【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရွေးကောက်ပွဲအကြို ပြင်းထန်လာတဲ့လှုပ်ရှားမှုများ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရွေးကောက်ပွဲအကြို ပြင်းထန်လာတဲ့လှုပ်ရှားမှုများ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့သည့် သတင်းအများစုက ထုံးစံအတိုင်း ရွေးကောက်ပွဲသတင်းတွေဖြစ်ပြီး ဒီကြားထဲ ယခုရက်သတ္တပတ်မှာပြန်လည်ကျင်းပတဲ့ လွှတ်တော်မှာ ယခင်စက်မှုဝန်ကြီးဟောင်း မင်းကင်းအမတ်ကို လွှတ်တော်ဥက္ကဋ္ဌက မဆိုင်တဲ့ကိစ္စတွေထည့်မပြောဖို့ တားမြစ်တဲ့သတင်းနဲ့ ကျောက်မဲမှာ ဒေသခံနှစ်ဦး တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရတဲ့ ဖြစ်ရပ်အပေါ် ဒေသခံတွေက တပ်မတော်ကိုဆန္ဒပြတဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတိထားစရာသတင်းတွေ ဖြစ်လာခဲ့ပါတယ်။

အရှိန်ပြင်းလာတဲ့ ရွေးကောက်ပွဲအကြို

ဇူလိုင် ၁၅ ရက်က နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါတယ်။ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲက အများပြည်သူအတွက် သိပ်စိတ်ဝင်စားဖို့မကောင်းပေမယ့်  နိုင်ငံရေးပါတီအတွက်  စိတ်ဝင်စားစရာ သတင်းစာရှင်းလင်းပွဲပါဘဲ။ဒီသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက ပါတီတွေဘက်က စောဒကတက်တဲ့ဟာတွေ၊ လာမည့်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေ၊ ဖြစ်လာနိုင်တဲ့အခက်အခဲတွေကို မေးခဲ့တာကိုတွေ့ရပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က လာမည့်ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ အများယုံကြည်လက်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒတစ်ထပ်တည်းဖြစ်မှု စသည့် ချမှတ်ထားသော စံငါးချက်နှင့်အညီ ဆောင်ရွက်သွားမယ်လို့ပြောခဲ့သလို အဓိကက ပြည်သူတွေရဲ့ဆန္ဒနဲ့ မဲရလဒ် တစ်ထပ်တည်းဖြစ်စေရမယ်ဆိုတဲ့ ဦးတည်ချက်ကို ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင် ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ရဲ့ထုတ်ပြန်ချက်ကို သေချာစွာပြန်ဖတ်သင့်ပြီး မဲဆွယ်ခွင့်ကို ပေးထားခြင်းမရှိသေးဘူးလို့ ပြောခဲ့တာကိုလည်းတွေ့ရပါတယ်။ဒီရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့ကစပြီး ဆောင်ရွက်ခွင့်ရှိသည်ဆိုပြီး ဖော်ပြမှုအပေါ် အယူအကောက်လွဲနေတာကိုပါ ဖော်ပြခဲ့ပါတယ်။ဒါကလည်း ပြင်ပမှာ လိုက်လံဖြန့်နေတဲ့ ကောလာဟလတစ်ခုဖြစ်တဲ့ အာဏာရပါတီက မဲဆွယ်စည်းရုံးခွင့်ရနေတယ်ဆိုတဲ့ စွပ်စွဲခံနေရမှုကိုပါ တစ်ပါတည်းရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲအရ ပါတီတွေဘက်က ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ပါတီတွေဘက်ကတက်ပြပြီး ရွေး/ကော်က တရားဝင်ထုတ်ပြန်ပြီးမှသာ မဲဆွယ်စည်းရုံးခွင့်တွေ သီးခြားထုတ်ပြန်မှာဆိုပါတယ်။ဒီလိုပါတီတွေဘက်က ကိုယ်စားလှယ်လောင်းတွေရွေးနေရာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီတို့မှာတောင် ကိုယ်စားလှယ်ရွေးချယ်မှုက မပြီးသေးပါဘူး။ NLD ပါတီဆိုရင် အောင်နိုင်ရေးဥက္ကဋ္ဌအဖြစ် ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆောင်ရွက်မှာလို့ဆိုပြီး ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို နေပြည်တော်မှာ ယာယီရုံးချုပ်ဖွင့်ပြီး ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရေးကော်မတီက လက်ရှိအချိန်မှာ တံခါးပိတ်စိစစ်မှုတွေ ပြုလုပ်နေတယ်ဆိုပါတယ်။
အာဏာရပါတီဖြစ်တဲ့ NLD ပါတီအနေနဲ့ ယခုရွေးကောက်ပွဲအတွက် အောက်ခြေကနေတင်တဲ့အထဲမှာ ယခုအစိုးရသက်တမ်းအတွင်းဖြစ်ခဲ့တဲ့ ခြစားမှုတွေ၊ လာဘ်ယူမှုတွေလိုမျိုးမဖြစ်ဖို့  အောက်ခြေကနေတင်တဲ့သူတိုင်းကို အုပ်စုဖွဲ့တင်တာတွေမရှိအောင်၊ ကိုယ်စားလှယ်လောင်းတင်သူတိုင်းကို သေသေချာချာစိစစ်နေတဲ့အတွက် ဇူလိုင်လကုန်မှ ထုတ်ပြန်နိုင်မယ်ဆိုပါတယ်။လက်ရှိမှာ ပါတီတိုင်းက ခန့်မှန်းခြေကိုယ်စားလှယ်လောင်းအရေအတွက်သာ ပြောနိုင်သေးတဲ့အတွက် ကိုဗစ်ကပ်ဘေးကြောင့်ဆိုရင် မဲဆွယ်ကာလက တိုတောင်းဖွယ်ရှိနေတဲ့ အခြေအနေလည်းရှိနေပါတယ်။

ဒီရက်ပိုင်း ပါတီသတင်းတွေထဲမှာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို ၁၄၁ အုပ်စုက ပူးပေါင်းတဲ့ စိတ်ဝင်စားစရာ ပါတီလှုပ်ရှားမှု သတင်းတွေရှိသလို NLD ပါတီနဲ့ လမ်းခွဲခဲ့တဲ့ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူရှေ့ဆောင်ပါတီဘက်ကလည်း ရန်ကုန်က မြို့နယ်တွေမှာ ရုံးခွဲတွေဖွင့်လှစ်ခဲ့တာတွေကိုလည်း တွေ့ရပါတယ်။အာဏာရပါတီဖြစ်တဲ့ NLD ပါတီမှာ ဒီရက်ပိုင်းအတွင်း ပါတီအတွင်းစီမံခန့်ခွဲမှုကို သေသေချာချာလုပ်ကိုင်နေတာကို တွေ့ရသလို အရေးယူမှုတွေကိုလည်း လုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ဒီထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်က အလုပ်အမှုဆောင်အားလုံးကို ပါတီဗဟိုက ဇူလိုင် ၁၂ ရက်ကစပြီး တာဝန်မှရပ်နားလိုက်တဲ့ သတင်းထွက်လာခဲ့ပါတယ်။သတင်းမီဒီယာတွေမှာ ထွက်လာတဲ့သတင်းအရ ပါတီစည်းမျဉ်းစည်းကမ်းကို မလိုက်နာလို့ လို့ သိရပါတယ်။ဇူလိုင် ၁၆ ရက်မှာ ပါတီကနေ တာဝန်ရပ်နားခံရတဲ့ အလုပ်အမှုဆောင်အားလုံး ရန်ကုန်မှာ သတင်းစာရှင်းလင်းခဲ့တာကိုလည်း တွေ့ရပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွေဘက်က ပြင်ဆင်မှုအားကောင်းကောင်းလုပ်နေတာက ယခုနှစ်မှ ရွေးကောက်ပွဲဝင်မယ့် ပါတီသစ်တွေသာဖြစ်ပြီး လူထုထောက်ခံမှုရထားတဲ့ ပါတီကြီးတွေကတော့  ပါတီအတွင်း ပြုပြင်တည်ဆောက်မှုတွေ၊ ပါတီတွင်းပြဿနာတွေကို ဖြေရှင်းရင်း အရှိန်ကောင်းကောင်းနဲ့ မဲဆွယ်ဖို့လုပ်နေတာတွေကို တွေ့ရပါတယ်။ဒီအတွက် နောက်ရက်တွေမှာ ရွေးကောက်ပွဲတွေ ထုံးစံအတိုင်း တစ်ပါတီနဲ့တစ်ပါတီ တိုက်ခိုက်စွပ်စွဲတာတွေ၊ အပုတ်ချတာတွေ၊ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကိုရယူဖို့ ဘယ်လိုရယူကြမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

