【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်နွားထီးနဲ့ ကချင်ငှက်ပျောတစ်သျှူး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်နွားထီးနဲ့ ကချင်ငှက်ပျောတစ်သျှူး

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အများစုစိတ်ဝင်စားခဲ့တာက နို့စားနွား မွေးမြူရေးခြံမှာ နွားမတွေမရှိဘဲ နွားထီးတွေရှိလို့ ပြန်ရောင်းခိုင်းထားရတဲ့ သတင်းနဲ့ ကချင်ပြည်နယ်မှာ ငှက်ပျောတစ်ရှူး သတင်းရေးတဲ့ မြစ်ကြီးနားဂျာနယ် သတင်းထောက်နှစ်ယောက်ကို သခင်စစ်ကုမ္ပဏီက ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ သတင်းတွေက ထိပ်တန်းစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သတင်းတွေ၊ ဖုန်းဘေလ်ဖြတ်ခိုးတာကို လွှတ်တော်က သတိပေးခဲ့တဲ့ သတင်းတွေ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ သတင်းတွေ၊ သူခိုးပါတီလို့ ပြောနေသူတွေကို တစ်ဦးချင်းသက်သေနဲ့ ထောက်ပြတရားစွဲဖို့ ပြည်ခိုင်ဖြိုးက ပြောလိုက်တဲ့ သတင်းတွေနဲ့အတူ အများပြည်သူ သတိထားမိတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

သူခိုးပါတီ မဟုတ်ဘူး

ဖေဖော်ဝါရီ ၂၅ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာ အဓိကအားဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါတီရဲ့ သဘောထားကို ပြောဆိုခဲ့တာဖြစ်ပြီး ဒီပွဲမှာ ၎င်းတို့ပါတီကို သူခိုးပါတီလို့ ပြောနေတဲ့သူတွေကို  သက်သေအထောက်အထားရှိရင် တစ်ဦးတစ်ယောက်ချင်းကို ထောက်ပြပြီး ကြိုက်တဲ့ပုဒ်မနဲ့ တရားစွဲဆိုနိုင်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ‘‘မိမိတို့ ပြည်ခိုင်ဖြိုးပါတီသည် သူခိုးပါတီ မဟုတ်ပါဘူး။အဖွဲ့အစည်းတစ်ခုက စွပ်စွဲပြောဆိုနေမှုသာ ဖြစ်ပါတယ်။မည်သည့်အဖွဲ့အစည်း၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်များ ဘယ်ကဲ့သို့ ဆောင်ရွက်နေကြသလဲဆိုတာကို အားလုံးကနေပြီးတော့ ကြည့်တတ်ရင် မြင်သာပါတယ်” လို့ ပြောခဲ့သလို လက်ရှိ အာဏာရပါတီနှင့် ပတ်သက်ပြီး “အခုလက်ရှိ တာဝန်ယူနေသော ပုဂ္ဂိုလ်တွေကော ဘယ်လောက်သန့်ရှင်းပြီလဲ။သူတို့ ၂၀၁၅ ကနေပြီးတော့ ၂၀၁၉ ကို ရောက်လာပြီ။တကယ်သန့်သန့်ရှင်းရှင်း လုပ်နိုင်ပြီလား။ ပြည်သူက ဆိုင်းဘုတ်ထောင်ပြီးတော့ ဖြုတ်ချပေးပါဆိုသူတွေ ဒီနေ့ပြုတ်ပြီလား။တစ်ချိန်တုန်းက ပြောခဲ့တယ်၊ ပြည်သူက လက်မခံရင် အာဏာကို စွဲကိုင်မထားပါဘူးဆိုတဲ့ဟာ သူတို့မဟုတ်သလိုပဲ။
မလုပ်ဖူးသေးတော့ မခိုးဘူးထင်ကြပါတယ်’’ လို့ ပြောခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ လွှတ်တော်ထဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေရမှုအပေါ် အမျိုးသားရေးရည်မှန်းချက်ပေါ် မူတည်၍ ပါဝင်နေရခြင်းလို့ ပြောခဲ့ပါတယ်။ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တဲ့ အခြေအနေမှာ နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြင်ဆင်ဆောင်ရွက်သွားမယ်။ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောခဲ့ပါတယ်။ကာတွန်းတွေနဲ့ လူမှုကွန်ရက်တွေမှာ ဒီသတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထောက်ပြမှုတွေ မေးခွန်းထုတ်မှုတွေများစွာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်တဲ့ ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ ဗဟိုနာယကအဖွဲ့ဝင် နိုင်သောင်းညွန့် က အောက်ခြေလွတ်နေတဲ့ ပါတီဝင်တွေကို သတိပေးခဲ့သလို  လာမယ့်ရွေးကောက်ပွဲအတွက် သုံးဖို့ လွှတ်တော်ကိုယ်စားလှယ် လစာတွေထဲကနေ ကောက်ခံထားတဲ့ရန်ပုံငွေ မဲဆွယ်စရိတ် ကျပ်သိန်းနှစ်သောင်းကျော် ရှိတယ်လို့ ဒီချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ပြောခဲ့ပါတယ်။

ဒီသတင်းတွေအပြင် ယခုတစ်ပတ်ထဲမှာ UNODC ရဲ့ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းဖော်ပြချက် မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ KIA က ထုတ်ပြန်ခဲ့တဲ့ သတင်း၊ နေပြည်တော်မှာ ဆွေးနွေးခဲ့တဲ့ တပ်မတော်နဲ့ SSPP တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲမှာ တိုက်ပွဲများ လျှော့ချနိုင်ရေး ဆောင်ရွက်ဖို့ သဘောတူခဲ့တဲ့ သတင်း၊ ကူမင်းမှာ ပြုလုပ်တဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တို့ ဆွေးနွေးပွဲမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ  ပါဝင်လက်မှတ်ထိုးဖို့ အစိုးရကိုယ်စားလှယ်က တိုက်တွန်းခဲ့တဲ့ သတင်း၊ ရန်ကုန်မြို့ တပ်မတော်ဆေးရုံ ခုတင် ၁၀၀၀ မှာ ဆေးကုသမှုခံယူနေတဲ့  (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီ ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်တွေ့ဆုံ အားပေးခဲ့တဲ့ သတင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှာ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာပညာရှင် နှစ်ဦးက အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်မယ့် သတင်း၊ နေပြည်တော်ကနေ ဘူးသီးတောင်ကို ပြောင်းရွှေ့လာတဲ့ တပ်မတော်အရာရှိ ဇနီး ပါဆယ်ဗုံးပေါက်လို့ သေဆုံးခဲ့တဲ့ သတင်း၊ တပ်မတော်နဲ့ AA တိုက်ပွဲအခြေအနေကို ရခိုင်အမျိုးသားပါတီ (ANP) က အမေရိကန် သံအမတ်ကြီးထံ တင်ပြခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး အသက်ဝင်လာပြီလား

ယခုတစ်ပတ် သတင်းတွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သတင်းတွေက သတင်းစာမျက်နှာတွေထဲမှာ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ဖေဖေါ်ဝါရီ ၁၉ ရက်က ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ ဖေဖေါ်ဝါရီ ၂၅ ရက်မှာ ကော်မတီရဲ့ ဒုတိယမြောက်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
အဆိုပါကော်မတီ အစည်းအဝေးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ ပြင်ဆင်မယ့် အခန်းတွေအလိုက်နဲ့ လုပ်ငန်းစဉ်၊ တွေ့ဆုံစည်းဝေးကြမယ့် ရက်တွေကို သတ်မှတ်ခဲ့ကြပါတယ်။ဒီအစည်းအဝေးမှာ အခန်း-၁ နဲ့ ပတ်သက်ပြီး ပြင်လိုတာရှိတာတွေကို ပြင်ဆင်ဖို့ ကော်မတီဝင်တွေကို ပေးခဲ့ပြီး လွှတ်တော်ပိတ်ရက်များအတွင်း ကော်မတီအစည်းအဝေးများ  ဆက်တိုက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပါတယ်။ကော်မတီက အစည်းအဝေးတွေစကာ အခြေခံဥပဒေမှာပါတဲ့ အခန်းတွေအလိုက် ပြင်ဆင်မယ့် အပိုဒ်တွေကို စတင်နေချိန်မှာ ဒီကော်မတီနဲ့ ပတ်သက်ပြီး အခြေခံဥပဒေနဲ့ ညီ/မညီ ဆိုတဲ့ ကန့်ကွက်ချက်တွေလည်း ရှိနေပါသေးတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်တဲ့ ပါတီဗဟိုကော်မတီ အစည်းအဝေးအပြီးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း က မီဒီယာတွေကို ပြောခဲ့ရာမှာတော့ အခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကသာ  ဆုံးဖြတ်နိုင်တယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိတိကျကျ ရှင်းလင်းပြဋ္ဌာန်းပြီးဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတင်ပြီး အဆုံးအဖြတ်ခံယူရန် မလိုဘူးလို့ ဆိုပါတယ်။

