【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်ဆိုတာ မာဖီးယားတွေနေရာလား ကောင်းဘွိုင်တွေနေရာလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်ဆိုတာ မာဖီးယားတွေနေရာလား ကောင်းဘွိုင်တွေနေရာလား

ယခုတစ်ပတ် သတင်းတွေထဲ လှိုင်သာယာမှာဖြစ်တဲ့ သေနတ်နဲ့ လာရောက်ပစ်သတ်ခဲ့တဲ့ သတင်းက လူတွေရဲ့စိတ်ကို အဖမ်းစားဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ ရွှေနဲ့ ဒေါ်လာ ဈေးကစားနေသူတွေကို စသုံးလုံးက ခေါ်စစ်ပြီးနောက်ပိုင်းမှာ ဒေါ်လာဈေးကျလာတဲ့ သတင်းနဲ့ ကုလညီလာခံမှာ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဘင်္ဂလားဒေရှ့် အပါအဝင် ဗြိတိန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေ ကြိုးစားခဲ့တဲ့ သတင်းတွေမျိုးတွေ ဖြစ်ခဲ့ပါတယ်။
    

ဒီသတင်းတွေက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်ကို အချိန်တိုအတွင်း လမ်းကြောင်းလွဲစေရန် မလုပ်ဆောင်သင့်ဘူးလို့ ပြောလိုက်တဲ့ သတင်း၊ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ စာချုပ်ကို မြန်မာအစိုးရက စက်တင်ဘာ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ သတင်း၊ လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည် ကို ခန့်အပ်လိုက်တဲ့ သတင်းတွေထဲ တမူထူးခြားနေတဲ့ မြန်မာအရေး သတင်းတွေ ဖြစ်နေခဲ့ပါတယ်။    

မာဖီးယားတွေနေရာလား ကောင်းဘွိုင်တွေနေရာလား။
    

နေပျော်ဖွယ် မြို့ကြီးတစ်ခု ဖြစ်နေပြီလို့ အာဏာပိုင်တစ်ဦး ပြောပြီးနောက်မှာဘဲ ရန်ကုန်ဟာ ပိုပြီး ဒုစရိုက်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပါတယ်။စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့် စံပြဈေးရှေ့မှာ ကားပေါ်မှ ဇနီးမောင်နှံ နှစ်ဦးကို လူလေးဦးက ဓားနဲ့ ဝိုင်းခုတ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ဒီလိုဖြစ်နေချိန်က နံနက်ပိုင်း လူမြင်ကွင်းမှာဖြစ်လို့ မြင်ရသူအပေါင်းကို သွေးပျက်စေပါတယ်။
    

ဖြစ်တဲ့နေရာမှာရှိတဲ့ CCTV ကနေတစ်ဆင့် ဝိုင်းခုတ်တဲ့ လူတွေကို မှတ်မိပြီး လိုက်ဖမ်းနေပေမယ့် လောလောဆယ် တစ်ဦးသာ မိသေးပါတယ်။အရပ်စကားအရ လူမိုက်အချင်းချင်း ဖြစ်ကြတာလို့ ဆိုပေမယ့် ယခုဖြစ်ရပ်က ဆက်တိုက်ဆိုသလို တရားဥပဒေစိုးမိုးမှု လျော့ရဲတာ၊ မြို့တွင်းနေရာမှာ ယခုလို လူသတ်ဖို့ ကြိုးစားတာတွေ ဆက်တိုက်ဖြစ်နေတာတွေဟာ ရိုးမှရိုးရဲ့လားဆိုတာ တွေးဆဖို့ လိုလာပါတယ်။
    

ဒီလို မင်္ဂလာတောင်ညွှန့် ဓားခုတ်မှု ဖြစ်စဉ်ကြောင့် ထိတ်လန့်နေတဲ့ ရန်ကုန်ပြည်သူတွေအတွက် စက်တင်ဘာ ၂၆ ရက်က လှိုင်သာယာမှာဖြစ်ခဲ့တဲ့ သေနတ်နဲ့ လာရောက်ပစ်သတ်တဲ့ အမှုက အပူပေါ် အပူထပ်ဆင့်သလို နေဖို့တောင် ခပ်ခက်ခက် ဖြစ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရဆိုရင် ကုမ္ပဏီတစ်ခုက ခြံစည်းရိုးခတ်ဖို့ ငှားတဲ့ကိစ္စမှာ ပေးဖို့ ငွေကျန်တာကနေ ဒီလိုသတ်ဖြတ်မှုတွေ ပေါ်လာတာဆိုပေမယ့် သေနတ်တွေ ပါလာတာ၊ လူတွေကို ဇာတ်လမ်းထဲကလို နှိပ်စက်တာတွေက ရန်ကုန်ဟာ တရားမဲ့တဲ့ ဒေသလို့ ထင်မှတ်စရာပါ။  
    

ဖြစ်စဉ်အတိုင်းဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ KNU/KNLA အဖွဲ့က စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးဆိုသူ အပါအဝင် လေးဦးက အငှားယာဉ်နဲ့ အသတ်ခံရသူ  ခင်မောင်လွင် (ခ) ဝကြီး ထံကနေ ခြံစည်းရိုးခတ်ခ ကျန်ငွေ သိန်း ၃၃၀ ကို တောင်းရာကနေ မရဘဲ စကားများပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ကာ အတူရှိနေသူ တစ်ဦးကိုပါ ရိုက်နှက်နှိပ်စက်ပြီး ဓားစာခံအဖြစ် ခေါ်သွားခဲ့တာပါ။ဒါကို သိသိချင်ချင်း ရဲတပ်ဖွဲ့က ပိတ်ဆို့ လိုက်ဖမ်းခဲ့ရာမှာ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ ၎င်းအဖွဲ့ ငှားရမ်းစီးနင်းလာတဲ့ အငှားယာဉ်မောင်းကနေ သတင်းဆက်ရပြီး အောင်ထွန်းချောင်းအတိုင်း စက်လှေဖြင့် တွံတေးတူးမြောင်းဘက် ထွက်ပြေးသွားလို့ ရေကြောင်းရဲတပ်ဖွဲ့က ရေယာဉ်တွေနဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ ရေကျော်လေးကျေးရွာက ငါးကန်စောင့်တဲ တစ်ခုအတွင်း အောင်မင်းဦး အား ဒဏ်ရာများဖြင့် တွေ့ရှိရပြီး ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် တွံတေးမြို့နယ် ရေကျော်လေးကျေးရွာအနီး အခြားငါးကန်ဘောင်များပေါ်၌ စောလမွန် (ခ) ကိုစော အပါအဝင် လေးဦးအား တွေ့ရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရာ စောလမွန် (ခ) ကိုစော နှင့် အဖွဲ့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပွိုင့် ၄၅ ပစ္စတိုတစ်လက်၊ ၎င်းကျည်တစ်တောင့်၊ ရီမင်တန် တစ်လုံးထိုး သေနတ်တစ်လက်၊ ၎င်းကျည် ငါးတောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
    

ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက်ခံရသူဟာ စက်တင်ဘာ ၂၇ ရက်မှာ သေဆုံးခဲ့တဲ့အတွက် ဒီအမှုက ပိုပြီး ပြည်သူတွေကြား ထိတ်လန့်စရာ ဖြစ်လာခဲ့ပါတယ်။အရပ်သားအစိုးရလက်ထက်မှာ အုပ်စုဖွဲ့သတ်မှုဖြတ်မှုတွေ၊ လူူမြင်ကွင်းမှာ ရိုက်နှက်သတ်ဖြတ်မှုတွေအပြင် သေနတ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အထိ လုံခြုံရေးကျိုးပေါက်မှုတွေ ဖြစ်စဉ်ကြောင့် ရန်ကုန်လို မြို့ကြီးပြကြီးမှာ နေသူတွေအတွက် နေရထိုင်ရမှု လုံခြုံမှု မရှိတော့ပါဘူး။
    

