【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်တွင်း ပွတ်တိုက်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်တွင်း ပွတ်တိုက်မှု

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တစ်ဦး အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော်မှာ တင်ခဲ့ရာမှာ လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်တွေက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြလို့ လွှတ်တော်နာယကဖြစ်သူက အကြိမ်ကြိမ်ပြောပြီး ထိုင်ခိုင်းရတဲ့ သတင်းနဲ့ မြစ်ဆုံသတင်းတွေက ယခုတစ်ပတ် သတင်းတွေထဲမှာ အများအာရုံစိုက်စရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။  

ဒီသတင်းတွေနဲ့အတူ မိတ္ထီလာလွင်ပြင်ဒေသ (မုန်တိုင်) မှာ တပ်မတော် ကြည်း၊ လေ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ဘုရင့်နောင်) စစ်ရေးလေ့ကျင်မှု ပြုလုပ်ခဲ့တဲ့ သတင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူခဲ့တဲ့ အဂတိလိုက်စားမှု သတင်းတွေ၊ ဦးကိုနီ နဲ့ ကိုနေဝင်း လုပ်ကြံသတ်ဖြတ်ခံရမှု နှစ်နှစ်မြောက် အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ သဝဏ်လွှာပေးပိုခဲ့တဲ့ သတင်း၊ နေပြည်တော်တွင် ကျင်းပသည့် Invest Myanmar Summit 2019 ဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လာမည့်နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  ကန်ဒေါ်လာဘီလီယံ ၂၀၀ ဝင်ရောက်ဖို့ မျှော်မှန်းထားတယ်လို့ ပြောခဲ့တဲ့ သတင်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က လေးနှစ်အတွင်း လုပ်ကိုင်ခြင်းမရှိသော မြေများကို ပြန်လည်သိမ်းယူခဲ့ရာမှာ ပြင်ဦးလွင်မြို့က အများဆုံးဖြစ်နေတယ်လို့ ပြောလိုက်တဲ့ သတင်း၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က  နေပြည်တော် Invest Myanmar Summit 2019 အခမ်းအနား၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ  ရခိုင်ပြည်နယ်တွင် ရဲစခန်းများကို ဝင်တိုက်လျှင် ပန်းနှင့် ပြန်ပေါက်မည်မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးအတွက် ပြန်တိုက်ရမည်လို့ ပြောလိုက်တဲ့ သတင်း၊ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားစဉ်  ဦးခေါင်းကို ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့သည့် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှ အသက် (၇) နှစ်အရွယ် မောင်နိုင်စိုး ၏ အသုဘကို ကျေးရွာပေါင်းတစ်ရာကျော်မှ လူထောင်နှင့်ချီ လိုက်ပါပို့ဆောင်ခဲ့တဲ့ သတင်းတွေနဲ့အတူ အများစိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့ပါတယ်။

မြစ်ဆုံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ

ယခင်အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံဆည် ဆောက်လုပ်ရေး ပြဿနာဟာ  မကြာသေးခင်က တရုတ်သံအမတ် မြစ်ကြီးနားခရီးစဉ် သွားရောက်ပြီးနောက်မှာ ထုတ်ပြန်ချက်နဲ့အတူ ပြန်လှုပ်ရှားလာခဲ့ပါတယ်။ တရုတ်သံအမတ်က မြစ်ဆုံစီမံကိန်း ပြဿနာ မဖြေရှင်းဘဲ အချိန်ဆွဲမယ်ဆိုရင် တရုတ်ကုမ္ပဏီတွေ မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ယုံကြည်စိတ်ကို ဆိုးရွားစွာထိခိုက်နိုင်တယ်လို့ပြောခဲ့ပါတယ်။

ပြည်တွင်းမှာ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး အယူအဆနှစ်မျိုးထွက်ပေါ်ခဲ့ပြီး အဲဒီထဲက တစ်ခုဖြစ်တဲ့ မြစ် ဆုံ ရေ ကာ တာ တည်ဆောက်မှု လုံးဝဖျက်သိမ်းရေးအတွက် ကန်ပိမ်းတွေ ရန်ကုန်အပါအဝင် မြို့ကြီးများမှာ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက်က ပြည်မှာ ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်း ပေးဖို့ ပြည်၊ ပန်းတောင်း၊ ရွှေ တောင်၊ ပေါင်းတည်၊ပေါက် ခေါင်းမြို့နယ်တို့မှ အင်အား  ၂၀၀ ကျော် ဆန္ဒပြ ခဲ့ ကြပါတယ်။အဲဒီနေ့မှာဘဲ နေပြည်တော်မှာ ကျင်းပတဲ့ Invest Myanmar Summit 2019 အခမ်းအနားမှာ သ တင်းမီဒီယာတွေကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦး သောင်းထွန်းက ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အစိုးရအနေဖြင့် အလေးထားဆောင်ရွက်နေပြီး ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုအပေါ် လျစ်လျူမရှုကြောင်း၊ မြစ်ဆုံစီမံ ကိန်းကို ပြန်လည်စိစစ်ပြီး သဘာဝ ပတ်ဝန်းကျင်မထိခိုက်ရန်၊ ဒေသခံများအကျိုးမယုတ်စေရန် မည် သည့်နေရာတွင်၊ မည်သည့်ပမာဏနှင့် လုပ်ကိုင်ရန် စိစစ်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ယခင်အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကတော့ ဇန်နဝါရီ ၂၉ ရက်မှာ ကျင်း ပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ  မြစ်ဆုံဆည် ကို မလုပ် သင့်ဘဲ သံတမန်နည်းနဲ့ ချည်းကပ်ကာ လျော်ကြေးပေးပြီး ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။ဒါအပြင် မြစ်ဆုံ အ ထက်ဘက်နေရာတွေမှာ ပြောင်းလဲ လုပ်ကိုင်သင့်တယ်လို့ ပြောခဲ့ပါတယ်။

မြစ်ဆုံနဲ့ပတ်သက်တဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ပြန်ထွက်လာတဲ့ အချိန်မှာ တိုက်တိုက်ဆိုင် ဆိုင် ဇန်နဝါရီ ၂၉ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေ ပြင်ဆင်ရေးအတွက် အဆိုတစ်ခုကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့ပါတယ်။ ဒါဟာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲဝင် ကတိကဝတ်တစ်ခုလည်းဖြစ်တဲ့ အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးလာချိန်မှာ ချိန်ကိုက်တင် သွင်းလာတာလားဆိုတဲ့ ယူဆချက်တွေရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အဆိုတစ်ခုကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ် စား လှယ် ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့ပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင် ကတိကဝတ်တစ်ခုလည်းဖြစ်တဲ့ အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးလာချိန်မှာ ချိန်ကိုက်တင်သွင်းလာတာလားဆိုတဲ့ ယူဆချက်ပေါ်ထွက်ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီး အဆိုတင်သွင်းတာက နိုင်ငံရေးအကျိုး အမြတ်အတွက် လုပ်ဆောင်တာ မဟုတ်ဘူးလို မီဒီယာတွေကိုပြောခဲ့ပါတယ်။

၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးလုပ်ငန်းများဆောင်ရွက်ဖို့  ကော်မတီဖွဲမယ့် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်း ကြောင်း အရေး ကြီးအဆို တင်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော် လွှတ် တော်နာယက ဦးတီခွန်မြတ်က ကြေညာစဉ် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဘူးဆိုပြီး တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်နာယကဖြစ်သူက လက်မခံခဲ့ပါဘူး။

