【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပင်နီကို ပြည်သူတွေကြောက်နေပြီလားနှင့် မလုံခြုံမှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပင်နီကို  ပြည်သူတွေကြောက်နေပြီလားနှင့် မလုံခြုံမှု

ယခုရက်သတ္တပတ် သတင်းတွေထဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂျပန်ခရီးစဉ်သတင်းတွေ၊ အာဏာရပါတီရဲ့ အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲမှာ တိုင်းပါတီအမှုဆောင်ဥက္ကဋ္ဌ ပြောခဲ့တဲ့ ပင်နီကို ပြည်သူတွေကြောက်နေပြီဆိုတဲ့ သတိပေးစကား သတင်း၊ တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံလို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရက် ‌လျှော့ချခဲ့ရတဲ့သတင်းတွေ၊ ဗစ်တိုးရီးယားအမှုက သံသယတရားခံ အောင်ကြီးရဲ့ အာမခံလျှောက်မှုကို ပယ်ချလိုက်တဲ့ သတင်းတွေက ယခုရက်ထဲ သတင်းမီဒီယာတွေရဲ့ ထိပ်တန်းသတင်းတွေအဖြစ် နေရာယူခဲ့ပါတယ်။

ဒီသတင်းတွေထဲကနေ ပထမဆုံးအနေနဲ့  တိုင်းရင်းသားဒေသ တိုက်ပွဲသတင်းတွေနဲ့ နယ်မြေမလုံခြုံလို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ရက် လျှော့ချခဲ့ရတဲ့ သတင်းကို တင်ပြပါ့မယ်။  

နယ်မြေမငြိမ်းချမ်းမှု ဆိုးကျိုး

ယခုနှစ်မှာ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ၉ ရက်ဘဲ ကျင်းပမယ်ဆိုတဲ့ သတင်းက လတ်တလော နယ်မြေမလုံခြုံတဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာပါဘဲ။မြန်မာနိုင်ငံ တစ်နှံ့တစ်ပြားကလာတဲ့ လူ သောင်းချီ၊ သိန်းချီရှိ လာရောက်ဆင်နွှဲတဲ့ ဒီပွဲတော်ကို ပုံမှန်အားဖြင့် ၁၀ ရက်ကျင်းပပြီး ယခုနှစ်မှာတော့ တစ်ရက်လျှော့ပြီး ၉ ရက်သာ ကျင်းပတော့မှာပါ။

အထူးသဖြင့် ရှမ်းမြောက်ပိုင်းအဖွဲ့သုံးဖွဲ့ ပြင်ဦးလွင်ထိ လာရောက်တိုက်ခိုက်အပြီးမှာ တောင်ကြီးရဲ့ လုံခြုံရေးက ပွဲတော်ရက်မှာ စိတ်ပူစရာဖြစ်လာခဲ့ပါတယ်။ဒီရက်ပိုင်းမှာဘဲ လားရှိုးမြို့နယ် ခေးနင်းကျောင်းထိုင် ဆရာတော်ကို သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့လို့ ဒေသတွင်းမှာ ပဋိပက္ခတွေ ရှိနေပါတယ်။ဒီလိုသတ်ဖြတ်ခံရတဲ့အတွက် ဒေသတွင်းရှိ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က ကြေညာချက်ထုတ်ပြီး လူသတ်သမားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုထားတာလဲ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဒီဒေသထဲက ရွှေကျင် ကျောင်းထိုင်ဆရာတော်ကို သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့တာ မပေါ်သေးသလို ယခုထပ်ဖြစ်တာဖြစ်တဲ့အတွက် ဒေသတွင်းမှာ တအာင်းဒေသမှာ ဘာသာရေးပုဂ္ဂိုလ်တွေကို သတ်ဖြတ်တဲ့အထိ လက်ရဲဇက်ရဲဖြစ်နေတာ ကြောက်စရာလန့်စရာပါ။ဒါကြောင့်လဲ ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲတော်ဖြစ်တဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲရဲ့ လုံခြုံရေးအခြေအနေက စိတ်မထင်ရင်မထင်သလို လုပ်တတ်တဲ့ လက်နက်ကိုင်တွေရဲ့ဘေးကြောင့် သတိထားနေရတဲ့ အနေအထားပါဘဲ။ဒီပွဲတော် လုံခြုံရေးအပိုင်းကို အာဏာပိုင်တွေက ဒီနှစ်မှာ အတော်လေးသတိထားနေပြီး ရဲတပ်ဖွဲ့အပြင် တပ်ဘက်ကပါ တာဝန်ယူမယ့် အနေအထားပါ။ဒါဟာ နယ်မြေမလုံခြုံမှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ပါဘဲ။

ရှမ်းမြောက်ဘက်မှာ နယ်မြေမလုံခြုံမှုက ဒီလိုဖြစ်နေသလို ရခိုင်မြောက်ပိုင်းက အခြေအနေကတော့ အတော်လေးကို ယိုယွင်းနေတဲ့ သဘောရှိပါတယ်။အဲဒီဘက်မှာ ရခိုင်လက်နက်ကိုင် AA တွေက နယ်မြေထဲ အရပ်သားနဲ့မခြား သွားလာနေတဲ့အတွက် တပ်ဘက်က အရပ်သားနဲ့ လက်နက်ကိုင် ခွဲခြားဖို့ခက်နေတယ်လို့ ဆိုထားပါတယ်။နယ်မြေအတွင်း လုံခြုံရေးက လုံး၀နီးပါး အာမခံမရှိတော့တဲ့အတွက် ဒေသတွင်းစီးပွားရေးနဲ့ ခရီးသွားလာမှုက အတော်လေးခက်ခဲနေတဲ့ အနေအထားပါဘဲ။

မြောက်ဦးမြို့နယ်ထဲမှာ ယခုရက်သတ္တပတ်ထဲ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ပြင်းထန်ခဲ့လို့ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားခဲ့တယ်လို့ တပ်ဘက်ကရော AA ဘက်ကပါ ထုတ်ပြန်ထားခဲ့ပါတယ်။အောက်တိုဘာ ၁၉ ရက်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီး ခုနစ်နာရီခန့် ကြာမြင့်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အလောင်းကိုးလောင်း၊ သေနတ်ခြောက်လက်နှင့် ကျည်များ သိမ်းပိုက်ရရှိတယ်လို့ တပ်မတော်ဘက်မှအရာရှိ၊ စစ်သည်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရကြောင်း တပ်မတော်က အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။AA ဘက်က သတင်းထုတ်ပြန်ချက်မှာတော့ တပ်မတော်ဘက်မှ အနည်းဆုံး ၁၀ ဦးကျဆုံးပြီး ထိခိုက်သူများပြားတယ်လို့ ဆိုပါတယ်။ဒါ့အပြင် တိုက်ပွဲကို တိမ်းရှောင်တဲ့ ဒေသခံတွေ စက်လှေမှောက်လို့  ကလေးငယ်နှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဒီလက္ကာကျေးရွာ တိုက်ပွဲဖြစ်စဉ်မှာ ဖြစ်ခဲ့ပါတယ်။

မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိတဲ့ AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ်တစ်ဦး အပါအဝင် ၆ ဦးကိုတော့ အောက်တိုဘာလ ၂၂ ရက်မှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။အဆိုပါအမှုမှာ ဆက်စပ်ပါဝင်တဲ့ (၃) ဦးကိုတော့ ဖမ်းမမိသေးတဲ့အတွက် တရားခံပြေးများအဖြစ် ဝရမ်းထုတ်ထားပါတယ်။ဇူလိုင်လတုန်းက အမ်းမြို့နယ်မှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၏ ယောက်ဖ အပါအဝင် သုံးဦးကို ကျောက်ဖြူခရိုင် တရားရုံးက ယခုရက်သတ္တပတ်ထဲမှာဘဲ တရားရှင်လွှတ်ပေးခဲ့ပါတယ်။  

ရှမ်းမြောက်ဘက်နဲ့ ရခိုင်မြောက်ပိုင်းလို နေရာတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေသလို ကျိုင်းတုံမှာ စက်တင်ဘာလထဲမှာလုပ်ခဲ့တဲ့ အစိုးရနဲ့ မြောက်ပိုင်းလေးဖွဲ့ကြား ဆွေးနွေးပွဲမှာ ပြန်ချိန်းဆိုထားတဲ့ အောက်တိုဘာလအတွင်း ဆွေးနွေးပွဲကိုလည်း နိုဝင်ဘာလထဲ ပြန်ရွှေ့ခဲ့ပါတယ်။အောက်တိုဘာ ၂၈ မှာ NCA လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပဖို့ရှိနေသလို တခြားဆွေးနွေးစရာတွေ ညှိနှိုင်းစရာတွေ ဖြစ်လာနိုင်တဲ့အတွက် အများစုက NCA လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို အကောင်းဘက်ကနေ မျှော်လင့်ခဲ့ကြပါတယ်။ဒီလေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် ပြည်တွင်း၊ ပြည်ပမှ ကိုယ်စားလှယ် ၆၀၀ ခန့် ဖိတ်ကြားထားသလို အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တို့ မိန့်ခွန်းပြောကြားမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအတွက် ဘယ်လိုအလားအလာကောင်းတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂျပန်ခရီးစဉ်နှင့် မြန်မာ့စီးပွားရေးအလားအလာ

