【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရှုပ်ထွေးလာတဲ့ ရခိုင်အရေးနဲ့ စိတ်ကြွဆေး ဗဟိုချက်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရှုပ်ထွေးလာတဲ့ ရခိုင်အရေးနဲ့ စိတ်ကြွဆေး ဗဟိုချက်

ယခုတစ်ပတ် ဖြစ်ပျက်ခဲ့တဲ့ သတင်းပေါင်းများစွာထဲမှာ အများပြည်သူ သတိထားမိတဲ့ သတင်းက ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲက ရဲကင်းစခန်း ၄ ခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဝင်တိုက်ခဲ့ရာကနေ စခဲ့တဲ့ ရခိုင်အရေး ပြဿနာက ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဒီသတင်းက အများပြည်သူကြား ရက်ပေါင်းများစွာ ပြောစရာဆွေးနွေးစရာ စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့တဲ့အတွက် ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ကျပ်သိန်းသောင်းနှင့်ချီ လိမ်လည်မှုဖြင့် တရားစွဲခံရတဲ့ ယောဂီဝတ် နန္ဒမာလာ ကို လှိုင်နှင့် မင်္ဂလာဒုံ တရားရုံးတွေက ချုပ်မိန့်ပေးခဲ့တဲ့ သတင်း၊ မောင်တောမြို့နယ်ထဲ ကျပ်တစ်သောင်းတန် ငွေစက္ကူ အရွက် ၄၀၀ ကျော် တွေ့ရှိခဲ့တဲ့ သတင်း၊ စင်ကာပူ စထရိတ်တိုင်း သတင်းစာမှာ ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းက ရှမ်းပြည်နယ်မှာ ကမ္ဘာ့ အမ်သာဖက်တမင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဗဟိုချက်ဖြစ်လာတဲ့ သတင်း၊ အိမ်အမွေခွဲဝေမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ အစ်ကို ဦးအောင်ဆန်းဦး က ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ထံ တိုက်ရိုက်တင်ပြ လျှောက်ထားမယ်ဆိုတဲ့ သတင်း၊ ပုဂံ ယဉ်ကျေးမှုနယ်မြေရှိ မယ်တော်ရပ်နှင့် လောကထိပ်ပန်ဘုရားတွေကို ဂျပန်နိုင်ငံ TNRICP အဖွဲ့က အီတလီ ကျွမ်းကျင်ပညာရှင်များ ငှားရမ်း၍ ပြုပြင်ထိန်းသိမ်းမယ်ဆိုတဲ့ သတင်း၊ ဗိုလ်တထောင်စေတီ ရွှေသင်္ကန်းကပ်လှူဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ ကျပ်တစ်ဘီလျံကျော် တန်ဖိုးရှိ ရွှေ ၁၀ ပိဿာကို ဂေါပကအဖွဲ့က ဝယ်ယူခဲ့တဲ့ သတင်းတွေထဲ သတိထားစရာ ထူးထူးခြားခြား ဖြစ်နေခဲ့ပါတယ်။

AA ကြောင့် ရှုပ်ထွေးသွားတဲ့ ရခိုင်အရေး

ယခုတစ်ပတ် သတင်းတွေထဲ တိုင်းရေးပြည်ရေးနဲ့ တိုင်းရင်းသားတွေကြားထဲ အရေးကြီးတဲ့ သတင်းတွေ ရှိခဲ့ပါတယ်။ဒီသတင်းက ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲက ရဲကင်းစခန်း ၄ ခုကို AA လို့ ခေါ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့က ဝင်တိုက်ခဲ့ရာကနေ စလာခဲ့တဲ့ ပြဿနာပါ။

ARSA လို့ ခေါ်တဲ့ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကနေ ဖြစ်လာတဲ့ ရခိုင်မြောက်ပိုင်း ပြဿနာ မငြိမ်းသေးခင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် မြန်မာလွတ်လပ်ရေးနေ့ နံနက်မှာ AA လို့ ခေါ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့က နံနက် ၆ နာရီခွဲခန့်မှာ ဘူးသီးတောင်မြို့နယ်ထဲက ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ်ပိနှင့် ခထီးလှ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို သာလွန်အင်အားနဲ့ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို AA ရဲ့ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့မှုကြောင့် ရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၉ ဦးရှိကာ လက်နက်ငယ်မျိုးစုံ အလက် ၄၀ နှင့် ခဲယမ်းမျိုးစုံ ဆုံးရှုံးခဲ့ရပါတယ်။အစိုးရသတင်းထုတ်ပြန်မှုမှာတော့ AA သောင်းကျန်းသူအဖွဲ့လို့ သုံးနှုန်းခဲ့ကာ AA အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာနှိမ်နင်းမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။AA အဖွဲ့ကတော့ သုံ့ပန်းအဖြစ် ခေါ်သွားတဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးအချို့ အပါအဝင် ၁၄ ဦးကို ဇန်နဝါရီ ၄ ရက် ညနေမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။AA ရဲ့ ထုတ်ပြန်ချက်မှာတော့ AA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးအချို့ အပါအဝင် ၁၄ ဦးနှင့် လက်နက်နှင့် ခဲယမ်းများ ရရှိကြောင်း ဆိုပါတယ်။

ရဲကင်းစခန်း ၄ ခု ကို ဝင်စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး AA ဘက်က တပ်မတော်ဘက်က အင်အားသုံးပြီး ထိုးစစ်ဆင်မှုအပေါ် လိုအပ်သည့် တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း ကတော့ ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမား အန္တရာယ်ကနေ ကာကွယ်ဖို့ထားတဲ့ ရဲကင်းစခန်းများကို AA က တိုက်ခိုက်ခြင်းသည် ARSA အကြမ်းဖက်သမားများနှင့် ပေါင်း၍ တိုက်ခိုက်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆချက်ကို ပြောခဲ့ပါတယ်။

ARSA အကြမ်းဖက်သမား ရန်က ကာကွယ်ဖို့ထားတဲ့ ရဲကင်းစခန်းကို ဒီလိုတိုက်ခိုက်တာဟာ နောက်ကျောကို ဓားဖြင့်ထိုးသည့် လုပ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်မျိုးဆွေဝင်း က ဇန်နဝါရီ ၆ ရက်မှာ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။    

ဒီလို အလစ်အငိုက် တိုက်ခိုက်မှုအပေါ်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြစ်တင်ရှုတ်ချခဲ့သလို ကုလနဲ့ အီးယူ ဦးဆောင်တဲ့ ဥရောပနိုင်ငံများကလည်း ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယခုလို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြမ်းဖက်တိုက်ခိုက်ခြင်းက အစိုးရက ဖော်ဆောင်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို များစွာထိခိုက်စေနိုင်ပြီး ယင်းအကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယခုအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ အပါအဝင် ပုဒ်မနှစ်ခုဖြင့် ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ပါတယ်။ဇန်နဝါရီ  ၇ ရက်က ပြုလုပ်တဲ့ နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပြီး လတ်တလောဖြစ်ရပ်များ အပါအဝင် ပြည်တွင်းလုံခြုံရေး ကိစ္စရပ်တွေကို နှစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပါတယ်။အဲဒီနောက်မှာ နိုင်ငံတော်သမ္မတရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အစိုးရနဲ့ တပ်မတော် တစ်သဘောတည်းရှိတယ်ဆိုတာ ပြောခဲ့သလို AA တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဝင်တိုက်သည့် နေ့ကတည်းက တပ်မတော် တပ်အင်အားများ တိုးမြှင့်သုံးစွဲရန်နှင့် လိုအပ်ပါက ရဟတ်ယာဉ်များ သုံးစွဲရန် သမ္မတရုံးက ညွှန်ကြားခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် AA နှင့် ARSA ကြား ဆက်နွယ်မှုအနေဖြင့် သတင်းရင်းမြစ်နှစ်ခုထံမှ ရရှိချက်အရ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့တွင် ၂၀၁၈ ဇူလိုင် ၂၃ ရက်က တွေ့ဆုံပြီး လှုပ်ရှားမှုနယ်မြေ ရရှိရေး ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုကာ AA နှင့် ARSA ကြား နယ်မြေပိုင်းခြားကာ လှုပ်ရှားမှုတွေရှိတယ်လို့ ပြောခဲ့ပါတယ်။ထိုသတင်းစာရှင်းလင်းပွဲမှာ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးဆောင်ရွက်ရန် သမ္မတရုံးက တပ်မတော်ကို ညွှန်ကြားထားကြောင်းနဲ့ AA စခန်းနှစ်ခုနှင့် ARSA စခန်းသုံးခု ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ရှိနေလို့ ဘင်္ဂလားဒေ့ရှ်ဘက် စစ်သံမှူးကိုလည်း တပ်မတော်ဘက်က ကန့်ကွက်ထားကြောင်း ပြောခဲ့ပါတယ်။

