【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဖြုတ်/ထုတ် ဖယ်ရှားမှုတွေနဲ့ စတင်လိုက်တဲ့ နှစ်သစ်အဖွင့်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဖြုတ်/ထုတ် ဖယ်ရှားမှုတွေနဲ့ စတင်လိုက်တဲ့ နှစ်သစ်အဖွင့်

ယခုတစ်ပတ်အတွင်း ပြည်တွင်းသတင်းတွေထဲမှာ အာရုံစိုက်စောင့်ကြည့်စရာ သတင်းအချို့ဖြစ်ပေါ် ခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ အစိုးရဆိုင်ရာသတင်းတွေဖြစ်တဲ့ ဂျပန် ဒု-နိုင်ငံခြားရေးဝန်ကြီးကို တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က လက်ခံတွေ့ဆုံတဲ့သတင်း၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့်မြောက်ပိုင်းလက်နက် ကိုင်သုံးဖွဲ့ ဇန်နဝါရီအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူထားတဲ့ သတင်းစတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲက သမ္မတဦးဝင်းမြင့်က အာဏာရှိသူက ပြည်သူလူထုကို ဖိစီး နှိပ်စက်သည့် အုပ်ချုပ် ရေးစနစ်မျိုးမဖြစ်ပေါ်စေရေး လုပ်ပိုင်ခွင့် အလွဲသုံးခြင်းများရှောင်ရှားရမယ်လို့ သတိပေးပြောကြားခဲ့တဲ့ သတင်း၊ ညွှန်ချုပ် တစ်ဦးကို သမ္မတအမိန်နဲ့ ရာထူးကနေထုတ်ပယ်တာနဲ့  လွှတ်တော်ဒုဥက္ကဋ္ဌတစ်ဦးကို အမျိုးသား ဒီမို ကရေစီအဖွဲချုပ်ပါတီ (NLD) ကနေ ထုတ်ပယ်ခဲ့တဲ့ သတင်းနဲ့ လိမ်လည်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ယောဂီ ဝတ်နန္ဒမာလာ ကို သိန်းတစ်သောင်းနဲ့ အာမခံပေးတဲ့ သတင်းနဲ့ နောက်တစ်ခုက ကျိုက်ထိုမြို့နယ် ထဲက စတိုး ဆိုင်တစ်ဆိုင်ကို AK47 သေနတ်ကိုင်ပြီး ဝင်လုယက်ခဲ့တဲ့ သတင်းတွေက ယခုတစ်ပတ်ရဲ့ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးသတင်းဖြစ်ခဲ့ပါတယ်။

ဝန်ထမ်းတွေကို သတိပေးခဲ့တဲ့ သမ္မတနဲ့ အစိုးရကို ဝိုင်းကူညီဖို့ ပြောတဲ့ သမ္မတဟောင်း

အများပြည်သူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ယခင်သမ္မတဟောင်း ဦးသိန်းစိန်တစ်ယောက် ဇန်န ဝါရီ ၁၅ရက်က ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ဇန်နဝါရီ ၁၅ရက်က မိတ္ထီလာမြို့ အာသောကရုံ ရေလည် ကျောင်းတိုက်မှာ ကျင်းပတဲ့ ရေလည်ကျောင်းတိုက်ဆရာတော်၊ ဘဒ္ဒန ္တလာဘာဝံသ (ဘုန်းဘုန်းလေး) ၏ သက်တော်(၈၉)နှစ်ပြည့် မွေးနေ့ကို လာရောက်ခဲ့ရာမှာ သတင်းမီဒီယာအချို့နဲ့ တွေဆုံပြီး လတ်တလော နိုင်ငံရေးအခြေအနေတွေကို ပြောခဲ့ပါတယ်။

ဆရာတော်မွေးနေ့ပွဲလာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်က နိုင်ငံသားတစ်ယောက်အနေဖြင့် အစိုးရကို ကူညီရန် လိုအပ်သလို တပ်မတော်ကိုအားပေးရမည်ဖြစ်တယ်လို့ ပြောခဲ့သလို တပ်မတော်က နိုင်ငံကိုကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းဖြစ်လို တပ်မတော်မုန်းတီးရေးလုပ်ဆောင်တာက  မည်သည့်အကျိုးမှ ရှိမှာ မ ဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်တဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရမှာ ပြည်သူက ရွေးချယ်ထားတာဖြစ်လို့ အစိုးရကိုဝိုင်းဝန်း ကူညီကြဖို့ ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်မှာ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတနဲ့ မဏ္ဍိုင်သုံးရပ် တာဝန်ရှိသူများတွေ့ဆုံပွဲမှာတော့  လက်ရှိ သမ္မတဦးဝင်းမြင့်က အာဏာရှိသူက ပြည်သူလူထုကို ဖိစီး နှိပ်စက်သည့် အုပ်ချုပ်ရေးစနစ် မျိုးမဖြစ်ပေါ်စေရေး လုပ်ပိုင်ခွင့် အလွဲသုံးခြင်းများ ရှောင်ရှားရမယ်လို့ သ တိပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာဝန်ထမ်းများကို ပြည်ထောင်စုအစိုးရ၊ တိုင်းနှင့်ပြည် နယ် အစိုး ရအဖွဲ့များက ချမှတ်သည့် မူဝါဒများကိုလိုက်နာဖို့နဲ့ အစိုးရအဖွဲ့များနဲ့ အတူလိုက်ပါ ဆောင်ရွက်ဖို့လိုအပ်တယ် လို့ ပြောခဲ့ပါတယ်။

