【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြဿနာတွေ အားပြိုင်မှုတွေနဲ့ လွှတ်တော်ထဲက အရှုံး/အနိုင်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြဿနာတွေ အားပြိုင်မှုတွေနဲ့ လွှတ်တော်ထဲက အရှုံး/အနိုင်

ယခုတစ်ပတ် သတင်းတွေထဲ သတိထားမိတဲ့ သတင်းအချို့ ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ပြည်ပမီဒီယာတွေမှာ ဖော်ပြခံခဲ့ရတဲ့ မိုင်းလားလို မြို့တစ်ခု မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ ရုတ်တရက်ပေါ်လာတဲ့ သတင်းနဲ့ ဒဂုံဆိပ်ကမ်း ယုဇနမှာ ဖြစ်ခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုလို သတင်းတွေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်လမ်းကြောင်းကနေ ပြင်ဆင်တဲ့နေရာမှာ တွန်းတွန်းတိုက်တိုက်တွေ ဖြစ်နေတဲ့အတွက် ပိုစိတ်ဝင်စားစရာကောင်းလာတဲ့ အခြေအနေသတင်းတွေပဲ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရလိုငွေ ဖြည့်ဆည်းပေးဖို့ ဗဟိုဘဏ်မှ ကျပ်ဘီလျံ ၁,၀၀၀ ကျော် ချေးယူဖို့ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်း၊ ကျပ်သိန်း ၅၀၀ ဆု သုံးဆုအပါအဝင် ဆုလက်မှတ်ပေါင်း တစ်သောင်းကျော်ကို လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း အောင်ဘာလေထီ သိန်းဆုဌာနခွဲက ကြေညာခဲ့တဲ့ သတင်း၊ ၂၀၁၉ နှစ်ကုန်ပိုင်း ကစပြီး ဘူတာကြီး - မင်္ဂလာဒုံလေဆိပ်နှင့် လှိုင်သာ ယာ - တိုးကြောင်လေး လမ်းပိုင်းနှစ်ခုမှာ မြန်နှုန်းမြင့် ရထားစနစ် (MRT) စတင်မယ့် သတင်း၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက သဘာဝသမိုင်းပြတိုက်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆင်ပြတိုက်ကို ဖွင့်လှစ်ခဲ့တဲ့ သတင်းတွေထဲ အများစုအာရုံစိုက်စရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

လိပ်ခဲတည်းလည်း ရခိုင်အရေး

ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာက ရွှေ့ပြောင်းအခြေချတွေနဲ့ဖြစ်တဲ့ အခြေအနေကနေ ကမ္ဘာ့စာမျက်နှာတွေထိ ရောက်လာရာမှာ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖြစ် ပေါ်ပေါက်လာတဲ့အတွက် ရှုပ်ထွေးလာတဲ့ပြဿနာ ဖြစ်လာပါတယ်။

အုပ်ချုပ်ရေးမှာ အခြေခံက ရပ်ကွက်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေပါ။တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသမှ အုပ်ချုပ်ရေးမှူး လေးဦးကို တပ်မတော်က မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် အမှုဖွင့်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ဒီလိုဖမ်းဆီးတဲ့အတွက် မြောက်ဦးမြို့နယ်ထဲက  ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ တို့ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ဒီလိုနုတ်ထွက်ရာမှာ လုံခြုံမှုမရှိခြင်း၊ အကာအကွယ်မဲ့ခြင်းနှင့် ပစ်မှတ်ထားခံလာရတာတွေကြောင့် နုတ်ထွက်ရခြင်း ဖြစ်တယ်လို့ ထွက်စာမှာ ဖော်ပြခဲ့ပါတယ်။

ပြည်နယ်ထွေ/အုပ်ဘက်ကတော့ လုပ်ထုံးလုပ်နည်း မူဘောင်နှင့် မကိုက်ညီလို့ နုတ်ထွက်ခွင့်ပေးလို့ မရဘူးလို့ အကြောင်းပြန်ထားပါတယ်။အဲဒီဘက်မှာ ရခိုင်လက်နက်ကိုင် AA တပ်တွေက အုပ်ချုပ်ရေးမှူးအချို့ကို ဖမ်းဆီးခြင်း၊ အုပ်ချုပ်ရေးမှူးများကို သတိပေးခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပေးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ်လို့ ထုတ်ပြန်သတိပေးထားတဲ့အတွက် ဆူးကြားဘူးသီး သီးသလို ဖြစ်နေတာကတော့ အမှန်ပါဘဲ။

မတ်လ ၄ ရက်က မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တွေမှာ မီးလောင်ခဲ့ပါတယ်။ခိုးဝင်အခြေချ ဘင်္ဂါလီတွေကြောင့်  နယ်မြအခြေအနေ မတည်ငြိမ်သေးတဲ့အတွက် ပြီးခဲ့တဲ့ရက်တွေက ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တောင်ကုတ် လွှတ်တော်ကိုယ်စားလှယ်က ရဲကင်းစခန်းတစ်ခု တည်ဆောက်ပေးဖို့ တောင်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဘင်္ဂါလီတွေရဲ့ မူရင်းနေရာဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒီဘက် ရခိုင်မြောက်ပိုင်းရဲ့ နိုင်ငံရေးအခြေအနေ ပိုဆိုးလာအောင် လုပ်ဆောင်နေမှုတွေကို တွေ့ရပါတယ်။ဒါကာ အခြေစိုက် banglanews24 အွန်လိုင်းသတင်းဌာနကနေ မြန်မာနိုင်ငံအတွင်း Safe Zone ထားရှိရေးကို တရုတ်နိုင်ငံက သဘောတူတယ်ဆိုပြီး သတင်းမှားကို တင်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာသံရုံးက ကန့်ကွက်ခဲ့သလို တရုတ်သံရုံးဘက်ကလည်း အခြေအမြစ်မရှိသော သတင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း  Safe Zone ထူထောင်ရန် မထောက်ခံပါကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်ပြည်နယ်ကို ဖဲ့ထုတ်ဖို့ နိုင်ငံတကာကို လူမျိုးရေးအကြောင်းပြပြီး နှပ်ကြောင်းပေးနေတဲ့အတွက် နိုင်ငံတကာ သံတမန်ရေးရာမှာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာပါ။

မကြာသေးခင်ရက်ပိုင်းက ရခိုင်မြောက်ပိုင်းက ဒေသအချို့မှာ အိမ်တိုင်း ရခိုင်အလံတွေ ထောင်ထားသလို အစွန်းရောက် အမျိုးသားရေးဝါဒတွေ ရခိုင်ဘက်မှာ အားကောင်းလာနေတဲ့အတွက် ခိုးဝင် ဘင်္ဂါလီအခြေချတွေကြောင့် ရှုပ်ထွေးနေတဲ့ ရခိုင်မြောက်ပိုင်း အခြေအနေက ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကြောင့် ပိုပြီးရှုပ်ထွေးလာပါတယ်။

ဂျပန်နိုင်ငံက ကြီးမှူးပြီး ရခိုင်ရင်းနှီးမြုပ်နှံမှု ဖိုရမ်ကို မကြာမီက လုပ်ခဲ့ရာမှာ ဒေါ်လာ သန်း ၅၀၀၀ အထိ ရင်းနှီးမြုပ်နှံဖို့  နိုင်ငံတကာက အဆိုပြုထားပေမယ့် နယ်မြေမတည်မငြိမ်ဖြစ်ရင် ဒီလိုနိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ဝင်ဖို့ ခက်ခဲတဲ့အတွက် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်းက ဘူးသီးတောင်၊ ရသေ့ တောင်၊ ကျောက်တော်၊ ပုဏ္ဍား ကျွန်း၊ မြောက်ဦး စသည့်မြို့နယ်များအတွင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းကို ရင်းနှီးမြုပ် နှံမှု တွေ ဝင်/မဝင် ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သီပေါမြို့နယ်အတွင်း ဖြစ်ပွားတဲ့  RCSS နှင့် SSPP/TNLA တိုက်ပွဲ အတွင်း အသက် (၈)နှစ်အရွယ် ကလေး ငယ်တစ်ဦး မိုင်းစထိမှန်ခဲ့တဲ့ သတင်း၊မြန်မာဒုက္ခသည် တစ်သောင်းနေထိုင်တဲ့ ထိုင်းနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းမီးလောင်တဲ့သတင်း၊ နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားတဲ့  RCSS နဲ့ SSPP/TNLA တိုက်ပွဲမှာ အရပ်သား ၁၀ ဦး ပျောက်ဆုံးနေတဲ့ သတင်း၊ ကွတ်ခိုင်မြို့နယ်ထဲ ကြံခုတ် နေတဲ့ အရပ်သား ၇၀ ကို KIA/TNLA ပူး ပေါင်းအဖွဲ့က   ဖမ်းဆီးသွားတဲ့ သတင်း၊ကချင် ပြည်နယ် ကဆုန့်ဒေသမှာ မိုင်းပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့တဲ့ သတင်း၊ ထိုင်း နိုင်ငံ ချင်းမိုင် မှာကျင်းပတဲ့ NCA လက်မှတ်ထိုး ၁၀ ဖွဲ့ အစည်းအ ဝေးမှာ KNU နှင့် RCSS အဖွဲ့ က NCA အကောင် အထည်ဖော်မှုလမ်းကြောင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ထူထောင်မည်လမ်းနဲ့သွေဖယ် နေတယ်လို့ တင်ပြခဲ့တဲ့တိုင်းရင်းသားသတင်းတွေထဲ စောင့်ကြည့်ရတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ယုဇန နှစ်လောင်းပြိုင်နဲ့ ၁၁ ယောက် သေဆုံးရတဲ့ ယာဉ်မှောက်မှု

