာကြယ္ေရးဦးစီးခ်ဳပ္က ျမစ္ဆုံဆည္နဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာရွိပါတယ္။

ကခ်င္ျပည္နယ္ကို လာေရာက္တဲ့ ခရီးစဥ္မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကက္သလစ္အသင္းေတာ္က ဘုန္းေတာ္ႀကီးမ်ား၊ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ (KBC )မွ သိကၡာေတာ္ရ ဆရာေတာ္မ်ားနဲ႔ ေတြ႕ဆုံစဥ္မွာ ျမစ္ဆုံဆည္ စီမံကိန္းႏွင့္ ပတ္သက္ၿပီး လူထုဆႏၵကို ဆန႔္က်င္လုပ္ရန္ အခက္အခဲမ်ားစြာရွိေနလို႔ ျပန္လည္စဥ္းစားရမည္လို႔ ေျပာခဲ့ပါတယ္။
ဒါပာာ စစ္တပ္ဖက္က ထိပ္တန္းတာဝန္ရွိသူတစ္ဦးရဲ႕ ျမစ္ဆုံနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တဲ့စကားပါ။

လႊတ္ေတာ္က ျမစ္ဆုံစာခ်ဳပ္ကိစၥနဲ႔ ပတ္သက္ၿပီး ဖြဲ႕စည္းထားတဲ့ ေကာ္မတီကေတာ့ စာခ်ဳပ္ပါ အခ်က္အလက္ေတြကို ေလ့လာၿပီး သမၼတ႐ုံးကို သုံးသပ္ခ်က္ အစီရင္ခံစာ တင္ထားတာ တစ္ႏွစ္ေက်ာ္ၿပီလို႔ ဆိုပါတယ္။ယခုထိ သမၼတ႐ုံးဘက္ကေန တိက်တဲ့အေျဖ ေပၚထြက္လာျခင္း မရွိေသးဘူးလို႔ ေလ့လာစိစစ္သုံးသပ္ေရး ေကာ္မရွင္အဖြဲ႕ဝင္ ေပါင္ မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ရဲ႕ ေျပာစကားကို  ျပည္တြင္းသတင္းစာ တစ္ေစာင္မွာ ေဖာ္ျပခဲ့ပါတယ္။ျမစ္ဆုံ ေရအားလွ်ပ္စစ္ စီမံကိန္းစာခ်ဳပ္ကို ခ်ဳပ္စဥ္က အစိုးရအဖြဲ႕ထဲ ပါဝင္ခဲ့တဲ့ သမၼတ႐ုံးဝန္ႀကီးေဟာင္း ဦးစိုးသိန္း က စီမံကိန္းကို မေဆာင္႐ြက္ဘဲ သံတမန္နည္းလမ္းသုံးကာ ေလ်ာ္ေၾကးေပးၿပီး ေျဖရွင္းသင့္တယ္လို႔ အႀကံျပဳထားပါတယ္။ဒါေပမယ့္  ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္း ကေတာ့ လက္ရွိမွာ စီမံကိန္းအ႐ြယ္အစားနဲ႔ ေနရာကို ေျပာင္းၿပီးလုပ္ေဆာင္ဖို႔ တ႐ုတ္ဘက္နဲ႔ ညႇိႏႈိင္းေနတယ္လို႔ ေျပာခဲ့ပါတယ္။

ျမစ္ဆုံဆည္ စီမံကိန္း အၿပီးတိုင္ရပ္ဆိုင္းေရး ေတာင္းဆိုသည့္ ဆႏၵထုတ္ေဖာ္မႈကို ေဖေဖာ္ဝါရီ ၇ ရက္တြင္ ျမစ္ႀကီးနားၿမိဳ႕၌ လူေထာင္ခ်ီအင္အားျဖင့္ ျပဳလုပ္ခဲ့ၿပီး ျမစ္ဆုံေဆာက္လုပ္မႈ ထာဝရရပ္ဆိုင္းဖို႔ ေတာင္းဆိုခဲ့ၾကတဲ့အတြက္ ျမစ္ဆုံနဲ႔ပတ္သက္ၿပီး ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