ဒီလိုပြင်ဆင်မှုအတွက် ဝိဝါဒကွဲမှုတွေ ဖြစ်ပေးနေတဲ့ အချိန်မှာဘဲ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးဘက်က အပြိုင် အခြေခံဥပဒေ ပြင်ဆင်ချက်ကို ဖေဖေါ်ဝါရီ ၂၅ ရက်က ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး တင်ခဲ့ပါတယ်။ဒီပြင်ဆင်ချက်မှာ အခြေခံဥပဒေပုဒ်မ ၂၆၁ ကိုသာ ပြင်ဆင်ထားတာဖြစ်ပြီး ဒီပြင်ဆင်ချက်မှာ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း လွှတ်တော်များက တင်မြှောက်ခွင့်ရရှိရေး တစ်ချက်တည်းသာ ပြင်ဆင်ထားတာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်အချို့ လက်မှတ်ရေးထိုးပြီး လွှတ်တော်ကို တင်သွင်းခဲ့တာပါ။အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်း ကတော့ ပြင်ဆင်သည့် ဥပဒေမူကြမ်းများ သီးခြားစီ ထပ်မံတင်သွင်းနေမယ့်အစား ၄၅ ဦး ကော်မတီတွင်သာ  တပေါင်းတည်း ဆွေးနွေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးအဆိုကို အပြိုင်တင်သွင်းတာတွေ၊ ပူးပေါင်းကော်မတီဘက်က အစည်းအဝေးတွေ စလုပ်နေတာတွေ ဖြစ်နေချိန်မှာ နိုင်ငံတစ်ဝန်းမှာ  ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကြိုဆိုထောက်ခံပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။ဖေဖော်ဝါရီ ၂၃ ရက်က မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ပြုလုပ်သလို ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ရန်ကုန်မြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုဆိုထောက်ခံပွဲ လုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာလုပ်တဲ့ ထောက်ခံပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး တက်ရောက်ဟောပြောခဲ့သလို တက်ရောက်သူတွေက ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေး’ စာသားပါ အနီရောင်ခေါင်းစည်းများ စည်းထားပြီး ရင်ဘက်၌ ‘၂၀၀၈ ခြေ/ဥ ကောင်းကျိုးမဖြစ် ပြည်သူအားနဲ့ ဖယ်ရှားပစ်’ စတစ်ကာတွေကပ်ပြီး စစ်ဖိနပ်အောက်မှ လွတ်မြောက်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေး’ စသည့် စာသားများပါ ဗီနိုင်းတွေကိုင်ပြီး တက်ရောက်ခဲ့ကြပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုက ပြည်နယ်နဲ့ တိုင်းတွေက မြို့ကြီးတွေမှာ ဆက်တိုက်ဖြစ်လာတာကို တွေ့လာရသလို တောင်ကြီးမြို့မှာ မတ် ၃ ရက်မှာ လုပ်ဖို့ရှိနေသလို ကော်မတီအစည်းအဝေးလည်း ကျင်းပလာပြီ ဖြစ်လာတဲ့အတွက် ဒီတစ်ခါ အခြေခံဥပဒေ ပြင်ဆင်ရေးက အရင်တစ်ခါကထက် ပိုပြီးအလုပ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဖုန်းဘေလ် ဖြတ်ခိုးတာကို သတိပေးခဲ့တဲ့ လွှတ်တော်

မိုဘိုင်းဖုန်း အသုံပြုသူတိုင်း ကိုယ်ဝယ်လိုက်တဲ့ ဖုန်းဘေလ်ထဲကနေ ကျသင့်တာထက် ပိုကုန်ကျနေတာ၊ ကိုယ်မယူထားတဲ့ အစီအစဉ်တွေကို ကိုယ်မသိလိုက်ဘဲ ဖုန်းအော်ပရေတာ သဘောနဲ့ ယူပြီး ကိုယ့်ဖုန်းဘေလ်ထဲကနေ ဖြတ်ချလိုက်တာမျိုးတွေ ကြုံဖူးကြမှာပါ။ဒါက ဖုန်းသုံးစွဲသူတိုင်း ဖုန်းဘေလ်တစ်ထောင်ဖြည့်တိုင်း အနည်းဆုံး ငွေကျပ် ၅၀ လောက်က အလကားနီးပါး ဖုန်းအော်ပရေတာကုမ္ပဏီရဲ့ ခိုးယူတာကို ခံလိုက်ရတာပါ။တစ်ယောက်ချင်းစီမှာ တစ်ရက်ကို ငွေတစ်ဆယ်ကျပ် အနည်းဆုံး အဖြတ်ခံရတယ်ဆိုရင် ဖုန်းကတ် သန်းနဲ့ချီပြီး ရောင်းချထားတဲ့ ကုမ္ပဏီတွေ တစ်ရက်ကို သုံးစွဲသူတွေဆီကနေ ငွေသန်းရာကျော်၊ ကျပ်ဘီလျံနဲ့ချီပြီး အလကားရနေတယ်ဆိုတာ ထိတ်လန့်စရာပါ။ဒီအတွက် စောဒကတက်တဲ့အခါ စက်ချို့ယွင်းလို့ ဖြတ်ချတာပါဆိုတဲ့ အကြောင်းပြချက်သာရှိပြီး စက်က ပိုပေးလိုက်တာမျိုး မရှိတဲ့အတွက် ဖုန်းသုံးစွဲသူတွေ နစ်နာနေတာ နှစ်နဲ့ချီပြီး ကြာခဲ့ပါပြီ။

ယခုဖုန်းဘေလ်ဖြတ်ခိုးတဲ့ ကိစ္စက ပြည်သူ့လွှတ်တော်ထဲ ရောက်လာခဲ့ပါတယ်။ဖေဖေါ်ဝါရီ ၂၄ ရက်က ပြုလုပ်တဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး က ဆက်သွယ်ရေး အော်ပရေတာတွေက မိုဘိုင်းဖုန်းအသုံးပြုသူတွေကို အသိမပေးဘဲ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဝန်ဆောင်မှုများအတွက်ဆိုကာ ဖုန်းဘီလ်များ ဖြတ်တောက်ခိုးယူနေတာကို အရေးယူရန် ရှိ၊ မရှိ မေးခဲ့ပါတယ်။

ဒီလိုမေးမြန်းမှုအပေါ် သက်ဆိုင်တဲ့ ပို့/ဆက် ဒုဝန်ကြီးက လာရောက်ဖြေဆိုခဲ့ရာမှာ ဘေလ်ခိုးတဲ့ အော်ပရေတာတွေကို တည်ဆဲဆက်သွယ်ရေး ဥပဒေအရ အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်က သတိပေးခြင်း၊ လိုင်စင်ယာယီရပ်ဆိုင်းခြင်းနှင့် အပြီးပိတ်သိမ်းစေခြင်း စတဲ့ အချက် ၃ ချက်သာဖြစ်ပြီး လိုင်စင်ယာယီပိတ်သိမ်းခြင်းနှင့် အပြီးပိတ်သိမ်းစေခြင်း နည်းလမ်းတွေက အရေးယူဖို့ မဖြစ်နိုင်လို့ ယမန်နှစ် ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်း ဒဏ်ကြေးအဖြစ် ပေးဆောင်စေတဲ့ အရေးယူမှု ပြုလုပ်နေရတယ်လို့ ဖြေကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ဝန်ကြီးဌာနကို ဖုန်းအော်ပရေတာတွေ ဖုန်းဘီလ်များ မလျော်မကန် ဖြတ်တောက်ခံရမှုများရှိကြောင်း ပေါ်ပေါက်နေလို့ ဖိဖိစီးစီးအရေးယူဖို့ အလျင်အမြန် ဆောင်ရွက်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ဒါပေမယ့် ဥပဒေ၊ နည်းဥပဒေတွေ ပြင်ဆင်ဖို့ လိုသေးတဲ့အပြင် ဆက်သွယ်ရေးပုဒ်မ ၆၆ နဲ့ အရေးယူလို့ရအောင် ပြင်ဆင်ဖို့ အကြံပြုတဲ့အတွက် ပြည်သူတွေဘက်က ရှိမယ်ဆိုတဲ့ အစိုးရလက်ထက်မှာ ဒီပြဿနာက ဖြေရှင်းဖို့ နီးစပ်လာမလား၊ ဒါမှမဟုတ် ဖြစ်မြဲတိုင်း ဖြစ်နေဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီဖုန်းဘေလ်ဖြတ်တာကို အရေးယူဖို့ လွှတ်တော်နာယက ဖြစ်သူက သတိပေးခဲ့တဲ့ သတင်းက အိန္ဒိယဘက်ကနေ ပဲတန်ချိန် လေးသိန်းခန့် ယခုနှစ်ထဲဝယ်ဖို့ မြန်မာဘက်က တောင်းဆိုထားတဲ့ သတင်း၊ သနပ်ခါးအမည်ခံ အလှကုန်ထဲမှာ သနပ်ခါးကုန်ကြမ်း မပါဝင်ရင် အရေးယူတော့မယ့် သတင်း၊ ခရီးသွားလုပ်ငန်း နည်းဥပဒေ မထွက်သေးလို့ ခရီးသွားလုပ်ငန်းလိုင်စင် ထုတ်ပေးဖို့ ကြန့်ကြာနေတာလို့ ဟိုတယ်/ခရီး ဒုညွှန်/ချုပ်က ပြောလိုက်တဲ့ သတင်း၊ တရုတ်နိုင်ငံကို ဆန်တန်ချိန်လေးသိန်း ကုန်ပစ္စည်းဖလှယ်တဲ့ စနစ်နဲ့ ရောင်းချဖို့ မတ်လ ထဲ MoU ထိုးမယ့် သတင်း၊ ရခိုင်ပြည်နယ်အစိုးရက မြောက်ဦးမြို့သစ်စီမံကိန်းနဲ့ မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုစီမံကိန်း စတင်နေတယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်း၊ အညွှန်းဖော်ပြဖို့  ၂ နှစ် ဆိုင်းငံ့ထားမှုကို လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေလို့  စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့် သတင်း၊ အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ ညောင်နှစ်ပင်စခန်းကို ကိုရီးယားစက်မှုဇုန် ထူထောင်ဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုခဲ့တဲ့ သတင်းတွေထဲ အများစုသတိထားမိခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။

အသံများစွာနဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲ

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲက ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အများပြည်သူကြား စိတ်ဝင်စားစရာ၊ ပြောစရာ ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိမှ နိုင်ငံရေးမှာ တပ်မတော်ပါဝင်နေခြင်းမှ ဆုတ်ခွာရန် အစီအစဉ်ရှိတယ်လို့ ပြောခဲ့သလို  ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို သွားနေတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို တိုင်းရင်းသားတွေ စွန့်ကိုစွန့်လွှတ်ပေးရမယ်ဆိုတဲ့ အယူအဆရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လတ်တလောမှာ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့ရာမှာ AA မှာ KIA ၏ မွေးစားသားဖြစ်ကြောင်းနဲ့  အုပ်ချုပ်မှုယန္တရားကို နှောင့်ယှက်ခြင်း၊ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေရန်နှင့် ထိခိုက်နာကျင်စေရန် လုပ်ဆောင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကို နှောင့်ယှက်ခြင်းများအပေါ် လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့လည်း လမ်းဖွင့်ပေးထားတယ် ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပါတီတစ်စုတစ်ဖွဲ့က လိုသလိုပုံစံပြောင်းပြီး လုပ်ဆောင်ရင် နိုင်ငံ၏အခြေအနေ ယိုင်နဲ့နိုင်ကြောင်းနဲ့ ရပ်တည်မှုမှားသွားရင် နိုင်ငံ စစ်တလင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့တဲ့အတွက် အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ဒီပြောကြားမှုက ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုအသွင် ဆောင်နေမလားလို့ မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းခဲ့တဲ့အတွက် ဗိုလ်မှူးချုပ် မောင်မောင် က နိုင်ငံအတွင်း စစ်တလင်း ဖြစ်နိုင်တယ်လို့ ပြောဆိုတာဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ စွက်ဖက်မှုများအပေါ် ဆိုလိုခြင်းသာဖြစ်ကြောင်း ပြန်ရှင်းခဲ့ပါတယ်။အဆိုပါ ရှင်းလင်းပွဲမှာဘဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ အခြေခံဥပဒေ၏ အနှစ်သာရဖြစ်သော နိုင်ငံတော် အခြေခံမူ (၄၈) ချက်ကို မထိခိုက်ရန် လိုအပ်တယ်လို့ ပြောခဲ့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေကျော်လွန်ပြီး လွှတ်တော်က လုပ်ဆောင်မယ်ဆိုရင် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်မယ်လို့ ပြောခဲ့ပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ အဓိကအားဖြင့် အပစ်ခတ်ရပ်စဲထားမှုနောက်ပိုင်း တိုက်ခိုက်မှု နည်းပါးလာတာတွေ၊ အခြေအနေတိုးတက်လာတာတွေကို ရှင်းခဲ့သလို  အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာတွေကိုလည်း ပြန်ဖြေပေးခဲ့ပါတယ်။ဒီရှင်းလင်းမှုတွေထဲမှာ “တိုင်းရင်းသား လက်နက်ကိုင်တွေ မရှိမှ နိုင်ငံရေးကနေ တပ်မတော်ဆုတ်ခွာမယ်” ဆိုတဲ့အပေါ်  အများပြည်များကြား စိတ်ဝင်စားမှုများစွာရှိခဲ့ပြီး ဝေဖန်သုံးသပ်မှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

ထိုသတင်းစာရှင်းလင်းပွဲအပြီး ဖေဖေါ်ဝါရီ  ၂၆ ရက်နဲ့ ၂၇ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) နဲ့ မိတ်ဖက်အဖွဲ့အစည်းများရဲ့ နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပွဲကနေ တပ်မတော်ကို တိုင်းပြည်၏အကျိုးကို တည့်တည့်ကြည့်ပြီး နိုင်ငံရေးနယ်ပယ်ကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ပါတယ်။အနိမ့်ဆုံးအဆင့်အနေနဲ့ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကြောင့် ဆုတ်ခွာရန် ခက်ခဲနေရင် မည့်သည့်ကာလ၊ မည့်သည့်အခြေအနေမှာ ဆုတ်ခွာမည်ဆိုတာ အချိန်ဇယားအတိအကျနဲ့ ပြည်သူတွေကို ကတိပြုပြောကြားဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အဆိုပါသတင်းတွေက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်း၊ အစိုးရအဖွဲ့ထံ လိမ်လည်တိုင်ကြားရင် တိုင်ကြားသူကို တည်ဆဲဥပဒေနဲ့ အရေးယူဆောင်ရွက်မည်ဆိုတဲ့ သတင်း၊ ရန်ကုန်မြို့တော်၏ အမှိုက်စွန့်ပစ်မှု နည်းစနစ်အတွက် ဂျပန်နိုင်ငံက ဒေါ်လာ ၅ ဒသမ ၅ သန်း ထောက်ပံ့မယ်လို့ ထုတ်ပြန်လိုက်တဲ့ သတင်း၊ အက်ကြောင်းထနေတဲ့ တောင်နဝင်းဆည်ကို အကြီးစားပြင်ဆင်ရန် အစိုးရက စီစဉ်နေတဲ့ သတင်း၊ ယခုနှစ်သြင်္ကန် အင်းလျားမှာ လမ်းလျှောက်သြင်္ကန် ကျင်းပမယ့် သတင်း၊ ဝေဖန်မှုများရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် ဥပဒေမူကြမ်းကို ပြန်လည် ပြင်ဆင်မယ့် သတင်းတွေကြား အများပြည်သူ စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့ပါတယ်။

ရန်ကုန်က နွားထီးနဲ့ ကချင်က ငှက်ပျောတစ်သျှူး

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲ နို့စားနွားမခြံမှာ နွားထီးတွေဘဲရှိတဲ့ သတင်းနဲ့ မြစ်ကြီးနားဂျာနယ် သတင်းသမားနှစ်ဦးကို ‘သခင်စစ်’ ဆိုတဲ့ ကုမ္ပဏီက ဖမ်းဆီးချုပ်နှောင်တဲ့ သတင်းကိစ္စက ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

အရပ်သားအစိုးရလက်ထက် ဘက်ပေါင်းစုံကနေ ဖိအားတွေကြုံနေရတဲ့ သတင်းသမားတွေအတွက် မြစ်ကြီးနား သတင်းထောက်နှစ်ဦးကို ဒေသတွင်းကုမ္ပဏီတစ်ခုက ခေါ်ယူချုပ်နှောင်ခဲ့တဲ့ ဖြစ်ရပ်သတင်းက တရားဥပဒေစိုးမိုးရေးနဲ့ သတင်းလွတ်လပ်ခွင့် ဘယ်အခြေအနေ ရောက်နေပြီဆိုတာကို လှစ်ပြလိုက်သလိုပါဘဲ။  

ဖြစ်စဉ်က ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဖြစ်ခဲ့တာပါ။တစ်သျှူးငှက်ပျော စိုက်ပျိုးမှု သတင်းကို မြစ်ကြီးနားဂျာနယ်မှာ ဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး သတင်းထောက်နှစ်ဦးကို သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီက ဝန်ထမ်းတွေက သတင်းကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လာခေါ်သွားခဲ့တာပါ။ကုမ္ပဏီရောက်တဲ့အခါမှာ သတင်းထောက်နှစ်ဦးကို အိမ်နှစ်အိမ်မှာ သီးခြားချုပ်နှောင်ကာ သတင်းထောက် အမျိုးသမီးအား ဆဲဆိုခြင်း၊ ဂျာနယ်ဖြင့် မျက်နှာအားရိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ပြီး သတင်းထောက် အမျိုးသားကိုလည်း ထိုင်ထလုပ်ခိုင်းခဲ့လို့ ဂျာနယ်တိုက် တာဝန်ရှိတဲ့သူတွေက ရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး သွားရောက်ခေါ်ဆောင်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ် ဆိုပါတယ်။ဒီဖြစ်ရပ်အတွက် ဂျာနယ်ဘက်က သခင်စစ် ကုမ္ပဏီ တာဝန်ရှိသူတွေကို ဝိုင်းမော်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

သတင်းမီဒီယာကောင်စီ အပါအဝင် မီဒီယာအဖွဲ့အစည်းတွေက သတင်းထောက်တွေကို ချုပ်နှောင်ခဲ့တဲ့ သခင်စစ် ကုမ္ပဏီ တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်ရာကို တိုက်တွန်းတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ဖြစ်ပွားရာဒေသက  ဝိုင်းမော် မြို့မရဲစခန်းက သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဒိန်ဆောင် အပါအဝင် ခြောက်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မငါးခုနဲ့ အမှုဖွင့်ခဲ့ပြီး အာမခံပေးရတဲ့ ပုဒ်မတွေမို့ အာမခံပေးခဲ့တယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်က အများပြည်သူကြား သတိထားစောင့်ကြည့်စရာ ဖြစ်ခဲ့ပြီး ဒီဖြစ်ရပ်က အကျိုးအမြတ်များစွာရှိလို့ ကချင်ပြည်နယ်အတွင်းမှာ ခဏခဏပြဿနာတက်နေတဲ့ တစ်သျှူးငှက်ပျော စိုက်ကြတဲ့ သတင်းကိစ္စ ဖြစ်နေတဲ့အတွက် ဒီပြဿနာမှာလည်း ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ ဆက်စောင့်ကြည့်ဖို့ လိုလာမှာ ဖြစ်ပါတယ်။

