【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မိုင်းတစ်လုံးထိ ငါးသိန်းနဲ့ လွတ်မြောက်ဆဲ ၀ရမ်းပြေး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မိုင်းတစ်လုံးထိ ငါးသိန်းနဲ့ လွတ်မြောက်ဆဲ ၀ရမ်းပြေး

ယခုရက်သတ္တပတ် ပြည်တွင်းသတင်းတွေထဲ အများပြည်သူ စောင့်ကြည့်ရတဲ့ သတင်းတွေ၊ ရွှေတိဂုံစေတီမှာ ဆက်သွယ်ရေးတာဝါ တပ်ဆင်ထားတဲ့ သတင်းတွေ၊ အောင်လအန်ဆန် လက်ဝှေ့နိုင်တာ ဝမ်းသာပြီး လေးဦးသေတဲ့ သတင်းတွေ၊ တရားခံပြေး ဦးစိုးထွန်းရှိန် ကို ဘန်ကောက်လေဆိပ်မှာ တွေ့တဲ့သတင်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေကို AA က ဖမ်းဆီးပြန်ပေးဆွဲခဲ့တဲ့ သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုစိတ်ဝင်စားစရာတွေအပြင် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို  အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံရတဲ့သတင်း၊ ဘားအံမြို့နယ်အတွင်း ကျေးရွာအချို့ရှိ အင်းအိုင်၊ ရေတွင်းများတွင် ရေအရောင်ပြောင်းလဲမှု ဖြစ်ပေါ်နေတဲ့သတင်း၊ ဂျပန်မှာ မုန်တိုင်းကြောင့် နစ်မြုပ်ခဲ့တဲ့ သင်္ဘောထဲက ပျောက်ဆုံးနေတဲ့ သင်္ဘောသားသုံးဦးထဲ မြန်မာနှစ်ဦး ပါဝင်နေတဲ့သတင်း၊ ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာ ချစ်ကြည်ရေးခရီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်ခဲ့တဲ့သတင်း၊ အစိုးရက ၂၀၁၉ မိုးစပါးနဲ့ ၂၀၂၀ နွေစပါး ရာသီအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်း တင်း ၁၀၀ ကို ကျပ် ငါးသိန်းနှုန်း သတ်မှတ်လိုက်တဲ့သတင်း၊ မြန်မာအမျိုးသမီးတစ်ဦး  မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံအမတ်ကြီးအဖြစ် တစ်ရက်တာ ထမ်းဆောင်ခဲ့တဲ့သတင်း၊ နီပေါသမ္မတ မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်တဲ့သတင်း၊ မြန်မာနိုင်ငံသား ၁၀ ဦး ပါဝင်တဲ့ ဗီဇာအတုပြုလုပ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ထိုင်းရဲက ဘန်ကောက်မှာ ဖမ်းဆီးခဲ့တဲ့သတင်း၊ ထားဝယ်မြို့မှာ ကျပ်တစ်သောင်းတန်အတုများ ကိုင်ဆောင်အသုံးပြုနေတဲ့  တောင်ဥက္ကလာပကလာတဲ့ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့တဲ့သတင်းတွေကလည်း အများပြည်သူအတွက် ယခုရက်သတ္တပတ်ထဲမှာ သတိထားစောင့်ဖတ်ခဲ့ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ရွှေတိဂုံနဲ့ တာဝါတိုင်ပြဿနာ

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ လူအများအာရုံစိုက်မိတဲ့ သတင်းက ရွှေတိဂုံစေတီတော်ရင်ပြင် တာဝါတိုင်ကိစ္စပါ။ဒီသတင်းက အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်သည့် နယ်လုံအစည်းအဝေးမှာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦးက အထက်ပစ္စယာကို အမျိုးသမီးတက်ရောက်ခဲ့တယ်လို့ ပြောဆိုခဲ့တာကနေ စခဲ့ပြီး ဒီနောက်မှာ ဒီဖြစ်ရပ်ကြောင့်  ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ရုံး အဖွဲ့မှူးကို တာဝန်ကနေ ရပ်နားခဲ့တာပါ။

ဒီလိုရပ်နားခံရပြီးနောက်မှာ ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူးက လူမှုကွန်ရက်စာမျက်နှာမှာ ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ဆက်သွယ်ရေးအော်ပရေတာ မိုင်တဲလ်တာဝါတိုင် တရားမဝင်စိုက်ထူထားတာနဲ့ ရွှေတိဂုံစေတီတော် အထက်ပစ္စယာသို့ အမျိုးသမီးတက်ရောက်ခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ယခုပြဿနာဟာ YMBA ပြဿနာအပြီး နောက်ထပ်ဘာသာရေးအဖွဲ့အစည်းဆိုင်ရာ အများပြည်သူ စိတ်ဝင်စားစရာ ဒုတိယမြောက် အကြောင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး တာဝန်ကနေ ရပ်နားခဲ့ရတဲ့ ဦးထွန်းအောင်ငွေ က အောက်တိုဘာ ၁၁ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အစရှိသူတို့ထံ လိပ်မူကာ အထက်ပစ္စယာသို့ ဒေါက်တာအောင်ကျော်ဝင်း တက်ရောက်သည်ကို မရိုးဖြောင့်သည့် သဘောဖြင့် ခုံရုံးဖွဲ့စစ်ဆေးခြင်း၊ တရားမဝင် တာဝါတိုင်ကို လက်ခံထားခြင်းနှင့် အနားယူထားသည့် ဂေါပကအဖွဲ့ဝင် သူရဦးတင်လှ က ရိုင်းပျစွာဆဲဆိုခြင်း စသည့်အချက်များကို  စစ်ဆေးအရေးယူပေးရန် တိုင်ကြားစာပေးပို့ခဲ့ပါတယ်။

ဒီပြဿနာဟာ အများပြည်သူကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ရွှေတိဂုံစေတီတော်လို အများပြည်သူနဲ့ဆိုင်တဲ့ နေရာဖြစ်တဲ့အပြင် ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ နေရာတစ်ခုမှာ စီးပွားရေးဆိုင်ရာ အလုပ်တစ်ခုကို လက်ခံလုပ်ဆောင်နေတာ တစ်နှစ်ကျော်ဖြစ်နေတာကို အချင်းချင်းပြဿနာဖြစ်မှ အများပြည်သူသိရတယ်ဆိုတာက စိတ်ပျက်စရာပါ။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောနှင့် အူရီးဒူးတို့က ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် တာဝါတပ်ဆင်ဖို့ကို ရွှေတိဂုံစေတီတော်  ဩဝါဒါစရိယဆရာတော်ကြီးများနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ခွင့်ပြုခြင်းမရှိဘဲ မိုင်တဲလ်ကျမှ တပ်ဆင်ပြီးသုံးနေတာ တစ်နှစ်ကျော်ရှိနေတာ ဘဝင်မကျစရာပါ။အပြန်အလှန် တရားတွေစွဲကျ၊ ငြင်းကျခုံကျမှ အများပြည်သူ သိခွင့်ရတယ်ဆိုတာက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေကျ ထုံးတမ်းစဉ်လာလို ဖြစ်နေပါပြီ။

ဒီလိုသတင်းတွေထွက်လာအပြီးမှာ ဒေါက်တာအောင်ကျော်ဝင်း၏ ဇနီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် က သူ့အမျိုးသားကို အမျိုးသမီးလို့ စွပ်စွဲပြောဆိုမှုအပေါ် ဂေါပကအဖွဲ့က ပြန်မတောင်းပန်ရင် တရားစွဲဆိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ဒီအတွက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေနဲ့ ပွဲဆူခဲ့ပါတယ်။ဒါ့အပြင် မိုင်တဲလ်ဘက်က ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်နှင့် တနင်္ဂနွေထောင့်အနီး ရေစင်ပေါ် တပ်ဆင်ထားတဲ့ ဆက်သွယ်ရေး အော်ပရေတာတိုင်ကို အောက်တိုဘာ ၁၃ ရက်မှာ ပြန်ဖြုတ်သိမ်းခဲ့သလို အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ချက်မှာ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ဆက်သွယ်ရေးတာဝါ တပ်ဆင်နိုင်ရန် စာချုပ်ချုပ်ဆိုမှုကို အမြန်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်တာကို တွေ့ရပါတယ်။ဒီလိုတပ်ဆင်ခွင့်ရမယ်ဆိုရင် တခြားဆက်သွယ်ရေး တာဝါတိုင်တွေကိုလည်း ပေးရမှာဖြစ်တဲ့အတွက် ဘာသာရေးအရ အကဲဆတ်တဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်ပြဿနာတွေ ရှုပ်ထွေးလာဖွယ်ရှိသလို ဘုရားဖူးလာသူတွေအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်လာနိုင်တဲ့အတွက် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအတွက် ဘာသာရေးအထွဋ်အမြတ် နေရာတစ်ခုကို ပေးသုံးမလား၊ နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်သူတာဝန်ယူမလဲ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။        

