【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ လွှတ်တော်ဥက္ကဋ္ဌဖြုတ်ချရန်အဆို

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ လွှတ်တော်ဥက္ကဋ္ဌဖြုတ်ချရန်အဆို

ယခုရက်သတ္တပတ်ထဲ သတင်းတွေထဲမှာ သတိထားစောင့်ကြည့်စရာ သတင်းတွေရှိခဲ့ပါတယ်။ဒီထဲမှာ မနေ့က ပြည်သူလွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်က ဖြုတ်ချရန်အဆိုတင် သွင်း မှု၊ ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆူဆူညံညံဖြစ်ခဲ့ရတဲ့ ဖြည်စွက်ဘတ်ဂျက်တောင်းခံမှုတွေကို လျော့ တောက် ဖြတ်ချမှု၊ရန်ကုန်ဝန်ကြီးချုပ် ဗိုလ်တထောင် ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ရေချပူဇော်ပွဲနဲ့ ပတ် သက် ပြီး ဝေဖန်မှုတွေ၊တရားစွဲမှုတွေ ထွက်လာတဲ့   သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ လူစိတ်ဝင်စားမှု အများဆုံး သတင်းတွေ ဖြစ်ခဲ့ပါ တယ်။

ဘတ်ဂျတ်ဖြတ်တောက်မှုနဲ့ ဆူဆူညံညံလူမှုကွန်ရက်အသံ

ယခုရက်သတ္တပတ်ထဲပြုလုပ်တဲ့ လွှတ်တော်သတင်းတွေထဲမှာ ဝန်ကြီးဌာနတွေက ဖြည့်စွက်ဘတ်ဂျက် တင်တာနဲ့ ပတ်သက်ပြီး အများပြည်သူအတွက် စိတ်ဝင်စားစရာတွေ ရှိခဲ့ပါတယ်။အထူးသဖြင့် နိုင်ငံတကာ လွှတ် တော်များနည်းတူ ဘတ်ဂျက်ကို တစ်ပါတီအာဏာရှင်စနစ်နဲ့ ဟန်ပြ လွှတ်တော်များအားကောင်းခဲ့တဲ့ ဆိုရှယ်လစ် ခေတ်၊ လွှတ်တော်မရှိခဲ့တဲ့ စစ်အစိုးရလက်ထက်များကလို တင်သမျှ ဘတ်ဂျက် တန်းခွင့်ပြုတဲ့ အနေအထား မဟုတ် တော့ဘဲ အပြန်အလှန်ထောက်ပြ၊ တောင်းတဲ့ သူကလည်း ကျိုးသင့်ကြောင်းသင့် တင်ပြကြနဲ့ လွှတ်တော် က ဒီမိုကရေစီစနစ်အတိုင်း ရုပ်လုံးဖော်သရုပ်သဘောသက်ဝင်လာတာကို တွေ့လာရပါတယ်။ ပါတီစွဲ အဖွဲ့အစည်း အစွဲနဲ့ ကိုယ်အတ္တအကျိုးကို မကြည့်ဘဲ ကြည့်မယ်ဆိုရင် ဒီလို ထောက်ပြတာ ၊ဖြတ်တောက်တာတွေက  ကိုယ် ကျိုး အတွက် အလွဲသုံးစားလုပ်လိုသူတွေ၊ ပြီးလွယ်စီးလွယ်ယခင်ခေတ်အတိုင်း ပိုပိုသာသာတင်တဲ့ တောင်းတဲ့ သူတွေ အတွက် မနှစ်မြို့စရာ ဖြစ်ပေမယ့် အများပြည်သူအတွက်တော့ အကျိုးစီးပွားဖြစ်တဲ့ လု်ပဆောင်မှု တွေဖြစ်လို့ လက်ခံကြိုဆိုရမှာပါ။

မေ ၂၆ရက်က ပြုလုပ်သော ပြည် ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဗဟိုဘဏ်ကချေးငွေ ရယူဖို့ အ တွက် လွှတ်တော်ကိုခွင့်ပြုချက်တောင်းခံရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဆွေးနွေးချက်က စိတ် ဝင်စားစရာ ကောင်းခဲ့ပြီး အဆိုပါရက်အတွက် လူမှုကွန်ရက်မှာ ဝေဖန်မှုခံရတာများတဲ့ လူပြောအများဆုံး အ ကြောင်း အရာ ဖြစ်ခဲ့ပါတယ်။

မကြာခင် ကုန်ဆုံးတော့မယ် ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း ၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁ ဒသမ ၀၆၄ ဘီလျံအတွင်း ရယူရေး နှင့် စပ်လျဉ်းပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးရာမှာ ရသမျှအကုန် ချေးကာ မည်သည့် စီမံကိန်းများ အောင် မြင်ခဲ့သလဲ လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အဆိုပါတပ်မတော်သား လွှတ်တော်ကိုယ် စား လှယ် ဖြစ်တဲ့ ဗိုလ်မှူးစံဝင်း ခိုင်မေးခွန်းထုတ်တဲ့ စကားအတိုင်းဖော်ပြရရင် “ချေး တာက ရသမျှအကုန်ချေးပြီး အစိုးရ သက်တမ်းကာလအတွင်း ဘာစီမံကိန်းတွေ အောင်မြင်ခဲ့သလဲ။ ချေးငွေတွေ များပြီး ယနေ့အထိ အစိုးရလုပ်ငန်း များ စီမံကိန်း များမှာ စီးပွားရေး၊ လူမှုရေး အောင်မြင်မှု များကို ပြည်သူကို သက်သေပြဖို့ လိုပါ တယ်"လို့ပြော ခဲ့သလို  "ငွေချေးပြီး ဘာမှအကျိုးမရှိဘဲလေလွင့်ဆုံးရှုံးသွားမယ်ဆိုရင် ကြွေးနွံနစ်ပြီး ဆင်းရဲတွင်းနက်သာရန် ဖြစ်ပါတယ်။ ခေါင်းဆောင်တွေက စီမံခန့်ခွဲမှုကောင်းအောင် လုပ်နိုင်ဖို့လိုပါတယ်။မလုပ်နိုင်ရင် လုပ်နိုင်သူကို ရှာဖို့လိုပါတယ်၊ ငါလုပ်မှ ရမယ်ဆိုတဲ့အသိကို ရှောင်ဖို့လိုပါတယ်" လို့ပါ ပြောခဲ့ပါတယ်။

ဒီအတွက် လူမှုကွန်ရက်မှာ လက်ရှိအစိုးရလက်ထက် လုပ်ဆောင်ချက်တွေကို သဘောမကျသူတွေ အားမလိုအားမရ ဖြစ်သူတွေက ထောက်ခံခဲ့သလို ယခင်စစ်အစိုးလက်ထက်နဲ့ အစိုးရအဆက်ဆက် တာဝန် ယူထားစဉ် မအောင်မြင်ခဲ့တဲ့ စီမံကိန်းတွေကို ထောက်ပြပြီး တုံပြန်ဝေဖန်သူတွေနဲ့ လူမှုကွန်ရက်မှာ  အခြေအ တင်ဖြစ်ခဲ့ကြတာကို တွေ့ ရပါတယ်။

နိုင်ငံတော်သမ္မတကိုယ်တိုင် လွှတ်တော်ကို လိုငွေဖြည့်ဆည်းဖို့အတွက် ခွင့်ပြုချက်တောင်းရတဲ့ ဗဟို ဘဏ်ချေးငွေမှာ နှစ်စဉ်နှစ်တိုင်း နိုင်ငံတော် အစိုးရ၏ လိုငွေဘတ်ဂျက်အတွက် ငွေတိုက်စာချုပ်၊ ငွေတိုက်လက် မှတ်များထုတ်ရောင်းကာ လိုအပ်လျှင် ဗဟိုဘဏ်ထံမှ ချေးယူရတဲ့ နှစ်စဉ်ဆောင်ရွက်နေရသည့် လိုငွေဖြည့်ဆည်း ခြင်း နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။