AA နှင့် ARSA တွေ့ဆုံ အစည်းအဝေး ပြုလုပ်သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မသိကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။AA အဖွဲ့က ထုတ်ပြန်တဲ့ စာမှာတော့ AA အနေဖြင့် အကြမ်းဖက်အဖွဲ့များနှင့် မည်သည့်အချိန်တွင်မှ လက်တွဲလိမ့်မည် မဟုတ်ဘူးလို့ ဆိုထားသလို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို သတင်းစာရှင်းလင်းပွဲမှာ အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုချက်များအပေါ်လည်း ကန့်ကွက်ရှုတ်ချျကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေထက် ပိုသတိထားစရာကောင်းတာက လူမှုကွန်ရက်ပေါ်မှာ ဒီဖြစ်ရပ်ပေါ် အကြောင်းပြုပြီး တစ်ဖက်နဲ့ တစ်ဖက် လူမျိုးရေးတိုက်ခိုက်မှုတွေ ဖြစ်လာတာပါ။ဒီအခြေအနေကို နှစ်ဘက်စလုံးက လိုက်ထိန်းနေသလို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောဆိုချက်အပေါ် ဝေဖန်မှုတွေလည်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။AA လက်နက်ကိုင်အဖွဲ့ကို အစိုးရဘက်က ထိထိရောက်ရောက် နှိမ်နှင်းရေးစစ်ပွဲ ဆင်နွှဲဖို့ တပ်ဘက်ကို ညွှန်ကြားထားတယ်လို့ ဆိုတဲ့အတွက် ဘာတွေဖြစ်လာမလဲ၊ ရခိုင်ဘက်မှာ ကချင်ဒေသလို လူမျိုးရေးအစွဲကြီးတဲ့ ဒေသတွင်း စစ်ပွဲပမာ ကျယ်ပြန့်လာဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သရက်ပြင်ကျေးရွာသားတစ်ဦးကို အမှုဖွင့် စစ်ဆေးနေတဲ့ သတင်း၊ RCSS နဲ့ PNLO ကြား တိုက်ပွဲတွေကြောင့် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) နယ်မြေထဲ ထွက်ပြေးတိမ်းရှောင်လာသူ ၅၀၀ ကျော် ရှိတယ်ဆိုတဲ့ သတင်း၊ MNDAA နှင့် TNLA က   ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားတွေ ပြန်လွတ်မြောက်ဖို့ အပစ်ရပ်ချိန်မှာ တပ်မတော်က လိုအပ်သလို ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ထားတဲ့ သတင်း၊ ဖာပွန်မှာ ဇန်နဝါရီ ၄ ရက်က တပ်မတော်နှင့် ကရင် လက်နက်ကိုင်အဖွဲ့ (KNU) တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တဲ့ သတင်း၊ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ပြန်စဖို့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်က ခေါ်ယူတွေ့ဆုံခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထဲ သတိထားစရာ သတင်းကြီးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ငွေစက္ကူအတုနဲ့ စင်ကာပူအိမ်ရှင်ရဲ့ စာနာမှု

ယခုတစ်ပတ် မှုခင်းနောက်ခံ သတင်းတွေထဲ ထူးထူးခြားခြား ကွဲထွက်နေတဲ့ သတင်းက တစ်သောင်းတန် ငွေစက္ကူအတုကိစ္စ သတင်းတွေပါ။ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်း ရဲကင်းစခန်းတွေကို ရခိုင်လက်နက်ကိုင်တွေက တိုက်ခိုက်ပြီး သုံးရက်အကြာ ဇန်နဝါရီ ၇ ရက်မှာ မောင်တောမြို့နယ်ထဲ ကျပ်တစ်သောင်းတန် ငွေစက္ကူ အရွက် ၄၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်က မောင်တောမြို့နယ် ကမ္ဘောဇဘဏ်ခွဲကို ငွေလွှဲဖို့လာတဲ့ လူတစ်ယောက်ဆီကနေ ကျပ်တစ်သောင်းတန် ငွေစက္ကူ ၄၀၁ ရွက်ကို တွေ့ရှိခဲ့ရပါတယ်။အဆိုပါ ငွေစက္ကူအတုတွေကို ကားပိုင်ရှင် စေခိုင်းမှုနဲ့ မောင်တောမြို့နယ် ဝေသာလီကျေးရွာနေသူ ၃ ဦးထံကနေ ကားရောင်းရငွေများကို ကောက်ယူကာ ကမ္ဘောဇဘဏ်မှတစ်ဆင့် အခြားသို့ ငွေလာလွှဲစဉ် ကျပ်သိန်းလေးဆယ်ကျော်မှာ ကျပ်တစ်သောင်းတန်အတုတွေ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် ဖမ်းဆီးစစ်ဆေးခဲ့တာပါ။ဒီရက်ပိုင်းမှာပဲ ငါးသိုင်းချောင်းမြို့ မအူကုန်အုပ်စု စံပြကျေးရွာမှာ နွားလာဝယ်တဲ့သူက ပေးခဲ့တဲ့ ငွေတွေမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုတွေချည်းဘဲ ၁၅၇ ရွက်အထိ ဖြစ်နေလို့ နွားကို ပြန်သိမ်းလို့ ရခဲ့ပေမယ့် ငွေစက္ကူအတုနဲ့ ဝယ်ယူသူကို မမိခဲ့သေးဘဲ စုံစမ်းရှာဖွေနေရဆဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ကျပ်တစ်သောင်းတန် ငွေစက္ကူအတုကို နိုင်ငံတစ်ဝန်း မကြာခဏဖမ်းမိနေကာ ကျပ်တစ်သောင်းတန် အတုများ ဖမ်းဆီးရရှိမှုမှာလည်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ စင်ကာပူမှာ အိမ်အကူလုပ်ပြီး ပြန်လာတဲ့ ဒိုက်ဦးမှ အမျိုးသမီးတစ်ဦးရဲ့ ငွေစက္ကူအတု ကိစ္စမှာတော့ အခုထိ ငွေတုလုပ်တဲ့ တရားခံကို စင်ကာပူနဲ့ မြန်မာ နှစ်နိုင်ငံစလုံး မဖော်ထုတ်သေးပေမယ့် ဖမ်းဆီးခံရသော မနော်သော့သွဲ့ထူး ကိုတော့ ဖမ်းဆီးခံရပြီး တစ်လခန့်အကြာ ဒုတိယအကြိမ် ရုံးထုတ်ရာမှာ အာမခံပေးခဲ့ပါတယ်။သိမ်းခဲ့တဲ့ ငွေစက္ကူအတုတွေအတွက် အစားပြန်ရသင့်တယ်လို့ ဝေဖန်မှုတွေ ထွက်ခဲ့ပမေယ့် မြန်မာအာဏာပိုင်တွေဘက်က ဘာမှ စီစဉ်မှုမရှိခဲ့ပါဘူး။ဒါပေမယ့် မနော်သော့သွဲ့ထူး အလုပ် လုပ်ကိုင်ခဲ့သော စင်ကာပူနိုင်ငံမှ အိမ်ရှင်က ဇန်နဝါရီ ၈ ရက်မှာ ဘဏ်ကတစ်ဆင့် ဆုံးရှုံးခဲ့တဲ့ ကျပ် ၃၄ သိန်းကျော်ကို ထပ်မံပေးခဲ့ပါတယ်။ဒီသတင်းကတော့ ကြားရသူတိုင်းအတွက် စိတ်ကြည်နူးစရာဖြစ်သလို လုပ်အားရင်းပြီး မိခင်နိုင်ငံ ပြန်လာချိန်မှာ လူမဆန်တဲ့ ဝိသမလောဘသမားတွေကြောင့် ငွေစက္ကူအတုနဲ့ တိုးပြီး အဖမ်းခံရတဲ့ မနော်သော့သွဲ့ထူး အတွက် ကျေနပ်စရာပါ။ဒါပေမယ့် သူမကို တရားစွဲထားတာ ရှိတဲ့အတွက် မကြာသေးခင်က ရွှေတိဂုံဘုရားမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုသုံးလို့ ဖမ်းခဲ့တဲ့ စင်ကာပူလင်မယားနဲ့ ထိုင်းနိုင်ငံသူတစ်ဦးလို ပြန်လွှတ်ပေးမလား/ဒါမှမဟုတ် တရားရင်ဆိုင်ရမလားဆိုတာ  ဆက်စောင်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ရပ်ဆိုင်းခံထားရသည့် မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက်တွင် ဝန်ထမ်းများက ရွှေခိုးတူးမှု ခွင့်ပြုထားသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက တိုင်ကြားမည့် သတင်း၊ အင်းတော်မြို့မှာ  နေအိမ်ထဲကလူကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းတွေ ယူသွားတဲ့ သတင်း၊ သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့် ကို မှုခင်းသတင်းထောက် (လက်ရှိ အလွတ်သတင်းထောက်) ဘက်မလိုက် ကျော်ကျော် က လူအများရှေ့ ဝန်ချတောင်းပန် ကန်တော့ခဲ့တဲ့ သတင်း၊ တရုတ်တစ်ဦးက မြန်မာအမျိုးသမီးတွေကို  လက်ထပ်ဖို့ ငွေဘယ်လောက်ပေးရမလဲလို့ မူဆယ်မှာ လိုက်မေးတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေလို့ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတဲ့ သတင်း၊ နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုက်ဘာစီးတီး ကျောင်းသားကို လုယက်သတ်ဖြတ်သူ လေးဦးကို စတင်ရုံးထုတ်တဲ့ သတင်း၊ ကြမ်းတမ်းဆိုးသွမ်းတဲ့ ဘန်ခွမ် ဗဟိုအကျဉ်းထောင်မှာ သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၄၀၀ ခန့်အထိ ရှိနေတဲ့ သတင်း၊ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ သုံးဦးကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ စွဲချက်တင်ခဲ့တဲ့ သတင်း၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လမ်းဘေးမှာ ရဲအရာရှိနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ထားတဲ့ သတင်း၊ ပရဟိတမင်းသား ဝေဠုကျော် ကို အလှမယ် သင်းသင်းဦး က ကာမလိမ်လည်မှုနဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲခဲ့တဲ့ သတင်းထူးတွေထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့စိတ်ကြွမူးယစ်ဆေးဝါးရဲ့ ဗဟိုချက်ဖြစ်နေတဲ့ နေရာ