လက်ရှိနိုင်ငံမှာ ကြုံနေရတဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးကိစ္စတွေမှာ  ခေတ်ပြောင်းစနစ်ပြောင်းနေတဲ့ လက်ရှိအရပ်သားအစိုးရရဲ့ ဖော်ဆောင်မှုကို ကန်လန့်ဖီလာတိုက်နေတဲ့ ထုထည်ကြီးမားတဲ့ ဝန်ထမ်းဆိုး၊အရာ ထမ်းဆိုးတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်နေတဲ့အတွက် ဒါကို သမ္မတဟောင်းနဲ့ သမ္မတသစ်နှစ်ဦးစလုံးက ပြင် ဆင်ဖို့ သတိပေးတိုက်တွန်းခဲ့တာပါ။ ညွှန်ချုပ်တစ်ဦးကို ထုတ်ပယ်ပြီးမကြာခင်မှာ သမ္မတရဲ့ သတိပေးမှုထွက် လာတဲ့ အတွက် ဘာတွေ ပြောင်းလဲအရေးယူမှုတွေ ဖြစ်လာဦးမလဲ ၊ဘာတွေ ထူးခြားမှုတွေ ဖြစ်လာဦးမလဲဆို တာ ဆက်စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းတွေက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ကျန်းမာရေးဆိုင်ရာသတင်းထူးဖြစ်တဲ့ မိတ္ထီလာမြို့က ရွာတစ်ရွာမှာ ထောင့်သန်းရောဂါပိုးကူးစက်ခံရတဲ့သူနှစ်ဦးကို တွေ့ရှိတဲ့သတင်း၊နည်းပညာသတင်းကောင်းဖြစ် တဲ့  ရတနာပုံဆိုက်ဘာစီးတီးက မြန်မာကျောင်းသားအဖွဲ့နဲ့ တက္ကဆက်ကျောင်းသားအဖွဲ့ပူးပေါင်းတီထွင်ခဲ့တဲ့  အလင်းထုတ်ကရိယာနဲ့ The OPEN Minds Showcase ပြိုင်ပွဲမှာ ပထမဆုရတဲ့ သတင်း၊ စာပေဆိုင်ရာ ထူးခြား တဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့  ပြည်တွင်းစာပေတိုက်တစ်ခုက ထုတ်တဲ့  ယခင်ဆိုဗီယက်နိုင်ငံအကြောင်း သရော် ထားတဲ့ တင်တင်ရဲ့ စွန့်စားခန်းများ ကာတွန်းစာအုပ်ကို ဝယ်ယူအားမပေးဖို့ ရုရှားသံရုံးက သတင်းထုတ်ပြန်ခဲ့တဲ့ သတင်း၊မူခင်းဆိုင်ရာထူးခြားသတင်းတွေဖြစ်တဲ့ ဆရာတော်ဦးဝီရသူအပါအဝင် တရားလိုသက်သေနှစ်ဦးကို မစိုးရိမ်တိုက်သစ်မှာစစ်ဆေးပေးဖို့ လျှောက်ထားမှု မဟာအောင်မြေမြို့နယ်တရားသူကြီးက ပယ်ချခဲ့တဲ့သတင်း၊ မြန်မာလုပ်သား ၁၄ ဦးကို အဓမ္မ စေခိုင်းခြင်း၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းတို့ကြောင့် ထိုင်းကြက် ခြံပိုင်ရှင်ကို နစ်နာကြေးဘတ်ငွေ ၁ ဒသမ ၇ သန်း (ကျပ်သိန်း ၈၀၀ ကျော်)ပေးဆောင်ရန် ထိုင်းတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့တဲ့ သတင်း၊ အိမ်အ ကူဒေါ်ကရင်မသေဆုံးမှုအတွက် တရားစွဲဆိုခံထားရသော ဥပဒေအရာရှိ အမျိုးသမီးကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်သင့်/မတင်သင့် လာမည့်ရုံးချိန်းမှာ အမိန့်ချမယ့်သတင်းစတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ ဖြစ်ခဲ့ပါတယ်။

ဖြုတ်/ထုတ် ဖယ်ရှားမှုတွေနဲ့ စတင်လိုက်တဲ့ နှစ်သစ်အဖွင့်

ယခုတစ်ပတ်သတင်းတွေထဲ အများပြည်သူကြားချင်တဲ့ သတင်းအချို့ ပါခဲ့ပါတယ်။ ဒီသတင်းတွေက ညွှန်ချုပ်တစ်ဦးကို သမ္မတအမိန်နဲ့ ရာထူးကနေထုတ်ပယ်တာနဲ့  လွှတ်တော်ဒုဥက္ကဋ္ဌတစ်ဦးကို အမျိုးသားဒီမိုက ရေစီအဖွဲချုပ်ပါတီ (NLD) ကနေ ထုတ်ပယ်ခဲ့တဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့လယ်ပိုင်းမှာ ညွှန်ချုပ်တစ်ဦးကို ရာထူးကနေဖယ်ရှားလိုက်တဲ့ အမိန်ကြေ ညာစာတစ်စောင် အွန်လိုင်းကနေ ပျံနှံလာခဲ့ပါတယ်။ဇန်နဝါရီ ၁၄ ရက်နေ့စွဲနဲ့ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနညွှန်ချုပ်ဖြစ်တဲ့ ဦးရန်နိုင်ထွန်းကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။  

ဒါဟာ အရပ်သားအစိုးရလက်ထက်မှာ ဒုတိယအကြိမ်မြောက် အဆင်ြ့မင့်အရာရှိကြီးတစ်ဦးကို အမိန့် ကြေညာစာနဲ့ ထုတ်ပယ်ခြင်းပါဘဲ။ကုန်သွယ်ရေးဦးစီးဌာနညွှန်ချုပ်ဖြစ်တဲ့ ဦးရန်နိုင်ထွန်းကို ရာထူးမှ ထုတ်ပယ် ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ အများကြီးထွက်ပေါ်လာခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာ ပိုင်တွေဘက်ကတော့ ရာထူးကနေဖယ်ရှားရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး တရားဝင် ဘာမှထုတ်ပြန်မှုမရှိခဲ့ ပါဘူး။

ဒါပေမယ့် Myanmar Now သတင်းဌာနက စီးပွားကူးသန်း ဒုတိယအတွင်းဝန်ဦးခင်မောင်လွင်ကို မေး မြန်းခဲ့ရာမှာတော့  သွင်းကုန်ထုတ်ကုန်လိုင်စင်ကိစ္စများ၊ ပါမစ်များနှင့်စပ်လျဉ်းပြီး စည်းမျည်းစည်းကမ်းအရ အ ရေးယူတယ်လို့ ဆိုပါတယ်။ မကြာခင်က မူဆယ်ဘက်က ကျော့စန်းဂိတ်ပိတ်တဲ့ ကိစ္စ၊ ယခုနှစ်အတွင်း နယ်စပ် ကုန်သွယ်မှု လျော့ကျလာတာတွေရှိတဲ့အချိန်မှာ အဓိကအသက်ဆိုင်ဆုံးဖြစ်တဲ့ ကုန်သွယ်ရေးဦးစီးဌာနက အ ဆင့်မြင့်ဆုံး အရာရှိကြီးတစ်ဦးကို ရာထူးကနေ ထုတ်ပယ်တာဟာ လူထုကြား အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ ဒီထုတ် ပယ်မှုက ဒီအဆင့်မှာဘဲ ပြီးသွားမလား၊ဘယ်သူတွေ နောက်ဆက်တွဲ ပါလာဦးမလဲ၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးက ဝင်ရောက်ကိုင်တွယ်မှုတွေ ရှိလာဦးမလားဆိုတာ အများပြည်သူကြား မေးခွန်းထုတ်စရာတွေ သိချင်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒီတစ်ပတ်ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာ ဖြုတ်ထုတ်သတင်းနောက်တစ်ခုက ပါတီကနေ ထုတ်ပယ် ခံလိုက်ရတဲ့ ဧရာဝတီတိုင်းဒေသကြီး ဒုလွှတ်တော်ဥက္ကဋ္ဌ သတင်းပါ။ သူကတော့ ရာထူးကနေ မဟုတ်ဘဲ သူ မိ ခင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ (NLD)ကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဧရာဝတီတိုင်းဒေသကြီး ဒုလွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ဦးစံမင်းအောင်ကို တိုင်းလွှတ်တော် အတွက် ကား ၅ စီးဝယ်ရာမှာ ကိုယ်ကျိုးစီးပွား ပါ ဝင်နေတယ်ဆိုပြီး ပြည်သူတစ်ဦးက တိုင်ကြားရာကနေ ပါတီကဝင်စစ်ဆေးပြီးနောက်မှာ ထုတ်ပယ်ခံခဲ့ရတာဖြစ် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ (NLD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီထုတ်ပယ် မှုကို ပြောခဲ့ပြီး ပါတီမှ စစ်ဆေးတွေ့ရှိချက်များနဲ့ ပတ်သက်လို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ကို စာပို့အကြောင်းကြားဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။လက်ရှိ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ နေရာ ကနေ ဖယ်ရှားဖို့ကတော့ လွှတ်တော်ဆန္ဒအတိုင်းဘဲ လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

