【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗိုလ်ချုပ်ရုပ်ပုံ အရေးပါလာတဲ့ ရွေးကောက်ပွဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗိုလ်ချုပ်ရုပ်ပုံ အရေးပါလာတဲ့ ရွေးကောက်ပွဲ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ တပ်ချုပ်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နိုင်ငံတကာသတင်းဌာနနဲ့ အင်တာဗျူးမှာပြောခဲ့တဲ့ တပ်ချုပ်ရဲ့ အနာဂတ်သတင်းတွေ၊ ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ်လို့ ကြေညာခဲ့တဲ့အတွက် ဖြစ်လာတဲ့လှုပ်ခတ်မှုတွေ၊ ဖားကန့်မှာ မြေပြိုလို့ လူရာကျော်သေဆုံးလို့ နိုင်ငံတကာသတင်းတွေမှာပါရတဲ့အထိ လှုပ်ခတ်ခဲ့တဲ့သတင်းတွေနဲ့ ယခုရက်သတ္တပတ်က စိတ်ထိခိုက်စရာသတင်းတွေ၊ စိတ်ရှုပ်စရာသတင်းတွေနဲ့ လှုပ်ခတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်ပုံ ဘယ်ပါတီတွေသုံးကြမလဲ

တစ်ကယ်က ရွေးကောက်ပွဲရက် မကြေညာခင်အချိန်ကတည်းက အွန်လိုင်းမှာ ပုတ်ခတ်ပြောဆိုမှုတွေနဲ့ ၂၀၂၀ အတွက် မဲဆွယ်တိုက်ပွဲတွေ စနေခဲ့တာပါ။ဒီလို တစ်ဘက်နဲ့ တစ်ဘက် အပြိုင်အဆိုင်ပြောဆိုတာတွေရှိသလို ကြားထဲကနေ တိုင်းပြည်မငြိမ်မသက်အောင် သတင်းအမှားများထုတ်လွှင့်နေတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လဲ ဇွန် ၂၆ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သက်ဆိုင်ရာ အုပ်စုတစ်စုမှ ငွေများပုံပေးပြီး ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများထုတ်လွှင့်နေတယ်လို့ ပြောခဲ့ပါတယ်။

မီဒီယာများကို ဦးဇော်ဌေး က ပြောရာမှာ “အထူးသဖြင့် နေပြည်တော်အသိုင်းအဝိုင်းမှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သိန်းထောင်ချီပုံပေးပြီးတော့ မီဒီယာတွေထောင်၊ ပေ့ချ်တွေထောင်၊ ဂရုတွေထောင်ပြီး လုပ်နေတဲ့အဖွဲ့အစည်းတွေရှိပါတယ်။အဲ့အဖွဲ့အစည်းတွေဖြန့်ဝေတဲ့ သတင်းအမှားတွေကို မီဒီယာတွေက လိုက်ရေးနေတာရှိပါတယ်” လို့ ပြောခဲ့ကာ သတင်းအမှားများ ထုတ်လွှင့်နေသည့်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း ပြောခဲ့ပါတယ်။ရွေးကောက်ပွဲအချိန် မထွက်သေးပေမယ့် နီးကပ်လာမှန်းတော့ လူတိုင်းသိကြပါတယ်။

ဇွန် ၂၆/၂၇ ရက်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြီးမှူးပြီး နိုင်ငံရေးပါတီများတွေ့ဆုံပွဲနှင့် ကိုယ်စားလှယ်လောင်းများကျင့်ဝတ် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်က Melia Yangon Hotel မှာ ကျင်းပခဲ့ပါတယ်။ဒီပွဲမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးပြုတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ကာ ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၁၅ ခု ကျော်က ကျင့်ဝတ်လက်မှတ်ကို မရေးထိုးခဲ့ပါဘူး။နိုင်ငံရေးပါတီ (၃၀) ခန့်က မဲဆွယ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို မဲဆွယ်ရာတွင်အသုံးမပြုဖို့ တင်ပြခဲ့တယ်ဆိုပါတယ်။ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခြင်းမရှိဘဲ ဗိုလ်ချုပ်ရုပ်ပုံအား ပါတီများအားလုံးကို  မဲဆွယ်ရာမှာအသုံးပြုနိုင်ရန် ခွင့်ပြုခဲ့တဲ့အတွက် ပါတီ ၁၅ ခုကျော်က နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ ကျင့်ဝတ်ကို လက်မှတ်မထိုးခဲ့ပါဘူး။

ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တွေ့ဆုံရာမှာ ကော်မရှင်ဥက္ကဋ္ဌက "ငါတို့ကို မင်းတို့မယုံဘူးပြောမနေနဲ့။မင်းတို့ကို ပြည်သူထောက်ခံအောင် အရင်လုပ်ပါဦး" လို့ ပြောခဲ့တဲ့အတွက် House of Orchid ဟိုတယ်မှာ ဇွန် ၂၉ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဘဲ ပြည်ခိုင်ဖြိုးပါတီဘက်က ပြောရေးဆိုခွင့်ရှိသူက ဒီလိုပြောတဲ့စကားက ရင့်သီးပြီး နိုင်ငံရေးပါတီများကို စော်ကားလိုက်တာလို့ ပြောခဲ့ပါတယ်။အဆိုပါသတင်းစာရှင်းလင်းပွဲမှာဘဲ အဆိုပါပြောရေးဆိုခွင့်ရှိသူက ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးပြုပြီး မဲဆွယ်တာနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့အတွက် လူမှုကွန်ရက်နဲ့ သက်ဆိုင်ရာပါတီဘက်က တုံ့ပြန်မှုတွေထွက်လာခဲ့ပါတယ်။

ဒီလိုပြောရာမှာ "ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ မဲဆွယ်တယ်။ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်း ကို ချစ်ခင်လေးစားကြတယ်။ဗိုလ်ချုပ်ပုံနဲ့ မဲဆွယ်တဲ့အခါမှာ ကိုယ်စားလှယ်ရဲ့အရည်အသွေးကို ပြည်သူတွေက မှန်မှန်ကန်ကန်မသိခဲ့ကြဘူး။အခုလက်တွေ့ဖြစ်နေတာ ကြည့်လိုက်။ပြည်သူက ဗိုလ်ချုပ်ကိုသိတယ်။ဗိုလ်ချုပ်သမီးကိုသိတယ်။ကိုယ်စားလှယ်ကိုမသိဘူး။ဖြစ်တဲ့ပြဿနာက ဗိုလ်ချုပ်သမီးကို ချစ်တဲ့စိတ်နဲ့ မဲပေးခဲ့ကြတယ်။ပြည်သူအညာခံလိုက်ရတယ်" ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တာကို အပြစ်တင်ပြောဆိုခဲ့ပါတယ်။
ဒီလိုပြောဆိုခဲ့တဲ့အတွက် ကာတွန်းတွေနဲ့ လူမှုကွန်ရက်မှာ ယခင်စစ်အစိုးရအဆက်ဆက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကိုဖျောက်ထားခဲ့တာ၊ လက်ဝယ်တွေ့ရင်၊ အိမ်မှာချိတ်ဆွဲထားတာတွေ့ရင် အကြောင်းတစ်ခုခုနဲ့ အရေးယူထောင်ချခံရတာတွေကို ထောက်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဒီလိုပြောခဲ့တဲ့အတွက် စွပ်စွဲခံရတဲ့ အာဏာရ NLD ပါတီဘက်က လည်း "အဲဒါက ပြည်သူလူထုကို အထင်သေးတာဗျ။ပြည်သူလူထုက ဗိုလ်ချုပ်လည်းမြင်တယ်။နိုင်ငံရေးပါတီလည်းမြင်တယ်။အဲဒီနိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ကိုလည်းမြင်တယ်။ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်ပြီး မဲပေးတာမဟုတ်ဘူး။ကန့်ကွက်တဲ့ကိစ္စတွေက နိုင်ငံရေးအရ အမြင်ကျဉ်းတယ်လို့" လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ဇူလိုင် ၁ ရက် ညမှာတော့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုကြေညာခဲ့ပြီး လာမည့် နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် မဲဆွယ်ရေးလုပ်ငန်းတွေကို ကြေညာသည့်နေ့မှစပြီး လုပ်ဆောင်နိုင်တဲ့အတွက် ဒီနောက်မှာ ပါတီတွေဘက်က ရွေးကောက်ပွဲအတွက် လှုပ်ရှားဆောင်ရွက်မှုတွေရှိလာပါတယ်။ဇူလိုင် ၂ ရက်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ CEC အစည်းအဝေးမှာ ပါတီရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာခဲ့သလို ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ပြီဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ပါတီမဲဆွယ်ပွဲနဲ့ပတ်သက်ပြီး ကော်မရှင်က ဗိုလ်ချူပ်အောင်ဆန်းပုံကို ပါတီအားလုံးသုံးခွင့်ပေးခဲ့ပြီး ကြံ့ခိုင်ရေးပါတီကတော့ လာမည့်ရွေးကောက်ပွဲတွင် ဦးသိန်းစိန်ပုံဖြင့် မဲဆွယ်စည်းရုံးခြင်း ပြုခြင်း၊ မပြုခြင်းကို မဆုံးဖြတ်ရသေးဘူးလို့ ဇွန် ၂၉ ရက် သတင်းစာရှင်းလင်းပွဲကတည်းက ဒေါက်တာနန္ဒာလှမြင့် က ပြောခဲ့တာရှိပါတယ်။ဒီအတွက် ယခုနှစ် နိုဝင်ဘာရွေးကောက်ပွဲက ယခင်ကထက် ပိုပြင်းထန်လာမှာသေချာနေသလို  မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်၊ မရောက်ကို ဒီရွေးကောက်ပွဲက ဆုံးဖြတ်ပေးမှာသေချာနေပါတယ်။ဒီအတွက် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ကာချုပ်အလွန် နိုင်ငံရေး