ဖြစ်စဉ်တိုင်းမှာ တရားခံတွေကို ဖမ်းမိတာ၊ ဖော်ထုတ်နိုင်တာတွေ ရှိနေပေမယ့် ငါးလောင်းပြိုင်တွေ၊ မင်္ဂလာဒုံ လေးလောင်းပြိုင်တွေ ဖြစ်ရပ်တွေမှာ မဆီလျှော်တဲ့ တရားခံပုံစံတွေ၊ မဖော်ထုတ်နိုင်တဲ့ တရားခံတွေကြောင့် ရာဇဝတ်ဂိုဏ်းတွေကို ပြည်သူတွေက လန့်ဖျပ်မှုတွေ ရှိလာပါပြီ။ယခုလို သွေးအေးအေးဖြင့် မာဖီးယားဆန်ဆန် ပစ်သတ်မှုတွေက ရန်ကုန်ကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။
    

ဒီလို လုံခြုံရေးစည်း ကျိုးပေါက်ကာ သေနတ်သုံးပြီး လူသတ်မှု ကျူးလွန်တဲ့ မူခင်းသတင်းတွေအပြင်  ယခုတစ်ပတ်ထဲ တခြားမှုခင်းသတင်းတွေဖြစ်တဲ့ စစ်တွေမြို့ ဝင်္ကဘာကွင်းအနီး မိသားစုနှင့် ဈေးဝယ်ထွက်လာသူ စရဖတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ သတင်း၊ ဖေ့စ်ဘွတ်ခ်ဆယ်လီ အောင်ရဲထွေး အသတ်ခံရမှုကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ အောက်တိုဘာ ၉ ရက် ပြန်လည်စစ်ဆေးမယ့် သတင်း၊ ဖားကန့်မှာ ကျောက်တူးနေတဲ့ တောင်ကမ်းပါးယံတစ်ခု ရုတ်တရက်ပြိုကျလို့  လူလေးဦး သေဆုံးခဲ့တဲ့ သတင်း၊ ကျောက်ဆည် GTI ကျောင်းသားကိုသတ်တဲ့သူ ၃ ဦးကို စက်တင်ဘာ ၂၅ ရက်က ပုဒ်မအသီးသီးဖြင့် ခရိုင်တရားရုံး၌ စတင်တရားစွဲဆိုခဲ့တဲ့ သတင်း၊ လမ်းထဲကစားနေတဲ့ အသက် (၁၂) နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို အလှပြင်ဆိုင် ဖွင့်ထားသော မိန်းမလျှာတစ်ဦးက ဆိုင်အတွင်းခေါ်၍ အအေးတိုက်ကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တဲ့ သတင်း၊ ကုန်စိမ်းရောင်းနေသူ ဇနီးကို  အရက်မူးနေတဲ့ ခင်ပွန်းက လူမြင်ကွင်းမှာ ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့ သတင်း၊ ကျိုက်ထီးရိုးစေတီမှာ ထားရှိတဲ့ ငွေငါးသိန်းလောက်ပါတဲ့ အလှူခံပုံးတစ်ပုံး အခိုးခံရတဲ့ သတင်း၊ ဘဝအလင်း ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်အား သိက္ခာကျဆင်းအောင် ပုတ်ခတ်ရေးသားလို့ဆိုကာ ဒုဗိုလ်မှူးကြီးတစ်ဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲ အမှုဖွင့်တဲ့ သတင်း၊ သထုံမြို့တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၂,၀၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုမှာ အမှုရုပ်သိမ်းပေးဖို့ လာဘ်စားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် တရားရေးဝန်ထမ်းတွေကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုခဲ့တဲ့ သတင်း စတဲ့ သတင်းပေါင်းများစွာလည်း ဖြစ်ခဲ့ပါတယ်။

ထင်သလောက် မပြင်းထန်ခဲ့တဲ့ ကုလရောက် ဘင်္ဂါလီအရေး။  
    

ယခုတစ်ပတ် သတင်းတွေထဲ ထူးထူးခြားခြား ကွဲထွက်နေတဲ့ သတင်းက (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မြန်မာနိုင်ငံကို ခိုးဝင်အခြေချ ဘင်္ဂါလီတွေ အရေးနဲ့ ပတ်သက်ပြီး အခြေအတင်ဆွေးနွေးတဲ့ သတင်းတွေနဲ့ ညီလာခံနဲ့အပြိုင် မြန်မာကို ဖိအားပေးဖို့ AI လို အဖွဲ့တွေက ချိန်ကိုက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
    

ဒီအစည်းအဝေးမတိုင်မီ မြန်မာဘက်က ပြည်ထောင်စုဝန်ကြီး နှစ်ဦးကို ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ စေလွှတ်ခဲ့သလို ကာကွယ်ရေးဦးစီးချုပ်ကလည်း စက်တင်ဘာ ၂၃ ရက်က လားရှိုးတပ်နယ်မှာ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကုလသမဂ္ဂ အပါအဝင် မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းကမှ ဝင်ရောက်စွက်ဖက်၊ ဆုံးဖြတ်ခွင့် မရှိဘူးလို့ ပြောခဲ့ပါတယ်။  
    

စက်တင်ဘာ ၂၄ ရက်မှာ ကုလသမဂ္ဂ ထိပ်တန်းအရာရှိတွေနဲ့ နိုင်ငံ ၁၄ နိုင်ငံက အဆင့်မြင့်အရာရှိတွေ ပါတဲ့ ဘင်္ဂါလီအကျပ်အတည်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ဒီအစည်းအဝေးကို ဘင်္ဂလားဒေရှ့်နဲ့ မြန်မာတို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ဒီညီလာခံ ကျင်းပချိန်မှာဘဲ အမေရိကန်အစိုးရက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို စက်တင်ဘာ ၂၄ ရက်မှာ  ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်မှာ ဘင်္ဂါလီများအပေါ် ကျယ်ပြန့်စွာ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း အပါအဝင် အကြမ်းဖက်မှုများကို စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပေမယ့် Genocide (လူသားမျိုးနွယ်စု ရှင်းလင်းသုတ်သင်ခြင်း) ဝေါဟာရကို မသုံးခဲ့ပါဘူး။ဒါဟာ ယခုအစီရင်ခံစာ မထုတ်ပြန်မီအတွင်းက လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ဖော်ပြဖို့ တိုက်တွန်းမှုတွေရှိပေမယ့် ယခုလိုထုတ်ပြန်ချက်ကြောင့် မြန်မာနိုင်ငံကို Genocide  အကြောင်းပြပြီး စွက်ဖက်ကာ ကြားနေဇုန်တစ်ခု တည်ဆောက်ဖို့ အားခဲနေတဲ့ ဘင်္ဂလားဒေရှ့်နဲ့ OIC လို အဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေ ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။  
    

စက်တင်ဘာ ၂၆ ရက်က ကုလအထွေထွေညီလာခံမှာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ က မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေအတွက် မြန်မာအာဏာပိုင်တွေဘက်က တာဝန်ခံတာဝန်ယူမှု ရှိလာအောင် လုပ်ဆောင်ပေးဖို့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ကုလအထွေထွေညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ က ယခု ကုလညီလာခံကနေ မြန်မာနိုင်ငံကို အရေးယူတဲ့ ထိရောက်တဲ့ ဖိအားပေးမှုတွေရအောင် တခြားအဖွဲ့တွေနဲ့ ချိတ်ဆက်လှုပ်ရှားခဲ့ပါတယ်။ရိုက်တာနဲ့ ရှိတ် ဟာစီနာ အင်တာဗျူးမှာ ဟာစီနာ က မြန်မာအစိုးရကို တိုက်ရိုက်အပုပ်ချပြီး ခိုးဝင်အခြေချဘင်္ဂါလီတွေ ပြန်လက်ခံဖို့ မြန်မာဘက်က စနစ်တကျ လုပ်ဆောင်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။တစ်ကယ့်တစ်ကယ်မှာ မြန်မာအစိုးရ အကျပ်တည်းတွေ့အောင် ပဋိပက္ခပိုကြီးလာအောင် ဒုက္ခသည်စခန်းတွေက လူတွေပြန်ပို့ဖို့ ကိစ္စမှာ ဘာတစ်ခုမှ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ကမ္ဘာပတ်ပြီး အပြစ်တင်နေကြတာပါ။
    