ပါတီကနေ ထုတ်ပယ်ခံရတဲ့ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဦးစံမင်းအောင်ကတော့ သိန်း ၁၅၈၀ သုံးပြီး တိုင်းလွှတ်တော်အတွက် ကား ၅ စီးဝယ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာကတော့ အားလုံး သဘောဆန္ဒနဲ့ ဝယ်ခဲ့တယ်ဆိုပြီး ဝယ်စဉ်က တင်ဒါခေါ်ခဲပေမယ့် တင်ဒါမအောင်ကြတဲ့အတွက် လွှတ်တော် သဘောယူကာ ဝယ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ လွှတ်တော်ဘက်ကို ဒု-လွှတ်တော် ဥက္ကဋ္ဌရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပေးပို့မှုမရှိသေးသလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံကလည်း  ထုတ်ပြန်မှု မရှိသေးပါဘူး။ ဒါပေမယ့် ဒီပြဿနာက ပြီး နိုင်ဖွယ်မရှိသေးတဲ့အတွက် ဘာဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ အရပ်သားအစိုးရလက်ထက် မှာ  ဗျူရိုကရက်ကြီးတွေ၊ အရာရှိကြီး အချို့နဲ့ အာဏာရှိသူတွေရဲ့ခြစားမှုတွေ၊ကိုယ်ကျိုးစီးပွားရှာမှုတွေကို နည်းပါးသွားအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် အကျင့်ပျက်ခြစားမှုတွေကိုတော့ပျောက်ကွယ်သွားအောင် အရပ်သားအစိုးရ ဘယ်လိုလုပ် ဆောင်မလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ် သတင်းတွေထဲက ထူးခြားတဲ့ စီးပွားရေးသတင်းတွေ ဖြစ်တဲ့ YBS နှစ်နှစ် ပြည့် ပွဲမှာ ခြောက်လအတွင်း YBS ငွေပေးကတ်စနစ်ကို ဘတ်စ်ကားအစီးရေ  ၂,၀၀၀ တွင် အသုံးပြုနိုင်အောင် ဆောင်ရွက်မယ့်သတင်း၊ အီးယူက အထူးအခွင့်အရေး (GSP) ရပ်ဆိုင်းပြီး မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ ဆန် တင်ပို့မှုများအပေါ် သုံးနှစ်ကြာ စည်းကြပ်ခွန်ပြန်ကောက်မယ့် သတင်း၊တစ်ဦး ၅၀၀ ကျပ်ကျသင့်မယ့်  မိုးပျံရ ထားပြေးဆွဲရန် စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် တွေကို လာရှင်းပြတဲ့ သတင်း၊ ဗဟိုဘဏ်က ဘဏ်ထုတ်ချေးငွေမှာ အာမခံအပေါင်ပစ္စည်းမယူရင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ အတိုးရယူခွင့် ဘဏ်တွေကို ခွင့်ပြုလိုက်တဲ့ သတင်း၊ ကချင်ပြည်နယ်ထဲမှာ စီးပွားရေးဇုန် တစ်ခု ဖော်ဆောင်ဖို့ ကချင်ပြည်နယ်အစိုးရနဲ့ MTSH ကုမ္ပဏီတို့ ကုမ္ပဏီတစ်ခု ပူးပေါင်းထူထောင်လိုက်တဲ့ သတင်းတွေထဲ အထူးသတိထားစောင့်ကြည့်ရမယ့် သတင်းတွေ ဖြစ်ခဲ့ပါတယ်။

သိန်းတစ်သောင်းတန် နန္ဒမာလာ နဲ့ AK 47 သုံး လုတဲ့ မော်လမြိုင်လုယက်မှု

ယခုတစ်ပတ်သတင်းတွေထဲ အများဂရုတစိုက်စောင့်ကြည့်ရတဲ့ သတင်းနှစ်ပုဒ်ရှိခဲ့ပါတယ်။တစ်ပုဒ်က လိမ်လည်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ယောဂီဝတ်နန္ဒမာလာ ကို သိန်းတစ်သောင်းနဲ့ အာမခံပေးတဲ့ သတင်းနဲ့ နောက်တစ်ခုက ကျိုက်ထိုမြို့နယ် ထဲက စတိုးဆိုင်တစ်ဆိုင်ကို AK47 သေနတ်ကိုင်ပြီး ဝင်လုယက်ခဲ့တဲ့ သတင်းတစ်ပုဒ်တို့ဘဲ ဖြစ်ပါတယ်။

အများစိတ်ဝင်စားနေတဲ့ လိမ်လည်မှုများစွာနဲ့ တရားစွဲဆိုခံထားရတဲ့ ယောဂီဝတ်နန္ဒမာလာအမှုမှာ စွဲဆို မှုတွေထဲက တစ်ခုဖြစ်တဲ့ ကျပ်သိန်း ၂,၆၀၀ လိမ်လည်မှုနဲ့ လှိုင်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၁၅ ရက်က ဒုတိယ အကြိမ်ရုံးထုတ်ခဲ့ပါတယ်။ ယောဂီဝတ်နန္ဒမာလာဘက်က ယခုရုံးထုတ်မှာ အာမခံလျှောက်ထားခဲ့ပြီး တရားလို တွေဘက်ကတော့ လိမ်လည်မှုနဲ့ မန္တလေး မဟာအောင်မြေမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတွေမှာလည်း  တရားစွဲဆိုထားတဲ့အတွက် အာမခံမပေးဖို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။

တရားခွင်မှာ တရားလိုရှေ့နေက ယောဂီဝတ်နန္ဒမာလာမှာ လိပ်စာအတည်တကျမရှိတာ၊  အလုပ်အ ကိုင်အတည်တကျမရှိတာ၊ သက်သေတွေကို ဖျောက်ဖျက်ပစ်နိုင်တာ၊ အာမခံပေးရင် ထွက်ပြေး တိမ်းရှောင် နိုင်တာ စတဲ့ အချက်လေးချက်ကိုတင်ပြပြီး ကန့်ကွက်ခဲ့ပါတယ်။ ဒါအပြင် ယခုစွပ်စွဲခံ နန္ဒမာလာမှာ ၂၀၁၃ က တရားစွဲဆိုခံထားရပြီး  တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်ဖူးလို့ အာမခံ မပေးသင့်ကြောင်း လျှောက်လဲ ခဲ့ပေမယ့် တရားခံဘက်က လိမ်လည်မှု ၄၂၀ ဖြစ်နေသောကြောင့် ပုဒ်မ ၄၂၀ သည် အာမခံပေးနိုင်သည့် ပုဒ်မ ဖြစ်ကြောင်း လျှောက်လဲခဲ့လို့ လှိုင်တရားရုံးက ကျပ်သိန်းငါးထောင်တန်နှစ်ဦး စုစုပေါင်းကျပ်သိန်းတစ်သောင်း ဖြင့် အာမခံပေးခဲ့ပါတယ်။ဒီလို တရားရုံးက ယောဂီဝတ်နန္ဒမာလာကို အာမခံပေးခဲ့ပေမယ့်  အာမခံ မည့်သူ မရှိလို့ ဆက်ချုပ်မိန့်ပေးခဲ့ပါတယ်။