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက စင်ကာပူ စထရိတ်တိုင်း သတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ပါဘဲ။ဒီသတင်းမှာ ICG က ပြုစု သည့် Fire and Ice: Conflict and Drugs in Myanmar’s Shan State ဟူသော အစီရင်ခံစာတမ်းကို ကိုးကားပြီး မြန်မာနိုင်ငံ အရှေ့ ဖျားဒေသဖြစ်တဲ့ ရှမ်းပြည်နယ်ဟာ ကမ္ဘာ့ မက်သာအဖက်တမင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုကဏ္ဍ၏ ဗဟိုချက်သဖွယ် ရပ်တည်နေပြီလို့ ဖော်ပြခဲ့တာပါ။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ICG အဖွဲ့က ပြုစုတဲ့ ယခုစာတမ်းကို ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း သုတေသနပြု လေ့လာရရှိထားတဲ့ အချက်အလက်များကို အခြေခံပြုစုထားတယ်လို့ ဆိုထားပြီး ဖော်ပြချက်ထဲမှာတော့ ရှမ်းပြည်နယ်ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ပျမ်းမျှ လအလိုက်ဆက်တိုက် တက်ရိပ်ပြခဲ့တယ်လို့ ဆိုပါတယ်။တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်တွေ လှုပ်ရှားနေတဲ့ နေရာနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်တွေ လှုပ်ရှားနေတဲ့ နေရာတွေမှာ ဟီးရိုးအင်း မူးယစ်ဆေးဝါးနှင့် မက်သာအဖက်တမင်း ဆေးပြားများ ကုန်သွယ်မှု တွင်ကျယ်နေတယ်လို့ဆိုပြီး ရှမ်းပြည်နယ်မှ မက်သာအဖက်တမင်း ဆေးဝါးများ နိုင်ငံတကာဈေးကွက်ထဲ စီးဝင်ရောက်ရှိမှုက တစ်နှစ်ကို တန်ချိန် ၂၅၀ ထိ များပြားနိုင်ကြောင်း ဆိုပါတယ်။မဟာမဲခေါင်ဒေသဖြစ်တဲ့ ဒီဒေသရဲ့ မက်သာအဖက်တမင်း ဆေးဝါးထုတ်လုပ်တဲ့ ဈေးကွက်တန်ဖိုးက တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၄၀ ဖိုးမျှထိ ကျယ်ပြန့်နေဖွယ်ရှိပြီး မြန်မာနှင့် တရုတ် စီးပွားရေးစြင်္ကန်စီမံကိန်း ထမြောက်ပြီးစီးလာရင် ရထားနဲ့ ကားလမ်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာနိုင်လို့ မူးယစ်ဆေးဝါး တင်ပို့မှု အရှိန်အဟုန် ပိုမိုမြင့်တက်လာနိုင်တယ်လို့ ICG က သုံးသပ်ထားခဲ့ပါတယ်။

ဒါ့အပြင် ဒီဒေသမှာ ငြိမ်းချမ်းရေးရနိုင်ဖို့ ခက်ခဲနေတဲ့အတွက် မက်သာအဖက်တမင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို မြန်မာအစိုးရအနေနဲ့ ထိန်းချုပ်ဖို့ ခက်ခဲနေဦးမယ်လို့ ဆိုထားပါတယ်။ဘိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ကမ္ဘာသိဖြစ်လာတာ ကြာပြီဖြစ်နေပေမယ့် အခုတစ်ခါ ပြည်တွင်းမှာ မကြာခဏ အမြောက်အမြားမိနေတဲ့ စိတ်ကြွမူးယစ်ဆေးဝါးရဲ့ အန္တရာယ်က ကမ္ဘာ့အဆင့်ထိ ဖြစ်နေတာက မြန်မာနိုင်ငံအတွက် အနာဂတ်မှာ ရင်လေးစရာပါ။

ဒီ ICG ထုတ်ပြန်ချက် သတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ဒေသခံ မဘသ ဆရာတော်အချို့နှင့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က စာရေးဆရာ ထင်လင်းဦး ဟောပြောမည့်အပေါ် ကန့်ကွက်လို့ ချောင်းဆုံမြို့နယ် ဘီလူးကျွန်းက မာကေးကျေးရွာ စာပေဟောပြောပွဲကို ရွှေ့ဆိုင်းခဲ့ရတဲ့ သတင်း၊ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ပတက္ကသိုလ်နှစ်ခုတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ဇန်နဝါရီ ၄ ရက်က စတင်ရပ်ဆိုင်းခဲ့ပြီဆိုတဲ့ သတင်း၊ ဇီးပင်ကြီး ပြည်သူ့ဝန်ထမ်း အကယ်ဒမီ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ ဒေါက်တာထွန်းမင်း ကို သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနသို့ ပြောင်းရွှေ့လိုက်တဲ့ သတင်း၊ အင်းလေး ဖောင်တော်ဦးဘုရားကို ရွှေသင်္ကန်းကပ်လှူခွင့် ရရှိရန် ဖောင်တော်ဦးဘုရား ရင်ပြင်မှာ ဈေးသည် ၅၀ ခန့်က စက်လှေများနဲ့ ဆန္ဒပြတဲ့ သတင်း၊ ပုဂံညောင်ဦးလေဆိပ်မှာ လေယာဉ်ပြေး လမ်းမီးချွတ်ယွင်းလို့ ဇန်နဝါရီ ၈ ရက်ညနေက လေယာဉ်ကွင်း ခေတ္တပိတ်ထားလိုက်ရတဲ့ သတင်းတွေထဲ စိတ်ဝင်စားစရာ၊ သတိထားရမယ့် သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ကျင်စန်းကျော့ဂိတ်နှင့် မြန်မာ့ကုန်သွယ်မှု ပြဿနာ

ဒီဇင်ဘာ ၂ ရက် ညက တရုတ်နိုင်ငံကို မြန်မာဘက်ကနေ ဖရဲ၊ သခွား စတဲ့ သစ်သီးတွေကို အဓိကတင်ပို့နေတဲ့ မူဆယ် ကျင်စန်းကျော့ဂိတ်ရှိရာ ကျင်စန်းကျော့လမ်းမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ  နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျင်စန်းကျော့လမ်းကို ဒီဇင်ဘာ ၂၇ ရက်မှာ မြန်မာနိုင်ငံဘက်က ပိတ်ခဲ့ပါတယ်။ဒီဂိတ်အစား လုံခြုံရေးကောင်းတဲ့ မူဆယ် ၁၀၅ မိုင်မှ ၁၀ မိုင် အကွာအဝေးရှိပြီး လမ်းကောင်းသော ကျင့်စန်းကျော့လမ်းကို ပိတ်ပြီးနောက် တရုတ်နိုင်ငံက ပန်ဆန်း-ဝမ်တိန် လမ်းကြောင်းကနေ သစ်သီးများ တင်ပို့စေခဲ့ပါတယ်။ဒီလမ်းက လမ်းကျဉ်းမြောင်းတဲ့အတွက် တစ်ရက်ကို ကားစီးရေ ၂၀၀ သာ တရုတ်ဘက်ကို ဝင်နိုင်လို့ သစ်သီးကားတွေ ပိတ်ဆို့မှုတွေ ဖြစ်ခဲ့ရလို့ မြန်မာနိုင်ငံဘက်က သစ်သီးရောင်းဝယ်တင်ပို့တဲ့ ကုန်သည်တွေမှာ အထိနာခဲ့ပါတယ်။

