【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဒေါ်လာဈေးဆွဲတင်မှုနဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုဂယက်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဒေါ်လာဈေးဆွဲတင်မှုနဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုဂယက်

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲမှာ သတိထားစရာ ပြည်တွင်းသတင်းတွေ ရှိခဲ့ပါတယ်။ဒီထဲမှာ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ သီးခြားစီတွေ့ဆုံခဲ့တဲ့ သတင်း၊ အိန္ဒိယသမ္မတနှင့် ဇနီးရဲ့ မြန်မာခရီးစဉ်အတွင်း  အာဇာနည်ဗိမာန်သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့တဲ့ သတင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရိုငွေ သန်း ၇၀ ချေးယူရေး တင်ပြထားမှုကို ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့တဲ့ သတင်း၊ နေပြည်တော်ရှိ MCC-2 တွင် ပြုလုပ်သော အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံသို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ သတင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို က အစွန်းရောက် ဘာသာကြီးတစ်ခုဟု ပြောဆိုမှုနှင့် ယခုရက်ပိုင်းအတွင်း အခြားပြောကြားချက်များကို ပယ်ဖျက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သာ/ယဉ် ဝန်ကြီးဌာနက တောင်းပန်လိုက်တဲ့ သတင်း၊ ရခိုင်မြောက်ပိုင်းမှ နေရပ်စွန့်ခွာ ဘင်္ဂါလီများ မြန်မာနိုင်ငံထဲ ပြန်ဝင်လာရင်  ပြည်တွင်းဥပဒေတွေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်က အသိပေးပြောကြားခဲ့တဲ့ သတင်း စတဲ့ စိတ်ဝင်စားစရာ သတင်းအချို့လည်း ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲမှာ ကျပ်တစ်သောင်းတန် ငွေအတုပြဿနာနဲ့ ဒေါ်လာဈေးကျချိန်မှာ ဗဟိုဘဏ်က ဒေါ်လာဈေး ဆင်းဝယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့ သတင်းတွေက ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲ အလှုပ်ခတ်ဆုံး သတင်းနှစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဈေးကွက်ထဲ ဆင်းဝယ်တဲ့ ဒေါ်လာဂယက်နှင့် မြန်မာ့ GDP အကျ

ယခုတစ်ပတ်ထဲ အများပြည်သူကြား ပြောစရာဖြစ်ခဲ့တာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်က ဒေါ်လာဈေး ကျဆင်းမှုကို ဗဟိုဘဏ်က ဝင်ထိန်းခဲ့လို့ အများပြည်သူကြား ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့ သတင်းပါဘဲ။

တောက်လျှောက်တက်နေတဲ့ ဒေါ်လာဈေးဟာ ဒီဇင်ဘာ ပထမအပတ် အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးအခွန် တိုးကောက်မှု ရက် ၉၀ ရပ်ဆိုင်းမယ့် သတင်းကြောင့် ဒေါ်လာဈေး ကျဆင်းလာခဲ့ပါတယ်။တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၆၀၀ ကျော်အထိ ရှိခဲ့တဲ့ အမေရိကန် ဒေါ်လာဈေးဟာ ဒီဇင်ဘာ ၄ ရက်မှာ တစ်ဒေါ်လာလျှင် ၁,၄၇၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ပါတယ်။
ဒီအချိန်မှာ ဗဟိုဘဏ်က တစ်ဒေါ်လာ ၁,၅၇၀ ကျပ်ဖြင့် ဒေါ်လာ သန်း ၂၀ ကျော် ဝယ်ယူခဲ့ပါတယ်။ဒီလိုဝယ်ယူတဲ့အတွက် ပြည်တွင်းငွေဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၆၀ ခန့် ပြန်တက်ပြီး ဒီဇင်ဘာ ၅ ရက်မှာ တစ်ဒေါ်လာကို ၁၅၃၀ ကျပ်အထိ ပြန်ဖြစ်လာခဲ့ပါတယ်။

ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်မှာ ဈေးကွက်ထဲကနေ ဒေါ်လာ ၁၄ သန်းဖိုး ထပ်မံဝယ်ယူခဲ့တဲ့အတွက် တစ်ဒေါ်လာကို ၁၅၅၅ ကျပ်ထိ ပြန်တက်လာခဲ့ပါတယ်။ဒီဇင်ဘာ ၁၁/၁၂/၁၃ ရက်မှာ ဒေါ်လာဈေးက ၁၅၆၀ ကျပ်ကနေ ၁၅၇၀ ကျပ်ဝန်းကျင်မှာ ရှိနေတဲ့အတွက် ဒေါ်လာဈေး ကျနေတာကို ဆွဲတင်သလိုဖြစ်ခဲ့တဲ့ ဗဟိုဘဏ်ရဲ့ ဈေးကွက်ထဲ ဒေါ်လာဆင်းဝယ်မှုအပေါ် ဘဏ်များသာ အကျိုးအမြတ်ဖြစ်တယ်ဆိုပြီး စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နှစ်ရက်အတွင်း ငွေကြေးဈေးကွက်ထဲကနေ အမေရိကန် ဒေါ်လာ ၂၄ သန်းဖိုးကို ဈေးကွက်အမြင့်ဈေးနဲ့ ဝယ်ယူခဲ့ခြင်းအတွက်  ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌက ဒေါ်လာဈေးမကျရန်နှင့် ပြည်တွင်းဘဏ်သာ အကျိုးရှိရန် မဟုတ်ဘဲ ဗဟိုဘဏ်က လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ခြင်းသာဖြစ်တယ်လို့  မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ပြည်ပပို့ကုန် မယ်မယ်ရရမရှိတဲ့ မြန်မာပြည်စီးပွားရေးမှာ ဒေါ်လာဈေးတက်တုန်းက မရှိမဖြစ် ဆေးဝါးနဲ့ ဆောက်လုပ်ရေးပစ္စည်း တင်သွင်းသူတွေ ပြည်ပသွင်းကုန်သမားတွေ အထိနာခဲ့ပြီး အထူးသဖြင့် ဒေါ်လာဈေးတက်၍ ကုန်ဈေးနူန်းတက်သည့်ဒဏ်ကို  အများပြည်သူ ခံစားခဲ့ရပါတယ်။ယခု ဒေါ်လာဈေးအကျတွင် တက်နေခဲ့သည့် ကုန်ဈေးနှုန်းတချို့ ပြန်ကျမည့်ဟု အများပြည်သူ မျှော်လင့်ထားချက်မှာ ဒေါ်လာဈေးမကျအောင် ဗဟိုဘဏ်က ဝင်ဆွဲတင်ခဲ့တဲ့အတွက် အများပြည်သူအနေနဲ့ နောင်မှာ ဗဟိုဘဏ်၏ လုပ်ဆောင်ချက်တိုင်းကို စောင့်ကြည့်ဖို့လိုလာမှာ ဖြစ်ပါတယ်။

အရပ်သားအစိုးရလက်ထက် ကိန်းဂဏန်းတွေအရ နှစ်တိုင်း တက်ရိပ်ပြနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှု (GDP) နှုန်းက  ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်းကျော် ရှိမယ်လို့ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ မှန်းထားပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ယခုနှစ်ခန့်မှန်းချက်က ယခင်ဘဏ္ဍာနှစ် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းထက် လျော့နည်းခဲ့သလို IMF ယခင်ဘဏ္ဍာနှစ် ခန့်မှန်းချက်နူန်းထက်လည်း လျော့ကျခဲ့ပါတယ်။

ယခုထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့်  ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအသီးသီး တိုးတက်မှုနှုန်း လျော့နည်းတာကြောင့်လို့ ဆိုပေမယ့် နိုင်ငံ့စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းခြင်း အဓိကအကြောင်းက ဘင်္ဂါလီပြဿနာကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအပေါ် ရိုက်ခတ်နေလို့ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။ ယခုထုတ်ပြန်ချက်တွေက အကောင်းမြင်နေတဲ့ အစိုးရနားက စီးပွားရေးမူဝါဒသမားတွေအတွက် နှစ်မျို့စရာ မဟုတ်ပေမယ့် ကိန်းဂဏန်းကို အဓိကထားကြည့်တဲ့ စီးပွားရေး ပြောင်းလဲတိုးတက်ချင်တဲ့သူတွေအတွက် ဆင်ခြင်ရမယ့် သတိပေးမှုပါဘဲ။