နေ့လယ်ပိုင်း အရေးကြီးအဆိုကိုတင်တဲ့အခါ အဆိုရှင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်က “ဒီကနေ့ တင်ပြတဲ့အဆိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းနေတာမဟုတ်ပါဘူး။ ဒီလို ဖွဲ့စည်းပုံအခြေခံ ဥပဒေကြမ်းကို စနစ်တကျ နဲ့ လျင်လျင်မြန်မြန် ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အင်မတန်မှ စနစ်ကျပြီးတော့ ပွင့်လင်းမြင်သာစွာ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်မယ့် ကော်မတီတစ်ရပ်ကိုတော့ဖြင့် ပြည်ထောင်စုလွှတ်တော်ကြီးက အ ရေးတကြီးဖွဲ့စည်းပေးဖို့ လိုအပ်နေပြီဖြစ်တဲ့အတွက် တင်ပြခြင်းဖြစ်ပါတယ်” လို့ပြောခဲ့ပြီး မြို့ကြီးအချို့မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် လှုပ်ရှားမှုများ စတင်နေတဲ့အတွက် ပြည်ထောင်စုလွှတ် တော်က မသိကျိုးကျွန်ပြုနေရန် မသင့်၍ အရေးကြီးအဆိုတင်သွင်း ခြင်းဖြစ်တယ်လို့ အဆိုနဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။

ဒီအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က လုပ်ထုံး လုပ်နည်း နှင့် မညီညွတ်ဟုဆိုကာ ကန့်ကွက်ခဲ့ကာ တပ်မတော်သားကိုယ်စားလှယ်များက မတ်တတ်ရပ်နေ၍ လွှတ် တော်နာယက ပြန်လည်ထိုင်ပေးကြရန် ပြောကြားပြီး မထိုင်သဖြင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော် မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဦးအောင်ကြည်ညွန့် တင်သွင်းသည့် အဆို မှာ လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သဖြင့် အဆိုအပေါ် ပြည်ထောင်စုလွှတ်တော် ၏ အဆုံးအဖြတ်ခံယူခြင်းကို ဆက်လက်ဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြခဲ့ပါတယ်။ တင်ပြအပြီးမှာ  မတ်တပ် ဆက်ရပ်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များကို ထိုင်ပေးဖို့ လွှတ်တော်နာယက မှ လုပ်ထုံးလုပ်နည်း နှင့် အညီ ဆက်လက်ဆောင်ရွက်ရန် တောင်းပန်ပြီးနောက် ခြောက်မိနစ်ခန့် မတ်တတ် ရပ်နေသည့် တပ်မတော် သားကိုယ်စားလှယ်များသည် ပြန်လည်ထိုင်သွားကြခဲ့ပါတယ်။ထို့နောက်မှာ တပ်မ တော်သား ကိုယ်စားလှယ် က  ထပ်မံဆွေးနွေးဖို့ ကြိုးပမ်းခဲ့ပေမယ့် နာယကက ခွင့်မပြုတော့ကြောင်းပြောကြားပြီး အဆိုကို မဲခွဲ ဆုံးဖြတ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ  တပ်မတော်သားကိုယ်စား လှယ်များမှာ မဲပေးခြင်းမပြုဘဲနေလို့ မဲပေးသူ ၄၁၄ ဦးသာရှိပြီး ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ကြားနေ သုံးမဲရှိခဲ့ကာ အဆိုကိုဆွေးနွေးဖို့ ထောက် ခံသူက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ သုံးပုံတစ်ပုံထက်ပိုများလို့ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထိတွေ့ပွတ်တိုက်မှုများခဲ့တဲ့  ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပက်သက်ပြီး  အမျိုးသားလွှတ် တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင် မြင့်ကတော့  ပြည်လုံးကျွတ်ဆန္ဒခံယူပြီး  ပြင်ဆင်ရမည့် ပုဒ်မများကို ခေတ္တ ထားပြီး ကိုယ်စားလှယ်မဲ ၇၅ ရာခိုင်နှုန်းကျော်ရရှိရင်ပြင်လို့ရတဲ့ ပုဒ်မတွေကို ပြင်ဆင်မည် ဆိုရင် ကျန်ရှိသည့် လွှတ်တော် သက်တမ်းအတွင်း ပြီးစီးနိုင်မယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်လို့  သဘောတူတယ်ဆိုပြီး စနစ်တကျဖြစ်ရန် သာလိုတယ်လို့  ဇန်နဝါရီ ၃၁ ရက်က မိတ္ထီ လာလွင်ပြင်ဒေသ(မုန်တိုင်)မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင်မှုအပြီး မီဒီယာတွေနဲ့တွေ့ရာမှာ ပြောခဲ့ပါတယ်။

အများပြည်သူ စိတ်ဝင်စားမှု ပိုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အခြေအတင် ဆွေးနွေးစဉ်မှာ ရုပ်သံလိုင်းပြတ်တောက်မှုဖြစ်ခဲ့လို့ ယခင်စစ်အစိုးရလက်ထက် သတင်းကောင်းနေစဉ်မှာ သီချင်းလွှင့်တတ်တဲ့ ဓလေ့ကိုပြန်သတိရစရာ ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီအဆိုတင်သွင်းဖို့ မတိုင်ခင်မှာ ကျင်းပတဲ့ လွှတ်တော် အ စည်းအဝေးမှာ ကော်မရှင်အဖွဲ့ဝင်တွေ ပြောင်းလဲအစားထိုးတာဝန်ပေးရာမှာလည်း တပ်မတော်သား ကိုယ်စား လှယ်တွေက ကန့်ကွက်ခဲ့လို့ မဲခွဲဆုံးဖြတ်ရတာတွေရှိခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်ထွေးအစား နတ်မောက်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းကို အစားထိုးရန် ဆောင်ရွက်ခြင်းနဲ့ ပြည်ထောင်စုလွှတ်တော်ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချုပ်ရဲနိုင်မျိုးအစား တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးကျော်တင့်အား ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်လို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရပါတယ်။

ဒီမတိုင်ခင် ဇန်နဝါရီ ၂၈ ရက်က လစ်လပ်နေတဲ့  ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးသုံးနေရာ ခန့်အပ်ဖို့ နဲ့ ဝန်ကြီးဌာန တစ်ခုတိုးချဲ့ရန် ကချင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရာမှာ လွှတ် တော် ကိုယ်စားလှယ်တစ်ဦးက ဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်းတာက ပြည်နယ်ဝန်ကြီးချုပ် ၏ လုပ်ပိုင်ခွင့်မဟုတ်လို့ ကန့် ကွက်ခဲ့တဲ့အတွက် အစည်းအဝေးကို ရပ်ဆိုင်းခဲ့ပြီးနောက်ရက်မှ သမ္မတ သဝဏ်လွှာနဲ့ ပြန်လည်လုပ်ဆောင်ခဲ့ပါ တယ်။ ဇန်နဝါရီ ၂၈ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင် မေးတဲ့ ကျောက်တော် မြို့ လွတ်လပ်ရေးကွင်းမြေနေရာမှာ စိုက်ထူ ထားတဲ့ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်မြေနေရာနဲ့ ပတ်သက်ပြီး မေးခဲ့ရာမှာ မေး ခွန်းနှင့် အဖြေ လွဲနေလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လာဖြေတဲ့ နေပြည်တော်ကောင်စီဝင်ကို သတိပေးခဲ့ရတာတွေ ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

ကျွဲဝယ်လာသူဆီက ငွေညှစ်တဲ့ ဒုရဲအုပ်နဲ့ အဂတိလိုက်စားမှု

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့ပေ မယ့် ၂၀၁၆ အရပ်သားဒီမိုကရေစီအစိုးရလက်ထက်မှသာ အဂတိလိုက်စားတဲ့သူတွေကို ကိုင်တွယ်အရေး ယူမှုတွေနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ သက်ဝင်မှုကို တွေ့လာရတာ ဖြစ်ပါတယ်။
ထိပ်ပိုင်းတာဝန်ရှိသူတွေကို ဆက် တိုက်အရေးယူမှုတွေ လုပ်ခဲ့သလို အောက်ခြေမှာလဲ အရေးယူမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် အများ ပြည်သူကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ လုပ်ဆောင်မှုအပေါ် ယုံကြည်ကိုးစားမှု မြင့်တက်လာခဲ့ပါတယ်။

