【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြန်မာပြည်ရောက်လာတဲ့ အကြောက်တရား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြန်မာပြည်ရောက်လာတဲ့ အကြောက်တရား

ယခုရက်သတ္တပတ်ထဲမှာ မြန်မာနိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့တဲ့အတွက် တစ်နိုင်ငံလုံး အ ထိတ်တလန့်ဖြစ်ခဲ့ပါတယ်။ဒီအတွက် ကိုရိုနာဗိုင်းရပ်စ်သတင်းတွေက သတင်းဖတ်သူတွေ အထိတ်တလန့် စောင့် ကြည့်ခဲ့ရတဲ့ သတင်းဖြစ်သလို ကျန်းမာရေးက ညစဉ် နံနက် တစ်နာရီမှ နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရတဲ့ နောက်ဆုံးအခြေအေနကို ထုတ်ပြန်လေ့ရှိတဲ့အတွက်စောင့်ကြည့်ရတဲ့ သူတွေနဲ့အွန်လိုင်းမှာ ကောလာဟလ သတင်းတွေ ပိုထွက်လာလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုရက်ထဲမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့ အဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်းနဲ့ တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကောလဟလနဲ့အတူ ပြည်ပက တရား မဝင် ဝင်လာသူတွေကို ရပ်ကွက်က သတင်းပေးမှုတွေအရ ဖမ်းဆီးရမိတဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားမှုအရှိဆုံးသတင်းတွေ ဖြစ်လာခဲ့ပါတယ်။

ပေါ့ဆမှုအတွက် ပေးဆပ်ရမယ့် ကိုရိုနာကူးစက်သူ ၅ ဦး

ဒီကိန်းဂဏန်းက မြန်မာနိူင်ငံအတွက် ထိတ်လန့်စရာဖြစ်ပေမယ့် ကမ္ဘာတစ်ဝန်းနဲ့နိူင်း ယှဉ်ကြည့်မယ့်ဆို ရင်တော့ သိပ်တုန်လှုပ်စရာ အခြေအနေတော့မဟုတ်ပါဘူး။ကမ္ဘာတစ်ဝန်းကူးစက်ခံနေရတဲ့ အခြေအနေမှာ တတိ ယလှိုင်းလို့ ခေါ်တဲ့ ရောဂါဖြစ်တဲ့နိုင်ငံတွေကနေ ပြန်လာတဲ့ သူတွေကနေ ကူးစက်မှုက မြန်မာနိုင်ငံအတွက် အဓိက ကူးစက်ခံရမှုလမ်းကြောင်းဖြစ်လာခဲ့ပါတယ်။

မတ်၂၃ ရက်က စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်တွေရှိမှုသတင်းတွေကြောင့် ရိုက်ခတ်မှုဂယက်က အတော်လေးကို ပြင်းထန်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ် ၂၃ ရက်မှာ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံရကြောင်း ကြေညာခဲ့တဲ့ နှစ်ဦးအနက် အမေရိကန်ကနေ မတ် ၁၃ ရက်မှာ လေကြောင်းကနေဝင်လာပြီး ကလေး-တီးတိန်အထိ လေကြောင်းကနေ ဆက်ဝင်သွားတဲ့ အတွက် ရက်ကြာရှည်ခဲ့လို့ ဗိုင်းရပ်စ် အဓိကဖြန့်ဖြူးသူ ဖြစ်မှာကို အားလုံးက စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့်ဒီလူနာက လက်ရှိမှာ ကျန်းမာရေးကောင်းနေသလို အဆိုပါ လူနာ နဲ့ထိတွေ့ခဲ့ သူတွေကို တောက်လျှောက်လိုက်ခဲ့ကာ နေအိမ်အကျယ်ချုပ်တွေ ချခဲ့ပါတယ်။

မတ်၂၃ ရက်မှာဘဲ နောက်ထပ်တွေ့ခဲ့တဲ့ တစ်ယောက်က အင်္ဂလန်ကနေပြန်လာတဲ့ သူတွေထဲမှာပါတဲ့ ၂၆ နှစ် အရွယ်တစ်ဦးပါ။ သူကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း မတွေ့ခင်ရက်မှာ အွန်လိုင်းပေါ် လှည်းကူး ဆရာတော်အရှင်ဆေကိန္ဒာရာမကျောင်းတိုက်မှာ ထားတဲ့ အတွက် စောဒကတက်တဲ့ ရုပ်သံတွေထွက်ပေါ် လာခဲ့ သလို ရန်ကုန်တိုင်းလှုမှုရေးဝန်ကြီးကိုယ်တိုင် အင်္ဂလန်ပြန်ဆိုသူတွေကို သွားရောက်ဖြေရှင်းခဲ့ရတဲ့ ရုပ်သံတွေ မီဒီယာတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။

နောက်ရက်ဖြစ်တဲ့ မတ် ၂၃ရက်မှာ အဆိုပါကျောင်းတိုက်အတွင်း အင်္ဂလန်မှ ပြန်လာတဲ့ ၁၀၇ ဦးကို နေရာ ချထားခဲ့တာကနေ ခြောက်ဦးနေတဲ့ အခန်းမှာ တစ်ဦးဆီကနေ ကိုရိုနာဗိုင်းရပ်စ်ကိုတွေ့ခဲ့တာပါ။ ဒီလို ဗိုင်းရပ်စ် တွေ့ ရှိတဲ့အတွက် အဆိုပါကျောင်းတိုက်ကို မတ် ၂၄ ရက်မှာ Lock down ချခဲ့သလို အဲ့ဒီရက်မတိုင်ခင် လာတွေ့ခဲ့ တဲ့ ရန်ကုန်လူမှု ရေးဝန်ကြီးနဲ့ ထိတွေ့ခဲ့တဲ့ သူတွေကို နေအိမ်မှာ ၁၄ ရက်မှာ ခြေချုပ်နေခိုင်းခဲ့ရပါတယ်။ဒီလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိပြီး နောက်တစ်ရက်အကွာ ၂၅ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့တဲ့ သူတစ်ဦး ကို ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နံနက် ၁ နာရီဝန်းကျင်မှာ ထုတ်ပြန်ခဲ့တဲ့ အဆိုပါထုတ်ပြန် ကြေညာချက်ကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိသလို ဒီမတိုင်ခင်တွေ့ရှိခဲ့တဲ့ သတင်းကကြိုထွက်လာခဲ့တဲ့ အတိုင်း ဟုတ်မှန်နေခဲ့တဲ့အတွက် ထွက်ထွက်လာတတ်တဲ့ ကောလာဟလတွေကို အများပြည်သူအနေနဲ့ ယုံကြည် ရမယ့် အနေအထားကိုရောက်လာခဲ့ပါတယ်။

တတိယမြောက်ကူးစက်ခံရသူက လက်ရှိလူတွေမှာ ဖြစ်နေတဲ့ အကြောက်တရားကို ပိုပြီး ဆိုးရွားစေခဲ့ ပါ တယ်။ထုတ်ပြန်ချက်တွေမှာ အင်္ဂလန်နိုင်ငံကနေ မတ် ၂၁ရက်မှာ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်ကနေ တစ် ဆင့် လေကြောင်းခရီးနဲ့ ရန်ကုန်လေဆိပ်ကို ဝင်ရောက်လာခဲ့ရမှာ လေဆိပ်လ၀ကမှာ ဘာဘေးဒိုးစ်လို့ စာရင်း လိမ် ဖောင်ဖြည့်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ အဆိုပါအမျိုးသားမှာ တရားဝင် တားမြစ်ကန့်သတ်ထားသည့်နိုင်ငံ ၆နိုင်ငံထဲပါဝင်သည့် အင်္ဂလန်အစား မပါဝင်သည့် နိုင်ငံမှလိမ်လည်ဖောင်ဖြည့်ခဲ့ သည့်အတွက် ၁၄ ရက် နေအိမ်အကျဉ်းချုပ်နေထိုင်ရမည့် ကို ရှောင်လွဲခဲ့ကာ မတ်၂၃ ရက်တွင် ကိုယ်ပူဖျားနာခြင်း နှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် အင်းစိန်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာဖြစ်ခဲ့ရာကနေ မတ် ၂၅ ရက်မှာ အတည်ပြုကူးစက်ခံရသူဖြစ်လာခဲ့ပါတယ်။