မကြာမီက ရုရှားနိုင်ငံမှာကျင်းပတဲ့ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို သွားရောက်တက်ရောက်ခဲ့တဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အဆိုပါခရီးစဉ်အတွင်း ပြည်ပသတင်းဌာနတွေဖြစ်တဲ့ Arguments and Facts ၊ ZVEZDA ၊ RT ၊ Red Star စသည့်သတင်းဌာနများနှင့် Politic မဂ္ဂဇင်းနဲ့ ဇွန် ၂၂ ရက်မှာ အင်တာဗျူးလုပ်ခဲ့ပြီး ဇွန် ၂၅ ရက်မှာ ရုရှား RT သတင်းဌာနနဲ့ အင်တာဗျူးမေးမြန်းတာကို လက်ခံဖြေကြားခဲ့ပါတယ်။

ဒီထဲမှာ Arguments and Facts သတင်းဌာနနဲ့ ကာချုပ်တို့ တွေ့ဆုံအင်တာဗျူးမှုက မြန်မာနိုင်ငံက နိုင်ငံရေးစိတ်ဝင်စားသူတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ဒီအင်တာဗျူးမှာ ကာကွယ်ရေးဦးစီးချုပ်က ၎င်းအငြိမ်းစားယူပြီးနောက်ပိုင်း ဆက်သွားမယ့်အစီအစဉ်တွေထဲမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိခဲ့ပါတယ်။ဒီထဲမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့မိန့်ခွန်းထဲပါခဲ့တဲ့  မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းဟာ မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းလို့ ပြောခဲ့တဲ့အပေါ်နဲ့ပတ်သက်ပြီး Arguments and Facts သတင်းဌာနက မေးတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်က "၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေပြီးတော့ ၂ဝ၁၁ ခုနှစ်ကာလအတွင်းမှာတော့ တပ်မတော်ကတောက်လျှောက်ပါလာခဲ့တာ တွေ့ရတာပေါ့။ဒါကြောင့် နိုင်ငံရဲ့သမိုင်းမှာ တပ်မတော်က ယှဉ်တွဲနေတယ်။တပ်မတော်ရဲ့သမိုင်းဟာလည်း နိုင်ငံနဲ့ယှဉ်တွဲနေတယ်။အလားတူ ကျွန်တော်တို့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းသွားတာ ၂ဝ၁၁ ကနေပြီးတော့ အခု ၂ဝ၂ဝ ပေါ့။ ၁ဝ နှစ် နီးပါးလောက်ရှိသွားပြီ။ဒါဟာလည်း ကျွန် တော်တို့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း မယိမ်းယိုင်ရအောင် တပ်မတော်ကနေပြီး ထိန်းပေးတဲ့အနေအထားတော့ရှိနေတယ်။ဒါကြောင့်မို့လို့ နိုင်ငံသမိုင်းနဲ့ တပ်မတော် ခွဲခြားလို့မရဘူး" လို့ ပြောခဲ့ပါတယ်။

အဆိုပါသတင်းဌာနက လွှတ်တော်နိုင်ငံရေးမှ တပ်မတော်ဆုတ်ခွာမည့်ကာလကို မေးခဲ့ရာမှာ ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်နက်ကိုင်ဆန့်ကျင်ရေးအရ လုံခြုံရေးအရတည်ငြိမ်မှုမရှိတာနဲ့ နိုင်ငံရေးအရအတိုက်အခိုက်များပြီး နိုင်ငံရေးက မတည်ငြိမ် မရင့်ကျက်သေးတဲ့အတွက် တည်ငြိမ်သွားလို့ရှိရင် တပ်မတော်က သူ့ရဲ့လမ်းကြောင်းအတိုင်းပဲ သွားဖို့ရှိပါတယ်လို့ ပြောခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး Arguments and Facts သတင်းဌာနက မေးခဲ့ရာလည်း ကာကွယ်ရေးဦးစီးချုပ်က ဒီရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှမျှတတ ရွေးကောက်ပွဲဖြစ်ဖို့က တပ်မတော်အတွက် နံပါတ် ၁ အရေးကြီးဆုံးဖြစ်ကြောင်းပြောခဲ့သလို ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တာဝန်ယူကူညီ ပူးပေါင်းဆောင်ရွက်ရမယ့်တာဝန်က နံပါတ် ၁ ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲလို့ ယုံကြည်စိတ်ချရမှုရှိတယ်ဆိုရင် နိုင်ငံရေးကိုပါဝင်ဖို့ဆိုတာ စဉ်းစားဖို့ဖြစ်လာကြောင်း ပြောခဲ့ပါတယ်။ဒါ့အပြင် တပ်မတော်မှာ တာဝန်ယူခဲ့တဲ့ နှစ် ၄၀ အတွင်းရခဲ့တဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေကြောင့် တိုင်းပြည်အတွက် ဘယ်လိုလုပ်ပေးရမလဲ၊ တိုင်းပြည်အတွက် လုပ်ပေးချင်တဲ့စိတ်တွေရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ZVEZDA သတင်းဌာနနဲ့ တွေ့ဆုံမှုမှာလည်း COVID-19 ရောဂါကြောင့် မပြုလုပ်ခဲ့ရတဲ့ (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို COVID-19 ရောဂါ ပြန်လည်ထိန်းချုပ်နိုင်သည့် အခြေအနေရောက်ခဲ့ရင် ခမ်းခမ်းနားနားပြန်လုပ်ပါမယ်လို့ ပြောခဲ့ပါတယ်။ဒီလိုတွေ့ဆုံ အင်တာဗျူးအပေါ် အခြေခံပြီး လာမည့်ရွေးကောက်ပွဲမှာ ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လွှတ်တော်နိုင်ငံရေးထဲ ပါဝင်လာဖို့ရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေပေါ်ထွက်လာခဲ့သလို သမ္မတနေရာအတွက် တာဝန်ယူဖို့ စဉ်းစားနေပြီလားဆိုတဲ့ တွက်ချက်မှုတွေ ထွက်လာခဲ့ပါတယ်။လက်ရှိပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ တာဝန်ယူဖို့အတွက် ရွေးကောက်ပွဲအနိုင်ရပါတီတွေ ကြီးစိုးတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ဒု-သမ္မတလောင်းနှစ်ဦးကို ရွေးချယ်ပေးရမှာဖြစ်သလို  လွှတ်တော်နှစ်ရပ်မှာ အချိုးကျပါဝင်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတလောင်းတစ်ဦးကို ရွေးချယ်စာရင်းပေးပို့ပြီး ဒုသမ္မတလောင်း ၃ ဦးထဲကနေ တစ်ဦးကို  သမ္မတအဖြစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆန္ဒမဲပေးပြီး ရွေးချယ်ကြရမှာဖြစ်ပါတယ်။