လွှတ်တော်အတွင်းပွတ်တိုက်မှု ဘယ်အထိပြင်းထန်နေပြီလဲ

ယခုရက်သတ္တပတ်ကျင်းပတဲ့ လွတ်တော်အစည်းအဝေးမှာ ဆွေးနွေးတဲ့ခေါင်းစဉ်တွေက ပြီးခဲ့တဲ့အစည်းအဝေးတုန်းကလို စိတ်ဝင်စားစရာခေါင်းစဉ်မဟုတ်ပေမယ့် လွှတ်တော်တွေရဲ့ ထုံးစံအတိုင်း အာဏာရပါတီနဲ့ အတိုက်အခံပါတီကြား ပွတ်တိုက်မှုဖြစ်ခဲ့တာရှိသလို လွှတ်တော်ဥက္ကဋ္ဌကို ရှင်းလင်းခိုင်းတဲ့အထိ ပွတ်တိုက်မှုတွေဖြစ်ခဲ့ပါတယ်။လွှတ်တော်ထဲမှာ အာဏာရပါတီဘက်က တင်တဲ့အဆိုအတော်များများကို ပြည်ခိုင်ဖြိုးပါတီဘက်ကနေ ထောက်ပြဆွေးနွေးရာမှာ အများစုဝင်ထောက်ပြတာက ဒေါက်တာမောင်သင်းနဲ့ မင်းကင်းအမတ် ဦးမောင်မြင့်တို့ နှစ်ဦးဖြစ်နေတာကို တွေ့ရပါတယ်။

ယခုရက်သတ္တပတ်မှာဘဲ ရွှေပြည်သာမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဉာဏ်လင်း တင်တဲ့ အဆိုတစ်ခုနဲ့ပတ်သက်ပြီး ဆွေးနွေးကြရာမှာ မင်းကင်းအမတ်က ဆွေးနွေးတဲ့အဆိုနဲ့ မသက်ဆိုင်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရိုဟင်ဂျာစကားသုံးစွဲခဲ့သည်ကို ထည့်သွင်းပြောဆိုမှုနှင့်ပတ်သက်ပြီး  လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့တာကို ငြင်းပယ်ခဲ့တာနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ဒီလိုပြောတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ဦးတီခွန်မြတ် က အဆိုနဲ့မဆိုင်တဲ့ကိစ္စ၊ ပြီးပြတ်သွားတဲ့ကိစ္စတွေကိုမပြောဖို့ မပြောဖို့ မေတ္တာရပ်ခံခဲ့တာပါ။အမှန်တစ်ကယ်လည်း ဆွေးနွေးတဲ့အဆိုက “အခြေခံနှင့် အဆင့်မြင့်ပညာရေးကျောင်းများမှာ အခြေခံအသင်းအဖွဲ့များ သတ်မှတ်ချက်ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား     တိုက်တွန်းကြောင်း” ဆိုတဲ့ အဆိုပဲဖြစ်ပါတယ်။

ဒီလိုအဆိုအပေါ်မှာ မင်းကင်းအမတ်က ၎င်းတို့တင်ခဲ့တဲ့အဆိုတွေ ငြင်းပယ်ခံရတာနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ မေးမြန်းသည့်မေးခွန်းများကို ငြင်းပယ်ခဲ့ခြင်း၊ ငြင်းပယ်ရန် ကြိုးစားနေခြင်းများရှိကြောင်း ထည့်သွင်းဆွေးနွေးရင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရိုဟင်ဂျာစကား သုံးစွဲခဲ့သည်ကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါကို လွှတ်တော်ဥက္ကဋ္ဌက  အဆိုနဲ့မဆိုင်တဲ့ကိစ္စ၊ ပြီးပြတ်သွားတဲ့ကိစ္စတွေကို မပြောဖို့ မပြောဖို့ တားတဲ့အတွက် မင်းကင်းအမတ်က မည်သည့်အချက်ကငြိစွန်းသည်ကို ရှင်းပေးရန်ပြောဆိုခဲ့ရာမှာ လွှတ်တော်ဥက္ကဋ္ဌက လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကိုမထိခိုက်စေသည့် မေးခွန်းများဖြစ်ရမည်ဆိုသည့် အချက်ပါလို့ မသင့်လျော်သည့်အတွက် တားမြစ်တာဆိုပြီး ပြောခဲ့ပါတယ်။ဒီအတွက် မင်းကင်းအမတ်က "ဒီမိုကရေစီအရေခြုံထားတဲ့ အာဏာရှင်စနစ်၊ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ်ကို ပုံမဖော်ပေးကြဖို့၊ တိုက်ခိုက်ကြဖို့ ကိုယ်စားလှယ်အားလုံးမှာ တာဝန်ရှိကြောင်း” ပြောခဲ့သလို နိုင်ငံရဲ့ ဂုဏ်သရေအတွက် အများအတွက် တရားနည်းလမ်းကျစွာလုပ်ရတယ်ဆိုတဲ့ အပေါ်ယံဟန်ဆောင်မှု သကာလောင်းပြီးတော့မှ လူထုကိုကြိုးကိုင်တာလည်း အာဏာရှင်ရဲ့လုပ်ရပ်ဘဲလို့ ပြောခဲ့ပါတယ်။

လွှတ်တော်အတွင်း ပွတ်တိုက်မှုတွေက ယခုနှစ်ထဲ ပိုပြီးပြင်းပြင်းထန်ထန်ဖြစ်လာတာကို တွေ့ရပါတယ်။ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ယခုတစ်ပတ်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာလည်း ပြည်ခိုင်ဖြိုးပါတီဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရသည့် အမှုအတွက် ငှားရမ်းထားတဲ့ ရှေ့နေစရိတ်တွေကို မေးခဲ့တာတွေ့ရပါတယ်။ပြည်ခိုင်ဖြိုးပါတီ မိတ္ထီလာအမတ် ဒေါက်တာမောင်သင်း က မေးတာကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် က ပြည်သူ့လွှတ်တော်မှာ ဇူလိုင် ၁၅ ရက်မှာ လာမေးခဲ့တာပါ။မေးတာက ရှေ့နေငှားရမ်းတာ၊ သီးသန့်တရားသူကြီးငှားရမ်းတာ၊ ဥပဒေအကြံပေးခန့်အပ်တာတွေအတွက် တစ်ဦးချင်းစီအလိုက် ကုန်ကျစရိတ်အသေးစိတ်နဲ့ လေးလံပစ္စည်းသယ်ယူစရိတ် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းကို အသေးစိတ်ရှင်းလင်းပေးဖို့ပါ။ဝန်ကြီး ဦးကျော်တင် က ပြန်ရှင်းရာမှာ အသေးစိတ်ရှင်းတမ်းတွေကို ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းစစ်အဖွဲ့မှာ အစစ်ဆေးခံသွားမှာဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်မှာ သီးခြားရှင်းလင်းတင်ပြရန် အစီအစဉ်မရှိဘူးလို့ဆိုပြီး မြန်မာနိုင်ငံကငှားရမ်းထားသော နိုင်ငံတကာရှေ့နေကြီးများ၏ ဝင်ငွေ၊ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမပြုရန်၊ ကျင့်ဝတ်ကိုလည်းလိုက်နာရန် တာဝန်ရှိတယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။ဒါကို အဆိုရှင် ပြည်ခိုင်ဖြိုးအမတ်က လွှတ်တော်ကို အသေးစိတ်မရှင်းပြနိုင်တာနဲ့ပတ်သက်ပြီး ဘဝင်မကျဘဲ “မရှင်းပြနိုင်ဘူးဆိုတာ သဘာဝကျပါရဲ့လား” ဆိုပြီး ဆက်မေးခွန်းထုတ်ခဲ့ပါတယ်။ဒီအတွက် ပြည်ထောင်စုဝန်ကြီးက စာရင်းစစ်ချုပ်ရုံးကစစ်ဆေးပြီး အစီရင်ခံစာ ထုတ်ခြင်း၊ မထုတ်ခြင်းက သက်ဆိုင်ရာအဖွဲ့အစည်းရဲ့တာဝန်လို့ ရှင်းရှင်းပြတ်ပြတ်ပြောခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဌာနအဖွဲ့အစည်းအားလုံး သမ္မတအပါအဝင် အားလုံးကို စာရင်းစစ်ဆေးလို့ရပေမယ့် စစ်ခွင့်မရှိတာတွေကို စစ်ခွင့်ရဖို့ကြိုးစားမှုကို မတွေ့ရတာလား မမြင်ရတာလား မသိပါဘူး။နိုင်ငံအတွက် ဘယ်ဌာနရဲ့အသုံးစရိတ်ဖြစ်ဖြစ် စစ်ကြတာ နိုင်ငံနဲ့ တိုင်းပြည်အတွက် ကောင်းတဲ့အကျင့်ဓလေ့ပါ။နိုင်ငံကို တရားစွဲတဲ့အတွက် ခုခံရာမှာသုံးတဲ့ တစ်ဘီလျံကျပ်တောင်မရှိတဲ့ အသုံးစရိတ်ကို အသေးစိတ်သိဖို့ကြိုးစားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျပ်ငွေဘီလျံနဲ့ချီပြီးသုံးတဲ့ စစ်ဆေးခွင့်မရှိတာကို အသေးစိတ်စစ်ဆေးခွင့် ယခုလွှတ်တော်သက်တမ်း၊ အဆိုပါအမတ်တွေ ကိုယ်စားလှယ်တွေအဖြစ် ရပ်တည်ခွင့်မကုန်ခင် ဘယ်တော့တောင်းဆိုမလဲ၊ ဘယ်ကိုယ်စားလှယ်တွေက တောင်းဆိုကြမလဲ မေးခွန်းထုတ်အဆိုတင်သွင်းကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကျောက်မဲဖြစ်ရပ် အဖြစ်မှန်ကဘာလဲ