မေ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီးဌာန များက ကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလျံတောင်းခံခဲ့ကြတဲ့ ဖြည့်စွက်ဘတ်ဂျက်ကို  လွှတ်တော်က ၈၇ ဒသမ ၁၈၃ ဘီလျံဖြတ်တောက်ပြီး အတည်ပြုပေးခဲ့ပါတယ်။ ဒီထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက လက်ကျန်လေးလ အတွက်  ဘီလျံ ၂၀၀ နီးပါးတောင်းခံခဲ့ရာမှာ ကျပ် ဆယ်ဘီလျံကျော် လွှတ်တော်က ဖြတ်တောက်ခဲ့ပါတယ်။ ဒီလိုဖြတ် တောက်ခဲ့တဲ့ အတွက် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက တပ်မတော်အနေဖြင့် နိုင်ငံ့ဘဏ္ဍာငွေ ဖြုန်းတီးမှုမရှိလို့ ဘတ်ဂျက်ဖြတ်တောက်ခြင်းမပြုရန်ပန်ကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ပြောတဲ့ စကားတွေထဲမှာ ပလက်ဝဒေသမှာ ဒေသခံပြည်သူများ ရိက္ခာ မပြတ် တောက်စေရန် တပ်မတော်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ NGO များနှင့် WFP က ထောက်ပံ့လှူဒါန်းတဲ့ ဆန်အိတ် တွေ ၊ ဆေးဝါးတွေ၊ စားကုန်တွေကို တပ်မတော်ပိုင်ယာဉ်များနဲ့ အောင်မြင်စွာ သယ်ယူပို့ဆောင် ပေးနေတာကို ထောက်ပြပြီး တောင်းခံထားသည့် ပစ္စည်းပို့ဆောင်ရေးစရိတ်များကို လည်း လျှော့ချခြင်းမပြုရန် ပန်ကြားလို ကြောင်းပြောခဲ့တာကိုတွေ့ရပါတယ်။

ဒါအပြင်  တပ်ပိုင်မြေ သိမ်းဆည်းခြင်းအတွက် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ တို့ကို ပေးလျော်နေရတဲ့ အတွက် ကာကွယ်ရေး ငွေလုံးငွေရင်းမှ လက်ကျန်ငွေများကို မြေယာလျော်ကြေးငွေများဖြစ်လို့ ယင်းငွေများကို လည်း လျှော့ချခြင်း မပြုသင့်ပါကြောင်းပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ဒါအပြင် အသုံးစရိတ် ဘတ်ဂျက်တွေ လျော့ချတဲ့အတွက်   လွှတ်တော် ကိုယ်စားလှယ်တွေကို  ကာကွယ်ရေးဝန်ကြီးက  ဝန်ကြီးဌာန တစ်ခုက ရဟတ်ယာဉ် ဝယ်ထားတဲ့ အတွက်  ရဟတ်ယာဉ်အသုံးစရိတ် ဘယ်လောက်ရှိတယ်ဆိုတာ လွှတ်တော် ကိုယ် စား လှယ် ကြီးတွေကို လေ့လာစေချင်တယ်ဆိုပါတယ်လို့ ထူးထူးခြားခြား ပြောခဲ့တာလည်း ရှိခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံကိုင်တွယ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တင်တဲ့ ကျပ်သန်း ၆၈၀ အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြခဲ့ကာ မေးခွန်းထုတ်ခဲ့တာကိုလည်း တွေ့ရ ပါတယ်။

ဒါက ရခိုင်မြောက်ပိုင်းရှိ ရဲစခန်းတွေကို အာဆာစစ်သွေးကြွတွေက  ဝင်ရောက်တိုက်ခိုက်သတ်ဖြတ် တာကို တပ်မတော်က ဝင်ရောက်ရှင်းလင်းတဲ့ ဖြစ်စဉ်မှာ ဘင်္ဂါလီများအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး (ICJ) မှာ ဂမ်ဘီယာက တရားစွဲတာပါ။ ဒါကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ပြီး နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ကျွမ်း ကျင်ရှေ့နေမျာနဲ့အတူ သွားရောက်တရားရင်ဆိုင်ရှင်းလင်းခဲ့တဲ့အတွက် သုံးစွဲကျခံခဲ့တဲ့ အသုံးစရိတ် တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ဖြည့်စွက်ဘတ်ဂျက်မှာ ထည့်သွင်း တောင်းခံခဲ့တာပါ။ ဒီအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုမှုကို ဖြေရှင်းရန် အသုံးစရိတ် ကျပ်သန်း ၆၈၀ တောင်းခံမှုက ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွှတ်ရဲ့ လားဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။

ဒီလိုမေးခွန်းထုတ်တဲ့ အပေါ် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က သက်ဆိုင်ရာ နိုင်ငံရေးဝန်ကြီးဌာနကိုယ်စား ဘတ်ဂျက်အတွက် လာရောက်ရှင်းလင်းရင်း ထည့်သွင်း ဆွေးနွေးခဲ့ရာမှာ  အဆိုပါ တရား စွဲခံရတဲ့ ကိစ္စက  ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင်မှ မျှော်လင့် မထားဘဲ ရုတ်တရက် ပေါ်ပေါက်လာရတဲ့ အတွက် ရန်ပုံငွေလျာထားခဲ့ခြင်းမရှိကြောင်း၊ ဒါကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် - လုပ်အားခခေါင်းစဉ်အောက်ကနေ ကျခံဖို့ တောင်းဆိုခြင်းဖြစ်ကြောင်း၊ စိုက် ထုတ်ပေးချေထားခဲ့တဲ့ နိုင်ငံတကာ ရှေ့နေ ငှားရမ်းခ ကုန်ကျစရိတ်ငွေများနဲ့ ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း လက် ကျန် ခုနစ်လအတွက် ထပ်မံကုန်ကျ မယ့် ရှေ့နေငှားရမ်းခများကို တွက်ချက်ပြီးတော့ ယခုဖြည့်စွက်ခွင့်ပြု ရန်ပုံ ငွေ စာရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တင်ပြ ပြန်လည်တောင်းခံခြင်း ဖြစ်ကြောင်း၊ဒီလို စရိတ်တွေ အ တွက်  နိုင်ငံတော်ဘက်က ကျခံရတာကို ယခင် ၁၀ နှစ်ခန့်က လည်း ဘင်္ဂလားဒေ့ရှ်နဲ့ ပင်လယ်နယ်နိမိတ် အငြင်း ပွားမှုအတွက် မှာ ပြည်ပ ဥပဒေ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေကို  နိုင်ငံတော်စရိတ်နဲ့ ကျခံဆောင်ရွက်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ကြောင်း  ဒါတွေကို ကိုးကားပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။

ဒီတစ်ပတ်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ NLDပါတီက စေတုတ္ထရာ ပြည်သူလွှတ်တော် ကိုယ်စား လှယ် ဦးကျော်အောင်လွင်က “  နိုင်ငံတော်လစာစားတဲ့ နိုင်ငံဝန်ထမ်းတွေပီပီ နိုင်ငံတော်အဖွဲ့အစည်း နိုင်ငံတော် အကြီးအကဲတွေကို အတိုက်အခံပါတီကဲ့သို့ ထိုးနှက်ပုတ်ခတ်တိုက်ခိုက်စွပ်စွဲမနေဘဲ မနေဘဲ  အရေးကြီးပြီ သွေး စည်း ကြစို့စကားနဲ့ အညီ COVID-19 ဘေးကို လက်တွဲကျော်လွှားကြပါစို့”လို့ ပြောခဲ့တာကလည်း လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့ စိတ်ဝမ်းကွဲမှုတွေ ကြီးကြီးမားမားရှိနေတာကို ဝန်ခံတဲ့ စကားဘဲ ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်ပြည်ထောင်စုလွှတ်တော်က လွှတ်တော်သက်တမ်းကုန်ခါနီးလေ ပိုပြီး လှုပ်လှုပ်ရှား ရှား ဖြစ် လာသလို အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေး မှုတွေ၊ အာဏာရပါတီဘက် တုံပြန်မှုတွေကလည်း  အများပြည်သူကြား စောင့်ကြည့်စရာဖြစ်ဖြစ်နေတာမို့ ရှေ့ ဆက် လွှတ်တော်အခင်းအကျင်းက ယခုထက်ပိုပြီး စိတ်ဝင်စားစရာကောင်းလာဖို့ များနေလို့ စောင့်ကြည့်ရ တော့ မှာ ဖြစ်ပါတယ်။