သဘာဝဘေး အကူအညီနဲ့ ဒုက္ခသည်တွေကို ထောက်ပံတဲ့ အကူအညီက နိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေဖြစ်နေတဲ့ နိုင်ငံငယ်တစ်ခုအတွက် ဒုက္ခသည်တွေရှိလေ သူ့နိုင်ငံအတွက် ပိုပြီးတည်ငြိမ်တဲ့ နိုင်ငံခြားဝင်ငွေ ရှိလေပါဘဲ။
    

ရှိတ် ဟာစီနာ နဲ့ ရိုက်တာအင်တာဗျူးမှာပါတဲ့ စွပ်စွဲပြောကြားချက်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ငြင်းပယ်ခဲ့ပြီး “မြန်အောင်” လုပ်နေတာဟု ပြောခဲ့သလို မကြာမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြန်လည်လက်ခံရေးစခန်းများသို့ လာရောက်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အဆင်ပြေစေရန် ဆောင်ရွက်မည်ဟု ပြောကြားခဲ့မှုတွေရှိခဲ့လို့ ယခု ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်ရဲ့ စွပ်စွဲမှုကို ကြားသိရ၍ အံ့ဩမိကြောင်း ပြောခဲ့ပါတယ်။
    

ကျင်းပနေတဲ့ ကုလအစည်းအဝေးမှာ မြန်မာအပေါ် ဖိအားပေးဖို့ ဘင်္ဂလားဒေရှ့်က ICC ကို ကိုင်ပြီး မြန်မာစစ်ဘက် ခေါင်းဆောင်တွေကို အရေးယူပေးဖို့ ကြိုးစားခဲ့ပေမယ့် ဒီညီလာခံမှာ အမေရိကန် သမ္မတ ထရန့် က ICC ကို စိန်ခေါ်ပြီး “ICC မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး၊ တရားလည်း မဝင်ပါဘူး၊ ဘာအခွင့်အာဏာမှလည်း မရှိပါဘူး” လို့ ပြောခဲ့လို့ ICC ရဲ့ အခန်းကဏ္ဍက မှိန်ဖျော့ခဲ့ပါတယ်။
    

ဒါပေမယ့် ဒီညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို အမေရိကန် အစိုးရက ဒေါ်လာ ၁၈၅ သန်း ထပ်မံထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။
    

ခိုးဝင်အခြေချ ဘင်္ဂါလီအရေးကြောင့် မြန်မာနိုင်ငံ တောက်လျှောက်နစ်နာခဲ့သလို ယခုအခါမှာ ပြည်တွင်းရေးကိုပါ ဝင်ရောက်စွက်ဖက်မှုတွေအထိ ရှိလာခဲ့လို့  ဒီအရေးက နိုင်ငံသားအားလုံးအတွက် အရမ်းသတိထားရမယ့် ကိစ္စဖြစ်သလို ဘာတွေဆက်ပြီး လုပ်လာနိုင်သလဲဆိုတာ မျက်ခြေမပြတ် ဆက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ရပ်တန့်သွားသည့် ခုန်ပျံကျော်လွှား ရွှေ၊ ဒေါ်လာများ။
    

ပြည်တွင်း ငွေကြေးဈေးကွက်ထဲ အချိန်အတန်ကြာ အတက်ကြမ်းနေတဲ့ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေကြေး လဲလှယ်မှုနူန်းဟာ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့ ပုံမှန် အစိုးရသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ဒေါ်လာဈေး ကစားသူတွေကို အရေးယူမယ်လို့ ပြောကြားခဲ့ပြီးနောက်မှာ တစ်ဒေါ်လာ ၁၆၃၀ အထိ တက်ခဲ့တဲ့ ဒေါ်လာဈေးက  တစ်ပတ်အတွင်းရောင်းရင် ၁၅၂၅ ကျပ်၊ လာဝယ်ရင် ၁၅၅၀ ကျပ်အထိ ကျလာခဲ့ပါတယ်။
    

ဒီဈေးကျဆင်းမှုက နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ပြောပြီးပြီးချင်းကတည်းက ဈေးကျဖို့ အရိပ်အယောင်တွေ ဖြစ်လာတာပါ။ဒါပေမယ့် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှာ ရွှေဘုံသာလမ်း (မဂိုလမ်း) က ဒေါ်လာဈေးကစားသူ သုံးဦးကို စသုံးလုံးက ခေါ်စစ်လိုက်တဲ့နောက်မှာ ထုနဲ့ထည်နဲ့ ဈေးကွက်ထဲ ဝင်ကစားပြီး ဈေးဆွဲတင်နေတဲ့သူတွေ ထိတ်ထိတ်ပျာပျာဖြစ်ပြီး တင်းခံနေတဲ့ ဒေါ်လာဈေးက ပြုတ်ကျလာခဲ့ပါတယ်။

    
သတင်းမီဒီယာတွေမှာ အစောပိုင်းကတည်းက ဒေါ်လာဈေး ကစားသူတွေ ရှိနေနိုင်တာကို ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ဒါပေမယ့် အစိုးရပိုင်းက အရေးယူမှုတွေမရှိဘဲ ငွေကြေးဈေးကွက်ထဲ နိုင်ငံခြားငွေကို နေ့စဉ် သန်းနဲ့ချီပြီး ထည့်ခဲ့ပေမယ့် ဒီငွေတွေက ပြင်ပဈေးကွက်ထဲ စီးမထွက်လို့ ငွေကြေးဈေးကစားသူတွေ ဈေးဆွဲတင်နေတာကို မဟန့်တားနိုင်ခဲ့ပါဘူး။ငွေကြေးဈေးတက်တာကြောင့် တခြား ပြည်ပကနေသွင်းရတဲ့ ကုန်ပစ္စည်းတွေ အပါအဝင် အရေးကြီးတဲ့ ဆေးဝါးပစ္စည်းတွေကိုပါ ဈေးတွေ ဆတက်နှုန်းတွေနဲ့ တက်ခဲ့ပါတယ်။

တည်ဆဲ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေမှာ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်မပြုလို သတ်မှတ်ထားလို့ ချိုးဖောက်လို့ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ပြီး သက်သေခံပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။
    

ယခင်အစိုးရအဆက်ဆက် ဒေါ်လာဈေး ကစားသူတွေကြောင့် ဒေါ်လာဈေးတက်လာရင် ဈေးကစားသူတွေကို ဖမ်းဆီးခဲ့တဲ့နည်းနဲ့ ဒေါ်လာဈေးတည်ငြိမ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ယခုလဲ အစိုးရဘက်က ယခင်နည်းအတိုင်း ကိုင်တွယ်ဖို့ လေသံစလာကတည်းက အယောက် ၅၀ လောက်ရှိတဲ့ ဒေါ်လာဈေးကို လောင်းကစားဆန်ဆန် ကစားနေတဲ့သူတွေ အရှိန်တန့်ပြီး စသုံးလုံးက ဝင်ဖမ်းမှုတွေ လုပ်လာချိန်မှာ ရွှေဘုံသာလမ်း ဈေးကွက်က ပြင်ပငွေကြေးဈေးကွက်က လုံးဝရပ်ဆိုင်းသွားသလောက် ဖြစ်ခဲ့ပါတယ်။သတင်းတွေအရ ကနဦးမှာ ဒေါ်လာဈေးကစားသူ ၃ ဦးကို ခေါ်စစ်ဆေးနေပြီး စာရင်းအရ နောက်ထပ် ၈ ယောက် ခေါ်စစ်ဆေးဖို့ ရှိနေတဲ့အတွက် လက်ကြီးကစားနေသူတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သလို ပမာဏခပ်ကြီးကြီး အရောင်းအဝယ်တွေပါ ပျောက်သလောက် ဖြစ်သွားပါတယ်။
    