ယခုအပတ်ထဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ အဂတိလိုက်စားမှုနဲ့ ပက် သက်ပြီး အရေးယူတဲ့ အမှု ၃ ခုမှာ အောက်ခြေက တိုင်လို့ပေါ်ပေါက်ခဲ့တဲ့ အဂတိလိုက်စားမှုလည်း ပါခဲ့ပါတယ်။ လပွတ္တာမြို့နယ် ကန်ဘဲ့ နယ်မြေရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်အောင်နိုင်ဦးကို လယ်သမားတစ်ဦး က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ အဆိုပါ ဒုရဲအုပ်က ကျွဲ ၅ ကောင်ဝယ်လာတဲ့ လယ်သ မားနဲ့ ၃ ဦးကို ဖမ်းဆီးပြီး တရားရုံးမှာ အထူးကုန်စည်အမှုနဲ့ ဖမ်းဆီးခဲ့ရာမှာ အဖမ်းခံရတဲ့ လယ်သမား ဆီက လာဘ်ငွေတောင်းခံတဲ့အပြင် သက်သေခံ ကျွဲတွေပါ ပျောက်ဆုံးခဲ့တဲ့အတွက် တိုင်ခဲ့ရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကာ်မရှင်က ဆင်းစစ်ပြီး ဖမ်းဆီးခဲ့တာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကာ်မရှင်က ဒုရဲအုပ်တစ်ဦးတည်း ဒီအပတ်ထဲမှာ အရေးယူ တရားစွဲခဲ့ တာ မဟုတ်သေးပါဘူး။ မှော်ဘီမြို့နယ်ထဲမှာ စားကျက်မြေထဲ လယ်လုပ်ကိုင်နေတဲ့  လယ်သမားတွေဆီက မြေ ဂရမ်ချပေးမယ်ဆိုပြီး ငွေဆယ်သိန်း လာဘ်ယူခဲ့တဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက် ထောက်ဦးစီးမှူးနှင့် မြေစာရင်းဝန်ထမ်းကိုလည်း အရေးယူခဲ့ပါတယ်။ဒီလိုပဲ ရခိုင်ပြည်နယ်ဂွမြို့နယ် မှာဖြစ်ခဲ့တဲ့ ဥယျာဉ်ခြံမြေရောင်းရာမှာ မြေပွဲစားတွေ၊မြေကွက်ပိုင်ရှင်တွေကနေ ငွေတောင်းယူလာဘ်စားတဲ့  လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး၊ လက်ထောက်ဦးစီးမှူးနှင့် မြို့နယ်ထွေအုပ် စာရေးအပါအဝင်  ဌာနဆိုင်ရာ ဝန်ထမ်းခြောက်ဦးကို ကျပ်သိန်း ၂၈၀ ကျော်လာဘ် စားမှုနဲ့ အရေးယူခဲ့တာတွေလည်း ယခုတစ်ပတ်ထဲဖြစ်ခဲ့ ပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုတစ်ပတ်ထဲမှာ စိတ်ဝင်စားဖွယ်ရာမူခင်းသတင်းတွေဖြစ်တဲ့  သိန်းပေါင်း များစွာလိမ်လည်မှုနဲ့ တရားစွဲခံထားရတဲ့ နန္ဒမာလာ(ခ)ထန်ဏီဝင်းပြည့် ကို တရားရုံးတွေက အာမခံပေးခဲ့ပေမယ့် သိန်းတစ်သောင်းတန် အာမခံပေးမယ်သူမရှိလို့ ဆက်ချုပ်ထားရတဲ့ သတင်း၊လေဆိပ်မှာလက်နက်တွေ၊ မူးယစ် ဆေးဝါးတွေနဲ့ ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်း အမှုရုံးချိန်းကို ဆက်လက်စစ်ဆေးခဲ့တဲ့ သတင်း၊စစ်ကိုင်းမြို့ ကျောက် တာအုပ်စု တောင်ညိုကျေးရွာမှာ တရားမဝင်ခိုးတူးနေတဲ့ ကျောက်တွင်းပြိုကျလို့ လူသုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တန်တစ်ရာမြေသယ်ယာဉ် တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးခဲ့တဲ့ သတင်း၊ တာချီလိတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက မီးပွိုင်မှာ သေနတ်နဲ့  ပစ်သတ်ခဲ့တဲ့ သတင်း၊ထိုင်းနိုင်ငံတွင် တရား မဝင်နေထိုင် အလုပ်လုပ်ကိုင်မှု ကြောင့် မြန်မာလုပ်သား ၁၇ ဦး ကို ပြစ်မှုသုံးခုဖြင့်စမွတ်ဆာခွန် တရားရုံးက ထောင်ဒဏ် သုံးနှစ် ခန့်စီချမှတ်ခဲ့တဲ့သတင်း၊ ရတနာပုံတက္ကသိုလ်ရှေ့ ကျောင်းလုံခြုံရေးအတွက် ကတ်ထူပြားကို အခေါင်းပုံစံ ပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးခံထားရသည့်ကျောင်းသားခုနစ်ဦးကို နိုင်ငံတော်အ ကြည်ညိုပျက် စေမှု အပါအဝင် ပုဒ်မသုံးခုဖြင့် အမရပူရမြို့နယ် တရားရုံးက စွဲချက်တင်ခဲ့တဲ့ သတင်း၊ ကျပ်သိန်းသောင်းချီ လိမ် လည်ခဲ့သော ဂျူးဂျူး(ခ) သက်သက်မြိုင်ကို ဗဟန်းတရားရုံးမှာ ပထမအကြိမ်ရုံးထုတ်ခဲ့တဲ့သတင်း၊ မြန်မာ လုပ်သား ၂၀၀ ကျော်ကို ထိုင်းပို့ပေးမယ် ဆိုပြီး ငွေကြေးလိမ်လည်ခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ်ထဲက ချင်းမိုင် ကုမ္ပဏီကို အမှုဖွင့်ထားတဲ့သတင်း၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရေမဆေးသမားများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ရေမဆေးသမားတစ်ဦး ဒဏ်ရာရခဲ့တဲ့ သတင်းတွေအပါအဝင် ယခုတစ်ပတ်အတွင်း စိတ်ဝင်စားစရာသတင်းများစွာ ဖြစ်ခဲ့ပါတယ်။

အမှန်တရားပေါ်ထွက်ဖို့ လိုနေတဲ့ ဦးကိုနီ သတ်ဖြတ်ခံရမှု

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ သတ်ဖြတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ အမှုမှာ အမှန်တရားပေါ်ထွက်လာဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ဒါဟာ နှစ်နှစ်ကြာနေပြီဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပက်သက်ပြီး တိုက်တွန်းခဲ့တာပါ။

ဦးကိုနီသတ်ဖြတ်ခံရမှု နှစ်နှစ်မြောက် အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ပေးပို့တဲ့ သဝဏ်လွှာမှာ ‘‘၎င်းတို့ ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် ၂ နှစ်တိုင်ခဲ့သော် လည်း ကျွန်မနှင့် အားလုံးက ၎င်း တို့၏ မိသားစုများနှင့် ထပ်တူ သတိရအောက်မေ့နေပါသည်။ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုး မိုးရေး၊ တရားမျှတမှု ခိုင်မာစွာ တည်ဆောက်ရာ၌ စိန်ခေါ်မှုတွေ ကို ဝိုင်းပြီးကြိုးစားဖြေရှင်းရင်း အသက်စွန့်ခဲ့ သည့် ဆရာဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် အမှန်တရားအမြန်ဆုံးပေါ်ထွက်လာဖို့အရေး သက်ဆိုင်သူအား လုံးမှ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းပါတယ်’’လို ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီအတွင်း အပြီးသတ် အမိန့်ချမှတ်နိုင်ဖွယ်ရှိတဲ့ ဒီလုပ်ကြံသတ်ဖြတ်မှုမှာ သေနတ်သမား ကြည်လင်းအပါအဝင် အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကိုစစ်ဆေးနေတာမှာ ရုံးချိန်း ရုံးချိန်း ၁၀၂ ချိန်းထိရှိခဲ့ နေပြီဖြစ်ပါတယ်။ဒီပွဲကို မြန်မာနိုင်ငံဆိုင် ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နဲ့ ဘာသာကြီးလေးခုမှ ဆရာတော်နှင့် ဓမ္မကထိကတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ဒီပွဲမှာ လုပ်ကြံသတ်ဖြတ်ခံရသူ ဦးကိုနီနဲ့ ဦးနေ ဝင်းတို့ရဲ့ မိသားစုတွေလည်း တက်ရောက်ခဲ့ကြပြီး ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် အမှန်တရားပေါ်ထွက်လာဖို့ ပြောခဲ့ပါတယ်။