လႊတ္ေတာ္ထဲက ေျခဥတိုက္ပြဲ

ယခုရက္ပိုင္းအတြင္း ႏိုင္ငံေရး စိတ္ဝင္စားသူေရာ စိတ္မဝင္စားသူေရာ စိတ္ဝင္တစား ေစာင့္ၾကည့္ေနခဲ့ရတဲ့ သတင္းက ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးမယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္ တင္သြင္းခဲ့တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းမယ့္ အေရးႀကီးအဆိုပါပဲ။

ေဖေဖၚဝါရီ ၅ ရက္က ျပည္ေထာင္စုလႊတ္ေတာ္မွာ ေကာ္မတီဖြဲ႕စည္းေရး အဆိုကို လႊတ္ေတာ္တြင္း ႏိုင္ငံေရးပါတီေတြက ကိုယ္စားလွယ္ ၃၆ ဦး ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။ေဆြးေႏြးမည့္ ကိုယ္စားလွယ္ ၃၆ ဦး စာရင္းတြင္ ဒီခ်ဳပ္ပါတီက ကိုယ္စားလွယ္ ၁၄ ဦး၊ ျပည္ခိုင္ၿဖိဳးပါတီက ကိုယ္စားလွယ္ ၁၀ ဦး၊ SNLD ပါတီဝင္ ကိုယ္စားလွယ္ေလးဦး၊ ရခိုင္ အမ်ိဳးသားပါတီဝင္ သုံးဦး၊ တအာင္း (ပေလာင္) အမ်ိဳးသားပါတီဝင္ႏွစ္ဦး၊ ရခိုင္ ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီဝင္တစ္ဦး၊ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ ပါတီဝင္တစ္ဦးနဲ႔ တစ္သီးပုဂၢလကိုယ္စားလွယ္ ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးစိုးသိန္း တို႔က ပါဝင္ေဆြးေႏြးဖို႔ စာရင္းေပးခဲ့ၾကပါတယ္။ဒါေပမယ့္ ေဆြးေႏြးတဲ့အခါ အဆိုတင္သြင္းမႈအေပၚ ကန႔္ကြက္ခဲ့တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ပါဝင္ေဆြးေႏြးမႈ မရွိခဲ့ပါဘူး။

ဒီအေရးႀကီးတဲ့ အဆိုကို တိုင္းရင္းသားပါတီမ်ားမွ ကိုယ္စားလွယ္မ်ားနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဘက္က အဆိုကို ေထာက္ခံေဆြးေႏြးခဲ့ၿပီး ျပည္ခိုင္ၿဖိဳးပါတီဝင္ ကိုယ္စားလွယ္ေတြက ဥပေဒ၊ လုပ္ထုံးလုပ္နည္းႏွင့္ ညီၫြတ္ျခင္းမရွိဘူးဆိုၿပီး ကန႔္ကြက္ေဆြးေႏြးခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီဝင္ မင္းကင္း ကိုယ္စားလွယ္ ဦးေမာင္ျမင့္ က ယခု ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းရန္ အဆိုတင္သြင္းမႈက ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ျပ႒ာန္းထားတဲ့ ျပင္ဆင္ေရးဆိုင္ရာ ျပ႒ာန္းခ်က္မ်ား၊ လႊတ္ေတာ္ လုပ္ထုံးလုပ္နည္းေတြနဲ႔ ကြဲလြဲေနတယ္လို႔ ေျပာခဲ့ၿပီး ျပည္ခိုင္ၿဖိဳးပါတီဝင္ အမတ္ ဦးေသာင္းေအး က အဆိုႏွင့္ ပတ္သက္၍ အျငင္းပြားေနမႈကို ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးသို႔ တင္ျပ၍  အဆုံးအျဖတ္ ခံယူသင့္တယ္လို႔ ေျပာခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီဘက္က ေဒါက္တာျမတ္ဉာဏစိုး က ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပါတီတစ္ခုတည္းက ေဆာင္႐ြက္ရန္ သင့္ေလ်ာ္မႈမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ကိုယ္စားလွယ္ ၃၀ ဦးက အႀကိတ္အနယ္ ေဆြးေႏြးခဲ့ၿပီးေနာက္ အေရးႀကီးအဆိုကို စက္ခလုတ္ႏွိပ္ မဲခြဲဆုံးျဖတ္အ တည္ျပဳခဲ့ၿပီးေနာက္ အဆိုပါပူးေပါင္းေကာ္မတီ ဥကၠ႒အျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယက ဦးထြန္းထြန္းဟိန္ ကို တာဝန္ေပးမည္ျဖစ္ၿပီး ေကာ္မတီကို သင့္ေလ်ာ္သည့္ ကိုယ္စားလွယ္အေရအတြက္ျဖင့္ ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း လႊတ္ေတာ္နာယကမွ ေျပာခဲ့ပါ တယ္။