ဒေါ်လာဈေးတစ်ခုထဲ တက်နေတာ မဟုတ်ပါဘူး။ရွှေဈေးကလည်း ဒေါ်လာဈေးနဲ့အတူ အမြင့်ဆုံးထိ လိုက်တက်ခဲ့ရာမှာ စက်တင်ဘာ ၂၀ ရက်မှာ ၁၆ ပဲရည် အခေါက်ရွှေဈေးနူန်းက တစ်ကျပ်သားကို ကျပ် ဆယ်သိန်းကျော်အထိ တက်ခဲ့ပါတယ်။စက်တင်ဘာ ၂၄ ရက်မှာ ရွှေဈေးကစားသူများကိုလည်း စသုံးလုံးက စတင်ခေါ်ယူစစ်ဆေးခဲ့လို့ စက်တင်ဘာ ၂၅ ရက်မှာ ရန်ကုန်နှင့် မန္တလေး ရွှေဈေးကွက်တွေပါ ရပ်ဆိုင်းခဲ့ပါတယ်။
    

သတင်းတွေအရ ဒေါ်လာနှင့် ရွှေ ဈေးကစားသူ အနည်းဆုံး လူပုဂ္ဂိုလ် ဆယ်ဂဏန်းခန့်ကို စစ်ဆေးမေးမြန်းနေပြီး မသမာမှုဆောင်ရွက်ကြောင်း ပေါ်ပေါက်သူများကို တည်ဆဲဥပဒေအရ အရေးယူမယ်လို့ စသုံးလုံးဘက်က ပြောထားပြီး လက်ရှိမှာ သမာရိုးကျအရ ဈေးတက်တာမဟုတ်ဘဲ ဈေးတွေ ဆွဲတင်ကစားရာကနေ ဒေါ်လာနဲ့ ရွှေ ဈေးတွေတက်ပြီး ဈေးကစားသူတွေ အမြတ်ကြီးကြီးရကာ ပြည်သူတွေမှာ ကုန်ဈေးနူန်းတက်လို့ အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အတွက် ဒီလိုလုပ်သူတွေကို ဘယ်လိုပြင်းပြင်းထန်ထန် အပြစ်ပေးမလဲဆိုတာကို အများပြည်သူက စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

    
ဒီလိုပြဿနာတွေအပြင် အွန်လိုင်းမှာ စုမဲလိမ်လည်တာတွေကြောင့် လူမှုရေးပြဿနာကနေ  ရာဇဝတ်မှုတွေအထိ ဖြစ်လာလို့  စက်တင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး က ရန်ကုန်တိုင်းအတွင်း စုမဲလိမ်လည်မှု စုစုပေါင်း ၇၆ မှုရှိကာ လိမ်လည်သည့် ငွေပမာဏ ကျပ်သိန်း ၁၈,၀၀၀ ခန့်ရှိနေပြီး  ဒီလိုကျူးလွန်သူတွေကို ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့  ပြောခဲ့ပါတယ်။
    

ဒီသတင်းတွေက ဒီတစ်ပတ်မှာ လူများစုအတွက် သတိထားစရာ သတင်းတွေဖြစ်ခဲ့ပြီး အစိုးရရဲ့ ဝင်ရောက်ကိုင်တွယ်မှုအပေါ် ပြည်သူတွေက သဘောကျခဲ့တာကိုလည်း တွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ် ကောင်းဆိုးရောနေတဲ့ ယခုတစ်ပတ်ဖြစ်ပေါ်တဲ့ သတင်းတွေထဲမှာ စိတ်ပျက်စရာ သတင်းတွေ များပေမယ့်  ယခုသတင်းကတော့ အများပြည်သူကို အကျိုးရှိစေတဲ့ သတင်းဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၂၈

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲ လႈိင္သာယာမွာျဖစ္တဲ့ ေသနတ္နဲ႔ လာေရာက္ပစ္သတ္ခဲ့တဲ့ သတင္းက လူေတြရဲ႕စိတ္ကို အဖမ္းစားဆုံး သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ေ႐ႊနဲ႔ ေဒၚလာ ေဈးကစားေနသူေတြကို စသုံးလုံးက ေခၚစစ္ၿပီးေနာက္ပိုင္းမွာ ေဒၚလာေဈးက်လာတဲ့ သတင္းနဲ႔ ကုလညီလာခံမွာ ျမန္မာႏိုင္ငံကို ဖိအားေပးဖို႔ ဘဂၤလားေဒရွ႕္ အပါအဝင္ ၿဗိတိန္၊ ျပင္သစ္ စတဲ့ ႏိုင္ငံေတြ ႀကိဳးစားခဲ့တဲ့ သတင္းေတြမ်ိဳးေတြ ျဖစ္ခဲ့ပါတယ္။
    

ဒီသတင္းေတြက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီေျပာင္းလဲမႈ ျဖစ္စဥ္ကို အခ်ိန္တိုအတြင္း လမ္းေၾကာင္းလြဲေစရန္ မလုပ္ေဆာင္သင့္ဘူးလို႔ ေျပာလိုက္တဲ့ သတင္း၊ န်ဴကလီးယားလက္နက္ ပိတ္ပင္တားဆီးေရးဆိုင္ရာ စာခ်ဳပ္ကို ျမန္မာအစိုးရက စက္တင္ဘာ ၂၆ ရက္က လက္မွတ္ေရးထိုးခဲ့တဲ့ သတင္း၊ လစ္လပ္ေနတဲ့ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္အျဖစ္ ေဒၚခင္မ်ိဳးၾကည္ ကို ခန႔္အပ္လိုက္တဲ့ သတင္းေတြထဲ တမူထူးျခားေနတဲ့ ျမန္မာအေရး သတင္းေတြ ျဖစ္ေနခဲ့ပါတယ္။    

မာဖီးယားေတြေနရာလား ေကာင္းဘြိဳင္ေတြေနရာလား။
    

ေနေပ်ာ္ဖြယ္ ၿမိဳ႕ႀကီးတစ္ခု ျဖစ္ေနၿပီလို႔ အာဏာပိုင္တစ္ဦး ေျပာၿပီးေနာက္မွာဘဲ ရန္ကုန္ဟာ ပိုၿပီး ဒုစ႐ိုက္မႈေတြ သတ္ျဖတ္မႈေတြ ျဖစ္လာပါတယ္။စက္တင္ဘာ ၂၅ ရက္ နံနက္ပိုင္းက မဂၤလာေတာင္ၫြန႔္ စံျပေဈးေရွ႕မွာ ကားေပၚမွ ဇနီးေမာင္ႏွံ ႏွစ္ဦးကို လူေလးဦးက ဓားနဲ႔ ဝိုင္းခုတ္တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ခဲ့ပါတယ္။ဒီလိုျဖစ္ေနခ်ိန္က နံနက္ပိုင္း လူျမင္ကြင္းမွာျဖစ္လို႔ ျမင္ရသူအေပါင္းကို ေသြးပ်က္ေစပါတယ္။
    