ထိုကဲ့သို့ လေဆိပ်ကန့်သတ်ချက်မှ ကျော်ဖြတ်ရန် လိမ်လည်ဖြည့်စွက်ခဲ့တဲ့ အကျိုးဆက်ကြောင့် ထိုလူနာ သွားရောက်ခဲ့တဲ့နေရာတွေ ထိတွေ့ခဲ့တဲ့ နေရာတွေကို တွေခဲ့တဲ့ သူတွေကို နေအိမ်ထိန်းချုပ်တွေ၊ ထိုသူနေထိုင်ရာ လမ်းကို Lock Down လုပ်ရတာတွေ စောင့်ကြည့်ထိန်းချုပ်ရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီအ တွက်လည်း အင်္ဂလန် ပြန်တွေ အပါအဝင်နိုင်ငံခြားကနေ ဝင်လာတဲ့ သူတွေကို အပေါ် လူမှုကွန်ရက်မှ ဝေဖန်မှုတွေ များခဲ့ပါတယ်။

အများပြည်သူတွေအနေနဲ့ ရောဂါတွေ့ရှိသူတွေက ပြည်ပကဝင်လာတာဖြစ်တဲ့အပြင် အတန်းပညာတတ် ပေမယ့် ကျန်းမာရေးဆိုင်ရာ ပေါလျော့တာ ၊ အများပြည်သူကိုကူးစက်နိုင်တာကို လျစ်လျူပြီး ကိုယ်အတ္တတစ်ခုကို သာရှေ့တန်းတင်ပြီး မလိမ့်တစ်ပတ်လုပ်ကာ ကျန်းမာရေးအသိတရားခေါင်းပါးပြီး အများပြည်သူသွားလာရာ နေရာတွေကို ဝင်ထွက်ခဲ့တာကြောင့် အများပြည်သူကို ဒေါသထွက်စေခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦးတွေ့ရှိပြီး နောက် နှစ်ရက်အကြာ မတ် ၂၇ ရက်မှာ ရန်ကုန်နဲ့ မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း မတ် ၂၇ ရက် နံနက် ၁ နာရီဝန်းကျင်မှာ ထုတ်ပြန်ခဲ့တဲ့အတွက် ဝေဖန်စရာဖြစ်ခဲ့သလို အဆိုပါထုတ်ပြန်ချက်မတိုင်ခင် တာဝန်ရှိသူတစ်ဦးရဲ့ နမိတ်ပေးသလိုလို အတိတ်စိမ်းပေးသလိုလို ပို့စ်တွေကိုတင်ခဲ့တာ တွေ့ရတာကလည်း ထုံးစံအတိုင်းဆက်ဖြစ်ခဲ့ပါတယ်။ထုတ်ပြန်ချက်မတိုင်ခင် ကောလာဟလတွေအတိုင်း မှန်နေခဲ့တဲ့ အတွက် ဒါက ဝေဖန်စရာဖြစ်ခဲ့ပါတယ်။

ယခုတွေ့ရှိခဲ့တဲ့ သူနှစ်ဦးမှာ ရန်ကုန်က တွေ့ရှိတဲ့ တစ်ဦးက မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ အသက် (၆၉) နှစ် အရွယ် အမျိုးသားကြီးဖြစ်ပြီး နှာခေါင်း ကင်ဆာရောဂါကို ဩစတြေးလျမှာ ဆေူသွားကုပြီး အပြန် စင်ကာပူမှာ (၄) ရက်ခန့် နေထိုင်ခဲ့တဲ့ သူပါ။ ထုတ်ပြန်ချက်မှာတော့ မတ် ၁၄ ရက်မှာ ရန်ကုန် ရောက်ပြီး မတ် ၁၈ ရက်မှာ ရောဂါ လက္ခဏာ ခံစားခဲ့ရလို့ မတ် ၂၅ ရက်ကစပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးရုံ တင် ခဲ့ရတာပါ လို ဖော်ပြခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ သွားရာလမ်းကြောင်းအရ ရောဂါခြေချုပ်နဲ့ ကန့်သတ်စောင့် ကြည့်ဖို့ အတွက် ရန်ကုန်မှာ တွေရှိတဲ့ အသက် ၆၉ နှစ်အရွယ်အမျိုးသားကင်ဆာရောဂါဝေဒနာရှင်က တပြုံတမ ကြီး ကူးစက်ခံရဖို့ အခွင့်အရေးနည်းနိုင်တယ်ဆိုပေမယ့် မန္တလေးမှာ တွေ့ရှိတဲ့ အသက် (၃၃) နှစ်ရွယ်အမျိုးသား ကတော့ အမေရိကန်ကနေပြန်လာတာဖြစ်ပြီး ရန်ကုန်ကို မတ် ၁၉ ရက်မှာရောက်ပြီး တောင်ဥက္ကလာပမှာ တစ် ညအိပ်ပြီး မတ် ၂၀ မှာ မန္တလေးကို ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်နဲ့ မန္တလေးကိုပြန်ခဲ့တာပါ။

မန္တလေးရောက်ပြီး မတ် ၂၂ ရက်မှ ရောဂါလက္ခဏတွေ ပြလို့ နီးစပ်ရာဆရာဝန်နဲ့ပြခဲ့ပြီး မတ် ၂၅ရက်မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာမှ သံသယရှိသဖြင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ရ တာ ပါ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုမထုတ်ပြန်နိုင်သေးခင် သွာလာလှုပ်ရှားထိတွေ့ခဲ့တာ များတဲ့ အတွက် ပတ်သက်ထိစပ်ခဲ့တဲ့သူတွေအတွက် ထိတ်လန့်စရာဖြစ်လာခဲ့ပါတယ်။ ဒါဟာ လူအမြောက်အများကူး စက်ခံရနိုင်တဲ့ အခြေအနေရှိနိုင်တဲ့အတွက် သက်ဆိုင်ရာက တက်သုတ်ရိုက်ပြီး လုပ်ဆောင်ခဲ့ရတာပါ။အဆိုပါ အမျိုးသား တစ်ညအိပ်ခဲ့တဲ့ တောင်ဥက္ကလာပက တိုက်ခန်းနေရာကို Lock Down ချခဲ့သလို သူနေထိုင်ရာ ချမ်းမြ သာစည် မြို့နယ်ထဲနေထိုင်ရာအိမ်ရာတစ်၀ိုက်ကိုလည်း Lock Downချခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပြည်ပက နည်းပေါင်းစုံနဲ့ဝင်လာသူတွေ များနေသလို တွေ့ရှိသူတွေကလည်း ပြည်ပက ဝင် လာသူတွေဖြစ်ကာ လေဆိပ်စစ်ဆေးရေးကနေ ရောဂါမတွေ့ဘဲ နေအိမ်ရောက်ပြီး ရောဂါလက္ခဏာပြလို့ တွေ့ရ တဲ့ အတွက် ဒီလိုလူတွေဘယ်လောက်ရှိနေပြီလဲဆိုတာ အများပြည်သူအတွက် တွေးတောစဉ်းစားစရာဖြစ် လာခဲ့ ပါတယ်။ယခုအချိန်အခါမှာ ရာသီကာလအရ မြန်မာနိုင်ငံ ရိုးရာသင်္ကြန်ကာလဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ် က အများပြည်သူအနေနဲ့ မိမိနေထိုင်ရာဇာတိတွေကိုပြန်နေကြ၊ပြန်ကြတဲ့ ကာလဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် ကြောင့် လူသေဆုံးမှုရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက လူအစုလိုက်အပြုံလိုက် ပြန်ဝင်လာနေတဲ့ အတွက် ဗိုင်းရပ်စ် ကူးစက်မှုအတွက် စိုးရိမ်စရာပါ။