ယာဉ်တိမ်းမှောက်မှုတွေနဲ့ ယခင်အစိုးရလက်ထက်က နာမည်ကြီးခဲ့တဲ့ ရန်ကုန်-မန္တလေးအမြန်လမ်း က တော့ ထုံးစံအတိုင်း ဖေဖေါ်ဝါရီလထဲမှာ ခရီးသည် ၁၁ ယောက်ကိုထပ်မံအသက်ဆုံးရှုံးခဲ့ရပြန်ပြီ ဖြစ်ပါတယ်။ မတ်လ ၅ ရက် နံနက် ၆ နာရီက တမူး - ကလေး -ရန်ကုန် ပြေးဆွဲသည့် High Class ခရီး သည်တင်ယာဉ် တိမ်းမှောက်ရာ သံဃာတော်လေးပါး ပျံလွန်တော်မူပြီး ခရီးသည်ခုနစ်ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် လိုက်ပါလာသူ ၄၂ ဦးရှိရာမှာ ၁၁ ဦးသေဆုံးခဲ့တာပါ။ ယာဉ် မောင်းကို ဖမ်းပြီး စစ်ဆေးနေတယ်ဆိုသလို ယာဉ်လိုင်းဘက်က သေဆုံးသူတွေ ဒဏ်ရာရသူတွေအတွက် လိုအပ်တာ တွေကို ဆောင်ရွက်ပေးခဲ့တယ်ဆိုပါတယ်။ဒီယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက် တွေပေါ်မှာ သေဆုံးတဲ့သူတွေရဲ့ ပုံတွေ ပေါ်နေတာက သေဆုံးသူရဲ့ မိသားစုတွေအတွက် စိတ်ဒဏ်ရာရစေ သလို သေဆုံးသူ တွေရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတဲ့ အတွက် အာဏာပိုင်တွေ ၊facebook team တွေလည်း တစ်ခုခု ဆောင်ရွက်သင့်ပြီထင်ပါတယ်။

နံနက်ပိုင်းမှာ ကားတိမ်းမှောက်လို့ ခရီးသည် ၁၁ ယောက် သေဆုံးခဲ့တဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ စဖွင့်ခဲ့တဲ့ မတ်လ ၆ ရက်ဟာ ညဘက်မှာ နှစ်လောင်းပြိုင် လူသတ်မှုနဲ့  တစ်နေ့တာကို ပိတ်ခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်အချိန်က ဒဂုံဆိပ်ကမ်းမြို့နယ်  ယုဇနဥယျာဉ်မြို့တော် (၉၄) ရပ်ကွက်က  တိုက်ခန်းတစ်ခုမှာနေထိုင်တဲ့ ဝန်ထမ်းအမျိုးသမီးကို အလုပ်မဆင်းတာ သုံးရက်လောက်ရှိနေလို့ ကုမ္ပဏီက ရဲတွေခေါ်ပြီး လာကြည့်ရာမှာ အခန်းထဲ အသတ်ခံထားရတာကိုတွေ့ရတာပါ။ ရဲသတင်းထုတ်ပြန် ချက်မှာ သေဆုံးနေကြောင်း သတင်းအရ သက်သေများနဲ့အတူ သွားစစ်ဆေးခဲ့ရာမှာ ဧည့်ခန်းထဲမှာ သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်နေ ကိုဟိန်းမင်းအောင်(၂၇)နှစ် (ဆွီတီးဟုမ်းအရောင်းဝန်ထမ်း)ကို ပြတ်ရှဒဏ်ရာ(၂)ချက်၊ ထိုးသွင်း ဒဏ်ရာ(၆)ချက်ဖြင့်လည်းကောင်း၊ အဆိုပါတိုက်ခန်းနေ မမြင့်မြင့်ဝင်း(၂၃)နှစ် (ဆွီတီးဟုမ်းအရောင်း ဝန်ထမ်း)အား ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့်လည်းကောင်း သေဆုံးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသတ်ခံရသူအမျိုးသမီးက  ယခု အခင်းဖြစ်တဲ့ တိုက်ခန်းကို ငှားနေတာ မကြာသေးဘူးလို့ အရပ် စကားအရသိရပြီး ထင်ကြေးမျိုးစုံထွက်ခဲ့ပေမယ့်  နောက်တစ်ရက် ညနေပိုင်းမှာ  လူသတ်မှုကျူးလွန်သူကို မြိတ်မှာ ဖမ်းမိခဲ့ပါတယ်။လူသတ်မှု ကျူးလွန်သူက ကုမ္ပဏီတစ်ခုတည်းမှာ လုပ်တဲ့သူဖြစ်ပြီး အသတ်ခံရသူနှစ်ဦး စအလုပ်မဆင်းတဲ့ မတ်လ ၄ ရက်နေ့ကတည်းကအလုပ်မဆင်းဘဲ ပျောက်ဆုံးနေလို့  ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာကနေ ကျူးလွန်သူကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ကျူးလွန်သူက အသတ်ခံရသူတွေလုပ်တဲ့ ဆွီတီးဟုမ်း က ဝန်ထမ်းဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ထက်ရှိုင်း(ခ)ဖိုးထက်ဆိုသူပါ။ သူ့ကို မြိတ်မြို့နယ်၊ စနေတောင်ကျေးရွာမှာနေတဲ့  ညီအစ်ကိုဝမ်းကွဲတော်စပ်သူနေအိမ်ကို ရောက်ရှိတိမ်းရှောင်နေတာကို စုံစမ်း သိရှိလို့ ရဲတပ်ဖွဲချင်း ချိတ်ဆက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းမိသူက သတ်ကြောင်းဝန်ခံခဲ့ပေမယ် ဘာအကြောင်း ကြောင့်သတ်ရလဲဆိုတာ ထုတ်ပြန်ချက်ထဲမှာ မပါခဲ့ပါဘူး။

ယခုနောက်ပိုင်းတွေမှာ မကြာခဏဆိုသလို တိုက်ခန်းတွေမှာ လူသတ်မှုတွေ၊ အနုကြမ်းစီးမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့အတွက် ဆင်ခြင်သတိထားစရာဖြစ်သလို ကျူးလွန်သူတွေက အသတ်ခံရ သူတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်နေတာ အများစုဖြစ်နေတဲ့အတွက် ဒါဟာ သတိထားစရာပါ။

ယခုလူသတ်မှုမှာ ရဲတပ်ဖွဲ့ဘက်က စုံစမ်းဖော်ထုတ်မှုက ကျေနပ်စရာကောင်းခဲ့ပါတယ်။ အထူးသဖြင့် အသတ်ခံရတာကို သိပြီး ၂၄ နာရီအတွင်း ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နိုင်တာ ဘယ်လိုပဲဖြစ်ဖြစ် ယခင်ကာ လတွေကထက်ပိုပြီး အလုပ်လုပ်လာတာကို ဖော်ပြတာကို ပြနေသလို ကျူးလွန်သူတွေနဲ့ ကျူးလွန်လတ္တံ သူ တွေကို  ဟိုးယခင်ကလို တရားခံမပေါ်ဘဲ ပျောက်ပျက်သွားဖို့ အခွင့်လမ်းနည်းလာပြီဆိုတာ သတိပေး လိုက် သလိုပါဘဲ။