အောင်လအန်ဆန် နဲ့ တစ်သားတည်းဖြစ်တဲ့စိတ်

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အမေရိကန်-ဖိလစ်ပိုင် ဖိုက်တာ ဘရန်ဒန်ဗီရာ ကို အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန် တို့ ပွဲကို စောင့်ကြည့်ပြီး အနိုင်ရလို့ စိတ်လှုပ်ရှားကာ သေဆုံးသူ ၄ ဦးထိရှိခဲ့တဲ့ သတင်းက အများစိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့ပါတယ်။

ဂျပန်ကို တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ် ဝင်နေချိန်မှာ မုန်တိုင်းသတင်းနဲ့အတူ တိုကျိုမှာ ကျင်းပမယ့် MMA (One Championship) ပြိုင်ပွဲ သတင်းကိုလည်း စောင့်ကြည့်ခဲ့ကြပါတယ်။ဒီပွဲကို မြန်မာတစ်နိုင်ငံလုံးနီးပါး စောင့်ကြည့်ခဲ့ပြီး တိုကျိုမြို့ရှိ RyogokuKokugikan ဆူမိုအားကစားခန်းမမှာ အောက်တိုဘာ ၁၃ ရက်က ထိုးသတ်ခဲ့ကြတာပါ။
ကချင်တိုင်းရင်းသား အောင်လအန်ဆန် က စိန်ခေါ်သူ အမေရိကန်-ဖိလစ်ပိုင် ဖိုက်တာ ဘရန်ဒန်ဗီရာ ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူခဲ့ပါတယ်။ဒီပွဲကို ရန်ကုန်က လက်ဘက်ရည်ဆိုင်တွေ ဘီယာဆိုင်တွေနဲ့ နေအိမ်တွေမှာ စောင့်ကြည့်ခဲ့ကြပြီး အောင်လအန်ဆန် အနိုင်ရပြီးတဲ့နောက် အောင်ပွဲခံတဲ့သူတွေ အော်ဟစ်တဲ့သူတွေနဲ့ အောက်တိုဘာ ၁၃ ရက်ညက အောင်လအန်ဆန်ည ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေဆိုတာ ဒီအောင်ပွဲရချိန်မှာ မရှိတော့တာက ထူးခြားမှုပါဘဲ။အောင်လအန်ဆန် ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို ရုပ်သံမှ ကြည့်ရှုအားပေးရင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တွေက လူလေးဦး သေဆုံးခဲ့ရတာလည်း ထူးခြားမှုပါဘဲ။ရန်ကုန် ဥက္ကံမြို့ ရှမ်းစုကျေးရွာနဲ့ အိုးဖိုတန်းလမ်းက အသက် (၆၀) ခန့်ရှိတဲ့ အမျိုးသားနှစ်ဦး၊ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ထနိပါတ်ကျေးရွာမှ အသက် (၇၁) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကချင်ပြည်နယ် တနိုင်းမြို့မှ အသက် (၆၄) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာပါ။

အောင်လအန်ဆန် ရဲ့ နိုင်ပွဲကို ရင်ခုန်စိတ်လှုပ်ရှားစွာ အားပေးရင်း သေဆုံးခဲ့ရတာ ဒီလေးယောက်နဲ့ဆို စာရင်းတွေအရ ၆ ယောက်တောင်ရှိပြီ ဆိုပါတယ်။၂၀၁၇ ဇွန်လက အောင်လအန်ဆန် နှင့် ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ် တို့ ယှဉ်ပြိုင်တဲ့ပွဲကိုကြည့်ရင်း ရန်ကင်းမြို့နယ်မှ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို ၂၀၁၈ ဇွန်လ ၂၉ ရက်တွင် အောင်လအန်ဆန် နှင့် ဟာဆီဂါဝါ တို့၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲမှာ ငပုတောမြို့နယ်မှ အသက် (၆၁) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံနဲ့ လူမျိုးကို ကိုယ်စားပြုတဲ့ ဒီလိုနိုင်ငံ့ဂုဏ်ဆောင်ပွဲမှာ ကွဲပြားမှုတွေ၊ ခြားနားမှုတွေ ပျောက်ကွယ်ကာ တစ်သွေးတည်း တစ်သားတည်းဖြစ်တာကို မြန်မာဘောလုံးအသင်းပြိုင်ပွဲတွေမှာ အနိုင်ရတဲ့အခါနဲ့ ယခုအခါမှာ တွေ့ရတဲ့အတွက် ကွဲပြားတဲ့ သူစိမ်းဆန်တဲ့ စိတ်တွေကို ပယ်ဖျက်ဖို့အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေ ဖြစ်ထွန်းလာဖို့ကလည်း အရေးကြီးနေပြီဆိုတာကို ယခုပွဲကနေ ပြခဲ့တာကို တွေ့ရပါတယ်။

မိုင်းတစ်လုံးထိ ၅ သိန်းနဲ့ အထိနာတဲ့ တိုင်းရင်းသားဒေသ

ယခုရက်သတ္တပတ် တိုင်းရင်းသားရေးရာ သတင်းတွေထဲမှာ သတိပြုမိတဲ့ သတင်းတစ်ခုကTNLA လို့ ခေါ်တဲ့ တအာင်းလက်နက်ကိုင်တွေ ကျင်လည်တဲ့ နေရာဒေသတွေမှာ မိုင်းထိမိရင် TNLA လက်နက်ကိုင်တွေကို ငွေပြန်ပေးလျာ်ရမယ်ဆိုတဲ့ သတင်းပါဘဲ။ဒီအဖွဲ့ဟာ ပြင်ဦးလွင်၊ မူဆယ်၊ ကွတ်ခိုင်တွေကို ဝင်တိုက်ခဲ့တဲ့ မြောက်ပိုင်းသုံးဖွဲ့ထဲ ပါဝင်ပါတယ်။
ဒီတိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့လို့ ဒေသခံအရပ်သားတွေ အပါအဝင် ကုန်တင်ကားမောင်းသူတွေပါ အသေအပျောက်ရှိခဲ့ပါတယ်။

အဆိုပါအဖွဲ့က ၎င်းအဖွဲ့ ကျင်လည်ကျက်စားတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲက ကျေးရွာတွေမှာ သူတို့ထောင်ထားတဲ့မိုင်းကို ဒေသခံတွေ နင်းမိရင် မိုင်းတန်ဖိုး ငါးသိန်းပေးရမယ်ဆိုပြီး ပြောခဲ့တယ်ဆိုတဲ့ သတင်းက ကြားရသူတိုင်းကို ထိတ်လန့်စေသလို မိုင်းထိသူတွေကို ဆေးထိုးလက်စဖျောက်တယ်ဆိုတဲ့ သတင်းတွေကလည်း  ထိုဒေသမှာ နေတဲ့သူတွေအတွက် စိုးထိတ်ရင်လေးစရာ အခြေအနေပါဘဲ။

ဆက်ကြေးကောက်တာ၊ တပ်ဘက်ကို သတင်းပေးလို့ လက်စတုံးသတ်တာတွေ မကြာခဏကြားရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက ယခုနောက်ဆုံးကြားရတဲ့ သတင်းကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး သတင်းပါဘဲ။လက်နက်အားကိုးနဲ့ နယ်ခံအရပ်သားတွေကို ကြက်လေးငှက်လေးလို သဘောထား ဗိုလ်ကျအနိုင်ကျင့် သတ်ဖြတ်တဲ့လုပ်ရပ်ကို  အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကသာ လုပ်ခဲ့တာ အမှန်တစ်ကယ်ဖြစ်ခဲ့တယ်ဆိုရင်  နောက်ဆုံးလားရာက သိပ်ကောင်းတော့မယ် မထင်ပါဘူး။