နှစ်စဉ် ပွင့်လင်းရာသီဖြစ်တဲ့ ဇန်နဝါရီမှ မတ်လအတွင်း နေ့စဉ် ဖရဲ၊ သခွားမွှေး ကားအစီးရေ ၅၀၀ ခန့် ဝင်ရောက်တဲ့ ဒီဂိတ်က  နှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားတဲ့ ဂိတ်ဖြစ်လို့ ပြန်ဖွင့်ပေးဖို့ ဒီဘက်က ကုန်သည်တွေက တောင်းဆိုသလို ရက်သတ္တပတ် နှစ်ပတ်ကြာတဲ့အထိ ပြန်မဖွင့်ခဲ့လို့ တရုတ်ဘက်ကိုပို့ဖို့ သယ်လာတဲ့ သစ်သီးတွေ ပုပ်သိုးကုန်တဲ့အတွက် သစ်သီးသမားတွေအတွက် ဆုံးရှုံးမှုကလည်း ကြီးလာပါတယ်။

ဒီလိုဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၇ ရက်မှာ  စီးပွား/ကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တရုတ်သံရုံး ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်အချို့ ရခဲ့ပါတယ်။မြန်မာ-တရုတ် နယ်စပ်မှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စသည့် နယ်စပ်ကုန်သွယ်ရေးဇုန် လေးခုကို တရားဝင်ဖွင့်လှစ်ထားတာကနေ နောက်ထပ်တစ်ခုတိုးဖို့ စဉ်းစားနေတုန်းပါ။ပြည်ထောင်စုဝန်ကြီးကတော့ ကျင်စန်းကျော့ဂိတ်ကို တရားဝင်ဖွင့်လှစ်ရေးကို တရုတ်နိုင်ငံက လိုလားတဲ့သဘော ရှိနေလို့ အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ ဆက်လက်ဆွေးနွေး ညှိနှိုင်းရဦးမယ်လို့ ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်မှာတော့ ဖရဲ၊ သခွားမွှေး သစ်သီးကားများ မူဆယ်တွင် ပိတ်မိနေပြီး တောင်သူများ ဆုံးရှုံးမှုကြုံတွေ့နေရတဲ့ အခြေအနေကို ကုစားနိုင်ရန်အတွက် မြန်မာ၊ တရုတ် နှစ်နိုင်ငံ အောက်ခြေအဆင့် ညှိနှိုင်းပြီး ယာယီဖွင့်လှစ်ပေးခဲ့ပါတယ်။ဒါဟာ ယာယီဖြစ်တဲ့အတွက် ရေရှည်မှာ မကြာခဏဖြစ်နေတဲ့ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ မြန်မာဘက်က တာဝန်ရှိသူတွေ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အတွင်း စီးပွားရေးနောက်ခံ သတင်းတွေဖြစ်တဲ့ YBS ယာဉ်လိုင်းတွေမှာ ငွေပေးကတ်စနစ် အသုံးပြုမှုပုံစံ မိတ်ဆက်ပြသမယ်ဆိုတဲ့ သတင်း၊ မကွေး - တောင်တွင်း မီးရထားလိုင်း အသုံးပြုသူ နည်းပေမယ့် အရှုံးခံပြေးဆွဲမယ်ဆိုတဲ့ သတင်း၊ ဖေဖေါ်ဝါရီ စရောင်းမယ့် ကျပ်တစ်ထောင်တန်ထီမှာ ငါးရာတန်ထီထက် ဆုမဲအရေအတွက် ပိုထည့်ထားတယ်ဆိုတဲ့ သတင်း၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော်မှာ မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ပြသရောင်းချမယ်ဆိုတဲ့ သတင်းတွေထဲ စိတ်ဝင်စားမှု ပိုကောင်းခဲ့ပါတယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇန်နဝါရီ - ၁၁

( Zawgyi )

ယခုတစ္ပတ္ ျဖစ္ပ်က္ခဲ့တဲ့ သတင္းေပါင္းမ်ားစြာထဲမွာ အမ်ားျပည္သူ သတိထားမိတဲ့ သတင္းက ရခိုင္ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက ရဲကင္းစခန္း ၄ ခုကို ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က ဝင္တိုက္ခဲ့ရာကေန စခဲ့တဲ့ ရခိုင္အေရး ျပႆနာက ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းက အမ်ားျပည္သူၾကား ရက္ေပါင္းမ်ားစြာ ေျပာစရာေဆြးေႏြးစရာ စိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့တဲ့အတြက္ ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ က်ပ္သိန္းေသာင္းႏွင့္ခ်ီ လိမ္လည္မႈျဖင့္ တရားစြဲခံရတဲ့ ေယာဂီဝတ္ နႏၵမာလာ ကို လႈိင္ႏွင့္ မဂၤလာဒုံ တရား႐ုံးေတြက ခ်ဳပ္မိန႔္ေပးခဲ့တဲ့ သတင္း၊ ေမာင္ေတာၿမိဳ႕နယ္ထဲ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ အ႐ြက္ ၄၀၀ ေက်ာ္ ေတြ႕ရွိခဲ့တဲ့ သတင္း၊ စင္ကာပူ စထရိတ္တိုင္း သတင္းစာမွာ ေဖာ္ျပခဲ့တဲ့ ျမန္မာႏိုင္ငံ အေရွ႕ပိုင္းက ရွမ္းျပည္နယ္မွာ ကမာၻ႔ အမ္သာဖက္တမင္း မူးယစ္ေဆးဝါး ထုတ္လုပ္မႈ ဗဟိုခ်က္ျဖစ္လာတဲ့ သတင္း၊ အိမ္အေမြခြဲေဝမႈႏွင့္ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ၏ အစ္ကို ဦးေအာင္ဆန္းဦး က ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး ထံ တိုက္႐ိုက္တင္ျပ ေလွ်ာက္ထားမယ္ဆိုတဲ့ သတင္း၊ ပုဂံ ယဥ္ေက်းမႈနယ္ေျမရွိ မယ္ေတာ္ရပ္ႏွင့္ ေလာကထိပ္ပန္ဘုရားေတြကို ဂ်ပန္ႏိုင္ငံ TNRICP အဖြဲ႕က အီတလီ ကြၽမ္းက်င္ပညာရွင္မ်ား ငွားရမ္း၍ ျပဳျပင္ထိန္းသိမ္းမယ္ဆိုတဲ့ သတင္း၊ ဗိုလ္တေထာင္ေစတီ ေ႐ႊသကၤန္းကပ္လႉဖို႔ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းထံမွ က်ပ္တစ္ဘီလ်ံေက်ာ္ တန္ဖိုးရွိ ေ႐ႊ ၁၀ ပိႆာကို ေဂါပကအဖြဲ႕က ဝယ္ယူခဲ့တဲ့ သတင္းေတြထဲ သတိထားစရာ ထူးထူးျခားျခား ျဖစ္ေနခဲ့ပါတယ္။

AA ေၾကာင့္ ရႈပ္ေထြးသြားတဲ့ ရခိုင္အေရး

ယခုတစ္ပတ္ သတင္းေတြထဲ တိုင္းေရးျပည္ေရးနဲ႔ တိုင္းရင္းသားေတြၾကားထဲ အေရးႀကီးတဲ့ သတင္းေတြ ရွိခဲ့ပါတယ္။ဒီသတင္းက ရခိုင္ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက ရဲကင္းစခန္း ၄ ခုကို AA လို႔ ေခၚတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕က ဝင္တိုက္ခဲ့ရာကေန စလာခဲ့တဲ့ ျပႆနာပါ။

ARSA လို႔ ေခၚတဲ့ ဘဂၤါလီအၾကမ္းဖက္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈကေန ျဖစ္လာတဲ့ ရခိုင္ေျမာက္ပိုင္း ျပႆနာ မၿငိမ္းေသးခင္ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၄ ရက္ ျမန္မာလြတ္လပ္ေရးေန႔ နံနက္မွာ AA လို႔ ေခၚတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕က နံနက္ ၆ နာရီခြဲခန႔္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက ေက်ာင္းေတာင္၊ ငျမင္းေဘာ္၊ ဂုပ္ပိႏွင့္ ခထီးလွ နယ္ျခားေစာင့္ ရဲကင္းစခန္း ၄ ခုကို သာလြန္အင္အားနဲ႔ တစ္ၿပိဳင္နက္ တိုက္ခိုက္ခဲ့ပါတယ္။