ဇူလိုင်လ ၁ဝ ရက်နေ့ မနက်အစောပိုင်းက ကျောက်မဲမြို့ထဲ ဆန္ဒပြလူတန်းကြီးဝင်လာပြီးနောက် အချိန်အနည်းငယ်အတွင်း ဆန္ဒပြသူအရေအတွက် ထောင်ဂဏန်းရှိရာကနေ ရုတ်ချည်း သောင်းဂဏန်းထိ ရှိသွားခဲ့ပါတယ်။ဆန္ဒပြဖို့ အစောပိုင်းက ခွင့်ပြုချက်လျှောက်ထားခဲ့သော်လည်း ကိုဗစ်ကာလဖြစ်လို့ ခွင့်ပြုချက်မရခဲ့ပေမယ့် ဆန္ဒပြပွဲကဆက်ဖြစ်ခဲ့ကာ ကျောက်မဲမြို့ထဲ ဝင်လာခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့ခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာညှိုနိုင်းပြီး မြို့ထဲဝင်ခွင့်ပေးခဲ့တာပါ။

ဒီလိုသောင်းနဲ့ချီပြီး ဆန္ဒပြခဲ့တဲ့ဖြစ်စဉ်က မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဗစ်တိုးရီးယားဆန္ဒပြမှုပြီးရင် ဒီဘက်နောက်ပိုင်းနှစ်မှာ ပြည်သူတွေအများဆုံးပါဝင်တဲ့ ဆန္ဒထုတ်ဖော်ပွဲပါ။ဒီဆန္ဒပြပွဲမှာ တပ်ဘက်ကိုဆန္ဒပြတဲ့၊ စွပ်စွဲတဲ့ ဗီနိုင်းစာတမ်းတွေကိုင်ပြီး ဆန္ဒပြတာကလည်း ဒီကျောက်မဲဆန္ဒပြပွဲရဲ့ ထူးခြားချက်ပါဘဲ။သတင်းတွေအရ ဇွန် ၂၉ ရက်နေ့ မနက်ပိုင်းက ပန်ကျဲန်ရွာမှာ တပ်မတော်နဲ့ RCSS/ SSA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒေသခံ အသက် ၅၆ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တာမှာ တပ်မတော်စစ်ကြောင်းတစ်ခုကပစ်ခတ်လို့ ထိမှန်ခဲ့တယ်ဆိုပြီး အဆိုပါရွာက ဒေသခံတွေက ဆန္ဒပြခဲ့တာပါ။ဒီအတွက် တောင်းဆိုဆန္ဒပြမှုတွေမှာ ကျူးလွန်သူအရေးယူပေးဖို့ ပါခဲ့ပါတယ်။

သတင်းမီဒီယာတွေမှာတက်လာတဲ့ သတင်းတွေအရ အိမ်ထဲပုန်းနေတာကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေပြောခဲ့တာကို ဖော်ပြခဲ့တာတွေ့ရပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဘက်က ဒီလိုဆန္ဒပြရာမှာ ဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ (၁၈) တို့နဲ့ အရေးယူမယ်ဆိုပြီး အဆိုပါရက်မှာပဲ ထူးထူးခြားခြားထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ဒီလိုအရေးယူမယ်လို့ တပ်ဘက်က ထုတ်ပြန်ချက်ထွက်ခဲ့တဲ့အပေါ် ရှမ်းနိုင်ငံရေးပါတီနှစ်ခုက ဝေဖန်ခဲ့သလို ဆန္ဒပြတဲ့ ရွာသားတွေဘက်ကနေလည်း တရားဥပဒေအရ ခုခံကာကွယ်ပေးဖို့ စီစဉ်လာခဲ့ပါတယ်။

ဒီလိုဝေဖန်မှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ဖြစ်တဲ့နေရာဒေသက ဒေသခံတွေနဲ့တွေ့ဆုံခဲ့တာ၊ ဖြစ်စဉ်ကို လူ့အခွင့်အရေးကော်မရှင်ကို တင်ခဲ့တာတွေကြောင့်  တပ်မတော်ဘက်က ဇူလိုင် ၁၄ရက်နဲ့ ၁၅ ရက်မှာ မြေပြင်မှာကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ဒီလိုစစ်ဆေးရာမှာလည်း စစ်ဆေးခဲ့တဲ့ နှစ်ရက်စလုံးကို RCSS ဘက်က နှောင့်ယှက်ပစ်ခတ်ခဲ့တယ်လို့ တပ်ဘက်က သတင်းထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ယခု ကျောက်မဲမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ အရပ်သားတွေစွပ်စွဲသလိုဖြစ်ခဲ့သလား၊ ဒါမှမဟုတ် တခြားဘယ်အဖွဲ့ လက်ချက်လဲ၊ အိမ်ပေါ်ထိအနီးကပ်တက်ပစ်ခဲ့ရလောက်အောင် ဘယ်အကြောင်းတရားတွေရှိနေလဲ၊ ရှိတယ်ဆိုရင် အသက် ၆၀ အရွယ် အရပ်သားတစ်ဦးကို ဘာကြောင့်ပစ်ခတ်ခဲ့ရတာလဲဆိုတာ၊ ဘာရည်ရွယ်ချက်ရှိလဲဆိုတာကိုပါ ဖော်ထုတ်သင့်သလို ဘယ်သူကခွင့်ပြုခဲ့သလဲ၊ လျစ်လျူခဲ့သလဲဆိုတာကိုပါ ဖော်ထုတ်သင့်ပါတယ်။  