ဒီလိုလုပ်ငန်းစဉ်ကြောင့် ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ကနေ အငြိမ်းစားယူပြီးတဲ့နောက် သမ္မတတာဝန်ယူဖို့ ဖြစ်နိုင်တဲ့လမ်းကြောင်းကို တွက်ဆသလို လက်ရှိအာဏာရပါတီက ၂၀၁၅ ခုနှစ်ကလို မဲအများစုနဲ့ ဆက်လက်အနိုင်မရခဲ့ရင် ဖြစ်လာတဲ့ ညွှန့်ပေါင်းမှာ ဘယ်သူက သမ္မတနေရာယူလာနိုင်လဲ၊ ကာချုပ်ရဲ့ နိုင်ငံရေးလမ်းကြောင်းက ဘယ်အထိသွားနိုင်လဲဆိုတာကို တွေးဆချက်တွေနဲ့ သုံးသပ်တွက်ချက်မှုတွေရှိလာခဲ့သလို သူတို့သုံးသပ်ချက်တွေ ဘယ်လောက် မှန်/မမှန် ကို လာမယ့်လအနည်းငယ်မှာ တွေ့ရတော့မှာဖြစ်ပါတယ်။

ယခုရက်ပိုင်းဖြစ်တဲ့ ဇွန်လ ၂၆ ရက်က (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါကြောင့် Video Conferencing စနစ်နဲ့ ပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးမှာ အဓိကအကြောင်းအရာအဖြစ် COVID-19 ကူးစက်ရောဂါကြောင့် ထိခိုက်ရတဲ့ နိုင်ငံများရဲ့စီးပွားရေးနဲ့ အခြားကဏ္ဍတွေကိုဆွေးနွေးခဲ့ကာ ပြန်လည်နာလန်ထူရေးအတွက် ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ဒီဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်က ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးတဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့ပြီး အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုပြဿနာမှာ ရခိုင်ပြည်နယ်အတွင်း လက်ရှိရင်ဆိုင်နေရတဲ့ အန္တရာယ်နှစ်ခုဖြစ်ပြီး ယင်းပြဿနာနှစ်ရပ်မှာ တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေသည့် ပြဿနာများဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ယင်းပြဿနာများကို မိမိတို့ဒေသတစ်ခုတည်းအတွက်သာမက တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှုကို တိုးမြှင့်နိုင်စေမည့် အပြုသဘောဆောင်သည့်နည်းလမ်းဖြင့် အတူတစ်ကွပူးပေါင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

ဒီရက်ပိုင်းမှာဘဲ နိုင်ငံတကာကစောင့်ကြည့်နေတဲ့ ဂူတာပြင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့သူတွေကို စစ်တရားရုံး (Court-Martial) က သက်သေစုံလင်စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးလို့ အမိန့်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဂူတာပြင်ဖြစ်စဉ်မှာ စစ်တရားရုံးက အရာရှိကြီးတစ်ဉီး၊ အရာရှိတစ်ဦးနှင့် အခြားအဆင့် စစ်သည်တစ်ဦးတို့ကို ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ပြီဖြစ်ကြောင်း တပ်ဘက်ကထုတ်ပြန်ခဲ့ပြီး စစ်တရားရုံး (Court-Martial) ၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာအတည်ပြုအာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ဒါ့အပြင် မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်များကိုလည်း စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမယ်ဆိုတာကို တပ်ဘက်ကထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အာဆာလို့ခေါ်တဲ့ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အပြင် နောက်ပိုင်းမှာ တောက်လျှောက်အကြမ်းဖက်တိုက်ခိုက်လာတာက ရခိုင်လက်နက်ကိုင် အေအေအဖွဲ့ပါဘဲ။အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့အကြား တိုက်ခိုက်မှုတွေပြင်းထန်လာတဲ့အတွက် အရပ်သားတွေထိခိုက်သေဆုံးမှုရှိလာသလို ဒေသတွင်းအုပ်ချုပ်ရေးယန္တရားကို ပျက်ပြားအောင် အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း မြင့်တက်လာပါတယ်။ဒီရက်ပိုင်းမှာဘဲ စစ်တွေမှာ တာဝန်ထမ်းဆောင်ရာကနေပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အေအေက အိမ်ခြံ၀ကနေစောင့်ပြီး ဓားနဲ့ထိုးသတ်တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အစောပိုင်းလတွေကတည်းက ရဲဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေကို ပြန်ပေးဆွဲတာတွေ၊ သတ်ဖြတ်တာတွေရှိခဲ့သလို  ရဲကင်းစခန်းတွေ နယ်ခြားကင်းစခန်းတွေ မြစ်အတွင်းသွားလာနေတဲ့ စစ်သင်္ဘောတွေကို ပစ်ခတ်တာတွေလည်းရှိခဲ့တဲ့အတွက် အဆိုပါနယ်မြေတွေထဲပါဝင်တဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတလျှောက်ကို နယ်မြေရှင်းလင်းဖို့လုပ်မယ်ဆိုပြီး တပ်မတော်ဘက်က ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇွန် ၂၄ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးထံ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်မှာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများတွင် အေအေတပ်ဖွဲ့ဝင်များ ဖြန့်ခွဲလှုပ်ရှားနေသည့်အတွက် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရန် ကျောက်တန်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံများအနေဖြင့် ခေတ္တတိမ်းရှောင်းပေးကြရန်ဆိုပြီး ဒေသတွင်းအုပ်ချုပ်ရေးမှူးတွေဆီကို ဇွန် ၂၄ ရက်က ထုတ်ပြန်ခဲ့တာပါ။ဒီလိုသတိပေးထုတ်ပြန်ခဲ့တဲ့အတွက် ဒေသခံတစ်သိန်းလောက်က အလျှင်အမြန်ရွှေ့ပြောင်းခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဒီထုတ်ပြန်ချက်က လူမှုကွန်ရက်ကနေတစ်ဆင့် သတင်းမီဒီယာတွေဆီကို ကျယ်ကျယ်ပြန့်ပြန့်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဩစတြေးလျ၊ ကနေဒါ၊ ယူကေနှင့် အမေရိကန် သံရုံးများပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို စိုးရိမ်ကြောင်းစာကို ထုတ်ပြန်ခဲ့ရပါတယ်။ဒီထုတ်ပြန်စာမှာ စစ်ဆင်ရေးများ၏ သမိုင်းကြောင်းဆိုင်ရာ သက်ရောက်မှုများသည် အရပ်သားများအား အချိုးအစားမမျှတစွာ ထိခိုက်မှုများဖြစ်ပေါ်စေကြောင်း သတိပြုမိတယ်ဆိုတာ ဖော်ပြခဲ့သလို ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရခြင်းသည် ရခိုင်ပြည်နယ်၏ နေရပ်စွန့်ခွာနေထိုင်သူဦးရေကို သိသာထင်ရှားစွာ ပိုမိုများပြားလာစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားဥပဒေအတိုင်း လိုက်နာရန်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်လုပ်ဆောင်ရန် မြန်မာ့တပ်မတော်တွင် တာဝန်ရှိပါသည်ဆိုကာ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီလိုသံရုံးဘက်က စာထွက်လာပြီးနောက် ဇွန်လ ၂၆ရက်မှာ ယင်းကြေညာချက်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ဒီရုတ်သိမ်းခဲ့ပြီး မီဒီယာတွေမှာဖော်ပြတဲ့ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးရဲ့ ပြောကြားချက်မှာတော့ ကျောက်တန်းကျေးရွာအနီးတဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုသည့်အပေါ်  ပြည်သူများနှင့် နိုင်ငံတကာကပါ နားလည်မှုလွဲမှားပြီး စိုးရိမ်နေကာ ရသေ့တောင်တစ်ခုလုံးဖြစ်သွားတဲ့အတွက် ထုတ်ပြန်စာကို ပြန်ရုတ်သိမ်းလိုက်တာလို့ ပြောခဲ့တာကိုတွေ့ရပါတယ်။လက်ရှိမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို နယ်မြေရှင်းလင်းရေးတွေကို ဆက်လုပ်နေတဲ့အတွက် ရခိုင်မြောက်ပိုင်းရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေး ပိုကောင်းလာမလား၊ စစ်ဘေးရှောင်ဒုက္ခသည်တွေဘဲ တိုးလာမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။  