မကြာခင်မှာ အပြီးသတ်အမိန်ချမှတ်ခံရဖို့ ရှိနေတဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ နောက်ကွယ်က လုပ်ကြံသတ်ဖြတ်ခိုင်းသူ အောင်ဝင်းခိုင်ယခုထိပေါ်ထွက်လာခြင်းမရှိသလို လက်ရှိစစ်ဆေးခံနေရတဲ့ သူတွေမှာ လည်း ဒီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပက်သက်ပြီး ပါဝင်ပက်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုမှုတွေရှိနေတဲ့ အတွက် ဘယ်လို အဖြေပေါ်ထွက်လာမလဲ ၊သတ်ဖြတ်သူသေနတ်သမားရဲကနောက်ကွယ်က ကြံစည်ပက်သက်မှုတွေ ကိုလက်ရှိတရားစီရင်ရေးက ဖော်ထုတ်နိုင်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲ သတိထားဖွယ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ဦးကိုနီ သတ်ဖြတ်ခံရမှု နှစ်နှစ်မြောက်ပွဲတစ်ခု တည်းသာ မဟုတ်ပါဘူး။ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ ပြင်သစ်နဲ့ စပိန်နိုင်ငံထဲသွားလာနေတဲ့ မြန်မာ နိုင်ငံသားတွေကို သွားတဲ့ လာတဲ့နေရာမှာ သတိထားဖို့ အထူးသဖြင့် ခါးပိုက်နိူက်နဲ့ လုယက်သူတွေကို သတိ ထားဖို့ ထုတ်ပြန်သတိပေးတဲ့ သတင်း၊ ယာဉ်စီးခမသမာမှုလုပ်နေတဲ့ အချက်အပါအဝင်အချက် ၆ ချက် တောင်း ဆိုတဲ့ အနေနဲ့ ယာဉ်မောင်း၂၅၀ ရှိတဲ့ YBS 37 ယာဉ်လိုင်း ယာဉ်မောင်းတွေ လက်ပတ်နီဝတ်ပြီး တောင်းဆို ဆန္ဒပြရာမှာ ပြေလည်မှုရခဲ့တဲ့သတင်း၊ ပြင်သစ်နိုင်ငံသားတစ်ဦး အရှင်အရဟံသိမ်တော် အရှေ့ဘက် ဘုရား ပေါ်သို့ တက်ရောက်ရန် ရှုခင်းဓာတ်ပုံ ရိုက်ကူးစဉ် ပြုတ်ကျလို့ ညာဘက်ဒူးခေါင်း ခုံညင်းရိုးကျိုး ခဲ့တဲ့ သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ်သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇန်နဝါရီ - ၁

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ကိုယ္စားလွယ္တစ္ဦး အေရးႀကီးအဆို ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ခဲ့ရာမွာ လႊတ္ေတာ္တြင္းရွိ တပ္မေတာ္သား ကိုယ္စားလွယ္ေတြက မတ္တပ္ရပ္ၿပီး ကန႔္ကြက္ခဲ့ၾကလို႔ လႊတ္ေတာ္နာယကျဖစ္သူက အႀကိမ္ႀကိမ္ေျပာၿပီး ထိုင္ခိုင္းရတဲ့ သတင္းနဲ႔ ျမစ္ဆုံသတင္းေတြက ယခုတစ္ပတ္ သတင္းေတြထဲမွာ အမ်ားအာ႐ုံစိုက္စရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။  

ဒီသတင္းေတြနဲ႔အတူ မိတၳီလာလြင္ျပင္ေဒသ (မုန္တိုင္) မွာ တပ္မေတာ္ ၾကည္း၊ ေလ အေျမာက္ႏွင့္ သံခ်ပ္ကာတပ္ဖြဲ႕မ်ား ပူးေပါင္းစစ္ဆင္ေရး ေလ့က်င့္ခန္း (ဘုရင့္ေနာင္) စစ္ေရးေလ့က်င္မႈ ျပဳလုပ္ခဲ့တဲ့ သတင္း၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က အေရးယူခဲ့တဲ့ အဂတိလိုက္စားမႈ သတင္းေတြ၊ ဦးကိုနီ နဲ႔ ကိုေနဝင္း လုပ္ႀကံသတ္ျဖတ္ခံရမႈ ႏွစ္ႏွစ္ေျမာက္ အခမ္းအနားကို ႏိုင္ငံေတာ္အတိုင္ပင္ခံ သဝဏ္လႊာေပးပိုခဲ့တဲ့ သတင္း၊ ေနျပည္ေတာ္တြင္ က်င္းပသည့္ Invest Myanmar Summit 2019 ဖိုရမ္တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က လာမည့္ႏွစ္ ၂၀ အတြင္း ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ  ကန္ေဒၚလာဘီလီယံ ၂၀၀ ဝင္ေရာက္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ ေျပာခဲ့တဲ့ သတင္း၊ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေလးႏွစ္အတြင္း လုပ္ကိုင္ျခင္းမရွိေသာ ေျမမ်ားကို ျပန္လည္သိမ္းယူခဲ့ရာမွာ ျပင္ဦးလြင္ၿမိဳ႕က အမ်ားဆုံးျဖစ္ေနတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္း က  ေနျပည္ေတာ္ Invest Myanmar Summit 2019 အခမ္းအနား၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲမွာ  ရခိုင္ျပည္နယ္တြင္ ရဲစခန္းမ်ားကို ဝင္တိုက္လွ်င္ ပန္းႏွင့္ ျပန္ေပါက္မည္မဟုတ္ဘဲ ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ ျပန္တိုက္ရမည္လို႔ ေျပာလိုက္တဲ့ သတင္း၊ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) တို႔ တိုက္ပြဲျဖစ္ပြားစဥ္  ဦးေခါင္းကို က်ည္ဆန္ထိမွန္၍ ေသဆုံးခဲ့သည့္ ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွေက်း႐ြာမွ အသက္ (၇) ႏွစ္အ႐ြယ္ ေမာင္ႏိုင္စိုး ၏ အသုဘကို ေက်း႐ြာေပါင္းတစ္ရာေက်ာ္မွ လူေထာင္ႏွင့္ခ်ီ လိုက္ပါပို႔ေဆာင္ခဲ့တဲ့ သတင္းေတြနဲ႔အတူ အမ်ားစိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့ပါတယ္။

ျမစ္ဆုံႏွင့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ

ယခင္အစိုးရလက္ထက္က ရပ္ဆိုင္းခဲ့တဲ့ ျမစ္ဆုံဆည္ ေဆာက္လုပ္ေရး ျပႆနာဟာ  မၾကာေသးခင္က တ႐ုတ္သံအမတ္ ျမစ္ႀကီးနားခရီးစဥ္ သြားေရာက္ၿပီးေနာက္မွာ ထုတ္ျပန္ခ်က္နဲ႔အတူ ျပန္လႈပ္ရွားလာခဲ့ပါတယ္။ တ႐ုတ္သံအမတ္က ျမစ္ဆုံစီမံကိန္း ျပႆနာ မေျဖရွင္းဘဲ အခ်ိန္ဆြဲမယ္ဆိုရင္ တ႐ုတ္ကုမၸဏီေတြ ျမန္မာမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔ ယုံၾကည္စိတ္ကို ဆိုး႐ြားစြာထိခိုက္ႏိုင္တယ္လို႔ေျပာခဲ့ပါတယ္။

