【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရွှေကြောတူးခွင့်ရခဲ့တဲ့ ကုမ္ပဏီကို အစိုးရ တရားစွဲတော့မလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရွှေကြောတူးခွင့်ရခဲ့တဲ့ ကုမ္ပဏီကို အစိုးရ တရားစွဲတော့မလား

ယခုတစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲမှာ မန္တလေး မီကို ကော်ဖီမစ်စက်ရုံမှ နေ့စားအလုပ်သမား ၂၅ ဦးခန့် အလုပ်ရပ်နားခံရ၍ တိုင်းဒေသကြီး အစိုးရရုံးရှေ့သို့ လာရောက် အကူအညီတောင်းတဲ့ သတင်း၊ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းမှု အားအနည်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၈၂) ၌ ရပ်တည်နေတဲ့ သတင်း၊ ကချင်ပြည်နယ် ဆော့လော်မြို့နယ်တွင် ရှစ်လခန့် အသုံးပြုရသေးသည့် တံတားနှစ်စင်းနှင့် မြေထိန်းနံရံ ပျက်စီးသဖြင့် လွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမည့် သတင်း၊ အဂတိလိုက်စားမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝန်ထမ်း ၈၂ ဦး တိုးချဲ့ခန့်အပ်ခဲ့တဲ့ သတင်း၊ နယ်လုံဝန်ကြီးနှစ်ဦး အပါအဝင် လွှတ်တော်အရပ်ရပ်ရှိ တပ်မတော်သား ကိုယ်စားလှယ် ၄၈ ဦးကို အစားထိုး ပြောင်းလဲခဲ့တဲ့ သတင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ငါးနှစ်ကြာ ဆောင်ရွက်မည့် ငြိမ်းချမ်းရေး စီမံကိန်းအတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၁၂ သန်း ထောက်ပံ့ခဲ့တဲ့ သတင်း၊ ထိုင်းရောက် မြန်မာလုပ်သားများကို ကူညီနေတဲ့ AAC တည်ထောင်သူ ကိုရဲမင်း ကို မြန်မာအလုပ်သမား သံအရာရှိ တိုင်ကြားစာကြောင့် ဖမ်းဆီးထားတာလို့  ထိုင်းတရားသူကြီးက ပြောကြားခဲ့တဲ့ သတင်း၊ မကြာခဏ အငြင်းပွားမှုဖြစ်နေသော မူဆယ်နှင့် တရုတ် နယ်စပ်တစ်လျှောက် တိုင်းတာစစ်ဆေးမှုများ စတင်ပြုလုပ်တော့မည့် သတင်း၊ ကျူးကျော်နေထိုင်သူများအဖြစ် ကယားပြည်နယ်အစိုးရက သတ်မှတ်မှုကို ဒေသခံ သုံးရာကျော်က ကန့်ကွက်တဲ့အနေနဲ့ ဒုတိယအကြိမ် ပြောင်းဖူးသပိတ် ဆင်နွှဲခဲ့တဲ့ သတင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်တွင် စတင်ကျင်းပတဲ့ သတင်း၊ ရိုက်တာသတင်းထောက် နှစ်ဦးကို လွှတ်ပေးရန် ကမ္ဘာတစ်ဝန်းမှ လူ့အခွင့်အရေးအဖွဲ့အစည်း ၅၀ ကျော်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တဲ့ သတင်း၊ ရိုက်တာသတင်းထောက် နှစ်ဦးအတွက် ပထမအယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အယူခံတင်သွင်းခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲမှာ မိုးထိမိုးမိမှာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို အစိုးရဘက်က တရားစွဲဖို့ ပြင်ဆင်နေတဲ့ သတင်း၊ သိန်းငါးထောင် ထီလက်မှတ် သတင်းနဲ့ ပြည်မြို့က အမျိုးသမီးချင်း လက်ထပ်တဲ့ သတင်းနဲ့ အောင်ရဲထွေး အမှုစစ်ဆေးရာမှာ ကွဲလွဲမှုတွေ ထွက်လာလို့ အများပြည်သူကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့တဲ့ သတင်းတွေက ယခုတစ်ပတ် သတင်းဖတ်သူတွေ စိတ်ကို ဖမ်းစားခဲ့ပါတယ်။

မိုးထိမိုးမိနှင့် အစိုးရက တရားစွဲမယ့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ။
    
ယခုတစ်ပတ် စီးပွားရေးနောက်ခံ သတင်းတွေထဲမှာ သတိထားစရာ ဖြစ်ခဲ့တာက မိုးထိမိုးမိမှာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို အစိုးရဘက်က တရားစွဲဖို့ ပြင်ဆင်နေတဲ့ သတင်းနဲ့ ကုမ္ပဏီဘက်က ပုဂ္ဂလိကသတင်းစာတွေမှာ ကြော်ငြာချက် ထုတ်ပြန်ခဲ့တဲ့ သတင်းတွေပါဘဲ။
    
မန္တလေးတိုင်းဒေသကြီး မိုးထိမိုးမိဒေသက ရွေကြောရှိရာမှာ ဒေသခံ တစ်ပိုင်တစ်နိုင် တူးဖော်ထုတ်လုပ်သူတွေကို ဖယ်ရှားပြီး ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့ရာမှာ ယခင်အစိုးရလက်ထက် လုပ်ပိုင်ခွင့်ရခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။
    
အစိုးရဘက် ကုမ္ပဏီဘက်က ပေးသွင်းရမယ့် ရွှေကြွေးကျန် မပေးသွင်းလို့ ၂၀၁၈ ဖေဖော်ဝါရီ ၁၇ ရက်တွင် လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး နှစ်လအကြာ၌ ကုမ္ပဏီနှင့် ဝန်ကြီးဌာနကြား စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ဒါပေမယ့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ဆက်လက်တူးဖော်နေလို့ တရားမဝင် ရွှေတူးဖော်မှု သတ္တုတွင်း ဥပဒေပုဒ်မ  ၃၀ (က) ဖြင့် ရမည်းသင်းရဲစခန်းကနေ မေလအတွင်း အမှုဖွင့်ခဲ့လို့ ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။
    
ဒီလိုချိုးဖောက်မှုတွေ၊ ရွှေပေးသွင်းမှုတွေ ပျက်ကွက်တဲ့အတွက် အစိုးရဘက်က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန် အပါအဝင် ဒါရိုက်တာ အဖွဲ့ဝင်များနှင့် စာချုပ်လက်မှတ် ထိုးထားသူ ၃၀ ကျော်ကို တရားစွဲဖို့ အစိုးရဘက်က စီစဉ်နေတယ်လို့ အမှတ် (၂) သတ္တုတွင်းဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက ပြောခဲ့သလို လိုအပ်သည့် အချက်အလက်များကို မန္တလေးတိုင်း ရှေ့နေ ချုပ်ရုံးသို့ ပေးပို့ထားပြီး ဥပဒေကြောင်းအရ ကြီးမားသည့်အမှု ဖြစ်နေသဖြင့် အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်နေကာ  မကြာခင် ကုမ္ပဏီဘက်ကို နို့တစ်စာပေးတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်ကနေ ကြေငြာချက်တစ်စောင်ကို ဒီရက်ပိုင်းမှာ ပုဂ္ဂလိက သတင်းစာအချို့ကနေတစ်ဆင့်  ထုတ်ပြန်ရာမှာ ယခင်အစိုးရလက်ထက် စာချုပ် ချုပ်ဆိုရာမှာ တန်းတူရည်တူ ဆွေးနွေးခွင့် မရခဲ့ဘူးဆိုတဲ့ အချက်နဲ့ ရွှေအထွက်က မူလအတိုင်း မထွက်ရှိခဲ့ဘူးဆိုတဲ့ အချက်တွေကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ဒါ့အပြင် အရပ်သားအစိုးရလက်ထက်မှာ ညှိနှိုင်းခဲ့တဲ့ အချက်တွေကို လိုက်နာနေဆဲမှာ သတ္တူတူးဖော်ခွင့်ကို ရုပ်သိမ်းခဲ့တဲ့အတွက် အလုပ်သမားတွေနဲ့ မှီခိုနေသူတွေ၊ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ အကျိုးစီးပွား ထိခိုက်မှုရှိတာကို ဖော်ပြပြီး အစိုးရကို ပေးသွင်းရမယ့် ရွှေပမာဏ ကွဲလွဲမှုရှိနေတာကိုလည်း ဖော်ပြခဲ့ပါတယ်။
    