ဒီသတင်းတွေနဲ့အတူ နောက်ထပ်စိတ်ဝင်စားစရာသတင်းတစ်ခုက AK-47  လက်နက်ကို အသုံးပြုပြီး ကျိုက်ထိုမြို့နယ်ထဲက စတိုးဆိုင်တစ်ခုကို ဝင်လုယက်ခဲ့တာပါ။ ကျိုက်ထိုမြို့နယ်ထဲက တောင်သူစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ One Stop Mark အရောင်းဆိုင်ကို ဇန်နဝါရီ ၁၅ ရက် ည၁၁ နာရီကျော်မှာ အနက်ရောင် ဝတ်စုံ ဝတ် အမျိုးသား(၂)ဦးက ဆိုင်အတွင်းရှိ ငွေများနဲ့ ဈေးဝယ်လာသူထံမှ ဆိုင်ကယ်ကို လုယူပြီးထွက် ပြေးခဲ့ ပါ တယ်။ဒီလိုလုယက် ထွက်ပြေးခဲ့တဲ့ သေနတ်ကိုင်လုယက်သူနှစ်ဦးကို နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံရှာ ဖွေ ဖမ်းဆီးခဲ့ရာမှာ ကျိုက်ထို-ကင်မွန်းချောင်းကားလမ်းဘေးရှိ ကင်မွန်းချောင်းကျေးရွာအနီး ဦးစိုးဝင်းဇရပ်မှာ AK 47 ကျည်အတောင့်(၄၀)၊ ကျည်အိမ်(၁)ခု၊  AK-47 သေနတ်တစ်လက်ကို  One Stop Mark အရောင်းဆိုင်က လုယက်သွားတဲ့ ငွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးခဲ့ရာမှာ နှစ်ဦးစလုံးက -------- ဖြစ်နေတာကိုတွေ့ရပြီး ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်သူတွေဖြစ်လို့ ဒီသတင်းကလည်း အများပြည် သူကြားဝေဖန်စိတ်ဝင်စားစရာ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အတွင်း  ဖြစ်ခဲ့တဲ့ သက်ငယ် မိန်းကလေးနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တရားဟောဆရာကို ကလေးခရိုင်တရားရုံးက ထောင်ဒဏ် ၄၃ နှစ် ချမှတ် ခဲ့တဲ့သတင်း၊ ဉာဏ်ရည်မမီတဲ့ သက် ငယ်မိန်းကလေးကို မုဒိမ်းမှု ကျူးလွန်တဲ့ ညီအစ်ကိုသုံးဦးကို မြဝတီခရိုင်တရားရုံးကထောင်ဒဏ်နှစ်၂၀ စီချမှတ် ခဲ့တဲ့ သတင်း၊မလေးရှားလူမျိုး အလုပ်အေးဂျင့်တစ်ဦးအသတ်ခံရမှုမှာ မြန်မာနိုင်ငံသားအမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတဲ့ သတင်း၊ ဖြိုးကိုကိုတင့်ဆန်းအမှုမှာ တရားလိုပြသက်သေများမလာလို့ ရုံး ချိန်းပြန်ချိန်းတဲ့ သတင်း၊ မုံရွာမှာ လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှာ  ခြောက်ဦးဒဏ်ရာရရှိခဲ့လို့ ၁၁ ဦး ကို ဖမ်းဆီး အမှုဖွင့်ထားတဲ့ သတင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ခွဲစိတ် ကုဌာနမှာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလန့်ခဲ့တဲ့သတင်း၊ မကွေးတိုင်း မြိုင်မြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်းမှ ကြေးဗုဒ္ဓဆင်းတုတော် ခုနစ်ဆူနဲ့ အလှူခံပုံးမှ အလှူငွေတွေ ဖောက် ထွင်းခိုးယူခံရတဲ့ သတင်း၊ လူမှုကွန်ရက်မှာ ပျံနှံခဲ့တဲ့ သတင်းကြောင့် တောင်ကြီးမြို့နယ် ရှိ ရန်တိုင်းအောင် လူငယ်ဖွံ့ဖြိုး ရေး ပရဟိတ ဂေဟာမှ ကျောင်းထိုင်ဆရာတော် အပါအဝင်၊ သံဃာသုံးပါးကို ကျောင်းမှာထားတဲ့ ကလေးတွေနဲ့ပက်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က  ခေါ်ယူတွေ့ဆုံခဲ့တဲ့ သတင်းတွေထဲ အများပြည်သူကြား  အထိတ်တလန့်ပြောရတဲ့ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ်သတင်းသုံးသပ်ချက်ကို ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
ဇန်နဝါရီ - ၁၈

( Zawgyi )

ယခုတစ္ပတ္အတြင္း ျပည္တြင္းသတင္းေတြထဲမွာ အာ႐ုံစိုက္ေစာင့္ၾကည့္စရာ သတင္းအခ်ိဳ႕ျဖစ္ေပၚ ခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ အစိုးရဆိုင္ရာသတင္းေတြျဖစ္တဲ့ ဂ်ပန္ ဒု-ႏိုင္ငံျခားေရးဝန္ႀကီးကို တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္က လက္ခံေတြ႕ဆုံတဲ့သတင္း၊ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ေျမာက္ပိုင္းလက္နက္ ကိုင္သုံးဖြဲ႕ ဇန္နဝါရီအတြင္း ထပ္မံေတြ႕ဆုံရန္ သေဘာတူထားတဲ့ သတင္းစတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲက သမၼတဦးဝင္းျမင့္က အာဏာရွိသူက ျပည္သူလူထုကို ဖိစီး ႏွိပ္စက္သည့္ အုပ္ခ်ဳပ္ ေရးစနစ္မ်ိဳးမျဖစ္ေပၚေစေရး လုပ္ပိုင္ခြင့္ အလြဲသုံးျခင္းမ်ားေရွာင္ရွားရမယ္လို႔ သတိေပးေျပာၾကားခဲ့တဲ့ သတင္း၊ ၫႊန္ခ်ဳပ္ တစ္ဦးကို သမၼတအမိန္နဲ႔ ရာထူးကေနထုတ္ပယ္တာနဲ႔  လႊတ္ေတာ္ဒုဥကၠ႒တစ္ဦးကို အမ်ိဳးသား ဒီမို ကေရစီအဖြဲခ်ဳပ္ပါတီ (NLD) ကေန ထုတ္ပယ္ခဲ့တဲ့ သတင္းနဲ႔ လိမ္လည္မႈနဲ႔ ဖမ္းဆီးတရားစြဲဆိုခံေနရတဲ့ ေယာဂီ ဝတ္နႏၵမာလာ ကို သိန္းတစ္ေသာင္းနဲ႔ အာမခံေပးတဲ့ သတင္းနဲ႔ ေနာက္တစ္ခုက က်ိဳက္ထိုၿမိဳ႕နယ္ ထဲက စတိုး ဆိုင္တစ္ဆိုင္ကို AK47 ေသနတ္ကိုင္ၿပီး ဝင္လုယက္ခဲ့တဲ့ သတင္းေတြက ယခုတစ္ပတ္ရဲ႕ စိတ္ဝင္စားဖြယ္ရာ အေကာင္းဆုံးသတင္းျဖစ္ခဲ့ပါတယ္။