လူအသေအပျောက်ရှိတဲ့ ဒီမူခင်းသတင်းက လှည်းတန်းမီးပွိုင့်တစ်ဝိုက် ကလေးတွေကို တောင်းရမ်း ခိုင်းတဲ့သူတွေကို ဖမ်းဆီးခဲ့တဲ့သတင်း၊မြောင်းမြမှာ ဆယ်တန်းစာမေးပွဲခန်းစောင့်တဲ့ ကျောင်းဆရာမတစ်ဦး နေ အိမ်မှာ သေဆုံးနေတဲ့သတင်း၊လက်နက်နဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်းအမှုကို ဆက် လက်စစ်ဆေးနေတဲ့ သတင်း၊အဆိုတော်ဂျီလတ်ရဲ့ ညီဖြစ်သူ တေးရေးကမ္ဘာရဲ့ သေဆုံးမှုမှာ ကားတိုက်လို့ သေ ရတာလို့ ဆိုတဲ့ သတင်း၊ ထိုင်းနိုင်ငံမှ ဘတ်ငွေဖြင့် ဝယ်ယူခဲ့တဲ့ ကျပ် ၁၀,၀၀၀ နှင့် ကျပ် ၅,၀၀၀ တန်အတုတွေ ကို နောင်ချိုမြို့မဈေးအတွင်းသုံး နေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းမိတဲ့ သတင်း၊တနင်္သာရီတိုင်းဝန်ကြီးချုပ် လိုက် ပါလာတဲ့ ယာဉ်တန်းကို အရက် ပုလင်းခွံနဲ့ ပစ်ပေါက်တဲ့ သူကို ဖမ်းဆီးစစ်ဆေးနေတဲ့ သတင်း၊ထောင်ခြောက် လကျခံနေရပြီး ဆရာတော်ကို ထောက်ခံသည့်ရွာသားများနဲ့ ဆန့်ကျင်တဲ့ ရွာသားများ ပဋိပက္ခကြောင့် ပေါင်မြို့ နယ် မှော်ဘီကျေးရွာအုပ်စုရှိ မှော်ဘီဘုန်းကြီးကျောင်းကိုသက်ဆိုင်ရာက ချိပ်ပိတ်ထားရတဲ့ သတင်း၊ ငွေကြေး လိမ်လည်ခဲ့သူ နန္ဒမာလာနဲ့ ၎င်း၏ခင်ပွန်းဟောင်း၊ တပည့်တို့ကို သာသနာညှိုးနွမ်းစေမှုနဲ့ စတင်စစ်ဆေးတော့ မယ့် သတင်း၊ ဖစ်ချ်ဘူရီ ခရိုင်မှ  ဖဲဝိုင်းဝင်ဖမ်းရာမှာ အမျိုးသမီးများတွေအပါအဝင် မြန်မာလုပ်သား ၂၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ သတင်းစတဲ့ မူခင်းသတင်းတွေလည်း ယခုတစ်ပတ်မှာ ဖြစ်ခဲ့ပါသေးတယ်။

ပြဿနာတွေနဲ့ ကရင်ပြည်နယ်ထဲက အိမ်ရာစီမံကိန်းတွေ

နိုင်ငံတကာသတင်းတွေမှာ တက်လာခဲ့သတင်းတစ်ခုဖြစ်တဲ့ မိုင်းလားလို့မြို့တစ်ခု မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ် ကမ်းဘေးမှာ ရုတ်တရက်ပေါ်လာတဲ့အတွက် ပြည်တွင်းကလူတွေ နိုင်ငံတကာကစောင့်ကြည့် သူတွေ အဆန်းတကြယ်ဖြစ်ခဲ့ပါတယ်။ဒီမြို့သစ်က ဘယ်လိုပေါ်ထွက်လာသလဲ၊ဘယ်သူခွင့်ပြုချက်ကြောင့်လဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီသတင်းကို နိုင်ငံခြားသတင်းထောက်တစ်ဦးကရေးခဲ့တဲ့ အတွက်ဒီသတင်းက ယခုတစ်ပတ်အတွင်း အများစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ယခုလို အများစိတ်ဝင်စားစရာဖြစ်လာခဲ့တဲ့အတွက် သက်ဆိုင်ရာတွေက ရှင်လင်းပြောကြားမှုတွေ ရှိလာခဲ့ပါတယ်။DICAဘက်က ညွှန်မှူးတစ်ဦးက ဒီစီမံကိန်းကို ကရင်ဝန်ကြီးချုပ်ကိုယ် တိုင်ကွင်းဆင်းစစ်ဆေးပြီးထောက်ခံချက်ပေးလို့ ခွင့်ပြုပေးခဲ့တာ ဆိုပြီး ခွင့်ပြုထားတဲ့ ရင်းနှီးမြုပ်နှံမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၂ သန်းခွဲဖြစ်ပြီး နှစ်ထပ်အပန်း ဖြေနားနေမည့် အိမ်ရာများတည် ဆောက်ရန် စီမံကိန်း ပထမအဆင့်ကိုသာ ခွင့်ပြုထားတာလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိဆောက်လုပ်ထားမှုမှာ အဆင့်မြင့်အိမ်ရာ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ကုန်သွယ် ရေးစင်တာ၊ စက်ရုံ၊ ဂေါက်ကွင်း၊ ကာစီနိုရုံတို့ပါရှိ သည့်အပြင် လေဆိပ်တစ်ခုပါ ထည့်သွင်း တည်ဆောက်နိုင် တယ်လိ့ ဆောင်းပါးရှင် ဘာတေးလင့်တနာ (Bertil Linitner) ကိုယ်တိုင် ကွင်းဆင်းပြီး Asia Times သတင်း မှာ ရေးသားခဲ့တဲ့အတွက် ခွင်ပြုတာထက် ကျော်လွန်လုပ်ဆောင် ခဲ့နေပြီ လားဆိုတာ ပြန်စစ်ဆေး စရာဖြစ်လာ ခဲ့ပါတယ်။

အိမ်ရာတစ်ခုဆောက်တာက မြို့တစ်ခုအဖြစ်ပေါ်လာဖို့ ဖြစ်နေလို့ အားလုံး တအံတသြဖြစ်နေချိန်မှာ  ကရင်ပြည်နယ်ထဲကပဲ အိမ်ရာစီမံကိန်းတစ်ခုကို အစိုးရအဖွဲ့၏ခွင့်ပြု ချက်မပါဘဲအကောအထည်ဖော်ခဲ့လို့ ဦးစီးလုပ်ကိုင်ခဲ့သူကို ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ DKBA က ဗိုလ်မှူးစောညီညီ ဦးစီးပြီး ရွှေမြစန္ဒီအိမ်ရာစီမံ ကိန်း ကိုလုပ်ဆောင်ခဲ့ရာမှာ အကျိုးတူလုပ်ခဲ့တဲ့ သူတွေ ဌာနဆိုင်ရာကသူတွေ အားလုံးကို ဖော်ထုတ် အရေးယူမယ် လို့  ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ဒီအိမ်ရာစီမံကိန်းကို မြဝတီသစ်တော ကြိုးဝိုင်းနယ်မြေ၊ မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ အတွင်းမဲကနယ်ရွာက ဒေသခံတွေရဲ့ လယ်ယာမြေပေါ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စဆောက်ကတည်းက  ပြည်နယ်အစိုးရအဖွဲ့က တားမြစ်ခဲ့တာပါ။ဒါပေမေယ့် စီမံကိန်းကို မရပ်ဘဲ မြေကွက်များ ဆက်ရိုက်ပြီး ပြည်သူတွေကို ရောင်းချခဲ့တာပါ။ဒီအတွက် ပူးပေါင်းပါဝင်ခဲ့တဲ့ ဌာနဆိုင်ရာအချို့ကိုပါ ဝန်ကြီးချုပ် က အရေးယူမယ် လို့ပြောခဲ့တဲ့အတွက် ဒီအိမ်ရာစီမံကိန်းနှစ်ခုအတွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာ အများပြည် သူက စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းက ကျွန်းစုမြို့နယ်အတွင်း ပုစွန်မွေးမြူရေးစီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေက မွေးမြူ ရေးလိုင်စင် နှင့် မြေ ယာလုပ်ပိုင်ခွင့်လည်း မရှိဘဲ သည် လုပ်ကိုင်နေလို့ အရေးယူဖို့ လုပ်နေတယ်လို့ စီမံ/ဘဏ္ဍာရေးဒု-ဝန်ကြီးက လွှတ်တော်မှာ ပြောခဲ့တဲ့သတင်း၊ရန်ကုန်မြို့တွင်း  Public Area တွေမှာ ပန်းခြံ၊ လူသွားလမ်းများနှင့် စက်ဘီးစီး ဖို့ လမ်းတွေပါဝင်တဲ့ Community Centre ပြုလုပ်မယ့်သတင်း၊နေပြည်တော်မှာ  ကျောက်မျက်ပြပွဲပြုလုပ်မယ့် သတင်း၊မြန်မာအစိုးရဌာနများမှာ တရုတ်ဘာသာစကားတတ်ကျွမ်းသူများ တိုးမြှင့်မွေးထုတ်ရန် တရုတ်သံရုံးက ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောလိုက်တဲ့ သတင်း၊ ကန်ဒေါ်လာ တစ် သန်းခွဲတန်ဖိုးရှိ ဆင်စွယ်၊ ဆင်အစိတ် အပိုင်းနှင့် တောရိုင်းတိရစ္ဆာန်အ စိတ်အပိုင်းတွေကို ဖျက်ဆီးခဲ့တဲ့ သတင်း တွေနဲ့ အတူ သတိထားစောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

လွှတ်တော်ထဲက တင်းမာမှု

ပြင်ဆင်ဖို့ခက်ခဲလွန်းတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်လမ်းကြောင်းကနေ ကြိုးစားနေခဲ့ရာမှာ စကတည်းက ယဉ်သကို ဆိုသလို အခက်အခဲတွေ များစွာရှိခဲ့ပါတယ်။ အခြေခံဥပဒေပြင် ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ကတည်းက စခဲ့တဲ့အကြပ်အတည်းနဲ့ ကန့်ကွက်မှုတွေက ယခုတစ်ပတ်ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အထိပါဘဲ။