ယခုရက်သတ္တပတ်ထဲ အစိုးရထောက်ခံသူတွေရော၊ အတိုက်အခံတွေကော စောင့်ကြည့်ခဲ့တဲ့ သတင်းတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ပါဘဲ။ဒီမတိုင်ခင် ကာကွယ်ရေးဦးစီးချုပ် ဂျပန်ကို သွားခဲ့တဲ့အတွက် လတ်တလော မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်နှစ်ဦး ဂျပန်ကို ရှေ့ဆင့်နောက်ဆင့် သွားခဲ့တဲ့အတွက် ဂျပန်-မြန်မာ ဆက်ဆံရေးက စောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။ယခင်ကတည်းက မြန်မာနဲ့ ဆက်ဆံရေးနွေးထွေးခဲ့တဲ့ ဂျပန်နိုင်ငံကို မြန်မာထိပ်တန်းခေါင်းဆောင်တွေ သွားရောက်တဲ့ ဒီခရီးစဉ်က ဂျပန်ဘုရင် နာရူဟီတို၏ တရားဝင် ထီးနန်းတက်ပွဲ အခမ်းအနားအတွက် နိုင်ငံ့အကြီးအကဲတစ်ဦးအနေနဲ့ သွားရောက်ကြတဲ့ ခရီးစဉ်ပါ။

ဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘူတန်ဘုရင် His Majesty JigmeKhesar Namgyel Wangchuck၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Aisawa Ichiro တို့နှင့် သီးခြားစီ လက်ခံတွေ့ဆုံခဲ့သလို တိုကျိုမှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို တက်ရောက်ပြီး စကားပြောခဲ့ပါတယ်။ဒီပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံက Toyota , Suzuki, yakult စသည့် နာမည်ကြီးဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းက မြန်မာနိုင်ငံကို ယုံကြည်မှုရှိတာကို ပြနေတယ်လို့ ပြောခဲ့သလို ယှဉ်ပြိုင်မှုမရှိသော ပုဂ္ဂိုလ်ရေးကို အခြေခံသည့် စီးပွားရေးပုံစံမှ ပိုမိုပွင့်လင်းမြင်သာသော ယှဉ်ပြိုင်မှုများကို အခြေခံသည့် စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်းနေတယ်လို့ ပြောခဲ့ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နဲ့ တွေ့ဆုံစဉ်မှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရှင်ဇိုအာဘေး က မြန်မာနိုင်ငံအပေါ် အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ခုစလုံးဖြင့် အမြင့်ဆုံးကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားမယ်လို့ ပြောခဲ့သလို ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြိုးပမ်းမှုကို လေးစားကြောင်းကိုပါ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့တဲ့ ဘင်္ဂါလီ ၇၄၂,ဝ၀ဝ ဦး ဘင်္ဂလားဒေ့ရှ်မှ ပြန်လာနိုင်ရေး မြန်မာနိုင်ငံတွင် သင့်လျော်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးဖို့ကိုလည်း တိုက်တွန်း ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ခရီးစဉ်နဲ့အတူ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုက်ပါသွားခဲ့တယ် ဆိုပါတယ်။အရပ်သားအစိုးရလက်ထက် လက်ကျန်တစ်နှစ်မှာ စီးပွားရေးကို ဂရုစိုက်ဖွယ်ရှိသလို အလား အလာကောင်းတွေ ရှိနေပြီဆိုပါတယ်။အောက်တိုဘာ ၁၉ ရက် ရန်ကုန်မြို့တွင် ပြုလုပ်သော ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေနှင့် တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း က ယခုဘဏ္ဍာနှစ်မှာ စံချိန်တင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမယ်ပြောသလို  အထူးသဖြင့် ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းများနှင့် ပြည်တွင်း၌ ဓာတ်သတ္တုရှာဖွေရေး လုပ်ငန်းများမှာ ဝင်ရောက်လာဖို့ မှန်းထားတယ်ဆိုပါတယ်။

ဒီလိုပြည်ပရင်းနှီးမြုပ်နှံမှု ၀င်ရောက်မှုတိုးလာမယ်လို့ ပြောတာက သေချာတဲ့ အချက်အလက်ပေါ် အခြေခံတယ်လို့ ယူဆပါတယ်။ဘာကြောင့်လဲဆိုရင် မကြာခင် ပုသိမ်မြို့ အနောက်မြောက်ဘက်မှ မိုင် ၆၀ ကျော် ပင်လယ်ကမ်းလွန်က သဘာ၀ဓာတ်ငွေ့သိုက်ကြီးတစ်ခုကို မကြာမီ စီးပွားဖြစ်စတင်ထုတ်ဖို့ ရှိနေလို့ပါဘဲ။၂၀၁၈ ခုနှစ်က ဇူလိုင်တုန်းက တွေ့ရှိခဲ့တဲ့ ရွှေရည်ထွန်း ကမ်းလွန်လုပ်ကွက်ကို စတင်စီးပွားဖြစ်ထုတ်ဖို့အတွက် ဘီလျံနဲ့ချီပြီး သက်ဆိုင်ရာကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံရဖို့ပါဘဲ။ဒါ့အပြင် ယခုရက်ပိုင်းမှာဘဲ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ကိုင်ရမှု အလွယ်ကူဆုံးညွှန်းကိန်းမှာ မြန်မာနိုင်ငံက 2019 ခုနှစ်က ၁၇၁ ဆင့်တွင် ရှိရာမှာ ၂၀၂၀ ခုနှစ်အတွက် ၁၆၅ ဆင့်သို့ ၇ ဆင့်တိုးလာခဲ့ပါတယ်။ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးမှာ လုပ်ကိုင်ရလွယ်ဖို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌတို့ကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေများကို အသုံးပြုနိုင်ရန် ဗဟိုဘဏ်နှစ်ခု နားလည်မှုစာချွန်လွှာကို ယခုရက်သတ္တပတ်ထဲမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။မကြာမီမှာ တရုတ်နဲ့ ဒီလိုမျိုးလက်မှတ်ရေးထိုးဖို့ ရှိပါသေးတယ် ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဘဏ်လို IMF လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေက မြန်မာစီးပွားရေးနဲ့ ပတ်သက်ပြီး တက်ကိန်းတွေပြနေတယ် ဆိုတဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ကောင်း၊ မကောင်းကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဗစ်တိုးရီးယားနဲ့ အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးများ

ယခုရက်သတ္တပတ်ထဲဖတ်ရတဲ့ မှုခင်းနောက်ခံ သတင်းတွေထဲမှာ ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံအဖြစ် စွဲဆိုခံထားရတဲ့ အောင်ကြီးရဲ့ အာမခံလျှောက်ထားမှု ပယ်ချခံလိုက်ရတဲ့သတင်း၊ မန္တလေးမှာ အမျိုးသမီးငယ်သုံးဦး ပြည့်တန်ဆာအဖြစ် ပိတ်လှောင်ခိုင်းစေခံရတဲ့သတင်း၊ စင်တင်တွင် လုပ်ကိုင်ရင်း ပိတ်လှောင်ခံရပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတဲ့ သတင်းတွေက သတင်းဖတ်ရသူတွေ စိတ်အာရုံကို ကပ်ငြိစေခဲ့ပါတယ်။

အများပြည်သူစောင့်ကြည့်နေတဲ့ မှုခင်းတစ်ခုဖြစ်တဲ့ Wisdom Hill မူကြိုကျောင်းမှာဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားအမှုကို ယခုရက်သတ္တပတ်ထဲမှာ  ၉ ကြိမ်မြောက် ရုံးချိန်းအဖြစ် ကျင်းပခဲ့ရာမှာ တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့ပါတယ်။ဒီမတိုင်ခင် Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် က သံသယတရားခံ အောင်ကြီး ဘက်မှ ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဒေါ်စုဒါလီအောင် ကို ကလေးသူငယ်များ အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂) ဖြင့် တရားစွဲဆိုထားသည့်အမှုကို စစ်ဆေးခဲ့ပါတယ်။ဒါ့အပြင် ဒေါ်ဥမ္မာလှိုင် က ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေထဲမှာ ပါနေတဲ့ ၎င်းရဲ့သားနှစ်ဦးဟာ ကျန်းမာရေးအရ စိတ်ထိခိုက်နေရတဲ့အတွက် သက်သေစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ ခရိုင်ဥပဒေရုံးမှာ အသနားခံစာတင်ခဲ့ပါတယ်။