ဒီပြဿနာကို တပ်ဘက်က အရာရှိကြီးတစ်ဦး ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က ဆင်းစစ်နေလို့ မကြာခင်မှာ အဖြေတစ်ခု သေချာပေါက်ထွက်လာမှာ သေချာနေပါတယ်။စိတ်ဝင်စားစရာက ဒီထွက်လာတဲ့ရလဒ်အပေါ် ဘယ်သူကတာဝန်ယူမလဲဆိုတာပါဘဲ။ကြေကွဲစရာက မအေးချမ်းတဲ့ဒေသတွေမှာ လူ့အသက်တစ်ချောင်းက တန်ဖိုးမဲ့နေတာကိုပါဘဲ။တာဝန်မဲ့တဲ့  ပြောင်း၀ကထွက်တဲ့ကျည်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကာယကံရှင်မိသားစုနဲ့ ဒေသခံတွေအတွက် ဒီအဖြစ်က မမေ့နိုင်စရာပါ။ဒီလိုဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ သက်တမ်းကုန်တဲ့အထိ ပပျောက်ဖို့ဖြစ်နိုင်ပါ့မလားဆိုတာ မသေခင်ကာလအထိ စိတ်ဆင်းရဲကြီးစွာနဲ့ ဆက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။     

အဆိုပါ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေအပြင် သဘာ၀ဘေးဒဏ်သတင်းတွေဖြစ်တဲ့ ဧရာ၀တီနဲ့ ချင်းတွင်းမှာ မြစ်ရေတက်နေလို့ ဒီမြစ်ဘေးက မြို့နယ် ၅ မြို့နယ်ကို ရေဘေးသတိပေးထားတဲ့သတင်းတွေ၊ ဘိုကလေးမှာ အမျိုးသားတစ်ဦး မိကျောင်းအကိုက်ခံရတဲ့သတင်းတွေ၊ တောင်ငူ ကေတုမတီမြို့သစ်မှာ ဝက်တွေရုတ်တရက်သေဆုံးတဲ့သတင်းတွေ၊ တရားဥပေဒစိုးမိုးရေးဆိုင်ရာ သတင်းတွေဖြစ်တဲ့ မိတ္ထီလာမှာ ရဲတွေအိပ်နေစဉ် ခိုးယူသွားတဲ့ သေနတ်နဲ့ ကျည်ဆံတွေ ပြန်လည်သိမ်းဆည်းရမိတဲ့သတင်းတွေ၊ မန္တလေးမှာ ညဘက်ဆိုင်ကယ်စီးလာတဲ့သူနှစ်ဦးကို အနိုင်ကျင့်နှိပ်စက်ရန်မူခဲ့တဲ့ လူငယ် ၁၀ ဦးကို ဖမ်းဆီးရမိခဲ့တဲ့သတင်းတွေ၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနှင့် တပ်မှူးကို စစ်ဘက်တရားရုံးတင်ကာ စစ်ဆေးရန် ပြင်ဆင်နေတဲ့သတင်းတွေ၊ ကိုဗစ်ထိန်းချုပ်ကာလမှာ မြန်မာနိုင်ငံကို အရေးကြီးကိစ္စဖြင့် လာရောက်လိုတဲ့ တရုတ်နိုင်ငံသားတွေကို အထူးစီမံချက်နဲ့  ပြည်ဝင်ခွင့်ပြုဖို့ စီစဉ်ထားတယ်ဆိုတဲ့သတင်းတွေ၊ ဇွဲကပင်တောင်ပေါ်မှာ အမျိုးသားတစ်ဦး ထပ်မံခုန်ချခဲ့တဲ့အတွက် တောင်ပေါ်ကို တစ်ဦးတည်းတက်ရောက်ခွင့် မပြုတော့မယ့်သတင်း၊ ပြင်ဦးလွင်ခရိုင် တရားရုံးကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံပြေးကို မြောက်ဥက္ကလာနေအိမ်မှာ လုံးထွေးဖမ်းဆီးရမိခဲ့တဲ့သတင်း၊ မြ၀တီမြို့က ကာစီနိုလောင်းကစားရုံတစ်ခုကို ဝင်ဖမ်းရာမှာ တရုတ်နိုင်ငံသားလေးဦး အပါအဝင် ၁၈ ဦး ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ အင်းစိန်ဆေးရုံကြီးကနေ မွေးကင်းစကလေးငယ် ခိုးယူသွားတဲ့သူကို မှော်ဘီမြို့နယ် ဝါးနက်ချောင်းအုပ်စု ဝါးဖြူတောကျေးရွာကနေ ပြန်လည်ဖမ်းမိခဲ့တဲ့သတင်း၊ ရှမ်းပြည်နယ် ပင်လောင်မြို့ တီကျစ်မှာ ဆံသဆိုင်အတွင်း ရဲတပ်သားနှစ်ဦး လက်ပစ်ဗုံးဖြင့် စနောက်ရာကနေ လက်ပစ်ဗုံးပေါက်ကွဲလို့ ရဲတပ်သားနှစ်ဦးသေပြီး အရပ်သားနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေကလည်း ယခုရက်မှာ သတိထားမိစရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၁၇

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့သည့္ သတင္းအမ်ားစုက ထုံးစံအတိုင္း ေ႐ြးေကာက္ပြဲသတင္းေတြျဖစ္ၿပီး ဒီၾကားထဲ ယခုရက္သတၱပတ္မွာျပန္လည္က်င္းပတဲ့ လႊတ္ေတာ္မွာ ယခင္စက္မႈဝန္ႀကီးေဟာင္း မင္းကင္းအမတ္ကို လႊတ္ေတာ္ဥကၠ႒က မဆိုင္တဲ့ကိစၥေတြထည့္မေျပာဖို႔ တားျမစ္တဲ့သတင္းနဲ႔ ေက်ာက္မဲမွာ ေဒသခံႏွစ္ဦး တစ္ဦးေသဆုံးၿပီး တစ္ဦးထိခိုက္ဒဏ္ရာရတဲ့ ျဖစ္ရပ္အေပၚ ေဒသခံေတြက တပ္မေတာ္ကိုဆႏၵျပတဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတိထားစရာသတင္းေတြ ျဖစ္လာခဲ့ပါတယ္။