ယခုတစ်ပတ်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီး ချုပ်တွေကို သမ္မတက ခန့်အပ်ပိုင်ခွင့်ပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုး အမတ် ဦးသိန်းထွန်းတင်သွင်းတဲ့ဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်း ကော်မတီအတွင်းဆွေးနွေးတဲ့ အခါမှာ သဘော ထားကွဲလွဲမှုတွေရှိလို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့အထိ ဖြစ်လာခဲ့ပါတယ်။

ဥပဒေကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီက ပုဒ်မ ၂၆၁တစ်ခုတည်းကို သီးခြားပြင်ဆင်တာထက် အားလုံးပြင်ဆင်မယ့် အခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီလုပ်ငန်းစဉ်ထဲ ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရာ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့ပါတယ်။

အဆိုပါ အစီရင်ခံစာအပေါ် ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မတ် ၇ ရက် နောက်ဆုံး ထားပြီး အမည်စာရင်းတင်သွင်းနိုင်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့ရာမှာ  တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မတ်တတ်ရပ်ပြီး ဆွေးနွေးရာ နာယကမှ  ခွင့်မပြုခဲ့ပါဘူး။ထိုပြင် နောက်ထပ်တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ထပ်ပြီး ဆွေးနွေးဖို့ကြိုးစားခဲ့သလို ပြည်ခိုင်ဖြိုးအမတ် ကလည်း ဆွေးနွေးရန်ကြိုးစားခဲ့ပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကက အစီရင်ခံစာ ဆွေးနွေးချိန်မှသာ လွတ်လပ်စွာ ဆွေးနွေးရန် ပြောပြီး ဆွေးနွေးခွင့်မပြုခဲ့ပါဘူး။

ပြည်ခိုင်ဖြိုးပါတီဘက်က ဒီလို သူတို့ပါတီက တင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီက ဆောင်ရွက်မည့် ပြင်ဆင်ရေးလုပ်ငန်းထဲ ထည့်သွင်း ဆောင်ရွက်ခြင်းပြုလုပ်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်နာယကကို စွပ်စွဲပြစ်တင်ခြင်းပြုလုပ်နိုင်ခြေများ တယ်လို့ ပြောခဲ့ပါတယ်။

ဒီအတွက် ပြည်ထောင်စုလွှတ်တော်နာယကကို စွပ်စွဲပြစ်တင်လာမလား၊ ပုဒ်မ ၂၆၁ က ဘယ်လမ်း ကြောင်းကနေ ပြင်သွားဖြစ်မလဲ ၊လွှတ်တော်အတွင်းက ဘက်နှစ်ဘက်ကြား ဘာတွေ ဖြစ်လာဦးမလဲဆိုတာ နောက်တစ်ပတ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပတဲ့အခါ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှစ်ဦးခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့အမည်ပေးပို့ခဲ့တဲ့ သတင်း၊ UNDP ကထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာမှာ တိုင်းနှင့်ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေက  ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် အသွင်ကူးပြောင်းရေး အခြေအနေနှင့် မကိုက်ညီလို့ ပြင်ဆင်သင့်တယ်လို့ ထောက်ပြခဲ့တဲ့ သတင်း၊ အကျဉ်းသားများ၏ စအို အတွင်း လက်နှိုက်ရှာခြင်းမပြုဘဲ စက်ဖြင့်ရှာရန် သန်လျင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က တိုက်တွန်းခဲ့တဲ့ သ တင်း၊ရန်ကုန်စည်ပင်ရွေး ကောက်ပွဲအတွက် ကူညီမှုပေးရန် ဥရောပသမဂ္ဂ (EU)ကိုယ်စား လှယ်အဖွဲ့က လာ ရောက်ကမ်းလှမ်းခဲ့တဲ့ သတင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွေက စုံစမ်းစစ်ဆေးနေတဲ့ သတင်း၊ ခြင်္သေ့ပုံ ပါဝင်တဲ့ တိုင်းဒေသကြီးအလံနဲ့  ခြင်္သေ့နှင့် ကြယ်များ ပါဝင်ပြီး အနီ၊ အဝါ၊ ရွှေနှင့် အဖြူရောင်တို့ ပါဝင်တဲ့ တိုင်းအစိုးရအဖွဲ့ တံဆိပ်အသစ်ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ပယ်ချခဲ့တဲ့ သတင်း၊ အရေးပေါ်လူနာများအတွက် ရဟတ်ယာဉ်ဝယ်ယူရန် ကျန်းမာရေးဝန်ကြီး  ဒေါက်တာမြင့်ထွေး ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့တဲ့ သတင်း၊ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို မေးခွန်းပုံစံသစ် အပြောင်းအလဲနဲ့ စတင်စစ်ဆေးခဲ့တဲ့ သတင်းတွေထဲ ဆက်စောင့်ကြည့်ရဦးမယ့် အများပြည်သူနဲ့ဆိုင်ရာ စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်တန့်လိုက်ချင်ပါတယ်။

မာလင်း
မတ် - ၈

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲ သတိထားမိတဲ့ သတင္းအခ်ိဳ႕ ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ျပည္ပမီဒီယာေတြမွာ ေဖာ္ျပခံခဲ့ရတဲ့ မိုင္းလားလို ၿမိဳ႕တစ္ခု ျမန္မာ-ထိုင္း နယ္စပ္ ေသာင္ရင္းျမစ္ကမ္းေဘးမွာ ႐ုတ္တရက္ေပၚလာတဲ့ သတင္းနဲ႔ ဒဂုံဆိပ္ကမ္း ယုဇနမွာ ျဖစ္ခဲ့တဲ့ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈလို သတင္းေတြနဲ႔ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္လမ္းေၾကာင္းကေန ျပင္ဆင္တဲ့ေနရာမွာ တြန္းတြန္းတိုက္တိုက္ေတြ ျဖစ္ေနတဲ့အတြက္ ပိုစိတ္ဝင္စားစရာေကာင္းလာတဲ့ အေျခအေနသတင္းေတြပဲ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုဘ႑ာႏွစ္အတြင္း ျပည္ေထာင္စုအစိုးရလိုေငြ ျဖည့္ဆည္းေပးဖို႔ ဗဟိုဘဏ္မွ က်ပ္ဘီလ်ံ ၁,၀၀၀ ေက်ာ္ ေခ်းယူဖို႔ စီမံ/ဘ႑ာ ဝန္ႀကီးဌာနက ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ျပခဲ့တဲ့ သတင္း၊ က်ပ္သိန္း ၅၀၀ ဆု သုံးဆုအပါအဝင္ ဆုလက္မွတ္ေပါင္း တစ္ေသာင္းေက်ာ္ကို လာေရာက္ထုတ္ယူျခင္း မရွိေသးေၾကာင္း ေအာင္ဘာေလထီ သိန္းဆုဌာနခြဲက ေၾကညာခဲ့တဲ့ သတင္း၊ ၂၀၁၉ ႏွစ္ကုန္ပိုင္း ကစၿပီး ဘူတာႀကီး - မဂၤလာဒုံေလဆိပ္ႏွင့္ လႈိင္သာ ယာ - တိုးေၾကာင္ေလး လမ္းပိုင္းႏွစ္ခုမွာ ျမန္ႏႈန္းျမင့္ ရထားစနစ္ (MRT) စတင္မယ့္ သတင္း၊ ရန္ကုန္တိရစာၦန္ဥယ်ာဥ္ထဲက သဘာဝသမိုင္းျပတိုက္မွာ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ဆင္ျပတိုက္ကို ဖြင့္လွစ္ခဲ့တဲ့ သတင္းေတြထဲ အမ်ားစုအာ႐ုံစိုက္စရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

လိပ္ခဲတည္းလည္း ရခိုင္အေရး

ရခိုင္ေျမာက္ပိုင္းမွာ ျဖစ္ေနတဲ့ ျပႆနာက ေ႐ႊ႕ေျပာင္းအေျခခ်ေတြနဲ႔ျဖစ္တဲ့ အေျခအေနကေန ကမာၻ႔စာမ်က္ႏွာေတြထိ ေရာက္လာရာမွာ ယခုအခါ တိုင္းရင္းသားလက္နက္ကိုင္အျဖစ္ ေပၚေပါက္လာတဲ့အတြက္ ရႈပ္ေထြးလာတဲ့ျပႆနာ ျဖစ္လာပါတယ္။