ဒီလိုအသနားစာခံတင်တဲ့အတွက် တရားလို ဗစ်တိုးရီးယားလေးရဲ့ မိခင်က ဒက္ခိဏခရိုင်ဥပဒေရုံးကို ကန့်ကွက်လွှာ ပြန်တင်သွင်းခဲ့ပါတယ်။

ဗစ်တိုးရီးယားအမှု ၉ ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလိုသက်သေဖြစ်တဲ့ Wisdom Hill မူကြိုကျောင်း ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်နီလာအေး ကို သံသယတရားခံ အောင်ကြီး၏ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်စုဒါလီအောင် က အပြန်အလှန်စစ်မေးခဲ့ရာမှာ “ကလေးမှာ ကျွန်မနှင့် ကျွန်မ မရှိလျှင် အခြားဆရာမ ရှိနေသည့်အတွက် ကလေးမှာ လုံခြုံမှုရှိတယ်” လို့ ထွက်ဆိုကာ သံသယတရားခံ အောင်ကြီး က (ဗစ်တိုးရီးယား) အား လိင်အကြမ်းဖက်မှု လုံးဝပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဒီလိုထွက်ဆိုခဲ့တဲ့အတွက် သံသယတရားခံ အောင်ကြီးအတွက် အမှုကနေ လွတ်ကင်းဖို့ အလားအလာကောင်းလာခဲ့ပါတယ်။အဆိုပါနေ့ရုံးချိန်း ညနေပိုင်းမှာ အောင်ကြီးအား အာမခံ ပေး၊ မပေး နှစ်ပါးထိုင်စနစ်နဲ့ ဆုံးဖြတ်ခဲ့ရာမှာ အာမခံပယ်ချခဲ့ပါတယ်။ဒီလိုပယ်ချခဲ့တဲ့အတွက် အထက်ကို ဆက်လက်တင်ဖို့မရှိဘဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် နောက်ထပ်စိတ်မသက်မသာဖြစ်ရတဲ့ သတင်းက မန္တလေးမှာ အခန်းပိတ်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစားခံရလို့ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး ကယ်ထုတ်ရတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ရန်ကုန်က မိန်းကလေးသုံးယောက်ကို အွန်လိုင်းမှာ ခင်မင်တဲ့သူက မော်ဒယ်ရှိုးလျှောက်ရမည်ဖြစ်ပြီး ငွေကြေးအဆင်ပြေမည်ဟု စည်းရုံးပြောဆိုလို့ မန္တလေးမြို့ရှိ စင်တင်တစ်ခုမှာ ညပိုင်းမော်ဒယ်လ်အဖြစ် ရှိုးလျှောက်ခဲ့ရာကနေ ဧည့်သည်အမျိုးသားများနဲ့ ညအိပ်အတင်းစေခိုင်းခဲ့ရာမှာ ငြင်းဆန်လို့ ခြိမ်းခြောက်ပိတ်လှောင်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တာပါ။အဆိုပါမိန်းကလေးတွေက တိုက်ခန်းပေါ်ကနေ စာရွက်ပစ်ချပြီး ကယ်တင်ဖို့ အကူအညီတောင်းခဲ့ရာကနေ ကယ်တင်နိုင်ခဲ့တာပါ။

ဒီလိုပြုလုပ်တဲ့လူကို ဖမ်းဆီးရမိထားမိပြီး နောက်ထပ်လူတွေကို ဖမ်းဆီးဖို့လုပ်နေတယ်ဆိုပေမယ့် ဘယ်လိုအရေးယူမလဲ၊ ပင်စည်နဲ့ အကိုင်း ဘာကိုချိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီလိုစိတ်မကောင်းစရာ သတင်းအပြင် စက်ဆုပ်စရာသတင်းလည်း ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့ပါတယ်။ဒါက သက်ငယ်မုဒိမ်းမှုပါဘဲ။ထုံးစံအတိုင်း အထက်မြန်မာပြည်ဘက်က မကွေးတိုင်းမှာ ဖြစ်တာပါ။မကွေးမှာ ဆယ်နှစ်အရွယ်ကလေးကို အိမ်နီးချင်း ၅၉ နှစ်အရွယ် လူကြီးက လက်ဖက်ရည်ခေါ်ဝယ်ခိုင်းပြီး အဓမ္မပြုကျင့်ခဲ့တာပါ။ဒါကိုမြင်တွေ့တဲ့သူက အဘွားဖြစ်သူကို ပြောရာကနေ ပေါ်ပေါက်ခဲ့တာပါ။

မန္တလေး အောင်မြေသာဇံမှာတော့ အောက်တိုဘာ ၂၄ ရက်က လဖက်ရည်ဆိုင်မှာ TV ကြည့်ဖို့ ထွက်သွားစဉ်မှာ ဘေးအိမ်က ၁၅ နှစ်အရွယ် လူငယ်က လမ်းဘေးခြုံထဲ ခြိမ်းခြောက်ခေါ်ယူကာ အဓမ္မကျင့်ခဲ့တာပါ။ဒီသတင်းနှစ်ပုဒ်လုံးက အတော်လေးကို လူမဆန်တဲ့ ကာမသောင်းကျန်းသူတွေကြောင့် ကလေးငယ်တွေ ဘ၀ပျက်ရတဲ့ သတင်းပါဘဲ။ဒီအမှုတွေမှာ ကျူးလွန်သူတွေကို ဖမ်းမိထားပေမယ့် ချမှတ်မဲ့ပြစ်ဒဏ်ကို စောင့်ကြည့်ရမှာဖြစ်သလို ကျူးလွန်သူတွေကို နောင်မကျူးလွန်အောင် မှတ်လောက်သားလောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့လည်း လိုနေပြီ ဖြစ်ပါတယ်။

ပင်နီတွေကို ပြည်သူတွေ ကြောက်နေပြီလား

အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့ Sky Star Hotel တွင် ပြုလုပ်သည့် သတ္တမအကြိမ် အစိုးရ၊ လွှတ်တော်၊ ပါတီစုံညီ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေး က “ပင်နီမြင်ရင် လူတွေက ကြောက်နေကြတယ်” လို့ ပြောခဲ့ပါတယ်။ဒီလိုပြောတဲ့သူနေရာမှာ ဦးမြင့်ဌေး မဟုတ်ဘဲ ပြင်ပက အခြားသူတစ်ဦးဆို ဘယ်လိုဖြစ်မလဲဆိုတာ အာဏာရပါတီက တချို့သူတွေရဲ့ ယနေ့ဖြစ်နေတဲ့ အရှိတရားပါ။