အရွိန္ျပင္းလာတဲ့ ေ႐ြးေကာက္ပြဲအႀကိဳ

ဇူလိုင္ ၁၅ ရက္က ေနျပည္ေတာ္မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပြဲကို က်င္းပခဲ့ပါတယ္။ဒီေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပြဲက အမ်ားျပည္သူအတြက္ သိပ္စိတ္ဝင္စားဖို႔မေကာင္းေပမယ့္  ႏိုင္ငံေရးပါတီအတြက္  စိတ္ဝင္စားစရာ သတင္းစာရွင္းလင္းပြဲပါဘဲ။ဒီသတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြက ပါတီေတြဘက္က ေစာဒကတက္တဲ့ဟာေတြ၊ လာမည့္ေ႐ြးေကာက္ပြဲအတြက္ျပင္ဆင္မႈေတြ၊ ျဖစ္လာႏိုင္တဲ့အခက္အခဲေတြကို ေမးခဲ့တာကိုေတြ႕ရပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ က လာမည့္ေ႐ြးေကာက္ပြဲဟာ လြတ္လပ္မႈ၊ တရားမွ်တမႈ၊ အမ်ားယုံၾကည္လက္ခံမႈ၊ ပြင့္လင္းျမင္သာမႈႏွင့္ ေ႐ြးေကာက္ပြဲရလဒ္ႏွင့္ ျပည္သူ႔ဆႏၵတစ္ထပ္တည္းျဖစ္မႈ စသည့္ ခ်မွတ္ထားေသာ စံငါးခ်က္ႏွင့္အညီ ေဆာင္႐ြက္သြားမယ္လို႔ေျပာခဲ့သလို အဓိကက ျပည္သူေတြရဲ႕ဆႏၵနဲ႔ မဲရလဒ္ တစ္ထပ္တည္းျဖစ္ေစရမယ္ဆိုတဲ့ ဦးတည္ခ်က္ကို ေဆာင္႐ြက္သြားမယ္လို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။ဒါ့အျပင္ ဇူလိုင္ ၁ ရက္က ထုတ္ျပန္ခဲ့တဲ့ ေကာ္မရွင္ရဲ႕ထုတ္ျပန္ခ်က္ကို ေသခ်ာစြာျပန္ဖတ္သင့္ၿပီး မဲဆြယ္ခြင့္ကို ေပးထားျခင္းမရွိေသးဘူးလို႔ ေျပာခဲ့တာကိုလည္းေတြ႕ရပါတယ္။ဒီရွင္းလင္းပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာသည့္ေန႔ကစၿပီး ေဆာင္႐ြက္ခြင့္ရွိသည္ဆိုၿပီး ေဖာ္ျပမႈအေပၚ အယူအေကာက္လြဲေနတာကိုပါ ေဖာ္ျပခဲ့ပါတယ္။ဒါကလည္း ျပင္ပမွာ လိုက္လံျဖန္႔ေနတဲ့ ေကာလာဟလတစ္ခုျဖစ္တဲ့ အာဏာရပါတီက မဲဆြယ္စည္း႐ုံးခြင့္ရေနတယ္ဆိုတဲ့ စြပ္စြဲခံေနရမႈကိုပါ တစ္ပါတည္းရွင္းလင္းခဲ့တာျဖစ္ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲအရ ပါတီေတြဘက္က ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ကိုယ္စားလွယ္ေလာင္းေတြကို ပါတီေတြဘက္ကတက္ျပၿပီး ေ႐ြး/ေကာ္က တရားဝင္ထုတ္ျပန္ၿပီးမွသာ မဲဆြယ္စည္း႐ုံးခြင့္ေတြ သီးျခားထုတ္ျပန္မွာဆိုပါတယ္။ဒီလိုပါတီေတြဘက္က ကိုယ္စားလွယ္ေလာင္းေတြေ႐ြးေနရာမွာ ပါတီႀကီးႏွစ္ခုျဖစ္တဲ့ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) နဲ႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ (USDP) ပါတီတို႔မွာေတာင္ ကိုယ္စားလွယ္ေ႐ြးခ်ယ္မႈက မၿပီးေသးပါဘူး။ NLD ပါတီဆိုရင္ ေအာင္ႏိုင္ေရးဥကၠ႒အျဖစ္ ပါတီဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ေဆာင္႐ြက္မွာလို႔ဆိုၿပီး ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈကို ေနျပည္ေတာ္မွာ ယာယီ႐ုံးခ်ဳပ္ဖြင့္ၿပီး ကိုယ္စားလွယ္ေလာင္းေတြကို စိစစ္ေရးေကာ္မတီက လက္ရွိအခ်ိန္မွာ တံခါးပိတ္စိစစ္မႈေတြ ျပဳလုပ္ေနတယ္ဆိုပါတယ္။
အာဏာရပါတီျဖစ္တဲ့ NLD ပါတီအေနနဲ႔ ယခုေ႐ြးေကာက္ပြဲအတြက္ ေအာက္ေျခကေနတင္တဲ့အထဲမွာ ယခုအစိုးရသက္တမ္းအတြင္းျဖစ္ခဲ့တဲ့ ျခစားမႈေတြ၊ လာဘ္ယူမႈေတြလိုမ်ိဳးမျဖစ္ဖို႔  ေအာက္ေျခကေနတင္တဲ့သူတိုင္းကို အုပ္စုဖြဲ႕တင္တာေတြမရွိေအာင္၊ ကိုယ္စားလွယ္ေလာင္းတင္သူတိုင္းကို ေသေသခ်ာခ်ာစိစစ္ေနတဲ့အတြက္ ဇူလိုင္လကုန္မွ ထုတ္ျပန္ႏိုင္မယ္ဆိုပါတယ္။လက္ရွိမွာ ပါတီတိုင္းက ခန႔္မွန္းေျခကိုယ္စားလွယ္ေလာင္းအေရအတြက္သာ ေျပာႏိုင္ေသးတဲ့အတြက္ ကိုဗစ္ကပ္ေဘးေၾကာင့္ဆိုရင္ မဲဆြယ္ကာလက တိုေတာင္းဖြယ္ရွိေနတဲ့ အေျခအေနလည္းရွိေနပါတယ္။

ဒီရက္ပိုင္း ပါတီသတင္းေတြထဲမွာ ဦးကိုကိုႀကီး ဦးေဆာင္တဲ့ ျပည္သူ႔ပါတီကို ၁၄၁ အုပ္စုက ပူးေပါင္းတဲ့ စိတ္ဝင္စားစရာ ပါတီလႈပ္ရွားမႈ သတင္းေတြရွိသလို NLD ပါတီနဲ႔ လမ္းခြဲခဲ့တဲ့ ေဒၚသက္သက္ခိုင္ ဦးေဆာင္တဲ့ ျပည္သူေရွ႕ေဆာင္ပါတီဘက္ကလည္း ရန္ကုန္က ၿမိဳ႕နယ္ေတြမွာ ႐ုံးခြဲေတြဖြင့္လွစ္ခဲ့တာေတြကိုလည္း ေတြ႕ရပါတယ္။အာဏာရပါတီျဖစ္တဲ့ NLD ပါတီမွာ ဒီရက္ပိုင္းအတြင္း ပါတီအတြင္းစီမံခန႔္ခြဲမႈကို ေသေသခ်ာခ်ာလုပ္ကိုင္ေနတာကို ေတြ႕ရသလို အေရးယူမႈေတြကိုလည္း လုပ္ခဲ့တာကိုလည္းေတြ႕ရပါတယ္။ဒီထဲမွာ ဧရာဝတီတိုင္းေဒသႀကီး၊ ဝါးခယ္မၿမိဳ႕နယ္က အလုပ္အမႈေဆာင္အားလုံးကို ပါတီဗဟိုက ဇူလိုင္ ၁၂ ရက္ကစၿပီး တာဝန္မွရပ္နားလိုက္တဲ့ သတင္းထြက္လာခဲ့ပါတယ္။သတင္းမီဒီယာေတြမွာ ထြက္လာတဲ့သတင္းအရ ပါတီစည္းမ်ဥ္းစည္းကမ္းကို မလိုက္နာလို႔ လို႔ သိရပါတယ္။ဇူလိုင္ ၁၆ ရက္မွာ ပါတီကေန တာဝန္ရပ္နားခံရတဲ့ အလုပ္အမႈေဆာင္အားလုံး ရန္ကုန္မွာ သတင္းစာရွင္းလင္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ပါတီေတြဘက္က ျပင္ဆင္မႈအားေကာင္းေကာင္းလုပ္ေနတာက ယခုႏွစ္မွ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီသစ္ေတြသာျဖစ္ၿပီး လူထုေထာက္ခံမႈရထားတဲ့ ပါတီႀကီးေတြကေတာ့  ပါတီအတြင္း ျပဳျပင္တည္ေဆာက္မႈေတြ၊ ပါတီတြင္းျပႆနာေတြကို ေျဖရွင္းရင္း အရွိန္ေကာင္းေကာင္းနဲ႔ မဲဆြယ္ဖို႔လုပ္ေနတာေတြကို ေတြ႕ရပါတယ္။ဒီအတြက္ ေနာက္ရက္ေတြမွာ ေ႐ြးေကာက္ပြဲေတြ ထုံးစံအတိုင္း တစ္ပါတီနဲ႔တစ္ပါတီ တိုက္ခိုက္စြပ္စြဲတာေတြ၊ အပုတ္ခ်တာေတြ၊ ျပည္သူေတြရဲ႕ စိတ္ဝင္စားမႈကိုရယူဖို႔ ဘယ္လိုရယူၾကမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