ျဖစ္တဲ့ေနရာမွာရွိတဲ့ CCTV ကေနတစ္ဆင့္ ဝိုင္းခုတ္တဲ့ လူေတြကို မွတ္မိၿပီး လိုက္ဖမ္းေနေပမယ့္ ေလာေလာဆယ္ တစ္ဦးသာ မိေသးပါတယ္။အရပ္စကားအရ လူမိုက္အခ်င္းခ်င္း ျဖစ္ၾကတာလို႔ ဆိုေပမယ့္ ယခုျဖစ္ရပ္က ဆက္တိုက္ဆိုသလို တရားဥပေဒစိုးမိုးမႈ ေလ်ာ့ရဲတာ၊ ၿမိဳ႕တြင္းေနရာမွာ ယခုလို လူသတ္ဖို႔ ႀကိဳးစားတာေတြ ဆက္တိုက္ျဖစ္ေနတာေတြဟာ ႐ိုးမွ႐ိုးရဲ႕လားဆိုတာ ေတြးဆဖို႔ လိုလာပါတယ္။
    

ဒီလို မဂၤလာေတာင္ၫႊန႔္ ဓားခုတ္မႈ ျဖစ္စဥ္ေၾကာင့္ ထိတ္လန႔္ေနတဲ့ ရန္ကုန္ျပည္သူေတြအတြက္ စက္တင္ဘာ ၂၆ ရက္က လႈိင္သာယာမွာျဖစ္ခဲ့တဲ့ ေသနတ္နဲ႔ လာေရာက္ပစ္သတ္တဲ့ အမႈက အပူေပၚ အပူထပ္ဆင့္သလို ေနဖို႔ေတာင္ ခပ္ခက္ခက္ ျဖစ္ခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ ကုမၸဏီတစ္ခုက ၿခံစည္း႐ိုးခတ္ဖို႔ ငွားတဲ့ကိစၥမွာ ေပးဖို႔ ေငြက်န္တာကေန ဒီလိုသတ္ျဖတ္မႈေတြ ေပၚလာတာဆိုေပမယ့္ ေသနတ္ေတြ ပါလာတာ၊ လူေတြကို ဇာတ္လမ္းထဲကလို ႏွိပ္စက္တာေတြက ရန္ကုန္ဟာ တရားမဲ့တဲ့ ေဒသလို႔ ထင္မွတ္စရာပါ။  
    

ျဖစ္စဥ္အတိုင္းဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕ျဖစ္တဲ့ KNU/KNLA အဖြဲ႕က စီးပြားေရးတာဝန္ခံ ဗိုလ္ႀကီးဆိုသူ အပါအဝင္ ေလးဦးက အငွားယာဥ္နဲ႔ အသတ္ခံရသူ  ခင္ေမာင္လြင္ (ခ) ဝႀကီး ထံကေန ၿခံစည္း႐ိုးခတ္ခ က်န္ေငြ သိန္း ၃၃၀ ကို ေတာင္းရာကေန မရဘဲ စကားမ်ားၿပီး ေသနတ္နဲ႔ ပစ္သတ္ခဲ့ကာ အတူရွိေနသူ တစ္ဦးကိုပါ ႐ိုက္ႏွက္ႏွိပ္စက္ၿပီး ဓားစာခံအျဖစ္ ေခၚသြားခဲ့တာပါ။ဒါကို သိသိခ်င္ခ်င္း ရဲတပ္ဖြဲ႕က ပိတ္ဆို႔ လိုက္ဖမ္းခဲ့ရာမွာ မြန္းလြဲ ၁၂ နာရီခြဲခန႔္မွာ ၎အဖြဲ႕ ငွားရမ္းစီးနင္းလာတဲ့ အငွားယာဥ္ေမာင္းကေန သတင္းဆက္ရၿပီး ေအာင္ထြန္းေခ်ာင္းအတိုင္း စက္ေလွျဖင့္ တြံေတးတူးေျမာင္းဘက္ ထြက္ေျပးသြားလို႔ ေရေၾကာင္းရဲတပ္ဖြဲ႕က ေရယာဥ္ေတြနဲ႔ ပိတ္ဆို႔ဖမ္းဆီးခဲ့ရာမွာ ေရေက်ာ္ေလးေက်း႐ြာက ငါးကန္ေစာင့္တဲ တစ္ခုအတြင္း ေအာင္မင္းဦး အား ဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိရၿပီး ညေန ၃ နာရီ မိနစ္ ၄၀ ခန႔္တြင္ တြံေတးၿမိဳ႕နယ္ ေရေက်ာ္ေလးေက်း႐ြာအနီး အျခားငါးကန္ေဘာင္မ်ားေပၚ၌ ေစာလမြန္ (ခ) ကိုေစာ အပါအဝင္ ေလးဦးအား ေတြ႕ရွိသျဖင့္ ေျခာက္လွန႔္ပစ္ခတ္ၿပီး ဖမ္းဆီးခဲ့ရာ ေစာလမြန္ (ခ) ကိုေစာ ႏွင့္ အဖြဲ႕အား ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ ပြိဳင့္ ၄၅ ပစၥတိုတစ္လက္၊ ၎က်ည္တစ္ေတာင့္၊ ရီမင္တန္ တစ္လုံးထိုး ေသနတ္တစ္လက္၊ ၎က်ည္ ငါးေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါတယ္။
    

ဓားစာခံအျဖစ္ ဖမ္းဆီးႏွိပ္စက္ခံရသူဟာ စက္တင္ဘာ ၂၇ ရက္မွာ ေသဆုံးခဲ့တဲ့အတြက္ ဒီအမႈက ပိုၿပီး ျပည္သူေတြၾကား ထိတ္လန႔္စရာ ျဖစ္လာခဲ့ပါတယ္။အရပ္သားအစိုးရလက္ထက္မွာ အုပ္စုဖြဲ႕သတ္မႈျဖတ္မႈေတြ၊ လူူျမင္ကြင္းမွာ ႐ိုက္ႏွက္သတ္ျဖတ္မႈေတြအျပင္ ေသနတ္နဲ႔ ပစ္ခတ္မႈေတြ ျဖစ္လာတဲ့အထိ လုံၿခဳံေရးက်ိဳးေပါက္မႈေတြ ျဖစ္စဥ္ေၾကာင့္ ရန္ကုန္လို ၿမိဳ႕ႀကီးျပႀကီးမွာ ေနသူေတြအတြက္ ေနရထိုင္ရမႈ လုံၿခဳံမႈ မရွိေတာ့ပါဘူး။
    

ျဖစ္စဥ္တိုင္းမွာ တရားခံေတြကို ဖမ္းမိတာ၊ ေဖာ္ထုတ္ႏိုင္တာေတြ ရွိေနေပမယ့္ ငါးေလာင္းၿပိဳင္ေတြ၊ မဂၤလာဒုံ ေလးေလာင္းၿပိဳင္ေတြ ျဖစ္ရပ္ေတြမွာ မဆီေလွ်ာ္တဲ့ တရားခံပုံစံေတြ၊ မေဖာ္ထုတ္ႏိုင္တဲ့ တရားခံေတြေၾကာင့္ ရာဇဝတ္ဂိုဏ္းေတြကို ျပည္သူေတြက လန႔္ဖ်ပ္မႈေတြ ရွိလာပါၿပီ။ယခုလို ေသြးေအးေအးျဖင့္ မာဖီးယားဆန္ဆန္ ပစ္သတ္မႈေတြက ရန္ကုန္ကို ထိတ္လန႔္တုန္လႈပ္ေစခဲ့ပါတယ္။
    