အဆိုပါပွဲမှာ ဦးမြင့်ဌေး က “ရန်ကုန်တိုင်းမှာရှိနေတဲ့ ပင်နီဝတ်နေကြတဲ့ လူတချို့ ပင်နီမြင်ရင် လူတွေကကြောက်နေတယ်။နေရာတကာ ဟိုစပ်စပ်ပါတယ်။ဟိုနေရာပါ။ဒီနေရာပါ။လူတချို့ကို ကျွန်တော်ပြောတာ ဘယ်သူလဲဆိုတာ ကိုယ့်အကြောင်း ကိုယ်သိကြလိမ့်မယ်” လို့ ပြောခဲ့တဲ့အတွက် ဒါဟာ ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတင်းကြီးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ ဒီချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က  ပြည်သူများသည် နိုင်ငံရေးရေချိန်ပြည့်ဝသူ များလာတဲ့အတွက် လာမည့်ရွေးကောက်ပွဲမှာ ပြည်သူတွေက ယခင်လို ပါတီတစ်ခုတည်းကို ကြည့်တော့မှာ မဟုတ်ဘူးဆိုတာကို သတိပေးပြောခဲ့ပါတယ်။ဒီအတွက် ပါတီကလူတွေကို ဝမ်းစာပိုဖြည့်ဖို့ပြောခဲ့သလို ဒီချုပ်ပါတီအလံအောက်သို့ ဝင်ရောက်သူများအနေဖြင့် ပညာမည်မျှတတ်သည်ဖြစ်စေ ပါတီက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဆိုတာကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ပါတီဝင်အချင်းချင်း ညီညွတ်ဖို့ကိုလည်း ပြောခဲ့ပါတယ်။ဒါဟာ လက်ရှိလိုအပ်နေတဲ့ အာဏာရပါတီမှာ လိုအပ်နေတဲ့ လိုအပ်ချက်ပါ။ပြည်သူတွေ တစ်ခဲနက်ရွေးချယ်ခဲ့တဲ့ အာဏာရပါတီအဖို့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတာနဲ့အတူ ပါတီတွေဘက်က ပြန်လည်သုံးသပ် ဆန်းစစ်ချက်တွေ လုပ်လာတာကို တွေ့ရပါတယ်။ဒီထဲမှာ ကိုယ့်ပါတီအခြေနေကို မှန်မှန်ကန်ကန်သုံးသပ်တဲ့ လက်ရှိအာဏာရပါတီရဲ့ အခုအစည်းအဝေးက လက်ရှိအာဏာရပါတီရဲ့ ပါတီအောက်ခြေက ဖြစ်ရပ်တွေက ပြည်သူကလက်မခံလို့ ပြုတ်ကျခဲ့တဲ့ ယခင်ပါတီတွေလိုဘဲ အောက်ခြေမှာ တစတစဖြစ်လာတာကို ပါတီတာဝန်ရှိသူတစ်ဦးက ထောက်ပြသတိထားမိတာ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ဒီထက် ထစ်ကနဲဆို တရားစွဲတတ်တဲ့ တချို့ပါတီဝင်တွေရဲ့ အကျင့်ကိုပါ ပြင်နိုင်မယ်ဆိုရင် သိပ်ကောင်းတဲ့ အရွေ့ဖြစ်လာမှာ သေချာပါတယ်။ဒါ့အပြင် ပါတီကို နာမည်ပျက်စေတဲ့ ပင်နီမြင်ရင်ကြောက်အောင် ပါတီပုံရိပ်ကို တလွဲသုံးနေတဲ့ အခွင့်အရေးသမားတွေကို ဘယ်လိုအရေးယူမလဲဆိုတာကိုပါ လုပ်ဆောင်နိုင်ခဲ့ရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လိုချင်တဲ့ မဲအနေအထားကို ပြည်သူတွေက အာမခံနိုင်ပါလိမ့်မယ်။ဒီအတွက် အာဏာရပါတီဘက်က ရွေးကောက်ပွဲမတိုင်မီ ပါတီအတွင်း ဘယ်လိုသန့်စင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီလိုစိတ်ဝင်စားစရာ သတင်းတွေအပြင် တခြားသိထားသင့်တဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်ထဲမှာ ရှိခဲ့ပါတယ်။အဲ့ဒီသတင်းတွေက ကျောက်ဆည်ဒေသ လေ့လာရေးခရီးသွားရောက်တဲ့ ရွှေဘိုတက္ကသိုလ် ဘူမိဗေဒဌာန ကထိကတစ်ဦး အမောဖောက်ပြီး ကွယ်လွန်ခဲ့တဲ့သတင်း၊ စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား) ပေါ်ကနေ ဆက်သွယ်ရေးဝန်ထမ်း အမျိုးသားတစ်ဦး ခုန်ချသတ်သေခဲ့တဲ့သတင်း၊ ပိုးသတ်ဆေးတွေကို ပီပါလိုက် တရားမဝင်တင်သွင်းတဲ့ အင်းလေးရတနာကုမ္ပဏီကို တင်သွင်းရောင်းချခွင့် ပိတ်ပင်ခဲ့တဲ့သတင်း၊ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့သတင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် YMBA အသင်းကို လာရောက်ကာ အသင်းသားများကို သြဝါဒပေးခြင်းတို့ ပြုလုပ်ခဲ့တဲ့သတင်း၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မယ်ဆိုတဲ့သတင်း သေဒဏ်ချခံထားရတဲ့ ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့၏ မိခင်နှစ်ဦး ထိုင်းဘုရင်ထံ အသနားခံစာ တင်သွင်းရန် ဘန်ကောက်ကို ရောက်နေတဲ့သတင်း၊ မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံသို့ဖြတ်ပြီး မြန်မာဘက်ပြန်ဝင်ဖို့ ကြိုးပမ်းတဲ့  မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးထားခဲ့တဲ့သတင်း၊ အထည်ချုပ်စက်ရုံငါးရုံ အလုပ်သမားတစ်ရာကျော်  ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ခွင့်ပေးရန် လာရောက်တောင်းဆိုခဲ့တဲ့ သတင်းတွေထဲ ဆက်လက်စောင့်ကြည့်ရမယ့်  သတင်းတွေဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၂၅

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ဂ်ပန္ခရီးစဥ္သတင္းေတြ၊ အာဏာရပါတီရဲ႕ အစိုးရ၊ လႊတ္ေတာ္၊ ပါတီ သတၱမအႀကိမ္ စုံညီေတြ႕ဆုံပြဲမွာ တိုင္းပါတီအမႈေဆာင္ဥကၠ႒ ေျပာခဲ့တဲ့ ပင္နီကို ျပည္သူေတြေၾကာက္ေနၿပီဆိုတဲ့ သတိေပးစကား သတင္း၊ တိုက္ပြဲေတြေၾကာင့္ နယ္ေျမမလုံၿခဳံလို႔ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပရက္ ‌ေလွ်ာ့ခ်ခဲ့ရတဲ့သတင္းေတြ၊ ဗစ္တိုးရီးယားအမႈက သံသယတရားခံ ေအာင္ႀကီးရဲ႕ အာမခံေလွ်ာက္မႈကို ပယ္ခ်လိုက္တဲ့ သတင္းေတြက ယခုရက္ထဲ သတင္းမီဒီယာေတြရဲ႕ ထိပ္တန္းသတင္းေတြအျဖစ္ ေနရာယူခဲ့ပါတယ္။

ဒီသတင္းေတြထဲကေန ပထမဆုံးအေနနဲ႔  တိုင္းရင္းသားေဒသ တိုက္ပြဲသတင္းေတြနဲ႔ နယ္ေျမမလုံၿခဳံလို႔ ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ရက္ ေလွ်ာ့ခ်ခဲ့ရတဲ့ သတင္းကို တင္ျပပါ့မယ္။  

နယ္ေျမမၿငိမ္းခ်မ္းမႈ ဆိုးက်ိဳး

ယခုႏွစ္မွာ ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ကို ၉ ရက္ဘဲ က်င္းပမယ္ဆိုတဲ့ သတင္းက လတ္တေလာ နယ္ေျမမလုံၿခဳံတဲ့ အေျခအေနကို ရွင္းရွင္းလင္းလင္း ေဖာ္ျပလိုက္တာပါဘဲ။ျမန္မာႏိုင္ငံ တစ္ႏွံ႔တစ္ျပားကလာတဲ့ လူ ေသာင္းခ်ီ၊ သိန္းခ်ီရွိ လာေရာက္ဆင္ႏႊဲတဲ့ ဒီပြဲေတာ္ကို ပုံမွန္အားျဖင့္ ၁၀ ရက္က်င္းပၿပီး ယခုႏွစ္မွာေတာ့ တစ္ရက္ေလွ်ာ့ၿပီး ၉ ရက္သာ က်င္းပေတာ့မွာပါ။

အထူးသျဖင့္ ရွမ္းေျမာက္ပိုင္းအဖြဲ႕သုံးဖြဲ႕ ျပင္ဦးလြင္ထိ လာေရာက္တိုက္ခိုက္အၿပီးမွာ ေတာင္ႀကီးရဲ႕ လုံၿခဳံေရးက ပြဲေတာ္ရက္မွာ စိတ္ပူစရာျဖစ္လာခဲ့ပါတယ္။ဒီရက္ပိုင္းမွာဘဲ လားရႈိးၿမိဳ႕နယ္ ေခးနင္းေက်ာင္းထိုင္ ဆရာေတာ္ကို ေသနတ္သမားမ်ားက လုပ္ႀကံသတ္ျဖတ္ခဲ့လို႔ ေဒသတြင္းမွာ ပဋိပကၡေတြ ရွိေနပါတယ္။ဒီလိုသတ္ျဖတ္ခံရတဲ့အတြက္ ေဒသတြင္းရွိ တအာင္းသံဃာေတာ္မ်ားအဖြဲ႕ (ဗဟို) က ေၾကညာခ်က္ထုတ္ၿပီး လူသတ္သမားကို ေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုထားတာလဲ ရွိပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကလည္း ဒီေဒသထဲက ေ႐ႊက်င္ ေက်ာင္းထိုင္ဆရာေတာ္ကို ေသနတ္သမားမ်ားက လုပ္ႀကံသတ္ျဖတ္ခဲ့တာ မေပၚေသးသလို ယခုထပ္ျဖစ္တာျဖစ္တဲ့အတြက္ ေဒသတြင္းမွာ တအာင္းေဒသမွာ ဘာသာေရးပုဂၢိဳလ္ေတြကို သတ္ျဖတ္တဲ့အထိ လက္ရဲဇက္ရဲျဖစ္ေနတာ ေၾကာက္စရာလန႔္စရာပါ။ဒါေၾကာင့္လဲ ရွမ္းျပည္နယ္ရဲ႕ အထင္ကရပြဲေတာ္ျဖစ္တဲ့ တန္ေဆာင္တိုင္မီးပုံးပ်ံပြဲရဲ႕ လုံၿခဳံေရးအေျခအေနက စိတ္မထင္ရင္မထင္သလို လုပ္တတ္တဲ့ လက္နက္ကိုင္ေတြရဲ႕ေဘးေၾကာင့္ သတိထားေနရတဲ့ အေနအထားပါဘဲ။ဒီပြဲေတာ္ လုံၿခဳံေရးအပိုင္းကို အာဏာပိုင္ေတြက ဒီႏွစ္မွာ အေတာ္ေလးသတိထားေနၿပီး ရဲတပ္ဖြဲ႕အျပင္ တပ္ဘက္ကပါ တာဝန္ယူမယ့္ အေနအထားပါ။ဒါဟာ နယ္ေျမမလုံၿခဳံမႈေၾကာင့္ ျဖစ္လာတဲ့ အက်ိဳးဆက္ပါဘဲ။