ဒီလို AA ရဲ႕ တစ္ၿပိဳင္နက္ တိုက္ခိုက္ခဲ့မႈေၾကာင့္ ရဲမႉးတစ္ဦး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦး က်ဆုံးၿပီး ဒဏ္ရာရသူ ၉ ဦးရွိကာ လက္နက္ငယ္မ်ိဳးစုံ အလက္ ၄၀ ႏွင့္ ခဲယမ္းမ်ိဳးစုံ ဆုံးရႈံးခဲ့ရပါတယ္။အစိုးရသတင္းထုတ္ျပန္မႈမွာေတာ့ AA ေသာင္းက်န္းသူအဖြဲ႕လို႔ သုံးႏႈန္းခဲ့ကာ AA အဖြဲ႕၏ အၾကမ္းဖက္ လုပ္ရပ္မ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ထိေရာက္စြာႏွိမ္နင္းမည္ ျဖစ္ေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္။AA အဖြဲ႕ကေတာ့ သုံ႔ပန္းအျဖစ္ ေခၚသြားတဲ့ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အမ်ိဳးသမီးအခ်ိဳ႕ အပါအဝင္ ၁၄ ဦးကို ဇန္နဝါရီ ၄ ရက္ ညေနမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။AA ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ AA တပ္ဖြဲ႕ဝင္ ႏွစ္ဦးေသဆုံးၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အမ်ိဳးသမီးအခ်ိဳ႕ အပါအဝင္ ၁၄ ဦးႏွင့္ လက္နက္ႏွင့္ ခဲယမ္းမ်ား ရရွိေၾကာင္း ဆိုပါတယ္။

ရဲကင္းစခန္း ၄ ခု ကို ဝင္စီးနင္းတိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး AA ဘက္က တပ္မေတာ္ဘက္က အင္အားသုံးၿပီး ထိုးစစ္ဆင္မႈအေပၚ လိုအပ္သည့္ တုံ႔ျပန္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးၾကည္လင္း ကေတာ့ ယခုတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး အၾကမ္းဖက္သမား အႏၲရာယ္ကေန ကာကြယ္ဖို႔ထားတဲ့ ရဲကင္းစခန္းမ်ားကို AA က တိုက္ခိုက္ျခင္းသည္ ARSA အၾကမ္းဖက္သမားမ်ားႏွင့္ ေပါင္း၍ တိုက္ခိုက္ျခင္း ျဖစ္ႏိုင္တယ္လို႔ ယူဆခ်က္ကို ေျပာခဲ့ပါတယ္။

ARSA အၾကမ္းဖက္သမား ရန္က ကာကြယ္ဖို႔ထားတဲ့ ရဲကင္းစခန္းကို ဒီလိုတိုက္ခိုက္တာဟာ ေနာက္ေက်ာကို ဓားျဖင့္ထိုးသည့္ လုပ္ရပ္ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဒုရဲခ်ဳပ္မ်ိဳးေဆြဝင္း က ဇန္နဝါရီ ၆ ရက္မွာ သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာခဲ့ပါတယ္။    

ဒီလို အလစ္အငိုက္ တိုက္ခိုက္မႈအေပၚျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ျပစ္တင္ရႈတ္ခ်ခဲ့သလို ကုလနဲ႔ အီးယူ ဦးေဆာင္တဲ့ ဥေရာပႏိုင္ငံမ်ားကလည္း ကန႔္ကြက္ရႈတ္ခ်ခဲ့ပါတယ္။ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ယခုလို ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) အၾကမ္းဖက္တိုက္ခိုက္ျခင္းက အစိုးရက ေဖာ္ေဆာင္ေနေသာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို မ်ားစြာထိခိုက္ေစႏိုင္ၿပီး ယင္းအၾကမ္းဖက္လုပ္ရပ္ကို ျပင္းထန္စြာ ျပစ္တင္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ယခုအၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္အတြက္ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ အပါအဝင္ ပုဒ္မႏွစ္ခုျဖင့္ ရဲတပ္ဖြဲ႕က တရားလိုျပဳလုပ္၍ အမႈဖြင့္ခဲ့ပါတယ္။ဇန္နဝါရီ  ၇ ရက္က ျပဳလုပ္တဲ့ ႏိုင္ငံတကာဆက္ဆံေရး၊ ျပည္တြင္းလုံၿခဳံေရးဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႕ ထိပ္တန္းပုဂၢိဳလ္ေတြ တက္ေရာက္ခဲ့ၿပီး လတ္တေလာျဖစ္ရပ္မ်ား အပါအဝင္ ျပည္တြင္းလုံၿခဳံေရး ကိစၥရပ္ေတြကို ႏွစ္နာရီေက်ာ္ၾကာ ေဆြးေႏြးခဲ့ပါတယ္။အဲဒီေနာက္မွာ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ပုံမွန္သတင္းစာရွင္းလင္းပြဲကို က်င္းပခဲ့ရာမွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က အစိုးရနဲ႔ တပ္မေတာ္ တစ္သေဘာတည္းရွိတယ္ဆိုတာ ေျပာခဲ့သလို AA တိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး ဝင္တိုက္သည့္ ေန႔ကတည္းက တပ္မေတာ္ တပ္အင္အားမ်ား တိုးျမႇင့္သုံးစြဲရန္ႏွင့္ လိုအပ္ပါက ရဟတ္ယာဥ္မ်ား သုံးစြဲရန္ သမၼတ႐ုံးက ၫႊန္ၾကားခဲ့ေၾကာင္းလည္း ေျပာခဲ့ပါတယ္။

ဒါ့အျပင္ AA ႏွင့္ ARSA ၾကား ဆက္ႏြယ္မႈအေနျဖင့္ သတင္းရင္းျမစ္ႏွစ္ခုထံမွ ရရွိခ်က္အရ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႕တို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ရာမူးၿမိဳ႕တြင္ ၂၀၁၈ ဇူလိုင္ ၂၃ ရက္က ေတြ႕ဆုံၿပီး လႈပ္ရွားမႈနယ္ေျမ ရရွိေရး ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ဆိုကာ AA ႏွင့္ ARSA ၾကား နယ္ေျမပိုင္းျခားကာ လႈပ္ရွားမႈေတြရွိတယ္လို႔ ေျပာခဲ့ပါတယ္။ထိုသတင္းစာရွင္းလင္းပြဲမွာ ေသာင္းက်န္းသူ ႏွိမ္နင္းေရး စစ္ဆင္ေရးေဆာင္႐ြက္ရန္ သမၼတ႐ုံးက တပ္မေတာ္ကို ၫႊန္ၾကားထားေၾကာင္းနဲ႔ AA စခန္းႏွစ္ခုႏွင့္ ARSA စခန္းသုံးခု ဘဂၤလားေဒ့ရွ္ဘက္ျခမ္းတြင္ ရွိေနလို႔ ဘဂၤလားေဒ့ရွ္ဘက္ စစ္သံမႉးကိုလည္း တပ္မေတာ္ဘက္က ကန႔္ကြက္ထားေၾကာင္း ေျပာခဲ့ပါတယ္။