ဒီအတွက် အစိုးရနဲ့ အများပြည်သူ အာဏာပိုင်တွေ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ရပေမယ့် အာဏာပိုင် တွေဘက်က ယခုထိ အဓိက ရောဂါကူးစက်ခံရသူတွေကို ဆက်တိုက်တွေ့ရတဲ့ လေဆိပ်ကို မပိတ်သေးသလို ဖြစ်ပြီးမှ နောက်ကနေလိုက်လုပ်နေတာကိုတွေ့ရသလို နှောင့်နှေးမှုတွေ တွေ့ရပြီး အစုလိုက်အပြုံလိုက်တွေ့ရင် ဘယ်လိုကိုင်တွယ်မလဲဆိုတာလည်း စိုးရိမ်စရာကောင်းလောက်အောင် စီမံခန့်ခွဲမှုအားနည်းချက်တွေကို တွေ့ နေရပါတယ်။ အထူးသဖြင့် ပြည်ပကနေ အလုံးအရင်းနဲ့ ဝင်လာတဲ့ သူအများစုမှာ ကမ္ဘာကပ်ရောဂါအဖြစ်တောင် သတ်မှတ်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အန္တရာယ်ကို လျော့တွက်ကာ ကျန်းမာရေးအသိတရား ခေါင်းပါး သူတွေ ပါလာတာ ထုနဲ့ဒေးတွေ့ရတဲ့ အတွက် ရောဂါကူးစက်မှု ဘယ်အချိန်မှာပေါက်ကွဲမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်နေပါတယ်။ လက်ရှိမှာ ရောဂါကြောင့် သေဆုံးသူမရှိသေးပေမယ့် ဗိုင်းရပ်စ် ကူးစက်မှုက ဒီအတိုင်းပမာဏမှာ ဘဲ ရပ်တန်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမယ်အခြေအနေပါ။

အကြမ်းဖက်အဖွဲ့ဖြစ်လာသည့် ရခိုင်လက်နက်ကိုင်နှင့် နောက်ဆက်တွဲ

မတ်လ ၂၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာနကနေ ရခိုင့်တပ်ဖွဲ့(AA) ကို မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့လို့ ကြေညာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာ AA အဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်စေကြောင်း သမ္မတက ယူဆသည့်အတွက်ဆိုပြီး ပါဝင်ခဲ့ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း ထပ်မံကြေညာခဲ့ပါတယ်။

ဒါဟာ ရခိုင်အရေး ပိုမိုနက်ရှိုင်းလာာကိုဖော်ပြခဲ့သလို ၂၀၀၉ ခုနှစ်က ဧပြီလက စတင်ပြီး ကချင်လွတ် မြောက်ရေးတပ် (KIA) ထိန်းချုပ်ရာနယ်မြေ လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့တဲ့ ရခိုင်လက်နက်ကိုင် အေအေအဖွဲ့ အတွက် ရခိုင်ပြည်နယ်ထဲ ခြေချဖို့ ကြိုးစားရာမှာ ပိုပြင်းထန်လာတဲ့ တိုက်ပွဲတွေ‌ကြောင့် ဒေသခံတွေ ထောက်ခံမှု ရတဲ့ အေအေကိုထိန်းချုပ်ဖို့အတွက် အစိုးရနဲ့ တပ်မတော်က ကြိုးစားလာတဲ့ လုပ်ရပ်အဖြစ်ရှုမြင်ကြတဲ့ သူတွေရှိ ပါတယ်။

ဒီလို မတရားအသင်းရော၊ အကြမ်းဖက်အုပ်စုအဖြစ်ပါကြေညာခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖြစ်ပါ သတ်မှတ်ကြေညာတာက ထူးဆန်းသလို ပထမဆုံးဖြစ်ရပ်လည်းဖြစ်လာပါတယ်။ မကြာခင်က လွှတ် တော်ထဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြိုးစားရာမှာ မရှုမလှရှုံးနိမ်ခဲ့ရတဲ့ အာဏာရပါတီဦးဆောင် တဲ့ အစိုးရလုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးက ယခုကြေညာချက်အရဆို အတော်လေးကိုဝေးသွာတဲ့ အနေအထားရှိနေပါတယ်။

အေအေကို မတရားအသင်းရော၊ အကြမ်းဖက်အုပ်စုအဖြစ်ပါကြေညာတဲ့ မတ် ၂၃ ရက် နံနက်မှာ မင်းပြား မြို့နယ်ရှိ ကမ်းနီ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းကို ရခိုင့်တပ်ဖွဲ့(AA) ကဝင်ရောက် တိုက်ခိုက်ခဲ့ တာ ကိုတွေ့ရပါတယ်။ ရခိုင်မြောက်ပိုင်းနဲ့ ချင်းတောင်ပိုင်း တောတောင်ထူထပ်တဲ့ ပလက်၀မှာ အခြေစိုက်ဖို့ ရခိုင် လက်နက်ကိုင် အေအေက ၂၀၁၉ ခုနှစ်မှာ တောက်လျှောက်နယ်မြေကိုကြီးစိုးဖို့ ကြိုးစားရာမှာ တပ်မတော်နဲ့ တိုက်ပွဲကြီးတွေအပြင်းအထန်ဖြစ်နေတာ ကြာပါပြီ။ ဒီလိုတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက် က ပိုပြီးတိုးလာသလို အဆိုပါဒေသက ချင်းလူမျိုးခူမီးတွေ ရန်ကုန်ထိစစ်ဘေးရှောင်လာကြတဲ့အထိပါဘဲ။

ရခိုင်လက်နက်ကိုင်တွေက အဆိုပါဒေသအတွင်း အစိုးရအမှုထမ်းတွေကိုပြန်ပေးဆွဲတာ၊သတ်ဖြတ်တာ ၊လူမျိုးမတူတာတွေကို သတ်ဖြတ်တာတွေလုပ်လာသလို ပြန်ပေးဆွဲတာတွေလည်းလုပ်လာတာကိုလည်း တွေ့ လာရပါတယ်။မကြာခင်က အဆိုပါပလက်၀ဒေသအတွင်း လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး လုပ်ငန်းသုံးငွေတွေကို လုယူသွားတာတွေရှိသလို ကုလားတန်မြစ်အတွင်းသွားလာနေတဲ့ ရေယာဉ်တွေကို ပစ်ခတ်နေတာတွေ‌ကြောင့် ဒေသတွင်း အသွားအလာတွေ ပြတ်တောက်ပြီး ရိက္ခာပြတ်လပ်တာတွေလည်းရှိလာခဲ့ပါတယ်။

ယခုလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့တဲ့ အတွက် ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တဲ့ သူတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်မှာဖြစ်တဲ့ အတွက် ပြည်တွင်းပြည်ပက ရခိုင်လက်နက်ကိုင်အေအေကို ထောက်ခံ သူတွေ ဆီက ထောက်ပံ့တဲ့ ဘဏ္ဍာရေးကို ဖြတ်တောက်သလိုဖြစ်မှာ ဖြစ်တဲ့ အတွက် ရခိုင်လက် နက်ကိုင်တွေကို လူမျိုးရေးအရ ထောက်ပံ့ဆက်နွယ်နေသူတွေအတွက် အနေဆင်ချင်ရမယ့် အနေအထားဖြစ်လာ သလို သတင်းမီဒီယာတွေအနေနဲ့လည်း ဆက်သွယ်ရေးသားရာမှာ အခက်အခဲတွေ ဖြစ်လာတော့မှာဖြစ်ပါတယ်။ ပြည်တွင်း ရှိ နိုင်ငံရေးသုံးသပ်သူတွေကတော့ ရခိုင့်တပ်ဖွဲ့(AA) ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့လို့ ကြေညာလိုက်တဲ့ အတွက် တိုက်ပွဲများ ပိုများလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီရက်သတ္တပတ်အတွင်းမှာဘဲ ရခိုင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ နယ်ထဲမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ကြားတိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ တာ ရှိပါတယ်။ ရှမ်းမြောက် နမ့်ခမ်းမှာတော့ TNLAတွေလှုပ်ရှားမှုစိပ်နေပြီး ကျေးရွာတွေထဲ မူးယစ်ဆေးဝါးအကြောင်း ပြပြီး ဒေသခံတွေကိုပြန်ပေးဆွဲတာတွေ လုပ်တာတွေ ဖြစ်ခဲ့ပါတယ်။