နောက်ထပ် ထူးထူးခြားခြား သတိထားမိတဲ့ သတင်းတစ်ပုဒ်က နို့စားနွားမွေးမြူတဲ့ ခြံမှာ နွားထီးတွေဘဲရှိနေလို့  ပြန်ရောင်းခိုင်းထားရတဲ့ သတင်းဟာ ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အများပြည်သူကြား ပွဲကျခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က အရှုံးပေါ်နေတဲ့ လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အပေါ် မေးမြန်းခဲ့ရာမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က သူသွားစစ်ခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်ပိုင် နို့စားနွား မွေးမြူရေးခြံမှာ နွားထီးတွေဘဲ ကျန်ခဲ့လို့ မွေးမြူရေးခြံတွေကို ရပ်တန့်ခိုင်းထားတယ်လို့ ဖြေခဲ့ပါတယ်။

မစို နို့စားနွား မွေးမြူရေးခြံမှာ စစ်ဆေးရင်း တွေ့ခဲ့တဲ့ နွားထီးသတင်းက ယခုတစ်ပတ် ကာတွန်းတွေနဲ့ အွန်လိုင်းတွေမှာ လှောင်စရာပြောင်စရာ သတင်းတစ်ခုဖြစ်ခဲ့သလို အရပ်သားအစိုးရလက်ထက်မှာ ပြည်သူ့ဘဏ္ဍာလေလွင့်တဲ့ ဒီလိုအလွဲတွေ ရှိနေဆဲဆိုတာ အများပြည်သူကို ဒီဖြစ်ရပ်က ပြဆိုနေခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ အာဂန္တုသံဃာတော်နှစ်ပါး တောင်ကြီးမြို့ရွှေမုဋ္ဌောဘုရား တောင်တက်လှေကား အတက်အဆင်းမှာ အသတ်ခံထားရတဲ့ သတင်း၊ အမရပူရမြို့နယ် တောင်သမန်ရွာမှာ အရက်ကြောင်နေတဲ့ ဖခင်က (၄) နှစ်အရွယ် သားအမြွှာ ယောကျ်ားလေးနှစ်ဦးကို သတ်ဖြတ်မှု၊ တာဝေးစက်ဘီးစီးပြိုင်ပွဲ ကျင်းပနေစဉ် ကြီးကြပ်တဲ့ဒိုင်ကို ခြောက်ဘီးယာဉ်က ဝင်တိုက်လို့ သေဆုံးတဲ့ သတင်း၊ တပ်ထဲလိုက်ခဲ့လို့ ယာဉ်ထိန်းရဲကို ယာဉ်မောင်းက ခြိမ်းခြောက်ခေါ်ယူခဲ့တဲ့ အမှုမှာ ကားပေါ်ပါသွားတဲ့ ရဲကို ခေါ်ယူစစ်ဆေးခဲ့တဲ့ သတင်း၊ စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် ထက်ထက်ထွန်း အား ရွေးကောက်ပွဲကော်မရှင်ကို ခေါ်ယူသတိပေးခဲ့တဲ့ သတင်း၊ ဖြိုးကိုကိုတင့်ဆန်း ပါ ခြောက်ဦးရဲ့ စွဲချက်တင် အမိန့် ချမှုကို  ပြင်ဆင်ဖို့  မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားခဲ့တဲ့ သတင်း၊ လွှတ်တော်အနီး ဒရုန်းလွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့တဲ့ သတင်း၊ ရတနာပုံ ဆိုက်ဘာစီးတီး ကျောင်းသားကို ရိုက်နှက်လုယက်မှု သတ်ဖြတ်ခဲ့တဲ့ အဓိကတရားခံကို မသေမချင်း ကြိုးကွင်းစွပ်သတ်မိန့်ချခဲ့ပြီး ကျန်သုံးဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့တဲ့ သတင်း၊ ထိုင်းနိုင်ငံ မဟာချိုင်မှာ ထိုင်းနိုင်ငံသားတွေက သေနတ်နဲ့ပစ်လို့ မြန်မာလုပ်သားသုံးဦး ဒဏ်ရခဲ့တဲ့ သတင်း၊ တနင်္သာရီမှာ တရားခံတစ်ဦးကို သွားဖမ်းတဲ့ ဒုရဲအုပ်တစ်ဦး ဓားထိုးခံရလို့ သေဆုံးခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
မတ် - ၁

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ားစုစိတ္ဝင္စားခဲ့တာက ႏို႔စားႏြား ေမြးျမဴေရးၿခံမွာ ႏြားမေတြမရွိဘဲ ႏြားထီးေတြရွိလို႔ ျပန္ေရာင္းခိုင္းထားရတဲ့ သတင္းနဲ႔ ကခ်င္ျပည္နယ္မွာ ငွက္ေပ်ာတစ္ရွဴး သတင္းေရးတဲ့ ျမစ္ႀကီးနားဂ်ာနယ္ သတင္းေထာက္ႏွစ္ေယာက္ကို သခင္စစ္ကုမၸဏီက ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့တဲ့ သတင္းေတြက ထိပ္တန္းစိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး သတင္းေတြ၊ ဖုန္းေဘလ္ျဖတ္ခိုးတာကို လႊတ္ေတာ္က သတိေပးခဲ့တဲ့ သတင္းေတြ၊ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ သတင္းစာရွင္းလင္းပြဲ သတင္းေတြ၊ သူခိုးပါတီလို႔ ေျပာေနသူေတြကို တစ္ဦးခ်င္းသက္ေသနဲ႔ ေထာက္ျပတရားစြဲဖို႔ ျပည္ခိုင္ၿဖိဳးက ေျပာလိုက္တဲ့ သတင္းေတြနဲ႔အတူ အမ်ားျပည္သူ သတိထားမိတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

သူခိုးပါတီ မဟုတ္ဘူး

ေဖေဖာ္ဝါရီ ၂၅ ရက္က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္မွာ ျပည္ခိုင္ၿဖိဳးပါတီက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။ဒီသတင္းစာရွင္းလင္းပြဲမွာ အဓိကအားျဖင့္ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ပါတီရဲ႕ သေဘာထားကို ေျပာဆိုခဲ့တာျဖစ္ၿပီး ဒီပြဲမွာ ၎တို႔ပါတီကို သူခိုးပါတီလို႔ ေျပာေနတဲ့သူေတြကို  သက္ေသအေထာက္အထားရွိရင္ တစ္ဦးတစ္ေယာက္ခ်င္းကို ေထာက္ျပၿပီး ႀကိဳက္တဲ့ပုဒ္မနဲ႔ တရားစြဲဆိုႏိုင္တယ္လို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး က ‘‘မိမိတို႔ ျပည္ခိုင္ၿဖိဳးပါတီသည္ သူခိုးပါတီ မဟုတ္ပါဘူး။အဖြဲ႕အစည္းတစ္ခုက စြပ္စြဲေျပာဆိုေနမႈသာ ျဖစ္ပါတယ္။မည္သည့္အဖြဲ႕အစည္း၊ မည္ကဲ့သို႔ေသာ ပုဂၢိဳလ္မ်ား ဘယ္ကဲ့သို႔ ေဆာင္႐ြက္ေနၾကသလဲဆိုတာကို အားလုံးကေနၿပီးေတာ့ ၾကည့္တတ္ရင္ ျမင္သာပါတယ္” လို႔ ေျပာခဲ့သလို လက္ရွိ အာဏာရပါတီႏွင့္ ပတ္သက္ၿပီး “အခုလက္ရွိ တာဝန္ယူေနေသာ ပုဂၢိဳလ္ေတြေကာ ဘယ္ေလာက္သန႔္ရွင္းၿပီလဲ။သူတို႔ ၂၀၁၅ ကေနၿပီးေတာ့ ၂၀၁၉ ကို ေရာက္လာၿပီ။တကယ္သန႔္သန႔္ရွင္းရွင္း လုပ္ႏိုင္ၿပီလား။ ျပည္သူက ဆိုင္းဘုတ္ေထာင္ၿပီးေတာ့ ျဖဳတ္ခ်ေပးပါဆိုသူေတြ ဒီေန႔ျပဳတ္ၿပီလား။တစ္ခ်ိန္တုန္းက ေျပာခဲ့တယ္၊ ျပည္သူက လက္မခံရင္ အာဏာကို စြဲကိုင္မထားပါဘူးဆိုတဲ့ဟာ သူတို႔မဟုတ္သလိုပဲ။
မလုပ္ဖူးေသးေတာ့ မခိုးဘူးထင္ၾကပါတယ္’’ လို႔ ေျပာခဲ့ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲမွာဘဲ လႊတ္ေတာ္ထဲ တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္း ပါဝင္ေနရမႈအေပၚ အမ်ိဳးသားေရးရည္မွန္းခ်က္ေပၚ မူတည္၍ ပါဝင္ေနရျခင္းလို႔ ေျပာခဲ့ပါတယ္။ဖြဲ႕စည္းပုံ ျပင္ဆင္ေရးႏွင့္ ပတ္သက္ၿပီး ျပင္ဆင္သင့္၊ ျပင္ဆင္ထိုက္တဲ့ ဥပေဒပုဒ္မေတြကို ျပင္ဆင္သင့္၊ ျပင္ဆင္ထိုက္တဲ့ အေျခအေနမွာ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ျပင္ဆင္ေဆာင္႐ြက္သြားမယ္။ဥပေဒနဲ႔အညီ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ က ေျပာခဲ့ပါတယ္။ကာတြန္းေတြနဲ႔ လူမႈကြန္ရက္ေတြမွာ ဒီသတင္းစာရွင္းလင္းပြဲမွာ ရွင္းလင္းခဲ့တဲ့ အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ေထာက္ျပမႈေတြ ေမးခြန္းထုတ္မႈေတြမ်ားစြာ ေပၚေပါက္လာခဲ့ပါတယ္။