ဒီလို လုံၿခဳံေရးစည္း က်ိဳးေပါက္ကာ ေသနတ္သုံးၿပီး လူသတ္မႈ က်ဴးလြန္တဲ့ မူခင္းသတင္းေတြအျပင္  ယခုတစ္ပတ္ထဲ တျခားမႈခင္းသတင္းေတြျဖစ္တဲ့ စစ္ေတြၿမိဳ႕ ဝကၤဘာကြင္းအနီး မိသားစုႏွင့္ ေဈးဝယ္ထြက္လာသူ စရဖတစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရတဲ့ သတင္း၊ ေဖ့စ္ဘြတ္ခ္ဆယ္လီ ေအာင္ရဲေထြး အသတ္ခံရမႈကို အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ေအာက္တိုဘာ ၉ ရက္ ျပန္လည္စစ္ေဆးမယ့္ သတင္း၊ ဖားကန႔္မွာ ေက်ာက္တူးေနတဲ့ ေတာင္ကမ္းပါးယံတစ္ခု ႐ုတ္တရက္ၿပိဳက်လို႔  လူေလးဦး ေသဆုံးခဲ့တဲ့ သတင္း၊ ေက်ာက္ဆည္ GTI ေက်ာင္းသားကိုသတ္တဲ့သူ ၃ ဦးကို စက္တင္ဘာ ၂၅ ရက္က ပုဒ္မအသီးသီးျဖင့္ ခ႐ိုင္တရား႐ုံး၌ စတင္တရားစြဲဆိုခဲ့တဲ့ သတင္း၊ လမ္းထဲကစားေနတဲ့ အသက္ (၁၂) ႏွစ္အ႐ြယ္ ေယာက်္ားေလးတစ္ဦးကို အလွျပင္ဆိုင္ ဖြင့္ထားေသာ မိန္းမလွ်ာတစ္ဦးက ဆိုင္အတြင္းေခၚ၍ အေအးတိုက္ကာ အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တဲ့ သတင္း၊ ကုန္စိမ္းေရာင္းေနသူ ဇနီးကို  အရက္မူးေနတဲ့ ခင္ပြန္းက လူျမင္ကြင္းမွာ ဓာတ္ဆီေလာင္း မီးရႈိ႕ခဲ့တဲ့ သတင္း၊ က်ိဳက္ထီး႐ိုးေစတီမွာ ထားရွိတဲ့ ေငြငါးသိန္းေလာက္ပါတဲ့ အလႉခံပုံးတစ္ပုံး အခိုးခံရတဲ့ သတင္း၊ ဘဝအလင္း ဆရာေတာ္ ဦးေသာဘိတ (အလကၤာၾကယ္) ကို တပ္မေတာ္အား သိကၡာက်ဆင္းေအာင္ ပုတ္ခတ္ေရးသားလို႔ဆိုကာ ဒုဗိုလ္မႉးႀကီးတစ္ဦးက ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ တရားစြဲ အမႈဖြင့္တဲ့ သတင္း၊ သထုံၿမိဳ႕တြင္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု ၁၂,၀၀၀ ေက်ာ္ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးမႈမွာ အမႈ႐ုပ္သိမ္းေပးဖို႔ လာဘ္စားခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူး အပါအဝင္ တရားေရးဝန္ထမ္းေတြကို ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွာ တရားစြဲဆိုခဲ့တဲ့ သတင္း စတဲ့ သတင္းေပါင္းမ်ားစြာလည္း ျဖစ္ခဲ့ပါတယ္။

ထင္သေလာက္ မျပင္းထန္ခဲ့တဲ့ ကုလေရာက္ ဘဂၤါလီအေရး။  
    

ယခုတစ္ပတ္ သတင္းေတြထဲ ထူးထူးျခားျခား ကြဲထြက္ေနတဲ့ သတင္းက (၇၃) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံႀကီးမွာ ျမန္မာႏိုင္ငံကို ခိုးဝင္အေျခခ် ဘဂၤါလီေတြ အေရးနဲ႔ ပတ္သက္ၿပီး အေျခအတင္ေဆြးေႏြးတဲ့ သတင္းေတြနဲ႔ ညီလာခံနဲ႔အၿပိဳင္ ျမန္မာကို ဖိအားေပးဖို႔ AI လို အဖြဲ႕ေတြက ခ်ိန္ကိုက္ၿပီး လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
    

ဒီအစည္းအေဝးမတိုင္မီ ျမန္မာဘက္က ျပည္ေထာင္စုဝန္ႀကီး ႏွစ္ဦးကို ရခိုင္ေျမာက္ပိုင္းအေရးနဲ႔ ပတ္သက္ၿပီး ရွင္းလင္းဖို႔ ေစလႊတ္ခဲ့သလို ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း စက္တင္ဘာ ၂၃ ရက္က လားရႈိးတပ္နယ္မွာ အရာရွိ၊ စစ္သည္၊ မိသားစုေတြနဲ႔ ေတြ႕ဆုံတဲ့ပြဲမွာ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ကုလသမဂၢ အပါအဝင္ မည္သည့္ႏိုင္ငံ၊ အဖြဲ႕အစည္းကမွ ဝင္ေရာက္စြက္ဖက္၊ ဆုံးျဖတ္ခြင့္ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။  
    

စက္တင္ဘာ ၂၄ ရက္မွာ ကုလသမဂၢ ထိပ္တန္းအရာရွိေတြနဲ႔ ႏိုင္ငံ ၁၄ ႏိုင္ငံက အဆင့္ျမင့္အရာရွိေတြ ပါတဲ့ ဘဂၤါလီအက်ပ္အတည္း ေဆြးေႏြးပြဲကို က်င္းပခဲ့ပါတယ္။ဒီအစည္းအေဝးကို ဘဂၤလားေဒရွ႕္နဲ႔ ျမန္မာတို႔ ပါဝင္တက္ေရာက္ခဲ့ၾကပါတယ္။ဒီညီလာခံ က်င္းပခ်ိန္မွာဘဲ အေမရိကန္အစိုးရက ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္တဲ့ အစီရင္ခံစာကို စက္တင္ဘာ ၂၄ ရက္မွာ  ထုတ္ျပန္ခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္မွာ ဘဂၤါလီမ်ားအေပၚ က်ယ္ျပန႔္စြာ သတ္ျဖတ္ျခင္း၊ မုဒိမ္းက်င့္ျခင္း အပါအဝင္ အၾကမ္းဖက္မႈမ်ားကို စနစ္တက် က်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲေဖာ္ျပထားေပမယ့္ Genocide (လူသားမ်ိဳးႏြယ္စု ရွင္းလင္းသုတ္သင္ျခင္း) ေဝါဟာရကို မသုံးခဲ့ပါဘူး။ဒါဟာ ယခုအစီရင္ခံစာ မထုတ္ျပန္မီအတြင္းက လူမ်ိဳးတုန္းသတ္ျဖတ္မႈအျဖစ္ ေဖာ္ျပဖို႔ တိုက္တြန္းမႈေတြရွိေပမယ့္ ယခုလိုထုတ္ျပန္ခ်က္ေၾကာင့္ ျမန္မာႏိုင္ငံကို Genocide  အေၾကာင္းျပၿပီး စြက္ဖက္ကာ ၾကားေနဇုန္တစ္ခု တည္ေဆာက္ဖို႔ အားခဲေနတဲ့ ဘဂၤလားေဒရွ႕္နဲ႔ OIC လို အဖြဲ႕ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ပ်က္စီးခဲ့တာပဲ ျဖစ္ပါတယ္။  
    