အုပ္ခ်ဳပ္ေရးမွာ အေျခခံက ရပ္ကြက္ေက်း႐ြာေတြက အုပ္ခ်ဳပ္ေရးမႉးေတြပါ။တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) တို႔ တိုက္ပြဲျဖစ္ပြားရာ ေဒသမွ အုပ္ခ်ဳပ္ေရးမႉး ေလးဦးကို တပ္မေတာ္က မတရားအသင္း အက္ဥပေဒပုဒ္မ ၁၇ (၁) ျဖင့္ ေဖေဖာ္ဝါရီ ေနာက္ဆုံးပတ္တြင္ အမႈဖြင့္ခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။ဒီလိုဖမ္းဆီးတဲ့အတြက္ ေျမာက္ဦးၿမိဳ႕နယ္ထဲက  ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ၉၀ တို႔ ရာထူးက ႏုတ္ထြက္ခဲ့ပါတယ္။ဒီလိုႏုတ္ထြက္ရာမွာ လုံၿခဳံမႈမရွိျခင္း၊ အကာအကြယ္မဲ့ျခင္းႏွင့္ ပစ္မွတ္ထားခံလာရတာေတြေၾကာင့္ ႏုတ္ထြက္ရျခင္း ျဖစ္တယ္လို႔ ထြက္စာမွာ ေဖာ္ျပခဲ့ပါတယ္။

ျပည္နယ္ေထြ/အုပ္ဘက္ကေတာ့ လုပ္ထုံးလုပ္နည္း မူေဘာင္ႏွင့္ မကိုက္ညီလို႔ ႏုတ္ထြက္ခြင့္ေပးလို႔ မရဘူးလို႔ အေၾကာင္းျပန္ထားပါတယ္။အဲဒီဘက္မွာ ရခိုင္လက္နက္ကိုင္ AA တပ္ေတြက အုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕ကို ဖမ္းဆီးျခင္း၊ အုပ္ခ်ဳပ္ေရးမႉးမ်ားကို သတိေပးျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ၎တို႔ရဲ႕ အမ်ိဳးသားေရးလုပ္ငန္းစဥ္ေတြကို အေႏွာင့္အယွက္ေပးေနတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကို အေရးယူမယ္လို႔ ထုတ္ျပန္သတိေပးထားတဲ့အတြက္ ဆူးၾကားဘူးသီး သီးသလို ျဖစ္ေနတာကေတာ့ အမွန္ပါဘဲ။

မတ္လ ၄ ရက္က ေမာင္ေတာႏွင့္ ဘူးသီးေတာင္ ၿမိဳ႕နယ္ေတြမွာ မီးေလာင္ခဲ့ပါတယ္။ခိုးဝင္အေျခခ် ဘဂၤါလီေတြေၾကာင့္  နယ္ျမအေျခအေန မတည္ၿငိမ္ေသးတဲ့အတြက္ ၿပီးခဲ့တဲ့ရက္ေတြက က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေတာင္ကုတ္ လႊတ္ေတာ္ကိုယ္စားလွယ္က ရဲကင္းစခန္းတစ္ခု တည္ေဆာက္ေပးဖို႔ ေတာင္းခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

ဘဂၤါလီေတြရဲ႕ မူရင္းေနရာေဒသျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ဘက္ကေန ဒီဘက္ ရခိုင္ေျမာက္ပိုင္းရဲ႕ ႏိုင္ငံေရးအေျခအေန ပိုဆိုးလာေအာင္ လုပ္ေဆာင္ေနမႈေတြကို ေတြ႕ရပါတယ္။ဒါကာ အေျခစိုက္ banglanews24 အြန္လိုင္းသတင္းဌာနကေန ျမန္မာႏိုင္ငံအတြင္း Safe Zone ထားရွိေရးကို တ႐ုတ္ႏိုင္ငံက သေဘာတူတယ္ဆိုၿပီး သတင္းမွားကို တင္ခဲ့တဲ့အတြက္ ဘဂၤလားေဒ့ရွ္မွာရွိတဲ့ ျမန္မာသံ႐ုံးက ကန႔္ကြက္ခဲ့သလို တ႐ုတ္သံ႐ုံးဘက္ကလည္း အေျခအျမစ္မရွိေသာ သတင္းျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံအတြင္း  Safe Zone ထူေထာင္ရန္ မေထာက္ခံပါေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ဘဂၤလားေဒ့ရွ္ဘက္က ရခိုင္ျပည္နယ္ကို ဖဲ့ထုတ္ဖို႔ ႏိုင္ငံတကာကို လူမ်ိဳးေရးအေၾကာင္းျပၿပီး ႏွပ္ေၾကာင္းေပးေနတဲ့အတြက္ ႏိုင္ငံတကာ သံတမန္ေရးရာမွာ ျမန္မာႏိုင္ငံအတြက္ စိုးရိမ္စရာပါ။

မၾကာေသးခင္ရက္ပိုင္းက ရခိုင္ေျမာက္ပိုင္းက ေဒသအခ်ိဳ႕မွာ အိမ္တိုင္း ရခိုင္အလံေတြ ေထာင္ထားသလို အစြန္းေရာက္ အမ်ိဳးသားေရးဝါဒေတြ ရခိုင္ဘက္မွာ အားေကာင္းလာေနတဲ့အတြက္ ခိုးဝင္ ဘဂၤါလီအေျခခ်ေတြေၾကာင့္ ရႈပ္ေထြးေနတဲ့ ရခိုင္ေျမာက္ပိုင္း အေျခအေနက ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ေၾကာင့္ ပိုၿပီးရႈပ္ေထြးလာပါတယ္။

ဂ်ပန္ႏိုင္ငံက ႀကီးမႉးၿပီး ရခိုင္ရင္းႏွီးျမဳပ္ႏွံမႈ ဖိုရမ္ကို မၾကာမီက လုပ္ခဲ့ရာမွာ ေဒၚလာ သန္း ၅၀၀၀ အထိ ရင္းႏွီးျမဳပ္ႏွံဖို႔  ႏိုင္ငံတကာက အဆိုျပဳထားေပမယ့္ နယ္ေျမမတည္မၿငိမ္ျဖစ္ရင္ ဒီလိုႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈက ဝင္ဖို႔ ခက္ခဲတဲ့အတြက္ ၂၀၁၈ ႏွစ္ကုန္ပိုင္းကတည္းက ဘူးသီးေတာင္၊ ရေသ့ ေတာင္၊ ေက်ာက္ေတာ္၊ ပု႑ား ကြၽန္း၊ ေျမာက္ဦး စသည့္ၿမိဳ႕နယ္မ်ားအတြင္းတိုက္ပြဲေတြ ခပ္စိပ္စိပ္ျဖစ္ေနတဲ့ ရခိုင္ေျမာက္ပိုင္းကို ရင္းႏွီးျမဳပ္ ႏွံမႈ ေတြ ဝင္/မဝင္ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သီေပါၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့  RCSS ႏွင့္ SSPP/TNLA တိုက္ပြဲ အတြင္း အသက္ (၈)ႏွစ္အ႐ြယ္ ကေလး ငယ္တစ္ဦး မိုင္းစထိမွန္ခဲ့တဲ့ သတင္း၊ျမန္မာဒုကၡသည္ တစ္ေသာင္းေနထိုင္တဲ့ ထိုင္းနယ္စပ္ရွိ ႏို႔ဖိုးဒုကၡသည္စခန္းမီးေလာင္တဲ့သတင္း၊ နမၼတူၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့  RCSS နဲ႔ SSPP/TNLA တိုက္ပြဲမွာ အရပ္သား ၁၀ ဦး ေပ်ာက္ဆုံးေနတဲ့ သတင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ထဲ ႀကံခုတ္ ေနတဲ့ အရပ္သား ၇၀ ကို KIA/TNLA ပူး ေပါင္းအဖြဲ႕က   ဖမ္းဆီးသြားတဲ့ သတင္း၊ကခ်င္ ျပည္နယ္ ကဆုန႔္ေဒသမွာ မိုင္းေပါက္ကြဲလို႔ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာအျပင္း အထန္ရရွိခဲ့တဲ့ သတင္း၊ ထိုင္း ႏိုင္ငံ ခ်င္းမိုင္ မွာက်င္းပတဲ့ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕ အစည္းအ ေဝးမွာ KNU ႏွင့္ RCSS အဖြဲ႕ က NCA အေကာင္ အထည္ေဖာ္မႈလမ္းေၾကာင္း ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ထူေထာင္မည္လမ္းနဲ႔ေသြဖယ္ ေနတယ္လို႔ တင္ျပခဲ့တဲ့တိုင္းရင္းသားသတင္းေတြထဲ ေစာင့္ၾကည့္ရတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။