ရွမ္းေျမာက္ဘက္မွာ နယ္ေျမမလုံၿခဳံမႈက ဒီလိုျဖစ္ေနသလို ရခိုင္ေျမာက္ပိုင္းက အေျခအေနကေတာ့ အေတာ္ေလးကို ယိုယြင္းေနတဲ့ သေဘာရွိပါတယ္။အဲဒီဘက္မွာ ရခိုင္လက္နက္ကိုင္ AA ေတြက နယ္ေျမထဲ အရပ္သားနဲ႔မျခား သြားလာေနတဲ့အတြက္ တပ္ဘက္က အရပ္သားနဲ႔ လက္နက္ကိုင္ ခြဲျခားဖို႔ခက္ေနတယ္လို႔ ဆိုထားပါတယ္။နယ္ေျမအတြင္း လုံၿခဳံေရးက လုံး၀နီးပါး အာမခံမရွိေတာ့တဲ့အတြက္ ေဒသတြင္းစီးပြားေရးနဲ႔ ခရီးသြားလာမႈက အေတာ္ေလးခက္ခဲေနတဲ့ အေနအထားပါဘဲ။

ေျမာက္ဦးၿမိဳ႕နယ္ထဲမွာ ယခုရက္သတၱပတ္ထဲ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) တို႔ တိုက္ပြဲေတြျဖစ္ခဲ့ရာမွာ ျပင္းထန္ခဲ့လို႔ ႏွစ္ဖက္ထိခိုက္က်ဆုံးမႈ မ်ားျပားခဲ့တယ္လို႔ တပ္ဘက္ကေရာ AA ဘက္ကပါ ထုတ္ျပန္ထားခဲ့ပါတယ္။ေအာက္တိုဘာ ၁၉ ရက္က ေျမာက္ဦးၿမိဳ႕နယ္ လကၠာေက်း႐ြာအနီး ခုနစ္နာရီခန္႔ ၾကာျမင့္ျဖစ္ပြားတဲ့ တိုက္ပြဲမွာ အေလာင္းကိုးေလာင္း၊ ေသနတ္ေျခာက္လက္ႏွင့္ က်ည္မ်ား သိမ္းပိုက္ရရွိတယ္လို႔ တပ္မေတာ္ဘက္မွအရာရွိ၊ စစ္သည္အခ်ိဳ႕ က်ဆုံးထိခိုက္ဒဏ္ရာရေၾကာင္း တပ္မေတာ္က ေအာက္တိုဘာ ၂၁ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။AA ဘက္က သတင္းထုတ္ျပန္ခ်က္မွာေတာ့ တပ္မေတာ္ဘက္မွ အနည္းဆုံး ၁၀ ဦးက်ဆုံးၿပီး ထိခိုက္သူမ်ားျပားတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ တိုက္ပြဲကို တိမ္းေရွာင္တဲ့ ေဒသခံေတြ စက္ေလွေမွာက္လို႔  ကေလးငယ္ႏွစ္ဦး ေသဆုံးခဲ့တဲ့ ျဖစ္စဥ္လည္း ဒီလကၠာေက်း႐ြာ တိုက္ပြဲျဖစ္စဥ္မွာ ျဖစ္ခဲ့ပါတယ္။

မႏၲေလးမွာ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိတဲ့ AA လက္နက္ကိုင္အဖြဲ႕မွ ဒုအရာခံဗိုလ္တစ္ဦး အပါအဝင္ ၆ ဦးကိုေတာ့ ေအာက္တိုဘာလ ၂၂ ရက္မွာ ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့ပါတယ္။အဆိုပါအမႈမွာ ဆက္စပ္ပါဝင္တဲ့ (၃) ဦးကိုေတာ့ ဖမ္းမမိေသးတဲ့အတြက္ တရားခံေျပးမ်ားအျဖစ္ ဝရမ္းထုတ္ထားပါတယ္။ဇူလိုင္လတုန္းက အမ္းၿမိဳ႕နယ္မွာျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ တရားစြဲခံထားရတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ၏ ေယာက္ဖ အပါအဝင္ သုံးဦးကို ေက်ာက္ျဖဴခ႐ိုင္ တရား႐ုံးက ယခုရက္သတၱပတ္ထဲမွာဘဲ တရားရွင္လႊတ္ေပးခဲ့ပါတယ္။  

ရွမ္းေျမာက္ဘက္နဲ႔ ရခိုင္ေျမာက္ပိုင္းလို ေနရာေတြမွာ တိုက္ပြဲေတြ ခပ္စိပ္စိပ္ျဖစ္ေနသလို က်ိဳင္းတုံမွာ စက္တင္ဘာလထဲမွာလုပ္ခဲ့တဲ့ အစိုးရနဲ႔ ေျမာက္ပိုင္းေလးဖြဲ႕ၾကား ေဆြးေႏြးပြဲမွာ ျပန္ခ်ိန္းဆိုထားတဲ့ ေအာက္တိုဘာလအတြင္း ေဆြးေႏြးပြဲကိုလည္း ႏိုဝင္ဘာလထဲ ျပန္ေ႐ႊ႕ခဲ့ပါတယ္။ေအာက္တိုဘာ ၂၈ မွာ NCA ေလးႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနား က်င္းပဖို႔ရွိေနသလို တျခားေဆြးေႏြးစရာေတြ ညႇိႏႈိင္းစရာေတြ ျဖစ္လာႏိုင္တဲ့အတြက္ အမ်ားစုက NCA ေလးႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကို အေကာင္းဘက္ကေန ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ဒီေလးႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားမွာ NCA မထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အပါအဝင္ ျပည္တြင္း၊ ျပည္ပမွ ကိုယ္စားလွယ္ ၆၀၀ ခန႔္ ဖိတ္ၾကားထားသလို အခမ္းအနားမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ တို႔ မိန႔္ခြန္းေျပာၾကားမွာ ျဖစ္တဲ့အတြက္ ၿငိမ္းခ်မ္းေရးအတြက္ ဘယ္လိုအလားအလာေကာင္းေတြ ဘယ္လိုျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဂ်ပန္ခရီးစဥ္ႏွင့္ ျမန္မာ့စီးပြားေရးအလားအလာ

ယခုရက္သတၱပတ္ထဲ အစိုးရေထာက္ခံသူေတြေရာ၊ အတိုက္အခံေတြေကာ ေစာင့္ၾကည့္ခဲ့တဲ့ သတင္းေတြက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္ႏိုင္ငံကို သြားေရာက္တဲ့ ခရီးစဥ္ပါဘဲ။ဒီမတိုင္ခင္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဂ်ပန္ကို သြားခဲ့တဲ့အတြက္ လတ္တေလာ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းေခါင္းေဆာင္ႏွစ္ဦး ဂ်ပန္ကို ေရွ႕ဆင့္ေနာက္ဆင့္ သြားခဲ့တဲ့အတြက္ ဂ်ပန္-ျမန္မာ ဆက္ဆံေရးက ေစာင့္ၾကည့္စရာ ျဖစ္လာခဲ့ပါတယ္။ယခင္ကတည္းက ျမန္မာနဲ႔ ဆက္ဆံေရးေႏြးေထြးခဲ့တဲ့ ဂ်ပန္ႏိုင္ငံကို ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြ သြားေရာက္တဲ့ ဒီခရီးစဥ္က ဂ်ပန္ဘုရင္ နာ႐ူဟီတို၏ တရားဝင္ ထီးနန္းတက္ပြဲ အခမ္းအနားအတြက္ ႏိုင္ငံ့အႀကီးအကဲတစ္ဦးအေနနဲ႔ သြားေရာက္ၾကတဲ့ ခရီးစဥ္ပါ။