အစိုရဘက်က ဖော်ပြချက်မှာတော့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် အစိုးရထံ ပေးသွင်းရမည့် အခွန်ကြွေးကျန် ရွှေ ပိဿာချိန် ၁,၂၀၀ ကျော် ရှိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ယခင်အစိုးရလက်ထက်မှာ ရွှေထွက်အား ကောင်းတဲ့နေရာကို ရခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ အရပ်သားအစိုးရတို့ ဖြစ်တဲ့ ယခုပြဿနာမှာ ဘယ်လိုတွေဖြစ်လာမလဲ၊ လကမ္ဘာအထိ ဟန်းနီးမွန်းခရီး ထွက်မယ်လို့ စာနယ်ဇင်းတွေမှာ နာမည်ကြီးခဲ့တဲ့ ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် တစ်ယောက် ဘယ်နေရာကနေ တရားတဘောင် လာရောက်ရင်ဆိုင်မလဲ၊ ဘယ်အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေမလဲဆိုတာ ပြည်သူတွေကြား စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
    
ဒီသတင်းက ယခုတစ်ပတ်အတွင်း စီးပွားရေးနောက်ခံ သတင်းတွေဖြစ်တဲ့ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များက အထည်ချုပ်စက်ရုံများ ထပ်မံရင်းနှီးမြှုပ်နှံနေတဲ့ သတင်း၊ Myanmar Shipyards- AMECC JV ကုမ္ပဏီလီမိတက်က တည်ဆောက်ခဲ့တဲ့ မြင်းကောင်ရေ ၃၀၀၀ အင်အားရှိသော မာန်အောင် (၄) အမည်ရှိ  တွန်း၊ ဆွဲ ရေယာဉ်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ လွှဲပြောင်းခဲ့တဲ့ သတင်း၊ အမေရိကန် လက်လုပ်မုန့်လုပ်ငန်း Auntie Anne'sTM ဆိုင်ကို ရန်ကုန်မြို့မှာ မကြာမီဖွင့်မယ့် သတင်း၊ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်ကို MCRB က ထုတ်ပြန်လိုက်တဲ့ သတင်း၊ စက်သုံးဆီဈေးနှုန်း ကျဆင်းရေးအတွက်  ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ စက်သုံးဆီလုပ်ငန်းရှင်များ တိုင်းအစိုးရအဖွဲ့ရုံးမှာ  တွေ့ဆုံခဲ့တဲ့ သတင်းတွေထဲ အများပြည်သူက စောင့်ကြည့်ခဲ့ရတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

သိန်းငါးထောင် ထီလက်မှတ်နဲ့ ပြည်က အမျိုးသမီးချင်း လက်ထပ်မှု။
    
ယခုတစ်ပတ် စိတ်ဝင်စားဖွယ်ရာ သတင်းတွေထဲမှာ သိန်းငါးထောင် ထီလက်မှတ် သတင်းနဲ့ ပြည်မြို့က အမျိုးသမီးချင်း လက်ထပ်တဲ့ သတင်းက အများသူငှာ စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့ပါတယ်။
    
ယခုလ အောင်ဘာလေ ထီဖွင့်ပွဲက ယခင်လတွေနဲ့ မတူဘဲ စိတ်ဝင်စားစရာတွေ ရှိခဲ့ပါတယ်။အထူးသဖြင့် တစ်စောင်ကို တချို့နေရာတွေမှာ ကျပ် ၇၀၀ အထိ မြင့်တက်ခဲ့တဲ့အတွက် ထီဈေးနူန်း ကြီးမြင့်မှုအပေါ် ထိန်းချုပ်ဖို့ ယခင်ကထက် တိုက်တွန်းမှုတွေ ရှိခဲ့တဲ့အပြင်  သိန်းတစ်သောင်းပေါက်တဲ့ ကံထူးသူကလည်း အောက်ခြေလူတန်းစားဖြစ်တဲ့ စက်ဘီးပြင်စားတဲ့ အသက်ကြီးတဲ့ လင်မယားဖြစ်နေတဲ့အတွက် အားလုံးက မုဒိတာပွားခဲ့ကြပါတယ်။
    
အောင်ဘာလေထီရဲ့ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ ကျပ်သိန်းငါးထောင်ဆုနဲ့ ပတ်သက်ပြီး တစ်ဆုကို ‘ကဌ-၁၇၉၉၅၆’ ထီလက်မှတ်ဖြင့် တပ်ကုန်းမြို့နယ်မှ ဦးမောင်မျိုး (ကိုကိုလေး) ဆိုသူက ဆွတ်ခူးခဲ့ပြီး ယင်းထီလက်မှတ်မှာ စုတ်ပြဲနေကြောင်း အွန်လိုင်းပေါ်မှာ ကနဦးသတင်း ထွက်ပေါ်ခဲ့ပါတယ်။ဒီသတင်းတွေကြောင့် အများပြည်သူကြား စိတ်ဝင်စားမှုမြင့်မားခဲ့ပြီး သိန်းငါးထောင် ပမာဏကြောင့် ဆုငွေဆုံးရှုံးမှုအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
    
ဒါပေမယ့် အဆိုပါ ထီလက်မှတ်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက်မှာ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးက ဆွတ်ခူးခဲ့လို့ ထီလက်မှတ် ပြဿနာက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။အဆိုပါအမျိုးသမီးက  ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သပြုရွာမှ ဒေါ်မြင့်မြင့်နွယ် ဖြစ်ပြီး ရွှေပြည်သာမြို့နယ်မှ ထီကိုယ်စားလှယ် တစ်ဦးက ကဝမြို့နယ်သို့ သွားရောက် ထီလှည့်ရောင်းစဉ် အစောင် ၂၀ အုပ်ကို ဝယ်ယူကံစမ်းခဲ့ရာမှာ ထီပေါက်ခဲ့တာလို့ ဆိုပါတယ်။
    
ဒီလို့ ထီကံထူးရှင်ကို ကြေညာခြင်း မပြုလုပ်မီ ရက်များ၌ တပ်ကုန်းမြို့နယ်မှ စုတ်ပြဲ ထီလက်မှတ် ပိုင်ဆိုင်ထားသူမှာ ကံထူးရှင် အမှန်ဟု လူအများက လက်ခံထားကြပြီး ထီဆုရှင်အမှန် ထွက်ပေါ်လာသဖြင့် စုတ်ပြဲ ထီလက်မှတ် ပိုင်ရှင်မှာ မသမာသောနည်းဖြင့် လုပ်ကြံဖန်တီးခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါတယ်။
    