ယုဇန ႏွစ္ေလာင္းၿပိဳင္နဲ႔ ၁၁ ေယာက္ ေသဆုံးရတဲ့ ယာဥ္ေမွာက္မႈ

ယာဥ္တိမ္းေမွာက္မႈေတြနဲ႔ ယခင္အစိုးရလက္ထက္က နာမည္ႀကီးခဲ့တဲ့ ရန္ကုန္-မႏၲေလးအျမန္လမ္း က ေတာ့ ထုံးစံအတိုင္း ေဖေဖၚဝါရီလထဲမွာ ခရီးသည္ ၁၁ ေယာက္ကိုထပ္မံအသက္ဆုံးရႈံးခဲ့ရျပန္ၿပီ ျဖစ္ပါတယ္။ မတ္လ ၅ ရက္ နံနက္ ၆ နာရီက တမူး - ကေလး -ရန္ကုန္ ေျပးဆြဲသည့္ High Class ခရီး သည္တင္ယာဥ္ တိမ္းေမွာက္ရာ သံဃာေတာ္ေလးပါး ပ်ံလြန္ေတာ္မူၿပီး ခရီးသည္ခုနစ္ဦးေသဆုံးကာ ၂၄ ဦးဒဏ္ရာရရွိခဲ့ပါတယ္။

ယာဥ္ေပၚမွာ ယာဥ္ေမာင္းအပါအဝင္ လိုက္ပါလာသူ ၄၂ ဦးရွိရာမွာ ၁၁ ဦးေသဆုံးခဲ့တာပါ။ ယာဥ္ ေမာင္းကို ဖမ္းၿပီး စစ္ေဆးေနတယ္ဆိုသလို ယာဥ္လိုင္းဘက္က ေသဆုံးသူေတြ ဒဏ္ရာရသူေတြအတြက္ လိုအပ္တာ ေတြကို ေဆာင္႐ြက္ေပးခဲ့တယ္ဆိုပါတယ္။ဒီယာဥ္တိမ္းေမွာက္မႈနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ ေတြေပၚမွာ ေသဆုံးတဲ့သူေတြရဲ႕ ပုံေတြ ေပၚေနတာက ေသဆုံးသူရဲ႕ မိသားစုေတြအတြက္ စိတ္ဒဏ္ရာရေစ သလို ေသဆုံးသူ ေတြရဲ႕ ဂုဏ္သိကၡာကိုလည္း ထိခိုက္ေစတဲ့ အတြက္ အာဏာပိုင္ေတြ ၊facebook team ေတြလည္း တစ္ခုခု ေဆာင္႐ြက္သင့္ၿပီထင္ပါတယ္။

နံနက္ပိုင္းမွာ ကားတိမ္းေမွာက္လို႔ ခရီးသည္ ၁၁ ေယာက္ ေသဆုံးခဲ့တဲ့ ထိခိုက္ေသဆုံးမႈေတြနဲ႔ စဖြင့္ခဲ့တဲ့ မတ္လ ၆ ရက္ဟာ ညဘက္မွာ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈနဲ႔  တစ္ေန႔တာကို ပိတ္ခဲ့ပါတယ္။

မတ္လ ၆ ရက္ေန႔ ည ၆ နာရီ ၄၅ မိနစ္အခ်ိန္က ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္  ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ (၉၄) ရပ္ကြက္က  တိုက္ခန္းတစ္ခုမွာေနထိုင္တဲ့ ဝန္ထမ္းအမ်ိဳးသမီးကို အလုပ္မဆင္းတာ သုံးရက္ေလာက္ရွိေနလို႔ ကုမၸဏီက ရဲေတြေခၚၿပီး လာၾကည့္ရာမွာ အခန္းထဲ အသတ္ခံထားရတာကိုေတြ႕ရတာပါ။ ရဲသတင္းထုတ္ျပန္ ခ်က္မွာ ေသဆုံးေနေၾကာင္း သတင္းအရ သက္ေသမ်ားနဲ႔အတူ သြားစစ္ေဆးခဲ့ရာမွာ ဧည့္ခန္းထဲမွာ သာေကတၿမိဳ႕နယ္၊ ၄/ေျမာက္ရပ္ကြက္ေန ကိုဟိန္းမင္းေအာင္(၂၇)ႏွစ္ (ဆြီတီးဟုမ္းအေရာင္းဝန္ထမ္း)ကို ျပတ္ရွဒဏ္ရာ(၂)ခ်က္၊ ထိုးသြင္း ဒဏ္ရာ(၆)ခ်က္ျဖင့္လည္းေကာင္း၊ အဆိုပါတိုက္ခန္းေန မျမင့္ျမင့္ဝင္း(၂၃)ႏွစ္ (ဆြီတီးဟုမ္းအေရာင္း ဝန္ထမ္း)အား ထိုးသြင္းဒဏ္ရာ(၁)ခ်က္ျဖင့္လည္းေကာင္း ေသဆုံးေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အသတ္ခံရသူအမ်ိဳးသမီးက  ယခု အခင္းျဖစ္တဲ့ တိုက္ခန္းကို ငွားေနတာ မၾကာေသးဘူးလို႔ အရပ္ စကားအရသိရၿပီး ထင္ေၾကးမ်ိဳးစုံထြက္ခဲ့ေပမယ့္  ေနာက္တစ္ရက္ ညေနပိုင္းမွာ  လူသတ္မႈက်ဴးလြန္သူကို ၿမိတ္မွာ ဖမ္းမိခဲ့ပါတယ္။လူသတ္မႈ က်ဴးလြန္သူက ကုမၸဏီတစ္ခုတည္းမွာ လုပ္တဲ့သူျဖစ္ၿပီး အသတ္ခံရသူႏွစ္ဦး စအလုပ္မဆင္းတဲ့ မတ္လ ၄ ရက္ေန႔ကတည္းကအလုပ္မဆင္းဘဲ ေပ်ာက္ဆုံးေနလို႔  ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးရာကေန က်ဴးလြန္သူကို ဖမ္းမိခဲ့တာျဖစ္ပါတယ္။ က်ဴးလြန္သူက အသတ္ခံရသူေတြလုပ္တဲ့ ဆြီတီးဟုမ္း က ဝန္ထမ္းျဖစ္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ထက္ရႈိင္း(ခ)ဖိုးထက္ဆိုသူပါ။ သူ႔ကို ၿမိတ္ၿမိဳ႕နယ္၊ စေနေတာင္ေက်း႐ြာမွာေနတဲ့  ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူေနအိမ္ကို ေရာက္ရွိတိမ္းေရွာင္ေနတာကို စုံစမ္း သိရွိလို႔ ရဲတပ္ဖြဲခ်င္း ခ်ိတ္ဆက္ဖမ္းဆီးခဲ့တာပါ။ ဖမ္းမိသူက သတ္ေၾကာင္းဝန္ခံခဲ့ေပမယ္ ဘာအေၾကာင္း ေၾကာင့္သတ္ရလဲဆိုတာ ထုတ္ျပန္ခ်က္ထဲမွာ မပါခဲ့ပါဘူး။

ယခုေနာက္ပိုင္းေတြမွာ မၾကာခဏဆိုသလို တိုက္ခန္းေတြမွာ လူသတ္မႈေတြ၊ အႏုၾကမ္းစီးမႈေတြ၊ အၾကမ္းဖက္မႈေတြ ျဖစ္ေနတဲ့အတြက္ ဆင္ျခင္သတိထားစရာျဖစ္သလို က်ဴးလြန္သူေတြက အသတ္ခံရ သူေတြနဲ႔ ရင္းႏွီးကြၽမ္းဝင္သူေတြ ျဖစ္ေနတာ အမ်ားစုျဖစ္ေနတဲ့အတြက္ ဒါဟာ သတိထားစရာပါ။

ယခုလူသတ္မႈမွာ ရဲတပ္ဖြဲ႕ဘက္က စုံစမ္းေဖာ္ထုတ္မႈက ေက်နပ္စရာေကာင္းခဲ့ပါတယ္။ အထူးသျဖင့္ အသတ္ခံရတာကို သိၿပီး ၂၄ နာရီအတြင္း က်ဴးလြန္သူကို စုံစမ္းေဖာ္ထုတ္ႏိုင္တာ ဘယ္လိုပဲျဖစ္ျဖစ္ ယခင္ကာ လေတြကထက္ပိုၿပီး အလုပ္လုပ္လာတာကို ေဖာ္ျပတာကို ျပေနသလို က်ဴးလြန္သူေတြနဲ႔ က်ဴးလြန္လတၱံ သူ ေတြကို  ဟိုးယခင္ကလို တရားခံမေပၚဘဲ ေပ်ာက္ပ်က္သြားဖို႔ အခြင့္လမ္းနည္းလာၿပီဆိုတာ သတိေပး လိုက္ သလိုပါဘဲ။