ဒီခရီးစဥ္အတြင္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဘူတန္ဘုရင္ His Majesty JigmeKhesar Namgyel Wangchuck၊ ဂ်ပန္-ျမန္မာ လႊတ္ေတာ္ခ်င္း ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Mr. Aisawa Ichiro တို႔ႏွင့္ သီးျခားစီ လက္ခံေတြ႕ဆုံခဲ့သလို တိုက်ိဳမွာ က်င္းပတဲ့ ဒုတိယအႀကိမ္ေျမာက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေဆြးေႏြးပြဲကို တက္ေရာက္ၿပီး စကားေျပာခဲ့ပါတယ္။ဒီပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက Toyota , Suzuki, yakult စသည့္ နာမည္ႀကီးဂ်ပန္ကုမၸဏီမ်ား ရင္းႏွီးျမႇဳပ္ႏွံျခင္းက ျမန္မာႏိုင္ငံကို ယုံၾကည္မႈရွိတာကို ျပေနတယ္လို႔ ေျပာခဲ့သလို ယွဥ္ၿပိဳင္မႈမရွိေသာ ပုဂၢိဳလ္ေရးကို အေျခခံသည့္ စီးပြားေရးပုံစံမွ ပိုမိုပြင့္လင္းျမင္သာေသာ ယွဥ္ၿပိဳင္မႈမ်ားကို အေျခခံသည့္ စီးပြားေရးပုံစံသို႔ အသြင္ကူးေျပာင္းေနတယ္လို႔ ေျပာခဲ့ပါတယ္။

ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး နဲ႔ ေတြ႕ဆုံစဥ္မွာ  ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ရွင္ဇိုအာေဘး က ျမန္မာႏိုင္ငံအေပၚ အမ်ားျပည္သူႏွင့္ ပုဂၢလိကက႑ ႏွစ္ခုစလုံးျဖင့္ အျမင့္ဆုံးကူညီေထာက္ပံ့မႈမ်ား ဆက္လက္ေပးအပ္သြားမယ္လို႔ ေျပာခဲ့သလို ဒီမိုကေရစီႏိုင္ငံ တည္ေဆာက္ေရးမွာ အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ႀကိဳးပမ္းမႈကို ေလးစားေၾကာင္းကိုပါ ေျပာခဲ့ပါတယ္။
ဒါ့အျပင္ ဘဂၤလားေဒ့ရွ္သို႔ ထြက္ေျပးခဲ့တဲ့ ဘဂၤါလီ ၇၄၂,ဝ၀ဝ ဦး ဘဂၤလားေဒ့ရွ္မွ ျပန္လာႏိုင္ေရး ျမန္မာႏိုင္ငံတြင္ သင့္ေလ်ာ္ေသာ ပတ္ဝန္းက်င္တစ္ရပ္ ဖန္တီးေပးဖို႔ကိုလည္း တိုက္တြန္း ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ခရီးစဥ္နဲ႔အတူ ျပည္တြင္းက စီးပြားေရးလုပ္ငန္းရွင္ေတြလည္း လိုက္ပါသြားခဲ့တယ္ ဆိုပါတယ္။အရပ္သားအစိုးရလက္ထက္ လက္က်န္တစ္ႏွစ္မွာ စီးပြားေရးကို ဂ႐ုစိုက္ဖြယ္ရွိသလို အလား အလာေကာင္းေတြ ရွိေနၿပီဆိုပါတယ္။ေအာက္တိုဘာ ၁၉ ရက္ ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ေသာ ဒုတိယသမၼတ-၁ ဦးျမင့္ေဆြႏွင့္ ေတြ႕ဆုံပြဲမွာ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ဥကၠ႒ ဦးေသာင္းထြန္း က ယခုဘ႑ာႏွစ္မွာ စံခ်ိန္တင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္လာမယ္ေျပာသလို  အထူးသျဖင့္ ကမ္းလြန္ေရနံတူးေဖာ္ေရး လုပ္ငန္းမ်ားႏွင့္ ျပည္တြင္း၌ ဓာတ္သတၱဳရွာေဖြေရး လုပ္ငန္းမ်ားမွာ ဝင္ေရာက္လာဖို႔ မွန္းထားတယ္ဆိုပါတယ္။

ဒီလိုျပည္ပရင္းႏွီးျမဳပ္ႏွံမႈ ၀င္ေရာက္မႈတိုးလာမယ္လို႔ ေျပာတာက ေသခ်ာတဲ့ အခ်က္အလက္ေပၚ အေျခခံတယ္လို႔ ယူဆပါတယ္။ဘာေၾကာင့္လဲဆိုရင္ မၾကာခင္ ပုသိမ္ၿမိဳ႕ အေနာက္ေျမာက္ဘက္မွ မိုင္ ၆၀ ေက်ာ္ ပင္လယ္ကမ္းလြန္က သဘာ၀ဓာတ္ေငြ႕သိုက္ႀကီးတစ္ခုကို မၾကာမီ စီးပြားျဖစ္စတင္ထုတ္ဖို႔ ရွိေနလို႔ပါဘဲ။၂၀၁၈ ခုႏွစ္က ဇူလိုင္တုန္းက ေတြ႕ရွိခဲ့တဲ့ ေ႐ႊရည္ထြန္း ကမ္းလြန္လုပ္ကြက္ကို စတင္စီးပြားျဖစ္ထုတ္ဖို႔အတြက္ ဘီလ်ံနဲ႔ခ်ီၿပီး သက္ဆိုင္ရာကုမၸဏီေတြ ရင္းႏွီးျမဳပ္ႏွံရဖို႔ပါဘဲ။ဒါ့အျပင္ ယခုရက္ပိုင္းမွာဘဲ ကမာၻ႔ဘဏ္က ထုတ္ျပန္တဲ့ စီးပြားေရးလုပ္ကိုင္ရမႈ အလြယ္ကူဆုံးၫႊန္းကိန္းမွာ ျမန္မာႏိုင္ငံက 2019 ခုႏွစ္က ၁၇၁ ဆင့္တြင္ ရွိရာမွာ ၂၀၂၀ ခုႏွစ္အတြက္ ၁၆၅ ဆင့္သို႔ ၇ ဆင့္တိုးလာခဲ့ပါတယ္။ဒါ့အျပင္ နယ္စပ္ကုန္သြယ္ေရးမွာ လုပ္ကိုင္ရလြယ္ဖို႔အတြက္ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဥကၠ႒ႏွင့္ ထိုင္းႏိုင္ငံ ဗဟိုဘဏ္ဥကၠ႒တို႔ၾကား နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈမ်ားအတြက္ ျမန္မာက်ပ္ေငြႏွင့္ ထိုင္းဘတ္ေငြမ်ားကို အသုံးျပဳႏိုင္ရန္ ဗဟိုဘဏ္ႏွစ္ခု နားလည္မႈစာခြၽန္လႊာကို ယခုရက္သတၱပတ္ထဲမွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။မၾကာမီမွာ တ႐ုတ္နဲ႔ ဒီလိုမ်ိဳးလက္မွတ္ေရးထိုးဖို႔ ရွိပါေသးတယ္ ဆိုပါတယ္။

ဘာပဲျဖစ္ျဖစ္ ကမာၻ႔ဘဏ္လို IMF လို ဘ႑ာေရးအဖြဲ႕အစည္းေတြက ျမန္မာစီးပြားေရးနဲ႔ ပတ္သက္ၿပီး တက္ကိန္းေတြျပေနတယ္ ဆိုတဲ့အတြက္ လာမယ့္ဘ႑ာႏွစ္မွာ ျမန္မာ့စီးပြားေရး ေကာင္း၊ မေကာင္းကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဗစ္တိုးရီးယားနဲ႔ အကာအကြယ္မဲ့ေနတဲ့ အမ်ိဳးသမီးမ်ား

ယခုရက္သတၱပတ္ထဲဖတ္ရတဲ့ မႈခင္းေနာက္ခံ သတင္းေတြထဲမွာ ဗစ္တိုးရီးယားအမႈမွာ သံသယတရားခံအျဖစ္ စြဲဆိုခံထားရတဲ့ ေအာင္ႀကီးရဲ႕ အာမခံေလွ်ာက္ထားမႈ ပယ္ခ်ခံလိုက္ရတဲ့သတင္း၊ မႏၲေလးမွာ အမ်ိဳးသမီးငယ္သုံးဦး ျပည့္တန္ဆာအျဖစ္ ပိတ္ေလွာင္ခိုင္းေစခံရတဲ့သတင္း၊ စင္တင္တြင္ လုပ္ကိုင္ရင္း ပိတ္ေလွာင္ခံရၿပီး ျပည့္တန္ဆာအျဖစ္ ေစခိုင္းခံရတဲ့ သတင္းေတြက သတင္းဖတ္ရသူေတြ စိတ္အာ႐ုံကို ကပ္ၿငိေစခဲ့ပါတယ္။