ဝေဖန်မှုဆူညံတဲ့ ရန်ကုန်ဝန်ကြီးချုပ် တက်ရောက်တဲ့ပွဲ

ယခုရက်သတ္တပတ်ထဲ နောက်ထပ်ဆူညံခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ မေ ၂၄ ရက်က ပြုလုပ်တဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ရေချပူဇော်ပွဲ အခမ်း အနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့တဲ့ အတွက် ဒီပွဲမှာ လူစုလူဝေးဖြစ်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာတဲ့ ပုံတွေကိုထောက်ပြကာ သဘာဝဘေး အန္တရာယ် ဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲချက်တွေ ထွက်လာခဲ့တာပါ။

ဗိုလ်တထောင်ဆိပ်ကမ်းမှာပြုလုပ်တဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ရေချပူဇော်ပွဲ အခမ်း အနား ဟာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ဘာသာရေးပွဲဖြစ်ပြီး ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ကို ပင်လယ်ပြင်သို့ ပင့်ဆောင်ပြီး ဖော်တော်အား ရေချပူဇော်တဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး အလှူရှင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေပါ တက်ရောက်ခဲ့တာပါ။ ထွက်လာတဲ့ ပုံတွေမှာ ကူးစက်ကပ်ရောဂါဘေး ဖြစ်တဲ့ ကိုဗစ်ကာလအတွင်း သတ်မှတ်ချက်ဖြစ်တဲ့ ငါးယောက် ထက် ပိုပြီးလူစုလူဝေးမလုပ်ရဆိုတဲ့ လူစုလူဝေးပြုလုပ်တဲ့ သဘောသက် ရောက်တယ်ဆိုပြီး  ထုတ်ပြန်ထားတဲ့ အမိန့်ကို တိုင်းဒေသကြီးအတွင်း တာဝန်အရှိဆုံးသူက ချိုးဖောက်တယ်ဆိုကာ မီဒီယာတွေနဲ့ အများပြည်သူ တွေကြား ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာပါ။

ဒီလို တားမြစ်ချက်ကို ချိုးဖောက်ပြီး လူစုလူဝေးဖြင့် ပူဇော်ပွဲပြုလုပ်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများကို အရေးယူပေးဖို့ တိုင်ကြားခဲ့တဲ့ သူပေါ်ပေါက်ခဲ့ပါတယ်။ ထိုသူက ရန်ကုန်က မဟုတ်ပါဘူး။မကွေးတိုင်း ၊ပခုက္ကူကပါ။ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကိုသာထက်အောင်ဆိုတဲ့ သူက ပခုက္ကူမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားတာပါ။ ဒါပေမယ့် ဒီအမှုက  ပခုက္ကူမှာ ဖြစ်တာမဟုတ်တဲ့ အပြင် ရဲအရေးပိုင်တာမဟုတ်တဲ့အတွက် တရားရုံးသို့သာ ဦးတိုက်လျှောက်ထားဖို့ ဆိုပါတယ်။

ကိုသာထက်အောင်ဆိုသူက ဒီလိုတိုင်ကြားရတာနဲ့ ပတ်သက်ပြီး မန္တလေးမှာ ဘာသာရေးဝတ်ပြု အခမ်း အ နား လုပ်လို့အရေးယူတယ်။ ရန်ကုန်မှာလည်း လူ၁၀၀ နီးပါးဆက်စက်ကူးစက်တဲ့ ဘာသာရေးဆုတောင်း ပွဲကြောင့်  တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးကို တရားစွဲထားတယ်။ဒါကြောင့် ဥပဒေ က အကုန်လုံး ကိုသက်ရောက်စေချင်လို့တရားစွဲတာလို့ ပြောခဲ့တာကို တွေ့ရပါတယ်။လက်ရှိမှာ  ရန်ကုန်တိုင်းအတွင်း ကူးစက် ရောဂါဘေးအတွက် ကန့်သတ်ချက်တွေကို ဖြေလျောပေးခဲ့သလို စားသောက်ဆိုင်တွေ ၊ တခြားဆိုင်အများစုနဲ့ အဖြစ်များလို့ သွားလာခွင့် ကန်သတ်ထားတဲ့ မြို့နယ်အချို့ကို ပြန်ဖွင့်ပေးလိုက်တဲ့ အတွက် ပုံမှန်နီးပါးပြန်လည် ပတ်ဖို့  အားယူနေတာကိုလည်း တွေ့ရပါတယ်။ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံမရှိဘဲ အားလုံးက စနစ်အောက်မှာ နေရတာဖြစ်တဲ့ အတွက် လက်ကျန် အာဏာရပါတီသက်တမ်းမှာ အစိုးရကို ထောက်ပြ ဝေဖန်မှု တွေ မှားတာရော မှန်တာရော ရှိပေမယ့် ၊ လုပ်သင့်တာကိုလုပ်ရဲပြီး ပြောသင့်တာကို ပြောရဲတဲ့ အတွက် ယခုချိန် ထိ ကိုယ်လမ်းကိုယ် တည်တည် လျှောက်နေတဲ့ ရန်ကုန်ဝန်ကြီးချုပ်အနေနဲ့ ကို အသိအမှတ်တော့ပြုရမှာ ဖြစ်ပါတယ်။

ပါတီဟောင်းက ဖြုတ်ချဖို့ ကြိုးစားတာခံနေရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

မေ ၂၈ ရက်နံနက်ပိုင်းလွှတ်တော်အစည်းအဝေးမစခင် သတင်းတစ်ခုစထွက်လာတဲ့ အတွက် အားလုံး အံအားသင့်စရာ ဖြစ်ခဲ့ပါတယ်။ပထမပိုင်းမှာ ထွက်လာတဲ့ သတင်းက ဒီနေ့ပြည်သူလွှတ်တော်မှာ အရေးကြီး အဆို တစ်ခုကို ကြားဖြတ်တင်မယ်ဆိုတဲ့ သတင်းပါ။ နောက်ထပ်ဆက်ထွက်လာတာက ပြည်ထောင်စုလွှတ်တော် နာယ က ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို  တာဝန် ကရုပ်သိမ်းပေးရေးအဆိုကိုတင်သွင်းမယ်ဆိုတဲ့ သတင်းပါ။

ဦးတီခွန်မြတ်ကို ပြီးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အာဏာရပါတီဦးဆောင်ပြီး လွှတ်တော်အ တွင်းက ကြိုးစားရာမှာ လွှတ်တော်အတွင်း အော်ဟစ်ပြောဆိုတာတွေ၊စည်းကမ်းမဲ့ပြောဆိုဆွေးနွေးတာတွေ၊ စတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျင့်ဝတ်အတိုင်းမလိုက်နာဘဲ ပြောဆိုဆွေးနွေးတဲ့ သူတွေကို ဘယ်ပါတီ၊ ဘယ် အ ဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်အစွဲမှ မထားဘဲ တိတိကျကျကိုင်တွယ်ပြီးမျှမျှတတ နိုင်နိုင်နင်းနင်း ထိန်းနိုင်ခဲ့တာကို အများပြည်သူက သတိထားမိပြီး သဘောကျနှစ်သက်ခံရတဲ့ သူပါ။ အထူးသဖြင့် “ဘာသဘောပါလဲ ခင်ဗျာ”ဆိုတဲ့ မေးတဲ့ စကားက အရပ်ထဲပြောမရဆိုမရတဲ့  သူတွေကို  စနောက်တဲ့ ဗန်းစကားဖြစ်တဲ့ အထိ ထင်ရှားခဲ့တဲ့ သူပါ။

မေ ၂၈ ရက်ကတော့  ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာကနေ တာဝန်ရုပ်သိမ်းပေးဖို့ သူရဲ့ ယခင်ပါတီဟောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  မိုင်းပျဉ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦးလက်မှတ်နဲ့ အဆိုလွှာတင်သွင်းခဲ့တာပါ။ ဒီလိုတင်သွင်းခဲ့တဲ့ အတွက် မေ ၂၈ ရက်က ပြည်သူလွှတ်တော်အစည်းအဝေးကို ဒုဥက္ကဋ္ဌ ကတာဝန်ပြီး လွှတ်တော်ကိုဆက်ကျင်းပခဲ့ပါတယ်။