AA ႏွင့္ ARSA ေတြ႕ဆုံ အစည္းအေဝး ျပဳလုပ္သည္ဆိုသည့္ ကိစၥႏွင့္ ပတ္သက္၍ မသိေၾကာင္း AA ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ပါတယ္။AA အဖြဲ႕က ထုတ္ျပန္တဲ့ စာမွာေတာ့ AA အေနျဖင့္ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ မည္သည့္အခ်ိန္တြင္မွ လက္တြဲလိမ့္မည္ မဟုတ္ဘူးလို႔ ဆိုထားသလို ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ကို သတင္းစာရွင္းလင္းပြဲမွာ အေျခအျမစ္မရွိဘဲ စြပ္စြဲေျပာဆိုခ်က္မ်ားအေပၚလည္း ကန႔္ကြက္ရႈတ္ခ််ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုအေျခအေနေတြထက္ ပိုသတိထားစရာေကာင္းတာက လူမႈကြန္ရက္ေပၚမွာ ဒီျဖစ္ရပ္ေပၚ အေၾကာင္းျပဳၿပီး တစ္ဖက္နဲ႔ တစ္ဖက္ လူမ်ိဳးေရးတိုက္ခိုက္မႈေတြ ျဖစ္လာတာပါ။ဒီအေျခအေနကို ႏွစ္ဘက္စလုံးက လိုက္ထိန္းေနသလို သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ေျပာဆိုခ်က္အေပၚ ေဝဖန္မႈေတြလည္း က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့ပါတယ္။AA လက္နက္ကိုင္အဖြဲ႕ကို အစိုးရဘက္က ထိထိေရာက္ေရာက္ ႏွိမ္ႏွင္းေရးစစ္ပြဲ ဆင္ႏႊဲဖို႔ တပ္ဘက္ကို ၫႊန္ၾကားထားတယ္လို႔ ဆိုတဲ့အတြက္ ဘာေတြျဖစ္လာမလဲ၊ ရခိုင္ဘက္မွာ ကခ်င္ေဒသလို လူမ်ိဳးေရးအစြဲႀကီးတဲ့ ေဒသတြင္း စစ္ပြဲပမာ က်ယ္ျပန႔္လာဦးမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း မိုင္းေပါက္ကြဲမႈႏွင့္ ပတ္သက္ၿပီး သရက္ျပင္ေက်း႐ြာသားတစ္ဦးကို အမႈဖြင့္ စစ္ေဆးေနတဲ့ သတင္း၊ RCSS နဲ႔ PNLO ၾကား တိုက္ပြဲေတြေၾကာင့္ ‘ဝ’ လက္နက္ကိုင္အဖြဲ႕ (UWSA) နယ္ေျမထဲ ထြက္ေျပးတိမ္းေရွာင္လာသူ ၅၀၀ ေက်ာ္ ရွိတယ္ဆိုတဲ့ သတင္း၊ MNDAA ႏွင့္ TNLA က   ဖမ္းဆီးေခၚေဆာင္သြားတဲ့ အရပ္သားေတြ ျပန္လြတ္ေျမာက္ဖို႔ အပစ္ရပ္ခ်ိန္မွာ တပ္မေတာ္က လိုအပ္သလို ေဆာင္႐ြက္မယ္လို႔ သတင္းထုတ္ျပန္ထားတဲ့ သတင္း၊ ဖာပြန္မွာ ဇန္နဝါရီ ၄ ရက္က တပ္မေတာ္ႏွင့္ ကရင္ လက္နက္ကိုင္အဖြဲ႕ (KNU) တပ္ဖြဲ႕တို႔အၾကား ပစ္ခတ္မႈျဖစ္ပြားခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ခဲ့တဲ့ သတင္း၊ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားတဲ့ ဘဂၤါလီေတြကို ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ျပန္စဖို႔ ဘဂၤလားေဒ့ရွ္ သံအမတ္ႀကီးကို ႏိုင္ငံျခားေရး အၿမဲတမ္းအတြင္းဝန္က ေခၚယူေတြ႕ဆုံခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထဲ သတိထားစရာ သတင္းႀကီးတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ေငြစကၠဴအတုနဲ႔ စင္ကာပူအိမ္ရွင္ရဲ႕ စာနာမႈ

ယခုတစ္ပတ္ မႈခင္းေနာက္ခံ သတင္းေတြထဲ ထူးထူးျခားျခား ကြဲထြက္ေနတဲ့ သတင္းက တစ္ေသာင္းတန္ ေငြစကၠဴအတုကိစၥ သတင္းေတြပါ။ရခိုင္ေျမာက္ပိုင္းက ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း ရဲကင္းစခန္းေတြကို ရခိုင္လက္နက္ကိုင္ေတြက တိုက္ခိုက္ၿပီး သုံးရက္အၾကာ ဇန္နဝါရီ ၇ ရက္မွာ ေမာင္ေတာၿမိဳ႕နယ္ထဲ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ အ႐ြက္ ၄၀၀ ေက်ာ္ ေတြ႕ရွိခဲ့ပါတယ္။

ဇန္နဝါရီ ၇ ရက္က ေမာင္ေတာၿမိဳ႕နယ္ ကေမာၻဇဘဏ္ခြဲကို ေငြလႊဲဖို႔လာတဲ့ လူတစ္ေယာက္ဆီကေန က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ ၄၀၁ ႐ြက္ကို ေတြ႕ရွိခဲ့ရပါတယ္။အဆိုပါ ေငြစကၠဴအတုေတြကို ကားပိုင္ရွင္ ေစခိုင္းမႈနဲ႔ ေမာင္ေတာၿမိဳ႕နယ္ ေဝသာလီေက်း႐ြာေနသူ ၃ ဦးထံကေန ကားေရာင္းရေငြမ်ားကို ေကာက္ယူကာ ကေမာၻဇဘဏ္မွတစ္ဆင့္ အျခားသို႔ ေငြလာလႊဲစဥ္ က်ပ္သိန္းေလးဆယ္ေက်ာ္မွာ က်ပ္တစ္ေသာင္းတန္အတုေတြ ျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိရတဲ့အတြက္ ဖမ္းဆီးစစ္ေဆးခဲ့တာပါ။ဒီရက္ပိုင္းမွာပဲ ငါးသိုင္းေခ်ာင္းၿမိဳ႕ မအူကုန္အုပ္စု စံျပေက်း႐ြာမွာ ႏြားလာဝယ္တဲ့သူက ေပးခဲ့တဲ့ ေငြေတြမွာ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ အတုေတြခ်ည္းဘဲ ၁၅၇ ႐ြက္အထိ ျဖစ္ေနလို႔ ႏြားကို ျပန္သိမ္းလို႔ ရခဲ့ေပမယ့္ ေငြစကၠဴအတုနဲ႔ ဝယ္ယူသူကို မမိခဲ့ေသးဘဲ စုံစမ္းရွာေဖြေနရဆဲ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္အတြင္း က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတုကို ႏိုင္ငံတစ္ဝန္း မၾကာခဏဖမ္းမိေနကာ က်ပ္တစ္ေသာင္းတန္ အတုမ်ား ဖမ္းဆီးရရွိမႈမွာလည္း အျမင့္ဆုံးျဖစ္ခဲ့ပါတယ္။လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ စင္ကာပူမွာ အိမ္အကူလုပ္ၿပီး ျပန္လာတဲ့ ဒိုက္ဦးမွ အမ်ိဳးသမီးတစ္ဦးရဲ႕ ေငြစကၠဴအတု ကိစၥမွာေတာ့ အခုထိ ေငြတုလုပ္တဲ့ တရားခံကို စင္ကာပူနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံစလုံး မေဖာ္ထုတ္ေသးေပမယ့္ ဖမ္းဆီးခံရေသာ မေနာ္ေသာ့သြဲ႕ထူး ကိုေတာ့ ဖမ္းဆီးခံရၿပီး တစ္လခန႔္အၾကာ ဒုတိယအႀကိမ္ ႐ုံးထုတ္ရာမွာ အာမခံေပးခဲ့ပါတယ္။သိမ္းခဲ့တဲ့ ေငြစကၠဴအတုေတြအတြက္ အစားျပန္ရသင့္တယ္လို႔ ေဝဖန္မႈေတြ ထြက္ခဲ့ပေမယ့္ ျမန္မာအာဏာပိုင္ေတြဘက္က ဘာမွ စီစဥ္မႈမရွိခဲ့ပါဘူး။ဒါေပမယ့္ မေနာ္ေသာ့သြဲ႕ထူး အလုပ္ လုပ္ကိုင္ခဲ့ေသာ စင္ကာပူႏိုင္ငံမွ အိမ္ရွင္က ဇန္နဝါရီ ၈ ရက္မွာ ဘဏ္ကတစ္ဆင့္ ဆုံးရႈံးခဲ့တဲ့ က်ပ္ ၃၄ သိန္းေက်ာ္ကို ထပ္မံေပးခဲ့ပါတယ္။ဒီသတင္းကေတာ့ ၾကားရသူတိုင္းအတြက္ စိတ္ၾကည္ႏူးစရာျဖစ္သလို လုပ္အားရင္းၿပီး မိခင္ႏိုင္ငံ ျပန္လာခ်ိန္မွာ လူမဆန္တဲ့ ဝိသမေလာဘသမားေတြေၾကာင့္ ေငြစကၠဴအတုနဲ႔ တိုးၿပီး အဖမ္းခံရတဲ့ မေနာ္ေသာ့သြဲ႕ထူး အတြက္ ေက်နပ္စရာပါ။ဒါေပမယ့္ သူမကို တရားစြဲထားတာ ရွိတဲ့အတြက္ မၾကာေသးခင္က ေ႐ႊတိဂုံဘုရားမွာ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတုသုံးလို႔ ဖမ္းခဲ့တဲ့ စင္ကာပူလင္မယားနဲ႔ ထိုင္းႏိုင္ငံသူတစ္ဦးလို ျပန္လႊတ္ေပးမလား/ဒါမွမဟုတ္ တရားရင္ဆိုင္ရမလားဆိုတာ  ဆက္ေစာင္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ရပ္ဆိုင္းခံထားရသည့္ မိုးထိမိုးမိ ေ႐ႊတူးေဖာ္ေရး လုပ္ကြက္တြင္ ဝန္ထမ္းမ်ားက ေ႐ႊခိုးတူးမႈ ခြင့္ျပဳထားသျဖင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္သို႔ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီက တိုင္ၾကားမည့္ သတင္း၊ အင္းေတာ္ၿမိဳ႕မွာ  ေနအိမ္ထဲကလူကို ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္ကာ ေ႐ႊထည္ပစၥည္းေတြ ယူသြားတဲ့ သတင္း၊ သာသနာေရးဝန္ႀကီး (ေဟာင္း) ဦးဆန္းဆင့္ ကို မႈခင္းသတင္းေထာက္ (လက္ရွိ အလြတ္သတင္းေထာက္) ဘက္မလိုက္ ေက်ာ္ေက်ာ္ က လူအမ်ားေရွ႕ ဝန္ခ်ေတာင္းပန္ ကန္ေတာ့ခဲ့တဲ့ သတင္း၊ တ႐ုတ္တစ္ဦးက ျမန္မာအမ်ိဳးသမီးေတြကို  လက္ထပ္ဖို႔ ေငြဘယ္ေလာက္ေပးရမလဲလို႔ မူဆယ္မွာ လိုက္ေမးတဲ့ ဗီဒီယိုဖိုင္ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနလို႔ ရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးေနတဲ့ သတင္း၊ နည္းပညာတကၠသိုလ္ ရတနာပုံ ဆိုက္ဘာစီးတီး ေက်ာင္းသားကို လုယက္သတ္ျဖတ္သူ ေလးဦးကို စတင္႐ုံးထုတ္တဲ့ သတင္း၊ ၾကမ္းတမ္းဆိုးသြမ္းတဲ့ ဘန္ခြမ္ ဗဟိုအက်ဥ္းေထာင္မွာ ေသဒဏ္ႏွင့္ တစ္သက္တစ္ကြၽန္း က်ခံေနရတဲ့ ျမန္မာႏိုင္ငံသား ၄၀၀ ခန႔္အထိ ရွိေနတဲ့ သတင္း၊ ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုခံထားရသူ သုံးဦးကို လူသတ္မႈ၊ ပူးေပါင္းႀကံစည္မႈေတြနဲ႔ စြဲခ်က္တင္ခဲ့တဲ့ သတင္း၊ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ လမ္းေဘးမွာ ရဲအရာရွိႏွစ္ဦးကို ေသနတ္နဲ႔ ပစ္သတ္ထားတဲ့ သတင္း၊ ပရဟိတမင္းသား ေဝဠဳေက်ာ္ ကို အလွမယ္ သင္းသင္းဦး က ကာမလိမ္လည္မႈနဲ႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲခဲ့တဲ့ သတင္းထူးေတြထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