အမ်ားျပည္သူေစာင့္ၾကည့္ေနတဲ့ မႈခင္းတစ္ခုျဖစ္တဲ့ Wisdom Hill မူႀကိဳေက်ာင္းမွာျဖစ္ခဲ့တဲ့ ဗစ္တိုးရီးယားအမႈကို ယခုရက္သတၱပတ္ထဲမွာ  ၉ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းအျဖစ္ က်င္းပခဲ့ရာမွာ တရားလိုျပသက္ေသေတြကို စစ္ေဆးခဲ့ပါတယ္။ဒီမတိုင္ခင္ Wisdom Hill မူႀကိဳေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ က သံသယတရားခံ ေအာင္ႀကီး ဘက္မွ ေရွ႕ေနအျဖစ္ ေဆာင္႐ြက္ေနသူ ေဒၚစုဒါလီေအာင္ ကို ကေလးသူငယ္မ်ား အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁ (က) (၂) ျဖင့္ တရားစြဲဆိုထားသည့္အမႈကို စစ္ေဆးခဲ့ပါတယ္။ဒါ့အျပင္ ေဒၚဥမၼာလႈိင္ က ဗစ္တိုးရီးယားအမႈမွာ တရားလိုျပသက္ေသထဲမွာ ပါေနတဲ့ ၎ရဲ႕သားႏွစ္ဦးဟာ က်န္းမာေရးအရ စိတ္ထိခိုက္ေနရတဲ့အတြက္ သက္ေသစာရင္းထဲကေန ပယ္ဖ်က္ေပးဖို႔ ခ႐ိုင္ဥပေဒ႐ုံးမွာ အသနားခံစာတင္ခဲ့ပါတယ္။

ဒီလိုအသနားစာခံတင္တဲ့အတြက္ တရားလို ဗစ္တိုးရီးယားေလးရဲ႕ မိခင္က ဒကၡိဏခ႐ိုင္ဥပေဒ႐ုံးကို ကန္႔ကြက္လႊာ ျပန္တင္သြင္းခဲ့ပါတယ္။

ဗစ္တိုးရီးယားအမႈ ၉ ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာေတာ့ တရားလိုသက္ေသျဖစ္တဲ့ Wisdom Hill မူႀကိဳေက်ာင္း ဆရာမတစ္ဦးျဖစ္တဲ့ ေဒၚနီလာေအး ကို သံသယတရားခံ ေအာင္ႀကီး၏ ေရွ႕ေနတစ္ဦးျဖစ္သူ ေဒၚစုဒါလီေအာင္ က အျပန္အလွန္စစ္ေမးခဲ့ရာမွာ “ကေလးမွာ ကြၽန္မႏွင့္ ကြၽန္မ မရွိလွ်င္ အျခားဆရာမ ရွိေနသည့္အတြက္ ကေလးမွာ လုံၿခဳံမႈရွိတယ္” လို႔ ထြက္ဆိုကာ သံသယတရားခံ ေအာင္ႀကီး က (ဗစ္တိုးရီးယား) အား လိင္အၾကမ္းဖက္မႈ လုံးဝျပဳလုပ္ခဲ့ျခင္း မရွိဘူးလို႔ ထြက္ဆိုခဲ့ပါတယ္။

ဒီလိုထြက္ဆိုခဲ့တဲ့အတြက္ သံသယတရားခံ ေအာင္ႀကီးအတြက္ အမႈကေန လြတ္ကင္းဖို႔ အလားအလာေကာင္းလာခဲ့ပါတယ္။အဆိုပါေန႔႐ုံးခ်ိန္း ညေနပိုင္းမွာ ေအာင္ႀကီးအား အာမခံ ေပး၊ မေပး ႏွစ္ပါးထိုင္စနစ္နဲ႔ ဆုံးျဖတ္ခဲ့ရာမွာ အာမခံပယ္ခ်ခဲ့ပါတယ္။ဒီလိုပယ္ခ်ခဲ့တဲ့အတြက္ အထက္ကို ဆက္လက္တင္ဖို႔မရွိဘဲ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ေနာက္ထပ္စိတ္မသက္မသာျဖစ္ရတဲ့ သတင္းက မႏၲေလးမွာ အခန္းပိတ္ၿပီး ျပည့္တန္ဆာအျဖစ္ ခိုင္းစားခံရလို႔ ေဘးပတ္ဝန္းက်င္ကို အကူအညီေတာင္းၿပီး ကယ္ထုတ္ရတဲ့ ျဖစ္ရပ္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ရန္ကုန္က မိန္းကေလးသုံးေယာက္ကို အြန္လိုင္းမွာ ခင္မင္တဲ့သူက ေမာ္ဒယ္ရႈိးေလွ်ာက္ရမည္ျဖစ္ၿပီး ေငြေၾကးအဆင္ေျပမည္ဟု စည္း႐ုံးေျပာဆိုလို႔ မႏၲေလးၿမိဳ႕ရွိ စင္တင္တစ္ခုမွာ ညပိုင္းေမာ္ဒယ္လ္အျဖစ္ ရႈိးေလွ်ာက္ခဲ့ရာကေန ဧည့္သည္အမ်ိဳးသားမ်ားနဲ႔ ညအိပ္အတင္းေစခိုင္းခဲ့ရာမွာ ျငင္းဆန္လို႔ ၿခိမ္းေျခာက္ပိတ္ေလွာင္ၿပီး ျပည့္တန္ဆာအျဖစ္ ေစခိုင္းခဲ့တာပါ။အဆိုပါမိန္းကေလးေတြက တိုက္ခန္းေပၚကေန စာ႐ြက္ပစ္ခ်ၿပီး ကယ္တင္ဖို႔ အကူအညီေတာင္းခဲ့ရာကေန ကယ္တင္ႏိုင္ခဲ့တာပါ။

ဒီလိုျပဳလုပ္တဲ့လူကို ဖမ္းဆီးရမိထားမိၿပီး ေနာက္ထပ္လူေတြကို ဖမ္းဆီးဖို႔လုပ္ေနတယ္ဆိုေပမယ့္ ဘယ္လိုအေရးယူမလဲ၊ ပင္စည္နဲ႔ အကိုင္း ဘာကိုခ်ိဳင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဒီလိုစိတ္မေကာင္းစရာ သတင္းအျပင္ စက္ဆုပ္စရာသတင္းလည္း ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့ပါတယ္။ဒါက သက္ငယ္မုဒိမ္းမႈပါဘဲ။ထုံးစံအတိုင္း အထက္ျမန္မာျပည္ဘက္က မေကြးတိုင္းမွာ ျဖစ္တာပါ။မေကြးမွာ ဆယ္ႏွစ္အ႐ြယ္ကေလးကို အိမ္နီးခ်င္း ၅၉ ႏွစ္အ႐ြယ္ လူႀကီးက လက္ဖက္ရည္ေခၚဝယ္ခိုင္းၿပီး အဓမၼျပဳက်င့္ခဲ့တာပါ။ဒါကိုျမင္ေတြ႕တဲ့သူက အဘြားျဖစ္သူကို ေျပာရာကေန ေပၚေပါက္ခဲ့တာပါ။

မႏၲေလး ေအာင္ေျမသာဇံမွာေတာ့ ေအာက္တိုဘာ ၂၄ ရက္က လဖက္ရည္ဆိုင္မွာ TV ၾကည့္ဖို႔ ထြက္သြားစဥ္မွာ ေဘးအိမ္က ၁၅ ႏွစ္အ႐ြယ္ လူငယ္က လမ္းေဘးၿခဳံထဲ ၿခိမ္းေျခာက္ေခၚယူကာ အဓမၼက်င့္ခဲ့တာပါ။ဒီသတင္းႏွစ္ပုဒ္လုံးက အေတာ္ေလးကို လူမဆန္တဲ့ ကာမေသာင္းက်န္းသူေတြေၾကာင့္ ကေလးငယ္ေတြ ဘ၀ပ်က္ရတဲ့ သတင္းပါဘဲ။ဒီအမႈေတြမွာ က်ဴးလြန္သူေတြကို ဖမ္းမိထားေပမယ့္ ခ်မွတ္မဲ့ျပစ္ဒဏ္ကို ေစာင့္ၾကည့္ရမွာျဖစ္သလို က်ဴးလြန္သူေတြကို ေနာင္မက်ဴးလြန္ေအာင္ မွတ္ေလာက္သားေလာက္တဲ့ ျပစ္ဒဏ္ခ်မွတ္ဖို႔လည္း လိုေနၿပီ ျဖစ္ပါတယ္။