ရခိုင်မြောက်ပိုင်းမှာလည်း ယခုရက်သတ္တပတ်ထဲ ကြားရတဲ့သတင်းတစ်ပုဒ်ကလည်း ကာယကံရှင်တွေအတွက် သိပ်ကောင်းတဲ့သတင်း မဟုတ်ပါဘူး။ဒါက မန္တလေးမြို့မှ စစ်တွေမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်တစ်စီးကို မြောက်ဦးမြို့နယ်ထဲမှာ AA တပ်ဖွဲ့ဝင်များက တားဆီးပြီး မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ အရပ်သား ၁၂ ဦး အပါအဝင် ၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တာပါ။ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေမှာ  ပြင်ဦးလွင် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၌ မွမ်းမံသင်တန်းတက်ပြီး မြောက်ဦးမြို့သို့ ပြန်လာသူများဖြစ်ပြီး AA ဘက်က ယခုလိုဖမ်းဆီးမှုအပေါ် တပ်မတော်၏ အရန်အင်အားဖြစ်နေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းရတာဆိုပြီး ပြောခဲ့ပါတယ်။

တပ်ဘက်က ဒီလို AA ရဲ့ ဖမ်းဆီးပြန်ပေးဆွဲခံရတဲ့သူတွေ လွတ်မြောက်ဖို့အတွက် တပ်အင်အားသုံးပြီး သတင်းစုံစမ်းခြင်းနှင့် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ် ဆိုပါတယ်။ယခုရက်သတ္တပတ်ထဲမှာ AA နဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်တဲ့ သတင်းတွေရှိခဲ့ပါတယ်။အောက်တိုဘာ ၆ ရက်က ရသေ့တောင်မြို့နယ်ထဲက လွန်းတောင်ရွာကို AA လက်နက်ကိုင်တွေလာပြီး ကျွဲ၊ နွားနှင့် ရွှေငွေများ လုယက်ယူဆောင်သွားတယ်ဆိုတဲ့ သတင်း၊ သီတင်းကျွတ်ကာလအတွင်း မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်း၊ အောက်တိုဘာ ၁၁ ရက် ညက နေပြည်တော် ဘောဂသီရိကားကြီးကွင်းရှိ ရိုးရှင်းသူကားဂိတ်မှာ စစ်တွေကိုပို့မယ့် ဒီတိုနေတာ အချောင်း ၅၀ဝ တွေ့ရှိလို့ ပို့ဆောင်သူနှစ်ဦးကို အမှုဖွင့်စစ်ဆေးနေတဲ့ သတင်းတွေ ရှိခဲ့ပါတယ်။

TNLA နဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ညက မူဆယ်မြို့ မိုင်းယု (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ ပါဂျဲရိုးယာဉ်တစ်စီးကို ဖမ်းဆီးစဉ် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တံဆိပ်ပါ စစ်အင်္ကျီယူနီဖောင်း ၁,ဝ၀ဝ ကျော်နှင့် အမှတ်တံဆိပ်ပါ ပစ္စည်းတွေကို ပစ်ချခဲ့တဲ့သတင်း၊ အောက်တိုဘာ ၁၂ ရက် ညနေ ကွတ်ခိုင်မြို့နယ်ထဲက တပ်နယ်ထဲသို့ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တဲ့ သတင်းတွေဖြစ်ခဲ့သလို အောက်တိုဘာ ၁၅ ရက် နံနက်မှာ တပ်မတော်စစ်ကြောင်းနဲ့  ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) တို့ ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားတဲ့သတင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပိုင်နက်ထဲ တရုတ်က မြေဝင်တူးလို့ မြန်မာဘက်က ကန့်ကွက်ထားတဲ့သတင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ စခန်းနှစ်ခုကို (KNU) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်လို့ နှစ်ဘက်အကျအဆုံးရှိခဲ့တဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

ဘန်ကောက်လေဆိပ်ရောက် ၀ရမ်းပြေး

မကြာခင်က ၀ရမ်းထုတ်ခံထားရပြီး မြန်မာနိုင်ငံမှာ ပျောက်နေခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကို ဘန်ကောက်လေဆိပ်မှာ တွေ့ခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုကနေ ဖော်ပြခဲ့တဲ့သတင်းတစ်ခုက ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး သတင်းဖြစ်ခဲ့ပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ပြည်ထဲရေးဌာနက တရားခံပြေး ထုတ်ပြန်ကြေညာခံခဲ့ရတဲ့သူတွေ အများကြီးရှိပါတယ်။အထူးသဖြင့် လာဘ်စားမှုနဲ့ အရေးယူခံရတဲ့ အစိုးရအရာရှိကြီးတွေ၊ လူသတ်မှုကြံရာပါ အောင်ဝင်းခိုင် လို လူတွေ၊ နိုင်ငံတော်အကြီးအကဲတွေကို ဆဲဆိုလို့ တရားစွဲခံထားရပြီး ၀ရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ၊ လုပ်ငန်းဆိုင်ရာ အစိုးရတားမြစ်ချက်ကို ဖောက်ဖျက်လို့ တရားစွဲရာမှာ ထွက်ပြေးနေပြီး သက်ဆိုင်ရာက ဖမ်းဆီးမရဖြစ်နေတဲ့ ဦးစိုးထွန်းရှိန် လို လူတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီလိုစုပ်စမြုပ်စပျောက်နေတဲ့ တရားခံပြေးထဲက တစ်ဦးဖြစ်တဲ့ ဦးစိုးထွန်းရှိန် ကို ဘန်ကောက်လေဆိပ်မှာ အောက်တိုဘာ ၁၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ခဲ့ရတယ်ဆိုပြီး လူတစ်ဦးက ဓာတ်ပုံရိုက်ပြီး ဖော်ပြခဲ့တာကို စုံစမ်းဖော်ထုတ်တဲ့ သတင်းတွေနဲ့ နာမည်ရနေတဲ့ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တာပါ။စိတ်ဝင်စားစရာကောင်းတဲ့ အဆိုပါသတင်းဖော်ပြချက်မှာ ရန်ကုန်ကလာတဲ့ ထိုင်းအဲအေရှတစ်စီးလည်း အဆိုပါနေ့လယ်ပိုင်းမှာ ရှိတယ်ဆိုတာနဲ့ မြန်မာစကားပြော အမျိုးသမီးနှစ်ဦးပါတာ၊ စီးသွားတဲ့ ကားနံပါတ်ကို ဓာတ်ပုံရိုက်ပြတာတွေက သတင်းဖတ်သူတွေကို စုံစမ်းဖော်ထုတ်စေချင်တဲ့စိတ် ပေါ်ပေါက်စေခဲ့ပါတယ်။ဒီနောက်မှာ လူမူကွန်ရက်မှာ ဒီအဖြစ်ကို အခြေတည်ပြီး ကာတွန်းတွေ၊ မှတ်ချက်တွေများစွာ ပေါ်လာခဲ့ပါတယ်။အဆိုပါအချက်တွေထဲမှာ မမိသေးတဲ့ တရားခံပြေးတွေနဲ့ သက်ဆိုင်ပြီး ဝေဖန်မှုတွေက လက်တွေ့ကျတာကို တွေ့ရပါတယ်။

ယခင်အစိုးရလက်ထက်မှာ တာဝန်ယူခဲ့သူတွေနဲ့ နီးစပ်ခဲ့တဲ့ ယခုတရားခံပြေးအချို့ကို ဘယ်သူတွေက အကာအကွယ်ပေးနေသလဲ၊ ဘယ်နေရာမှာ စုံးစမြုပ်စပျောက်သွားသလဲဆိုတာနဲ့ အရပ်သားအစိုးရ ဘယ်လိုမျိုး အခက်တွေ့နေလဲဆိုတာကို အိမ်နီးချင်းနိုင်ငံရဲ့ လေဆိပ်မှာ ယခုတရားခံပြေးတစ်ဦးကို ဘွားကနဲ့ ပြောင်ပြောင်တင်းတင်း တွေ့လိုက်ရတဲ့အဖြစ်က မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာဖြစ်ခဲ့ရတဲ့ သတင်းတစ်ခုကတော့ အဆိုတော် ဖြိုးပြည့်စုံ ရဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။ဒီသတင်းစာရှင်းလင်းပွဲက အများစုသိချင်နေကြလို့ စောင့်ဆိုင်းနေခဲ့တဲ့ မှားယွင်းဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အရှက်တကွဲ အကျိုးတနည်းဖြစ်ကာ ခံလိုက်ရတဲ့သူဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်နေတဲ့သူတွေ စောင့်ဆိုင်းခဲ့တဲ့ပွဲပါဘဲ။