ဒီသတင်း အကြောင်းအရာတွေက ယခုတစ်ပတ် စီးပွားရေးဆိုင်ရာ သတင်းတွေဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စီမံ/ဘဏ္ဍာ ဒု-ဝန်ကြီးက ဈေးပိုရောင်းတဲ့ ထီကိုယ်စားလှယ် ၃၈၀ ဦးကို ထီဝယ်ယူခွင့် ပိတ်သိမ်းပြီး စပေါ်ငွေကျပ် ၁၂၃ သန်းကျော် သိမ်းဆည်းခဲ့တယ်လို့ ပြောကြားခဲ့တဲ့ သတင်း၊ Western Union, Tata, Toshiba,Facebook နှင့် Newtec စတဲ့ ကုမ္ပဏီများ အပါအဝင် တပ်မတော်နှင့် ဆက်စပ်နေတယ်ဆိုတဲ့ တရုတ်၊ ရုရှား၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ယူကရိန်း၊ အမေရိကန်၊ ထိုင်း၊ ဗီယက်နမ် အခြေစိုက် နိုင်ငံတကာကုမ္ပဏီ ၄၉ ခုကို ဗြိတိန်အခြေစိုက် Burma Campaign UK အမည်ပျက် စာရင်းသွင်းကြောင်း ထုတ်ပြန်ခဲ့တဲ့ သတင်း၊ ကုမ္ပဏီအချို့နဲ့ လူပုဂ္ဂိုလ်အချို့သာ လုပ်ကိုင်နေတဲ့ မိုင်းရှူး ရတနာမြေ ကျောက်တူးဖော်ရေး လုပ်ကွက်တွေမှာ ဒေသခံတွေကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခွင့်ပေးဖို့ ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းနေတယ်လို့ ရှမ်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြောခဲ့တဲ့ သတင်း၊ တရားမဝင် ဖွင့်လှစ်ထားသည့် ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း ၇၀ ပေးဆောင်ပြီး ဆက်လက်ဖွင့်လှစ်ခွင့်ပြုတဲ့ သတင်း၊ စတဲ့ သတင်းတွေနည်းတူ အာရုံစိုက်သတိထားရမယ့် သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပုဂံဟိုတယ် အလုပ်သမားပြဿနာ

ရခိုင်မြောက်ပိုင်း ပြဿနာကြောင့် မြန်မာပြည်ကို ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ယခုနှစ်မှာ အတော်လေး သိသိသာသာ နည်းပါးခဲ့ပါတယ်။ဒီဒဏ်ကို ဟိုတယ်လုပ်ငန်းနဲ့ အသက်မွေးသူတွေ ထိခိုက်ခံစားခဲ့ရပါတယ်။ဒီအကျိုးဆက်က ပုဂံမှာ ဟိုတယ်လုပ်သား လျှော့ချမှုတွေ၊ အလုပ်သမား ဆန္ဒပြမှုတွေထိ ဖြစ်လာခဲ့ပါတယ်။

ယခုနှစ် သြဂုတ်လအတွင်းမှာ ပုဂံမှာဖွင့်ထားတဲ့ သရပါဟိုတယ်က ဧည့်ဝင်ရောက်မှု နည်းပါးလို့ ဟိုတယ်ဝန်ထမ်း ၁၂ ဦးကို ထုတ်ခဲ့ပါတယ်။အထုတ်ခံရတဲ့ ၁၂ ဦးထဲက ၉ ဦးက အလုပ်ပြန်ရဖို့ ဟိုတယ်ရှေ့မှာ အလုပ်သမားတွေက သပိတ်စခန်းဖွင့်ပြီး ရက် (၆၀) ကြာ သပိတ်မှောက်ခဲ့ပါတယ်။အဲဒီသပိတ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် ညဉ့်နက်ပိုင်းမှာ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ လာရောက်ဖြိုခွင်းခဲ့ပါတယ်။ဒါပေမယ့် ဖမ်းဆီးတာတွေ အရေးယူတာတွေ မရှိခဲ့ပါဘူး။

အလုပ်သမားတွေဘက်ကတော့ ဒီလို သပိတ်စခန်း ဖြိုခွင်းခံရပြီးနောက် ပုဂံ သရပါဟိုတယ်၊ မန္တလေးမြို့ရှိ မီကိုကော်ဖီမစ်စက်ရုံ၊ ပါဝါဓာတ်ခဲစက်ရုံ၊ ကျောက်ဆည်မြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံ အလုပ်သမားများ အပါအဝင် အင်အား ၅၀ ကျော်က အခွင့်အရေးတွေ တောင်းဆိုဖို့ အလုပ်သမား သပိတ်စစ်ကြောင်း ပုံစံနဲ့  ဒီဇင်ဘာ ၁၃ ရက်နံနက် ၆ နာရီခန့်က နေပြည်တော်သို့ ချီတက်ရာမှာ သက်ဆိုင်ရာဆီ ခွင့်ပြုချက်မယူတဲ့အတွက် ညောင်ဦးမြို့အထွက်မှာ ရဲအင်အား ၁၀၀ ကျော်က တားဆီးကာ အလုပ်သမားအချို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုဖမ်းဆီးရာမှာ အလုပ်သမား ၁၃ ဦး ဖမ်းဆီးခံရပြီး သက်ဆိုင်ရာကတော့ ငြိမ်းစုစီဥပဒေနဲ့ အရေးယူမယ်လို့ ပြောခဲ့ပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ မကြာခဏဆိုသလို အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ဖြစ်လာတာ များလာသလို ထူးခြားချက်အနေနဲ့ ယခင်အစိုးရလက်ထက်မှာ အလုပ်သမား ပါဝင်တဲ့ အရေအတွက်က အများစုပါဝင်တဲ့ ပုံစံကနေ အရပ်သားအစိုးရလက်ထက်မှာ ထိခိုက်နစ်နာရသူ အနည်းစုသာ ပါဝင်နေတဲ့ ပုံစံကို ပြောင်းလဲလာနေတာကို တွေ့ရတဲ့အတွက် အလုပ်သမား အဖွဲ့အစည်းတွေရဲ့ စည်းရုံးလုပ်ဆောင်မှု အားလျော့တာလား၊ အလုပ်သမားတွေက အဖွဲ့အစည်းတွေအပေါ် စိတ်ကုန်စပြုနေပြီလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