ဝန္ထမ္းေတြကို သတိေပးခဲ့တဲ့ သမၼတနဲ႔ အစိုးရကို ဝိုင္းကူညီဖို႔ ေျပာတဲ့ သမၼတေဟာင္း

အမ်ားျပည္သူျမင္ကြင္းကေန ေပ်ာက္ကြယ္ေနတဲ့ ယခင္သမၼတေဟာင္း ဦးသိန္းစိန္တစ္ေယာက္ ဇန္န ဝါရီ ၁၅ရက္က ျပန္လည္ေပၚထြက္လာခဲ့ပါတယ္။ ဇန္နဝါရီ ၁၅ရက္က မိတၳီလာၿမိဳ႕ အာေသာက႐ုံ ေရလည္ ေက်ာင္းတိုက္မွာ က်င္းပတဲ့ ေရလည္ေက်ာင္းတိုက္ဆရာေတာ္၊ ဘဒၵန ၱလာဘာဝံသ (ဘုန္းဘုန္းေလး) ၏ သက္ေတာ္(၈၉)ႏွစ္ျပည့္ ေမြးေန႔ကို လာေရာက္ခဲ့ရာမွာ သတင္းမီဒီယာအခ်ိဳ႕နဲ႔ ေတြဆုံၿပီး လတ္တေလာ ႏိုင္ငံေရးအေျခအေနေတြကို ေျပာခဲ့ပါတယ္။

ဆရာေတာ္ေမြးေန႔ပြဲလာတဲ့ သမၼတေဟာင္း ဦးသိန္းစိန္က ႏိုင္ငံသားတစ္ေယာက္အေနျဖင့္ အစိုးရကို ကူညီရန္ လိုအပ္သလို တပ္မေတာ္ကိုအားေပးရမည္ျဖစ္တယ္လို႔ ေျပာခဲ့သလို တပ္မေတာ္က ႏိုင္ငံကိုကာကြယ္ ေစာင့္ေရွာက္ေနတဲ့ အဖြဲ႕အစည္းျဖစ္လို တပ္မေတာ္မုန္းတီးေရးလုပ္ေဆာင္တာက  မည္သည့္အက်ိဳးမွ ရွိမွာ မ ဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းလည္း ျဖစ္တဲ့ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္က လက္ရွိ NLD ဦးေဆာင္တဲ့ အစိုးရမွာ ျပည္သူက ေ႐ြးခ်ယ္ထားတာျဖစ္လို႔ အစိုးရကိုဝိုင္းဝန္း ကူညီၾကဖို႔ ေျပာခဲ့ပါတယ္။

ဇန္နဝါရီ ၁၆ ရက္မွာ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမ၌ ျပဳလုပ္တဲ့ ႏိုင္ငံေတာ္သမၼတနဲ႔ မ႑ိဳင္သုံးရပ္ တာဝန္ရွိသူမ်ားေတြ႕ဆုံပြဲမွာေတာ့  လက္ရွိ သမၼတဦးဝင္းျမင့္က အာဏာရွိသူက ျပည္သူလူထုကို ဖိစီး ႏွိပ္စက္သည့္ အုပ္ခ်ဳပ္ေရးစနစ္ မ်ိဳးမျဖစ္ေပၚေစေရး လုပ္ပိုင္ခြင့္ အလြဲသုံးျခင္းမ်ား ေရွာင္ရွားရမယ္လို႔ သ တိေပးေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဌာနဆိုင္ရာဝန္ထမ္းမ်ားကို ျပည္ေထာင္စုအစိုးရ၊ တိုင္းႏွင့္ျပည္ နယ္ အစိုး ရအဖြဲ႕မ်ားက ခ်မွတ္သည့္ မူဝါဒမ်ားကိုလိုက္နာဖို႔နဲ႔ အစိုးရအဖြဲ႕မ်ားနဲ႔ အတူလိုက္ပါ ေဆာင္႐ြက္ဖို႔လိုအပ္တယ္ လို႔ ေျပာခဲ့ပါတယ္။

လက္ရွိႏိုင္ငံမွာ ႀကဳံေနရတဲ့ စီးပြားေရး၊လူမႈေရး၊ႏိုင္ငံေရးကိစၥေတြမွာ  ေခတ္ေျပာင္းစနစ္ေျပာင္းေနတဲ့ လက္ရွိအရပ္သားအစိုးရရဲ႕ ေဖာ္ေဆာင္မႈကို ကန္လန႔္ဖီလာတိုက္ေနတဲ့ ထုထည္ႀကီးမားတဲ့ ဝန္ထမ္းဆိုး၊အရာ ထမ္းဆိုးေတြရဲ႕ လုပ္ရပ္ေတြေၾကာင့္ ျဖစ္ေနတဲ့အတြက္ ဒါကို သမၼတေဟာင္းနဲ႔ သမၼတသစ္ႏွစ္ဦးစလုံးက ျပင္ ဆင္ဖို႔ သတိေပးတိုက္တြန္းခဲ့တာပါ။ ၫႊန္ခ်ဳပ္တစ္ဦးကို ထုတ္ပယ္ၿပီးမၾကာခင္မွာ သမၼတရဲ႕ သတိေပးမႈထြက္ လာတဲ့ အတြက္ ဘာေတြ ေျပာင္းလဲအေရးယူမႈေတြ ျဖစ္လာဦးမလဲ ၊ဘာေတြ ထူးျခားမႈေတြ ျဖစ္လာဦးမလဲဆို တာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းေတြက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ က်န္းမာေရးဆိုင္ရာသတင္းထူးျဖစ္တဲ့ မိတၳီလာၿမိဳ႕က ႐ြာတစ္႐ြာမွာ ေထာင့္သန္းေရာဂါပိုးကူးစက္ခံရတဲ့သူႏွစ္ဦးကို ေတြ႕ရွိတဲ့သတင္း၊နည္းပညာသတင္းေကာင္းျဖစ္ တဲ့  ရတနာပုံဆိုက္ဘာစီးတီးက ျမန္မာေက်ာင္းသားအဖြဲ႕နဲ႔ တကၠဆက္ေက်ာင္းသားအဖြဲ႕ပူးေပါင္းတီထြင္ခဲ့တဲ့  အလင္းထုတ္ကရိယာနဲ႔ The OPEN Minds Showcase ၿပိဳင္ပြဲမွာ ပထမဆုရတဲ့ သတင္း၊ စာေပဆိုင္ရာ ထူးျခား တဲ့ သတင္းတစ္ပုဒ္ျဖစ္တဲ့  ျပည္တြင္းစာေပတိုက္တစ္ခုက ထုတ္တဲ့  ယခင္ဆိုဗီယက္ႏိုင္ငံအေၾကာင္း သေရာ္ ထားတဲ့ တင္တင္ရဲ႕ စြန႔္စားခန္းမ်ား ကာတြန္းစာအုပ္ကို ဝယ္ယူအားမေပးဖို႔ ႐ုရွားသံ႐ုံးက သတင္းထုတ္ျပန္ခဲ့တဲ့ သတင္း၊မူခင္းဆိုင္ရာထူးျခားသတင္းေတြျဖစ္တဲ့ ဆရာေတာ္ဦးဝီရသူအပါအဝင္ တရားလိုသက္ေသႏွစ္ဦးကို မစိုးရိမ္တိုက္သစ္မွာစစ္ေဆးေပးဖို႔ ေလွ်ာက္ထားမႈ မဟာေအာင္ေျမၿမိဳ႕နယ္တရားသူႀကီးက ပယ္ခ်ခဲ့တဲ့သတင္း၊ ျမန္မာလုပ္သား ၁၄ ဦးကို အဓမၼ ေစခိုင္းျခင္း၊ အလုပ္သမားအခြင့္အေရးခ်ိဳးေဖာက္ျခင္းတို႔ေၾကာင့္ ထိုင္းၾကက္ ၿခံပိုင္ရွင္ကို နစ္နာေၾကးဘတ္ေငြ ၁ ဒသမ ၇ သန္း (က်ပ္သိန္း ၈၀၀ ေက်ာ္)ေပးေဆာင္ရန္ ထိုင္းတရား႐ုံးခ်ဳပ္က အမိန႔္ခ်မွတ္ခဲ့တဲ့ သတင္း၊ အိမ္အ ကူေဒၚကရင္မေသဆုံးမႈအတြက္ တရားစြဲဆိုခံထားရေသာ ဥပေဒအရာရွိ အမ်ိဳးသမီးကို လူသတ္မႈပုဒ္မ ၃၀၂ ျဖင့္ စြဲခ်က္တင္သင့္/မတင္သင့္ လာမည့္႐ုံးခ်ိန္းမွာ အမိန႔္ခ်မယ့္သတင္းစတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ ျဖစ္ခဲ့ပါတယ္။