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်ပြီး မှားယွင်းဖမ်းဆီးခံရသည့် အဆိုတော် ဖြိုးပြည့်စုံ၊ ငြိမ်းချမ်းကို နှင့် ရော်နီစန်းလွင် တို့က ရဲတပ်ဖွဲ့အနေဖြင့် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးပါက ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့်အညီသာ စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒါ့အပြင် လူမှုကွန်ရက်မှာ ကိုယ်ထိလက်ရောက် ဖမ်းဆီးခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အဆိုပါကျူးလွန်သူမှာ တာဝန်ရှိရဲတပ်ဖွဲ့ဝင် မဟုတ်ဘဲ ရဲသတင်းပေးတစ်ဦးဆိုတာကို ပြောခဲ့သလို မှားယွင်းဖမ်းဆီးထိန်းသိမ်းခံရမှုအတွက် ပြန်လည်တရားစွဲဆိုရန် အစီအစဉ်မရှိဘူးဆိုတာကို ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ သတိထားစရာက ရဲသတင်းပေးဆိုတဲ့သူတွေမှာ ဒီလိုရိုက်နှက်ဖမ်းဆီးခွင့်ကို ဘယ်သူကပေးထားသလဲဆိုတာနဲ့ ဘယ်လိုမှအရေးယူမှုမရှိဘူးလားဆိုတဲ့ မေးခွန်းတွေပါဘဲ။စစ်အစိုးရလက်ထက် သာမန်အရပ်သားတွေ ကြောက်ရတဲ့အထဲ ရဲသတင်းပေးက ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ဒီလိုအလေ့အထက အရပ်သားအစိုးရ တာဝန်ယူကာစမှာ သိပ်အသံမကြားရပေမယ့် အရပ်သားအစိုးရ သက်တမ်းကုန်ခါနီးမှာ ပြန်ကြားလာရတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။သက်ဆိုင်ရာက ဖြိုးပြည့်စုံ ပါ ၃ ဦး မှားယွင်းဖမ်းဆီးခံရတဲ့ ဖြစ်ရပ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူမယ်ဆိုတဲ့အတွက် ဘယ်လိုအရေးယူမှာလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ် သတင်းတွေထဲက အများအာရုံစိုက်စရာဖြစ်ခဲ့တဲ့ ရန်ကုန် - ပြည် ကားလမ်း ဥက္ကံမြို့နယ်ထဲမှာ အာရှမှန်လုံခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်လို့ ခရီးသည်ခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ နေပြည်တော် မြို့မဈေး မီးလောင်တဲ့သတင်း၊ လှိုင်းဘွဲ့မြို့နယ်မှာ မူးယစ်ရမ်းကားနေသူတစ်ဦးကို ဖမ်းဆီးစဉ် ဓားနဲ့ပြန်ခုခံလို့ ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့သတင်း၊ အင်းစိန် အောင်ဇေယျတံတားပေါ်မှ ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ပြုတ်ကျလို့ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ တောင်ကြီးမြို့မှာ သီတင်းကျွတ်လပြည့်နေ့ညက ညမီးကြီး မီးပုံးပျံတစ်လုံး  ပျက်ကျလို့ ယာဉ်တစ်စီးမီးလောင်ခဲ့တဲ့သတင်း၊ ကားတစ်စီးပေါ်ကနေ ကျပ်သိန်း ၁,ဝ၀ဝ တန်ဖိုးရှိ အိုက်စ် ၁ ကီလိုနဲ့ လူနှစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမှာ ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ တာချီလိတ်ရှိ လောင်းကစားရုံတစ်ခုမှာ ရန်ဖြစ်ရာကနေ မီးရှို့ဖျက်ဆီးမှုဖြစ်ပွားခဲ့တဲ့သတင်း၊ ဖျာပုံခရိုင် အမာမြို့ ရှေ့ဖျားကျေးရွာအနီး ပင်လယ်ပြင်ထဲကနေ ကျပ်သိန်းပေါင်းသုံးသိန်း (ကျပ်ဘီလျံ ၃၀) ခန့် တန်ဖိုးရှိ အိုက်စ် (ICE) ဟု ယူဆရသော မူးယစ်ဆေးဝါးများပါတဲ့ ပီနန်အိတ်အထုပ် ၂၅ ထုပ်ကို သိမ်းဆည်းရမိတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ သတင်းဖြစ်ခဲ့တယ်ဆိုတာကို တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၁၈

( Zawgyi )

ယခုရက္သတၱပတ္ ျပည္တြင္းသတင္းေတြထဲ အမ်ားျပည္သူ ေစာင့္ၾကည့္ရတဲ့ သတင္းေတြ၊ ေ႐ႊတိဂုံေစတီမွာ ဆက္သြယ္ေရးတာဝါ တပ္ဆင္ထားတဲ့ သတင္းေတြ၊ ေအာင္လအန္ဆန္ လက္ေဝွ႔ႏိုင္တာ ဝမ္းသာၿပီး ေလးဦးေသတဲ့ သတင္းေတြ၊ တရားခံေျပး ဦးစိုးထြန္းရွိန္ ကို ဘန္ေကာက္ေလဆိပ္မွာ ေတြ႕တဲ့သတင္းေတြ၊ မီးသတ္တပ္ဖြဲ႕ဝင္ေတြကို AA က ဖမ္းဆီးျပန္ေပးဆြဲခဲ့တဲ့ သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုစိတ္ဝင္စားစရာေတြအျပင္ ထမံသီ ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာကို  အာဆီယံအေမြအႏွစ္ ဥယ်ာဥ္အျဖစ္ သတ္မွတ္ခံရတဲ့သတင္း၊ ဘားအံၿမိဳ႕နယ္အတြင္း ေက်း႐ြာအခ်ိဳ႕ရွိ အင္းအိုင္၊ ေရတြင္းမ်ားတြင္ ေရအေရာင္ေျပာင္းလဲမႈ ျဖစ္ေပၚေနတဲ့သတင္း၊ ဂ်ပန္မွာ မုန္တိုင္းေၾကာင့္ နစ္ျမဳပ္ခဲ့တဲ့ သေဘၤာထဲက ေပ်ာက္ဆုံးေနတဲ့ သေဘၤာသားသုံးဦးထဲ ျမန္မာႏွစ္ဦး ပါဝင္ေနတဲ့သတင္း၊ ဂ်ပန္ႏိုင္ငံသို႔ တစ္ပတ္ၾကာ ခ်စ္ၾကည္ေရးခရီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သြားေရာက္ခဲ့တဲ့သတင္း၊ အစိုးရက ၂၀၁၉ မိုးစပါးနဲ႔ ၂၀၂၀ ေႏြစပါး ရာသီအတြက္ အေျခခံရည္ၫႊန္း စပါးေဈးႏႈန္း တင္း ၁၀၀ ကို က်ပ္ ငါးသိန္းႏႈန္း သတ္မွတ္လိုက္တဲ့သတင္း၊ ျမန္မာအမ်ိဳးသမီးတစ္ဦး  ျမန္မာႏိုင္ငံဆိုင္ရာ ေနာ္ေဝးသံအမတ္ႀကီးအျဖစ္ တစ္ရက္တာ ထမ္းေဆာင္ခဲ့တဲ့သတင္း၊ နီေပါသမၼတ ျမန္မာႏိုင္ငံကို တရားဝင္ခ်စ္ၾကည္ေရးခရီး လာေရာက္တဲ့သတင္း၊ ျမန္မာႏိုင္ငံသား ၁၀ ဦး ပါဝင္တဲ့ ဗီဇာအတုျပဳလုပ္တဲ့ ဂိုဏ္းတစ္ဂိုဏ္းကို ထိုင္းရဲက ဘန္ေကာက္မွာ ဖမ္းဆီးခဲ့တဲ့သတင္း၊ ထားဝယ္ၿမိဳ႕မွာ က်ပ္တစ္ေသာင္းတန္အတုမ်ား ကိုင္ေဆာင္အသုံးျပဳေနတဲ့  ေတာင္ဥကၠလာပကလာတဲ့ အမ်ိဳးသားတစ္ဦးကို ဖမ္းမိခဲ့တဲ့သတင္းေတြကလည္း အမ်ားျပည္သူအတြက္ ယခုရက္သတၱပတ္ထဲမွာ သတိထားေစာင့္ဖတ္ခဲ့ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ေ႐ႊတိဂုံနဲ႔ တာဝါတိုင္ျပႆနာ