ဒီသတင်းက ပိုင်ရှင်အစစ်အမှန် ပေါ်ထွက်လာတာတောင် ပျက်စီးထီလက်မှတ်နဲ့ ပတ်သက်ပြီး ရက်ပေါင်းများစွာ အငြင်းပွားမှုတွေ ဖြစ်လာခဲ့တဲ့အတွက် ယခုတစ်ပတ်သတင်းတွေထဲ သတင်းဖတ်သူတွေ ကိုယ်တိုင်ဝင်ရောက် ငြင်းခုံရတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
    
နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်က ပြည်မြို့အနီး ကျေးရွာတစ်ခုက အမျိုးသမီးချင်း လက်ထပ်တဲ့ လိင်တူလက်ထပ်ပွဲ သတင်းပါ။မြန်မာနိုင်ငံမှာ LGBT တွေအတွက် တရားဝင် ခွင့်ပြုလက်ထပ်တဲ့ ဥပဒေပြဋ္ဌာန်းထားတာတွေ မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ပိုင်းမှာ အမျိုးသား လိင်တူလက်ထပ်ပွဲကို တခမ်းတနားလုပ်ခဲ့လို့ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တာတွေ ရှိပါတယ်။ယခုလဲ ပြည်မြို့ ပန်းတင်ကျေးရွာမှာ ပြုလုပ်တဲ့ အမျိုးသမီးချင်း လက်ထပ်ပွဲက စာဖတ်သူအများစုကို အံ့သြစေခဲ့ပါတယ်။
    
လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့ဘွတ်ခ်ကနေ ချစ်ကြိုက်ကာ ခိုးပြေးခဲ့ပြီး နောက်မှာ မိန်းကလေးရှင်ဘက်က သဘောတူခဲ့တာ ဆိုပါတယ်။အမျိုးသမီးချင်း ခိုးပြေးရာမှာ အမျိုးသမီးတစ်ဦးက အသက် ၂၅ နှစ်ရှိပြီး ခိုးပြေးခံရတဲ့ အမျိုးသမီးတစ်ဦးက အသက် ၁၉ နှစ်သာရှိလို့ ဒီလိုလိင်တူလက်ထပ်ပွဲက စိတ်ဝင်စားမှု ပိုစေခဲ့တာပါ။ယခုနောက်ပိုင်း လိင်တူလက်ထပ်မှုတွေက ပိုပြီးများလာသလို တခြားသော လူမှုပြဿနာတွေက ဒီလို ပုံစံမမှန်တဲ့ ထိမ်းမြားချင်းတွေကနေ ဖြစ်နေတဲ့အတွက် သတ်သတ်မှတ်မှတ် ဥပဒေပြဋ္ဌာန်းသင့်သလို တခြားသော လူမှုပြဿနာများကိုလည်း ရှောင်ကြဉ်ဖို့ တားဖြစ်နိုင်မှာ ဖြစ်ပါတယ်။
    
ဒီသတင်းနှစ်ပုဒ်က ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ပုပ်ပွသေဆုံးနေသော ရှားပါး ဧရာဝတီ လင်းပိုင်တစ်ကောင်ကို စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မှော်ဦးကျေးရွာအနီးမှာ ဒေသခံတွေ တွေ့ခဲ့တဲ့ သတင်း၊ စားသုံးသူများအနေဖြင့် နစ်နာမှုများကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားပါက ဖုန်းဘီလ် ကျပ် ၃,၀၀၀ ပြန်လည်ဖြည့်သွင်းပေးမည့် အစီအစဉ်ကို  မြန်မာစားသုံးသူများသမဂ္ဂက စတင်လိုက်တဲ့ သတင်းတွေထဲ အထူးအဆန်း သတင်းတွေ ဖြစ်ခဲ့ပါတယ်။    

အတင့်ရဲလာတဲ့ လူကုန်ကူးမှုနဲ့ ကွဲလွဲမှုတွေပေါ်လာတဲ့ အောင်ရဲထွေး အမှု။
    
ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ မှုခင်းသတင်းတွေထဲမှာ ထူးထူးခြားခြား တရုတ်ပြည်ကို ရောင်းစားခံရလို့ နှစ်ဘက်ရဲတပ်ဖွဲ့ အကူအညီနဲ့ ပြန်ကယ်တင်လာခဲ့ရတဲ့ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ဘက်က အမျိုးသမီးနှစ်ဦး သတင်းက စာဖတ်သူတွေကို သတိထားမိစေခဲ့ပါတယ်။
    
မြန်မာအမျိုးသမီး လူကုန်ကူး ပွဲစား မမိမော် က ငွေကြေးအဆင်မပြေဖြစ်နေသော ရန်ကုန်နှင့် ရှမ်းပြည်နယ် ဇာတိ အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံတွင် စည်းရုံးကာ တစ်ဦးလျှင် ယွမ် ၂၅,၀၀၀ ဖြင့် တရုတ်နိုင်ငံသားတစ်ဦးထံ ဇူလိုင်က ရောင်းစားခဲ့ပါတယ်။
    
ဝယ်သွားတဲ့ တရုတ်အမျိုးသားနှစ်ဦးက ဆေးခန်းသို့ခေါ်၍ ဆေးစစ်ရာမှာ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးမှာ မြန်မာနိုင်ငံမှ ၎င်း၏ အမျိုးသားနှင့်ရသော ကိုယ်ဝန်သုံးလရှိနေလို့ အမျိုးသမီးက ပြန်ခွင့်တောင်းသော်လည်း တရုတ်အမျိုးသားက ခွင့်မပြုဘဲ ဆက်လက်ပေါင်းသင်းခြင်း ခံခဲ့ရပါတယ်။လူကုန်ကူးတဲ့ အသက် (၃၀) အရွယ် မမိမော် ကို တရုတ်ရဲတပ်ဖွဲ့က ဇူလိုင်နှောင်းပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ပေမယ့် လူကုန်ကူးခံရတဲ့ အမျိုးသမီးနှစ်ဦးကို မကယ်နိုင်ခဲ့သေးဘဲ နိုဝင်ဘာ ၆ ရက်ကမှ ကူမင်းမြို့နေ တရုတ်နိုင်ငံသား ညီအစ်ကိုနှစ်ဦးထံ ရောင်းစားခံရကာ အသက် (၂၀) ခန့်အရွယ် မြန်မာအမျိုးသမီးကို တရုတ်ရဲတပ်ဖွဲ့က လွှဲပြောင်းပေးနိုင်ခဲ့သလို ကျန်တစ်ဦးကိုလည်း ကယ်နိုင်ခဲ့တာပါ။
    
ယခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ လူကုန်ကူးမှုများအနက် အများဆုံးက  တရုတ်မယားအဖြစ် အဓမ္မထိမ်းမြား လက်ထပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင် လူကုန်ကူးမှုတွေ ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ထားပြီး လူကုန်ကူးမှု ကျူးလွန်သူကို ထောင်ဒဏ်သာမက သေဒဏ်အပြင် သေသည်အထိ လွတ်ရက်မရှိဟူသော ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ဒီလိုဥပဒေက ပြဋ္ဌာန်းထားပေမယ့် ယခုချိန်ထိ လူကုန်ကူးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် စံပြအဖြစ် သေဒဏ်ချဖို့အထိ စဉ်းစားနေသင့်ပြီ ဖြစ်ပါတယ်။
    
လူကုန်ကူးမှု သတင်းလိုဘဲ နောက်ထပ် စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကတော့ အောင်ရဲထွေး အမှု စစ်ဆေးရာမှာ ကွဲလွဲမှုတွေ ထွက်လာလို့ အများပြည်သူကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့တဲ့ သတင်းတွေပါဘဲ။နိုဝင်ဘာ ၆ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးတွင် သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။  
    