လူအေသအေပ်ာက္ရွိတဲ့ ဒီမူခင္းသတင္းက လွည္းတန္းမီးပြိဳင့္တစ္ဝိုက္ ကေလးေတြကို ေတာင္းရမ္း ခိုင္းတဲ့သူေတြကို ဖမ္းဆီးခဲ့တဲ့သတင္း၊ေျမာင္းျမမွာ ဆယ္တန္းစာေမးပြဲခန္းေစာင့္တဲ့ ေက်ာင္းဆရာမတစ္ဦး ေန အိမ္မွာ ေသဆုံးေနတဲ့သတင္း၊လက္နက္နဲ႔ မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းမိတဲ့ ၿဖိဳးကိုကိုတင့္ဆန္းအမႈကို ဆက္ လက္စစ္ေဆးေနတဲ့ သတင္း၊အဆိုေတာ္ဂ်ီလတ္ရဲ႕ ညီျဖစ္သူ ေတးေရးကမာၻရဲ႕ ေသဆုံးမႈမွာ ကားတိုက္လို႔ ေသ ရတာလို႔ ဆိုတဲ့ သတင္း၊ ထိုင္းႏိုင္ငံမွ ဘတ္ေငြျဖင့္ ဝယ္ယူခဲ့တဲ့ က်ပ္ ၁၀,၀၀၀ ႏွင့္ က်ပ္ ၅,၀၀၀ တန္အတုေတြ ကို ေနာင္ခ်ိဳၿမိဳ႕မေဈးအတြင္းသုံး ေနတဲ့ အမ်ိဳးသားတစ္ဦးကို ဖမ္းမိတဲ့ သတင္း၊တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ လိုက္ ပါလာတဲ့ ယာဥ္တန္းကို အရက္ ပုလင္းခြံနဲ႔ ပစ္ေပါက္တဲ့ သူကို ဖမ္းဆီးစစ္ေဆးေနတဲ့ သတင္း၊ေထာင္ေျခာက္ လက်ခံေနရၿပီး ဆရာေတာ္ကို ေထာက္ခံသည့္႐ြာသားမ်ားနဲ႔ ဆန႔္က်င္တဲ့ ႐ြာသားမ်ား ပဋိပကၡေၾကာင့္ ေပါင္ၿမိဳ႕ နယ္ ေမွာ္ဘီေက်း႐ြာအုပ္စုရွိ ေမွာ္ဘီဘုန္းႀကီးေက်ာင္းကိုသက္ဆိုင္ရာက ခ်ိပ္ပိတ္ထားရတဲ့ သတင္း၊ ေငြေၾကး လိမ္လည္ခဲ့သူ နႏၵမာလာနဲ႔ ၎၏ခင္ပြန္းေဟာင္း၊ တပည့္တို႔ကို သာသနာညႇိဳးႏြမ္းေစမႈနဲ႔ စတင္စစ္ေဆးေတာ့ မယ့္ သတင္း၊ ဖစ္ခ်္ဘူရီ ခ႐ိုင္မွ  ဖဲဝိုင္းဝင္ဖမ္းရာမွာ အမ်ိဳးသမီးမ်ားေတြအပါအဝင္ ျမန္မာလုပ္သား ၂၃ ဦးကို ထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးရမိတဲ့ သတင္းစတဲ့ မူခင္းသတင္းေတြလည္း ယခုတစ္ပတ္မွာ ျဖစ္ခဲ့ပါေသးတယ္။

ျပႆနာေတြနဲ႔ ကရင္ျပည္နယ္ထဲက အိမ္ရာစီမံကိန္းေတြ

ႏိုင္ငံတကာသတင္းေတြမွာ တက္လာခဲ့သတင္းတစ္ခုျဖစ္တဲ့ မိုင္းလားလို႔ၿမိဳ႕တစ္ခု ျမန္မာ-ထိုင္းနယ္စပ္ ေသာင္ရင္းျမစ္ ကမ္းေဘးမွာ ႐ုတ္တရက္ေပၚလာတဲ့အတြက္ ျပည္တြင္းကလူေတြ ႏိုင္ငံတကာကေစာင့္ၾကည့္ သူေတြ အဆန္းတၾကယ္ျဖစ္ခဲ့ပါတယ္။ဒီၿမိဳ႕သစ္က ဘယ္လိုေပၚထြက္လာသလဲ၊ဘယ္သူခြင့္ျပဳခ်က္ေၾကာင့္လဲ ဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ဒီသတင္းကို ႏိုင္ငံျခားသတင္းေထာက္တစ္ဦးကေရးခဲ့တဲ့ အတြက္ဒီသတင္းက ယခုတစ္ပတ္အတြင္း အမ်ားစိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။ယခုလို အမ်ားစိတ္ဝင္စားစရာျဖစ္လာခဲ့တဲ့အတြက္ သက္ဆိုင္ရာေတြက ရွင္လင္းေျပာၾကားမႈေတြ ရွိလာခဲ့ပါတယ္။DICAဘက္က ၫႊန္မႉးတစ္ဦးက ဒီစီမံကိန္းကို ကရင္ဝန္ႀကီးခ်ဳပ္ကိုယ္ တိုင္ကြင္းဆင္းစစ္ေဆးၿပီးေထာက္ခံခ်က္ေပးလို႔ ခြင့္ျပဳေပးခဲ့တာ ဆိုၿပီး ခြင့္ျပဳထားတဲ့ ရင္းႏွီးျမဳပ္ႏွံမႈတန္ဖိုးက အေမရိကန္ေဒၚလာ ၂၂ သန္းခြဲျဖစ္ၿပီး ႏွစ္ထပ္အပန္း ေျဖနားေနမည့္ အိမ္ရာမ်ားတည္ ေဆာက္ရန္ စီမံကိန္း ပထမအဆင့္ကိုသာ ခြင့္ျပဳထားတာလို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ လက္ရွိေဆာက္လုပ္ထားမႈမွာ အဆင့္ျမင့္အိမ္ရာ၊ ဟိုတယ္၊ ေဈးဝယ္စင္တာ၊ ကုန္သြယ္ ေရးစင္တာ၊ စက္႐ုံ၊ ေဂါက္ကြင္း၊ ကာစီႏို႐ုံတို႔ပါရွိ သည့္အျပင္ ေလဆိပ္တစ္ခုပါ ထည့္သြင္း တည္ေဆာက္ႏိုင္ တယ္လိ့ ေဆာင္းပါးရွင္ ဘာေတးလင့္တနာ (Bertil Linitner) ကိုယ္တိုင္ ကြင္းဆင္းၿပီး Asia Times သတင္း မွာ ေရးသားခဲ့တဲ့အတြက္ ခြင္ျပဳတာထက္ ေက်ာ္လြန္လုပ္ေဆာင္ ခဲ့ေနၿပီ လားဆိုတာ ျပန္စစ္ေဆး စရာျဖစ္လာ ခဲ့ပါတယ္။

အိမ္ရာတစ္ခုေဆာက္တာက ၿမိဳ႕တစ္ခုအျဖစ္ေပၚလာဖို႔ ျဖစ္ေနလို႔ အားလုံး တအံတၾသျဖစ္ေနခ်ိန္မွာ  ကရင္ျပည္နယ္ထဲကပဲ အိမ္ရာစီမံကိန္းတစ္ခုကို အစိုးရအဖြဲ႕၏ခြင့္ျပဳ ခ်က္မပါဘဲအေကာအထည္ေဖာ္ခဲ့လို႔ ဦးစီးလုပ္ကိုင္ခဲ့သူကို ဖမ္းဆီးအေရးယူမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။

ကရင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္တဲ့ DKBA က ဗိုလ္မႉးေစာညီညီ ဦးစီးၿပီး ေ႐ႊျမစႏၵီအိမ္ရာစီမံ ကိန္း ကိုလုပ္ေဆာင္ခဲ့ရာမွာ အက်ိဳးတူလုပ္ခဲ့တဲ့ သူေတြ ဌာနဆိုင္ရာကသူေတြ အားလုံးကို ေဖာ္ထုတ္ အေရးယူမယ္ လို႔  ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ပါတယ္။ဒီအိမ္ရာစီမံကိန္းကို ျမဝတီသစ္ေတာ ႀကိဳးဝိုင္းနယ္ေျမ၊ ျမဝတီ ကုန္သြယ္ေရးဇုန္နဲ႔ အတြင္းမဲကနယ္႐ြာက ေဒသခံေတြရဲ႕ လယ္ယာေျမေပၚမွာ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး စေဆာက္ကတည္းက  ျပည္နယ္အစိုးရအဖြဲ႕က တားျမစ္ခဲ့တာပါ။ဒါေပေမယ့္ စီမံကိန္းကို မရပ္ဘဲ ေျမကြက္မ်ား ဆက္႐ိုက္ၿပီး ျပည္သူေတြကို ေရာင္းခ်ခဲ့တာပါ။ဒီအတြက္ ပူးေပါင္းပါဝင္ခဲ့တဲ့ ဌာနဆိုင္ရာအခ်ိဳ႕ကိုပါ ဝန္ႀကီးခ်ဳပ္ က အေရးယူမယ္ လို႔ေျပာခဲ့တဲ့အတြက္ ဒီအိမ္ရာစီမံကိန္းႏွစ္ခုအတြက္ ဘယ္လိုျဖစ္လာမလဲ ဆိုတာ အမ်ားျပည္ သူက ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