စက္တင္ဘာ ၂၆ ရက္က ကုလအေထြေထြညီလာခံမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ထရီဆာေမ က ျမန္မာႏိုင္ငံတြင္း ျဖစ္ပြားေနတဲ့ ဆိုးဝါးတဲ့ လုပ္ရပ္ေတြအတြက္ ျမန္မာအာဏာပိုင္ေတြဘက္က တာဝန္ခံတာဝန္ယူမႈ ရွိလာေအာင္ လုပ္ေဆာင္ေပးဖို႔ ကမာၻ႔ႏိုင္ငံ ေခါင္းေဆာင္ေတြကို တိုက္တြန္းခဲ့ပါတယ္။ကုလအေထြေထြညီလာခံကို တက္ေရာက္လာတဲ့ ဘဂၤလားေဒရွ႕္ ဝန္ႀကီးခ်ဳပ္ ရွိတ္ ဟာစီနာ က ယခု ကုလညီလာခံကေန ျမန္မာႏိုင္ငံကို အေရးယူတဲ့ ထိေရာက္တဲ့ ဖိအားေပးမႈေတြရေအာင္ တျခားအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္လႈပ္ရွားခဲ့ပါတယ္။႐ိုက္တာနဲ႔ ရွိတ္ ဟာစီနာ အင္တာဗ်ဴးမွာ ဟာစီနာ က ျမန္မာအစိုးရကို တိုက္႐ိုက္အပုပ္ခ်ၿပီး ခိုးဝင္အေျခခ်ဘဂၤါလီေတြ ျပန္လက္ခံဖို႔ ျမန္မာဘက္က စနစ္တက် လုပ္ေဆာင္ေနတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။တစ္ကယ့္တစ္ကယ္မွာ ျမန္မာအစိုးရ အက်ပ္တည္းေတြ႕ေအာင္ ပဋိပကၡပိုႀကီးလာေအာင္ ဒုကၡသည္စခန္းေတြက လူေတြျပန္ပို႔ဖို႔ ကိစၥမွာ ဘာတစ္ခုမွ ပူးေပါင္းေဆာင္႐ြက္မႈမရွိဘဲ ကမာၻပတ္ၿပီး အျပစ္တင္ေနၾကတာပါ။
    

သဘာဝေဘး အကူအညီနဲ႔ ဒုကၡသည္ေတြကို ေထာက္ပံတဲ့ အကူအညီက ႏိုင္ငံရဲ႕ အဓိက ႏိုင္ငံျခားဝင္ေငြျဖစ္ေနတဲ့ ႏိုင္ငံငယ္တစ္ခုအတြက္ ဒုကၡသည္ေတြရွိေလ သူ႔ႏိုင္ငံအတြက္ ပိုၿပီးတည္ၿငိမ္တဲ့ ႏိုင္ငံျခားဝင္ေငြ ရွိေလပါဘဲ။
    

ရွိတ္ ဟာစီနာ နဲ႔ ႐ိုက္တာအင္တာဗ်ဴးမွာပါတဲ့ စြပ္စြဲေျပာၾကားခ်က္ကို ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး က ျငင္းပယ္ခဲ့ၿပီး “ျမန္ေအာင္” လုပ္ေနတာဟု ေျပာခဲ့သလို မၾကာမီက ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ျပန္လည္လက္ခံေရးစခန္းမ်ားသို႔ လာေရာက္ကာ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္မ်ား အဆင္ေျပေစရန္ ေဆာင္႐ြက္မည္ဟု ေျပာၾကားခဲ့မႈေတြရွိခဲ့လို႔ ယခု ဘဂၤလားေဒရွ႕္ ဝန္ႀကီးခ်ဳပ္ရဲ႕ စြပ္စြဲမႈကို ၾကားသိရ၍ အံ့ဩမိေၾကာင္း ေျပာခဲ့ပါတယ္။
    

က်င္းပေနတဲ့ ကုလအစည္းအေဝးမွာ ျမန္မာအေပၚ ဖိအားေပးဖို႔ ဘဂၤလားေဒရွ႕္က ICC ကို ကိုင္ၿပီး ျမန္မာစစ္ဘက္ ေခါင္းေဆာင္ေတြကို အေရးယူေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒီညီလာခံမွာ အေမရိကန္ သမၼတ ထရန႔္ က ICC ကို စိန္ေခၚၿပီး “ICC မွာ တရားစီရင္ပိုင္ခြင့္ မရွိပါဘူး၊ တရားလည္း မဝင္ပါဘူး၊ ဘာအခြင့္အာဏာမွလည္း မရွိပါဘူး” လို႔ ေျပာခဲ့လို႔ ICC ရဲ႕ အခန္းက႑က မွိန္ေဖ်ာ့ခဲ့ပါတယ္။
    

ဒါေပမယ့္ ဒီညီလာခံမွာ ဘဂၤလားေဒ့ရွ္ ေရာက္ရွိေနတဲ့ ဒုကၡသည္ေတြကို အေမရိကန္ အစိုးရက ေဒၚလာ ၁၈၅ သန္း ထပ္မံေထာက္ပံ့မယ္လို႔ ေၾကညာခဲ့ပါတယ္။
    

ခိုးဝင္အေျခခ် ဘဂၤါလီအေရးေၾကာင့္ ျမန္မာႏိုင္ငံ ေတာက္ေလွ်ာက္နစ္နာခဲ့သလို ယခုအခါမွာ ျပည္တြင္းေရးကိုပါ ဝင္ေရာက္စြက္ဖက္မႈေတြအထိ ရွိလာခဲ့လို႔  ဒီအေရးက ႏိုင္ငံသားအားလုံးအတြက္ အရမ္းသတိထားရမယ့္ ကိစၥျဖစ္သလို ဘာေတြဆက္ၿပီး လုပ္လာႏိုင္သလဲဆိုတာ မ်က္ေျခမျပတ္ ဆက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ရပ္တန႔္သြားသည့္ ခုန္ပ်ံေက်ာ္လႊား ေ႐ႊ၊ ေဒၚလာမ်ား။
    

ျပည္တြင္း ေငြေၾကးေဈးကြက္ထဲ အခ်ိန္အတန္ၾကာ အတက္ၾကမ္းေနတဲ့ အေမရိကန္ေဒၚလာနဲ႔ ျမန္မာေငြေၾကး လဲလွယ္မႈႏူန္းဟာ စက္တင္ဘာ ၂၁ ရက္က ျပဳလုပ္တဲ့ ပုံမွန္ အစိုးရသတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌး က ေဒၚလာေဈး ကစားသူေတြကို အေရးယူမယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္မွာ တစ္ေဒၚလာ ၁၆၃၀ အထိ တက္ခဲ့တဲ့ ေဒၚလာေဈးက  တစ္ပတ္အတြင္းေရာင္းရင္ ၁၅၂၅ က်ပ္၊ လာဝယ္ရင္ ၁၅၅၀ က်ပ္အထိ က်လာခဲ့ပါတယ္။
    

ဒီေဈးက်ဆင္းမႈက ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌး ေျပာၿပီးၿပီးခ်င္းကတည္းက ေဈးက်ဖို႔ အရိပ္အေယာင္ေတြ ျဖစ္လာတာပါ။ဒါေပမယ့္ စက္တင္ဘာ ၂၃ ရက္ ညေနပိုင္းမွာ ေ႐ႊဘုံသာလမ္း (မဂိုလမ္း) က ေဒၚလာေဈးကစားသူ သုံးဦးကို စသုံးလုံးက ေခၚစစ္လိုက္တဲ့ေနာက္မွာ ထုနဲ႔ထည္နဲ႔ ေဈးကြက္ထဲ ဝင္ကစားၿပီး ေဈးဆြဲတင္ေနတဲ့သူေတြ ထိတ္ထိတ္ပ်ာပ်ာျဖစ္ၿပီး တင္းခံေနတဲ့ ေဒၚလာေဈးက ျပဳတ္က်လာခဲ့ပါတယ္။