ကမာၻ႔စိတ္ႂကြမူးယစ္ေဆးဝါးရဲ႕ ဗဟိုခ်က္ျဖစ္ေနတဲ့ ေနရာ

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက စင္ကာပူ စထရိတ္တိုင္း သတင္းစာမွာ ေဖာ္ျပခဲ့တဲ့ သတင္းတစ္ပုဒ္ပါဘဲ။ဒီသတင္းမွာ ICG က ျပဳစု သည့္ Fire and Ice: Conflict and Drugs in Myanmar’s Shan State ဟူေသာ အစီရင္ခံစာတမ္းကို ကိုးကားၿပီး ျမန္မာႏိုင္ငံ အေရွ႕ ဖ်ားေဒသျဖစ္တဲ့ ရွမ္းျပည္နယ္ဟာ ကမာၻ႔ မက္သာအဖက္တမင္း မူးယစ္ေဆးဝါး ထုတ္လုပ္မႈက႑၏ ဗဟိုခ်က္သဖြယ္ ရပ္တည္ေနၿပီလို႔ ေဖာ္ျပခဲ့တာပါ။

ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕ အေျခစိုက္ ICG အဖြဲ႕က ျပဳစုတဲ့ ယခုစာတမ္းကို ၿပီးခဲ့သည့္ ႏွစ္ပိုင္းမ်ားအတြင္း သုေတသနျပဳ ေလ့လာရရွိထားတဲ့ အခ်က္အလက္မ်ားကို အေျခခံျပဳစုထားတယ္လို႔ ဆိုထားၿပီး ေဖာ္ျပခ်က္ထဲမွာေတာ့ ရွမ္းျပည္နယ္ရဲ႕ မူးယစ္ေဆးဝါး ထုတ္လုပ္မႈဟာ ပ်မ္းမွ် လအလိုက္ဆက္တိုက္ တက္ရိပ္ျပခဲ့တယ္လို႔ ဆိုပါတယ္။တပ္မေတာ္နဲ႔ တိုက္ခိုက္ေနတဲ့ လက္နက္ကိုင္ တိုင္းရင္းသားတပ္ေတြ လႈပ္ရွားေနတဲ့ ေနရာနဲ႔ ၿငိမ္းခ်မ္းေရးယူထားတဲ့ လက္နက္ကိုင္ တိုင္းရင္းသားတပ္ေတြ လႈပ္ရွားေနတဲ့ ေနရာေတြမွာ ဟီး႐ိုးအင္း မူးယစ္ေဆးဝါးႏွင့္ မက္သာအဖက္တမင္း ေဆးျပားမ်ား ကုန္သြယ္မႈ တြင္က်ယ္ေနတယ္လို႔ဆိုၿပီး ရွမ္းျပည္နယ္မွ မက္သာအဖက္တမင္း ေဆးဝါးမ်ား ႏိုင္ငံတကာေဈးကြက္ထဲ စီးဝင္ေရာက္ရွိမႈက တစ္ႏွစ္ကို တန္ခ်ိန္ ၂၅၀ ထိ မ်ားျပားႏိုင္ေၾကာင္း ဆိုပါတယ္။မဟာမဲေခါင္ေဒသျဖစ္တဲ့ ဒီေဒသရဲ႕ မက္သာအဖက္တမင္း ေဆးဝါးထုတ္လုပ္တဲ့ ေဈးကြက္တန္ဖိုးက တစ္ႏွစ္ကို ေဒၚလာ ဘီလ်ံ ၄၀ ဖိုးမွ်ထိ က်ယ္ျပန႔္ေနဖြယ္ရွိၿပီး ျမန္မာႏွင့္ တ႐ုတ္ စီးပြားေရးျစကၤန္စီမံကိန္း ထေျမာက္ၿပီးစီးလာရင္ ရထားနဲ႔ ကားလမ္း ဆက္သြယ္မႈ ပိုမိုေကာင္းမြန္လာႏိုင္လို႔ မူးယစ္ေဆးဝါး တင္ပို႔မႈ အရွိန္အဟုန္ ပိုမိုျမင့္တက္လာႏိုင္တယ္လို႔ ICG က သုံးသပ္ထားခဲ့ပါတယ္။

ဒါ့အျပင္ ဒီေဒသမွာ ၿငိမ္းခ်မ္းေရးရႏိုင္ဖို႔ ခက္ခဲေနတဲ့အတြက္ မက္သာအဖက္တမင္း မူးယစ္ေဆးဝါး ထုတ္လုပ္မႈကို ျမန္မာအစိုးရအေနနဲ႔ ထိန္းခ်ဳပ္ဖို႔ ခက္ခဲေနဦးမယ္လို႔ ဆိုထားပါတယ္။ဘိန္းနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ကမာၻသိျဖစ္လာတာ ၾကာၿပီျဖစ္ေနေပမယ့္ အခုတစ္ခါ ျပည္တြင္းမွာ မၾကာခဏ အေျမာက္အျမားမိေနတဲ့ စိတ္ႂကြမူးယစ္ေဆးဝါးရဲ႕ အႏၲရာယ္က ကမာၻ႔အဆင့္ထိ ျဖစ္ေနတာက ျမန္မာႏိုင္ငံအတြက္ အနာဂတ္မွာ ရင္ေလးစရာပါ။