ျပည္တြင္းမွာ ျမစ္ဆုံဆည္နဲ႔ပတ္သက္ၿပီး အယူအဆႏွစ္မ်ိဳးထြက္ေပၚခဲ့ၿပီး အဲဒီထဲက တစ္ခုျဖစ္တဲ့ ျမစ္ ဆုံ ေရ ကာ တာ တည္ေဆာက္မႈ လုံးဝဖ်က္သိမ္းေရးအတြက္ ကန္ပိမ္းေတြ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးမ်ားမွာ ဆက္တိုက္ ထြက္ေပၚလာခဲ့ပါတယ္။ ဇန္နဝါရီ ၂၉ ရက္က ျပည္မွာ ဧရာဝတီျမစ္ဆုံစီမံကိန္းအၿပီးတိုင္ ဖ်က္သိမ္း ေပးဖို႔ ျပည္၊ ပန္းေတာင္း၊ ေ႐ႊ ေတာင္၊ ေပါင္းတည္၊ေပါက္ ေခါင္းၿမိဳ႕နယ္တို႔မွ အင္အား  ၂၀၀ ေက်ာ္ ဆႏၵျပ ခဲ့ ၾကပါတယ္။အဲဒီေန႔မွာဘဲ ေနျပည္ေတာ္မွာ က်င္းပတဲ့ Invest Myanmar Summit 2019 အခမ္းအနားမွာ သ တင္းမီဒီယာေတြကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦး ေသာင္းထြန္းက ဧရာဝတီျမစ္ဆုံစီမံကိန္းႏွင့္ ပတ္သက္၍ အစိုးရအေနျဖင့္ အေလးထားေဆာင္႐ြက္ေနၿပီး ျပည္သူလူထု၏ စိုးရိမ္ပူပန္မႈအေပၚ လ်စ္လ်ဴမရႈေၾကာင္း၊ ျမစ္ဆုံစီမံ ကိန္းကို ျပန္လည္စိစစ္ၿပီး သဘာဝ ပတ္ဝန္းက်င္မထိခိုက္ရန္၊ ေဒသခံမ်ားအက်ိဳးမယုတ္ေစရန္ မည္ သည့္ေနရာတြင္၊ မည္သည့္ပမာဏႏွင့္ လုပ္ကိုင္ရန္ စိစစ္ေနဆဲျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ယခင္အစိုးရအဖြဲ႕မွာ ပါဝင္ခဲ့တဲ့ သမၼတ႐ုံးဝန္ႀကီးေဟာင္း ဦးစိုးသိန္းကေတာ့ ဇန္နဝါရီ ၂၉ ရက္မွာ က်င္း ပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးအၿပီး သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံရာမွာ  ျမစ္ဆုံဆည္ ကို မလုပ္ သင့္ဘဲ သံတမန္နည္းနဲ႔ ခ်ည္းကပ္ကာ ေလ်ာ္ေၾကးေပးၿပီး ေျဖရွင္းသင့္တယ္လို႔ ဆိုပါတယ္။ဒါအျပင္ ျမစ္ဆုံ အ ထက္ဘက္ေနရာေတြမွာ ေျပာင္းလဲ လုပ္ကိုင္သင့္တယ္လို႔ ေျပာခဲ့ပါတယ္။

ျမစ္ဆုံနဲ႔ပတ္သက္တဲ့ အသံေတြ က်ယ္က်ယ္ေလာင္ေလာင္ ျပန္ထြက္လာတဲ့ အခ်ိန္မွာ တိုက္တိုက္ဆိုင္ ဆိုင္ ဇန္နဝါရီ ၂၉ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပ ေဒ ျပင္ဆင္ေရးအတြက္ အဆိုတစ္ခုကို အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးေအာင္ၾကည္ၫႊန႔္က တင္သြင္းခဲ့ပါတယ္။ ဒါဟာ အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ ပြဲဝင္ ကတိကဝတ္တစ္ခုလည္းျဖစ္တဲ့ အတြက္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ ခ်ိန္ကိုက္တင္ သြင္းလာတာလားဆိုတဲ့ ယူဆခ်က္ေတြရွိခဲ့ပါတယ္။

ဇန္နဝါရီ ၂၉ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ျပင္ဆင္ေရးအတြက္ အဆိုတစ္ခုကို အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စား လွယ္ ဦးေအာင္ၾကည္ၫႊန႔္က တင္သြင္းခဲ့ပါတယ္။ ဒါဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲဝင္ ကတိကဝတ္တစ္ခုလည္းျဖစ္တဲ့ အတြက္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ ခ်ိန္ကိုက္တင္သြင္းလာတာလားဆိုတဲ့ ယူဆခ်က္ေပၚထြက္ခဲ့ပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာ မ်ိဳးၫြန႔္က ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီတစ္ရပ္ဖြဲ႕စည္းရန္ အေရးႀကီး အဆိုတင္သြင္းတာက ႏိုင္ငံေရးအက်ိဳး အျမတ္အတြက္ လုပ္ေဆာင္တာ မဟုတ္ဘူးလို မီဒီယာေတြကိုေျပာခဲ့ပါတယ္။

၂၀၀၈  ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ ဆင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ဖို႔  ေကာ္မတီဖြဲမယ့္ ျပည္ေထာင္စု လႊတ္ေတာ္သို႔ တိုက္တြန္း ေၾကာင္း အေရး ႀကီးအဆို တင္သြင္းထားေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ လႊတ္ ေတာ္နာယက ဦးတီခြန္ျမတ္က ေၾကညာစဥ္ လုပ္ထုံးလုပ္နည္းႏွင့္ မညီၫြတ္ဘူးဆိုၿပီး တပ္မေတာ္သား လႊတ္ ေတာ္ကိုယ္စားလွယ္တစ္ဦးက ကန႔္ကြက္ခဲ့ပါတယ္။ ဒါေပမယ့္ လႊတ္ေတာ္နာယကျဖစ္သူက လက္မခံခဲ့ပါဘူး။

ေန႔လယ္ပိုင္း အေရးႀကီးအဆိုကိုတင္တဲ့အခါ အဆိုရွင္  အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ ၾကည္ၫြန႔္က “ဒီကေန႔ တင္ျပတဲ့အဆိုဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ဖြဲ႕စည္းပုံ အေျခခံ ဥပ ေဒျပင္ဆင္တဲ့ ဥပေဒၾကမ္းကို တင္သြင္းေနတာမဟုတ္ပါဘူး။ ဒီလို ဖြဲ႕စည္းပုံအေျခခံ ဥပေဒၾကမ္းကို စနစ္တက် နဲ႔ လ်င္လ်င္ျမန္ျမန္ ေဆာလ်င္စြာ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အင္မတန္မွ စနစ္က်ၿပီးေတာ့ ပြင့္လင္းျမင္သာစြာ တာဝန္ေက်ပြန္ေအာင္ ထမ္းေဆာင္ႏိုင္မယ့္ ေကာ္မတီတစ္ရပ္ကိုေတာ့ျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္ႀကီးက အ ေရးတႀကီးဖြဲ႕စည္းေပးဖို႔ လိုအပ္ေနၿပီျဖစ္တဲ့အတြက္ တင္ျပျခင္းျဖစ္ပါတယ္” လို႔ေျပာခဲ့ၿပီး ၿမိဳ႕ႀကီးအခ်ိဳ႕မွာ ဖြဲ႕ စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးႏွင့္ သက္ဆိုင္သည့္ လႈပ္ရွားမႈမ်ား စတင္ေနတဲ့အတြက္ ျပည္ေထာင္စုလႊတ္ ေတာ္က မသိက်ိဳးကြၽန္ျပဳေနရန္ မသင့္၍ အေရးႀကီးအဆိုတင္သြင္း ျခင္းျဖစ္တယ္လို႔ အဆိုနဲ႔ ပက္သက္ၿပီး ေျပာခဲ့ပါတယ္။

ဒီအဆိုကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က လုပ္ထုံး လုပ္နည္း ႏွင့္ မညီၫြတ္ဟုဆိုကာ ကန႔္ကြက္ခဲ့ကာ တပ္မေတာ္သားကိုယ္စားလွယ္မ်ားက မတ္တတ္ရပ္ေန၍ လႊတ္ ေတာ္နာယက ျပန္လည္ထိုင္ေပးၾကရန္ ေျပာၾကားၿပီး မထိုင္သျဖင့္ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္း ေကာ္ မတီ အတြင္းေရးမႉး ေဒါက္တာျမတ္ဉာဏစိုးက ဦးေအာင္ၾကည္ၫြန႔္ တင္သြင္းသည့္ အဆို မွာ လႊတ္ေတာ္ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီၫြတ္သျဖင့္ အဆိုအေပၚ ျပည္ေထာင္စုလႊတ္ေတာ္ ၏ အဆုံးအျဖတ္ခံယူျခင္းကို ဆက္လက္ေဆာင္႐ြက္ေပးရန္ ျပည္ေထာင္စုလႊတ္ေတာ္နာယကထံ တင္ျပခဲ့ပါတယ္။ တင္ျပအၿပီးမွာ  မတ္တပ္ ဆက္ရပ္ေနတဲ့ တပ္မေတာ္သားကိုယ္စားလွယ္မ်ားကို ထိုင္ေပးဖို႔ လႊတ္ေတာ္နာယက မွ လုပ္ထုံးလုပ္နည္း ႏွင့္ အညီ ဆက္လက္ေဆာင္႐ြက္ရန္ ေတာင္းပန္ၿပီးေနာက္ ေျခာက္မိနစ္ခန႔္ မတ္တတ္ ရပ္ေနသည့္ တပ္မေတာ္ သားကိုယ္စားလွယ္မ်ားသည္ ျပန္လည္ထိုင္သြားၾကခဲ့ပါတယ္။ထို႔ေနာက္မွာ တပ္မ ေတာ္သား ကိုယ္စားလွယ္ က  ထပ္မံေဆြးေႏြးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ နာယကက ခြင့္မျပဳေတာ့ေၾကာင္းေျပာၾကားၿပီး အဆိုကို မဲခြဲ ဆုံးျဖတ္ဖို႔ လမ္းၫႊန္ခဲ့ပါတယ္။ မဲခြဲဆုံးျဖတ္ရာမွာ  တပ္မေတာ္သားကိုယ္စား လွယ္မ်ားမွာ မဲေပးျခင္းမျပဳဘဲေနလို႔ မဲေပးသူ ၄၁၄ ဦးသာရွိၿပီး ေထာက္ခံမဲ ၃၉၄ မဲ၊ ကန႔္ကြက္မဲ ၁၇ မဲ၊ၾကားေန သုံးမဲရွိခဲ့ကာ အဆိုကိုေဆြးေႏြးဖို႔ ေထာက္ ခံသူက လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းဦးေရရဲ႕ သုံးပုံတစ္ပုံထက္ပိုမ်ားလို႔ ေဆြးေႏြးရန္ ဆုံးျဖတ္ခဲ့ပါတယ္။

ထိေတြ႕ပြတ္တိုက္မႈမ်ားခဲ့တဲ့  ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးနဲ႔ပက္သက္ၿပီး  အမ်ိဳးသားလႊတ္ ေတာ္ ဥကၠ႒ေဟာင္း ဦးခင္ေအာင္ ျမင့္ကေတာ့  ျပည္လုံးကြၽတ္ဆႏၵခံယူၿပီး  ျပင္ဆင္ရမည့္ ပုဒ္မမ်ားကို ေခတၱ ထားၿပီး ကိုယ္စားလွယ္မဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ရရွိရင္ျပင္လို႔ရတဲ့ ပုဒ္မေတြကို ျပင္ဆင္မည္ ဆိုရင္ က်န္ရွိသည့္ လႊတ္ေတာ္ သက္တမ္းအတြင္း ၿပီးစီးႏိုင္မယ္လို႔ ဆိုပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေတာ့  ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ပတ္သက္လို႔  သေဘာတူတယ္ဆိုၿပီး စနစ္တက်ျဖစ္ရန္ သာလိုတယ္လို႔  ဇန္နဝါရီ ၃၁ ရက္က မိတၳီ လာလြင္ျပင္ေဒသ(မုန္တိုင္)မွာ ျပဳလုပ္တဲ့ စစ္ေရးေလ့က်င္မႈအၿပီး မီဒီယာေတြနဲ႔ေတြ႕ရာမွာ ေျပာခဲ့ပါတယ္။

အမ်ားျပည္သူ စိတ္ဝင္စားမႈ ပိုခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရး အေျခအတင္ ေဆြးေႏြးစဥ္မွာ ႐ုပ္သံလိုင္းျပတ္ေတာက္မႈျဖစ္ခဲ့လို႔ ယခင္စစ္အစိုးရလက္ထက္ သတင္းေကာင္းေနစဥ္မွာ သီခ်င္းလႊင့္တတ္တဲ့ ဓေလ့ကိုျပန္သတိရစရာ ျဖစ္ခဲ့ပါတယ္။

ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးေကာ္မတီအဆိုတင္သြင္းဖို႔ မတိုင္ခင္မွာ က်င္းပတဲ့ လႊတ္ေတာ္ အ စည္းအေဝးမွာ ေကာ္မရွင္အဖြဲ႕ဝင္ေတြ ေျပာင္းလဲအစားထိုးတာဝန္ေပးရာမွာလည္း တပ္မေတာ္သား ကိုယ္စား လွယ္ေတြက ကန႔္ကြက္ခဲ့လို႔ မဲခြဲဆုံးျဖတ္ရတာေတြရွိခဲ့ပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အ ထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရးေကာ္မရွင္အဖြဲ႕ဝင္ ဦးတင္ေထြးအစား နတ္ေမာက္ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေအာင္တင္လင္းကို အစားထိုးရန္ ေဆာင္႐ြက္ျခင္းနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ျပည္သူ႔ ေငြစာရင္း ပူးေပါင္းေကာ္မတီအဖြဲ႕ဝင္ ဗိုလ္မႉးခ်ဳပ္ရဲႏိုင္မ်ိဳးအစား တပ္ကုန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ဦးေက်ာ္တင့္အား ေျပာင္းလဲတာဝန္ေပးအပ္ျခင္းကို တပ္မေတာ္သားကိုယ္စားလွယ္ေတြက ကန႔္ကြက္လို႔ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ခဲ့ရပါတယ္။

ဒီမတိုင္ခင္ ဇန္နဝါရီ ၂၈ ရက္က လစ္လပ္ေနတဲ့  ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးသုံးေနရာ ခန႔္အပ္ဖို႔ နဲ႔ ဝန္ႀကီးဌာန တစ္ခုတိုးခ်ဲ႕ရန္ ကခ်င္ျပည္နယ္လႊတ္ေတာ္အေရးေပၚအစည္းအေဝး ေခၚယူခဲ့ရာမွာ လႊတ္ ေတာ္ ကိုယ္စားလွယ္တစ္ဦးက ဝန္ႀကီးဌာနျပင္ဆင္ဖြဲ႕စည္းတာက ျပည္နယ္ဝန္ႀကီးခ်ဳပ္ ၏ လုပ္ပိုင္ခြင့္မဟုတ္လို႔ ကန႔္ ကြက္ခဲ့တဲ့အတြက္ အစည္းအေဝးကို ရပ္ဆိုင္းခဲ့ၿပီးေနာက္ရက္မွ သမၼတ သဝဏ္လႊာနဲ႔ ျပန္လည္လုပ္ေဆာင္ခဲ့ပါ တယ္။ ဇန္နဝါရီ ၂၈ ရက္က က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ ရခိုင္ျပည္နယ္က အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ႏိုင္ ေမးတဲ့ ေက်ာက္ေတာ္ ၿမိဳ႕ လြတ္လပ္ေရးကြင္းေျမေနရာမွာ စိုက္ထူ ထားတဲ့ လြတ္လပ္ေရးအထိမ္းအမွတ္ေက်ာက္တိုင္ေျမေနရာနဲ႔ ပတ္သက္ၿပီး ေမးခဲ့ရာမွာ ေမး ခြန္းႏွင့္ အေျဖ လြဲေနလို႔ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒က လာေျဖတဲ့ ေနျပည္ေတာ္ေကာင္စီဝင္ကို သတိေပးခဲ့ရတာေတြ ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