ဖြဲ႕စည္းပုံ ျပင္ဆင္ေရးကို ဦးေဆာင္ေနတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေတာ့ ေဖေဖာ္ဝါရီ ၂၄ ရက္က ျပဳလုပ္တဲ့ ပါတီဗဟိုေကာ္မတီ အစည္းအေဝးမွာ ဗဟိုနာယကအဖြဲ႕ဝင္ ႏိုင္ေသာင္းၫြန႔္ က ေအာက္ေျခလြတ္ေနတဲ့ ပါတီဝင္ေတြကို သတိေပးခဲ့သလို  လာမယ့္ေ႐ြးေကာက္ပြဲအတြက္ သုံးဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ လစာေတြထဲကေန ေကာက္ခံထားတဲ့ရန္ပုံေငြ မဲဆြယ္စရိတ္ က်ပ္သိန္းႏွစ္ေသာင္းေက်ာ္ ရွိတယ္လို႔ ဒီခ်ဳပ္ပါတီ ဒုတိယဥကၠ႒ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာခဲ့ပါတယ္။

ဒီသတင္းေတြအျပင္ ယခုတစ္ပတ္ထဲမွာ UNODC ရဲ႕ ကခ်င္ျပည္နယ္အတြင္း ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ စစ္တမ္းေဖာ္ျပခ်က္ ေျမျပင္အေျခအေနနဲ႔ ကြဲလြဲေနတယ္လို႔ KIA က ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ့တဲ့ တပ္မေတာ္နဲ႔ SSPP တို႔ တပ္ပိုင္းဆိုင္ရာ ေဆြးေႏြးပြဲမွာ တိုက္ပြဲမ်ား ေလွ်ာ့ခ်ႏိုင္ေရး ေဆာင္႐ြက္ဖို႔ သေဘာတူခဲ့တဲ့ သတင္း၊ ကူမင္းမွာ ျပဳလုပ္တဲ့ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္ ေလးဖြဲ႕တို႔ ေဆြးေႏြးပြဲမွာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) မွာ  ပါဝင္လက္မွတ္ထိုးဖို႔ အစိုးရကိုယ္စားလွယ္က တိုက္တြန္းခဲ့တဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ တပ္မေတာ္ေဆး႐ုံ ခုတင္ ၁၀၀၀ မွာ ေဆးကုသမႈခံယူေနတဲ့  (PNO) ေခါင္းေဆာင္ ဦးေအာင္ခမ္းထီ ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သြားေရာက္ေတြ႕ဆုံ အားေပးခဲ့တဲ့ သတင္း၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC) မွာ ၿငိမ္းခ်မ္းေရးဆိုင္ရာ ႏိုင္ငံတကာပညာရွင္ ႏွစ္ဦးက အႀကံေပးအျဖစ္ ပါဝင္ေဆာင္႐ြက္မယ့္ သတင္း၊ ေနျပည္ေတာ္ကေန ဘူးသီးေတာင္ကို ေျပာင္းေ႐ႊ႕လာတဲ့ တပ္မေတာ္အရာရွိ ဇနီး ပါဆယ္ဗုံးေပါက္လို႔ ေသဆုံးခဲ့တဲ့ သတင္း၊ တပ္မေတာ္နဲ႔ AA တိုက္ပြဲအေျခအေနကို ရခိုင္အမ်ိဳးသားပါတီ (ANP) က အေမရိကန္ သံအမတ္ႀကီးထံ တင္ျပခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

အေျခခံဥပေဒ ျပင္ဆင္ေရး အသက္ဝင္လာၿပီလား

ယခုတစ္ပတ္ သတင္းေတြထဲမွာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး သတင္းေတြက သတင္းစာမ်က္ႏွာေတြထဲမွာ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။ေဖေဖၚဝါရီ ၁၉ ရက္က ဖြဲ႕စည္းခဲ့တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဟာ ေဖေဖၚဝါရီ ၂၅ ရက္မွာ ေကာ္မတီရဲ႕ ဒုတိယေျမာက္အစည္းအေဝးကို က်င္းပခဲ့ပါတယ္။
အဆိုပါေကာ္မတီ အစည္းအေဝးကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႕နဲ႔ ျပည္ခိုင္ၿဖိဳးပါတီတို႔ ပထမဆုံးအႀကိမ္ တက္ေရာက္ခဲ့ပါတယ္။

အဆိုပါအစည္းအေဝးမွာ ျပင္ဆင္မယ့္ အခန္းေတြအလိုက္နဲ႔ လုပ္ငန္းစဥ္၊ ေတြ႕ဆုံစည္းေဝးၾကမယ့္ ရက္ေတြကို သတ္မွတ္ခဲ့ၾကပါတယ္။ဒီအစည္းအေဝးမွာ အခန္း-၁ နဲ႔ ပတ္သက္ၿပီး ျပင္လိုတာရွိတာေတြကို ျပင္ဆင္ဖို႔ ေကာ္မတီဝင္ေတြကို ေပးခဲ့ၿပီး လႊတ္ေတာ္ပိတ္ရက္မ်ားအတြင္း ေကာ္မတီအစည္းအေဝးမ်ား  ဆက္တိုက္လုပ္ေဆာင္ရန္ သေဘာတူညီခဲ့ၾကပါတယ္။ေကာ္မတီက အစည္းအေဝးေတြစကာ အေျခခံဥပေဒမွာပါတဲ့ အခန္းေတြအလိုက္ ျပင္ဆင္မယ့္ အပိုဒ္ေတြကို စတင္ေနခ်ိန္မွာ ဒီေကာ္မတီနဲ႔ ပတ္သက္ၿပီး အေျခခံဥပေဒနဲ႔ ညီ/မညီ ဆိုတဲ့ ကန႔္ကြက္ခ်က္ေတြလည္း ရွိေနပါေသးတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဘက္ကေတာ့ ေဖေဖာ္ဝါရီ ၂၄ ရက္က ျပဳလုပ္တဲ့ ပါတီဗဟိုေကာ္မတီ အစည္းအေဝးအၿပီးမွာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမႉး အဖြဲ႕ဝင္ ဦးဉာဏ္ဝင္း က မီဒီယာေတြကို ေျပာခဲ့ရာမွာေတာ့ အေျခခံဥပေဒႏွင့္ ညီၫႊတ္ျခင္း ရွိ၊ မရွိ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးကသာ  ဆုံးျဖတ္ႏိုင္တယ္လို႔ ျပန္တုံ႔ျပန္ခဲ့ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ တိတိက်က် ရွင္းလင္းျပ႒ာန္းၿပီးျဖစ္လို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးတင္ၿပီး အဆုံးအျဖတ္ခံယူရန္ မလိုဘူးလို႔ ဆိုပါတယ္။

ဒီလိုျပင္ဆင္မႈအတြက္ ဝိဝါဒကြဲမႈေတြ ျဖစ္ေပးေနတဲ့ အခ်ိန္မွာဘဲ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး ျပည္ခိုင္ၿဖိဳးဘက္က အၿပိဳင္ အေျခခံဥပေဒ ျပင္ဆင္ခ်က္ကို ေဖေဖၚဝါရီ ၂၅ ရက္က ျပည္ခိုင္ၿဖိဳးပါတီက ဦးေဆာင္ၿပီး တင္ခဲ့ပါတယ္။ဒီျပင္ဆင္ခ်က္မွာ အေျခခံဥပေဒပုဒ္မ ၂၆၁ ကိုသာ ျပင္ဆင္ထားတာျဖစ္ၿပီး ဒီျပင္ဆင္ခ်က္မွာ ျပည္နယ္ႏွင့္ တိုင္း ဝန္ႀကီးခ်ဳပ္မ်ားကို သက္ဆိုင္ရာ ျပည္နယ္ႏွင့္ တိုင္း လႊတ္ေတာ္မ်ားက တင္ေျမႇာက္ခြင့္ရရွိေရး တစ္ခ်က္တည္းသာ ျပင္ဆင္ထားတာျဖစ္ၿပီး ျပည္ခိုင္ၿဖိဳးပါတီ၊ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားႏွင့္ တိုင္းရင္းသား ကိုယ္စားလွယ္အခ်ိဳ႕ လက္မွတ္ေရးထိုးၿပီး လႊတ္ေတာ္ကို တင္သြင္းခဲ့တာပါ။အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒ ဦးေဇာ္မင္း ကေတာ့ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းမ်ား သီးျခားစီ ထပ္မံတင္သြင္းေနမယ့္အစား ၄၅ ဦး ေကာ္မတီတြင္သာ  တေပါင္းတည္း ေဆြးေႏြးသင့္တယ္လို႔ ေျပာခဲ့ပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ျပင္ဆင္ေရးအဆိုကို အၿပိဳင္တင္သြင္းတာေတြ၊ ပူးေပါင္းေကာ္မတီဘက္က အစည္းအေဝးေတြ စလုပ္ေနတာေတြ ျဖစ္ေနခ်ိန္မွာ ႏိုင္ငံတစ္ဝန္းမွာ  ဖြဲ႕စည္းပုံ ျပင္ဆင္ေရးအတြက္ ႀကိဳဆိုေထာက္ခံပြဲေတြလည္း က်င္းပခဲ့ၾကပါတယ္။ေဖေဖာ္ဝါရီ ၂၃ ရက္က မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕မွာ ျပဳလုပ္သလို ေဖေဖၚဝါရီ ၂၇ ရက္မွာ ရန္ကုန္ၿမိဳ႕မွာ ဖြဲ႕စည္းပုံျပင္ဆင္ေရး ႀကိဳဆိုေထာက္ခံပြဲ လုပ္ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕မွာလုပ္တဲ့ ေထာက္ခံပြဲမွာ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုျမေအး တက္ေရာက္ေဟာေျပာခဲ့သလို တက္ေရာက္သူေတြက ‘၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေပး’ စာသားပါ အနီေရာင္ေခါင္းစည္းမ်ား စည္းထားၿပီး ရင္ဘက္၌ ‘၂၀၀၈ ေျခ/ဥ ေကာင္းက်ိဳးမျဖစ္ ျပည္သူအားနဲ႔ ဖယ္ရွားပစ္’ စတစ္ကာေတြကပ္ၿပီး စစ္ဖိနပ္ေအာက္မွ လြတ္ေျမာက္ဖို႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဖို႔၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေပး’ စသည့္ စာသားမ်ားပါ ဗီႏိုင္းေတြကိုင္ၿပီး တက္ေရာက္ခဲ့ၾကပါတယ္။