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားစရာ သတင်းတွေကတော့ (ဒလ) တံတား စီမံကိန်းလုပ်ငန်းခွင်မှ ရေလည်တိုင်တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံသားတစ်ဦး ရေထဲပြုတ်ကျလို့ သေဆုံးသွားခဲ့တဲ့သတင်း၊ အလုပ်ခန့်စာ အမိန့်ထုတ်ပြန်တာနောက်ကျလိုဆိုပြီး ပညာရေးဝန်ကြီး၏ ခေါင်းတလားပုံစံချကာ စစ်ကိုင်းတိုင်းပညာရေးမှူးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့သတင်း၊ နာမည်ကျော် တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ စွဲချက်တင်လိုက်တဲ့သတင်း၊ မြန်မာနိုင်ငံက အီးယူကိုပေးစရာရှိတဲ့ ကြွေးမြီ ၉၈ သန်းကို ကိုဗစ်-၁၉ ကြောင့် ခေတ္တဆိုင်းငံ့ပေးခဲ့တဲ့သတင်း၊ မြစ်ဆုံစီမံကိန်းတားမြစ်ချက် စာချွန်တော်ကို ပြည်ထောင်စုတရားလွှတ်တော်ကို တင်သွင်းမယ်လို့ ရှေ့နေတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တဲ့သတင်း၊ ချင်းပြည်နယ် ထန်တလန်မှာ ဝက်အားနည်းရောဂါကြောင့် ဝက် ၃၀၀ သေဆုံးခဲ့တဲ့သတင်း၊ လစာထက်ဝက်လျှော့ချလို့ ရန်ကုန်မြို့က သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ YBPC ကုမ္ပဏီမှ ယာဉ်မောင်း ၄၀၀ ကျော် နုတ်ထွက်သွားတဲ့သတင်း၊ ဖားကန့်မှာ မြေပြိုမှုဖြစ်လို့ သေဆုံးသူ ၁၆၆ ဦးနဲ့ ဒဏ်ရာရသူ ၅၅ ဦးထိ ရှိလာတဲ့သတင်း၊ ဖားကန့်မှာ ကျောက်တူးဖော်ခွင့်ကို ၃ လရပ်ဆိုင်းခဲ့တဲ့သတင်း၊ ရန်ကုန်ဝန်ကြီးချုပ် ရွေးကောက်ပွဲမဝင်တော့ဘူးဆိုတာ အတည်ပြုလိုက်တဲ့သတင်း၊ တောင်ကုတ် ANP ပါတီ ဥက္ကဋ္ဌကို အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲလိုက်တဲ့သတင်းတွေနဲ့ ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၃

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ တပ္ခ်ဳပ္ရဲ႕ ႐ုရွားခရီးစဥ္အတြင္းမွာ ႏိုင္ငံတကာသတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေျပာခဲ့တဲ့ တပ္ခ်ဳပ္ရဲ႕ အနာဂတ္သတင္းေတြ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ္လို႔ ေၾကညာခဲ့တဲ့အတြက္ ျဖစ္လာတဲ့လႈပ္ခတ္မႈေတြ၊ ဖားကန႔္မွာ ေျမၿပိဳလို႔ လူရာေက်ာ္ေသဆုံးလို႔ ႏိုင္ငံတကာသတင္းေတြမွာပါရတဲ့အထိ လႈပ္ခတ္ခဲ့တဲ့သတင္းေတြနဲ႔ ယခုရက္သတၱပတ္က စိတ္ထိခိုက္စရာသတင္းေတြ၊ စိတ္ရႈပ္စရာသတင္းေတြနဲ႔ လႈပ္ခတ္ခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္ပုံ ဘယ္ပါတီေတြသုံးၾကမလဲ

တစ္ကယ္က ေ႐ြးေကာက္ပြဲရက္ မေၾကညာခင္အခ်ိန္ကတည္းက အြန္လိုင္းမွာ ပုတ္ခတ္ေျပာဆိုမႈေတြနဲ႔ ၂၀၂၀ အတြက္ မဲဆြယ္တိုက္ပြဲေတြ စေနခဲ့တာပါ။ဒီလို တစ္ဘက္နဲ႔ တစ္ဘက္ အၿပိဳင္အဆိုင္ေျပာဆိုတာေတြရွိသလို ၾကားထဲကေန တိုင္းျပည္မၿငိမ္မသက္ေအာင္ သတင္းအမွားမ်ားထုတ္လႊင့္ေနတာေတြ ဆက္တိုက္ျဖစ္လာခဲ့ပါတယ္။ဒါေၾကာင့္လဲ ဇြန္ ၂၆ ရက္က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး က သက္ဆိုင္ရာ အုပ္စုတစ္စုမွ ေငြမ်ားပုံေပးၿပီး ေ႐ြးေကာက္ပြဲအတြက္ ရည္႐ြယ္ခ်က္ရွိရွိ သတင္းအမွားမ်ားထုတ္လႊင့္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

မီဒီယာမ်ားကို ဦးေဇာ္ေဌး က ေျပာရာမွာ “အထူးသျဖင့္ ေနျပည္ေတာ္အသိုင္းအဝိုင္းမွာ ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် သိန္းေထာင္ခ်ီပုံေပးၿပီးေတာ့ မီဒီယာေတြေထာင္၊ ေပ့ခ်္ေတြေထာင္၊ ဂ႐ုေတြေထာင္ၿပီး လုပ္ေနတဲ့အဖြဲ႕အစည္းေတြရွိပါတယ္။အဲ့အဖြဲ႕အစည္းေတြျဖန႔္ေဝတဲ့ သတင္းအမွားေတြကို မီဒီယာေတြက လိုက္ေရးေနတာရွိပါတယ္” လို႔ ေျပာခဲ့ကာ သတင္းအမွားမ်ား ထုတ္လႊင့္ေနသည့္အေပၚ စုံစမ္းစစ္ေဆးေနေၾကာင္း ေျပာခဲ့ပါတယ္။ေ႐ြးေကာက္ပြဲအခ်ိန္ မထြက္ေသးေပမယ့္ နီးကပ္လာမွန္းေတာ့ လူတိုင္းသိၾကပါတယ္။