အဆိုပါလွှတ်တော်အစည်းအဝေးမှာ ဦးစိုင်းထွန်းစိန်က   ဦးတီခွန်မြတ်အနေနဲ့ လွှတ်တော်နာယက တာဝန်ထမ်းဆောင်ရာ မှာ ဦးအောင်ကြည် ညွန့်တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အဆိုအား  အရေးကြီးအဆို စည်းကမ်းနှင့်  မကိုက်ညီဘဲ တင်သွင်း ခွင့်ပြုခြင်း၊  ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့်မညီဘဲ   ပြင်ဆင်ရေးပူးပေါင်း ကော်မတီကို အဖွဲ့ဝင် ၄၅ဦးဖြင့် ဖွဲ့စည်းကာ ပြင်ဆင်ရန် ကြိုး ပမ်းခြင်း၊ ပြည်ခိုင်ဖြိုးပါတီ နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်နှင့်အ ညီ ခြေဥပြင်ရေးဥပဒေမူကြမ်း များ တင်သွင်းခဲ့တာကို ပုဒ်မ ၄၃၅၊ ၄၃၆ နှင့် အညီ ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်တာ ၊ ပြည်ခိုင်ဖြိုးအမတ်တွေ တင်သွင်းတဲ့ အရေး ကြီးအဆိုတွေကို ဆွေးနွေးခွင့်မပြုတာ၊   ကြယ်ပွင့်ပြမေးခွန်းတွေကို ပယ်ချခဲ့တာ၊ စတာတွေကြောင့် တာဝန်ကနေဖယ်ရှားပေးဖို့ တင်ပြခဲ့တာဆိုပါတယ်။

ယခုကဲ့သို့ ပြည်ခိုင်ဖြိုးဘက်က လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှ ဖယ်ရှားရန်ကြိုးစားသည့်အပေါ် အာဏာရ ပါတီဘက်က ထောက်ခံခြင်းမရှိသည့်အတွက် အဆိုပါ အဆိုမှာ အောင်မြင်ဖွယ်မရှိတဲ့ အနေအထားဖြစ် နေပါ တယ်။ ဒီအဆိုအပေါ် ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေ ၂၉ ရက်မှာ စာရင်းပေးထားပြီး မဲခွဲ ဆုံးဖြတ်မှာ ဖြစ်တဲ့ အတွက်  ဆက်လက်စောင့်ကြည့်ရမှာဖြစ်သလို ပြည်သူလူထုအနေနနဲ့လည်း တချို့သော အကြောင်းအရာတွေကို  ဒီဖြစ်ရပ်မှာ ထင်ထင်ရှားရှားမြင်သာခဲ့ပါတယ်။ ဒီအတွက် လာမယ့် ရှေ့ရက်သတ္တပတ် လွှတ်တော်အစည်းအဝေးအားစမ်းပွဲမှာ ပြည်ခိုင်ဖြိုးဘက်က တင်သွင်းခဲ့တဲ့ တာဝန်ကရုပ်သိမ်းစေခြင်တဲ့ အဆိုကြောင့်  ပြည်သူလွှတ်တော်ဥက္ကဋ္ဌ နေရာကနေ ဦးတီခွန်မြတ် ဖယ်ပေးရမလား၊ ဒါမှမဟုတ် အာဏာရပါတီဘက် က ထောက်ခံမဲတွေကြောင့် မူလအတိုင်း ဦးတီခွန်မြတ် တည်ရှိနေမလားဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်စရာဖြစ်လာပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကလည်း ယခုရက်ထဲမှာ ဖြစ်ခဲ့ပါသေး တယ်။ ဒါကတော့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယာယီ ရဲမှူးတစ်ဦးဖြစ်တဲ့ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသိန်းဆွေမြင့်(ယခင်လှိုင်မြို့နယ်ရဲစခန်းမှူး) ကို ၂၀၁၈ ခုနှစ်က ငွေကျပ် ၁၀ သိန်း လာဘ်စားခဲ့လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်တဲ့ သတင်း၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်က မြေစာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးအပါ သုံးဦးကို အဂတိ လိုက်စားမှုနဲ့ အရေး ယူခဲ့တဲ့ သတင်း၊မိုးကုတ်မှာ ကျောက်တွင်းပြိုကျတဲ့ သတင်း၊KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ် ချုပ်ကြီးစောထော့လေးကို တင်မြှောက်ခဲ့တဲ့ သတင်း၊ ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပမှ အရက်တင်သွင်း ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့တဲ့ သတင်း၊ ခွင့်ပြုမိန့်မရှိဘဲ ဖွင့်လှစ်ထားတဲ့ ပရဟိတဂေဟာတွေကို ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေနဲ့ အရေးယူနိုင်တယ်ဆိုတဲ့ သတင်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို စွပ်စွဲရေးသားသူ အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ထားတဲ့ သတင်းစတဲ့ စိတ်ဝင်စားစရာ သတင်းတွေလည်း ယခုရက်ထဲဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း……။

မာလင်း
မေ - ၂၉

( Zawgyi )

ယခုရက္သတၱပတ္ထဲ သတင္းေတြထဲမွာ သတိထားေစာင့္ၾကည့္စရာ သတင္းေတြရွိခဲ့ပါတယ္။ဒီထဲမွာ မေန႔က ျပည္သူလႊတ္ေတာ္မွာ လႊတ္ေတာ္ဥကၠ႒ဦးတီခြန္ျမတ္ကို လႊတ္ေတာ္ဥကၠ႒အျဖစ္က ျဖဳတ္ခ်ရန္အဆိုတင္ သြင္း မႈ၊ ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ ဆူဆူညံညံျဖစ္ခဲ့ရတဲ့ ျဖည္စြက္ဘတ္ဂ်က္ေတာင္းခံမႈေတြကို ေလ်ာ့ ေတာက္ ျဖတ္ခ်မႈ၊ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဗိုလ္တေထာင္ ရွင္ဥပဂုတၱမေထရ္ျမတ္ေဖာင္ေတာ္ ေရခ်ပူေဇာ္ပြဲနဲ႔ ပတ္ သက္ ၿပီး ေဝဖန္မႈေတြ၊တရားစြဲမႈေတြ ထြက္လာတဲ့   သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ လူစိတ္ဝင္စားမႈ အမ်ားဆုံး သတင္းေတြ ျဖစ္ခဲ့ပါ တယ္။

ဘတ္ဂ်တ္ျဖတ္ေတာက္မႈနဲ႔ ဆူဆူညံညံလူမႈကြန္ရက္အသံ

ယခုရက္သတၱပတ္ထဲျပဳလုပ္တဲ့ လႊတ္ေတာ္သတင္းေတြထဲမွာ ဝန္ႀကီးဌာနေတြက ျဖည့္စြက္ဘတ္ဂ်က္ တင္တာနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူအတြက္ စိတ္ဝင္စားစရာေတြ ရွိခဲ့ပါတယ္။အထူးသျဖင့္ ႏိုင္ငံတကာ လႊတ္ ေတာ္မ်ားနည္းတူ ဘတ္ဂ်က္ကို တစ္ပါတီအာဏာရွင္စနစ္နဲ႔ ဟန္ျပ လႊတ္ေတာ္မ်ားအားေကာင္းခဲ့တဲ့ ဆိုရွယ္လစ္ ေခတ္၊ လႊတ္ေတာ္မရွိခဲ့တဲ့ စစ္အစိုးရလက္ထက္မ်ားကလို တင္သမွ် ဘတ္ဂ်က္ တန္းခြင့္ျပဳတဲ့ အေနအထား မဟုတ္ ေတာ့ဘဲ အျပန္အလွန္ေထာက္ျပ၊ ေတာင္းတဲ့ သူကလည္း က်ိဳးသင့္ေၾကာင္းသင့္ တင္ျပၾကနဲ႔ လႊတ္ေတာ္ က ဒီမိုကေရစီစနစ္အတိုင္း ႐ုပ္လုံးေဖာ္သ႐ုပ္သေဘာသက္ဝင္လာတာကို ေတြ႕လာရပါတယ္။ ပါတီစြဲ အဖြဲ႕အစည္း အစြဲနဲ႔ ကိုယ္အတၱအက်ိဳးကို မၾကည့္ဘဲ ၾကည့္မယ္ဆိုရင္ ဒီလို ေထာက္ျပတာ ၊ျဖတ္ေတာက္တာေတြက  ကိုယ္ က်ိဳး အတြက္ အလြဲသုံးစားလုပ္လိုသူေတြ၊ ၿပီးလြယ္စီးလြယ္ယခင္ေခတ္အတိုင္း ပိုပိုသာသာတင္တဲ့ ေတာင္းတဲ့ သူေတြ အတြက္ မႏွစ္ၿမိဳ႕စရာ ျဖစ္ေပမယ့္ အမ်ားျပည္သူအတြက္ေတာ့ အက်ိဳးစီးပြားျဖစ္တဲ့ လု္ပေဆာင္မႈ ေတြျဖစ္လို႔ လက္ခံႀကိဳဆိုရမွာပါ။