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ လူအမ်ားအာ႐ုံစိုက္မိတဲ့ သတင္းက ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္ တာဝါတိုင္ကိစၥပါ။ဒီသတင္းက ေအာက္တိုဘာ ၄ ရက္တြင္ ျပဳလုပ္သည့္ နယ္လုံအစည္းအေဝးမွာ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ဝင္တစ္ဦးက အထက္ပစၥယာကို အမ်ိဳးသမီးတက္ေရာက္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာကေန စခဲ့ၿပီး ဒီေနာက္မွာ ဒီျဖစ္ရပ္ေၾကာင့္  ေ႐ႊတိဂုံေစတီ ေဂါပကအဖြဲ႕႐ုံး အဖြဲ႕မႉးကို တာဝန္ကေန ရပ္နားခဲ့တာပါ။

ဒီလိုရပ္နားခံရၿပီးေနာက္မွာ ေ႐ႊတိဂုံေစတီေတာ္ ႐ုံးအဖြဲ႕မႉးက လူမႈကြန္ရက္စာမ်က္ႏွာမွာ ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္မွာ ဆက္သြယ္ေရးေအာ္ပေရတာ မိုင္တဲလ္တာဝါတိုင္ တရားမဝင္စိုက္ထူထားတာနဲ႔ ေ႐ႊတိဂုံေစတီေတာ္ အထက္ပစၥယာသို႔ အမ်ိဳးသမီးတက္ေရာက္ခဲ့တယ္ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။ယခုျပႆနာဟာ YMBA ျပႆနာအၿပီး ေနာက္ထပ္ဘာသာေရးအဖြဲ႕အစည္းဆိုင္ရာ အမ်ားျပည္သူ စိတ္ဝင္စားစရာ ဒုတိယေျမာက္ အေၾကာင္းတစ္ရပ္ ျဖစ္ခဲ့ပါတယ္။

ေ႐ႊတိဂုံေစတီေတာ္ ႐ုံးအဖြဲ႕မႉး တာဝန္ကေန ရပ္နားခဲ့ရတဲ့ ဦးထြန္းေအာင္ေငြ က ေအာက္တိုဘာ ၁၁ ရက္စြဲနဲ႔ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး အစရွိသူတို႔ထံ လိပ္မူကာ အထက္ပစၥယာသို႔ ေဒါက္တာေအာင္ေက်ာ္ဝင္း တက္ေရာက္သည္ကို မ႐ိုးေျဖာင့္သည့္ သေဘာျဖင့္ ခုံ႐ုံးဖြဲ႕စစ္ေဆးျခင္း၊ တရားမဝင္ တာဝါတိုင္ကို လက္ခံထားျခင္းႏွင့္ အနားယူထားသည့္ ေဂါပကအဖြဲ႕ဝင္ သူရဦးတင္လွ က ႐ိုင္းပ်စြာဆဲဆိုျခင္း စသည့္အခ်က္မ်ားကို  စစ္ေဆးအေရးယူေပးရန္ တိုင္ၾကားစာေပးပို႔ခဲ့ပါတယ္။

ဒီျပႆနာဟာ အမ်ားျပည္သူၾကား စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။ေ႐ႊတိဂုံေစတီေတာ္လို အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာျဖစ္တဲ့အျပင္ ဘာသာေရးအရ အထြဋ္အျမတ္ထားတဲ့ ေနရာတစ္ခုမွာ စီးပြားေရးဆိုင္ရာ အလုပ္တစ္ခုကို လက္ခံလုပ္ေဆာင္ေနတာ တစ္ႏွစ္ေက်ာ္ျဖစ္ေနတာကို အခ်င္းခ်င္းျပႆနာျဖစ္မွ အမ်ားျပည္သူသိရတယ္ဆိုတာက စိတ္ပ်က္စရာပါ။ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း၊ တယ္လီေနာႏွင့္ အူရီးဒူးတို႔က ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္ေပၚတြင္ တာဝါတပ္ဆင္ဖို႔ကို ေ႐ႊတိဂုံေစတီေတာ္  ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ားနဲ႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ခြင့္ျပဳျခင္းမရွိဘဲ မိုင္တဲလ္က်မွ တပ္ဆင္ၿပီးသုံးေနတာ တစ္ႏွစ္ေက်ာ္ရွိေနတာ ဘဝင္မက်စရာပါ။အျပန္အလွန္ တရားေတြစြဲက်၊ ျငင္းက်ခုံက်မွ အမ်ားျပည္သူ သိခြင့္ရတယ္ဆိုတာက လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ေနက် ထုံးတမ္းစဥ္လာလို ျဖစ္ေနပါၿပီ။

ဒီလိုသတင္းေတြထြက္လာအၿပီးမွာ ေဒါက္တာေအာင္ေက်ာ္ဝင္း၏ ဇနီး ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚသက္သက္ခိုင္ က သူ႔အမ်ိဳးသားကို အမ်ိဳးသမီးလို႔ စြပ္စြဲေျပာဆိုမႈအေပၚ ေဂါပကအဖြဲ႕က ျပန္မေတာင္းပန္ရင္ တရားစြဲဆိုမယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။ဒီအတြက္ လူမႈကြန္ရက္မွာ ေဝဖန္မႈေတြနဲ႔ ပြဲဆူခဲ့ပါတယ္။ဒါ့အျပင္ မိုင္တဲလ္ဘက္က ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္ စေနေထာင့္ႏွင့္ တနဂၤေႏြေထာင့္အနီး ေရစင္ေပၚ တပ္ဆင္ထားတဲ့ ဆက္သြယ္ေရး ေအာ္ပေရတာတိုင္ကို ေအာက္တိုဘာ ၁၃ ရက္မွာ ျပန္ျဖဳတ္သိမ္းခဲ့သလို ေအာက္တိုဘာ ၁၄ ရက္မွာ သတင္းထုတ္ျပန္ခ်က္မွာ ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚ၌ ဆက္သြယ္ေရးတာဝါ တပ္ဆင္ႏိုင္ရန္ စာခ်ဳပ္ခ်ဳပ္ဆိုမႈကို အျမန္ဆုံး ႀကိဳးစားေဆာင္႐ြက္မယ္လို႔ သတင္းထုတ္ျပန္တာကို ေတြ႕ရပါတယ္။ဒီလိုတပ္ဆင္ခြင့္ရမယ္ဆိုရင္ တျခားဆက္သြယ္ေရး တာဝါတိုင္ေတြကိုလည္း ေပးရမွာျဖစ္တဲ့အတြက္ ဘာသာေရးအရ အကဲဆတ္တဲ့ ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ျပႆနာေတြ ရႈပ္ေထြးလာဖြယ္ရွိသလို ဘုရားဖူးလာသူေတြအတြက္လည္း စိတ္အေႏွာင့္အယွက္ ျဖစ္လာႏိုင္တဲ့အတြက္ ကုမၸဏီေတြရဲ႕ အက်ိဳးစီးပြားအတြက္ ဘာသာေရးအထြဋ္အျမတ္ ေနရာတစ္ခုကို ေပးသုံးမလား၊ ေနာက္ဆက္တြဲ ျပႆနာေတြကို ဘယ္သူတာဝန္ယူမလဲ၊ သက္ဆိုင္ရာ တာဝန္ရွိသူေတြ ဒီျပႆနာကို ဘယ္လိုကိုင္တြယ္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။        

ေအာင္လအန္ဆန္ နဲ႔ တစ္သားတည္းျဖစ္တဲ့စိတ္

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အေမရိကန္-ဖိလစ္ပိုင္ ဖိုက္တာ ဘရန္ဒန္ဗီရာ ကို အလဲထိုးအႏိုင္ယူၿပီး လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံခါးပတ္ ကာကြယ္ႏိုင္ခဲ့တဲ့ ေအာင္လအန္ဆန္ တို႔ ပြဲကို ေစာင့္ၾကည့္ၿပီး အႏိုင္ရလို႔ စိတ္လႈပ္ရွားကာ ေသဆုံးသူ ၄ ဦးထိရွိခဲ့တဲ့ သတင္းက အမ်ားစိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့ပါတယ္။