ဇြန္ ၂၆/၂၇ ရက္မွာေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႀကီးမႉးၿပီး ႏိုင္ငံေရးပါတီမ်ားေတြ႕ဆုံပြဲႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားက်င့္ဝတ္ လက္မွတ္ေရးထိုးပြဲကို ရန္ကုန္က Melia Yangon Hotel မွာ က်င္းပခဲ့ပါတယ္။ဒီပြဲမွာ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံကို အသုံးျပဳတာနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြျဖစ္ကာ ျပည္ခိုင္ၿဖိဳးအပါအဝင္ ပါတီ ၁၅ ခု ေက်ာ္က က်င့္ဝတ္လက္မွတ္ကို မေရးထိုးခဲ့ပါဘူး။ႏိုင္ငံေရးပါတီ (၃၀) ခန္႔က မဲဆြယ္ရာမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံကို မဲဆြယ္ရာတြင္အသုံးမျပဳဖို႔ တင္ျပခဲ့တယ္ဆိုပါတယ္။ဒါေပမယ့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လက္ခံျခင္းမရွိဘဲ ဗိုလ္ခ်ဳပ္႐ုပ္ပုံအား ပါတီမ်ားအားလုံးကို  မဲဆြယ္ရာမွာအသုံးျပဳႏိုင္ရန္ ခြင့္ျပဳခဲ့တဲ့အတြက္ ပါတီ ၁၅ ခုေက်ာ္က ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္ေလာင္းမ်ား က်င့္ဝတ္ကို လက္မွတ္မထိုးခဲ့ပါဘူး။

ပါတီေတြနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ေတြ႕ဆုံရာမွာ ေကာ္မရွင္ဥကၠ႒က "ငါတို႔ကို မင္းတို႔မယုံဘူးေျပာမေနနဲ႔။မင္းတို႔ကို ျပည္သူေထာက္ခံေအာင္ အရင္လုပ္ပါဦး" လို႔ ေျပာခဲ့တဲ့အတြက္ House of Orchid ဟိုတယ္မွာ ဇြန္ ၂၉ ရက္ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာဘဲ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေျပာေရးဆိုခြင့္ရွိသူက ဒီလိုေျပာတဲ့စကားက ရင့္သီးၿပီး ႏိုင္ငံေရးပါတီမ်ားကို ေစာ္ကားလိုက္တာလို႔ ေျပာခဲ့ပါတယ္။အဆိုပါသတင္းစာရွင္းလင္းပြဲမွာဘဲ အဆိုပါေျပာေရးဆိုခြင့္ရွိသူက ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံကို အသုံးျပဳၿပီး မဲဆြယ္တာနဲ႔ပတ္သက္ၿပီး ေျပာခဲ့တဲ့အတြက္ လူမႈကြန္ရက္နဲ႔ သက္ဆိုင္ရာပါတီဘက္က တုံ႔ျပန္မႈေတြထြက္လာခဲ့ပါတယ္။

ဒီလိုေျပာရာမွာ "ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ မဲဆြယ္တယ္။ျပည္သူေတြက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကို ခ်စ္ခင္ေလးစားၾကတယ္။ဗိုလ္ခ်ဳပ္ပုံနဲ႔ မဲဆြယ္တဲ့အခါမွာ ကိုယ္စားလွယ္ရဲ႕အရည္အေသြးကို ျပည္သူေတြက မွန္မွန္ကန္ကန္မသိခဲ့ၾကဘူး။အခုလက္ေတြ႕ျဖစ္ေနတာ ၾကည့္လိုက္။ျပည္သူက ဗိုလ္ခ်ဳပ္ကိုသိတယ္။ဗိုလ္ခ်ဳပ္သမီးကိုသိတယ္။ကိုယ္စားလွယ္ကိုမသိဘူး။ျဖစ္တဲ့ျပႆနာက ဗိုလ္ခ်ဳပ္သမီးကို ခ်စ္တဲ့စိတ္နဲ႔ မဲေပးခဲ့ၾကတယ္။ျပည္သူအညာခံလိုက္ရတယ္" ဆိုၿပီး ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရခဲ့တာကို အျပစ္တင္ေျပာဆိုခဲ့ပါတယ္။
ဒီလိုေျပာဆိုခဲ့တဲ့အတြက္ ကာတြန္းေတြနဲ႔ လူမႈကြန္ရက္မွာ ယခင္စစ္အစိုးရအဆက္ဆက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အခန္းက႑ကိုေဖ်ာက္ထားခဲ့တာ၊ လက္ဝယ္ေတြ႕ရင္၊ အိမ္မွာခ်ိတ္ဆြဲထားတာေတြ႕ရင္ အေၾကာင္းတစ္ခုခုနဲ႔ အေရးယူေထာင္ခ်ခံရတာေတြကို ေထာက္ျပခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။

ဒီလိုေျပာခဲ့တဲ့အတြက္ စြပ္စြဲခံရတဲ့ အာဏာရ NLD ပါတီဘက္က လည္း "အဲဒါက ျပည္သူလူထုကို အထင္ေသးတာဗ်။ျပည္သူလူထုက ဗိုလ္ခ်ဳပ္လည္းျမင္တယ္။ႏိုင္ငံေရးပါတီလည္းျမင္တယ္။အဲဒီႏိုင္ငံေရးပါတီရဲ႕ ေခါင္းေဆာင္ကိုလည္းျမင္တယ္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုၾကည့္ၿပီး မဲေပးတာမဟုတ္ဘူး။ကန႔္ကြက္တဲ့ကိစၥေတြက ႏိုင္ငံေရးအရ အျမင္က်ဥ္းတယ္လို႔" လို႔ ျပန္တုံ႔ျပန္ခဲ့ပါတယ္။ဇူလိုင္ ၁ ရက္ ညမွာေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္ကိုေၾကညာခဲ့ၿပီး လာမည့္ ႏိုဝင္ဘာ ၈ ရက္မွာ ေ႐ြးေကာက္ပြဲက်င္းပမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒါ့အျပင္ မဲဆြယ္ေရးလုပ္ငန္းေတြကို ေၾကညာသည့္ေန႔မွစၿပီး လုပ္ေဆာင္ႏိုင္တဲ့အတြက္ ဒီေနာက္မွာ ပါတီေတြဘက္က ေ႐ြးေကာက္ပြဲအတြက္ လႈပ္ရွားေဆာင္႐ြက္မႈေတြရွိလာပါတယ္။ဇူလိုင္ ၂ ရက္မွာ က်င္းပတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ CEC အစည္းအေဝးမွာ ပါတီရဲ႕ ဥကၠ႒နဲ႔ ဒုဥကၠ႒တို႔ ေ႐ြးေကာက္ပြဲဝင္မယ္လို႔ ေၾကညာခဲ့သလို ျပ႒ာန္းထားတဲ့ဥပေဒနဲ႔အညီ ပါတီစည္း႐ုံးေရးလုပ္ငန္းမ်ားႏွင့္ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ႏိုင္ၿပီဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

ပါတီမဲဆြယ္ပြဲနဲ႔ပတ္သက္ၿပီး ေကာ္မရွင္က ဗိုလ္ခ်ဴပ္ေအာင္ဆန္းပုံကို ပါတီအားလုံးသုံးခြင့္ေပးခဲ့ၿပီး ႀကံ့ခိုင္ေရးပါတီကေတာ့ လာမည့္ေ႐ြးေကာက္ပြဲတြင္ ဦးသိန္းစိန္ပုံျဖင့္ မဲဆြယ္စည္း႐ုံးျခင္း ျပဳျခင္း၊ မျပဳျခင္းကို မဆုံးျဖတ္ရေသးဘူးလို႔ ဇြန္ ၂၉ ရက္ သတင္းစာရွင္းလင္းပြဲကတည္းက ေဒါက္တာနႏၵာလွျမင့္ က ေျပာခဲ့တာရွိပါတယ္။ဒီအတြက္ ယခုႏွစ္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲက ယခင္ကထက္ ပိုျပင္းထန္လာမွာေသခ်ာေနသလို  ျမန္မာျပည္ဒီမိုကေရစီလမ္းေၾကာင္းေပၚ ေရာက္၊ မေရာက္ကို ဒီေ႐ြးေကာက္ပြဲက ဆုံးျဖတ္ေပးမွာေသခ်ာေနပါတယ္။ဒီအတြက္ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ကာခ်ဳပ္အလြန္ ႏိုင္ငံေရး