ေမ ၂၆ရက္က ျပဳလုပ္ေသာ ျပည္ ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ဗဟိုဘဏ္ကေခ်းေငြ ရယူဖို႔ အ တြက္ လႊတ္ေတာ္ကိုခြင့္ျပဳခ်က္ေတာင္းခံရာမွာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေဆြးေႏြးခ်က္က စိတ္ ဝင္စားစရာ ေကာင္းခဲ့ၿပီး အဆိုပါရက္အတြက္ လူမႈကြန္ရက္မွာ ေဝဖန္မႈခံရတာမ်ားတဲ့ လူေျပာအမ်ားဆုံး အ ေၾကာင္း အရာ ျဖစ္ခဲ့ပါတယ္။

မၾကာခင္ ကုန္ဆုံးေတာ့မယ္ ဘ႑ာႏွစ္အတြက္ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုအစိုးရ အပ္ေငြစာရင္း ၏ လိုေငြျဖည့္ဆည္းရန္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ေခ်းေငြ က်ပ္ ၁၃၁၁ ဒသမ ၀၆၄ ဘီလ်ံအတြင္း ရယူေရး ႏွင့္ စပ္လ်ဥ္းၿပီး တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္က ေဆြးေႏြးရာမွာ ရသမွ်အကုန္ ေခ်းကာ မည္သည့္ စီမံကိန္းမ်ား ေအာင္ ျမင္ခဲ့သလဲ လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ အဆိုပါတပ္မေတာ္သား လႊတ္ေတာ္ကိုယ္ စား လွယ္ ျဖစ္တဲ့ ဗိုလ္မႉးစံဝင္း ခိုင္ေမးခြန္းထုတ္တဲ့ စကားအတိုင္းေဖာ္ျပရရင္ “ေခ်း တာက ရသမွ်အကုန္ေခ်းၿပီး အစိုးရ သက္တမ္းကာလအတြင္း ဘာစီမံကိန္းေတြ ေအာင္ျမင္ခဲ့သလဲ။ ေခ်းေငြေတြ မ်ားၿပီး ယေန႔အထိ အစိုးရလုပ္ငန္း မ်ား စီမံကိန္း မ်ားမွာ စီးပြားေရး၊ လူမႈေရး ေအာင္ျမင္မႈ မ်ားကို ျပည္သူကို သက္ေသျပဖို႔ လိုပါ တယ္"လို႔ေျပာ ခဲ့သလို  "ေငြေခ်းၿပီး ဘာမွအက်ိဳးမရွိဘဲေလလြင့္ဆုံးရႈံးသြားမယ္ဆိုရင္ ေႂကြးႏြံနစ္ၿပီး ဆင္းရဲတြင္းနက္သာရန္ ျဖစ္ပါတယ္။ ေခါင္းေဆာင္ေတြက စီမံခန႔္ခြဲမႈေကာင္းေအာင္ လုပ္ႏိုင္ဖို႔လိုပါတယ္။မလုပ္ႏိုင္ရင္ လုပ္ႏိုင္သူကို ရွာဖို႔လိုပါတယ္၊ ငါလုပ္မွ ရမယ္ဆိုတဲ့အသိကို ေရွာင္ဖို႔လိုပါတယ္" လို႔ပါ ေျပာခဲ့ပါတယ္။

ဒီအတြက္ လူမႈကြန္ရက္မွာ လက္ရွိအစိုးရလက္ထက္ လုပ္ေဆာင္ခ်က္ေတြကို သေဘာမက်သူေတြ အားမလိုအားမရ ျဖစ္သူေတြက ေထာက္ခံခဲ့သလို ယခင္စစ္အစိုးလက္ထက္နဲ႔ အစိုးရအဆက္ဆက္ တာဝန္ ယူထားစဥ္ မေအာင္ျမင္ခဲ့တဲ့ စီမံကိန္းေတြကို ေထာက္ျပၿပီး တုံျပန္ေဝဖန္သူေတြနဲ႔ လူမႈကြန္ရက္မွာ  အေျခအ တင္ျဖစ္ခဲ့ၾကတာကို ေတြ႕ ရပါတယ္။

ႏိုင္ငံေတာ္သမၼတကိုယ္တိုင္ လႊတ္ေတာ္ကို လိုေငြျဖည့္ဆည္းဖို႔အတြက္ ခြင့္ျပဳခ်က္ေတာင္းရတဲ့ ဗဟို ဘဏ္ေခ်းေငြမွာ ႏွစ္စဥ္ႏွစ္တိုင္း ႏိုင္ငံေတာ္ အစိုးရ၏ လိုေငြဘတ္ဂ်က္အတြက္ ေငြတိုက္စာခ်ဳပ္၊ ေငြတိုက္လက္ မွတ္မ်ားထုတ္ေရာင္းကာ လိုအပ္လွ်င္ ဗဟိုဘဏ္ထံမွ ေခ်းယူရတဲ့ ႏွစ္စဥ္ေဆာင္႐ြက္ေနရသည့္ လိုေငြျဖည့္ဆည္း ျခင္း နည္းလမ္းျဖစ္တယ္လို႔ သိရပါတယ္။

ေမ ၂၇ ရက္က ျပဳလုပ္ခဲ့ေသာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာေတာ့ ျပည္ေထာင္စုဝန္ႀကီးဌာန မ်ားက က်ပ္ ၂၆၆၀ ဒသမ ၉၈၇ ဘီလ်ံေတာင္းခံခဲ့ၾကတဲ့ ျဖည့္စြက္ဘတ္ဂ်က္ကို  လႊတ္ေတာ္က ၈၇ ဒသမ ၁၈၃ ဘီလ်ံျဖတ္ေတာက္ၿပီး အတည္ျပဳေပးခဲ့ပါတယ္။ ဒီထဲမွာ ကာကြယ္ေရးဝန္ႀကီးဌာနက လက္က်န္ေလးလ အတြက္  ဘီလ်ံ ၂၀၀ နီးပါးေတာင္းခံခဲ့ရာမွာ က်ပ္ ဆယ္ဘီလ်ံေက်ာ္ လႊတ္ေတာ္က ျဖတ္ေတာက္ခဲ့ပါတယ္။ ဒီလိုျဖတ္ ေတာက္ခဲ့တဲ့ အတြက္ ကာကြယ္ေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္းက တပ္မေတာ္အေနျဖင့္ ႏိုင္ငံ့ဘ႑ာေငြ ျဖဳန္းတီးမႈမရွိလို႔ ဘတ္ဂ်က္ျဖတ္ေတာက္ျခင္းမျပဳရန္ပန္ၾကားခဲ့ပါတယ္။

ကာကြယ္ေရးဝန္ႀကီး ေျပာတဲ့ စကားေတြထဲမွာ ပလက္ဝေဒသမွာ ေဒသခံျပည္သူမ်ား ရိကၡာ မျပတ္ ေတာက္ေစရန္ တပ္မေတာ္၊ ခ်င္းျပည္နယ္အစိုးရအဖြဲ႕၊ NGO မ်ားႏွင့္ WFP က ေထာက္ပံ့လႉဒါန္းတဲ့ ဆန္အိတ္ ေတြ ၊ ေဆးဝါးေတြ၊ စားကုန္ေတြကို တပ္မေတာ္ပိုင္ယာဥ္မ်ားနဲ႔ ေအာင္ျမင္စြာ သယ္ယူပို႔ေဆာင္ ေပးေနတာကို ေထာက္ျပၿပီး ေတာင္းခံထားသည့္ ပစၥည္းပို႔ေဆာင္ေရးစရိတ္မ်ားကို လည္း ေလွ်ာ့ခ်ျခင္းမျပဳရန္ ပန္ၾကားလို ေၾကာင္းေျပာခဲ့တာကိုေတြ႕ရပါတယ္။