လႊတ္ေတာ္အတြင္းပြတ္တိုက္မႈ ဘယ္အထိျပင္းထန္ေနၿပီလဲ

ယခုရက္သတၱပတ္က်င္းပတဲ့ လြတ္ေတာ္အစည္းအေဝးမွာ ေဆြးေႏြးတဲ့ေခါင္းစဥ္ေတြက ၿပီးခဲ့တဲ့အစည္းအေဝးတုန္းကလို စိတ္ဝင္စားစရာေခါင္းစဥ္မဟုတ္ေပမယ့္ လႊတ္ေတာ္ေတြရဲ႕ ထုံးစံအတိုင္း အာဏာရပါတီနဲ႔ အတိုက္အခံပါတီၾကား ပြတ္တိုက္မႈျဖစ္ခဲ့တာရွိသလို လႊတ္ေတာ္ဥကၠ႒ကို ရွင္းလင္းခိုင္းတဲ့အထိ ပြတ္တိုက္မႈေတြျဖစ္ခဲ့ပါတယ္။လႊတ္ေတာ္ထဲမွာ အာဏာရပါတီဘက္က တင္တဲ့အဆိုအေတာ္မ်ားမ်ားကို ျပည္ခိုင္ၿဖိဳးပါတီဘက္ကေန ေထာက္ျပေဆြးေႏြးရာမွာ အမ်ားစုဝင္ေထာက္ျပတာက ေဒါက္တာေမာင္သင္းနဲ႔ မင္းကင္းအမတ္ ဦးေမာင္ျမင့္တို႔ ႏွစ္ဦးျဖစ္ေနတာကို ေတြ႕ရပါတယ္။

ယခုရက္သတၱပတ္မွာဘဲ ေ႐ႊျပည္သာမဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးဉာဏ္လင္း တင္တဲ့ အဆိုတစ္ခုနဲ႔ပတ္သက္ၿပီး ေဆြးေႏြးၾကရာမွာ မင္းကင္းအမတ္က ေဆြးေႏြးတဲ့အဆိုနဲ႔ မသက္ဆိုင္တဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ ႐ိုဟင္ဂ်ာစကားသုံးစြဲခဲ့သည္ကို ထည့္သြင္းေျပာဆိုမႈႏွင့္ပတ္သက္ၿပီး  လႊတ္ေတာ္မွာ ၾကယ္ပြင့္ျပေမးခြန္းကို ေမးျမန္းခဲ့တာကို ျငင္းပယ္ခဲ့တာနဲ႔ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။ဒီလိုေျပာတဲ့အတြက္ လႊတ္ေတာ္ဥကၠ႒ျဖစ္တဲ့ ဦးတီခြန္ျမတ္ က အဆိုနဲ႔မဆိုင္တဲ့ကိစၥ၊ ၿပီးျပတ္သြားတဲ့ကိစၥေတြကိုမေျပာဖို႔ မေျပာဖို႔ ေမတၱာရပ္ခံခဲ့တာပါ။အမွန္တစ္ကယ္လည္း ေဆြးေႏြးတဲ့အဆိုက “အေျခခံႏွင့္ အဆင့္ျမင့္ပညာေရးေက်ာင္းမ်ားမွာ အေျခခံအသင္းအဖြဲ႕မ်ား သတ္မွတ္ခ်က္ဖြဲ႕စည္း၍ အသင္းအဖြဲ႕အလိုက္ အတန္းကိုယ္စားလွယ္မ်ား၊ ေက်ာင္းကိုယ္စားလွယ္မ်ားမွသည္ ေက်ာင္းေကာင္စီအထိ ဒီမိုကေရစီနည္းက် အဆင့္ဆင့္ေ႐ြးခ်ယ္ဖြဲ႕စည္း၍ ကိုယ္တိုင္ပါဝင္ေဆာင္႐ြက္သည့္ စနစ္တစ္ရပ္ကို ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္မွစ၍ အေကာင္အထည္ေဖာ္ စီမံေဆာင္႐ြက္ေပးရန္ ႏိုင္ငံေတာ္အစိုးရအား     တိုက္တြန္းေၾကာင္း” ဆိုတဲ့ အဆိုပဲျဖစ္ပါတယ္။

ဒီလိုအဆိုအေပၚမွာ မင္းကင္းအမတ္က ၎တို႔တင္ခဲ့တဲ့အဆိုေတြ ျငင္းပယ္ခံရတာနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္အတြင္း ဥပေဒ၊ နည္းဥပေဒႏွင့္အညီ ေမးျမန္းသည့္ေမးခြန္းမ်ားကို ျငင္းပယ္ခဲ့ျခင္း၊ ျငင္းပယ္ရန္ ႀကိဳးစားေနျခင္းမ်ားရွိေၾကာင္း ထည့္သြင္းေဆြးေႏြးရင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ ႐ိုဟင္ဂ်ာစကား သုံးစြဲခဲ့သည္ကို ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ဒါကို လႊတ္ေတာ္ဥကၠ႒က  အဆိုနဲ႔မဆိုင္တဲ့ကိစၥ၊ ၿပီးျပတ္သြားတဲ့ကိစၥေတြကို မေျပာဖို႔ မေျပာဖို႔ တားတဲ့အတြက္ မင္းကင္းအမတ္က မည္သည့္အခ်က္ကၿငိစြန္းသည္ကို ရွင္းေပးရန္ေျပာဆိုခဲ့ရာမွာ လႊတ္ေတာ္ဥကၠ႒က လူတစ္ဦးတစ္ေယာက္၏ ဂုဏ္သိကၡာကိုမထိခိုက္ေစသည့္ ေမးခြန္းမ်ားျဖစ္ရမည္ဆိုသည့္ အခ်က္ပါလို႔ မသင့္ေလ်ာ္သည့္အတြက္ တားျမစ္တာဆိုၿပီး ေျပာခဲ့ပါတယ္။ဒီအတြက္ မင္းကင္းအမတ္က "ဒီမိုကေရစီအေရၿခဳံထားတဲ့ အာဏာရွင္စနစ္၊ ဒီမိုကေရစီရဲ႕ ဆန႔္က်င္ဘက္ျဖစ္တဲ့ အာဏာရွင္စနစ္ကို ပုံမေဖာ္ေပးၾကဖို႔၊ တိုက္ခိုက္ၾကဖို႔ ကိုယ္စားလွယ္အားလုံးမွာ တာဝန္ရွိေၾကာင္း” ေျပာခဲ့သလို ႏိုင္ငံရဲ႕ ဂုဏ္သေရအတြက္ အမ်ားအတြက္ တရားနည္းလမ္းက်စြာလုပ္ရတယ္ဆိုတဲ့ အေပၚယံဟန္ေဆာင္မႈ သကာေလာင္းၿပီးေတာ့မွ လူထုကိုႀကိဳးကိုင္တာလည္း အာဏာရွင္ရဲ႕လုပ္ရပ္ဘဲလို႔ ေျပာခဲ့ပါတယ္။