အေျခခံဥပေဒ ျပင္ဆင္ေရး လႈပ္ရွားမႈက ျပည္နယ္နဲ႔ တိုင္းေတြက ၿမိဳ႕ႀကီးေတြမွာ ဆက္တိုက္ျဖစ္လာတာကို ေတြ႕လာရသလို ေတာင္ႀကီးၿမိဳ႕မွာ မတ္ ၃ ရက္မွာ လုပ္ဖို႔ရွိေနသလို ေကာ္မတီအစည္းအေဝးလည္း က်င္းပလာၿပီ ျဖစ္လာတဲ့အတြက္ ဒီတစ္ခါ အေျခခံဥပေဒ ျပင္ဆင္ေရးက အရင္တစ္ခါကထက္ ပိုၿပီးအလုပ္ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဖုန္းေဘလ္ ျဖတ္ခိုးတာကို သတိေပးခဲ့တဲ့ လႊတ္ေတာ္

မိုဘိုင္းဖုန္း အသုံျပဳသူတိုင္း ကိုယ္ဝယ္လိုက္တဲ့ ဖုန္းေဘလ္ထဲကေန က်သင့္တာထက္ ပိုကုန္က်ေနတာ၊ ကိုယ္မယူထားတဲ့ အစီအစဥ္ေတြကို ကိုယ္မသိလိုက္ဘဲ ဖုန္းေအာ္ပေရတာ သေဘာနဲ႔ ယူၿပီး ကိုယ့္ဖုန္းေဘလ္ထဲကေန ျဖတ္ခ်လိုက္တာမ်ိဳးေတြ ႀကဳံဖူးၾကမွာပါ။ဒါက ဖုန္းသုံးစြဲသူတိုင္း ဖုန္းေဘလ္တစ္ေထာင္ျဖည့္တိုင္း အနည္းဆုံး ေငြက်ပ္ ၅၀ ေလာက္က အလကားနီးပါး ဖုန္းေအာ္ပေရတာကုမၸဏီရဲ႕ ခိုးယူတာကို ခံလိုက္ရတာပါ။တစ္ေယာက္ခ်င္းစီမွာ တစ္ရက္ကို ေငြတစ္ဆယ္က်ပ္ အနည္းဆုံး အျဖတ္ခံရတယ္ဆိုရင္ ဖုန္းကတ္ သန္းနဲ႔ခ်ီၿပီး ေရာင္းခ်ထားတဲ့ ကုမၸဏီေတြ တစ္ရက္ကို သုံးစြဲသူေတြဆီကေန ေငြသန္းရာေက်ာ္၊ က်ပ္ဘီလ်ံနဲ႔ခ်ီၿပီး အလကားရေနတယ္ဆိုတာ ထိတ္လန႔္စရာပါ။ဒီအတြက္ ေစာဒကတက္တဲ့အခါ စက္ခ်ိဳ႕ယြင္းလို႔ ျဖတ္ခ်တာပါဆိုတဲ့ အေၾကာင္းျပခ်က္သာရွိၿပီး စက္က ပိုေပးလိုက္တာမ်ိဳး မရွိတဲ့အတြက္ ဖုန္းသုံးစြဲသူေတြ နစ္နာေနတာ ႏွစ္နဲ႔ခ်ီၿပီး ၾကာခဲ့ပါၿပီ။

ယခုဖုန္းေဘလ္ျဖတ္ခိုးတဲ့ ကိစၥက ျပည္သူ႔လႊတ္ေတာ္ထဲ ေရာက္လာခဲ့ပါတယ္။ေဖေဖၚဝါရီ ၂၄ ရက္က ျပဳလုပ္တဲ့  ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုး က ဆက္သြယ္ေရး ေအာ္ပေရတာေတြက မိုဘိုင္းဖုန္းအသုံးျပဳသူေတြကို အသိမေပးဘဲ ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ ဝန္ေဆာင္မႈမ်ားအတြက္ဆိုကာ ဖုန္းဘီလ္မ်ား ျဖတ္ေတာက္ခိုးယူေနတာကို အေရးယူရန္ ရွိ၊ မရွိ ေမးခဲ့ပါတယ္။

ဒီလိုေမးျမန္းမႈအေပၚ သက္ဆိုင္တဲ့ ပို႔/ဆက္ ဒုဝန္ႀကီးက လာေရာက္ေျဖဆိုခဲ့ရာမွာ ေဘလ္ခိုးတဲ့ ေအာ္ပေရတာေတြကို တည္ဆဲဆက္သြယ္ေရး ဥပေဒအရ အေရးယူႏိုင္တဲ့ ျပ႒ာန္းခ်က္က သတိေပးျခင္း၊ လိုင္စင္ယာယီရပ္ဆိုင္းျခင္းႏွင့္ အၿပီးပိတ္သိမ္းေစျခင္း စတဲ့ အခ်က္ ၃ ခ်က္သာျဖစ္ၿပီး လိုင္စင္ယာယီပိတ္သိမ္းျခင္းႏွင့္ အၿပီးပိတ္သိမ္းေစျခင္း နည္းလမ္းေတြက အေရးယူဖို႔ မျဖစ္ႏိုင္လို႔ ယမန္ႏွစ္ ဝင္ေငြရဲ႕ ၅ ရာခိုင္ႏႈန္း ဒဏ္ေၾကးအျဖစ္ ေပးေဆာင္ေစတဲ့ အေရးယူမႈ ျပဳလုပ္ေနရတယ္လို႔ ေျဖၾကားခဲ့ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ က ဝန္ႀကီးဌာနကို ဖုန္းေအာ္ပေရတာေတြ ဖုန္းဘီလ္မ်ား မေလ်ာ္မကန္ ျဖတ္ေတာက္ခံရမႈမ်ားရွိေၾကာင္း ေပၚေပါက္ေနလို႔ ဖိဖိစီးစီးအေရးယူဖို႔ အလ်င္အျမန္ ေဆာင္႐ြက္သင့္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ဒါေပမယ့္ ဥပေဒ၊ နည္းဥပေဒေတြ ျပင္ဆင္ဖို႔ လိုေသးတဲ့အျပင္ ဆက္သြယ္ေရးပုဒ္မ ၆၆ နဲ႔ အေရးယူလို႔ရေအာင္ ျပင္ဆင္ဖို႔ အႀကံျပဳတဲ့အတြက္ ျပည္သူေတြဘက္က ရွိမယ္ဆိုတဲ့ အစိုးရလက္ထက္မွာ ဒီျပႆနာက ေျဖရွင္းဖို႔ နီးစပ္လာမလား၊ ဒါမွမဟုတ္ ျဖစ္ၿမဲတိုင္း ျဖစ္ေနဦးမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီဖုန္းေဘလ္ျဖတ္တာကို အေရးယူဖို႔ လႊတ္ေတာ္နာယက ျဖစ္သူက သတိေပးခဲ့တဲ့ သတင္းက အိႏၵိယဘက္ကေန ပဲတန္ခ်ိန္ ေလးသိန္းခန႔္ ယခုႏွစ္ထဲဝယ္ဖို႔ ျမန္မာဘက္က ေတာင္းဆိုထားတဲ့ သတင္း၊ သနပ္ခါးအမည္ခံ အလွကုန္ထဲမွာ သနပ္ခါးကုန္ၾကမ္း မပါဝင္ရင္ အေရးယူေတာ့မယ့္ သတင္း၊ ခရီးသြားလုပ္ငန္း နည္းဥပေဒ မထြက္ေသးလို႔ ခရီးသြားလုပ္ငန္းလိုင္စင္ ထုတ္ေပးဖို႔ ၾကန႔္ၾကာေနတာလို႔ ဟိုတယ္/ခရီး ဒုၫႊန္/ခ်ဳပ္က ေျပာလိုက္တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံကို ဆန္တန္ခ်ိန္ေလးသိန္း ကုန္ပစၥည္းဖလွယ္တဲ့ စနစ္နဲ႔ ေရာင္းခ်ဖို႔ မတ္လ ထဲ MoU ထိုးမယ့္ သတင္း၊ ရခိုင္ျပည္နယ္အစိုးရက ေျမာက္ဦးၿမိဳ႕သစ္စီမံကိန္းနဲ႔ မာန္ေအာင္ကြၽန္း ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးမႈစီမံကိန္း စတင္ေနတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တဲ့ သတင္း၊ အၫႊန္းေဖာ္ျပဖို႔  ၂ ႏွစ္ ဆိုင္းငံ့ထားမႈကို လႊတ္ေတာ္ႏွစ္ရပ္ သေဘာထားကြဲလြဲေနလို႔  စားသုံးသူကာကြယ္ေရး ဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္မယ့္ သတင္း၊ အေျခခံဥပေဒ ေရးဆြဲခဲ့တဲ့ ေညာင္ႏွစ္ပင္စခန္းကို ကိုရီးယားစက္မႈဇုန္ ထူေထာင္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ခြင့္ျပဳခဲ့တဲ့ သတင္းေတြထဲ အမ်ားစုသတိထားမိခဲ့တဲ့ သတင္းျဖစ္ခဲ့ပါတယ္။