ဒါအျပင္  တပ္ပိုင္ေျမ သိမ္းဆည္းျခင္းအတြက္ လယ္ေျမ၊ ယာေျမ၊ ဥယ်ာဥ္ၿခံေျမ တို႔ကို ေပးေလ်ာ္ေနရတဲ့ အတြက္ ကာကြယ္ေရး ေငြလုံးေငြရင္းမွ လက္က်န္ေငြမ်ားကို ေျမယာေလ်ာ္ေၾကးေငြမ်ားျဖစ္လို႔ ယင္းေငြမ်ားကို လည္း ေလွ်ာ့ခ်ျခင္း မျပဳသင့္ပါေၾကာင္းေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒါအျပင္ အသုံးစရိတ္ ဘတ္ဂ်က္ေတြ ေလ်ာ့ခ်တဲ့အတြက္   လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို  ကာကြယ္ေရးဝန္ႀကီးက  ဝန္ႀကီးဌာန တစ္ခုက ရဟတ္ယာဥ္ ဝယ္ထားတဲ့ အတြက္  ရဟတ္ယာဥ္အသုံးစရိတ္ ဘယ္ေလာက္ရွိတယ္ဆိုတာ လႊတ္ေတာ္ ကိုယ္ စား လွယ္ ႀကီးေတြကို ေလ့လာေစခ်င္တယ္ဆိုပါတယ္လို႔ ထူးထူးျခားျခား ေျပာခဲ့တာလည္း ရွိခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံကိုင္တြယ္ေနတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တင္တဲ့ က်ပ္သန္း ၆၈၀ အေပၚ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေထာက္ျပခဲ့ကာ ေမးခြန္းထုတ္ခဲ့တာကိုလည္း ေတြ႕ရ ပါတယ္။

ဒါက ရခိုင္ေျမာက္ပိုင္းရွိ ရဲစခန္းေတြကို အာဆာစစ္ေသြးႂကြေတြက  ဝင္ေရာက္တိုက္ခိုက္သတ္ျဖတ္ တာကို တပ္မေတာ္က ဝင္ေရာက္ရွင္းလင္းတဲ့ ျဖစ္စဥ္မွာ ဘဂၤါလီမ်ားအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုၿပီး (ICJ) မွာ ဂမ္ဘီယာက တရားစြဲတာပါ။ ဒါကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ကိုယ္တိုင္ဦးေဆာင္ၿပီး ႏိုင္ငံတကာ ရာဇဝတ္မႈဆိုင္ရာ ကြၽမ္း က်င္ေရွ႕ေနမ်ာနဲ႔အတူ သြားေရာက္တရားရင္ဆိုင္ရွင္းလင္းခဲ့တဲ့အတြက္ သုံးစြဲက်ခံခဲ့တဲ့ အသုံးစရိတ္ ေတြကို ႏိုင္ငံျခားေရးဝန္ႀကီးဌာန ရဲ႕ ျဖည့္စြက္ဘတ္ဂ်က္မွာ ထည့္သြင္း ေတာင္းခံခဲ့တာပါ။ ဒီအေပၚ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉး ႏိုင္လင္းေအာင္က အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ တရားစြဲဆိုမႈကို ေျဖရွင္းရန္ အသုံးစရိတ္ က်ပ္သန္း ၆၈၀ ေတာင္းခံမႈက ဘ႑ာေရးစည္းမ်ဥ္းႏွင့္ ညီၫႊတ္ရဲ႕ လားဆိုၿပီး ေမးခြန္းထုတ္ခဲ့တာပါ။

ဒီလိုေမးခြန္းထုတ္တဲ့ အေပၚ အျပည္ျပည္ ဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင္က သက္ဆိုင္ရာ ႏိုင္ငံေရးဝန္ႀကီးဌာနကိုယ္စား ဘတ္ဂ်က္အတြက္ လာေရာက္ရွင္းလင္းရင္း ထည့္သြင္း ေဆြးေႏြးခဲ့ရာမွာ  အဆိုပါ တရား စြဲခံရတဲ့ ကိစၥက  ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၁၁ ရက္တြင္မွ ေမွ်ာ္လင့္ မထားဘဲ ႐ုတ္တရက္ ေပၚေပါက္လာရတဲ့ အတြက္ ရန္ပုံေငြလ်ာထားခဲ့ျခင္းမရွိေၾကာင္း၊ ဒါေၾကာင့္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ သာမန္အသုံးစရိတ္ - လုပ္အားခေခါင္းစဥ္ေအာက္ကေန က်ခံဖို႔ ေတာင္းဆိုျခင္းျဖစ္ေၾကာင္း၊ စိုက္ ထုတ္ေပးေခ်ထားခဲ့တဲ့ ႏိုင္ငံတကာ ေရွ႕ေန ငွားရမ္းခ ကုန္က်စရိတ္ေငြမ်ားနဲ႔ ယခုႏွစ္ဘ႑ာေရးႏွစ္အတြင္း လက္ က်န္ ခုနစ္လအတြက္ ထပ္မံကုန္က် မယ့္ ေရွ႕ေနငွားရမ္းခမ်ားကို တြက္ခ်က္ၿပီးေတာ့ ယခုျဖည့္စြက္ခြင့္ျပဳ ရန္ပုံ ေငြ စာရင္းကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန တင္ျပ ျပန္လည္ေတာင္းခံျခင္း ျဖစ္ေၾကာင္း၊ဒီလို စရိတ္ေတြ အ တြက္  ႏိုင္ငံေတာ္ဘက္က က်ခံရတာကို ယခင္ ၁၀ ႏွစ္ခန႔္က လည္း ဘဂၤလားေဒ့ရွ္နဲ႔ ပင္လယ္နယ္နိမိတ္ အျငင္း ပြားမႈအတြက္ မွာ ျပည္ပ ဥပေဒ ပညာရွင္ေတြနဲ႔ ကြၽမ္းက်င္သူေတြကို  ႏိုင္ငံေတာ္စရိတ္နဲ႔ က်ခံေဆာင္႐ြက္ခဲ့တဲ့ အစဥ္အလာ ရွိခဲ့ေၾကာင္း  ဒါေတြကို ကိုးကားၿပီး ျပည္ေထာင္စုဝန္ႀကီးက ရွင္းျပခဲ့ပါတယ္။

ဒီတစ္ပတ္က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ NLDပါတီက ေစတုတၳရာ ျပည္သူလႊတ္ေတာ္ ကိုယ္စား လွယ္ ဦးေက်ာ္ေအာင္လြင္က “  ႏိုင္ငံေတာ္လစာစားတဲ့ ႏိုင္ငံဝန္ထမ္းေတြပီပီ ႏိုင္ငံေတာ္အဖြဲ႕အစည္း ႏိုင္ငံေတာ္ အႀကီးအကဲေတြကို အတိုက္အခံပါတီကဲ့သို႔ ထိုးႏွက္ပုတ္ခတ္တိုက္ခိုက္စြပ္စြဲမေနဘဲ မေနဘဲ  အေရးႀကီးၿပီ ေသြး စည္း ၾကစို႔စကားနဲ႔ အညီ COVID-19 ေဘးကို လက္တြဲေက်ာ္လႊားၾကပါစို႔”လို႔ ေျပာခဲ့တာကလည္း လက္ရွိႏိုင္ငံမွာ ျဖစ္ေနတဲ့ စိတ္ဝမ္းကြဲမႈေတြ ႀကီးႀကီးမားမားရွိေနတာကို ဝန္ခံတဲ့ စကားဘဲ ျဖစ္ပါတယ္။

ယခုရက္သတၱပတ္ျပည္ေထာင္စုလႊတ္ေတာ္က လႊတ္ေတာ္သက္တမ္းကုန္ခါနီးေလ ပိုၿပီး လႈပ္လႈပ္ရွား ရွား ျဖစ္ လာသလို အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြး မႈေတြ၊ အာဏာရပါတီဘက္ တုံျပန္မႈေတြကလည္း  အမ်ားျပည္သူၾကား ေစာင့္ၾကည့္စရာျဖစ္ျဖစ္ေနတာမို႔ ေရွ႕ ဆက္ လႊတ္ေတာ္အခင္းအက်င္းက ယခုထက္ပိုၿပီး စိတ္ဝင္စားစရာေကာင္းလာဖို႔ မ်ားေနလို႔ ေစာင့္ၾကည့္ရ ေတာ့ မွာ ျဖစ္ပါတယ္။