အဆိုပါ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် အောင်ရဲထွေး ၏ ချစ်သူ အပါအဝင် One Entertainment Park မှ လုံခြုံရေးအကြံပေး၊ လုံခြုံရေး ဝန်ထမ်းသုံးဦးကို စစ်ဆေးရာ မပွင့်ကေခိုင် နှင့် လုံခြုံရေးဝန်ထမ်းတို့ နှစ်ဦးသည် ရဲထံ ထွက်ဆိုချက်နှင့် ရုံးရှေ့ ထွက်ဆိုချက် ညီညွတ်မှု မရှိသောကြောင့် သက်သေခံဥပဒေပုဒ်မ ၁၄၅၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ ရုံးတော်တွင် ထပ်မံတိုက်ဆိုင် စစ်ဆေးခဲ့ရပြီး သေဆုံးသူ အောင်ရဲထွေး ၏ ချစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး ကို ရဲစစ်ချက် ရယူသူ သုဝဏ္ဏနယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကို က စစ်ချက်ရယူရာမှာ ၎င်းတို့မပြောတဲ့ စကားအချို့ကို ထည့်သွင်းခဲ့တယ်လို့ တရားခွင်အတွင်းမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင် က သုဝဏ္ဏနယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကို က စွပ်စွဲခံရသူများ၏ မိဘကို ခြိမ်းခြောက် ပြောဆိုကြောင်း၊ ထို့နောက် ငါးရက်အတွင်း လာဘ်ငွေ သိန်း ၃၀ ကို လေးကြိမ်ခွဲကာ ရယူခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာရှိ CCTV မှတ်တမ်းများကို သိမ်းဆည်းခဲ့သော်လည်း သက်သေအဖြစ် တင်သွင်းခြင်းမရှိကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။
    
ဒီအမှုကို အများပြည်သူကလည်း စိတ်ဝင်စားနေတဲ့အတွက် စောင့်ကြည့်နေကြပြီး လာမယ့် နိုဝင်ဘာ ၁၃ ရက် ရုံးချိန်းမှာ ဘယ်သူတွေစစ်ရာမှာ ဘာတွေကွဲလွဲတာတွေ ထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
    
ဒီလိုသတင်းအပြင် ယခုတစ်ပတ်မှာ ကံပေါက်ဒေသရှိ ဒယ်ကိုကုမ္ပဏီ သတ္တုလုပ်ကွက်အတွင်း မြေစာပုံပြိုကျ၍ ဒေသခံ ရွာသားနှစ်ဦး မြေပိသေဆုံးခဲ့တဲ့ သတင်း၊ မြေသယ်ကားတစ်စီး မီးနီဖြတ်မောင်းရာမှ အိမ်စီးကားတစ်စီးနှင့် တိုက်မိပြီး လူတစ်ဦး သေဆုံးမှု ပါရမီ-သံသုမာ လမ်းဆုံ မီးပွိုင့်တွင် ဖြစ်ပွားသည့် သတင်း၊ မန္တလေး၊ သီရိမန္တလာ အဝေးပြေးကားကြီးကွင်းအတွင်း ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော် ဖမ်းမိတဲ့ သတင်း၊ သိမ်းဆည်းခံ မြေပြဿနာကြောင့် တရားစွဲဆိုခံထားရသော တောင်သူလေးဦးကို စဉ့်ကိုင်မြို့ နယ်တရားရုံးက အပြီးသတ် လွှတ်ပေးလိုက်တဲ့ သတင်း၊ တပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ လူငယ်သုံးဦးကို ကျပ်သိန်းသုံးရာဖြင့် အာမခံပေးခဲ့တဲ့ သတင်းတွေထဲ ကိုယ်ဝန်နဲ့ အမျိုးသမီး လူကုန်ကူးခံရတဲ့ သတင်းနဲ့ အောင်ရဲထွေး အမှု သတင်းက ဒီတစ်ပတ်သတင်းတွေထဲ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
နိုဝင်ဘာ - ၉
Photo Credit : Myanmar's Attractive Views Collection

( Zawgyi )

ယခုတစ္ပတ္အတြင္း ျဖစ္ပ်က္ခဲ့တဲ့ သတင္းေတြထဲမွာ မႏၲေလး မီကို ေကာ္ဖီမစ္စက္႐ုံမွ ေန႔စားအလုပ္သမား ၂၅ ဦးခန႔္ အလုပ္ရပ္နားခံရ၍ တိုင္းေဒသႀကီး အစိုးရ႐ုံးေရွ႕သို႔ လာေရာက္ အကူအညီေတာင္းတဲ့ သတင္း၊ အဂၤလိပ္ဘာသာ တတ္ကြၽမ္းမႈ အားအနည္းဆုံး ႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံက အဆင့္ (၈၂) ၌ ရပ္တည္ေနတဲ့ သတင္း၊ ကခ်င္ျပည္နယ္ ေဆာ့ေလာ္ၿမိဳ႕နယ္တြင္ ရွစ္လခန႔္ အသုံးျပဳရေသးသည့္ တံတားႏွစ္စင္းႏွင့္ ေျမထိန္းနံရံ ပ်က္စီးသျဖင့္ လႊတ္ေတာ္၌ ၾကယ္ပြင့္ျပေမးခြန္း ေမးျမန္းမည့္ သတင္း၊ အဂတိလိုက္စားမႈ ေလ်ာ့နည္းက်ဆင္းေရး ေဆာင္႐ြက္ႏိုင္ရန္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ဝန္ထမ္း ၈၂ ဦး တိုးခ်ဲ႕ခန႔္အပ္ခဲ့တဲ့ သတင္း၊ နယ္လုံဝန္ႀကီးႏွစ္ဦး အပါအဝင္ လႊတ္ေတာ္အရပ္ရပ္ရွိ တပ္မေတာ္သား ကိုယ္စားလွယ္ ၄၈ ဦးကို အစားထိုး ေျပာင္းလဲခဲ့တဲ့ သတင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ငါးႏွစ္ၾကာ ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရး စီမံကိန္းအတြက္ ဥေရာပသမဂၢ (EU) က ယူ႐ို ၁၂ သန္း ေထာက္ပံ့ခဲ့တဲ့ သတင္း၊ ထိုင္းေရာက္ ျမန္မာလုပ္သားမ်ားကို ကူညီေနတဲ့ AAC တည္ေထာင္သူ ကိုရဲမင္း ကို ျမန္မာအလုပ္သမား သံအရာရွိ တိုင္ၾကားစာေၾကာင့္ ဖမ္းဆီးထားတာလို႔  ထိုင္းတရားသူႀကီးက ေျပာၾကားခဲ့တဲ့ သတင္း၊ မၾကာခဏ အျငင္းပြားမႈျဖစ္ေနေသာ မူဆယ္ႏွင့္ တ႐ုတ္ နယ္စပ္တစ္ေလွ်ာက္ တိုင္းတာစစ္ေဆးမႈမ်ား စတင္ျပဳလုပ္ေတာ့မည့္ သတင္း၊ က်ဴးေက်ာ္ေနထိုင္သူမ်ားအျဖစ္ ကယားျပည္နယ္အစိုးရက သတ္မွတ္မႈကို ေဒသခံ သုံးရာေက်ာ္က ကန႔္ကြက္တဲ့အေနနဲ႔ ဒုတိယအႀကိမ္ ေျပာင္းဖူးသပိတ္ ဆင္ႏႊဲခဲ့တဲ့ သတင္း၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) အေရးေပၚ အစည္းအေဝးကို ႏိုဝင္ဘာ ၆ ရက္တြင္ စတင္က်င္းပတဲ့ သတင္း၊ ႐ိုက္တာသတင္းေထာက္ ႏွစ္ဦးကို လႊတ္ေပးရန္ ကမာၻတစ္ဝန္းမွ လူ႔အခြင့္အေရးအဖြဲ႕အစည္း ၅၀ ေက်ာ္က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ထံ အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့တဲ့ သတင္း၊ ႐ိုက္တာသတင္းေထာက္ ႏွစ္ဦးအတြက္ ပထမအယူခံကို ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ အယူခံတင္သြင္းခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲမွာ မိုးထိမိုးမိမွာ ေ႐ႊတူးေဖာ္ေရး လုပ္ကိုင္ေနတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီကို အစိုးရဘက္က တရားစြဲဖို႔ ျပင္ဆင္ေနတဲ့ သတင္း၊ သိန္းငါးေထာင္ ထီလက္မွတ္ သတင္းနဲ႔ ျပည္ၿမိဳ႕က အမ်ိဳးသမီးခ်င္း လက္ထပ္တဲ့ သတင္းနဲ႔ ေအာင္ရဲေထြး အမႈစစ္ေဆးရာမွာ ကြဲလြဲမႈေတြ ထြက္လာလို႔ အမ်ားျပည္သူၾကား စိတ္ဝင္စားစရာ ျဖစ္လာခဲ့တဲ့ သတင္းေတြက ယခုတစ္ပတ္ သတင္းဖတ္သူေတြ စိတ္ကို ဖမ္းစားခဲ့ပါတယ္။