လႊတ္ေတာ္အတြင္း ပြတ္တိုက္မႈေတြက ယခုႏွစ္ထဲ ပိုၿပီးျပင္းျပင္းထန္ထန္ျဖစ္လာတာကို ေတြ႕ရပါတယ္။ရခိုင္ေျမာက္ပိုင္းမွာျဖစ္ခဲ့တဲ့ အာဆာအၾကမ္းဖက္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ယခုတစ္ပတ္က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးမွာလည္း ျပည္ခိုင္ၿဖိဳးပါတီဘက္က အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ ရင္ဆိုင္ေနရသည့္ အမႈအတြက္ ငွားရမ္းထားတဲ့ ေရွ႕ေနစရိတ္ေတြကို ေမးခဲ့တာေတြ႕ရပါတယ္။ျပည္ခိုင္ၿဖိဳးပါတီ မိတၳီလာအမတ္ ေဒါက္တာေမာင္သင္း က ေမးတာကို အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးေက်ာ္တင္ က ျပည္သူ႔လႊတ္ေတာ္မွာ ဇူလိုင္ ၁၅ ရက္မွာ လာေမးခဲ့တာပါ။ေမးတာက ေရွ႕ေနငွားရမ္းတာ၊ သီးသန႔္တရားသူႀကီးငွားရမ္းတာ၊ ဥပေဒအႀကံေပးခန႔္အပ္တာေတြအတြက္ တစ္ဦးခ်င္းစီအလိုက္ ကုန္က်စရိတ္အေသးစိတ္နဲ႔ ေလးလံပစၥည္းသယ္ယူစရိတ္ က်ပ္ ၃၅၁ ဒသမ ၆၀၀ သန္းကို အေသးစိတ္ရွင္းလင္းေပးဖို႔ပါ။ဝန္ႀကီး ဦးေက်ာ္တင္ က ျပန္ရွင္းရာမွာ အေသးစိတ္ရွင္းတမ္းေတြကို ဘ႑ာေရးစည္းမ်ဥ္း လုပ္ထုံးလုပ္နည္းႏွင့္အညီ စာရင္းစစ္အဖြဲ႕မွာ အစစ္ေဆးခံသြားမွာျဖစ္တဲ့အတြက္ေၾကာင့္ ျပည္သူ႔လႊတ္ေတာ္မွာ သီးျခားရွင္းလင္းတင္ျပရန္ အစီအစဥ္မရွိဘူးလို႔ဆိုၿပီး ျမန္မာႏိုင္ငံကငွားရမ္းထားေသာ ႏိုင္ငံတကာေရွ႕ေနႀကီးမ်ား၏ ဝင္ေငြ၊ အခေၾကးေငြမ်ား၊ အသုံးစရိတ္မ်ားကို အေသးစိတ္ထုတ္ေဖာ္ေျပာၾကားျခင္းမျပဳရန္၊ က်င့္ဝတ္ကိုလည္းလိုက္နာရန္ တာဝန္ရွိတယ္ဆိုၿပီး ေျပာခဲ့တာကိုေတြ႕ရပါတယ္။ဒါကို အဆိုရွင္ ျပည္ခိုင္ၿဖိဳးအမတ္က လႊတ္ေတာ္ကို အေသးစိတ္မရွင္းျပႏိုင္တာနဲ႔ပတ္သက္ၿပီး ဘဝင္မက်ဘဲ “မရွင္းျပႏိုင္ဘူးဆိုတာ သဘာဝက်ပါရဲ႕လား” ဆိုၿပီး ဆက္ေမးခြန္းထုတ္ခဲ့ပါတယ္။ဒီအတြက္ ျပည္ေထာင္စုဝန္ႀကီးက စာရင္းစစ္ခ်ဳပ္႐ုံးကစစ္ေဆးၿပီး အစီရင္ခံစာ ထုတ္ျခင္း၊ မထုတ္ျခင္းက သက္ဆိုင္ရာအဖြဲ႕အစည္းရဲ႕တာဝန္လို႔ ရွင္းရွင္းျပတ္ျပတ္ေျပာခဲ့တာကို ေတြ႕ရပါတယ္။

ျမန္မာႏိုင္ငံမွာ အစိုးရဌာနအဖြဲ႕အစည္းအားလုံး သမၼတအပါအဝင္ အားလုံးကို စာရင္းစစ္ေဆးလို႔ရေပမယ့္ စစ္ခြင့္မရွိတာေတြကို စစ္ခြင့္ရဖို႔ႀကိဳးစားမႈကို မေတြ႕ရတာလား မျမင္ရတာလား မသိပါဘူး။ႏိုင္ငံအတြက္ ဘယ္ဌာနရဲ႕အသုံးစရိတ္ျဖစ္ျဖစ္ စစ္ၾကတာ ႏိုင္ငံနဲ႔ တိုင္းျပည္အတြက္ ေကာင္းတဲ့အက်င့္ဓေလ့ပါ။ႏိုင္ငံကို တရားစြဲတဲ့အတြက္ ခုခံရာမွာသုံးတဲ့ တစ္ဘီလ်ံက်ပ္ေတာင္မရွိတဲ့ အသုံးစရိတ္ကို အေသးစိတ္သိဖို႔ႀကိဳးစားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ က်ပ္ေငြဘီလ်ံနဲ႔ခ်ီၿပီးသုံးတဲ့ စစ္ေဆးခြင့္မရွိတာကို အေသးစိတ္စစ္ေဆးခြင့္ ယခုလႊတ္ေတာ္သက္တမ္း၊ အဆိုပါအမတ္ေတြ ကိုယ္စားလွယ္ေတြအျဖစ္ ရပ္တည္ခြင့္မကုန္ခင္ ဘယ္ေတာ့ေတာင္းဆိုမလဲ၊ ဘယ္ကိုယ္စားလွယ္ေတြက ေတာင္းဆိုၾကမလဲ ေမးခြန္းထုတ္အဆိုတင္သြင္းၾကမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ေက်ာက္မဲျဖစ္ရပ္ အျဖစ္မွန္ကဘာလဲ

ဇူလိုင္လ ၁ဝ ရက္ေန႔ မနက္အေစာပိုင္းက ေက်ာက္မဲၿမိဳ႕ထဲ ဆႏၵျပလူတန္းႀကီးဝင္လာၿပီးေနာက္ အခ်ိန္အနည္းငယ္အတြင္း ဆႏၵျပသူအေရအတြက္ ေထာင္ဂဏန္းရွိရာကေန ႐ုတ္ခ်ည္း ေသာင္းဂဏန္းထိ ရွိသြားခဲ့ပါတယ္။ဆႏၵျပဖို႔ အေစာပိုင္းက ခြင့္ျပဳခ်က္ေလွ်ာက္ထားခဲ့ေသာ္လည္း ကိုဗစ္ကာလျဖစ္လို႔ ခြင့္ျပဳခ်က္မရခဲ့ေပမယ့္ ဆႏၵျပပြဲကဆက္ျဖစ္ခဲ့ကာ ေက်ာက္မဲၿမိဳ႕ထဲ ဝင္လာခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕က တားဆီးပိတ္ဆို႔ခဲ့ပါတယ္။ဒါေပမယ့္ ေနာက္ပိုင္းမွာညႇိဳႏိုင္းၿပီး ၿမိဳ႕ထဲဝင္ခြင့္ေပးခဲ့တာပါ။

ဒီလိုေသာင္းနဲ႔ခ်ီၿပီး ဆႏၵျပခဲ့တဲ့ျဖစ္စဥ္က ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဗစ္တိုးရီးယားဆႏၵျပမႈၿပီးရင္ ဒီဘက္ေနာက္ပိုင္းႏွစ္မွာ ျပည္သူေတြအမ်ားဆုံးပါဝင္တဲ့ ဆႏၵထုတ္ေဖာ္ပြဲပါ။ဒီဆႏၵျပပြဲမွာ တပ္ဘက္ကိုဆႏၵျပတဲ့၊ စြပ္စြဲတဲ့ ဗီႏိုင္းစာတမ္းေတြကိုင္ၿပီး ဆႏၵျပတာကလည္း ဒီေက်ာက္မဲဆႏၵျပပြဲရဲ႕ ထူးျခားခ်က္ပါဘဲ။သတင္းေတြအရ ဇြန္ ၂၉ ရက္ေန႔ မနက္ပိုင္းက ပန္က်ဲန္႐ြာမွာ တပ္မေတာ္နဲ႔ RCSS/ SSA တို႔ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း ေဒသခံ အသက္ ၅၆ ႏွစ္အ႐ြယ္ ေဒသခံအမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးၿပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရရွိခဲ့တာမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုကပစ္ခတ္လို႔ ထိမွန္ခဲ့တယ္ဆိုၿပီး အဆိုပါ႐ြာက ေဒသခံေတြက ဆႏၵျပခဲ့တာပါ။ဒီအတြက္ ေတာင္းဆိုဆႏၵျပမႈေတြမွာ က်ဴးလြန္သူအေရးယူေပးဖို႔ ပါခဲ့ပါတယ္။

သတင္းမီဒီယာေတြမွာတက္လာတဲ့ သတင္းေတြအရ အိမ္ထဲပုန္းေနတာကို ပစ္ခတ္ခဲ့တာလို႔ ေဒသခံေတြေျပာခဲ့တာကို ေဖာ္ျပခဲ့တာေတြ႕ရၿပီး တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ဘက္က ဒီလိုဆႏၵျပရာမွာ ဦးေဆာင္သူ ၃ ဦးကို ၿငိမ္းစုစီဥပေဒပုဒ္မ (၁၉)၊ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒပုဒ္မ (၁၈) တို႔နဲ႔ အေရးယူမယ္ဆိုၿပီး အဆိုပါရက္မွာပဲ ထူးထူးျခားျခားထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုအေရးယူမယ္လို႔ တပ္ဘက္က ထုတ္ျပန္ခ်က္ထြက္ခဲ့တဲ့အေပၚ ရွမ္းႏိုင္ငံေရးပါတီႏွစ္ခုက ေဝဖန္ခဲ့သလို ဆႏၵျပတဲ့ ႐ြာသားေတြဘက္ကေနလည္း တရားဥပေဒအရ ခုခံကာကြယ္ေပးဖို႔ စီစဥ္လာခဲ့ပါတယ္။