ေဝဖန္မႈဆူညံတဲ့ ရန္ကုန္ဝန္ႀကီးခ်ဳပ္ တက္ေရာက္တဲ့ပြဲ

ယခုရက္သတၱပတ္ထဲ ေနာက္ထပ္ဆူညံခဲ့တဲ့ သတင္းတစ္ပုဒ္ကေတာ့ ေမ ၂၄ ရက္က ျပဳလုပ္တဲ့ ရွင္ဥပဂုတၱမေထရ္ျမတ္ေဖာင္ေတာ္ ေရခ်ပူေဇာ္ပြဲ အခမ္း အနားကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ တက္ေရာက္ခဲ့တဲ့ အတြက္ ဒီပြဲမွာ လူစုလူေဝးျဖစ္ခဲ့တယ္ဆိုၿပီး ထြက္ေပၚလာတဲ့ ပုံေတြကိုေထာက္ျပကာ သဘာဝေဘး အႏၲရာယ္ ဆိုင္ရာ ဥပေဒကို ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲခ်က္ေတြ ထြက္လာခဲ့တာပါ။

ဗိုလ္တေထာင္ဆိပ္ကမ္းမွာျပဳလုပ္တဲ့ ရွင္ဥပဂုတၱမေထရ္ျမတ္ေဖာင္ေတာ္ ေရခ်ပူေဇာ္ပြဲ အခမ္း အနား ဟာ ႏွစ္စဥ္ျပဳလုပ္ေလ့ရွိတဲ့ ဘာသာေရးပြဲျဖစ္ၿပီး ရွင္ဥပဂုတၱမေထရ္ျမတ္ ေဖာင္ေတာ္ကို ပင္လယ္ျပင္သို႔ ပင့္ေဆာင္ၿပီး ေဖာ္ေတာ္အား ေရခ်ပူေဇာ္တဲ့ အခမ္းအနားလည္းျဖစ္ပါတယ္။ ဒီအခမ္းအနားကို ရန္ကုန္တိုင္း အစိုးရအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ၿပီး အလႉရွင္ေတြ၊ ဌာနဆိုင္ရာတာဝန္ရွိသူေတြပါ တက္ေရာက္ခဲ့တာပါ။ ထြက္လာတဲ့ ပုံေတြမွာ ကူးစက္ကပ္ေရာဂါေဘး ျဖစ္တဲ့ ကိုဗစ္ကာလအတြင္း သတ္မွတ္ခ်က္ျဖစ္တဲ့ ငါးေယာက္ ထက္ ပိုၿပီးလူစုလူေဝးမလုပ္ရဆိုတဲ့ လူစုလူေဝးျပဳလုပ္တဲ့ သေဘာသက္ ေရာက္တယ္ဆိုၿပီး  ထုတ္ျပန္ထားတဲ့ အမိန႔္ကို တိုင္းေဒသႀကီးအတြင္း တာဝန္အရွိဆုံးသူက ခ်ိဳးေဖာက္တယ္ဆိုကာ မီဒီယာေတြနဲ႔ အမ်ားျပည္သူ ေတြၾကား ေဝဖန္မႈေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့တာပါ။

ဒီလို တားျမစ္ခ်က္ကို ခ်ိဳးေဖာက္ၿပီး လူစုလူေဝးျဖင့္ ပူေဇာ္ပြဲျပဳလုပ္ခဲ့တယ္ဆိုၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားကို အေရးယူေပးဖို႔ တိုင္ၾကားခဲ့တဲ့ သူေပၚေပါက္ခဲ့ပါတယ္။ ထိုသူက ရန္ကုန္က မဟုတ္ပါဘူး။မေကြးတိုင္း ၊ပခုကၠဴကပါ။ပခုကၠဴနည္းပညာတကၠသိုလ္ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္တစ္ဦး ျဖစ္တဲ့ ကိုသာထက္ေအာင္ဆိုတဲ့ သူက ပခုကၠဴၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားတာပါ။ ဒါေပမယ့္ ဒီအမႈက  ပခုကၠဴမွာ ျဖစ္တာမဟုတ္တဲ့ အျပင္ ရဲအေရးပိုင္တာမဟုတ္တဲ့အတြက္ တရား႐ုံးသို႔သာ ဦးတိုက္ေလွ်ာက္ထားဖို႔ ဆိုပါတယ္။

ကိုသာထက္ေအာင္ဆိုသူက ဒီလိုတိုင္ၾကားရတာနဲ႔ ပတ္သက္ၿပီး မႏၲေလးမွာ ဘာသာေရးဝတ္ျပဳ အခမ္း အ နား လုပ္လို႔အေရးယူတယ္။ ရန္ကုန္မွာလည္း လူ၁၀၀ နီးပါးဆက္စက္ကူးစက္တဲ့ ဘာသာေရးဆုေတာင္း ပြဲေၾကာင့္  တရားေဟာဆရာ ေဒးဗစ္လားအပါအဝင္ ၄ ဦးကို တရားစြဲထားတယ္။ဒါေၾကာင့္ ဥပေဒ က အကုန္လုံး ကိုသက္ေရာက္ေစခ်င္လို႔တရားစြဲတာလို႔ ေျပာခဲ့တာကို ေတြ႕ရပါတယ္။လက္ရွိမွာ  ရန္ကုန္တိုင္းအတြင္း ကူးစက္ ေရာဂါေဘးအတြက္ ကန႔္သတ္ခ်က္ေတြကို ေျဖေလ်ာေပးခဲ့သလို စားေသာက္ဆိုင္ေတြ ၊ တျခားဆိုင္အမ်ားစုနဲ႔ အျဖစ္မ်ားလို႔ သြားလာခြင့္ ကန္သတ္ထားတဲ့ ၿမိဳ႕နယ္အခ်ိဳ႕ကို ျပန္ဖြင့္ေပးလိုက္တဲ့ အတြက္ ပုံမွန္နီးပါးျပန္လည္ ပတ္ဖို႔  အားယူေနတာကိုလည္း ေတြ႕ရပါတယ္။ ဒီမိုကေရစီစနစ္မွာ အုပ္ခ်ဳပ္သူနဲ႔ အုပ္ခ်ဳပ္ခံမရွိဘဲ အားလုံးက စနစ္ေအာက္မွာ ေနရတာျဖစ္တဲ့ အတြက္ လက္က်န္ အာဏာရပါတီသက္တမ္းမွာ အစိုးရကို ေထာက္ျပ ေဝဖန္မႈ ေတြ မွားတာေရာ မွန္တာေရာ ရွိေပမယ့္ ၊ လုပ္သင့္တာကိုလုပ္ရဲၿပီး ေျပာသင့္တာကို ေျပာရဲတဲ့ အတြက္ ယခုခ်ိန္ ထိ ကိုယ္လမ္းကိုယ္ တည္တည္ ေလွ်ာက္ေနတဲ့ ရန္ကုန္ဝန္ႀကီးခ်ဳပ္အေနနဲ႔ ကို အသိအမွတ္ေတာ့ျပဳရမွာ ျဖစ္ပါတယ္။

ပါတီေဟာင္းက ျဖဳတ္ခ်ဖို႔ ႀကိဳးစားတာခံေနရတဲ့ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒

ေမ ၂၈ ရက္နံနက္ပိုင္းလႊတ္ေတာ္အစည္းအေဝးမစခင္ သတင္းတစ္ခုစထြက္လာတဲ့ အတြက္ အားလုံး အံအားသင့္စရာ ျဖစ္ခဲ့ပါတယ္။ပထမပိုင္းမွာ ထြက္လာတဲ့ သတင္းက ဒီေန႔ျပည္သူလႊတ္ေတာ္မွာ အေရးႀကီး အဆို တစ္ခုကို ၾကားျဖတ္တင္မယ္ဆိုတဲ့ သတင္းပါ။ ေနာက္ထပ္ဆက္ထြက္လာတာက ျပည္ေထာင္စုလႊတ္ေတာ္ နာယ က ျပည္သူလႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို  တာဝန္ က႐ုပ္သိမ္းေပးေရးအဆိုကိုတင္သြင္းမယ္ဆိုတဲ့ သတင္းပါ။