ဒီသတင္းက ကြၽန္းစုၿမိဳ႕နယ္အတြင္း ပုစြန္ေမြးျမဴေရးစီမံကိန္း လုပ္ေဆာင္ေနတဲ့ ကုမၸဏီေတြက ေမြးျမဴ ေရးလိုင္စင္ ႏွင့္ ေျမ ယာလုပ္ပိုင္ခြင့္လည္း မရွိဘဲ သည္ လုပ္ကိုင္ေနလို႔ အေရးယူဖို႔ လုပ္ေနတယ္လို႔ စီမံ/ဘ႑ာေရးဒု-ဝန္ႀကီးက လႊတ္ေတာ္မွာ ေျပာခဲ့တဲ့သတင္း၊ရန္ကုန္ၿမိဳ႕တြင္း  Public Area ေတြမွာ ပန္းၿခံ၊ လူသြားလမ္းမ်ားႏွင့္ စက္ဘီးစီး ဖို႔ လမ္းေတြပါဝင္တဲ့ Community Centre ျပဳလုပ္မယ့္သတင္း၊ေနျပည္ေတာ္မွာ  ေက်ာက္မ်က္ျပပြဲျပဳလုပ္မယ့္ သတင္း၊ျမန္မာအစိုးရဌာနမ်ားမွာ တ႐ုတ္ဘာသာစကားတတ္ကြၽမ္းသူမ်ား တိုးျမႇင့္ေမြးထုတ္ရန္ တ႐ုတ္သံ႐ုံးက ပူးေပါင္း ေဆာင္႐ြက္မယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ ကန္ေဒၚလာ တစ္ သန္းခြဲတန္ဖိုးရွိ ဆင္စြယ္၊ ဆင္အစိတ္ အပိုင္းႏွင့္ ေတာ႐ိုင္းတိရစာၦန္အ စိတ္အပိုင္းေတြကို ဖ်က္ဆီးခဲ့တဲ့ သတင္း ေတြနဲ႔ အတူ သတိထားေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

လႊတ္ေတာ္ထဲက တင္းမာမႈ

ျပင္ဆင္ဖို႔ခက္ခဲလြန္းတဲ့  ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ လႊတ္ေတာ္လမ္းေၾကာင္းကေန ႀကိဳးစားေနခဲ့ရာမွာ စကတည္းက ယဥ္သကို ဆိုသလို အခက္အခဲေတြ မ်ားစြာရွိခဲ့ပါတယ္။ အေျခခံဥပေဒျပင္ ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕ကတည္းက စခဲ့တဲ့အၾကပ္အတည္းနဲ႔ ကန႔္ကြက္မႈေတြက ယခုတစ္ပတ္က်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အထိပါဘဲ။

ယခုတစ္ပတ္က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီး ခ်ဳပ္ေတြကို သမၼတက ခန႔္အပ္ပိုင္ခြင့္ပါတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၁ ကို ျပင္ဆင္ဖို႔ ျပည္ခိုင္ၿဖိဳး အမတ္ ဦးသိန္းထြန္းတင္သြင္းတဲ့ဥပေဒၾကမ္းကို ဥပေဒၾကမ္းပူးေပါင္း ေကာ္မတီအတြင္းေဆြးေႏြးတဲ့ အခါမွာ သေဘာ ထားကြဲလြဲမႈေတြရွိလို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ဖို႔အထိ ျဖစ္လာခဲ့ပါတယ္။

ဥပေဒၾကမ္းေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီက ပုဒ္မ ၂၆၁တစ္ခုတည္းကို သီးျခားျပင္ဆင္တာထက္ အားလုံးျပင္ဆင္မယ့္ အေျခခံဥပေဒျပင္ဆင္ ေရးပူးေပါင္းေကာ္မတီလုပ္ငန္းစဥ္ထဲ ထည့္သြင္းေဆာင္႐ြက္ရန္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ အစီရင္ခံစာတင္သြင္းရာ တပ္မေတာ္ႏွင့္ ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္ ေတြက ကန႔္ကြက္ခဲ့ပါတယ္။

အဆိုပါ အစီရင္ခံစာအေပၚ ေဆြးေႏြးလိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မတ္ ၇ ရက္ ေနာက္ဆုံး ထားၿပီး အမည္စာရင္းတင္သြင္းႏိုင္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယကက ေၾကညာခဲ့ရာမွာ  တပ္မေတာ္ သားလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးက မတ္တတ္ရပ္ၿပီး ေဆြးေႏြးရာ နာယကမွ  ခြင့္မျပဳခဲ့ပါဘူး။ထိုျပင္ ေနာက္ထပ္တပ္မေတာ္သား ကိုယ္စားလွယ္တစ္ဦးက ထပ္ၿပီး ေဆြးေႏြးဖို႔ႀကိဳးစားခဲ့သလို ျပည္ခိုင္ၿဖိဳးအမတ္ ကလည္း ေဆြးေႏြးရန္ႀကိဳးစားခဲ့ပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္နာယကက အစီရင္ခံစာ ေဆြးေႏြးခ်ိန္မွသာ လြတ္လပ္စြာ ေဆြးေႏြးရန္ ေျပာၿပီး ေဆြးေႏြးခြင့္မျပဳခဲ့ပါဘူး။

ျပည္ခိုင္ၿဖိဳးပါတီဘက္က ဒီလို သူတို႔ပါတီက တင္တဲ့ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးဆိုင္ရာ ဥပေဒၾကမ္းကို ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ ဆင္ေရး ပူးေပါင္းေကာ္မတီက ေဆာင္႐ြက္မည့္ ျပင္ဆင္ေရးလုပ္ငန္းထဲ ထည့္သြင္း ေဆာင္႐ြက္ျခင္းျပဳလုပ္မယ္ဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္နာယကကို စြပ္စြဲျပစ္တင္ျခင္းျပဳလုပ္ႏိုင္ေျခမ်ား တယ္လို႔ ေျပာခဲ့ပါတယ္။

ဒီအတြက္ ျပည္ေထာင္စုလႊတ္ေတာ္နာယကကို စြပ္စြဲျပစ္တင္လာမလား၊ ပုဒ္မ ၂၆၁ က ဘယ္လမ္း ေၾကာင္းကေန ျပင္သြားျဖစ္မလဲ ၊လႊတ္ေတာ္အတြင္းက ဘက္ႏွစ္ဘက္ၾကား ဘာေတြ ျဖစ္လာဦးမလဲဆိုတာ ေနာက္တစ္ပတ္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးက်င္းပတဲ့အခါ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ရွစ္ဦးခန႔္အပ္ရန္ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စု လႊတ္ေတာ္သို႔အမည္ေပးပို႔ခဲ့တဲ့ သတင္း၊ UNDP ကထုတ္ျပန္တဲ့ သုေတသနအစီရင္ခံစာမွာ တိုင္းႏွင့္ျပည္နယ္ လႊတ္ေတာ္ဆိုင္ရာဥပေဒက  ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုစနစ္ အသြင္ကူးေျပာင္းေရး အေျခအေနႏွင့္ မကိုက္ညီလို႔ ျပင္ဆင္သင့္တယ္လို႔ ေထာက္ျပခဲ့တဲ့ သတင္း၊ အက်ဥ္းသားမ်ား၏ စအို အတြင္း လက္ႏႈိက္ရွာျခင္းမျပဳဘဲ စက္ျဖင့္ရွာရန္ သန္လ်င္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလြင္ကိုလတ္က တိုက္တြန္းခဲ့တဲ့ သ တင္း၊ရန္ကုန္စည္ပင္ေ႐ြး ေကာက္ပြဲအတြက္ ကူညီမႈေပးရန္ ဥေရာပသမဂၢ (EU)ကိုယ္စား လွယ္အဖြဲ႕က လာ ေရာက္ကမ္းလွမ္းခဲ့တဲ့ သတင္း၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ေတြက စုံစမ္းစစ္ေဆးေနတဲ့ သတင္း၊ ျခေသၤ့ပုံ ပါဝင္တဲ့ တိုင္းေဒသႀကီးအလံနဲ႔  ျခေသၤ့ႏွင့္ ၾကယ္မ်ား ပါဝင္ၿပီး အနီ၊ အဝါ၊ ေ႐ႊႏွင့္ အျဖဴေရာင္တို႔ ပါဝင္တဲ့ တိုင္းအစိုးရအဖြဲ႕ တံဆိပ္အသစ္ကို စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္က ပယ္ခ်ခဲ့တဲ့ သတင္း၊ အေရးေပၚလူနာမ်ားအတြက္ ရဟတ္ယာဥ္ဝယ္ယူရန္ က်န္းမာေရးဝန္ႀကီး  ေဒါက္တာျမင့္ေထြး ကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က တိုက္တြန္းခဲ့တဲ့ သတင္း၊ ၂၀၁၉ တကၠသိုလ္ဝင္စာေမးပြဲကို ေမးခြန္းပုံစံသစ္ အေျပာင္းအလဲနဲ႔ စတင္စစ္ေဆးခဲ့တဲ့ သတင္းေတြထဲ ဆက္ေစာင့္ၾကည့္ရဦးမယ့္ အမ်ားျပည္သူနဲ႔ဆိုင္ရာ စိတ္ဝင္စားဖြယ္ သတင္းတစ္ပုဒ္ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္တန႔္လိုက္ခ်င္ပါတယ္။

မာလင္း
မတ္ - ၈