ဒီလိုေဝဖန္မႈေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကိုယ္တိုင္ျဖစ္တဲ့ေနရာေဒသက ေဒသခံေတြနဲ႔ေတြ႕ဆုံခဲ့တာ၊ ျဖစ္စဥ္ကို လူ႔အခြင့္အေရးေကာ္မရွင္ကို တင္ခဲ့တာေတြေၾကာင့္  တပ္မေတာ္ဘက္က ဇူလိုင္ ၁၄ရက္နဲ႔ ၁၅ ရက္မွာ ေျမျပင္မွာကြင္းဆင္းစစ္ေဆးခဲ့ပါတယ္။
ဒီလိုစစ္ေဆးရာမွာလည္း စစ္ေဆးခဲ့တဲ့ ႏွစ္ရက္စလုံးကို RCSS ဘက္က ေႏွာင့္ယွက္ပစ္ခတ္ခဲ့တယ္လို႔ တပ္ဘက္က သတင္းထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။ယခု ေက်ာက္မဲမွာျဖစ္ခဲ့တဲ့ ျဖစ္စဥ္မွာ အရပ္သားေတြစြပ္စြဲသလိုျဖစ္ခဲ့သလား၊ ဒါမွမဟုတ္ တျခားဘယ္အဖြဲ႕ လက္ခ်က္လဲ၊ အိမ္ေပၚထိအနီးကပ္တက္ပစ္ခဲ့ရေလာက္ေအာင္ ဘယ္အေၾကာင္းတရားေတြရွိေနလဲ၊ ရွိတယ္ဆိုရင္ အသက္ ၆၀ အ႐ြယ္ အရပ္သားတစ္ဦးကို ဘာေၾကာင့္ပစ္ခတ္ခဲ့ရတာလဲဆိုတာ၊ ဘာရည္႐ြယ္ခ်က္ရွိလဲဆိုတာကိုပါ ေဖာ္ထုတ္သင့္သလို ဘယ္သူကခြင့္ျပဳခဲ့သလဲ၊ လ်စ္လ်ဴခဲ့သလဲဆိုတာကိုပါ ေဖာ္ထုတ္သင့္ပါတယ္။  

ဒီျပႆနာကို တပ္ဘက္က အရာရွိႀကီးတစ္ဦး ဦးစီးၿပီး ရဲတပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ စစ္ေဆးေရးအဖြဲ႕က ဆင္းစစ္ေနလို႔ မၾကာခင္မွာ အေျဖတစ္ခု ေသခ်ာေပါက္ထြက္လာမွာ ေသခ်ာေနပါတယ္။စိတ္ဝင္စားစရာက ဒီထြက္လာတဲ့ရလဒ္အေပၚ ဘယ္သူကတာဝန္ယူမလဲဆိုတာပါဘဲ။ေၾကကြဲစရာက မေအးခ်မ္းတဲ့ေဒသေတြမွာ လူ႔အသက္တစ္ေခ်ာင္းက တန္ဖိုးမဲ့ေနတာကိုပါဘဲ။တာဝန္မဲ့တဲ့  ေျပာင္း၀ကထြက္တဲ့က်ည္ေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတဲ့ ကာယကံရွင္မိသားစုနဲ႔ ေဒသခံေတြအတြက္ ဒီအျဖစ္က မေမ့ႏိုင္စရာပါ။ဒီလိုျဖစ္ရပ္ေတြ ျမန္မာႏိုင္ငံမွာ ကြၽန္ေတာ္တို႔ သက္တမ္းကုန္တဲ့အထိ ပေပ်ာက္ဖို႔ျဖစ္ႏိုင္ပါ့မလားဆိုတာ မေသခင္ကာလအထိ စိတ္ဆင္းရဲႀကီးစြာနဲ႔ ဆက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။     

အဆိုပါ စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြအျပင္ သဘာ၀ေဘးဒဏ္သတင္းေတြျဖစ္တဲ့ ဧရာ၀တီနဲ႔ ခ်င္းတြင္းမွာ ျမစ္ေရတက္ေနလို႔ ဒီျမစ္ေဘးက ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္ကို ေရေဘးသတိေပးထားတဲ့သတင္းေတြ၊ ဘိုကေလးမွာ အမ်ိဳးသားတစ္ဦး မိေက်ာင္းအကိုက္ခံရတဲ့သတင္းေတြ၊ ေတာင္ငူ ေကတုမတီၿမိဳ႕သစ္မွာ ဝက္ေတြ႐ုတ္တရက္ေသဆုံးတဲ့သတင္းေတြ၊ တရားဥေပဒစိုးမိုးေရးဆိုင္ရာ သတင္းေတြျဖစ္တဲ့ မိတၳီလာမွာ ရဲေတြအိပ္ေနစဥ္ ခိုးယူသြားတဲ့ ေသနတ္နဲ႔ က်ည္ဆံေတြ ျပန္လည္သိမ္းဆည္းရမိတဲ့သတင္းေတြ၊ မႏၲေလးမွာ ညဘက္ဆိုင္ကယ္စီးလာတဲ့သူႏွစ္ဦးကို အႏိုင္က်င့္ႏွိပ္စက္ရန္မူခဲ့တဲ့ လူငယ္ ၁၀ ဦးကို ဖမ္းဆီးရမိခဲ့တဲ့သတင္းေတြ၊ ေဝွခါေက်း႐ြာ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ကခ်င္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးႏွင့္ တပ္မႉးကို စစ္ဘက္တရား႐ုံးတင္ကာ စစ္ေဆးရန္ ျပင္ဆင္ေနတဲ့သတင္းေတြ၊ ကိုဗစ္ထိန္းခ်ဳပ္ကာလမွာ ျမန္မာႏိုင္ငံကို အေရးႀကီးကိစၥျဖင့္ လာေရာက္လိုတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို အထူးစီမံခ်က္နဲ႔  ျပည္ဝင္ခြင့္ျပဳဖို႔ စီစဥ္ထားတယ္ဆိုတဲ့သတင္းေတြ၊ ဇြဲကပင္ေတာင္ေပၚမွာ အမ်ိဳးသားတစ္ဦး ထပ္မံခုန္ခ်ခဲ့တဲ့အတြက္ ေတာင္ေပၚကို တစ္ဦးတည္းတက္ေရာက္ခြင့္ မျပဳေတာ့မယ့္သတင္း၊ ျပင္ဦးလြင္ခ႐ိုင္ တရား႐ုံးကေန ထြက္ေျပးလြတ္ေျမာက္သြားတဲ့ တရားခံေျပးကို ေျမာက္ဥကၠလာေနအိမ္မွာ လုံးေထြးဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ျမ၀တီၿမိဳ႕က ကာစီႏိုေလာင္းကစား႐ုံတစ္ခုကို ဝင္ဖမ္းရာမွာ တ႐ုတ္ႏိုင္ငံသားေလးဦး အပါအဝင္ ၁၈ ဦး ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ အင္းစိန္ေဆး႐ုံႀကီးကေန ေမြးကင္းစကေလးငယ္ ခိုးယူသြားတဲ့သူကို ေမွာ္ဘီၿမိဳ႕နယ္ ဝါးနက္ေခ်ာင္းအုပ္စု ဝါးျဖဴေတာေက်း႐ြာကေန ျပန္လည္ဖမ္းမိခဲ့တဲ့သတင္း၊ ရွမ္းျပည္နယ္ ပင္ေလာင္ၿမိဳ႕ တီက်စ္မွာ ဆံသဆိုင္အတြင္း ရဲတပ္သားႏွစ္ဦး လက္ပစ္ဗုံးျဖင့္ စေနာက္ရာကေန လက္ပစ္ဗုံးေပါက္ကြဲလို႔ ရဲတပ္သားႏွစ္ဦးေသၿပီး အရပ္သားႏွစ္ဦးဒဏ္ရာရရွိခဲ့တဲ့ သတင္းေတြကလည္း ယခုရက္မွာ သတိထားမိစရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၁၇