ဦးတီခြန္ျမတ္ကို ၿပီးခဲ့တဲ့ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ အာဏာရပါတီဦးေဆာင္ၿပီး လႊတ္ေတာ္အ တြင္းက ႀကိဳးစားရာမွာ လႊတ္ေတာ္အတြင္း ေအာ္ဟစ္ေျပာဆိုတာေတြ၊စည္းကမ္းမဲ့ေျပာဆိုေဆြးေႏြးတာေတြ၊ စတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက်င့္ဝတ္အတိုင္းမလိုက္နာဘဲ ေျပာဆိုေဆြးေႏြးတဲ့ သူေတြကို ဘယ္ပါတီ၊ ဘယ္ အ ဖြဲ႕အစည္း၊ ဘယ္ပုဂၢိဳလ္အစြဲမွ မထားဘဲ တိတိက်က်ကိုင္တြယ္ၿပီးမွ်မွ်တတ ႏိုင္ႏိုင္နင္းနင္း ထိန္းႏိုင္ခဲ့တာကို အမ်ားျပည္သူက သတိထားမိၿပီး သေဘာက်ႏွစ္သက္ခံရတဲ့ သူပါ။ အထူးသျဖင့္ “ဘာသေဘာပါလဲ ခင္ဗ်ာ”ဆိုတဲ့ ေမးတဲ့ စကားက အရပ္ထဲေျပာမရဆိုမရတဲ့  သူေတြကို  စေနာက္တဲ့ ဗန္းစကားျဖစ္တဲ့ အထိ ထင္ရွားခဲ့တဲ့ သူပါ။

ေမ ၂၈ ရက္ကေတာ့  ျပည္သူလႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို  ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ေနရာကေန တာဝန္႐ုပ္သိမ္းေပးဖို႔ သူရဲ႕ ယခင္ပါတီေဟာင္း ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ  မိုင္းပ်ဥ္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ (၁၁၀)ဦးလက္မွတ္နဲ႔ အဆိုလႊာတင္သြင္းခဲ့တာပါ။ ဒီလိုတင္သြင္းခဲ့တဲ့ အတြက္ ေမ ၂၈ ရက္က ျပည္သူလႊတ္ေတာ္အစည္းအေဝးကို ဒုဥကၠ႒ ကတာဝန္ၿပီး လႊတ္ေတာ္ကိုဆက္က်င္းပခဲ့ပါတယ္။

အဆိုပါလႊတ္ေတာ္အစည္းအေဝးမွာ ဦးစိုင္းထြန္းစိန္က   ဦးတီခြန္ျမတ္အေနနဲ႔ လႊတ္ေတာ္နာယက တာဝန္ထမ္းေဆာင္ရာ မွာ ဦးေအာင္ၾကည္ ၫြန႔္တင္သြင္းခဲ့သည့္ ဖြဲ႕စည္းပုံအ ေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႕စည္းရန္ အဆိုအား  အေရးႀကီးအဆို စည္းကမ္းႏွင့္  မကိုက္ညီဘဲ တင္သြင္း ခြင့္ျပဳျခင္း၊  ဖြဲ႕စည္းပုံအေျခခံဥပ ေဒႏွင့္မညီဘဲ   ျပင္ဆင္ေရးပူးေပါင္း ေကာ္မတီကို အဖြဲ႕ဝင္ ၄၅ဦးျဖင့္ ဖြဲ႕စည္းကာ ျပင္ဆင္ရန္ ႀကိဳး ပမ္းျခင္း၊ ျပည္ခိုင္ၿဖိဳးပါတီ ႏွင့္ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျပ႒ာန္းခ်က္ႏွင့္အ ညီ ေျခဥျပင္ေရးဥပေဒမူၾကမ္း မ်ား တင္သြင္းခဲ့တာကို ပုဒ္မ ၄၃၅၊ ၄၃၆ ႏွင့္ အညီ ဆက္လက္ေဆာင္႐ြက္ရန္ ပ်က္ကြက္တာ ၊ ျပည္ခိုင္ၿဖိဳးအမတ္ေတြ တင္သြင္းတဲ့ အေရး ႀကီးအဆိုေတြကို ေဆြးေႏြးခြင့္မျပဳတာ၊   ၾကယ္ပြင့္ျပေမးခြန္းေတြကို ပယ္ခ်ခဲ့တာ၊ စတာေတြေၾကာင့္ တာဝန္ကေနဖယ္ရွားေပးဖို႔ တင္ျပခဲ့တာဆိုပါတယ္။

ယခုကဲ့သို႔ ျပည္ခိုင္ၿဖိဳးဘက္က လႊတ္ေတာ္ဥကၠ႒ကို တာဝန္မွ ဖယ္ရွားရန္ႀကိဳးစားသည့္အေပၚ အာဏာရ ပါတီဘက္က ေထာက္ခံျခင္းမရွိသည့္အတြက္ အဆိုပါ အဆိုမွာ ေအာင္ျမင္ဖြယ္မရွိတဲ့ အေနအထားျဖစ္ ေနပါ တယ္။ ဒီအဆိုအေပၚ ေဆြးေႏြးလိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေမ ၂၉ ရက္မွာ စာရင္းေပးထားၿပီး မဲခြဲ ဆုံးျဖတ္မွာ ျဖစ္တဲ့ အတြက္  ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္သလို ျပည္သူလူထုအေနနနဲ႔လည္း တခ်ိဳ႕ေသာ အေၾကာင္းအရာေတြကို  ဒီျဖစ္ရပ္မွာ ထင္ထင္ရွားရွားျမင္သာခဲ့ပါတယ္။ ဒီအတြက္ လာမယ့္ ေရွ႕ရက္သတၱပတ္ လႊတ္ေတာ္အစည္းအေဝးအားစမ္းပြဲမွာ ျပည္ခိုင္ၿဖိဳးဘက္က တင္သြင္းခဲ့တဲ့ တာဝန္က႐ုပ္သိမ္းေစျခင္တဲ့ အဆိုေၾကာင့္  ျပည္သူလႊတ္ေတာ္ဥကၠ႒ ေနရာကေန ဦးတီခြန္ျမတ္ ဖယ္ေပးရမလား၊ ဒါမွမဟုတ္ အာဏာရပါတီဘက္ က ေထာက္ခံမဲေတြေၾကာင့္ မူလအတိုင္း ဦးတီခြန္ျမတ္ တည္ရွိေနမလားဆိုတာ စိတ္ဝင္စားစရာ ေစာင့္ၾကည့္စရာျဖစ္လာပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားဖြယ္ရာ သတင္းေတြကလည္း ယခုရက္ထဲမွာ ျဖစ္ခဲ့ပါေသး တယ္။ ဒါကေတာ့ ျပည္ထဲေရးဝန္ႀကီးဌာနလက္ေအာက္မွာ ရွိတဲ့  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ယာယီ ရဲမႉးတစ္ဦးျဖစ္တဲ့ ဟိုပန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ယာယီရဲမႉးသိန္းေဆြျမင့္(ယခင္လႈိင္ၿမိဳ႕နယ္ရဲစခန္းမႉး) ကို ၂၀၁၈ ခုႏွစ္က ေငြက်ပ္ ၁၀ သိန္း လာဘ္စားခဲ့လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လိုက္တဲ့ သတင္း၊ ပဲခူးတိုင္း ေ႐ႊက်င္ၿမိဳ႕နယ္က ေျမစာရင္းအင္းဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမႉးအပါ သုံးဦးကို အဂတိ လိုက္စားမႈနဲ႔ အေရး ယူခဲ့တဲ့ သတင္း၊မိုးကုတ္မွာ ေက်ာက္တြင္းၿပိဳက်တဲ့ သတင္း၊KNU/KNLA ၿငိမ္းခ်မ္းေရးေကာင္စီဥကၠ႒အျဖစ္ ဗိုလ္ ခ်ဳပ္ႀကီးေစာေထာ့ေလးကို တင္ေျမႇာက္ခဲ့တဲ့ သတင္း၊ ျပည္တြင္းလိုအပ္ခ်က္ေၾကာင့္ ျပည္ပမွ အရက္တင္သြင္း ခြင့္ကို ျပန္လည္ခြင့္ျပဳခဲ့တဲ့ သတင္း၊ ခြင့္ျပဳမိန႔္မရွိဘဲ ဖြင့္လွစ္ထားတဲ့ ပရဟိတေဂဟာေတြကို ကေလးသူငယ္အခြင့္ အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔ အေရးယူႏိုင္တယ္ဆိုတဲ့ သတင္း၊ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲေရးသားသူ အေကာင့္ပိုင္ရွင္ကို ဆက္သြယ္ေရးပုဒ္မနဲ႔ အမႈဖြင့္ထားတဲ့ သတင္းစတဲ့ စိတ္ဝင္စားစရာ သတင္းေတြလည္း ယခုရက္ထဲျဖစ္ခဲ့တယ္ဆိုတဲ့ အေၾကာင္း……။

မာလင္း
ေမ - ၂၉