ကောလာဟလနဲ့ အကြောက်တရား

ဒီတစ်ပတ်မှာ စိတ်ပျက်စရာက ကိုရိုနာဗိုင်းရပ်စ်မကူးစက်ခင်ကတည်းက ဖြစ်ခဲ့တဲ့ သတင်းတွေပါဘဲ။မတ် ၂၃ ရက်ညပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းတွေ့ရပြီးနောက်ပိုင်းမှာညတွင်ချင်း စတိုးဆိုင်တွေ၊ရှော့ပင်း မော်လ် တွေ၊ စားသုံးကုန်စည်တွေ အလုအယက်ဝယ်ယူမှုတွေ ရှိလာသလို ကျန်းမာရေးဆိုင်ရာပစ္စည်းတွေ ဆေးဝါး တွေကိုလည်း မလိုလည်းဝယ်တာတွေကြောင့် စျေးကွက်အတွင်းပစ္စည်းပြတ်လတ်တာတွေဖြစ်ခဲ့ပါတယ်။ ဒီလိုအ ခြေအနေကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် နိုင်ငံပိုင်ရုပ်သံကနေ မြန်မာနိုင်ငံတွင် ရိက္ခာပြတ် မည့် အလားအလာမရှိကြောင်းနှင့် ထွက်ပေါ်နေသည့် ကောလဟလများကို မယုံကြည်ကြဖို့ ပြောခဲ့ပါတယ်။ အစိုးရအ နေနှင့် အများပြည်သူအတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးများ နှင့် အရောင်း အဝယ်စင် တာများကို ပိတ်သိမ်းဖို့ အစီအစဉ်မရှိကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။

ထိုပြင် ဈေးဝယ်သည့်အခါ မိသားစုအလိုက်၊ အစုအဖွဲ့နှင့် သွားရောက်ခြင်းမရှိပဲ တစ်ဦးတစ်ယောက် တည်းကသာ မိသားစုအတွက် အမှန်တကယ်လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူကြရန်နှင့် လုပ်ငန်းများ၊ စက် ရုံများ၊ အလုပ်ရုံများ၊ မြို့ရွာအဝင်အထွက်များကို ပိတ်မည် ဆိုသည့် ကောလဟာလ သတင်းအမှားများကိုလည်း မယုံကြည်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ကြရန် တိုက်တွန်းခဲ့ကိုလည်းတွေ့ရပါတယ်။

နောက်ပိုင်းမှာ ရပ်ကွက်တွေထဲ ကောလာဟလတွေ ဆက်လက်ထွက်ပေါ်ခဲ့သလို မှန်နေခဲ့တာကိုလည်း တွေ့ရတဲ့အတွက် ဒါဟာ စဉ်စားစရာ ကိစ္စတွေလည်းဖြစ်ခဲ့ပါတယ်။ ညစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေ အတွက် ကျန်းမာရေးက မထုတ်ပြန်ခင်မှာ ပေါ်လာတတ်တဲ့သတင်းက နေ့စဉ်အွန်လိုင်းမှာ ထွက်လာတတ်တာ ကလည်း သတိထားစရာပါ။ယခုရက်ပိုင်းမှာ ဒီလိုကောလာဟလတွေကြောင့် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင် အသင်းက ရပ်ကွက်တွေထဲဆန်ကို ဆင်းရောင်းချတာရှိသလို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဘက်က သက် ဆိုင်ရာ ကဏ္ဍအလိုက် စျေးသက်သက်သာသာနဲ့ ရောင်းချတာတွေလည်းရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိလာချိန်မှာ သတိထားမိစရာဖြစ်လာတာက ပြည်ကနေ ဝင်ရောက်နေ ထိုင်တဲ့ သူတွေက ပတ်ဝန်းကျင်က စောင့်ကြည့်ပြီးသတင်းပေးပို့တာတွေရှိလာတာဖြစ်ပါတယ်။ ဒီရက်သတ္တ ပတ်ထဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တစ်ခုမှာ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကိုတွေ့ ရှိခဲ့ ပြီး လက်ပ်တော့တွေနဲ့ တွေ့ရပြီး အများစုက အွန်လိုင်းရှော့ပ်ပင်းလုပ်နေတာလို့ ဆိုပါတယ်။လသာမှာလည်း တရားမဝင် ၀င်ရောက် နေထိုင်တဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ပတ်စပို့စ် ၂၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တာ လည်းရှိခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ အများပြည်သူဆိုင်ရာနေရာတွေအဖြစ်တဲ့ ရွေတိဂုံစေတီကို ဝင်ရောက်ဖူးမြှော်ချိန် ကန့်သတ်ခဲ့သလို အစိုးရဝန်ထမ်းတွေအလုပ်တာဝန်ထမ်းဆောင်တဲ့ ဦးရေကိုလည်း ထက်ဝက်လျော့ချခဲ့တဲ့ စာကိုလည်းထုတ်ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ကိရိုနာဗိုင်းရပ်စ်သတင်းတွေနဲ့ ကူးစက်ခံရသူသတင်းတွေက ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မာလင်း
မတ် - ၂၇

( Zawgyi )

ယခုရက္သတၱပတ္ထဲမွာ ျမန္မာႏိုင္ငံထဲမွာ ကို႐ိုနာဗိုင္းရပ္စ္စတင္ေတြ႕ရွိခဲ့တဲ့အတြက္ တစ္ႏိုင္ငံလုံး အ ထိတ္တလန႔္ျဖစ္ခဲ့ပါတယ္။ဒီအတြက္ ကို႐ိုနာဗိုင္းရပ္စ္သတင္းေတြက သတင္းဖတ္သူေတြ အထိတ္တလန႔္ ေစာင့္ ၾကည့္ခဲ့ရတဲ့ သတင္းျဖစ္သလို က်န္းမာေရးက ညစဥ္ နံနက္ တစ္နာရီမွ ႏိုင္ငံအတြင္းကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံ ရတဲ့ ေနာက္ဆုံးအေျခေအနကို ထုတ္ျပန္ေလ့ရွိတဲ့အတြက္ေစာင့္ၾကည့္ရတဲ့ သူေတြနဲ႔အြန္လိုင္းမွာ ေကာလာဟလ သတင္းေတြ ပိုထြက္လာေလ့ရွိတာကိုလည္း ေတြ႕ရပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုရက္ထဲမွာ ရခိုင္လက္နက္ကိုင္အဖြဲ႕ကို မတရားအသင္းနဲ႔ အၾကမ္းဖက္အဖြဲ႕ အျဖစ္ထုတ္ျပန္ေၾကညာခဲ့တဲ့ သတင္းနဲ႔ တစ္ႏိုင္ငံလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ေကာလဟလနဲ႔အတူ ျပည္ပက တရား မဝင္ ဝင္လာသူေတြကို ရပ္ကြက္က သတင္းေပးမႈေတြအရ ဖမ္းဆီးရမိတဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားမႈအရွိဆုံးသတင္းေတြ ျဖစ္လာခဲ့ပါတယ္။

ေပါ့ဆမႈအတြက္ ေပးဆပ္ရမယ့္ ကို႐ိုနာကူးစက္သူ ၅ ဦး

ဒီကိန္းဂဏန္းက ျမန္မာႏိူင္ငံအတြက္ ထိတ္လန႔္စရာျဖစ္ေပမယ့္ ကမာၻတစ္ဝန္းနဲ႔ႏိူင္း ယွဥ္ၾကည့္မယ့္ဆို ရင္ေတာ့ သိပ္တုန္လႈပ္စရာ အေျခအေနေတာ့မဟုတ္ပါဘူး။ကမာၻတစ္ဝန္းကူးစက္ခံေနရတဲ့ အေျခအေနမွာ တတိ ယလႈိင္းလို႔ ေခၚတဲ့ ေရာဂါျဖစ္တဲ့ႏိုင္ငံေတြကေန ျပန္လာတဲ့ သူေတြကေန ကူးစက္မႈက ျမန္မာႏိုင္ငံအတြက္ အဓိက ကူးစက္ခံရမႈလမ္းေၾကာင္းျဖစ္လာခဲ့ပါတယ္။