မိုးထိမိုးမိႏွင့္ အစိုးရက တရားစြဲမယ့္ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီ။
    
ယခုတစ္ပတ္ စီးပြားေရးေနာက္ခံ သတင္းေတြထဲမွာ သတိထားစရာ ျဖစ္ခဲ့တာက မိုးထိမိုးမိမွာ ေ႐ႊတူးေဖာ္ေရး လုပ္ကိုင္ေနတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီကို အစိုးရဘက္က တရားစြဲဖို႔ ျပင္ဆင္ေနတဲ့ သတင္းနဲ႔ ကုမၸဏီဘက္က ပုဂၢလိကသတင္းစာေတြမွာ ေၾကာ္ျငာခ်က္ ထုတ္ျပန္ခဲ့တဲ့ သတင္းေတြပါဘဲ။
    
မႏၲေလးတိုင္းေဒသႀကီး မိုးထိမိုးမိေဒသက ေ႐ြေၾကာရွိရာမွာ ေဒသခံ တစ္ပိုင္တစ္ႏိုင္ တူးေဖာ္ထုတ္လုပ္သူေတြကို ဖယ္ရွားၿပီး ကုမၸဏီကို လုပ္ပိုင္ခြင့္ေပးခဲ့ရာမွာ ယခင္အစိုးရလက္ထက္ လုပ္ပိုင္ခြင့္ရခဲ့တဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီက လုပ္ပိုင္ခြင့္ရခဲ့ပါတယ္။
    
အစိုးရဘက္ ကုမၸဏီဘက္က ေပးသြင္းရမယ့္ ေ႐ႊေႂကြးက်န္ မေပးသြင္းလို႔ ၂၀၁၈ ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ လုပ္ငန္းရပ္ဆိုင္းခဲ့ၿပီး ႏွစ္လအၾကာ၌ ကုမၸဏီႏွင့္ ဝန္ႀကီးဌာနၾကား စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။ဒါေပမယ့္ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီက ဆက္လက္တူးေဖာ္ေနလို႔ တရားမဝင္ ေ႐ႊတူးေဖာ္မႈ သတၱဳတြင္း ဥပေဒပုဒ္မ  ၃၀ (က) ျဖင့္ ရမည္းသင္းရဲစခန္းကေန ေမလအတြင္း အမႈဖြင့္ခဲ့လို႔ ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ပါတယ္။
    
ဒီလိုခ်ိဳးေဖာက္မႈေတြ၊ ေ႐ႊေပးသြင္းမႈေတြ ပ်က္ကြက္တဲ့အတြက္ အစိုးရဘက္က အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီ ပိုင္ရွင္ ဦးစိုးထြန္းရွိန္ အပါအဝင္ ဒါ႐ိုက္တာ အဖြဲ႕ဝင္မ်ားႏွင့္ စာခ်ဳပ္လက္မွတ္ ထိုးထားသူ ၃၀ ေက်ာ္ကို တရားစြဲဖို႔ အစိုးရဘက္က စီစဥ္ေနတယ္လို႔ အမွတ္ (၂) သတၱဳတြင္းဦးစီးဌာန ဦးေဆာင္ၫႊန္ၾကားေရးမႉးက ေျပာခဲ့သလို လိုအပ္သည့္ အခ်က္အလက္မ်ားကို မႏၲေလးတိုင္း ေရွ႕ေန ခ်ဳပ္႐ုံးသို႔ ေပးပို႔ထားၿပီး ဥပေဒေၾကာင္းအရ ႀကီးမားသည့္အမႈ ျဖစ္ေနသျဖင့္ အမႈကို ခိုင္ခိုင္မာမာ တည္ေဆာက္ေနကာ  မၾကာခင္ ကုမၸဏီဘက္ကို ႏို႔တစ္စာေပးေတာ့မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
    
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကုမၸဏီဘက္ကေန ေၾကျငာခ်က္တစ္ေစာင္ကို ဒီရက္ပိုင္းမွာ ပုဂၢလိက သတင္းစာအခ်ိဳ႕ကေနတစ္ဆင့္  ထုတ္ျပန္ရာမွာ ယခင္အစိုးရလက္ထက္ စာခ်ဳပ္ ခ်ဳပ္ဆိုရာမွာ တန္းတူရည္တူ ေဆြးေႏြးခြင့္ မရခဲ့ဘူးဆိုတဲ့ အခ်က္နဲ႔ ေ႐ႊအထြက္က မူလအတိုင္း မထြက္ရွိခဲ့ဘူးဆိုတဲ့ အခ်က္ေတြကို ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ဒါ့အျပင္ အရပ္သားအစိုးရလက္ထက္မွာ ညႇိႏႈိင္းခဲ့တဲ့ အခ်က္ေတြကို လိုက္နာေနဆဲမွာ သတၱဴတူးေဖာ္ခြင့္ကို ႐ုပ္သိမ္းခဲ့တဲ့အတြက္ အလုပ္သမားေတြနဲ႔ မွီခိုေနသူေတြ၊ ဆက္ႏြယ္ေနတဲ့ လုပ္ငန္းေတြ အက်ိဳးစီးပြား ထိခိုက္မႈရွိတာကို ေဖာ္ျပၿပီး အစိုးရကို ေပးသြင္းရမယ့္ ေ႐ႊပမာဏ ကြဲလြဲမႈရွိေနတာကိုလည္း ေဖာ္ျပခဲ့ပါတယ္။
    