ကြၽဲဝယ္လာသူဆီက ေငြညႇစ္တဲ့ ဒုရဲအုပ္နဲ႔ အဂတိလိုက္စားမႈ

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို ၂၀၁၀ ဦးသိန္းစိန္အစိုးရလက္ထက္မွာ ဖြဲ႕စည္းခဲ့ေပ မယ့္ ၂၀၁၆ အရပ္သားဒီမိုကေရစီအစိုးရလက္ထက္မွသာ အဂတိလိုက္စားတဲ့သူေတြကို ကိုင္တြယ္အေရး ယူမႈေတြနဲ႔ အဖြဲ႕အစည္းတစ္ခုရဲ႕ သက္ဝင္မႈကို ေတြ႕လာရတာ ျဖစ္ပါတယ္။
ထိပ္ပိုင္းတာဝန္ရွိသူေတြကို ဆက္ တိုက္အေရးယူမႈေတြ လုပ္ခဲ့သလို ေအာက္ေျခမွာလဲ အေရးယူမႈေတြ ဆက္တိုက္ျဖစ္လာတဲ့အတြက္ အမ်ား ျပည္သူၾကား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႕ရဲ႕ လုပ္ေဆာင္မႈအေပၚ ယုံၾကည္ကိုးစားမႈ ျမင့္တက္လာခဲ့ပါတယ္။

ယခုအပတ္ထဲ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္ခဲ့တဲ့ အဂတိလိုက္စားမႈနဲ႔ ပက္ သက္ၿပီး အေရးယူတဲ့ အမႈ ၃ ခုမွာ ေအာက္ေျခက တိုင္လို႔ေပၚေပါက္ခဲ့တဲ့ အဂတိလိုက္စားမႈလည္း ပါခဲ့ပါတယ္။ လပြတၱာၿမိဳ႕နယ္ ကန္ဘဲ့ နယ္ေျမရဲစခန္းမွ အမႈစစ္အရာရွိ ဒုရဲအုပ္ေအာင္ႏိုင္ဦးကို လယ္သမားတစ္ဦး က အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ အေရးယူခဲ့ပါတယ္။ အဆိုပါ ဒုရဲအုပ္က ကြၽဲ ၅ ေကာင္ဝယ္လာတဲ့ လယ္သ မားနဲ႔ ၃ ဦးကို ဖမ္းဆီးၿပီး တရား႐ုံးမွာ အထူးကုန္စည္အမႈနဲ႔ ဖမ္းဆီးခဲ့ရာမွာ အဖမ္းခံရတဲ့ လယ္သမား ဆီက လာဘ္ေငြေတာင္းခံတဲ့အျပင္ သက္ေသခံ ကြၽဲေတြပါ ေပ်ာက္ဆုံးခဲ့တဲ့အတြက္ တိုင္ခဲ့ရာမွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ နဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကာ္မရွင္က ဆင္းစစ္ၿပီး ဖမ္းဆီးခဲ့တာပါ။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးကာ္မရွင္က ဒုရဲအုပ္တစ္ဦးတည္း ဒီအပတ္ထဲမွာ အေရးယူ တရားစြဲခဲ့ တာ မဟုတ္ေသးပါဘူး။ ေမွာ္ဘီၿမိဳ႕နယ္ထဲမွာ စားက်က္ေျမထဲ လယ္လုပ္ကိုင္ေနတဲ့  လယ္သမားေတြဆီက ေျမ ဂရမ္ခ်ေပးမယ္ဆိုၿပီး ေငြဆယ္သိန္း လာဘ္ယူခဲ့တဲ့ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ လက္ ေထာက္ဦးစီးမႉးႏွင့္ ေျမစာရင္းဝန္ထမ္းကိုလည္း အေရးယူခဲ့ပါတယ္။ဒီလိုပဲ ရခိုင္ျပည္နယ္ဂြၿမိဳ႕နယ္ မွာျဖစ္ခဲ့တဲ့ ဥယ်ာဥ္ၿခံေျမေရာင္းရာမွာ ေျမပြဲစားေတြ၊ေျမကြက္ပိုင္ရွင္ေတြကေန ေငြေတာင္းယူလာဘ္စားတဲ့  လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္စာရင္းအင္းဦးစီးမႉး၊ လက္ေထာက္ဦးစီးမႉးႏွင့္ ၿမိဳ႕နယ္ေထြအုပ္ စာေရးအပါအဝင္  ဌာနဆိုင္ရာ ဝန္ထမ္းေျခာက္ဦးကို က်ပ္သိန္း ၂၈၀ ေက်ာ္လာဘ္ စားမႈနဲ႔ အေရးယူခဲ့တာေတြလည္း ယခုတစ္ပတ္ထဲျဖစ္ခဲ့ ပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုတစ္ပတ္ထဲမွာ စိတ္ဝင္စားဖြယ္ရာမူခင္းသတင္းေတြျဖစ္တဲ့  သိန္းေပါင္း မ်ားစြာလိမ္လည္မႈနဲ႔ တရားစြဲခံထားရတဲ့ နႏၵမာလာ(ခ)ထန္ဏီဝင္းျပည့္ ကို တရား႐ုံးေတြက အာမခံေပးခဲ့ေပမယ့္ သိန္းတစ္ေသာင္းတန္ အာမခံေပးမယ္သူမရွိလို႔ ဆက္ခ်ဳပ္ထားရတဲ့ သတင္း၊ေလဆိပ္မွာလက္နက္ေတြ၊ မူးယစ္ ေဆးဝါးေတြနဲ႔ ဖမ္းမိတဲ့ ၿဖိဳးကိုကိုတင့္ဆန္း အမႈ႐ုံးခ်ိန္းကို ဆက္လက္စစ္ေဆးခဲ့တဲ့ သတင္း၊စစ္ကိုင္းၿမိဳ႕ ေက်ာက္ တာအုပ္စု ေတာင္ညိဳေက်း႐ြာမွာ တရားမဝင္ခိုးတူးေနတဲ့ ေက်ာက္တြင္းၿပိဳက်လို႔ လူသုံးဦးေသဆုံးကာ တစ္ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းမွာ တန္တစ္ရာေျမသယ္ယာဥ္ တစ္စီး တိမ္းေမွာက္၍ ယာဥ္ေမာင္းေသဆုံးခဲ့တဲ့ သတင္း၊ တာခ်ီလိတ္ၿမိဳ႕ခံ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ဆိုင္ကယ္စီး ေသနတ္သမားႏွစ္ဦးက မီးပြိဳင္မွာ ေသနတ္နဲ႔  ပစ္သတ္ခဲ့တဲ့ သတင္း၊ထိုင္းႏိုင္ငံတြင္ တရား မဝင္ေနထိုင္ အလုပ္လုပ္ကိုင္မႈ ေၾကာင့္ ျမန္မာလုပ္သား ၁၇ ဦး ကို ျပစ္မႈသုံးခုျဖင့္စမြတ္ဆာခြန္ တရား႐ုံးက ေထာင္ဒဏ္ သုံးႏွစ္ ခန႔္စီခ်မွတ္ခဲ့တဲ့သတင္း၊ ရတနာပုံတကၠသိုလ္ေရွ႕ ေက်ာင္းလုံၿခဳံေရးအတြက္ ကတ္ထူျပားကို အေခါင္းပုံစံ ျပဳလုပ္၍ မီးရႈိ႕ဆႏၵေဖာ္ထုတ္လို႔ ဖမ္းဆီးခံထားရသည့္ေက်ာင္းသားခုနစ္ဦးကို ႏိုင္ငံေတာ္အ ၾကည္ညိဳပ်က္ ေစမႈ အပါအဝင္ ပုဒ္မသုံးခုျဖင့္ အမရပူရၿမိဳ႕နယ္ တရား႐ုံးက စြဲခ်က္တင္ခဲ့တဲ့ သတင္း၊ က်ပ္သိန္းေသာင္းခ်ီ လိမ္ လည္ခဲ့ေသာ ဂ်ဴးဂ်ဴး(ခ) သက္သက္ၿမိဳင္ကို ဗဟန္းတရား႐ုံးမွာ ပထမအႀကိမ္႐ုံးထုတ္ခဲ့တဲ့သတင္း၊ ျမန္မာ လုပ္သား ၂၀၀ ေက်ာ္ကို ထိုင္းပို႔ေပးမယ္ ဆိုၿပီး ေငြေၾကးလိမ္လည္ခဲ့တဲ့ ေျမာက္ဥကၠလာပၿမိဳ႕နယ္ထဲက ခ်င္းမိုင္ ကုမၸဏီကို အမႈဖြင့္ထားတဲ့သတင္း၊ ဖားကန႔္ရွိ ေက်ာက္စိမ္းလုပ္ကြက္တစ္ခုတြင္ ေရမေဆးသမားမ်ားႏွင့္ လုံၿခဳံေရးရဲတပ္ဖြဲ႕တို႔ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားၿပီး ေသနတ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းမႈေၾကာင့္ ေရမေဆးသမားတစ္ဦး ဒဏ္ရာရခဲ့တဲ့ သတင္းေတြအပါအဝင္ ယခုတစ္ပတ္အတြင္း စိတ္ဝင္စားစရာသတင္းမ်ားစြာ ျဖစ္ခဲ့ပါတယ္။