မၾကာမီက ႐ုရွားႏိုင္ငံမွာက်င္းပတဲ့ Victory Day of Great Patriotic War (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားကို သြားေရာက္တက္ေရာက္ခဲ့တဲ့ ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ အဆိုပါခရီးစဥ္အတြင္း ျပည္ပသတင္းဌာနေတြျဖစ္တဲ့ Arguments and Facts ၊ ZVEZDA ၊ RT ၊ Red Star စသည့္သတင္းဌာနမ်ားႏွင့္ Politic မဂၢဇင္းနဲ႔ ဇြန္ ၂၂ ရက္မွာ အင္တာဗ်ဴးလုပ္ခဲ့ၿပီး ဇြန္ ၂၅ ရက္မွာ ႐ုရွား RT သတင္းဌာနနဲ႔ အင္တာဗ်ဴးေမးျမန္းတာကို လက္ခံေျဖၾကားခဲ့ပါတယ္။

ဒီထဲမွာ Arguments and Facts သတင္းဌာနနဲ႔ ကာခ်ဳပ္တို႔ ေတြ႕ဆုံအင္တာဗ်ဴးမႈက ျမန္မာႏိုင္ငံက ႏိုင္ငံေရးစိတ္ဝင္စားသူေတြၾကား စိတ္ဝင္စားမႈျမင့္တက္ခဲ့ပါတယ္။ဒီအင္တာဗ်ဴးမွာ ကာကြယ္ေရးဦးစီးခ်ဳပ္က ၎အၿငိမ္းစားယူၿပီးေနာက္ပိုင္း ဆက္သြားမယ့္အစီအစဥ္ေတြထဲမွာ ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး ေျပာခဲ့တာရွိခဲ့ပါတယ္။ဒီထဲမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕မိန႔္ခြန္းထဲပါခဲ့တဲ့  ျမန္မာႏိုင္ငံရဲ႕သမိုင္းေၾကာင္းဟာ ျမန္မာ့တပ္မေတာ္ရဲ႕သမိုင္းေၾကာင္းလို႔ ေျပာခဲ့တဲ့အေပၚနဲ႔ပတ္သက္ၿပီး Arguments and Facts သတင္းဌာနက ေမးတဲ့အခါ ကာကြယ္ေရးဦးစီးခ်ဳပ္က "၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလကေနၿပီးေတာ့ ၂ဝ၁၁ ခုႏွစ္ကာလအတြင္းမွာေတာ့ တပ္မေတာ္ကေတာက္ေလွ်ာက္ပါလာခဲ့တာ ေတြ႕ရတာေပါ့။ဒါေၾကာင့္ ႏိုင္ငံရဲ႕သမိုင္းမွာ တပ္မေတာ္က ယွဥ္တြဲေနတယ္။တပ္မေတာ္ရဲ႕သမိုင္းဟာလည္း ႏိုင္ငံနဲ႔ယွဥ္တြဲေနတယ္။အလားတူ ကြၽန္ေတာ္တို႔ ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္းသြားတာ ၂ဝ၁၁ ကေနၿပီးေတာ့ အခု ၂ဝ၂ဝ ေပါ့။ ၁ဝ ႏွစ္ နီးပါးေလာက္ရွိသြားၿပီ။ဒါဟာလည္း ကြၽန္ ေတာ္တို႔ ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္း မယိမ္းယိုင္ရေအာင္ တပ္မေတာ္ကေနၿပီး ထိန္းေပးတဲ့အေနအထားေတာ့ရွိေနတယ္။ဒါေၾကာင့္မို႔လို႔ ႏိုင္ငံသမိုင္းနဲ႔ တပ္မေတာ္ ခြဲျခားလို႔မရဘူး" လို႔ ေျပာခဲ့ပါတယ္။

အဆိုပါသတင္းဌာနက လႊတ္ေတာ္ႏိုင္ငံေရးမွ တပ္မေတာ္ဆုတ္ခြာမည့္ကာလကို ေမးခဲ့ရာမွာ ကာကြယ္ေရးဦးစီးခ်ဳပ္က တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕ လက္နက္ကိုင္ဆန႔္က်င္ေရးအရ လုံၿခဳံေရးအရတည္ၿငိမ္မႈမရွိတာနဲ႔ ႏိုင္ငံေရးအရအတိုက္အခိုက္မ်ားၿပီး ႏိုင္ငံေရးက မတည္ၿငိမ္ မရင့္က်က္ေသးတဲ့အတြက္ တည္ၿငိမ္သြားလို႔ရွိရင္ တပ္မေတာ္က သူ႔ရဲ႕လမ္းေၾကာင္းအတိုင္းပဲ သြားဖို႔ရွိပါတယ္လို႔ ေျပာခဲ့ပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ အခန္းက႑နဲ႔ပတ္သက္ၿပီး Arguments and Facts သတင္းဌာနက ေမးခဲ့ရာလည္း ကာကြယ္ေရးဦးစီးခ်ဳပ္က ဒီေ႐ြးေကာက္ပြဲ လြတ္လပ္ၿပီး တရားမွ်မွ်တတ ေ႐ြးေကာက္ပြဲျဖစ္ဖို႔က တပ္မေတာ္အတြက္ နံပါတ္ ၁ အေရးႀကီးဆုံးျဖစ္ေၾကာင္းေျပာခဲ့သလို ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာလည္း လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ တာဝန္ယူကူညီ ပူးေပါင္းေဆာင္႐ြက္ရမယ့္တာဝန္က နံပါတ္ ၁ ဦးစားေပးလုပ္ငန္းျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲက လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲလို႔ ယုံၾကည္စိတ္ခ်ရမႈရွိတယ္ဆိုရင္ ႏိုင္ငံေရးကိုပါဝင္ဖို႔ဆိုတာ စဥ္းစားဖို႔ျဖစ္လာေၾကာင္း ေျပာခဲ့ပါတယ္။ဒါ့အျပင္ တပ္မေတာ္မွာ တာဝန္ယူခဲ့တဲ့ ႏွစ္ ၄၀ အတြင္းရခဲ့တဲ့ စစ္ေရးနဲ႔ အုပ္ခ်ဳပ္ေရး အေတြ႕အႀကဳံေတြေၾကာင့္ တိုင္းျပည္အတြက္ ဘယ္လိုလုပ္ေပးရမလဲ၊ တိုင္းျပည္အတြက္ လုပ္ေပးခ်င္တဲ့စိတ္ေတြရွိတယ္လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ZVEZDA သတင္းဌာနနဲ႔ ေတြ႕ဆုံမႈမွာလည္း COVID-19 ေရာဂါေၾကာင့္ မျပဳလုပ္ခဲ့ရတဲ့ (၇၅) ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားကို COVID-19 ေရာဂါ ျပန္လည္ထိန္းခ်ဳပ္ႏိုင္သည့္ အေျခအေနေရာက္ခဲ့ရင္ ခမ္းခမ္းနားနားျပန္လုပ္ပါမယ္လို႔ ေျပာခဲ့ပါတယ္။ဒီလိုေတြ႕ဆုံ အင္တာဗ်ဴးအေပၚ အေျခခံၿပီး လာမည့္ေ႐ြးေကာက္ပြဲမွာ ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ လႊတ္ေတာ္ႏိုင္ငံေရးထဲ ပါဝင္လာဖို႔ရွိတယ္ဆိုတဲ့ သုံးသပ္မႈေတြေပၚထြက္လာခဲ့သလို သမၼတေနရာအတြက္ တာဝန္ယူဖို႔ စဥ္းစားေနၿပီလားဆိုတဲ့ တြက္ခ်က္မႈေတြ ထြက္လာခဲ့ပါတယ္။လက္ရွိျပ႒ာန္းထားတဲ့ အေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတ တာဝန္ယူဖို႔အတြက္ ေ႐ြးေကာက္ပြဲအႏိုင္ရပါတီေတြ ႀကီးစိုးတဲ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္တို႔က ဒု-သမၼတေလာင္းႏွစ္ဦးကို ေ႐ြးခ်ယ္ေပးရမွာျဖစ္သလို  လႊတ္ေတာ္ႏွစ္ရပ္မွာ အခ်ိဳးက်ပါဝင္ေနတဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕က ဒုသမၼတေလာင္းတစ္ဦးကို ေ႐ြးခ်ယ္စာရင္းေပးပို႔ၿပီး ဒုသမၼတေလာင္း ၃ ဦးထဲကေန တစ္ဦးကို  သမၼတအျဖစ္ ေ႐ြးေကာက္ပြဲအႏိုင္ရ ကိုယ္စားလွယ္ေတြပါဝင္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္က ဆႏၵမဲေပးၿပီး ေ႐ြးခ်ယ္ၾကရမွာျဖစ္ပါတယ္။