အစိုရဘက္က ေဖာ္ျပခ်က္မွာေတာ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီသည္ အစိုးရထံ ေပးသြင္းရမည့္ အခြန္ေႂကြးက်န္ ေ႐ႊ ပိႆာခ်ိန္ ၁,၂၀၀ ေက်ာ္ ရွိတယ္ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။ယခင္အစိုးရလက္ထက္မွာ ေ႐ႊထြက္အား ေကာင္းတဲ့ေနရာကို ရခဲ့တဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီနဲ႔ အရပ္သားအစိုးရတို႔ ျဖစ္တဲ့ ယခုျပႆနာမွာ ဘယ္လိုေတြျဖစ္လာမလဲ၊ လကမာၻအထိ ဟန္းနီးမြန္းခရီး ထြက္မယ္လို႔ စာနယ္ဇင္းေတြမွာ နာမည္ႀကီးခဲ့တဲ့ ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ တစ္ေယာက္ ဘယ္ေနရာကေန တရားတေဘာင္ လာေရာက္ရင္ဆိုင္မလဲ၊ ဘယ္အခ်ိန္ထိ ထြက္ေျပးတိမ္းေရွာင္ေနမလဲဆိုတာ ျပည္သူေတြၾကား စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။
    
ဒီသတင္းက ယခုတစ္ပတ္အတြင္း စီးပြားေရးေနာက္ခံ သတင္းေတြျဖစ္တဲ့ ႏိုင္ငံျခားစီးပြားေရး လုပ္ငန္းရွင္မ်ားက အထည္ခ်ဳပ္စက္႐ုံမ်ား ထပ္မံရင္းႏွီးျမႇဳပ္ႏွံေနတဲ့ သတင္း၊ Myanmar Shipyards- AMECC JV ကုမၸဏီလီမိတက္က တည္ေဆာက္ခဲ့တဲ့ ျမင္းေကာင္ေရ ၃၀၀၀ အင္အားရွိေသာ မာန္ေအာင္ (၄) အမည္ရွိ  တြန္း၊ ဆြဲ ေရယာဥ္ကို ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္သို႔ လႊဲေျပာင္းခဲ့တဲ့ သတင္း၊ အေမရိကန္ လက္လုပ္မုန႔္လုပ္ငန္း Auntie Anne'sTM ဆိုင္ကို ရန္ကုန္ၿမိဳ႕မွာ မၾကာမီဖြင့္မယ့္ သတင္း၊ ျမန္မာႏိုင္ငံရွိ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား၊ လူ႔အခြင့္အေရးႏွင့္ စီးပြားေရးလုပ္ငန္းမ်ားဆိုင္ရာ စာတမ္းအႏွစ္ခ်ဳပ္ကို MCRB က ထုတ္ျပန္လိုက္တဲ့ သတင္း၊ စက္သုံးဆီေဈးႏႈန္း က်ဆင္းေရးအတြက္  ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္နဲ႔ စက္သုံးဆီလုပ္ငန္းရွင္မ်ား တိုင္းအစိုးရအဖြဲ႕႐ုံးမွာ  ေတြ႕ဆုံခဲ့တဲ့ သတင္းေတြထဲ အမ်ားျပည္သူက ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

သိန္းငါးေထာင္ ထီလက္မွတ္နဲ႔ ျပည္က အမ်ိဳးသမီးခ်င္း လက္ထပ္မႈ။
    
ယခုတစ္ပတ္ စိတ္ဝင္စားဖြယ္ရာ သတင္းေတြထဲမွာ သိန္းငါးေထာင္ ထီလက္မွတ္ သတင္းနဲ႔ ျပည္ၿမိဳ႕က အမ်ိဳးသမီးခ်င္း လက္ထပ္တဲ့ သတင္းက အမ်ားသူငွာ စိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့ပါတယ္။
    
ယခုလ ေအာင္ဘာေလ ထီဖြင့္ပြဲက ယခင္လေတြနဲ႔ မတူဘဲ စိတ္ဝင္စားစရာေတြ ရွိခဲ့ပါတယ္။အထူးသျဖင့္ တစ္ေစာင္ကို တခ်ိဳ႕ေနရာေတြမွာ က်ပ္ ၇၀၀ အထိ ျမင့္တက္ခဲ့တဲ့အတြက္ ထီေဈးႏူန္း ႀကီးျမင့္မႈအေပၚ ထိန္းခ်ဳပ္ဖို႔ ယခင္ကထက္ တိုက္တြန္းမႈေတြ ရွိခဲ့တဲ့အျပင္  သိန္းတစ္ေသာင္းေပါက္တဲ့ ကံထူးသူကလည္း ေအာက္ေျခလူတန္းစားျဖစ္တဲ့ စက္ဘီးျပင္စားတဲ့ အသက္ႀကီးတဲ့ လင္မယားျဖစ္ေနတဲ့အတြက္ အားလုံးက မုဒိတာပြားခဲ့ၾကပါတယ္။
    
ေအာင္ဘာေလထီရဲ႕ ဒုတိယအျမင့္ဆုံးျဖစ္တဲ့ က်ပ္သိန္းငါးေထာင္ဆုနဲ႔ ပတ္သက္ၿပီး တစ္ဆုကို ‘ကဌ-၁၇၉၉၅၆’ ထီလက္မွတ္ျဖင့္ တပ္ကုန္းၿမိဳ႕နယ္မွ ဦးေမာင္မ်ိဳး (ကိုကိုေလး) ဆိုသူက ဆြတ္ခူးခဲ့ၿပီး ယင္းထီလက္မွတ္မွာ စုတ္ၿပဲေနေၾကာင္း အြန္လိုင္းေပၚမွာ ကနဦးသတင္း ထြက္ေပၚခဲ့ပါတယ္။ဒီသတင္းေတြေၾကာင့္ အမ်ားျပည္သူၾကား စိတ္ဝင္စားမႈျမင့္မားခဲ့ၿပီး သိန္းငါးေထာင္ ပမာဏေၾကာင့္ ဆုေငြဆုံးရႈံးမႈအေပၚ ေဝဖန္မႈေတြ ေပၚထြက္ခဲ့ပါတယ္။
    
ဒါေပမယ့္ အဆိုပါ ထီလက္မွတ္နဲ႔ ပတ္သက္ၿပီး ႏိုဝင္ဘာ ၆ ရက္မွာ ပဲခူးတိုင္းေဒသႀကီးမွ အမ်ိဳးသမီးတစ္ဦးက ဆြတ္ခူးခဲ့လို႔ ထီလက္မွတ္ ျပႆနာက ပိုၿပီးစိတ္ဝင္စားစရာ ေကာင္းလာခဲ့ပါတယ္။အဆိုပါအမ်ိဳးသမီးက  ပဲခူးတိုင္းေဒသႀကီး ကဝၿမိဳ႕နယ္ သျပဳ႐ြာမွ ေဒၚျမင့္ျမင့္ႏြယ္ ျဖစ္ၿပီး ေ႐ႊျပည္သာၿမိဳ႕နယ္မွ ထီကိုယ္စားလွယ္ တစ္ဦးက ကဝၿမိဳ႕နယ္သို႔ သြားေရာက္ ထီလွည့္ေရာင္းစဥ္ အေစာင္ ၂၀ အုပ္ကို ဝယ္ယူကံစမ္းခဲ့ရာမွာ ထီေပါက္ခဲ့တာလို႔ ဆိုပါတယ္။
    
ဒီလို႔ ထီကံထူးရွင္ကို ေၾကညာျခင္း မျပဳလုပ္မီ ရက္မ်ား၌ တပ္ကုန္းၿမိဳ႕နယ္မွ စုတ္ၿပဲ ထီလက္မွတ္ ပိုင္ဆိုင္ထားသူမွာ ကံထူးရွင္ အမွန္ဟု လူအမ်ားက လက္ခံထားၾကၿပီး ထီဆုရွင္အမွန္ ထြက္ေပၚလာသျဖင့္ စုတ္ၿပဲ ထီလက္မွတ္ ပိုင္ရွင္မွာ မသမာေသာနည္းျဖင့္ လုပ္ႀကံဖန္တီးျခင္း ျဖစ္ႏိုင္ေၾကာင္း ေဝဖန္မႈမ်ား ထြက္ေပၚခဲ့ပါတယ္။
    