ပင္နီေတြကို ျပည္သူေတြ ေၾကာက္ေနၿပီလား

ေအာက္တိုဘာ ၂၄ ရက္က ရန္ကုန္ၿမိဳ႕ Sky Star Hotel တြင္ ျပဳလုပ္သည့္ သတၱမအႀကိမ္ အစိုးရ၊ လႊတ္ေတာ္၊ ပါတီစုံညီ ေတြ႕ဆုံပြဲမွာ ရန္ကုန္တိုင္းေဒသႀကီး အလုပ္အမႈေဆာင္အဖြဲ႕ ဥကၠ႒ ဦးျမင့္ေဌး က “ပင္နီျမင္ရင္ လူေတြက ေၾကာက္ေနၾကတယ္” လို႔ ေျပာခဲ့ပါတယ္။ဒီလိုေျပာတဲ့သူေနရာမွာ ဦးျမင့္ေဌး မဟုတ္ဘဲ ျပင္ပက အျခားသူတစ္ဦးဆို ဘယ္လိုျဖစ္မလဲဆိုတာ အာဏာရပါတီက တခ်ိဳ႕သူေတြရဲ႕ ယေန႔ျဖစ္ေနတဲ့ အရွိတရားပါ။

အဆိုပါပြဲမွာ ဦးျမင့္ေဌး က “ရန္ကုန္တိုင္းမွာရွိေနတဲ့ ပင္နီဝတ္ေနၾကတဲ့ လူတခ်ိဳ႕ ပင္နီျမင္ရင္ လူေတြကေၾကာက္ေနတယ္။ေနရာတကာ ဟိုစပ္စပ္ပါတယ္။ဟိုေနရာပါ။ဒီေနရာပါ။လူတခ်ိဳ႕ကို ကြၽန္ေတာ္ေျပာတာ ဘယ္သူလဲဆိုတာ ကိုယ့္အေၾကာင္း ကိုယ္သိၾကလိမ့္မယ္” လို႔ ေျပာခဲ့တဲ့အတြက္ ဒါဟာ ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတင္းႀကီးတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

အဆိုပါအစည္းအေဝးမွာ ဒီခ်ဳပ္ပါတီ ဒုတိယဥကၠ႒ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္ က  ျပည္သူမ်ားသည္ ႏိုင္ငံေရးေရခ်ိန္ျပည့္ဝသူ မ်ားလာတဲ့အတြက္ လာမည့္ေ႐ြးေကာက္ပြဲမွာ ျပည္သူေတြက ယခင္လို ပါတီတစ္ခုတည္းကို ၾကည့္ေတာ့မွာ မဟုတ္ဘူးဆိုတာကို သတိေပးေျပာခဲ့ပါတယ္။ဒီအတြက္ ပါတီကလူေတြကို ဝမ္းစာပိုျဖည့္ဖို႔ေျပာခဲ့သလို ဒီခ်ဳပ္ပါတီအလံေအာက္သို႔ ဝင္ေရာက္သူမ်ားအေနျဖင့္ ပညာမည္မွ်တတ္သည္ျဖစ္ေစ ပါတီက ခ်မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရမည္ဆိုတာကို ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ပါတီဝင္အခ်င္းခ်င္း ညီၫြတ္ဖို႔ကိုလည္း ေျပာခဲ့ပါတယ္။ဒါဟာ လက္ရွိလိုအပ္ေနတဲ့ အာဏာရပါတီမွာ လိုအပ္ေနတဲ့ လိုအပ္ခ်က္ပါ။ျပည္သူေတြ တစ္ခဲနက္ေ႐ြးခ်ယ္ခဲ့တဲ့ အာဏာရပါတီအဖို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာတာနဲ႔အတူ ပါတီေတြဘက္က ျပန္လည္သုံးသပ္ ဆန္းစစ္ခ်က္ေတြ လုပ္လာတာကို ေတြ႕ရပါတယ္။ဒီထဲမွာ ကိုယ့္ပါတီအေျခေနကို မွန္မွန္ကန္ကန္သုံးသပ္တဲ့ လက္ရွိအာဏာရပါတီရဲ႕ အခုအစည္းအေဝးက လက္ရွိအာဏာရပါတီရဲ႕ ပါတီေအာက္ေျခက ျဖစ္ရပ္ေတြက ျပည္သူကလက္မခံလို႔ ျပဳတ္က်ခဲ့တဲ့ ယခင္ပါတီေတြလိုဘဲ ေအာက္ေျခမွာ တစတစျဖစ္လာတာကို ပါတီတာဝန္ရွိသူတစ္ဦးက ေထာက္ျပသတိထားမိတာ ေကာင္းတဲ့ကိစၥျဖစ္ပါတယ္။ဒီထက္ ထစ္ကနဲဆို တရားစြဲတတ္တဲ့ တခ်ိဳ႕ပါတီဝင္ေတြရဲ႕ အက်င့္ကိုပါ ျပင္ႏိုင္မယ္ဆိုရင္ သိပ္ေကာင္းတဲ့ အေ႐ြ႕ျဖစ္လာမွာ ေသခ်ာပါတယ္။ဒါ့အျပင္ ပါတီကို နာမည္ပ်က္ေစတဲ့ ပင္နီျမင္ရင္ေၾကာက္ေအာင္ ပါတီပုံရိပ္ကို တလြဲသုံးေနတဲ့ အခြင့္အေရးသမားေတြကို ဘယ္လိုအေရးယူမလဲဆိုတာကိုပါ လုပ္ေဆာင္ႏိုင္ခဲ့ရင္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ လိုခ်င္တဲ့ မဲအေနအထားကို ျပည္သူေတြက အာမခံႏိုင္ပါလိမ့္မယ္။ဒီအတြက္ အာဏာရပါတီဘက္က ေ႐ြးေကာက္ပြဲမတိုင္မီ ပါတီအတြင္း ဘယ္လိုသန႔္စင္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီလိုစိတ္ဝင္စားစရာ သတင္းေတြအျပင္ တျခားသိထားသင့္တဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္ထဲမွာ ရွိခဲ့ပါတယ္။အဲ့ဒီသတင္းေတြက ေက်ာက္ဆည္ေဒသ ေလ့လာေရးခရီးသြားေရာက္တဲ့ ေ႐ႊဘိုတကၠသိုလ္ ဘူမိေဗဒဌာန ကထိကတစ္ဦး အေမာေဖာက္ၿပီး ကြယ္လြန္ခဲ့တဲ့သတင္း၊ စစ္ကိုင္းတံတားေဟာင္း (အင္းဝတံတား) ေပၚကေန ဆက္သြယ္ေရးဝန္ထမ္း အမ်ိဳးသားတစ္ဦး ခုန္ခ်သတ္ေသခဲ့တဲ့သတင္း၊ ပိုးသတ္ေဆးေတြကို ပီပါလိုက္ တရားမဝင္တင္သြင္းတဲ့ အင္းေလးရတနာကုမၸဏီကို တင္သြင္းေရာင္းခ်ခြင့္ ပိတ္ပင္ခဲ့တဲ့သတင္း၊ ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီးေဟာင္း ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားခဲ့တဲ့သတင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ YMBA အသင္းကို လာေရာက္ကာ အသင္းသားမ်ားကို ၾသဝါဒေပးျခင္းတို႔ ျပဳလုပ္ခဲ့တဲ့သတင္း၊ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ ငုယင္စြမ္းဖု ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးစဥ္ လာေရာက္မယ္ဆိုတဲ့သတင္း ေသဒဏ္ခ်ခံထားရတဲ့ ဝင္းေဇာ္ထြန္း ႏွင့္ ေဇာ္လင္း တို႔၏ မိခင္ႏွစ္ဦး ထိုင္းဘုရင္ထံ အသနားခံစာ တင္သြင္းရန္ ဘန္ေကာက္ကို ေရာက္ေနတဲ့သတင္း၊ မေလးရွားႏိုင္ငံကေန ထိုင္းႏိုင္ငံသို႔ျဖတ္ၿပီး ျမန္မာဘက္ျပန္ဝင္ဖို႔ ႀကိဳးပမ္းတဲ့  ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၁၃ ဦးကို ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕က ဖမ္းဆီးထားခဲ့တဲ့သတင္း၊ အထည္ခ်ဳပ္စက္႐ုံငါး႐ုံ အလုပ္သမားတစ္ရာေက်ာ္  ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ခြင့္ေပးရန္ လာေရာက္ေတာင္းဆိုခဲ့တဲ့ သတင္းေတြထဲ ဆက္လက္ေစာင့္ၾကည့္ရမယ့္  သတင္းေတြဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၂၅