အသံမ်ားစြာနဲ႔ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲ

ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္မွာ ေဖေဖာ္ဝါရီ ၂၃ ရက္က ျပဳလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ သတင္းစာရွင္းလင္းပြဲက ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္း အမ်ားျပည္သူၾကား စိတ္ဝင္စားစရာ၊ ေျပာစရာ ျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦး က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား မရွိမွ ႏိုင္ငံေရးမွာ တပ္မေတာ္ပါဝင္ေနျခင္းမွ ဆုတ္ခြာရန္ အစီအစဥ္ရွိတယ္လို႔ ေျပာခဲ့သလို  ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကို သြားေနတဲ့အတြက္ လက္နက္ကိုင္လမ္းစဥ္ကို တိုင္းရင္းသားေတြ စြန႔္ကိုစြန႔္လႊတ္ေပးရမယ္ဆိုတဲ့ အယူအဆရွိတယ္လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ လတ္တေလာမွာ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲျဖစ္ေနတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA နဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေျပာၾကားခဲ့ရာမွာ AA မွာ KIA ၏ ေမြးစားသားျဖစ္ေၾကာင္းနဲ႔  အုပ္ခ်ဳပ္မႈယႏၲရားကို ေႏွာင့္ယွက္ျခင္း၊ လူထုကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစရန္ႏွင့္ ထိခိုက္နာက်င္ေစရန္ လုပ္ေဆာင္ျခင္းႏွင့္ လမ္းပန္းဆက္သြယ္ေရးကို ေႏွာင့္ယွက္ျခင္းမ်ားအေပၚ လက္မခံႏိုင္ေၾကာင္း ေျပာၾကားခဲ့ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔လည္း လမ္းဖြင့္ေပးထားတယ္ ဆိုပါတယ္။

ေဖေဖာ္ဝါရီ ၁၉ ရက္က ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရး ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းမႈအေပၚ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္ က ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ပါတီတစ္စုတစ္ဖြဲ႕က လိုသလိုပုံစံေျပာင္းၿပီး လုပ္ေဆာင္ရင္ ႏိုင္ငံ၏အေျခအေန ယိုင္နဲ႔ႏိုင္ေၾကာင္းနဲ႔ ရပ္တည္မႈမွားသြားရင္ ႏိုင္ငံ စစ္တလင္းျဖစ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့တဲ့အတြက္ အဆိုပါ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္တစ္ဦးက ဒီေျပာၾကားမႈက ျပည္သူလူထုအေပၚ ၿခိမ္းေျခာက္မႈအသြင္ ေဆာင္ေနမလားလို႔ ေမးျမန္းခဲ့ပါတယ္။

ဒီလိုေမးျမန္းခဲ့တဲ့အတြက္ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္ က ႏိုင္ငံအတြင္း စစ္တလင္း ျဖစ္ႏိုင္တယ္လို႔ ေျပာဆိုတာဟာ အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ စြက္ဖက္မႈမ်ားအေပၚ ဆိုလိုျခင္းသာျဖစ္ေၾကာင္း ျပန္ရွင္းခဲ့ပါတယ္။အဆိုပါ ရွင္းလင္းပြဲမွာဘဲ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီ က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ရာမွာ အေျခခံဥပေဒ၏ အႏွစ္သာရျဖစ္ေသာ ႏိုင္ငံေတာ္ အေျခခံမူ (၄၈) ခ်က္ကို မထိခိုက္ရန္ လိုအပ္တယ္လို႔ ေျပာခဲ့သလို ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးကို ဥပေဒေက်ာ္လြန္ၿပီး လႊတ္ေတာ္က လုပ္ေဆာင္မယ္ဆိုရင္ ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားကို ထိခိုက္မယ္လို႔ ေျပာခဲ့ပါတယ္။

အဆိုပါ သတင္းစာရွင္းလင္းပြဲမွာ အဓိကအားျဖင့္ အပစ္ခတ္ရပ္စဲထားမႈေနာက္ပိုင္း တိုက္ခိုက္မႈ နည္းပါးလာတာေတြ၊ အေျခအေနတိုးတက္လာတာေတြကို ရွင္းခဲ့သလို  အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြ ေမးျမန္းတာေတြကိုလည္း ျပန္ေျဖေပးခဲ့ပါတယ္။ဒီရွင္းလင္းမႈေတြထဲမွာ “တိုင္းရင္းသား လက္နက္ကိုင္ေတြ မရွိမွ ႏိုင္ငံေရးကေန တပ္မေတာ္ဆုတ္ခြာမယ္” ဆိုတဲ့အေပၚ  အမ်ားျပည္မ်ားၾကား စိတ္ဝင္စားမႈမ်ားစြာရွိခဲ့ၿပီး ေဝဖန္သုံးသပ္မႈေတြလည္း ေပၚထြက္ခဲ့ပါတယ္။

ထိုသတင္းစာရွင္းလင္းပြဲအၿပီး ေဖေဖၚဝါရီ  ၂၆ ရက္နဲ႔ ၂၇ ရက္က ရန္ကုန္မွာျပဳလုပ္တဲ့ စည္းလုံးညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္ (UNA) နဲ႔ မိတ္ဖက္အဖြဲ႕အစည္းမ်ားရဲ႕ ႏွစ္ရက္ၾကာ ညႇိႏႈိင္းေဆြးေႏြးပြဲကေန တပ္မေတာ္ကို တိုင္းျပည္၏အက်ိဳးကို တည့္တည့္ၾကည့္ၿပီး ႏိုင္ငံေရးနယ္ပယ္ကေန ဆုတ္ခြာေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။အနိမ့္ဆုံးအဆင့္အေနနဲ႔ လက္ရွိတိုင္းျပည္ရဲ႕ အေျခအေနအရပ္ရပ္ေၾကာင့္ ဆုတ္ခြာရန္ ခက္ခဲေနရင္ မည့္သည့္ကာလ၊ မည့္သည့္အေျခအေနမွာ ဆုတ္ခြာမည္ဆိုတာ အခ်ိန္ဇယားအတိအက်နဲ႔ ျပည္သူေတြကို ကတိျပဳေျပာၾကားဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။

အဆိုပါသတင္းေတြက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ သတင္း၊ အစိုးရအဖြဲ႕ထံ လိမ္လည္တိုင္ၾကားရင္ တိုင္ၾကားသူကို တည္ဆဲဥပေဒနဲ႔ အေရးယူေဆာင္႐ြက္မည္ဆိုတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ေတာ္၏ အမႈိက္စြန႔္ပစ္မႈ နည္းစနစ္အတြက္ ဂ်ပန္ႏိုင္ငံက ေဒၚလာ ၅ ဒသမ ၅ သန္း ေထာက္ပံ့မယ္လို႔ ထုတ္ျပန္လိုက္တဲ့ သတင္း၊ အက္ေၾကာင္းထေနတဲ့ ေတာင္နဝင္းဆည္ကို အႀကီးစားျပင္ဆင္ရန္ အစိုးရက စီစဥ္ေနတဲ့ သတင္း၊ ယခုႏွစ္ၾသကၤန္ အင္းလ်ားမွာ လမ္းေလွ်ာက္ၾသကၤန္ က်င္းပမယ့္ သတင္း၊ ေဝဖန္မႈမ်ားရွိေနတဲ့ ရန္ကုန္တိုင္းေဒသႀကီး စာၾကည့္တိုက္ ဥပေဒမူၾကမ္းကို ျပန္လည္ ျပင္ဆင္မယ့္ သတင္းေတြၾကား အမ်ားျပည္သူ စိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့ပါတယ္။

ရန္ကုန္က ႏြားထီးနဲ႔ ကခ်င္က ငွက္ေပ်ာတစ္သွ်ဴး

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲ ႏို႔စားႏြားမၿခံမွာ ႏြားထီးေတြဘဲရွိတဲ့ သတင္းနဲ႔ ျမစ္ႀကီးနားဂ်ာနယ္ သတင္းသမားႏွစ္ဦးကို ‘သခင္စစ္’ ဆိုတဲ့ ကုမၸဏီက ဖမ္းဆီးခ်ဳပ္ေႏွာင္တဲ့ သတင္းကိစၥက ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

အရပ္သားအစိုးရလက္ထက္ ဘက္ေပါင္းစုံကေန ဖိအားေတြႀကဳံေနရတဲ့ သတင္းသမားေတြအတြက္ ျမစ္ႀကီးနား သတင္းေထာက္ႏွစ္ဦးကို ေဒသတြင္းကုမၸဏီတစ္ခုက ေခၚယူခ်ဳပ္ေႏွာင္ခဲ့တဲ့ ျဖစ္ရပ္သတင္းက တရားဥပေဒစိုးမိုးေရးနဲ႔ သတင္းလြတ္လပ္ခြင့္ ဘယ္အေျခအေန ေရာက္ေနၿပီဆိုတာကို လွစ္ျပလိုက္သလိုပါဘဲ။  