ျဖဳတ္/ထုတ္ ဖယ္ရွားမႈေတြနဲ႔ စတင္လိုက္တဲ့ ႏွစ္သစ္အဖြင့္

ယခုတစ္ပတ္သတင္းေတြထဲ အမ်ားျပည္သူၾကားခ်င္တဲ့ သတင္းအခ်ိဳ႕ ပါခဲ့ပါတယ္။ ဒီသတင္းေတြက ၫႊန္ခ်ဳပ္တစ္ဦးကို သမၼတအမိန္နဲ႔ ရာထူးကေနထုတ္ပယ္တာနဲ႔  လႊတ္ေတာ္ဒုဥကၠ႒တစ္ဦးကို အမ်ိဳးသားဒီမိုက ေရစီအဖြဲခ်ဳပ္ပါတီ (NLD) ကေန ထုတ္ပယ္ခဲ့တဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၅ ရက္ေန႔လယ္ပိုင္းမွာ ၫႊန္ခ်ဳပ္တစ္ဦးကို ရာထူးကေနဖယ္ရွားလိုက္တဲ့ အမိန္ေၾက ညာစာတစ္ေစာင္ အြန္လိုင္းကေန ပ်ံႏွံလာခဲ့ပါတယ္။ဇန္နဝါရီ ၁၄ ရက္ေန႔စြဲနဲ႔ စီးပြား/ကူးသန္းဝန္ႀကီးဌာန၊ ကုန္ သြယ္ေရးဦးစီးဌာနၫႊန္ခ်ဳပ္ျဖစ္တဲ့ ဦးရန္ႏိုင္ထြန္းကို ရာထူးမွ ထုတ္ပယ္လိုက္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက အမိန႔္ေၾကညာစာနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။  

ဒါဟာ အရပ္သားအစိုးရလက္ထက္မွာ ဒုတိယအႀကိမ္ေျမာက္ အဆင္ျ့မင့္အရာရွိႀကီးတစ္ဦးကို အမိန႔္ ေၾကညာစာနဲ႔ ထုတ္ပယ္ျခင္းပါဘဲ။ကုန္သြယ္ေရးဦးစီးဌာနၫႊန္ခ်ဳပ္ျဖစ္တဲ့ ဦးရန္ႏိုင္ထြန္းကို ရာထူးမွ ထုတ္ပယ္ ရတဲ့ အေၾကာင္းနဲ႔ပတ္သက္ၿပီး ခန႔္မွန္းေျပာဆိုမႈေတြ အမ်ားႀကီးထြက္ေပၚလာခဲ့ေပမယ့္ သက္ဆိုင္ရာ အာဏာ ပိုင္ေတြဘက္ကေတာ့ ရာထူးကေနဖယ္ရွားရတဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး တရားဝင္ ဘာမွထုတ္ျပန္မႈမရွိခဲ့ ပါဘူး။

ဒါေပမယ့္ Myanmar Now သတင္းဌာနက စီးပြားကူးသန္း ဒုတိယအတြင္းဝန္ဦးခင္ေမာင္လြင္ကို ေမး ျမန္းခဲ့ရာမွာေတာ့  သြင္းကုန္ထုတ္ကုန္လိုင္စင္ကိစၥမ်ား၊ ပါမစ္မ်ားႏွင့္စပ္လ်ဥ္းၿပီး စည္းမ်ည္းစည္းကမ္းအရ အ ေရးယူတယ္လို႔ ဆိုပါတယ္။ မၾကာခင္က မူဆယ္ဘက္က ေက်ာ့စန္းဂိတ္ပိတ္တဲ့ ကိစၥ၊ ယခုႏွစ္အတြင္း နယ္စပ္ ကုန္သြယ္မႈ ေလ်ာ့က်လာတာေတြရွိတဲ့အခ်ိန္မွာ အဓိကအသက္ဆိုင္ဆုံးျဖစ္တဲ့ ကုန္သြယ္ေရးဦးစီးဌာနက အ ဆင့္ျမင့္ဆုံး အရာရွိႀကီးတစ္ဦးကို ရာထူးကေန ထုတ္ပယ္တာဟာ လူထုၾကား အာ႐ုံစိုက္စရာျဖစ္ခဲ့ပါတယ္။ ဒီထုတ္ ပယ္မႈက ဒီအဆင့္မွာဘဲ ၿပီးသြားမလား၊ဘယ္သူေတြ ေနာက္ဆက္တြဲ ပါလာဦးမလဲ၊အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးက ဝင္ေရာက္ကိုင္တြယ္မႈေတြ ရွိလာဦးမလားဆိုတာ အမ်ားျပည္သူၾကား ေမးခြန္းထုတ္စရာေတြ သိခ်င္စရာေတြ ျဖစ္လာခဲ့ပါတယ္။

ဒီတစ္ပတ္ထဲမွာ ေနာက္ထပ္စိတ္ဝင္စားစရာ ျဖဳတ္ထုတ္သတင္းေနာက္တစ္ခုက ပါတီကေန ထုတ္ပယ္ ခံလိုက္ရတဲ့ ဧရာဝတီတိုင္းေဒသႀကီး ဒုလႊတ္ေတာ္ဥကၠ႒ သတင္းပါ။ သူကေတာ့ ရာထူးကေန မဟုတ္ဘဲ သူ မိ ခင္ပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္ပါတီ (NLD)ကေန ထုတ္ပယ္ခံခဲ့ရတာပါ။ ဧရာဝတီတိုင္းေဒသႀကီး ဒုလႊတ္ေတာ္ဥကၠ႒ျဖစ္တဲ့ ဦးစံမင္းေအာင္ကို တိုင္းလႊတ္ေတာ္ အတြက္ ကား ၅ စီးဝယ္ရာမွာ ကိုယ္က်ိဳးစီးပြား ပါ ဝင္ေနတယ္ဆိုၿပီး ျပည္သူတစ္ဦးက တိုင္ၾကားရာကေန ပါတီကဝင္စစ္ေဆးၿပီးေနာက္မွာ ထုတ္ပယ္ခံခဲ့ရတာျဖစ္ ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္ပါတီ (NLD) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ဒီထုတ္ပယ္ မႈကို ေျပာခဲ့ၿပီး ပါတီမွ စစ္ေဆးေတြ႕ရွိခ်က္မ်ားနဲ႔ ပတ္သက္လို႔  အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံ ကို စာပို႔အေၾကာင္းၾကားဖို႔ စီစဥ္ထားတယ္လို႔ ေျပာခဲ့ပါတယ္။လက္ရွိ တိုင္းေဒသႀကီးလႊတ္ေတာ္ ဒုဥကၠ႒ ေနရာ ကေန ဖယ္ရွားဖို႔ကေတာ့ လႊတ္ေတာ္ဆႏၵအတိုင္းဘဲ လုပ္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