ဒီ ICG ထုတ္ျပန္ခ်က္ သတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ေဒသခံ မဘသ ဆရာေတာ္အခ်ိဳ႕ႏွင့္ ၿမိဳ႕နယ္စာေရးဆရာအသင္း ဥကၠ႒၊ အတြင္းေရးမႉးတို႔က စာေရးဆရာ ထင္လင္းဦး ေဟာေျပာမည့္အေပၚ ကန႔္ကြက္လို႔ ေခ်ာင္းဆုံၿမိဳ႕နယ္ ဘီလူးကြၽန္းက မာေကးေက်း႐ြာ စာေပေဟာေျပာပြဲကို ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ သတင္း၊ သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ႏွင့္ ျပည္ပတကၠသိုလ္ႏွစ္ခုတို႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ဇန္နဝါရီ ၄ ရက္က စတင္ရပ္ဆိုင္းခဲ့ၿပီဆိုတဲ့ သတင္း၊ ဇီးပင္ႀကီး ျပည္သူ႔ဝန္ထမ္း အကယ္ဒမီ ႏိုင္ငံေရးသိပၸံဌာန ပါေမာကၡ ေဒါက္တာထြန္းမင္း ကို သုေတသနႏွင့္ ဖြံ႕ၿဖိဳးမႈဌာနသို႔ ေျပာင္းေ႐ႊ႕လိုက္တဲ့ သတင္း၊ အင္းေလး ေဖာင္ေတာ္ဦးဘုရားကို ေ႐ႊသကၤန္းကပ္လႉခြင့္ ရရွိရန္ ေဖာင္ေတာ္ဦးဘုရား ရင္ျပင္မွာ ေဈးသည္ ၅၀ ခန႔္က စက္ေလွမ်ားနဲ႔ ဆႏၵျပတဲ့ သတင္း၊ ပုဂံေညာင္ဦးေလဆိပ္မွာ ေလယာဥ္ေျပး လမ္းမီးခြၽတ္ယြင္းလို႔ ဇန္နဝါရီ ၈ ရက္ညေနက ေလယာဥ္ကြင္း ေခတၱပိတ္ထားလိုက္ရတဲ့ သတင္းေတြထဲ စိတ္ဝင္စားစရာ၊ သတိထားရမယ့္ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

က်င္စန္းေက်ာ့ဂိတ္ႏွင့္ ျမန္မာ့ကုန္သြယ္မႈ ျပႆနာ

ဒီဇင္ဘာ ၂ ရက္ ညက တ႐ုတ္ႏိုင္ငံကို ျမန္မာဘက္ကေန ဖရဲ၊ သခြား စတဲ့ သစ္သီးေတြကို အဓိကတင္ပို႔ေနတဲ့ မူဆယ္ က်င္စန္းေက်ာ့ဂိတ္ရွိရာ က်င္စန္းေက်ာ့လမ္းမွာ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ႏွင့္ ျပည္သူ႔စစ္အဖြဲ႕ တိုက္ပြဲျဖစ္ပြားခဲ့ရာကေန  နယ္ေျမလုံၿခဳံေရး အေျခအေနေၾကာင့္ က်င္စန္းေက်ာ့လမ္းကို ဒီဇင္ဘာ ၂၇ ရက္မွာ ျမန္မာႏိုင္ငံဘက္က ပိတ္ခဲ့ပါတယ္။ဒီဂိတ္အစား လုံၿခဳံေရးေကာင္းတဲ့ မူဆယ္ ၁၀၅ မိုင္မွ ၁၀ မိုင္ အကြာအေဝးရွိၿပီး လမ္းေကာင္းေသာ က်င့္စန္းေက်ာ့လမ္းကို ပိတ္ၿပီးေနာက္ တ႐ုတ္ႏိုင္ငံက ပန္ဆန္း-ဝမ္တိန္ လမ္းေၾကာင္းကေန သစ္သီးမ်ား တင္ပို႔ေစခဲ့ပါတယ္။ဒီလမ္းက လမ္းက်ဥ္းေျမာင္းတဲ့အတြက္ တစ္ရက္ကို ကားစီးေရ ၂၀၀ သာ တ႐ုတ္ဘက္ကို ဝင္ႏိုင္လို႔ သစ္သီးကားေတြ ပိတ္ဆို႔မႈေတြ ျဖစ္ခဲ့ရလို႔ ျမန္မာႏိုင္ငံဘက္က သစ္သီးေရာင္းဝယ္တင္ပို႔တဲ့ ကုန္သည္ေတြမွာ အထိနာခဲ့ပါတယ္။

ႏွစ္စဥ္ ပြင့္လင္းရာသီျဖစ္တဲ့ ဇန္နဝါရီမွ မတ္လအတြင္း ေန႔စဥ္ ဖရဲ၊ သခြားေမႊး ကားအစီးေရ ၅၀၀ ခန႔္ ဝင္ေရာက္တဲ့ ဒီဂိတ္က  ႏွစ္ႏိုင္ငံနားလည္မႈျဖင့္ ဖြင့္လွစ္ထားတဲ့ ဂိတ္ျဖစ္လို႔ ျပန္ဖြင့္ေပးဖို႔ ဒီဘက္က ကုန္သည္ေတြက ေတာင္းဆိုသလို ရက္သတၱပတ္ ႏွစ္ပတ္ၾကာတဲ့အထိ ျပန္မဖြင့္ခဲ့လို႔ တ႐ုတ္ဘက္ကိုပို႔ဖို႔ သယ္လာတဲ့ သစ္သီးေတြ ပုပ္သိုးကုန္တဲ့အတြက္ သစ္သီးသမားေတြအတြက္ ဆုံးရႈံးမႈကလည္း ႀကီးလာပါတယ္။

ဒီလိုျဖစ္ေနတဲ့အတြက္ ဇန္နဝါရီ ၇ ရက္မွာ  စီးပြား/ကူးသန္း ဝန္ႀကီးဌာန တာဝန္ရွိသူေတြနဲ႔ တ႐ုတ္သံ႐ုံး ကိုယ္စားလွယ္ေတြ ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ့ၿပီး သေဘာတူညီခ်က္အခ်ိဳ႕ ရခဲ့ပါတယ္။ျမန္မာ-တ႐ုတ္ နယ္စပ္မွာ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္၊ ကန္ပိုက္တီး စသည့္ နယ္စပ္ကုန္သြယ္ေရးဇုန္ ေလးခုကို တရားဝင္ဖြင့္လွစ္ထားတာကေန ေနာက္ထပ္တစ္ခုတိုးဖို႔ စဥ္းစားေနတုန္းပါ။ျပည္ေထာင္စုဝန္ႀကီးကေတာ့ က်င္စန္းေက်ာ့ဂိတ္ကို တရားဝင္ဖြင့္လွစ္ေရးကို တ႐ုတ္ႏိုင္ငံက လိုလားတဲ့သေဘာ ရွိေနလို႔ အျမန္ဆုံးဖြင့္လွစ္ႏိုင္ဖို႔ ဆက္လက္ေဆြးေႏြး ညႇိႏႈိင္းရဦးမယ္လို႔ ေျပာခဲ့ပါတယ္။

ဇန္နဝါရီ ၁၀ ရက္မွာေတာ့ ဖရဲ၊ သခြားေမႊး သစ္သီးကားမ်ား မူဆယ္တြင္ ပိတ္မိေနၿပီး ေတာင္သူမ်ား ဆုံးရႈံးမႈႀကဳံေတြ႕ေနရတဲ့ အေျခအေနကို ကုစားႏိုင္ရန္အတြက္ ျမန္မာ၊ တ႐ုတ္ ႏွစ္ႏိုင္ငံ ေအာက္ေျခအဆင့္ ညႇိႏႈိင္းၿပီး ယာယီဖြင့္လွစ္ေပးခဲ့ပါတယ္။ဒါဟာ ယာယီျဖစ္တဲ့အတြက္ ေရရွည္မွာ မၾကာခဏျဖစ္ေနတဲ့ ဒီလိုအခက္အခဲေတြကို ေျဖရွင္းဖို႔ ျမန္မာဘက္က တာဝန္ရွိသူေတြ ဘယ္လိုလုပ္ေပးႏိုင္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အတြင္း စီးပြားေရးေနာက္ခံ သတင္းေတြျဖစ္တဲ့ YBS ယာဥ္လိုင္းေတြမွာ ေငြေပးကတ္စနစ္ အသုံးျပဳမႈပုံစံ မိတ္ဆက္ျပသမယ္ဆိုတဲ့ သတင္း၊ မေကြး - ေတာင္တြင္း မီးရထားလိုင္း အသုံးျပဳသူ နည္းေပမယ့္ အရႈံးခံေျပးဆြဲမယ္ဆိုတဲ့ သတင္း၊ ေဖေဖၚဝါရီ စေရာင္းမယ့္ က်ပ္တစ္ေထာင္တန္ထီမွာ ငါးရာတန္ထီထက္ ဆုမဲအေရအတြက္ ပိုထည့္ထားတယ္ဆိုတဲ့ သတင္း၊ (၅၆) ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ေနျပည္ေတာ္မွာ မတ္လ ၁၁ ရက္မွ ၂၀ ရက္အထိ ျပသေရာင္းခ်မယ္ဆိုတဲ့ သတင္းေတြထဲ စိတ္ဝင္စားမႈ ပိုေကာင္းခဲ့ပါတယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇန္နဝါရီ - ၁၁