မတ္၂၃ ရက္က စတင္ေတြ႕ရွိခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေတြရွိမႈသတင္းေတြေၾကာင့္ ႐ိုက္ခတ္မႈဂယက္က အေတာ္ေလးကို ျပင္းထန္ခဲ့ပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မတ္ ၂၃ ရက္မွာ ကို႐ိုနာဗိုင္း ရပ္စ္ ကူးစက္ခံရေၾကာင္း ေၾကညာခဲ့တဲ့ ႏွစ္ဦးအနက္ အေမရိကန္ကေန မတ္ ၁၃ ရက္မွာ ေလေၾကာင္းကေနဝင္လာၿပီး ကေလး-တီးတိန္အထိ ေလေၾကာင္းကေန ဆက္ဝင္သြားတဲ့ အတြက္ ရက္ၾကာရွည္ခဲ့လို႔ ဗိုင္းရပ္စ္ အဓိကျဖန႔္ျဖဴးသူ ျဖစ္မွာကို အားလုံးက စိုးရိမ္ခဲ့ပါတယ္။ ဒါေပမယ့္ဒီလူနာက လက္ရွိမွာ က်န္းမာေရးေကာင္းေနသလို အဆိုပါ လူနာ နဲ႔ထိေတြ႕ခဲ့ သူေတြကို ေတာက္ေလွ်ာက္လိုက္ခဲ့ကာ ေနအိမ္အက်ယ္ခ်ဳပ္ေတြ ခ်ခဲ့ပါတယ္။

မတ္၂၃ ရက္မွာဘဲ ေနာက္ထပ္ေတြ႕ခဲ့တဲ့ တစ္ေယာက္က အဂၤလန္ကေနျပန္လာတဲ့ သူေတြထဲမွာပါတဲ့ ၂၆ ႏွစ္ အ႐ြယ္တစ္ဦးပါ။ သူကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း မေတြ႕ခင္ရက္မွာ အြန္လိုင္းေပၚ လွည္းကူး ဆရာေတာ္အရွင္ေဆကိႏၵာရာမေက်ာင္းတိုက္မွာ ထားတဲ့ အတြက္ ေစာဒကတက္တဲ့ ႐ုပ္သံေတြထြက္ေပၚ လာခဲ့ သလို ရန္ကုန္တိုင္းလႈမႈေရးဝန္ႀကီးကိုယ္တိုင္ အဂၤလန္ျပန္ဆိုသူေတြကို သြားေရာက္ေျဖရွင္းခဲ့ရတဲ့ ႐ုပ္သံေတြ မီဒီယာေတြမွာ ေပၚထြက္လာခဲ့ပါတယ္။

ေနာက္ရက္ျဖစ္တဲ့ မတ္ ၂၃ရက္မွာ အဆိုပါေက်ာင္းတိုက္အတြင္း အဂၤလန္မွ ျပန္လာတဲ့ ၁၀၇ ဦးကို ေနရာ ခ်ထားခဲ့တာကေန ေျခာက္ဦးေနတဲ့ အခန္းမွာ တစ္ဦးဆီကေန ကို႐ိုနာဗိုင္းရပ္စ္ကိုေတြ႕ခဲ့တာပါ။ ဒီလို ဗိုင္းရပ္စ္ ေတြ႕ ရွိတဲ့အတြက္ အဆိုပါေက်ာင္းတိုက္ကို မတ္ ၂၄ ရက္မွာ Lock down ခ်ခဲ့သလို အဲ့ဒီရက္မတိုင္ခင္ လာေတြ႕ခဲ့ တဲ့ ရန္ကုန္လူမႈ ေရးဝန္ႀကီးနဲ႔ ထိေတြ႕ခဲ့တဲ့ သူေတြကို ေနအိမ္မွာ ၁၄ ရက္မွာ ေျခခ်ဳပ္ေနခိုင္းခဲ့ရပါတယ္။ဒီလို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြ႕ရွိၿပီး ေနာက္တစ္ရက္အကြာ ၂၅ ရက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိခဲ့တဲ့ သူတစ္ဦး ကို ထပ္မံေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ နံနက္ ၁ နာရီဝန္းက်င္မွာ ထုတ္ျပန္ခဲ့တဲ့ အဆိုပါထုတ္ျပန္ ေၾကညာခ်က္ေၾကာင့္ လူမႈကြန္ရက္မွာ ေဝဖန္မႈေတြရွိသလို ဒီမတိုင္ခင္ေတြ႕ရွိခဲ့တဲ့ သတင္းကႀကိဳထြက္လာခဲ့တဲ့ အတိုင္း ဟုတ္မွန္ေနခဲ့တဲ့အတြက္ ထြက္ထြက္လာတတ္တဲ့ ေကာလာဟလေတြကို အမ်ားျပည္သူအေနနဲ႔ ယုံၾကည္ ရမယ့္ အေနအထားကိုေရာက္လာခဲ့ပါတယ္။

တတိယေျမာက္ကူးစက္ခံရသူက လက္ရွိလူေတြမွာ ျဖစ္ေနတဲ့ အေၾကာက္တရားကို ပိုၿပီး ဆိုး႐ြားေစခဲ့ ပါ တယ္။ထုတ္ျပန္ခ်က္ေတြမွာ အဂၤလန္ႏိုင္ငံကေန မတ္ ၂၁ရက္မွာ ထိုင္းႏိုင္ငံ၊ သုဝဏၰဘုမိေလဆိပ္ကေန တစ္ ဆင့္ ေလေၾကာင္းခရီးနဲ႔ ရန္ကုန္ေလဆိပ္ကို ဝင္ေရာက္လာခဲ့ရမွာ ေလဆိပ္လ၀ကမွာ ဘာေဘးဒိုးစ္လို႔ စာရင္း လိမ္ ေဖာင္ျဖည့္ခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ အင္းစိန္ၿမိဳ႕နယ္မွာေနထိုင္တဲ့ အဆိုပါအမ်ိဳးသားမွာ တရားဝင္ တားျမစ္ကန႔္သတ္ထားသည့္ႏိုင္ငံ ၆ႏိုင္ငံထဲပါဝင္သည့္ အဂၤလန္အစား မပါဝင္သည့္ ႏိုင္ငံမွလိမ္လည္ေဖာင္ျဖည့္ခဲ့ သည့္အတြက္ ၁၄ ရက္ ေနအိမ္အက်ဥ္းခ်ဳပ္ေနထိုင္ရမည့္ ကို ေရွာင္လြဲခဲ့ကာ မတ္၂၃ ရက္တြင္ ကိုယ္ပူဖ်ားနာျခင္း ႏွင့္ ေခ်ာင္းဆိုးျခင္းေရာဂါလကၡဏာမ်ားျဖင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံ၌ ေစာင့္ၾကည့္လူနာျဖစ္ခဲ့ရာကေန မတ္ ၂၅ ရက္မွာ အတည္ျပဳကူးစက္ခံရသူျဖစ္လာခဲ့ပါတယ္။

ထိုကဲ့သို႔ ေလဆိပ္ကန႔္သတ္ခ်က္မွ ေက်ာ္ျဖတ္ရန္ လိမ္လည္ျဖည့္စြက္ခဲ့တဲ့ အက်ိဳးဆက္ေၾကာင့္ ထိုလူနာ သြားေရာက္ခဲ့တဲ့ေနရာေတြ ထိေတြ႕ခဲ့တဲ့ ေနရာေတြကို ေတြခဲ့တဲ့ သူေတြကို ေနအိမ္ထိန္းခ်ဳပ္ေတြ၊ ထိုသူေနထိုင္ရာ လမ္းကို Lock Down လုပ္ရတာေတြ ေစာင့္ၾကည့္ထိန္းခ်ဳပ္ရတာေတြ ျဖစ္ခဲ့ပါတယ္။ ဒီအ တြက္လည္း အဂၤလန္ ျပန္ေတြ အပါအဝင္ႏိုင္ငံျခားကေန ဝင္လာတဲ့ သူေတြကို အေပၚ လူမႈကြန္ရက္မွ ေဝဖန္မႈေတြ မ်ားခဲ့ပါတယ္။