ဂ်ပန္ကို တိုင္ဖြန္းမုန္တိုင္း ဟာဂီဘစ္ ဝင္ေနခ်ိန္မွာ မုန္တိုင္းသတင္းနဲ႔အတူ တိုက်ိဳမွာ က်င္းပမယ့္ MMA (One Championship) ၿပိဳင္ပြဲ သတင္းကိုလည္း ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ဒီပြဲကို ျမန္မာတစ္ႏိုင္ငံလုံးနီးပါး ေစာင့္ၾကည့္ခဲ့ၿပီး တိုက်ိဳၿမိဳ႕ရွိ RyogokuKokugikan ဆူမိုအားကစားခန္းမမွာ ေအာက္တိုဘာ ၁၃ ရက္က ထိုးသတ္ခဲ့ၾကတာပါ။
ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ က စိန္ေခၚသူ အေမရိကန္-ဖိလစ္ပိုင္ ဖိုက္တာ ဘရန္ဒန္ဗီရာ ကို ဒုတိယအခ်ီမွာ အလဲထိုးအႏိုင္ယူခဲ့ပါတယ္။ဒီပြဲကို ရန္ကုန္က လက္ဘက္ရည္ဆိုင္ေတြ ဘီယာဆိုင္ေတြနဲ႔ ေနအိမ္ေတြမွာ ေစာင့္ၾကည့္ခဲ့ၾကၿပီး ေအာင္လအန္ဆန္ အႏိုင္ရၿပီးတဲ့ေနာက္ ေအာင္ပြဲခံတဲ့သူေတြ ေအာ္ဟစ္တဲ့သူေတြနဲ႔ ေအာက္တိုဘာ ၁၃ ရက္ညက ေအာင္လအန္ဆန္ည ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ လူမ်ိဳးေရး၊ ဘာသာေရး ကြဲျပားမႈေတြဆိုတာ ဒီေအာင္ပြဲရခ်ိန္မွာ မရွိေတာ့တာက ထူးျခားမႈပါဘဲ။ေအာင္လအန္ဆန္ ရဲ႕ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲကို ႐ုပ္သံမွ ၾကည့္ရႈအားေပးရင္း ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းႏွင့္ ကခ်င္ျပည္နယ္ေတြက လူေလးဦး ေသဆုံးခဲ့ရတာလည္း ထူးျခားမႈပါဘဲ။ရန္ကုန္ ဥကၠံၿမိဳ႕ ရွမ္းစုေက်း႐ြာနဲ႔ အိုးဖိုတန္းလမ္းက အသက္ (၆၀) ခန႔္ရွိတဲ့ အမ်ိဳးသားႏွစ္ဦး၊ ဧရာဝတီတိုင္း ေဒးဒရဲၿမိဳ႕နယ္ ထနိပါတ္ေက်း႐ြာမွ အသက္ (၇၁) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕မွ အသက္ (၆၄) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔ ေသဆုံးခဲ့တာပါ။

ေအာင္လအန္ဆန္ ရဲ႕ ႏိုင္ပြဲကို ရင္ခုန္စိတ္လႈပ္ရွားစြာ အားေပးရင္း ေသဆုံးခဲ့ရတာ ဒီေလးေယာက္နဲ႔ဆို စာရင္းေတြအရ ၆ ေယာက္ေတာင္ရွိၿပီ ဆိုပါတယ္။၂၀၁၇ ဇြန္လက ေအာင္လအန္ဆန္ ႏွင့္ ႐ုရွားႏိုင္ငံသား ဗစ္တာလီ ဘစ္ဒက္ရွ္ တို႔ ယွဥ္ၿပိဳင္တဲ့ပြဲကိုၾကည့္ရင္း ရန္ကင္းၿမိဳ႕နယ္မွ အသက္ (၆၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့သလို ၂၀၁၈ ဇြန္လ ၂၉ ရက္တြင္ ေအာင္လအန္ဆန္ ႏွင့္ ဟာဆီဂါဝါ တို႔၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲမွာ ငပုေတာၿမိဳ႕နယ္မွ အသက္ (၆၁) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ရတာေတြလည္း ရွိခဲ့ပါတယ္။

ႏိုင္ငံနဲ႔ လူမ်ိဳးကို ကိုယ္စားျပဳတဲ့ ဒီလိုႏိုင္ငံ့ဂုဏ္ေဆာင္ပြဲမွာ ကြဲျပားမႈေတြ၊ ျခားနားမႈေတြ ေပ်ာက္ကြယ္ကာ တစ္ေသြးတည္း တစ္သားတည္းျဖစ္တာကို ျမန္မာေဘာလုံးအသင္းၿပိဳင္ပြဲေတြမွာ အႏိုင္ရတဲ့အခါနဲ႔ ယခုအခါမွာ ေတြ႕ရတဲ့အတြက္ ကြဲျပားတဲ့ သူစိမ္းဆန္တဲ့ စိတ္ေတြကို ပယ္ဖ်က္ဖို႔အတြက္ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားေတြ ျဖစ္ထြန္းလာဖို႔ကလည္း အေရးႀကီးေနၿပီဆိုတာကို ယခုပြဲကေန ျပခဲ့တာကို ေတြ႕ရပါတယ္။

မိုင္းတစ္လုံးထိ ၅ သိန္းနဲ႔ အထိနာတဲ့ တိုင္းရင္းသားေဒသ

ယခုရက္သတၱပတ္ တိုင္းရင္းသားေရးရာ သတင္းေတြထဲမွာ သတိျပဳမိတဲ့ သတင္းတစ္ခုကTNLA လို႔ ေခၚတဲ့ တအာင္းလက္နက္ကိုင္ေတြ က်င္လည္တဲ့ ေနရာေဒသေတြမွာ မိုင္းထိမိရင္ TNLA လက္နက္ကိုင္ေတြကို ေငြျပန္ေပးလ်ာ္ရမယ္ဆိုတဲ့ သတင္းပါဘဲ။ဒီအဖြဲ႕ဟာ ျပင္ဦးလြင္၊ မူဆယ္၊ ကြတ္ခိုင္ေတြကို ဝင္တိုက္ခဲ့တဲ့ ေျမာက္ပိုင္းသုံးဖြဲ႕ထဲ ပါဝင္ပါတယ္။ဒီတိုက္ပြဲေတြမွာ အရပ္သားေတြကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ခဲ့လို႔ ေဒသခံအရပ္သားေတြ အပါအဝင္ ကုန္တင္ကားေမာင္းသူေတြပါ အေသအေပ်ာက္ရွိခဲ့ပါတယ္။

အဆိုပါအဖြဲ႕က ၎အဖြဲ႕ က်င္လည္က်က္စားတဲ့ ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲခ႐ိုင္ထဲက ေက်း႐ြာေတြမွာ သူတို႔ေထာင္ထားတဲ့မိုင္းကို ေဒသခံေတြ နင္းမိရင္ မိုင္းတန္ဖိုး ငါးသိန္းေပးရမယ္ဆိုၿပီး ေျပာခဲ့တယ္ဆိုတဲ့ သတင္းက ၾကားရသူတိုင္းကို ထိတ္လန႔္ေစသလို မိုင္းထိသူေတြကို ေဆးထိုးလက္စေဖ်ာက္တယ္ဆိုတဲ့ သတင္းေတြကလည္း  ထိုေဒသမွာ ေနတဲ့သူေတြအတြက္ စိုးထိတ္ရင္ေလးစရာ အေျခအေနပါဘဲ။

ဆက္ေၾကးေကာက္တာ၊ တပ္ဘက္ကို သတင္းေပးလို႔ လက္စတုံးသတ္တာေတြ မၾကာခဏၾကားရတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေဒသေတြက ယခုေနာက္ဆုံးၾကားရတဲ့ သတင္းကေတာ့ ေတာ္ေတာ္ေလး ဆိုးဆိုးဝါးဝါး သတင္းပါဘဲ။လက္နက္အားကိုးနဲ႔ နယ္ခံအရပ္သားေတြကို ၾကက္ေလးငွက္ေလးလို သေဘာထား ဗိုလ္က်အႏိုင္က်င့္ သတ္ျဖတ္တဲ့လုပ္ရပ္ကို  အဆိုပါတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ကသာ လုပ္ခဲ့တာ အမွန္တစ္ကယ္ျဖစ္ခဲ့တယ္ဆိုရင္  ေနာက္ဆုံးလားရာက သိပ္ေကာင္းေတာ့မယ္ မထင္ပါဘူး။