ဒီလိုလုပ္ငန္းစဥ္ေၾကာင့္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ တာဝန္ကေန အၿငိမ္းစားယူၿပီးတဲ့ေနာက္ သမၼတတာဝန္ယူဖို႔ ျဖစ္ႏိုင္တဲ့လမ္းေၾကာင္းကို တြက္ဆသလို လက္ရွိအာဏာရပါတီက ၂၀၁၅ ခုႏွစ္ကလို မဲအမ်ားစုနဲ႔ ဆက္လက္အႏိုင္မရခဲ့ရင္ ျဖစ္လာတဲ့ ၫႊန္႔ေပါင္းမွာ ဘယ္သူက သမၼတေနရာယူလာႏိုင္လဲ၊ ကာခ်ဳပ္ရဲ႕ ႏိုင္ငံေရးလမ္းေၾကာင္းက ဘယ္အထိသြားႏိုင္လဲဆိုတာကို ေတြးဆခ်က္ေတြနဲ႔ သုံးသပ္တြက္ခ်က္မႈေတြရွိလာခဲ့သလို သူတို႔သုံးသပ္ခ်က္ေတြ ဘယ္ေလာက္ မွန္/မမွန္ ကို လာမယ့္လအနည္းငယ္မွာ ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

ယခုရက္ပိုင္းျဖစ္တဲ့ ဇြန္လ ၂၆ ရက္က (၃၆) ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးကို ကိုဗစ္-၁၉ ေရာဂါေၾကာင့္ Video Conferencing စနစ္နဲ႔ ျပဳလုပ္ခဲ့ပါတယ္။အစည္းအေဝးမွာ အဓိကအေၾကာင္းအရာအျဖစ္ COVID-19 ကူးစက္ေရာဂါေၾကာင့္ ထိခိုက္ရတဲ့ ႏိုင္ငံမ်ားရဲ႕စီးပြားေရးနဲ႔ အျခားက႑ေတြကိုေဆြးေႏြးခဲ့ကာ ျပန္လည္နာလန္ထူေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရမယ့္ကိစၥေတြကို ေဆြးေႏြးခဲ့တာကို ေတြ႕ရပါတယ္။ဒီေဆြးေႏြးပြဲမွာ မေလးရွားဝန္ႀကီးခ်ဳပ္က ရခိုင္အေရးကိစၥႏွင့္ပတ္သက္ၿပီး ေဆြးေႏြးတဲ့အေပၚ ျပန္လည္တုံ႔ျပန္ခဲ့ၿပီး အၾကမ္းဖက္မႈႏွင့္ လူကုန္ကူးမႈျပႆနာမွာ ရခိုင္ျပည္နယ္အတြင္း လက္ရွိရင္ဆိုင္ေနရတဲ့ အႏၲရာယ္ႏွစ္ခုျဖစ္ၿပီး ယင္းျပႆနာႏွစ္ရပ္မွာ တစ္ကမာၻလုံးကိုၿခိမ္းေျခာက္ေနသည့္ ျပႆနာမ်ားျဖစ္ေၾကာင္း၊ အာဆီယံအေနျဖင့္ ယင္းျပႆနာမ်ားကို မိမိတို႔ေဒသတစ္ခုတည္းအတြက္သာမက တစ္ကမာၻလုံး၏ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ သဟဇာတျဖစ္မႈကို တိုးျမႇင့္ႏိုင္ေစမည့္ အျပဳသေဘာေဆာင္သည့္နည္းလမ္းျဖင့္ အတူတစ္ကြပူးေပါင္းေျဖရွင္းႏိုင္မည္ဟု ယုံၾကည္ေၾကာင္းေျပာခဲ့ပါတယ္။

ဒီရက္ပိုင္းမွာဘဲ ႏိုင္ငံတကာကေစာင့္ၾကည့္ေနတဲ့ ဂူတာျပင္ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး က်ဴးလြန္ခဲ့တဲ့သူေတြကို စစ္တရား႐ုံး (Court-Martial) က သက္ေသစုံလင္စြာျဖင့္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးလို႔ အမိန႔္ခ်ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ဂူတာျပင္ျဖစ္စဥ္မွာ စစ္တရား႐ုံးက အရာရွိႀကီးတစ္ဉီး၊ အရာရွိတစ္ဦးႏွင့္ အျခားအဆင့္ စစ္သည္တစ္ဦးတို႔ကို ျပစ္ဒဏ္အသီးသီးခ်မွတ္လိုက္ၿပီျဖစ္ေၾကာင္း တပ္ဘက္ကထုတ္ျပန္ခဲ့ၿပီး စစ္တရား႐ုံး (Court-Martial) ၏ စစ္ေဆးစီရင္မႈမ်ားအား သက္ဆိုင္ရာအတည္ျပဳအာဏာပိုင္၏ ျပစ္ဒဏ္အတည္ျပဳခ်က္ရရွိပါက ဆက္လက္ထုတ္ျပန္ေပးသြားမယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ေမာင္ႏုေက်း႐ြာႏွင့္ ခြၽတ္ျပင္ေက်း႐ြာ ျဖစ္စဥ္မ်ားကိုလည္း စုံစမ္းစစ္ေဆးေရးခုံ႐ုံး (Court of Inquiry) ျဖင့္ စစ္ေဆးေဆာင္႐ြက္မႈမ်ား ဆက္လက္ျပဳလုပ္သြားမယ္ဆိုတာကို တပ္ဘက္ကထုတ္ျပန္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ အာဆာလို႔ေခၚတဲ့ ဘဂၤါလီအၾကမ္းဖက္အဖြဲ႕အျပင္ ေနာက္ပိုင္းမွာ ေတာက္ေလွ်ာက္အၾကမ္းဖက္တိုက္ခိုက္လာတာက ရခိုင္လက္နက္ကိုင္ ေအေအအဖြဲ႕ပါဘဲ။အဆိုပါတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕နဲ႔ တပ္မေတာ္တို႔အၾကား တိုက္ခိုက္မႈေတြျပင္းထန္လာတဲ့အတြက္ အရပ္သားေတြထိခိုက္ေသဆုံးမႈရွိလာသလို ေဒသတြင္းအုပ္ခ်ဳပ္ေရးယႏၲရားကို ပ်က္ျပားေအာင္ အစိုးရဝန္ထမ္းေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြလည္း ျမင့္တက္လာပါတယ္။ဒီရက္ပိုင္းမွာဘဲ စစ္ေတြမွာ တာဝန္ထမ္းေဆာင္ရာကေနျပန္လာတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ေအေအက အိမ္ၿခံ၀ကေနေစာင့္ၿပီး ဓားနဲ႔ထိုးသတ္တဲ့ ျဖစ္စဥ္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။