အမ်ားျပည္သူေတြအေနနဲ႔ ေရာဂါေတြ႕ရွိသူေတြက ျပည္ပကဝင္လာတာျဖစ္တဲ့အျပင္ အတန္းပညာတတ္ ေပမယ့္ က်န္းမာေရးဆိုင္ရာ ေပါေလ်ာ့တာ ၊ အမ်ားျပည္သူကိုကူးစက္ႏိုင္တာကို လ်စ္လ်ဴၿပီး ကိုယ္အတၱတစ္ခုကို သာေရွ႕တန္းတင္ၿပီး မလိမ့္တစ္ပတ္လုပ္ကာ က်န္းမာေရးအသိတရားေခါင္းပါးၿပီး အမ်ားျပည္သူသြားလာရာ ေနရာေတြကို ဝင္ထြက္ခဲ့တာေၾကာင့္ အမ်ားျပည္သူကို ေဒါသထြက္ေစခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃ ဦးေတြ႕ရွိၿပီး ေနာက္ ႏွစ္ရက္အၾကာ မတ္ ၂၇ ရက္မွာ ရန္ကုန္နဲ႔ မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ႏွစ္ဦးကို ထပ္မံေတြ႕ရွိခဲ့ပါတယ္။ ဒီတစ္ခါမွာလည္း မတ္ ၂၇ ရက္ နံနက္ ၁ နာရီဝန္းက်င္မွာ ထုတ္ျပန္ခဲ့တဲ့အတြက္ ေဝဖန္စရာျဖစ္ခဲ့သလို အဆိုပါထုတ္ျပန္ခ်က္မတိုင္ခင္ တာဝန္ရွိသူတစ္ဦးရဲ႕ နမိတ္ေပးသလိုလို အတိတ္စိမ္းေပးသလိုလို ပို႔စ္ေတြကိုတင္ခဲ့တာ ေတြ႕ရတာကလည္း ထုံးစံအတိုင္းဆက္ျဖစ္ခဲ့ပါတယ္။ထုတ္ျပန္ခ်က္မတိုင္ခင္ ေကာလာဟလေတြအတိုင္း မွန္ေနခဲ့တဲ့ အတြက္ ဒါက ေဝဖန္စရာျဖစ္ခဲ့ပါတယ္။

ယခုေတြ႕ရွိခဲ့တဲ့ သူႏွစ္ဦးမွာ ရန္ကုန္က ေတြ႕ရွိတဲ့ တစ္ဦးက မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ (၆၉) ႏွစ္ အ႐ြယ္ အမ်ိဳးသားႀကီးျဖစ္ၿပီး ႏွာေခါင္း ကင္ဆာေရာဂါကို ဩစေၾတးလ်မွာ ေဆူသြားကုၿပီး အျပန္ စင္ကာပူမွာ (၄) ရက္ခန႔္ ေနထိုင္ခဲ့တဲ့ သူပါ။ ထုတ္ျပန္ခ်က္မွာေတာ့ မတ္ ၁၄ ရက္မွာ ရန္ကုန္ ေရာက္ၿပီး မတ္ ၁၈ ရက္မွာ ေရာဂါ လကၡဏာ ခံစားခဲ့ရလို႔ မတ္ ၂၅ ရက္ကစၿပီး ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးမွာ ေဆး႐ုံ တင္ ခဲ့ရတာပါ လို ေဖာ္ျပခဲ့ပါတယ္။ ဗိုင္းရပ္စ္ကူးစက္ခံရသူ သြားရာလမ္းေၾကာင္းအရ ေရာဂါေျခခ်ဳပ္နဲ႔ ကန႔္သတ္ေစာင့္ ၾကည့္ဖို႔ အတြက္ ရန္ကုန္မွာ ေတြရွိတဲ့ အသက္ ၆၉ ႏွစ္အ႐ြယ္အမ်ိဳးသားကင္ဆာေရာဂါေဝဒနာရွင္က တၿပဳံတမ ႀကီး ကူးစက္ခံရဖို႔ အခြင့္အေရးနည္းႏိုင္တယ္ဆိုေပမယ့္ မႏၲေလးမွာ ေတြ႕ရွိတဲ့ အသက္ (၃၃) ႏွစ္႐ြယ္အမ်ိဳးသား ကေတာ့ အေမရိကန္ကေနျပန္လာတာျဖစ္ၿပီး ရန္ကုန္ကို မတ္ ၁၉ ရက္မွာေရာက္ၿပီး ေတာင္ဥကၠလာပမွာ တစ္ ညအိပ္ၿပီး မတ္ ၂၀ မွာ မႏၲေလးကို ခိုင္မႏၲေလး အေဝးေျပးမွန္လုံယာဥ္နဲ႔ မႏၲေလးကိုျပန္ခဲ့တာပါ။

မႏၲေလးေရာက္ၿပီး မတ္ ၂၂ ရက္မွ ေရာဂါလကၡဏေတြ ျပလို႔ နီးစပ္ရာဆရာဝန္နဲ႔ျပခဲ့ၿပီး မတ္ ၂၅ရက္မွ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ လာေရာက္ ျပသခဲ့ရာမွ သံသယရွိသျဖင့္ ကန္ေတာ္နဒီေဆး႐ုံသို႔ လႊဲေျပာင္းခဲ့ရ တာ ပါ။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳမထုတ္ျပန္ႏိုင္ေသးခင္ သြာလာလႈပ္ရွားထိေတြ႕ခဲ့တာ မ်ားတဲ့ အတြက္ ပတ္သက္ထိစပ္ခဲ့တဲ့သူေတြအတြက္ ထိတ္လန႔္စရာျဖစ္လာခဲ့ပါတယ္။ ဒါဟာ လူအေျမာက္အမ်ားကူး စက္ခံရႏိုင္တဲ့ အေျခအေနရွိႏိုင္တဲ့အတြက္ သက္ဆိုင္ရာက တက္သုတ္႐ိုက္ၿပီး လုပ္ေဆာင္ခဲ့ရတာပါ။အဆိုပါ အမ်ိဳးသား တစ္ညအိပ္ခဲ့တဲ့ ေတာင္ဥကၠလာပက တိုက္ခန္းေနရာကို Lock Down ခ်ခဲ့သလို သူေနထိုင္ရာ ခ်မ္းျမ သာစည္ ၿမိဳ႕နယ္ထဲေနထိုင္ရာအိမ္ရာတစ္၀ိုက္ကိုလည္း Lock Downခ်ခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ ျပည္ပက နည္းေပါင္းစုံနဲ႔ဝင္လာသူေတြ မ်ားေနသလို ေတြ႕ရွိသူေတြကလည္း ျပည္ပက ဝင္ လာသူေတြျဖစ္ကာ ေလဆိပ္စစ္ေဆးေရးကေန ေရာဂါမေတြ႕ဘဲ ေနအိမ္ေရာက္ၿပီး ေရာဂါလကၡဏာျပလို႔ ေတြ႕ရ တဲ့ အတြက္ ဒီလိုလူေတြဘယ္ေလာက္ရွိေနၿပီလဲဆိုတာ အမ်ားျပည္သူအတြက္ ေတြးေတာစဥ္းစားစရာျဖစ္ လာခဲ့ ပါတယ္။ယခုအခ်ိန္အခါမွာ ရာသီကာလအရ ျမန္မာႏိုင္ငံ ႐ိုးရာသၾကၤန္ကာလျဖစ္တဲ့ အတြက္ အနယ္နယ္အရပ္ရပ္ က အမ်ားျပည္သူအေနနဲ႔ မိမိေနထိုင္ရာဇာတိေတြကိုျပန္ေနၾက၊ျပန္ၾကတဲ့ ကာလျဖစ္သလို ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ လူေသဆုံးမႈရွိတဲ့ အိမ္နီးခ်င္းထိုင္းႏိုင္ငံက လူအစုလိုက္အၿပဳံလိုက္ ျပန္ဝင္လာေနတဲ့ အတြက္ ဗိုင္းရပ္စ္ ကူးစက္မႈအတြက္ စိုးရိမ္စရာပါ။