ရခိုင္ေျမာက္ပိုင္းမွာလည္း ယခုရက္သတၱပတ္ထဲ ၾကားရတဲ့သတင္းတစ္ပုဒ္ကလည္း ကာယကံရွင္ေတြအတြက္ သိပ္ေကာင္းတဲ့သတင္း မဟုတ္ပါဘူး။ဒါက မႏၲေလးၿမိဳ႕မွ စစ္ေတြၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ခရီးသည္တင္ယာဥ္တစ္စီးကို ေျမာက္ဦးၿမိဳ႕နယ္ထဲမွာ AA တပ္ဖြဲ႕ဝင္မ်ားက တားဆီးၿပီး မီးသတ္ဦးစီးဌာန ဒုတိယဦးစီးမႉး အပါအဝင္ မီးသတ္တပ္ဖြဲ႕ဝင္ ၁၉ ဦးနဲ႔ အရပ္သား ၁၂ ဦး အပါအဝင္ ၃၁ ဦးကို ဖမ္းဆီးေခၚေဆာင္ခဲ့တာပါ။ဖမ္းဆီးေခၚေဆာင္ခံရတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြမွာ  ျပင္ဦးလြင္ ဇီးပင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္၌ မြမ္းမံသင္တန္းတက္ၿပီး ေျမာက္ဦးၿမိဳ႕သို႔ ျပန္လာသူမ်ားျဖစ္ၿပီး AA ဘက္က ယခုလိုဖမ္းဆီးမႈအေပၚ တပ္မေတာ္၏ အရန္အင္အားျဖစ္ေနျခင္းေၾကာင့္ ဖမ္းဆီးထိန္းသိမ္းရတာဆိုၿပီး ေျပာခဲ့ပါတယ္။

တပ္ဘက္က ဒီလို AA ရဲ႕ ဖမ္းဆီးျပန္ေပးဆြဲခံရတဲ့သူေတြ လြတ္ေျမာက္ဖို႔အတြက္ တပ္အင္အားသုံးၿပီး သတင္းစုံစမ္းျခင္းႏွင့္ နယ္ေျမရွင္းလင္းျခင္း ေဆာင္႐ြက္တာေတြ လုပ္ေဆာင္ေနတယ္ ဆိုပါတယ္။ယခုရက္သတၱပတ္ထဲမွာ AA နဲ႔ပတ္သက္ၿပီး တပ္မေတာ္ဘက္က ထုတ္ျပန္တဲ့ သတင္းေတြရွိခဲ့ပါတယ္။ေအာက္တိုဘာ ၆ ရက္က ရေသ့ေတာင္ၿမိဳ႕နယ္ထဲက လြန္းေတာင္႐ြာကို AA လက္နက္ကိုင္ေတြလာၿပီး ကြၽဲ၊ ႏြားႏွင့္ ေ႐ႊေငြမ်ား လုယက္ယူေဆာင္သြားတယ္ဆိုတဲ့ သတင္း၊ သီတင္းကြၽတ္ကာလအတြင္း ေျမာက္ဦးၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တယ္ဆိုတဲ့ သတင္း၊ ေအာက္တိုဘာ ၁၁ ရက္ ညက ေနျပည္ေတာ္ ေဘာဂသီရိကားႀကီးကြင္းရွိ ႐ိုးရွင္းသူကားဂိတ္မွာ စစ္ေတြကိုပို႔မယ့္ ဒီတိုေနတာ အေခ်ာင္း ၅၀ဝ ေတြ႕ရွိလို႔ ပို႔ေဆာင္သူႏွစ္ဦးကို အမႈဖြင့္စစ္ေဆးေနတဲ့ သတင္းေတြ ရွိခဲ့ပါတယ္။

TNLA နဲ႔ ပတ္သက္တဲ့ သတင္းေတြထဲမွာလည္း ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၃ ရက္ညက မူဆယ္ၿမိဳ႕ မိုင္းယု (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္အနီးမွာ ပါဂ်ဲ႐ိုးယာဥ္တစ္စီးကို ဖမ္းဆီးစဥ္ တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA) တံဆိပ္ပါ စစ္အက်ႌယူနီေဖာင္း ၁,ဝ၀ဝ ေက်ာ္ႏွင့္ အမွတ္တံဆိပ္ပါ ပစၥည္းေတြကို ပစ္ခ်ခဲ့တဲ့သတင္း၊ ေအာက္တိုဘာ ၁၂ ရက္ ညေန ကြတ္ခိုင္ၿမိဳ႕နယ္ထဲက တပ္နယ္ထဲသို႔ တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA) က လက္နက္ႀကီးနဲ႔ လာေရာက္ပစ္ခတ္တဲ့ သတင္းေတြျဖစ္ခဲ့သလို ေအာက္တိုဘာ ၁၅ ရက္ နံနက္မွာ တပ္မေတာ္စစ္ေၾကာင္းနဲ႔  ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS/SSA) တို႔ ၁၅ မိနစ္ၾကာ တိုက္ပြဲျဖစ္ပြားတဲ့သတင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ ပိုင္နက္ထဲ တ႐ုတ္က ေျမဝင္တူးလို႔ ျမန္မာဘက္က ကန႔္ကြက္ထားတဲ့သတင္း၊ မြန္ျပည္သစ္ပါတီ (NMSP) ရဲ႕ စခန္းႏွစ္ခုကို (KNU) တပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္တိုက္ခိုက္လို႔ ႏွစ္ဘက္အက်အဆုံးရွိခဲ့တဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။

ဘန္ေကာက္ေလဆိပ္ေရာက္ ၀ရမ္းေျပး

မၾကာခင္က ၀ရမ္းထုတ္ခံထားရၿပီး ျမန္မာႏိုင္ငံမွာ ေပ်ာက္ေနခဲ့တဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ ကို ဘန္ေကာက္ေလဆိပ္မွာ ေတြ႕ခဲ့တယ္လို႔ ျပည္တြင္းသတင္းဌာနတစ္ခုကေန ေဖာ္ျပခဲ့တဲ့သတင္းတစ္ခုက ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားစရာအေကာင္းဆုံး သတင္းျဖစ္ခဲ့ပါတယ္။

အရပ္သားအစိုးရလက္ထက္မွာ ျပည္ထဲေရးဌာနက တရားခံေျပး ထုတ္ျပန္ေၾကညာခံခဲ့ရတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။အထူးသျဖင့္ လာဘ္စားမႈနဲ႔ အေရးယူခံရတဲ့ အစိုးရအရာရွိႀကီးေတြ၊ လူသတ္မႈႀကံရာပါ ေအာင္ဝင္းခိုင္ လို လူေတြ၊ ႏိုင္ငံေတာ္အႀကီးအကဲေတြကို ဆဲဆိုလို႔ တရားစြဲခံထားရၿပီး ၀ရမ္းထုတ္ခံထားရတဲ့ ဦးဝီရသူ၊ လုပ္ငန္းဆိုင္ရာ အစိုးရတားျမစ္ခ်က္ကို ေဖာက္ဖ်က္လို႔ တရားစြဲရာမွာ ထြက္ေျပးေနၿပီး သက္ဆိုင္ရာက ဖမ္းဆီးမရျဖစ္ေနတဲ့ ဦးစိုးထြန္းရွိန္ လို လူေတြလည္း ပါဝင္ခဲ့ပါတယ္။

ဒီလိုစုပ္စျမဳပ္စေပ်ာက္ေနတဲ့ တရားခံေျပးထဲက တစ္ဦးျဖစ္တဲ့ ဦးစိုးထြန္းရွိန္ ကို ဘန္ေကာက္ေလဆိပ္မွာ ေအာက္တိုဘာ ၁၄ ရက္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ သုဝဏၰဘူမိ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေတြ႕ခဲ့ရတယ္ဆိုၿပီး လူတစ္ဦးက ဓာတ္ပုံ႐ိုက္ၿပီး ေဖာ္ျပခဲ့တာကို စုံစမ္းေဖာ္ထုတ္တဲ့ သတင္းေတြနဲ႔ နာမည္ရေနတဲ့ ျမန္မာေနာင္းသတင္းဌာနက ေဖာ္ျပခဲ့တာပါ။စိတ္ဝင္စားစရာေကာင္းတဲ့ အဆိုပါသတင္းေဖာ္ျပခ်က္မွာ ရန္ကုန္ကလာတဲ့ ထိုင္းအဲေအရွတစ္စီးလည္း အဆိုပါေန႔လယ္ပိုင္းမွာ ရွိတယ္ဆိုတာနဲ႔ ျမန္မာစကားေျပာ အမ်ိဳးသမီးႏွစ္ဦးပါတာ၊ စီးသြားတဲ့ ကားနံပါတ္ကို ဓာတ္ပုံ႐ိုက္ျပတာေတြက သတင္းဖတ္သူေတြကို စုံစမ္းေဖာ္ထုတ္ေစခ်င္တဲ့စိတ္ ေပၚေပါက္ေစခဲ့ပါတယ္။ဒီေနာက္မွာ လူမူကြန္ရက္မွာ ဒီအျဖစ္ကို အေျခတည္ၿပီး ကာတြန္းေတြ၊ မွတ္ခ်က္ေတြမ်ားစြာ ေပၚလာခဲ့ပါတယ္။အဆိုပါအခ်က္ေတြထဲမွာ မမိေသးတဲ့ တရားခံေျပးေတြနဲ႔ သက္ဆိုင္ၿပီး ေဝဖန္မႈေတြက လက္ေတြ႕က်တာကို ေတြ႕ရပါတယ္။