အေစာပိုင္းလေတြကတည္းက ရဲဝန္ထမ္းေတြ၊ အုပ္ခ်ဳပ္ေရးဝန္ထမ္းေတြကို ျပန္ေပးဆြဲတာေတြ၊ သတ္ျဖတ္တာေတြရွိခဲ့သလို  ရဲကင္းစခန္းေတြ နယ္ျခားကင္းစခန္းေတြ ျမစ္အတြင္းသြားလာေနတဲ့ စစ္သေဘၤာေတြကို ပစ္ခတ္တာေတြလည္းရွိခဲ့တဲ့အတြက္ အဆိုပါနယ္ေျမေတြထဲပါဝင္တဲ့ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာအုပ္စုတေလွ်ာက္ကို နယ္ေျမရွင္းလင္းဖို႔လုပ္မယ္ဆိုၿပီး တပ္မေတာ္ဘက္က ရခိုင္ျပည္နယ္၊ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာနက ဇြန္ ၂၄ ရက္မွာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးထံ ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ပါတယ္။ထုတ္ျပန္ခ်က္မွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာအနီးတဝိုက္ရွိ ေက်း႐ြာမ်ားတြင္ ေအေအတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ခြဲလႈပ္ရွားေနသည့္အတြက္ တပ္မေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ရန္ ေက်ာက္တန္းေက်း႐ြာအနီးတဝိုက္ရွိ ေဒသခံမ်ားအေနျဖင့္ ေခတၱတိမ္းေရွာင္းေပးၾကရန္ဆိုၿပီး ေဒသတြင္းအုပ္ခ်ဳပ္ေရးမႉးေတြဆီကို ဇြန္ ၂၄ ရက္က ထုတ္ျပန္ခဲ့တာပါ။ဒီလိုသတိေပးထုတ္ျပန္ခဲ့တဲ့အတြက္ ေဒသခံတစ္သိန္းေလာက္က အလွ်င္အျမန္ေ႐ႊ႕ေျပာင္းခဲ့တယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။

ဒီထုတ္ျပန္ခ်က္က လူမႈကြန္ရက္ကေနတစ္ဆင့္ သတင္းမီဒီယာေတြဆီကို က်ယ္က်ယ္ျပန႔္ျပန႔္ေရာက္လာခဲ့ၿပီး ေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံမွာရွိတဲ့ ဩစေၾတးလ်၊ ကေနဒါ၊ ယူေကႏွင့္ အေမရိကန္ သံ႐ုံးမ်ားပူးေပါင္းၿပီး နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားကို စိုးရိမ္ေၾကာင္းစာကို ထုတ္ျပန္ခဲ့ရပါတယ္။ဒီထုတ္ျပန္စာမွာ စစ္ဆင္ေရးမ်ား၏ သမိုင္းေၾကာင္းဆိုင္ရာ သက္ေရာက္မႈမ်ားသည္ အရပ္သားမ်ားအား အခ်ိဳးအစားမမွ်တစြာ ထိခိုက္မႈမ်ားျဖစ္ေပၚေစေၾကာင္း သတိျပဳမိတယ္ဆိုတာ ေဖာ္ျပခဲ့သလို ႐ြာသားမ်ား ထြက္ေျပးတိမ္းေရွာင္ေနရျခင္းသည္ ရခိုင္ျပည္နယ္၏ ေနရပ္စြန႔္ခြာေနထိုင္သူဦးေရကို သိသာထင္ရွားစြာ ပိုမိုမ်ားျပားလာေစလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ အျပည္ျပည္ဆိုင္ရာတရားဥပေဒအတိုင္း လိုက္နာရန္ႏွင့္ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၏ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ားကို အေကာင္အထည္ေဖာ္လုပ္ေဆာင္ရန္ ျမန္မာ့တပ္မေတာ္တြင္ တာဝန္ရွိပါသည္ဆိုကာ ေဖာ္ျပခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒီလိုသံ႐ုံးဘက္က စာထြက္လာၿပီးေနာက္ ဇြန္လ ၂၆ရက္မွာ ယင္းေၾကညာခ်က္ကို ျပန္႐ုတ္သိမ္းလိုက္ပါတယ္။ဒီ႐ုတ္သိမ္းခဲ့ၿပီး မီဒီယာေတြမွာေဖာ္ျပတဲ့ ရခိုင္ျပည္နယ္ နယ္လုံဝန္ႀကီးရဲ႕ ေျပာၾကားခ်က္မွာေတာ့ ေက်ာက္တန္းေက်း႐ြာအနီးတဝိုက္တြင္ နယ္ေျမရွင္းလင္းေရးလုပ္မည္ဆိုသည့္အေပၚ  ျပည္သူမ်ားႏွင့္ ႏိုင္ငံတကာကပါ နားလည္မႈလြဲမွားၿပီး စိုးရိမ္ေနကာ ရေသ့ေတာင္တစ္ခုလုံးျဖစ္သြားတဲ့အတြက္ ထုတ္ျပန္စာကို ျပန္႐ုတ္သိမ္းလိုက္တာလို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။လက္ရွိမွာ တိုက္ပြဲေတြဆက္ျဖစ္ေနသလို နယ္ေျမရွင္းလင္းေရးေတြကို ဆက္လုပ္ေနတဲ့အတြက္ ရခိုင္ေျမာက္ပိုင္းရဲ႕ တရားဥပေဒစိုးမိုးေရးနဲ႔ နယ္ေျမလုံၿခဳံေရး ပိုေကာင္းလာမလား၊ စစ္ေဘးေရွာင္ဒုကၡသည္ေတြဘဲ တိုးလာမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။  

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားစရာ သတင္းေတြကေတာ့ (ဒလ) တံတား စီမံကိန္းလုပ္ငန္းခြင္မွ ေရလည္တိုင္တည္ေဆာက္ေရးအဖြဲ႕ေခါင္းေဆာင္ တ႐ုတ္ႏိုင္ငံသားတစ္ဦး ေရထဲျပဳတ္က်လို႔ ေသဆုံးသြားခဲ့တဲ့သတင္း၊ အလုပ္ခန႔္စာ အမိန္႔ထုတ္ျပန္တာေနာက္က်လိုဆိုၿပီး ပညာေရးဝန္ႀကီး၏ ေခါင္းတလားပုံစံခ်ကာ စစ္ကိုင္းတိုင္းပညာေရးမႉး႐ုံးေရွ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့သတင္း၊ နာမည္ေက်ာ္ တရားေဟာဆရာ ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ကို သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔ စြဲခ်က္တင္လိုက္တဲ့သတင္း၊ ျမန္မာႏိုင္ငံက အီးယူကိုေပးစရာရွိတဲ့ ေႂကြးၿမီ ၉၈ သန္းကို ကိုဗစ္-၁၉ ေၾကာင့္ ေခတၱဆိုင္းငံ့ေပးခဲ့တဲ့သတင္း၊ ျမစ္ဆုံစီမံကိန္းတားျမစ္ခ်က္ စာခြၽန္ေတာ္ကို ျပည္ေထာင္စုတရားလႊတ္ေတာ္ကို တင္သြင္းမယ္လို႔ ေရွ႕ေနတစ္ဦးက သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္တဲ့သတင္း၊ ခ်င္းျပည္နယ္ ထန္တလန္မွာ ဝက္အားနည္းေရာဂါေၾကာင့္ ဝက္ ၃၀၀ ေသဆုံးခဲ့တဲ့သတင္း၊ လစာထက္ဝက္ေလွ်ာ့ခ်လို႔ ရန္ကုန္ၿမိဳ႕က သယ္ယူပို႔ေဆာင္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ YBPC ကုမၸဏီမွ ယာဥ္ေမာင္း ၄၀၀ ေက်ာ္ ႏုတ္ထြက္သြားတဲ့သတင္း၊ ဖားကန႔္မွာ ေျမၿပိဳမႈျဖစ္လို႔ ေသဆုံးသူ ၁၆၆ ဦးနဲ႔ ဒဏ္ရာရသူ ၅၅ ဦးထိ ရွိလာတဲ့သတင္း၊ ဖားကန႔္မွာ ေက်ာက္တူးေဖာ္ခြင့္ကို ၃ လရပ္ဆိုင္းခဲ့တဲ့သတင္း၊ ရန္ကုန္ဝန္ႀကီးခ်ဳပ္ ေ႐ြးေကာက္ပြဲမဝင္ေတာ့ဘူးဆိုတာ အတည္ျပဳလိုက္တဲ့သတင္း၊ ေတာင္ကုတ္ ANP ပါတီ ဥကၠ႒ကို အၾကမ္းဖက္ပုဒ္မနဲ႔ တရားစြဲလိုက္တဲ့သတင္းေတြနဲ႔ ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၃