ဒီအတြက္ အစိုးရနဲ႔ အမ်ားျပည္သူ အာဏာပိုင္ေတြ ပူးေပါင္းလုပ္ေဆာင္ရမွာျဖစ္ရေပမယ့္ အာဏာပိုင္ ေတြဘက္က ယခုထိ အဓိက ေရာဂါကူးစက္ခံရသူေတြကို ဆက္တိုက္ေတြ႕ရတဲ့ ေလဆိပ္ကို မပိတ္ေသးသလို ျဖစ္ၿပီးမွ ေနာက္ကေနလိုက္လုပ္ေနတာကိုေတြ႕ရသလို ေႏွာင့္ေႏွးမႈေတြ ေတြ႕ရၿပီး အစုလိုက္အၿပဳံလိုက္ေတြ႕ရင္ ဘယ္လိုကိုင္တြယ္မလဲဆိုတာလည္း စိုးရိမ္စရာေကာင္းေလာက္ေအာင္ စီမံခန႔္ခြဲမႈအားနည္းခ်က္ေတြကို ေတြ႕ ေနရပါတယ္။ အထူးသျဖင့္ ျပည္ပကေန အလုံးအရင္းနဲ႔ ဝင္လာတဲ့ သူအမ်ားစုမွာ ကမာၻကပ္ေရာဂါအျဖစ္ေတာင္ သတ္မွတ္ခံရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ အႏၲရာယ္ကို ေလ်ာ့တြက္ကာ က်န္းမာေရးအသိတရား ေခါင္းပါး သူေတြ ပါလာတာ ထုနဲ႔ေဒးေတြ႕ရတဲ့ အတြက္ ေရာဂါကူးစက္မႈ ဘယ္အခ်ိန္မွာေပါက္ကြဲမလဲဆိုတာကို ရင္တမမနဲ႔ ေစာင့္ၾကည့္ေနရတဲ့ အေနအထားျဖစ္ေနပါတယ္။ လက္ရွိမွာ ေရာဂါေၾကာင့္ ေသဆုံးသူမရွိေသးေပမယ့္ ဗိုင္းရပ္စ္ ကူးစက္မႈက ဒီအတိုင္းပမာဏမွာ ဘဲ ရပ္တန္ပါ့မလားဆိုတာ ေစာင့္ၾကည့္ရဦးမယ္အေျခအေနပါ။

အၾကမ္းဖက္အဖြဲ႕ျဖစ္လာသည့္ ရခိုင္လက္နက္ကိုင္ႏွင့္ ေနာက္ဆက္တြဲ

မတ္လ ၂၃ ရက္က ျပည္ထဲေရးဝန္ႀကီးဌာနကေန ရခိုင့္တပ္ဖြဲ႕(AA) ကို မတရားအသင္းႏွင့္ အၾကမ္းဖက္ အဖြဲ႕လို႔ ေၾကညာခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္မွာ AA အဖြဲ႕၏ လုပ္ရပ္သည္ ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကို အေႏွာင့္အယွက္ျဖစ္ေစေၾကာင္း သမၼတက ယူဆသည့္အတြက္ဆိုၿပီး ပါဝင္ခဲ့ကာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဗဟိုအဖြဲ႕ကလည္း အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာေၾကာင္း ထပ္မံေၾကညာခဲ့ပါတယ္။

ဒါဟာ ရခိုင္အေရး ပိုမိုနက္ရႈိင္းလာာကိုေဖာ္ျပခဲ့သလို ၂၀၀၉ ခုႏွစ္က ဧၿပီလက စတင္ၿပီး ကခ်င္လြတ္ ေျမာက္ေရးတပ္ (KIA) ထိန္းခ်ဳပ္ရာနယ္ေျမ လိုင္ဇာတြင္ စတင္ဖြဲ႕စည္းခဲ့တဲ့ ရခိုင္လက္နက္ကိုင္ ေအေအအဖြဲ႕ အတြက္ ရခိုင္ျပည္နယ္ထဲ ေျခခ်ဖို႔ ႀကိဳးစားရာမွာ ပိုျပင္းထန္လာတဲ့ တိုက္ပြဲေတြ‌ေၾကာင့္ ေဒသခံေတြ ေထာက္ခံမႈ ရတဲ့ ေအေအကိုထိန္းခ်ဳပ္ဖို႔အတြက္ အစိုးရနဲ႔ တပ္မေတာ္က ႀကိဳးစားလာတဲ့ လုပ္ရပ္အျဖစ္ရႈျမင္ၾကတဲ့ သူေတြရွိ ပါတယ္။

ဒီလို မတရားအသင္းေရာ၊ အၾကမ္းဖက္အုပ္စုအျဖစ္ပါေၾကညာခံရတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အျဖစ္ပါ သတ္မွတ္ေၾကညာတာက ထူးဆန္းသလို ပထမဆုံးျဖစ္ရပ္လည္းျဖစ္လာပါတယ္။ မၾကာခင္က လႊတ္ ေတာ္ထဲ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ႀကိဳးစားရာမွာ မရႈမလွရႈံးနိမ္ခဲ့ရတဲ့ အာဏာရပါတီဦးေဆာင္ တဲ့ အစိုးရလုပ္ေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးက ယခုေၾကညာခ်က္အရဆို အေတာ္ေလးကိုေဝးသြာတဲ့ အေနအထားရွိေနပါတယ္။

ေအေအကို မတရားအသင္းေရာ၊ အၾကမ္းဖက္အုပ္စုအျဖစ္ပါေၾကညာတဲ့ မတ္ ၂၃ ရက္ နံနက္မွာ မင္းျပား ၿမိဳ႕နယ္ရွိ ကမ္းနီ တပ္မေတာ္ ေလ့က်င့္ေရး သင္တန္းေက်ာင္းကို ရခိုင့္တပ္ဖြဲ႕(AA) ကဝင္ေရာက္ တိုက္ခိုက္ခဲ့ တာ ကိုေတြ႕ရပါတယ္။ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းေတာင္ပိုင္း ေတာေတာင္ထူထပ္တဲ့ ပလက္၀မွာ အေျခစိုက္ဖို႔ ရခိုင္ လက္နက္ကိုင္ ေအေအက ၂၀၁၉ ခုႏွစ္မွာ ေတာက္ေလွ်ာက္နယ္ေျမကိုႀကီးစိုးဖို႔ ႀကိဳးစားရာမွာ တပ္မေတာ္နဲ႔ တိုက္ပြဲႀကီးေတြအျပင္းအထန္ျဖစ္ေနတာ ၾကာပါၿပီ။ ဒီလိုတိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္အေရအတြက္ က ပိုၿပီးတိုးလာသလို အဆိုပါေဒသက ခ်င္းလူမ်ိဳးခူမီးေတြ ရန္ကုန္ထိစစ္ေဘးေရွာင္လာၾကတဲ့အထိပါဘဲ။

ရခိုင္လက္နက္ကိုင္ေတြက အဆိုပါေဒသအတြင္း အစိုးရအမႈထမ္းေတြကိုျပန္ေပးဆြဲတာ၊သတ္ျဖတ္တာ ၊လူမ်ိဳးမတူတာေတြကို သတ္ျဖတ္တာေတြလုပ္လာသလို ျပန္ေပးဆြဲတာေတြလည္းလုပ္လာတာကိုလည္း ေတြ႕ လာရပါတယ္။မၾကာခင္က အဆိုပါပလက္၀ေဒသအတြင္း လမ္းတံတား ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္ေနတဲ့ အိႏၵိယႏိုင္ငံသားေတြနဲ႔ ျမန္မာႏိုင္ငံသားေတြကို ဖမ္းဆီးၿပီး လုပ္ငန္းသုံးေငြေတြကို လုယူသြားတာေတြရွိသလို ကုလားတန္ျမစ္အတြင္းသြားလာေနတဲ့ ေရယာဥ္ေတြကို ပစ္ခတ္ေနတာေတြ‌ေၾကာင့္ ေဒသတြင္း အသြားအလာေတြ ျပတ္ေတာက္ၿပီး ရိကၡာျပတ္လပ္တာေတြလည္းရွိလာခဲ့ပါတယ္။