    
သတင္းမီဒီယာေတြမွာ အေစာပိုင္းကတည္းက ေဒၚလာေဈး ကစားသူေတြ ရွိေနႏိုင္တာကို ေဖာ္ျပမႈေတြ ရွိခဲ့ပါတယ္။ဒါေပမယ့္ အစိုးရပိုင္းက အေရးယူမႈေတြမရွိဘဲ ေငြေၾကးေဈးကြက္ထဲ ႏိုင္ငံျခားေငြကို ေန႔စဥ္ သန္းနဲ႔ခ်ီၿပီး ထည့္ခဲ့ေပမယ့္ ဒီေငြေတြက ျပင္ပေဈးကြက္ထဲ စီးမထြက္လို႔ ေငြေၾကးေဈးကစားသူေတြ ေဈးဆြဲတင္ေနတာကို မဟန႔္တားႏိုင္ခဲ့ပါဘူး။ေငြေၾကးေဈးတက္တာေၾကာင့္ တျခား ျပည္ပကေနသြင္းရတဲ့ ကုန္ပစၥည္းေတြ အပါအဝင္ အေရးႀကီးတဲ့ ေဆးဝါးပစၥည္းေတြကိုပါ ေဈးေတြ ဆတက္ႏႈန္းေတြနဲ႔ တက္ခဲ့ပါတယ္။

တည္ဆဲ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒမွာ ႏိုင္ငံျခားသုံးေငြလုပ္ငန္း လုပ္ကိုင္ခြင့္ လိုင္စင္တစ္မ်ိဳးမ်ိဳးမရွိဘဲ ႏိုင္ငံျခားသုံးေငြလုပ္ငန္း လုပ္ကိုင္ခြင့္မျပဳလို သတ္မွတ္ထားလို႔ ခ်ိဳးေဖာက္လို႔ ျပစ္မႈထင္ရွားရင္ သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံး ခ်မွတ္ႏိုင္ၿပီး သက္ေသခံပစၥည္းကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းရန္ အမိန႔္ခ်မွတ္ရမယ္လို႔ ေဖာ္ျပထားပါတယ္။
    

ယခင္အစိုးရအဆက္ဆက္ ေဒၚလာေဈး ကစားသူေတြေၾကာင့္ ေဒၚလာေဈးတက္လာရင္ ေဈးကစားသူေတြကို ဖမ္းဆီးခဲ့တဲ့နည္းနဲ႔ ေဒၚလာေဈးတည္ၿငိမ္ေအာင္ ေဆာင္႐ြက္ခဲ့ၾကပါတယ္။ယခုလဲ အစိုးရဘက္က ယခင္နည္းအတိုင္း ကိုင္တြယ္ဖို႔ ေလသံစလာကတည္းက အေယာက္ ၅၀ ေလာက္ရွိတဲ့ ေဒၚလာေဈးကို ေလာင္းကစားဆန္ဆန္ ကစားေနတဲ့သူေတြ အရွိန္တန႔္ၿပီး စသုံးလုံးက ဝင္ဖမ္းမႈေတြ လုပ္လာခ်ိန္မွာ ေ႐ႊဘုံသာလမ္း ေဈးကြက္က ျပင္ပေငြေၾကးေဈးကြက္က လုံးဝရပ္ဆိုင္းသြားသေလာက္ ျဖစ္ခဲ့ပါတယ္။သတင္းေတြအရ ကနဦးမွာ ေဒၚလာေဈးကစားသူ ၃ ဦးကို ေခၚစစ္ေဆးေနၿပီး စာရင္းအရ ေနာက္ထပ္ ၈ ေယာက္ ေခၚစစ္ေဆးဖို႔ ရွိေနတဲ့အတြက္ လက္ႀကီးကစားေနသူေတြ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ျဖစ္ကုန္သလို ပမာဏခပ္ႀကီးႀကီး အေရာင္းအဝယ္ေတြပါ ေပ်ာက္သေလာက္ ျဖစ္သြားပါတယ္။
    

ေဒၚလာေဈးတစ္ခုထဲ တက္ေနတာ မဟုတ္ပါဘူး။ေ႐ႊေဈးကလည္း ေဒၚလာေဈးနဲ႔အတူ အျမင့္ဆုံးထိ လိုက္တက္ခဲ့ရာမွာ စက္တင္ဘာ ၂၀ ရက္မွာ ၁၆ ပဲရည္ အေခါက္ေ႐ႊေဈးႏူန္းက တစ္က်ပ္သားကို က်ပ္ ဆယ္သိန္းေက်ာ္အထိ တက္ခဲ့ပါတယ္။စက္တင္ဘာ ၂၄ ရက္မွာ ေ႐ႊေဈးကစားသူမ်ားကိုလည္း စသုံးလုံးက စတင္ေခၚယူစစ္ေဆးခဲ့လို႔ စက္တင္ဘာ ၂၅ ရက္မွာ ရန္ကုန္ႏွင့္ မႏၲေလး ေ႐ႊေဈးကြက္ေတြပါ ရပ္ဆိုင္းခဲ့ပါတယ္။
    

သတင္းေတြအရ ေဒၚလာႏွင့္ ေ႐ႊ ေဈးကစားသူ အနည္းဆုံး လူပုဂၢိဳလ္ ဆယ္ဂဏန္းခန႔္ကို စစ္ေဆးေမးျမန္းေနၿပီး မသမာမႈေဆာင္႐ြက္ေၾကာင္း ေပၚေပါက္သူမ်ားကို တည္ဆဲဥပေဒအရ အေရးယူမယ္လို႔ စသုံးလုံးဘက္က ေျပာထားၿပီး လက္ရွိမွာ သမာ႐ိုးက်အရ ေဈးတက္တာမဟုတ္ဘဲ ေဈးေတြ ဆြဲတင္ကစားရာကေန ေဒၚလာနဲ႔ ေ႐ႊ ေဈးေတြတက္ၿပီး ေဈးကစားသူေတြ အျမတ္ႀကီးႀကီးရကာ ျပည္သူေတြမွာ ကုန္ေဈးႏူန္းတက္လို႔ အေထြေထြအက်ပ္အတည္းနဲ႔ ရင္ဆိုင္ရတဲ့အတြက္ ဒီလိုလုပ္သူေတြကို ဘယ္လိုျပင္းျပင္းထန္ထန္ အျပစ္ေပးမလဲဆိုတာကို အမ်ားျပည္သူက ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။

    
ဒီလိုျပႆနာေတြအျပင္ အြန္လိုင္းမွာ စုမဲလိမ္လည္တာေတြေၾကာင့္ လူမႈေရးျပႆနာကေန  ရာဇဝတ္မႈေတြအထိ ျဖစ္လာလို႔  စက္တင္ဘာ ၂၆ ရက္က ျပဳလုပ္တဲ့ ရန္ကုန္တိုင္း လႊတ္ေတာ္အစည္းအေဝးမွာ နယ္/လုံဝန္ႀကီး ဗိုလ္မႉးႀကီး ေအာင္စိုးမိုး က ရန္ကုန္တိုင္းအတြင္း စုမဲလိမ္လည္မႈ စုစုေပါင္း ၇၆ မႈရွိကာ လိမ္လည္သည့္ ေငြပမာဏ က်ပ္သိန္း ၁၈,၀၀၀ ခန႔္ရွိေနၿပီး  ဒီလိုက်ဴးလြန္သူေတြကို ဆက္သြယ္ေရးဥပေဒ၊ ရာဇသတ္ႀကီးဥပေဒနဲ႔ အေရးယူဖို႔ ေဆာင္႐ြက္ေနတယ္လို႔  ေျပာခဲ့ပါတယ္။
    

ဒီသတင္းေတြက ဒီတစ္ပတ္မွာ လူမ်ားစုအတြက္ သတိထားစရာ သတင္းေတြျဖစ္ခဲ့ၿပီး အစိုးရရဲ႕ ဝင္ေရာက္ကိုင္တြယ္မႈအေပၚ ျပည္သူေတြက သေဘာက်ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဘာပဲျဖစ္ျဖစ္ ေကာင္းဆိုးေရာေနတဲ့ ယခုတစ္ပတ္ျဖစ္ေပၚတဲ့ သတင္းေတြထဲမွာ စိတ္ပ်က္စရာ သတင္းေတြ မ်ားေပမယ့္  ယခုသတင္းကေတာ့ အမ်ားျပည္သူကို အက်ိဳးရွိေစတဲ့ သတင္းျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၂၈