အမွန္တရားေပၚထြက္ဖို႔ လိုေနတဲ့ ဦးကိုနီ သတ္ျဖတ္ခံရမႈ

၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္က ရန္ကုန္ေလဆိပ္မွာ သတ္ျဖတ္ခံရတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီရဲ႕ အမႈမွာ အမွန္တရားေပၚထြက္လာဖို႔အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။ဒါဟာ ႏွစ္ႏွစ္ၾကာေနၿပီျဖစ္တဲ့ လုပ္ႀကံသတ္ျဖတ္ခံရမႈနဲ႔ ပက္သက္ၿပီး တိုက္တြန္းခဲ့တာပါ။

ဦးကိုနီသတ္ျဖတ္ခံရမႈ ႏွစ္ႏွစ္ေျမာက္ အခမ္းအနားကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ေပးပို႔တဲ့ သဝဏ္လႊာမွာ ‘‘၎တို႔ က်ဆုံးခဲ့သည္မွာ ယေန႔ဆိုလွ်င္ ၂ ႏွစ္တိုင္ခဲ့ေသာ္ လည္း ကြၽန္မႏွင့္ အားလုံးက ၎ တို႔၏ မိသားစုမ်ားႏွင့္ ထပ္တူ သတိရေအာက္ေမ့ေနပါသည္။ ျမန္မာႏိုင္ငံတြင္ တရားဥပေဒ စိုး မိုးေရး၊ တရားမွ်တမႈ ခိုင္မာစြာ တည္ေဆာက္ရာ၌ စိန္ေခၚမႈေတြ ကို ဝိုင္းၿပီးႀကိဳးစားေျဖရွင္းရင္း အသက္စြန႔္ခဲ့ သည့္ ဆရာဦးကိုနီႏွင့္ ကိုေနဝင္းတို႔အတြက္ အမွန္တရားအျမန္ဆုံးေပၚထြက္လာဖို႔အေရး သက္ဆိုင္သူအား လုံးမွ ဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔ တိုက္တြန္းပါတယ္’’လို ေဖာ္ျပခဲ့ပါတယ္။

ေဖေဖာ္ဝါရီအတြင္း အၿပီးသတ္ အမိန႔္ခ်မွတ္ႏိုင္ဖြယ္ရွိတဲ့ ဒီလုပ္ႀကံသတ္ျဖတ္မႈမွာ ေသနတ္သမား ၾကည္လင္းအပါအဝင္ ေအာင္ဝင္းေဇာ္ႏွင့္ ေဇယ်ာၿဖိဳးတို႔ကိုစစ္ေဆးေနတာမွာ ႐ုံးခ်ိန္း ႐ုံးခ်ိန္း ၁၀၂ ခ်ိန္းထိရွိခဲ့ ေနၿပီျဖစ္ပါတယ္။ဒီပြဲကို ျမန္မာႏိုင္ငံဆိုင္ ရာ အေမရိကန္သံအမတ္ႀကီး စေကာ့မာစီရယ္နဲ႔ ဘာသာႀကီးေလးခုမွ ဆရာေတာ္ႏွင့္ ဓမၼကထိကတို႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။ဒီပြဲမွာ လုပ္ႀကံသတ္ျဖတ္ခံရသူ ဦးကိုနီနဲ႔ ဦးေန ဝင္းတို႔ရဲ႕ မိသားစုေတြလည္း တက္ေရာက္ခဲ့ၾကၿပီး ဆုံးရႈံးခဲ့ရတဲ့သူေတြအတြက္ အမွန္တရားေပၚထြက္လာဖို႔ ေျပာခဲ့ပါတယ္။

မၾကာခင္မွာ အၿပီးသတ္အမိန္ခ်မွတ္ခံရဖို႔ ရွိေနတဲ့ ဦးကိုနီ လုပ္ႀကံသတ္ျဖတ္ခံရမႈမွာ ေနာက္ကြယ္က လုပ္ႀကံသတ္ျဖတ္ခိုင္းသူ ေအာင္ဝင္းခိုင္ယခုထိေပၚထြက္လာျခင္းမရွိသလို လက္ရွိစစ္ေဆးခံေနရတဲ့ သူေတြမွာ လည္း ဒီလုပ္ႀကံသတ္ျဖတ္ခံရမႈနဲ႔ ပက္သက္ၿပီး ပါဝင္ပက္သက္ျခင္းမရွိဘူးလို႔ ျငင္းဆိုမႈေတြရွိေနတဲ့ အတြက္ ဘယ္လို အေျဖေပၚထြက္လာမလဲ ၊သတ္ျဖတ္သူေသနတ္သမားရဲကေနာက္ကြယ္က ႀကံစည္ပက္သက္မႈေတြ ကိုလက္ရွိတရားစီရင္ေရးက ေဖာ္ထုတ္ႏိုင္ဖို႔ ျဖစ္ႏိုင္ပါ့မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီတစ္ပတ္ထဲ သတိထားဖြယ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ဦးကိုနီ သတ္ျဖတ္ခံရမႈ ႏွစ္ႏွစ္ေျမာက္ပြဲတစ္ခု တည္းသာ မဟုတ္ပါဘူး။ျပင္သစ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးကေန ျပင္သစ္နဲ႔ စပိန္ႏိုင္ငံထဲသြားလာေနတဲ့ ျမန္မာ ႏိုင္ငံသားေတြကို သြားတဲ့ လာတဲ့ေနရာမွာ သတိထားဖို႔ အထူးသျဖင့္ ခါးပိုက္ႏိူက္နဲ႔ လုယက္သူေတြကို သတိ ထားဖို႔ ထုတ္ျပန္သတိေပးတဲ့ သတင္း၊ ယာဥ္စီးခမသမာမႈလုပ္ေနတဲ့ အခ်က္အပါအဝင္အခ်က္ ၆ ခ်က္ ေတာင္း ဆိုတဲ့ အေနနဲ႔ ယာဥ္ေမာင္း၂၅၀ ရွိတဲ့ YBS 37 ယာဥ္လိုင္း ယာဥ္ေမာင္းေတြ လက္ပတ္နီဝတ္ၿပီး ေတာင္းဆို ဆႏၵျပရာမွာ ေျပလည္မႈရခဲ့တဲ့သတင္း၊ ျပင္သစ္ႏိုင္ငံသားတစ္ဦး အရွင္အရဟံသိမ္ေတာ္ အေရွ႕ဘက္ ဘုရား ေပၚသို႔ တက္ေရာက္ရန္ ရႈခင္းဓာတ္ပုံ ႐ိုက္ကူးစဥ္ ျပဳတ္က်လို႔ ညာဘက္ဒူးေခါင္း ခုံညင္း႐ိုးက်ိဳး ခဲ့တဲ့ သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇန္နဝါရီ - ၁