ျဖစ္စဥ္က ေဖေဖာ္ဝါရီ ၂၆ ရက္ နံနက္ပိုင္းက ျဖစ္ခဲ့တာပါ။တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးမႈ သတင္းကို ျမစ္ႀကီးနားဂ်ာနယ္မွာ ေဖာ္ျပခဲ့မႈနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ႏွစ္ဦးကို သခင္စစ္ သတၱဳတူးေဖာ္ေရးကုမၸဏီက ဝန္ထမ္းေတြက သတင္းကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ လာေခၚသြားခဲ့တာပါ။ကုမၸဏီေရာက္တဲ့အခါမွာ သတင္းေထာက္ႏွစ္ဦးကို အိမ္ႏွစ္အိမ္မွာ သီးျခားခ်ဳပ္ေႏွာင္ကာ သတင္းေထာက္ အမ်ိဳးသမီးအား ဆဲဆိုျခင္း၊ ဂ်ာနယ္ျဖင့္ မ်က္ႏွာအား႐ိုက္ျခင္း၊ ၿခိမ္းေျခာက္ျခင္း ျပဳလုပ္ၿပီး သတင္းေထာက္ အမ်ိဳးသားကိုလည္း ထိုင္ထလုပ္ခိုင္းခဲ့လို႔ ဂ်ာနယ္တိုက္ တာဝန္ရွိတဲ့သူေတြက ရဲတပ္ဖြဲ႕ကို အကူအညီေတာင္းၿပီး သြားေရာက္ေခၚေဆာင္ခဲ့ရတဲ့အထိ ျဖစ္ခဲ့တယ္ ဆိုပါတယ္။ဒီျဖစ္ရပ္အတြက္ ဂ်ာနယ္ဘက္က သခင္စစ္ ကုမၸဏီ တာဝန္ရွိသူေတြကို ဝိုင္းေမာ္ၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္ခဲ့ပါတယ္။

သတင္းမီဒီယာေကာင္စီ အပါအဝင္ မီဒီယာအဖြဲ႕အစည္းေတြက သတင္းေထာက္ေတြကို ခ်ဳပ္ေႏွာင္ခဲ့တဲ့ သခင္စစ္ ကုမၸဏီ တာဝန္ရွိသူေတြကို ထိေရာက္စြာ အေရးယူေပးဖို႔ သက္ဆိုင္ရာကို တိုက္တြန္းေတာင္းဆိုမႈေတြ လုပ္ခဲ့ပါတယ္။ျဖစ္ပြားရာေဒသက  ဝိုင္းေမာ္ ၿမိဳ႕မရဲစခန္းက သခင္စစ္ သတၱဳတူးေဖာ္ေရးကုမၸဏီ မန္ေနဂ်င္း ဒါ႐ိုက္တာ ဦးဒိန္ေဆာင္ အပါအဝင္ ေျခာက္ဦးကို ရာဇသတ္ႀကီး ဥပေဒပုဒ္မငါးခုနဲ႔ အမႈဖြင့္ခဲ့ၿပီး အာမခံေပးရတဲ့ ပုဒ္မေတြမို႔ အာမခံေပးခဲ့တယ္လို႔ ဆိုပါတယ္။

ယခုျဖစ္ရပ္က အမ်ားျပည္သူၾကား သတိထားေစာင့္ၾကည့္စရာ ျဖစ္ခဲ့ၿပီး ဒီျဖစ္ရပ္က အက်ိဳးအျမတ္မ်ားစြာရွိလို႔ ကခ်င္ျပည္နယ္အတြင္းမွာ ခဏခဏျပႆနာတက္ေနတဲ့ တစ္သွ်ဴးငွက္ေပ်ာ စိုက္ၾကတဲ့ သတင္းကိစၥ ျဖစ္ေနတဲ့အတြက္ ဒီျပႆနာမွာလည္း ဘာေတြဆက္ျဖစ္လာမလည္းဆိုတာ ဆက္ေစာင့္ၾကည့္ဖို႔ လိုလာမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ထူးထူးျခားျခား သတိထားမိတဲ့ သတင္းတစ္ပုဒ္က ႏို႔စားႏြားေမြးျမဴတဲ့ ၿခံမွာ ႏြားထီးေတြဘဲရွိေနလို႔  ျပန္ေရာင္းခိုင္းထားရတဲ့ သတင္းဟာ ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ားျပည္သူၾကား ပြဲက်ခဲ့တဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ေဖေဖၚဝါရီ ၂၇ ရက္က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၾကည္ျပာ က အရႈံးေပၚေနတဲ့ လုပ္ငန္းမ်ားနဲ႔ ပတ္သက္ၿပီး ဘယ္လိုေဆာင္႐ြက္မလဲဆိုတဲ့အေပၚ ေမးျမန္းခဲ့ရာမွာ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး က သူသြားစစ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ပိုင္ ႏို႔စားႏြား ေမြးျမဴေရးၿခံမွာ ႏြားထီးေတြဘဲ က်န္ခဲ့လို႔ ေမြးျမဴေရးၿခံေတြကို ရပ္တန႔္ခိုင္းထားတယ္လို႔ ေျဖခဲ့ပါတယ္။

မစို ႏို႔စားႏြား ေမြးျမဴေရးၿခံမွာ စစ္ေဆးရင္း ေတြ႕ခဲ့တဲ့ ႏြားထီးသတင္းက ယခုတစ္ပတ္ ကာတြန္းေတြနဲ႔ အြန္လိုင္းေတြမွာ ေလွာင္စရာေျပာင္စရာ သတင္းတစ္ခုျဖစ္ခဲ့သလို အရပ္သားအစိုးရလက္ထက္မွာ ျပည္သူ႔ဘ႑ာေလလြင့္တဲ့ ဒီလိုအလြဲေတြ ရွိေနဆဲဆိုတာ အမ်ားျပည္သူကို ဒီျဖစ္ရပ္က ျပဆိုေနခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ အာဂႏၲဳသံဃာေတာ္ႏွစ္ပါး ေတာင္ႀကီးၿမိဳ႕ေ႐ႊမုေ႒ာဘုရား ေတာင္တက္ေလွကား အတက္အဆင္းမွာ အသတ္ခံထားရတဲ့ သတင္း၊ အမရပူရၿမိဳ႕နယ္ ေတာင္သမန္႐ြာမွာ အရက္ေၾကာင္ေနတဲ့ ဖခင္က (၄) ႏွစ္အ႐ြယ္ သားအႁမႊာ ေယာက်္ားေလးႏွစ္ဦးကို သတ္ျဖတ္မႈ၊ တာေဝးစက္ဘီးစီးၿပိဳင္ပြဲ က်င္းပေနစဥ္ ႀကီးၾကပ္တဲ့ဒိုင္ကို ေျခာက္ဘီးယာဥ္က ဝင္တိုက္လို႔ ေသဆုံးတဲ့ သတင္း၊ တပ္ထဲလိုက္ခဲ့လို႔ ယာဥ္ထိန္းရဲကို ယာဥ္ေမာင္းက ၿခိမ္းေျခာက္ေခၚယူခဲ့တဲ့ အမႈမွာ ကားေပၚပါသြားတဲ့ ရဲကို ေခၚယူစစ္ေဆးခဲ့တဲ့ သတင္း၊ စည္ပင္ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အလွမယ္ ထက္ထက္ထြန္း အား ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ေခၚယူသတိေပးခဲ့တဲ့ သတင္း၊ ၿဖိဳးကိုကိုတင့္ဆန္း ပါ ေျခာက္ဦးရဲ႕ စြဲခ်က္တင္ အမိန႔္ ခ်မႈကို  ျပင္ဆင္ဖို႔  မႏၲေလးတိုင္းေဒသႀကီး တရားလႊတ္ေတာ္သို႔ ေလွ်ာက္ထားခဲ့တဲ့ သတင္း၊ လႊတ္ေတာ္အနီး ဒ႐ုန္းလႊတ္တင္ခဲ့တဲ့ ျပင္သစ္ႏိုင္ငံသားကို အလုပ္ႏွင့္ ေထာင္ဒဏ္တစ္လ အမိန႔္ခ်မွတ္ခဲ့တဲ့ သတင္း၊ ရတနာပုံ ဆိုက္ဘာစီးတီး ေက်ာင္းသားကို ႐ိုက္ႏွက္လုယက္မႈ သတ္ျဖတ္ခဲ့တဲ့ အဓိကတရားခံကို မေသမခ်င္း ႀကိဳးကြင္းစြပ္သတ္မိန႔္ခ်ခဲ့ၿပီး က်န္သုံးဦးကို ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္ခဲ့တဲ့ သတင္း၊ ထိုင္းႏိုင္ငံ မဟာခ်ိဳင္မွာ ထိုင္းႏိုင္ငံသားေတြက ေသနတ္နဲ႔ပစ္လို႔ ျမန္မာလုပ္သားသုံးဦး ဒဏ္ရခဲ့တဲ့ သတင္း၊ တနသၤာရီမွာ တရားခံတစ္ဦးကို သြားဖမ္းတဲ့ ဒုရဲအုပ္တစ္ဦး ဓားထိုးခံရလို႔ ေသဆုံးခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
မတ္ - ၁