ဒီသတင္းက ပိုင္ရွင္အစစ္အမွန္ ေပၚထြက္လာတာေတာင္ ပ်က္စီးထီလက္မွတ္နဲ႔ ပတ္သက္ၿပီး ရက္ေပါင္းမ်ားစြာ အျငင္းပြားမႈေတြ ျဖစ္လာခဲ့တဲ့အတြက္ ယခုတစ္ပတ္သတင္းေတြထဲ သတင္းဖတ္သူေတြ ကိုယ္တိုင္ဝင္ေရာက္ ျငင္းခုံရတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။
    
ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္က ျပည္ၿမိဳ႕အနီး ေက်း႐ြာတစ္ခုက အမ်ိဳးသမီးခ်င္း လက္ထပ္တဲ့ လိင္တူလက္ထပ္ပြဲ သတင္းပါ။ျမန္မာႏိုင္ငံမွာ LGBT ေတြအတြက္ တရားဝင္ ခြင့္ျပဳလက္ထပ္တဲ့ ဥပေဒျပ႒ာန္းထားတာေတြ မရွိေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ပိုင္းမွာ အမ်ိဳးသား လိင္တူလက္ထပ္ပြဲကို တခမ္းတနားလုပ္ခဲ့လို႔ အုတ္ေအာ္ေသာင္းတင္း ျဖစ္ခဲ့တာေတြ ရွိပါတယ္။ယခုလဲ ျပည္ၿမိဳ႕ ပန္းတင္ေက်း႐ြာမွာ ျပဳလုပ္တဲ့ အမ်ိဳးသမီးခ်င္း လက္ထပ္ပြဲက စာဖတ္သူအမ်ားစုကို အံ့ၾသေစခဲ့ပါတယ္။
    
လူမႈကြန္ရက္ျဖစ္တဲ့ ေဖ့ဘြတ္ခ္ကေန ခ်စ္ႀကိဳက္ကာ ခိုးေျပးခဲ့ၿပီး ေနာက္မွာ မိန္းကေလးရွင္ဘက္က သေဘာတူခဲ့တာ ဆိုပါတယ္။အမ်ိဳးသမီးခ်င္း ခိုးေျပးရာမွာ အမ်ိဳးသမီးတစ္ဦးက အသက္ ၂၅ ႏွစ္ရွိၿပီး ခိုးေျပးခံရတဲ့ အမ်ိဳးသမီးတစ္ဦးက အသက္ ၁၉ ႏွစ္သာရွိလို႔ ဒီလိုလိင္တူလက္ထပ္ပြဲက စိတ္ဝင္စားမႈ ပိုေစခဲ့တာပါ။ယခုေနာက္ပိုင္း လိင္တူလက္ထပ္မႈေတြက ပိုၿပီးမ်ားလာသလို တျခားေသာ လူမႈျပႆနာေတြက ဒီလို ပုံစံမမွန္တဲ့ ထိမ္းျမားခ်င္းေတြကေန ျဖစ္ေနတဲ့အတြက္ သတ္သတ္မွတ္မွတ္ ဥပေဒျပ႒ာန္းသင့္သလို တျခားေသာ လူမႈျပႆနာမ်ားကိုလည္း ေရွာင္ၾကဥ္ဖို႔ တားျဖစ္ႏိုင္မွာ ျဖစ္ပါတယ္။
    
ဒီသတင္းႏွစ္ပုဒ္က ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ပုပ္ပြေသဆုံးေနေသာ ရွားပါး ဧရာဝတီ လင္းပိုင္တစ္ေကာင္ကို စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ ေမွာ္ဦးေက်း႐ြာအနီးမွာ ေဒသခံေတြ ေတြ႕ခဲ့တဲ့ သတင္း၊ စားသုံးသူမ်ားအေနျဖင့္ နစ္နာမႈမ်ားကို အြန္လိုင္းမွတစ္ဆင့္ တိုင္ၾကားပါက ဖုန္းဘီလ္ က်ပ္ ၃,၀၀၀ ျပန္လည္ျဖည့္သြင္းေပးမည့္ အစီအစဥ္ကို  ျမန္မာစားသုံးသူမ်ားသမဂၢက စတင္လိုက္တဲ့ သတင္းေတြထဲ အထူးအဆန္း သတင္းေတြ ျဖစ္ခဲ့ပါတယ္။    

အတင့္ရဲလာတဲ့ လူကုန္ကူးမႈနဲ႔ ကြဲလြဲမႈေတြေပၚလာတဲ့ ေအာင္ရဲေထြး အမႈ။
    
ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ မႈခင္းသတင္းေတြထဲမွာ ထူးထူးျခားျခား တ႐ုတ္ျပည္ကို ေရာင္းစားခံရလို႔ ႏွစ္ဘက္ရဲတပ္ဖြဲ႕ အကူအညီနဲ႔ ျပန္ကယ္တင္လာခဲ့ရတဲ့ ရန္ကုန္နဲ႔ ရွမ္းျပည္နယ္ဘက္က အမ်ိဳးသမီးႏွစ္ဦး သတင္းက စာဖတ္သူေတြကို သတိထားမိေစခဲ့ပါတယ္။
    
ျမန္မာအမ်ိဳးသမီး လူကုန္ကူး ပြဲစား မမိေမာ္ က ေငြေၾကးအဆင္မေျပျဖစ္ေနေသာ ရန္ကုန္ႏွင့္ ရွမ္းျပည္နယ္ ဇာတိ အမ်ိဳးသမီးႏွစ္ဦးကို တ႐ုတ္ႏိုင္ငံတြင္ စည္း႐ုံးကာ တစ္ဦးလွ်င္ ယြမ္ ၂၅,၀၀၀ ျဖင့္ တ႐ုတ္ႏိုင္ငံသားတစ္ဦးထံ ဇူလိုင္က ေရာင္းစားခဲ့ပါတယ္။
    
ဝယ္သြားတဲ့ တ႐ုတ္အမ်ိဳးသားႏွစ္ဦးက ေဆးခန္းသို႔ေခၚ၍ ေဆးစစ္ရာမွာ အိမ္ေထာင္သည္ အမ်ိဳးသမီးတစ္ဦးမွာ ျမန္မာႏိုင္ငံမွ ၎၏ အမ်ိဳးသားႏွင့္ရေသာ ကိုယ္ဝန္သုံးလရွိေနလို႔ အမ်ိဳးသမီးက ျပန္ခြင့္ေတာင္းေသာ္လည္း တ႐ုတ္အမ်ိဳးသားက ခြင့္မျပဳဘဲ ဆက္လက္ေပါင္းသင္းျခင္း ခံခဲ့ရပါတယ္။လူကုန္ကူးတဲ့ အသက္ (၃၀) အ႐ြယ္ မမိေမာ္ ကို တ႐ုတ္ရဲတပ္ဖြဲ႕က ဇူလိုင္ေႏွာင္းပိုင္းတြင္ ဖမ္းဆီးႏိုင္ခဲ့ေပမယ့္ လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးႏွစ္ဦးကို မကယ္ႏိုင္ခဲ့ေသးဘဲ ႏိုဝင္ဘာ ၆ ရက္ကမွ ကူမင္းၿမိဳ႕ေန တ႐ုတ္ႏိုင္ငံသား ညီအစ္ကိုႏွစ္ဦးထံ ေရာင္းစားခံရကာ အသက္ (၂၀) ခန႔္အ႐ြယ္ ျမန္မာအမ်ိဳးသမီးကို တ႐ုတ္ရဲတပ္ဖြဲ႕က လႊဲေျပာင္းေပးႏိုင္ခဲ့သလို က်န္တစ္ဦးကိုလည္း ကယ္ႏိုင္ခဲ့တာပါ။
    
ယခုေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ျဖစ္ပြားတဲ့ လူကုန္ကူးမႈမ်ားအနက္ အမ်ားဆုံးက  တ႐ုတ္မယားအျဖစ္ အဓမၼထိမ္းျမား လက္ထပ္ရန္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ လူကုန္ကူးမႈေတြ ျဖစ္တယ္လို႔ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဗဟိုအဖြဲ႕က ထုတ္ျပန္ထားၿပီး လူကုန္ကူးမႈ က်ဴးလြန္သူကို ေထာင္ဒဏ္သာမက ေသဒဏ္အျပင္ ေသသည္အထိ လြတ္ရက္မရွိဟူေသာ ျပစ္ဒဏ္ခ်မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။ဒီလိုဥပေဒက ျပ႒ာန္းထားေပမယ့္ ယခုခ်ိန္ထိ လူကုန္ကူးမႈေတြ ခပ္စိပ္စိပ္ျဖစ္ေနတဲ့အတြက္ စံျပအျဖစ္ ေသဒဏ္ခ်ဖို႔အထိ စဥ္းစားေနသင့္ၿပီ ျဖစ္ပါတယ္။
    
လူကုန္ကူးမႈ သတင္းလိုဘဲ ေနာက္ထပ္ စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္ကေတာ့ ေအာင္ရဲေထြး အမႈ စစ္ေဆးရာမွာ ကြဲလြဲမႈေတြ ထြက္လာလို႔ အမ်ားျပည္သူၾကား စိတ္ဝင္စားစရာ ျဖစ္လာခဲ့တဲ့ သတင္းေတြပါဘဲ။ႏိုဝင္ဘာ ၆ ရက္က အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးတြင္ သန္းထြဋ္ေအာင္ (ခ) သားႀကီး အပါအဝင္ သုံးဦးကို ႐ုံးထုတ္ စစ္ေဆးခဲ့ပါတယ္။  
    
အဆိုပါ တရားခြင္မွာ တရားလိုျပသက္ေသအျဖစ္ ေအာင္ရဲေထြး ၏ ခ်စ္သူ အပါအဝင္ One Entertainment Park မွ လုံၿခဳံေရးအႀကံေပး၊ လုံၿခဳံေရး ဝန္ထမ္းသုံးဦးကို စစ္ေဆးရာ မပြင့္ေကခိုင္ ႏွင့္ လုံၿခဳံေရးဝန္ထမ္းတို႔ ႏွစ္ဦးသည္ ရဲထံ ထြက္ဆိုခ်က္ႏွင့္ ႐ုံးေရွ႕ ထြက္ဆိုခ်က္ ညီၫြတ္မႈ မရွိေသာေၾကာင့္ သက္ေသခံဥပေဒပုဒ္မ ၁၄၅၊ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၆၂ အရ ႐ုံးေတာ္တြင္ ထပ္မံတိုက္ဆိုင္ စစ္ေဆးခဲ့ရၿပီး ေသဆုံးသူ ေအာင္ရဲေထြး ၏ ခ်စ္သူ မပြင့္ေကခိုင္ (ခ) ပိုးပိုး ကို ရဲစစ္ခ်က္ ရယူသူ သုဝဏၰနယ္ေျမစခန္းမႉး ရဲအုပ္ခ်စ္ကိုကို က စစ္ခ်က္ရယူရာမွာ ၎တို႔မေျပာတဲ့ စကားအခ်ိဳ႕ကို ထည့္သြင္းခဲ့တယ္လို႔ တရားခြင္အတြင္းမွာ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေကာ္မရွင္အဖြဲ႕ဝင္ ဦးမိုးႏိုင္ က သုဝဏၰနယ္ေျမစခန္းမႉး ရဲအုပ္ခ်စ္ကိုကို က စြပ္စြဲခံရသူမ်ား၏ မိဘကို ၿခိမ္းေျခာက္ ေျပာဆိုေၾကာင္း၊ ထို႔ေနာက္ ငါးရက္အတြင္း လာဘ္ေငြ သိန္း ၃၀ ကို ေလးႀကိမ္ခြဲကာ ရယူခဲ့ေၾကာင္း၊ အခင္းျဖစ္ပြားရာေနရာရွိ CCTV မွတ္တမ္းမ်ားကို သိမ္းဆည္းခဲ့ေသာ္လည္း သက္ေသအျဖစ္ တင္သြင္းျခင္းမရွိေၾကာင္း ႐ုံးေတာ္မွာ ထြက္ဆိုခဲ့ပါတယ္။
    
ဒီအမႈကို အမ်ားျပည္သူကလည္း စိတ္ဝင္စားေနတဲ့အတြက္ ေစာင့္ၾကည့္ေနၾကၿပီး လာမယ့္ ႏိုဝင္ဘာ ၁၃ ရက္ ႐ုံးခ်ိန္းမွာ ဘယ္သူေတြစစ္ရာမွာ ဘာေတြကြဲလြဲတာေတြ ထြက္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
    
ဒီလိုသတင္းအျပင္ ယခုတစ္ပတ္မွာ ကံေပါက္ေဒသရွိ ဒယ္ကိုကုမၸဏီ သတၱဳလုပ္ကြက္အတြင္း ေျမစာပုံၿပိဳက်၍ ေဒသခံ ႐ြာသားႏွစ္ဦး ေျမပိေသဆုံးခဲ့တဲ့ သတင္း၊ ေျမသယ္ကားတစ္စီး မီးနီျဖတ္ေမာင္းရာမွ အိမ္စီးကားတစ္စီးႏွင့္ တိုက္မိၿပီး လူတစ္ဦး ေသဆုံးမႈ ပါရမီ-သံသုမာ လမ္းဆုံ မီးပြိဳင့္တြင္ ျဖစ္ပြားသည့္ သတင္း၊ မႏၲေလး၊ သီရိမႏၲလာ အေဝးေျပးကားႀကီးကြင္းအတြင္း ပိုင္ရွင္မဲ့ စိတ္ႂကြေဆးျပား ၁၄,၀၀၀ ေက်ာ္ ဖမ္းမိတဲ့ သတင္း၊ သိမ္းဆည္းခံ ေျမျပႆနာေၾကာင့္ တရားစြဲဆိုခံထားရေသာ ေတာင္သူေလးဦးကို စဥ့္ကိုင္ၿမိဳ႕ နယ္တရား႐ုံးက အၿပီးသတ္ လႊတ္ေပးလိုက္တဲ့ သတင္း၊ တပ္ဖြဲ႕ဝင္တစ္ဦး အသတ္ခံရမႈႏွင့္ ပတ္သက္၍ ဖမ္းဆီးခံထားရသူ လူငယ္သုံးဦးကို က်ပ္သိန္းသုံးရာျဖင့္ အာမခံေပးခဲ့တဲ့ သတင္းေတြထဲ ကိုယ္ဝန္နဲ႔ အမ်ိဳးသမီး လူကုန္ကူးခံရတဲ့ သတင္းနဲ႔ ေအာင္ရဲေထြး အမႈ သတင္းက ဒီတစ္ပတ္သတင္းေတြထဲ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏိုဝင္ဘာ - ၉
Photo Credit : Myanmar's Attractive Views Collection