ယခုလို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာခဲ့တဲ့ အတြက္ ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္ႏြယ္တဲ့ သူေတြရဲ႕ ပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္တဲ့ အတြက္ ျပည္တြင္းျပည္ပက ရခိုင္လက္နက္ကိုင္ေအေအကို ေထာက္ခံ သူေတြ ဆီက ေထာက္ပံ့တဲ့ ဘ႑ာေရးကို ျဖတ္ေတာက္သလိုျဖစ္မွာ ျဖစ္တဲ့ အတြက္ ရခိုင္လက္ နက္ကိုင္ေတြကို လူမ်ိဳးေရးအရ ေထာက္ပံ့ဆက္ႏြယ္ေနသူေတြအတြက္ အေနဆင္ခ်င္ရမယ့္ အေနအထားျဖစ္လာ သလို သတင္းမီဒီယာေတြအေနနဲ႔လည္း ဆက္သြယ္ေရးသားရာမွာ အခက္အခဲေတြ ျဖစ္လာေတာ့မွာျဖစ္ပါတယ္။ ျပည္တြင္း ရွိ ႏိုင္ငံေရးသုံးသပ္သူေတြကေတာ့ ရခိုင့္တပ္ဖြဲ႕(AA) ကို မတရားအသင္းႏွင့္ အၾကမ္းဖက္အဖြဲ႕လို႔ ေၾကညာလိုက္တဲ့ အတြက္ တိုက္ပြဲမ်ား ပိုမ်ားလာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

ဒီရက္သတၱပတ္အတြင္းမွာဘဲ ရခိုင္ဘက္မွာ တိုက္ပြဲေတြ ျပင္းထန္ေနသလို ရွမ္းျပည္အေရွ႕ပိုင္း မိုင္းတုံၿမိဳ႕ နယ္ထဲမွာ တပ္မေတာ္နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)ၾကားတိုက္ပြဲေတြ ျပန္ျဖစ္ခဲ့ တာ ရွိပါတယ္။ ရွမ္းေျမာက္ နမ့္ခမ္းမွာေတာ့ TNLAေတြလႈပ္ရွားမႈစိပ္ေနၿပီး ေက်း႐ြာေတြထဲ မူးယစ္ေဆးဝါးအေၾကာင္း ျပၿပီး ေဒသခံေတြကိုျပန္ေပးဆြဲတာေတြ လုပ္တာေတြ ျဖစ္ခဲ့ပါတယ္။

ေကာလာဟလနဲ႔ အေၾကာက္တရား

ဒီတစ္ပတ္မွာ စိတ္ပ်က္စရာက ကို႐ိုနာဗိုင္းရပ္စ္မကူးစက္ခင္ကတည္းက ျဖစ္ခဲ့တဲ့ သတင္းေတြပါဘဲ။မတ္ ၂၃ ရက္ညပိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္းေတြ႕ရၿပီးေနာက္ပိုင္းမွာညတြင္ခ်င္း စတိုးဆိုင္ေတြ၊ေရွာ့ပင္း ေမာ္လ္ ေတြ၊ စားသုံးကုန္စည္ေတြ အလုအယက္ဝယ္ယူမႈေတြ ရွိလာသလို က်န္းမာေရးဆိုင္ရာပစၥည္းေတြ ေဆးဝါး ေတြကိုလည္း မလိုလည္းဝယ္တာေတြေၾကာင့္ ေစ်းကြက္အတြင္းပစၥည္းျပတ္လတ္တာေတြျဖစ္ခဲ့ပါတယ္။ ဒီလိုအ ေျခအေနေၾကာင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ႏိုင္ငံပိုင္႐ုပ္သံကေန ျမန္မာႏိုင္ငံတြင္ ရိကၡာျပတ္ မည့္ အလားအလာမရွိေၾကာင္းႏွင့္ ထြက္ေပၚေနသည့္ ေကာလဟလမ်ားကို မယုံၾကည္ၾကဖို႔ ေျပာခဲ့ပါတယ္။ အစိုးရအ ေနႏွင့္ အမ်ားျပည္သူအတြက္ မရွိမျဖစ္ လိုအပ္သည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ ေဈးမ်ား ႏွင့္ အေရာင္း အဝယ္စင္ တာမ်ားကို ပိတ္သိမ္းဖို႔ အစီအစဥ္မရွိေၾကာင္းလည္း အသိေပးေျပာၾကားခဲ့ပါတယ္။

ထိုျပင္ ေဈးဝယ္သည့္အခါ မိသားစုအလိုက္၊ အစုအဖြဲ႕ႏွင့္ သြားေရာက္ျခင္းမရွိပဲ တစ္ဦးတစ္ေယာက္ တည္းကသာ မိသားစုအတြက္ အမွန္တကယ္လိုအပ္သည့္ ပမာဏကိုသာ ဝယ္ယူၾကရန္ႏွင့္ လုပ္ငန္းမ်ား၊ စက္ ႐ုံမ်ား၊ အလုပ္႐ုံမ်ား၊ ၿမိဳ႕႐ြာအဝင္အထြက္မ်ားကို ပိတ္မည္ ဆိုသည့္ ေကာလဟာလ သတင္းအမွားမ်ားကိုလည္း မယုံၾကည္ၾကရန္ႏွင့္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ အစိုးရမွ ထုတ္ျပန္သည့္ သတင္းမ်ားကိုသာ ယုံၾကည္ၾကရန္ တိုက္တြန္းခဲ့ကိုလည္းေတြ႕ရပါတယ္။

ေနာက္ပိုင္းမွာ ရပ္ကြက္ေတြထဲ ေကာလာဟလေတြ ဆက္လက္ထြက္ေပၚခဲ့သလို မွန္ေနခဲ့တာကိုလည္း ေတြ႕ရတဲ့အတြက္ ဒါဟာ စဥ္စားစရာ ကိစၥေတြလည္းျဖစ္ခဲ့ပါတယ္။ ညစဥ္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အေရ အတြက္ က်န္းမာေရးက မထုတ္ျပန္ခင္မွာ ေပၚလာတတ္တဲ့သတင္းက ေန႔စဥ္အြန္လိုင္းမွာ ထြက္လာတတ္တာ ကလည္း သတိထားစရာပါ။ယခုရက္ပိုင္းမွာ ဒီလိုေကာလာဟလေတြေၾကာင့္ ျမန္မာႏိုင္ငံဆန္စပါး လုပ္ငန္းရွင္ အသင္းက ရပ္ကြက္ေတြထဲဆန္ကို ဆင္းေရာင္းခ်တာရွိသလို အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြဘက္က သက္ ဆိုင္ရာ က႑အလိုက္ ေစ်းသက္သက္သာသာနဲ႔ ေရာင္းခ်တာေတြလည္းရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈရွိလာခ်ိန္မွာ သတိထားမိစရာျဖစ္လာတာက ျပည္ကေန ဝင္ေရာက္ေန ထိုင္တဲ့ သူေတြက ပတ္ဝန္းက်င္က ေစာင့္ၾကည့္ၿပီးသတင္းေပးပို႔တာေတြရွိလာတာျဖစ္ပါတယ္။ ဒီရက္သတၱ ပတ္ထဲမွာ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ေနအိမ္တစ္ခုမွာ တ႐ုတ္ႏိုင္ငံသား ၁၀၀ ေက်ာ္ကိုေတြ႕ ရွိခဲ့ ၿပီး လက္ပ္ေတာ့ေတြနဲ႔ ေတြ႕ရၿပီး အမ်ားစုက အြန္လိုင္းေရွာ့ပ္ပင္းလုပ္ေနတာလို႔ ဆိုပါတယ္။လသာမွာလည္း တရားမဝင္ ၀င္ေရာက္ ေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးကို ပတ္စပို႔စ္ ၂၀၀ ေက်ာ္နဲ႔အတူ ဖမ္းဆီးရမိခဲ့တာ လည္းရွိခဲ့ပါတယ္။

ဒီရက္ပိုင္းမွာ အမ်ားျပည္သူဆိုင္ရာေနရာေတြအျဖစ္တဲ့ ေ႐ြတိဂုံေစတီကို ဝင္ေရာက္ဖူးေျမႇာ္ခ်ိန္ ကန႔္သတ္ခဲ့သလို အစိုးရဝန္ထမ္းေတြအလုပ္တာဝန္ထမ္းေဆာင္တဲ့ ဦးေရကိုလည္း ထက္ဝက္ေလ်ာ့ခ်ခဲ့တဲ့ စာကိုလည္းထုတ္ခဲ့တာေတြ႕ရပါတယ္။ ဒီတစ္ပတ္မွာ ကိ႐ိုနာဗိုင္းရပ္စ္သတင္းေတြနဲ႔ ကူးစက္ခံရသူသတင္းေတြက ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

မာလင္း
မတ္ - ၂၇