ယခင္အစိုးရလက္ထက္မွာ တာဝန္ယူခဲ့သူေတြနဲ႔ နီးစပ္ခဲ့တဲ့ ယခုတရားခံေျပးအခ်ိဳ႕ကို ဘယ္သူေတြက အကာအကြယ္ေပးေနသလဲ၊ ဘယ္ေနရာမွာ စုံးစျမဳပ္စေပ်ာက္သြားသလဲဆိုတာနဲ႔ အရပ္သားအစိုးရ ဘယ္လိုမ်ိဳး အခက္ေတြ႕ေနလဲဆိုတာကို အိမ္နီးခ်င္းႏိုင္ငံရဲ႕ ေလဆိပ္မွာ ယခုတရားခံေျပးတစ္ဦးကို ဘြားကနဲ႔ ေျပာင္ေျပာင္တင္းတင္း ေတြ႕လိုက္ရတဲ့အျဖစ္က မီးေမာင္းထိုးျပသလို ျဖစ္ခဲ့ပါတယ္။

ေနာက္ထပ္စိတ္ဝင္စားစရာျဖစ္ခဲ့ရတဲ့ သတင္းတစ္ခုကေတာ့ အဆိုေတာ္ ၿဖိဳးျပည့္စုံ ရဲ႕ သတင္းစာရွင္းလင္းပြဲပါပဲ။ဒီသတင္းစာရွင္းလင္းပြဲက အမ်ားစုသိခ်င္ေနၾကလို႔ ေစာင့္ဆိုင္းေနခဲ့တဲ့ မွားယြင္းဖမ္းဆီးမႈနဲ႔ ပတ္သက္ၿပီး အရွက္တကြဲ အက်ိဳးတနည္းျဖစ္ကာ ခံလိုက္ရတဲ့သူဘက္က ဘယ္လိုတုံ႔ျပန္မလဲဆိုတာကို သိခ်င္ေနတဲ့သူေတြ ေစာင့္ဆိုင္းခဲ့တဲ့ပြဲပါဘဲ။

ေအာက္တိုဘာ ၁၅ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မူးယစ္ေဆးဝါးအမႈႏွင့္ ပတ္သက္ၿပီး မွားယြင္းဖမ္းဆီးခံရသည့္ အဆိုေတာ္ ၿဖိဳးျပည့္စုံ၊ ၿငိမ္းခ်မ္းကို ႏွင့္ ေရာ္နီစန္းလြင္ တို႔က ရဲတပ္ဖြဲ႕အေနျဖင့္ သံသယရွိသူမ်ားကို ဖမ္းဆီးစစ္ေဆးပါက ရဲတပ္ဖြဲ႕၏ လုပ္ထုံးလုပ္နည္းႏွင့္အညီသာ စစ္ေဆးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ဒါ့အျပင္ လူမႈကြန္ရက္မွာ ကိုယ္ထိလက္ေရာက္ ဖမ္းဆီးခံရတဲ့ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အဆိုပါက်ဴးလြန္သူမွာ တာဝန္ရွိရဲတပ္ဖြဲ႕ဝင္ မဟုတ္ဘဲ ရဲသတင္းေပးတစ္ဦးဆိုတာကို ေျပာခဲ့သလို မွားယြင္းဖမ္းဆီးထိန္းသိမ္းခံရမႈအတြက္ ျပန္လည္တရားစြဲဆိုရန္ အစီအစဥ္မရွိဘူးဆိုတာကို ေျပာခဲ့ပါတယ္။

ဒီျဖစ္ရပ္မွာ သတိထားစရာက ရဲသတင္းေပးဆိုတဲ့သူေတြမွာ ဒီလို႐ိုက္ႏွက္ဖမ္းဆီးခြင့္ကို ဘယ္သူကေပးထားသလဲဆိုတာနဲ႔ ဘယ္လိုမွအေရးယူမႈမရွိဘူးလားဆိုတဲ့ ေမးခြန္းေတြပါဘဲ။စစ္အစိုးရလက္ထက္ သာမန္အရပ္သားေတြ ေၾကာက္ရတဲ့အထဲ ရဲသတင္းေပးက ထိပ္ဆုံးကေန ပါဝင္ပါတယ္။ဒီလိုအေလ့အထက အရပ္သားအစိုးရ တာဝန္ယူကာစမွာ သိပ္အသံမၾကားရေပမယ့္ အရပ္သားအစိုးရ သက္တမ္းကုန္ခါနီးမွာ ျပန္ၾကားလာရတာ ေကာင္းတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။သက္ဆိုင္ရာက ၿဖိဳးျပည့္စုံ ပါ ၃ ဦး မွားယြင္းဖမ္းဆီးခံရတဲ့ ျဖစ္ရပ္မွာ သက္ဆိုင္ရာတာဝန္ရွိသူေတြကို အေရးယူမယ္ဆိုတဲ့အတြက္ ဘယ္လိုအေရးယူမွာလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ သတင္းေတြထဲက အမ်ားအာ႐ုံစိုက္စရာျဖစ္ခဲ့တဲ့ ရန္ကုန္ - ျပည္ ကားလမ္း ဥကၠံၿမိဳ႕နယ္ထဲမွာ အာရွမွန္လုံခရီးသည္တင္ယာဥ္တစ္စီး အရွိန္လြန္တိမ္းေမွာက္လို႔ ခရီးသည္ေျခာက္ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ေနျပည္ေတာ္ ၿမိဳ႕မေဈး မီးေလာင္တဲ့သတင္း၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္မွာ မူးယစ္ရမ္းကားေနသူတစ္ဦးကို ဖမ္းဆီးစဥ္ ဓားနဲ႔ျပန္ခုခံလို႔ ရဲက ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရတဲ့သတင္း၊ အင္းစိန္ ေအာင္ေဇယ်တံတားေပၚမွ ကုန္တင္ယာဥ္တစ္စီး အရွိန္လြန္ျပဳတ္က်လို႔ အမ်ိဳးသားေလးဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ေတာင္ႀကီးၿမိဳ႕မွာ သီတင္းကြၽတ္လျပည့္ေန႔ညက ညမီးႀကီး မီးပုံးပ်ံတစ္လုံး  ပ်က္က်လို႔ ယာဥ္တစ္စီးမီးေလာင္ခဲ့တဲ့သတင္း၊ ကားတစ္စီးေပၚကေန က်ပ္သိန္း ၁,ဝ၀ဝ တန္ဖိုးရွိ အိုက္စ္ ၁ ကီလိုနဲ႔ လူႏွစ္ဦးကို သဃၤန္းကြၽန္းၿမိဳ႕နယ္ ေဝဇယႏၲာလမ္းမွာ ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ တာခ်ီလိတ္ရွိ ေလာင္းကစား႐ုံတစ္ခုမွာ ရန္ျဖစ္ရာကေန မီးရႈိ႕ဖ်က္ဆီးမႈျဖစ္ပြားခဲ့တဲ့သတင္း၊ ဖ်ာပုံခ႐ိုင္ အမာၿမိဳ႕ ေရွ႕ဖ်ားေက်း႐ြာအနီး ပင္လယ္ျပင္ထဲကေန က်ပ္သိန္းေပါင္းသုံးသိန္း (က်ပ္ဘီလ်ံ ၃၀) ခန႔္ တန္ဖိုးရွိ အိုက္စ္ (ICE) ဟု ယူဆရေသာ မူးယစ္ေဆးဝါးမ်ားပါတဲ့ ပီနန္အိတ္အထုပ္ ၂၅ ထုပ္ကို သိမ္းဆည္းရမိတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ သတင္းျဖစ္ခဲ့တယ္ဆိုတာကို တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၁၈