ပါတီကေန ထုတ္ပယ္ခံရတဲ့ တိုင္းေဒသႀကီးလႊတ္ေတာ္ ဒုဥကၠ႒ဦးစံမင္းေအာင္ကေတာ့ သိန္း ၁၅၈၀ သုံးၿပီး တိုင္းလႊတ္ေတာ္အတြက္ ကား ၅ စီးဝယ္ယူတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့တာကေတာ့ အားလုံး သေဘာဆႏၵနဲ႔ ဝယ္ခဲ့တယ္ဆိုၿပီး ဝယ္စဥ္က တင္ဒါေခၚခဲေပမယ့္ တင္ဒါမေအာင္ၾကတဲ့အတြက္ လႊတ္ေတာ္ သေဘာယူကာ ဝယ္ခဲ့တာလို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္ထိ လႊတ္ေတာ္ဘက္ကို ဒု-လႊတ္ေတာ္ ဥကၠ႒ရဲ႕ ကိစၥနဲ႔ပတ္သက္ၿပီး ေပးပို႔မႈမရွိေသးသလို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံကလည္း  ထုတ္ျပန္မႈ မရွိေသးပါဘူး။ ဒါေပမယ့္ ဒီျပႆနာက ၿပီး ႏိုင္ဖြယ္မရွိေသးတဲ့အတြက္ ဘာဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။ အရပ္သားအစိုးရလက္ထက္ မွာ  ဗ်ဴ႐ိုကရက္ႀကီးေတြ၊ အရာရွိႀကီး အခ်ိဳ႕နဲ႔ အာဏာရွိသူေတြရဲ႕ျခစားမႈေတြ၊ကိုယ္က်ိဳးစီးပြားရွာမႈေတြကို နည္းပါးသြားေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ေပမယ့္ အက်င့္ပ်က္ျခစားမႈေတြကိုေတာ့ေပ်ာက္ကြယ္သြားေအာင္ အရပ္သားအစိုးရ ဘယ္လိုလုပ္ ေဆာင္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ သတင္းေတြထဲက ထူးျခားတဲ့ စီးပြားေရးသတင္းေတြ ျဖစ္တဲ့ YBS ႏွစ္ႏွစ္ ျပည့္ ပြဲမွာ ေျခာက္လအတြင္း YBS ေငြေပးကတ္စနစ္ကို ဘတ္စ္ကားအစီးေရ  ၂,၀၀၀ တြင္ အသုံးျပဳႏိုင္ေအာင္ ေဆာင္႐ြက္မယ့္သတင္း၊ အီးယူက အထူးအခြင့္အေရး (GSP) ရပ္ဆိုင္းၿပီး ျမန္မာႏွင့္ ကေမာၻဒီးယားတို႔မွ ဆန္ တင္ပို႔မႈမ်ားအေပၚ သုံးႏွစ္ၾကာ စည္းၾကပ္ခြန္ျပန္ေကာက္မယ့္ သတင္း၊တစ္ဦး ၅၀၀ က်ပ္က်သင့္မယ့္  မိုးပ်ံရ ထားေျပးဆြဲရန္ စီမံကိန္းနဲ႔ ပတ္သက္ၿပီး တ႐ုတ္ကုမၸဏီက ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္ စားလွယ္ ေတြကို လာရွင္းျပတဲ့ သတင္း၊ ဗဟိုဘဏ္က ဘဏ္ထုတ္ေခ်းေငြမွာ အာမခံအေပါင္ပစၥည္းမယူရင္ အတိုးႏႈန္း ၁၆ ရာခိုင္ႏႈန္းအထိ အတိုးရယူခြင့္ ဘဏ္ေတြကို ခြင့္ျပဳလိုက္တဲ့ သတင္း၊ ကခ်င္ျပည္နယ္ထဲမွာ စီးပြားေရးဇုန္ တစ္ခု ေဖာ္ေဆာင္ဖို႔ ကခ်င္ျပည္နယ္အစိုးရနဲ႔ MTSH ကုမၸဏီတို႔ ကုမၸဏီတစ္ခု ပူးေပါင္းထူေထာင္လိုက္တဲ့ သတင္းေတြထဲ အထူးသတိထားေစာင့္ၾကည့္ရမယ့္ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

သိန္းတစ္ေသာင္းတန္ နႏၵမာလာ နဲ႔ AK 47 သုံး လုတဲ့ ေမာ္လၿမိဳင္လုယက္မႈ

ယခုတစ္ပတ္သတင္းေတြထဲ အမ်ားဂ႐ုတစိုက္ေစာင့္ၾကည့္ရတဲ့ သတင္းႏွစ္ပုဒ္ရွိခဲ့ပါတယ္။တစ္ပုဒ္က လိမ္လည္မႈနဲ႔ ဖမ္းဆီးတရားစြဲဆိုခံေနရတဲ့ ေယာဂီဝတ္နႏၵမာလာ ကို သိန္းတစ္ေသာင္းနဲ႔ အာမခံေပးတဲ့ သတင္းနဲ႔ ေနာက္တစ္ခုက က်ိဳက္ထိုၿမိဳ႕နယ္ ထဲက စတိုးဆိုင္တစ္ဆိုင္ကို AK47 ေသနတ္ကိုင္ၿပီး ဝင္လုယက္ခဲ့တဲ့ သတင္းတစ္ပုဒ္တို႔ဘဲ ျဖစ္ပါတယ္။

အမ်ားစိတ္ဝင္စားေနတဲ့ လိမ္လည္မႈမ်ားစြာနဲ႔ တရားစြဲဆိုခံထားရတဲ့ ေယာဂီဝတ္နႏၵမာလာအမႈမွာ စြဲဆို မႈေတြထဲက တစ္ခုျဖစ္တဲ့ က်ပ္သိန္း ၂,၆၀၀ လိမ္လည္မႈနဲ႔ လႈိင္ၿမိဳ႕နယ္တရား႐ုံးမွာ ဇန္နဝါရီ ၁၅ ရက္က ဒုတိယ အႀကိမ္႐ုံးထုတ္ခဲ့ပါတယ္။ ေယာဂီဝတ္နႏၵမာလာဘက္က ယခု႐ုံးထုတ္မွာ အာမခံေလွ်ာက္ထားခဲ့ၿပီး တရားလို ေတြဘက္ကေတာ့ လိမ္လည္မႈနဲ႔ မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္တရား႐ုံးေတြမွာလည္း  တရားစြဲဆိုထားတဲ့အတြက္ အာမခံမေပးဖို႔ ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။