အဆိုပါ အဆိုတင္သြင္းစဥ္က မဲေပးျခင္းမရွိခဲ့သည့္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားက အေရးႀကီးအဆို မဲခြဲရာမွာ ပါဝင္ စက္ခလုပ္ႏွိပ္ မဲေပးခဲ့ၿပီး အစုအဖြဲ႕ေခါင္းေဆာင္က ေကာ္မတီကို မွ်တစြာ ဖြဲ႕စည္းျခင္း ရွိ၊ မရွိ ေစာင့္ၾကည့္မယ္လို႔ ေျပာခဲ့ပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ေကာ္မတီကို ဖြဲ႕စည္းဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ ျပႆနာေပါင္းမ်ားစြာရွိတဲ့အတြက္ ဘာေတြဆက္ျဖစ္လာဦးမလဲ၊ ျပည္သူေတြေမွ်ာ္မွန္းထားသလို ျပင္ဆင္ဖို႔က အဆင္ေျပေျပ ျဖစ္လာႏိုင္ပါ့မလား၊ ပထမအႀကိမ္ လႊတ္ေတာ္အစည္းအေဝးမွာ ဖြဲ႕ခဲ့တဲ့ ေကာ္မတီတုန္းကလို ပုဒ္မတစ္ခုေလာက္သာ ျပင္ဆင္ႏိုင္တဲ့ ပုံစံမ်ိဳး ျဖစ္လာမလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါ တယ္။

အဆိုပါသတင္းက ယခုတစ္ပတ္အတြင္း ျဖစ္ေပၚခဲ့တဲ့ ႏိုင္ငံေရးသတင္းေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရဦးေ႐ႊမန္း ဦးေဆာင္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP) ကို ေဖေဖာ္ဝါရီ ၅ ရက္က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို အဆိုျပဳတင္ျပခဲ့တဲ့ သတင္း၊ ၂၀၀၈  ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ရန္ ႀကိဳးပမ္းမႈကို ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ မစၥစ္ယန္ဟီးလီ က ႀကိဳဆိုခဲ့တဲ့ သတင္း၊ ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္ေလးၿမိဳ႕နယ္မွာ ဆိုင္ကယ္စီးနင္းခြင့္ျပဳေရး တိုက္တြန္းတဲ့ အဆို ျပည္ေထာင္စုတစ္ခုလုံးနဲ႔ မသက္ဆိုင္လို႔ လႊတ္ေတာ္ကလည္း လက္ခံေဆြးေႏြးျခင္းမျပဳရန္ ဆုံးျဖတ္ခဲ့တဲ့ သတင္းေတြထက္ ပိုၿပီး အာ႐ုံစိုက္ သတိထားေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
Photo Credit : ျပည္ေထာင္စုလႊတ္ေတာ္
ေဖေဖာ္ဝါရီ - ၈