တရားခြင္မွာ တရားလိုေရွ႕ေနက ေယာဂီဝတ္နႏၵမာလာမွာ လိပ္စာအတည္တက်မရွိတာ၊  အလုပ္အ ကိုင္အတည္တက်မရွိတာ၊ သက္ေသေတြကို ေဖ်ာက္ဖ်က္ပစ္ႏိုင္တာ၊ အာမခံေပးရင္ ထြက္ေျပး တိမ္းေရွာင္ ႏိုင္တာ စတဲ့ အခ်က္ေလးခ်က္ကိုတင္ျပၿပီး ကန႔္ကြက္ခဲ့ပါတယ္။ ဒါအျပင္ ယခုစြပ္စြဲခံ နႏၵမာလာမွာ ၂၀၁၃ က တရားစြဲဆိုခံထားရၿပီး  တရားခံေျပးအျဖစ္ ထြက္ေျပးတိမ္းေရွာင္ဖူးလို႔ အာမခံ မေပးသင့္ေၾကာင္း ေလွ်ာက္လဲ ခဲ့ေပမယ့္ တရားခံဘက္က လိမ္လည္မႈ ၄၂၀ ျဖစ္ေနေသာေၾကာင့္ ပုဒ္မ ၄၂၀ သည္ အာမခံေပးႏိုင္သည့္ ပုဒ္မ ျဖစ္ေၾကာင္း ေလွ်ာက္လဲခဲ့လို႔ လႈိင္တရား႐ုံးက က်ပ္သိန္းငါးေထာင္တန္ႏွစ္ဦး စုစုေပါင္းက်ပ္သိန္းတစ္ေသာင္း ျဖင့္ အာမခံေပးခဲ့ပါတယ္။ဒီလို တရား႐ုံးက ေယာဂီဝတ္နႏၵမာလာကို အာမခံေပးခဲ့ေပမယ့္  အာမခံ မည့္သူ မရွိလို႔ ဆက္ခ်ဳပ္မိန႔္ေပးခဲ့ပါတယ္။

ဒီသတင္းေတြနဲ႔အတူ ေနာက္ထပ္စိတ္ဝင္စားစရာသတင္းတစ္ခုက AK-47  လက္နက္ကို အသုံးျပဳၿပီး က်ိဳက္ထိုၿမိဳ႕နယ္ထဲက စတိုးဆိုင္တစ္ခုကို ဝင္လုယက္ခဲ့တာပါ။ က်ိဳက္ထိုၿမိဳ႕နယ္ထဲက ေတာင္သူစုရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရွိ One Stop Mark အေရာင္းဆိုင္ကို ဇန္နဝါရီ ၁၅ ရက္ ည၁၁ နာရီေက်ာ္မွာ အနက္ေရာင္ ဝတ္စုံ ဝတ္ အမ်ိဳးသား(၂)ဦးက ဆိုင္အတြင္းရွိ ေငြမ်ားနဲ႔ ေဈးဝယ္လာသူထံမွ ဆိုင္ကယ္ကို လုယူၿပီးထြက္ ေျပးခဲ့ ပါ တယ္။ဒီလိုလုယက္ ထြက္ေျပးခဲ့တဲ့ ေသနတ္ကိုင္လုယက္သူႏွစ္ဦးကို နယ္ေျမခံရဲတပ္ဖြဲ႕က လိုက္လံရွာ ေဖြ ဖမ္းဆီးခဲ့ရာမွာ က်ိဳက္ထို-ကင္မြန္းေခ်ာင္းကားလမ္းေဘးရွိ ကင္မြန္းေခ်ာင္းေက်း႐ြာအနီး ဦးစိုးဝင္းဇရပ္မွာ AK 47 က်ည္အေတာင့္(၄၀)၊ က်ည္အိမ္(၁)ခု၊  AK-47 ေသနတ္တစ္လက္ကို  One Stop Mark အေရာင္းဆိုင္က လုယက္သြားတဲ့ ေငြနဲ႔အတူ ဖမ္းဆီးရမိခဲ့ပါတယ္။ဖမ္းဆီးရမိတဲ့သူေတြကို စစ္ေဆးခဲ့ရာမွာ ႏွစ္ဦးစလုံးက -------- ျဖစ္ေနတာကိုေတြ႕ရၿပီး ရန္ကုန္တိုင္းအတြင္းမွာ ေနထိုင္သူေတြျဖစ္လို႔ ဒီသတင္းကလည္း အမ်ားျပည္ သူၾကားေဝဖန္စိတ္ဝင္စားစရာ သတင္းတစ္ခုျဖစ္ခဲ့ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အတြင္း  ျဖစ္ခဲ့တဲ့ သက္ငယ္ မိန္းကေလးႏွစ္ဦးအား အဓမၼျပဳက်င့္ခဲ့သည့္ တရားေဟာဆရာကို ကေလးခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ ၄၃ ႏွစ္ ခ်မွတ္ ခဲ့တဲ့သတင္း၊ ဉာဏ္ရည္မမီတဲ့ သက္ ငယ္မိန္းကေလးကို မုဒိမ္းမႈ က်ဴးလြန္တဲ့ ညီအစ္ကိုသုံးဦးကို ျမဝတီခ႐ိုင္တရား႐ုံးကေထာင္ဒဏ္ႏွစ္၂၀ စီခ်မွတ္ ခဲ့တဲ့ သတင္း၊မေလးရွားလူမ်ိဳး အလုပ္ေအးဂ်င့္တစ္ဦးအသတ္ခံရမႈမွာ ျမန္မာႏိုင္ငံသားအမ်ိဳးသားေလးဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးထားတဲ့ သတင္း၊ ၿဖိဳးကိုကိုတင့္ဆန္းအမႈမွာ တရားလိုျပသက္ေသမ်ားမလာလို႔ ႐ုံး ခ်ိန္းျပန္ခ်ိန္းတဲ့ သတင္း၊ မုံ႐ြာမွာ လူငယ္အခ်င္းခ်င္း စကားမ်ားရန္ျဖစ္ရာမွာ  ေျခာက္ဦးဒဏ္ရာရရွိခဲ့လို႔ ၁၁ ဦး ကို ဖမ္းဆီး အမႈဖြင့္ထားတဲ့ သတင္း၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံ ႀကီး မ်က္ႏွာ၊ ေမး႐ိုး၊ ခံတြင္းႏွင့္ ျပဳျပင္ေျပာင္းလဲမႈ ဆိုင္ရာ ခြဲစိတ္ ကုဌာနမွာ ဝါယာေရွာ့ခ္ျဖစ္ၿပီး မီးလန႔္ခဲ့တဲ့သတင္း၊ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ရွိ ဘုန္းေတာ္ ႀကီးေက်ာင္းမွ ေၾကးဗုဒၶဆင္းတုေတာ္ ခုနစ္ဆူနဲ႔ အလႉခံပုံးမွ အလႉေငြေတြ ေဖာက္ ထြင္းခိုးယူခံရတဲ့ သတင္း၊ လူမႈကြန္ရက္မွာ ပ်ံႏွံခဲ့တဲ့ သတင္းေၾကာင့္ ေတာင္ႀကီးၿမိဳ႕နယ္ ရွိ ရန္တိုင္းေအာင္ လူငယ္ဖြံ႕ၿဖိဳး ေရး ပရဟိတ ေဂဟာမွ ေက်ာင္းထိုင္ဆရာေတာ္ အပါအဝင္၊ သံဃာသုံးပါးကို ေက်ာင္းမွာထားတဲ့ ကေလးေတြနဲ႔ပက္သက္ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕က  ေခၚယူေတြ႕ဆုံခဲ့တဲ့ သတင္းေတြထဲ အမ်ားျပည္သူၾကား  အထိတ္တလန႔္ေျပာရတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္သတင္းသုံးသပ္ခ်က္ကို ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ဇန္နဝါရီ - ၁၈