သရပါဟိုတယ် အလုပ်သမားပြဿနာက ညောင်ဦးအထွက်မှာ တားဆီးဖမ်းဆီးတာတွေထိ ဖြစ်ခဲ့လို့ သတင်းမီဒီယာတွေ မီးမောင်းထိုးတင်ပြရတဲ့ သတင်းထိ ဖြစ်လာခဲ့တဲ့အတွက် ဘယ်လိုဖြစ်ထွန်းမှုတွေ ဖြစ်လာမလဲ၊ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေအတွက် ဘယ်လိုအရွေ့တွေ ဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အလုပ်သမား သပိတ်စစ်ကြောင်းပုံစံနဲ့ ချီတက်တာကို တားဆီးတဲ့ သတင်းက ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ တက်ကြွလှုပ်ရှားမှု သတင်းတွေဖြစ်တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားငါးဦးခန့်က ကျောင်းထဲ လုံခြုံရေးတိုးမြှင့်ချထားပေးရန် အပါအဝင် အချက်သုံးချက်ကို ဒီဇင်ဘာ ၁၃ ရက် နံနက်က စတုတ္ထအကြိမ် ဆန္ဒပြတောင်းဆိုခဲ့တဲ့ သတင်း၊ ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးအကျဉ်းချခံရမှု တစ်နှစ်ပြည့် ဆုတောင်းဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်း၊ ထောင်ချခံရတဲ့ စစ်ရှောင်အရေး ဆန္ဒပြသူသုံးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုးဦးက အသနားခံစာပို့ တောင်းဆိုခဲ့တဲ့သတင်း၊ ပင်းတယမြို့သားတွေက ပင်းတယ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ကို ဂုဏ်ထူးဆောင် ပင်းတယသားဆု ပေးအပ်ခဲ့တဲ့ သတင်း၊ စတဲ့ သတင်းတွေထဲ ဒီသတင်းက ထူးထူးခြားခြား ခွဲထွက်သတိထားစရာ ဖြစ်နေခဲ့ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေ ပါဝင်လာတော့မယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး    

ယခုတစ်ပတ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာ သတင်းကောင်းတွေရှိခဲ့သလို စိတ်မချမ်းသာစရာ သတင်းအချို့လည်း ရှိခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရပ်သားအစိုးရလက်ထက် ဆောင်ရွက်နေရာမှာ ယခုနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်ခဲ့ပါတယ်။အထူးသဖြင့် ‘ဝ’ အဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ တိုးတက်မှုမရှိသလောက် ဖြစ်နေတာပါ။

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးမှာ တရုတ်သြဇာအာဏာညောင်းတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့နဲ့ ယခုလထဲ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒါဟာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ဖြစ်လာရတာဖြစ်ပြီး ဒီလိုဆွေးနွေးပွဲအတွက် တရုတ်ဘက်ကနေ ဝန်ကြီးအဆင့်ရှိတဲ့တစ်ဦး မကြာခင်က လာရောက်ကာ မြန်မာစစ်ဘက်၊ အရပ်ဘက် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီနောက်မှာ ဒီဇင်ဘာ ၁၂ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ အစိုးရကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးနေတဲ့ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တွေက ငြိမ်းချမ်းရေးအတွက် စစ်ရေးပိုင်းဆိုင်ရာ ဦးစွာရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်လိုကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်က သာမန်အားဖြင့် သိပ်မထူးဘူးလို့ ယူဆရပေမယ့် အရပ်သားအစိုးရလက်ထက်မှာ NCA ထိုးပြီးသား အချို့အဖွဲ့တွေ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲကနေ ခေတ္တဆိုင်းငံ့တာတွေ ရှိတဲ့အတွက် ဒီလို တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေတဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ကြေညာချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အများကြီးတာသွားခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီထုတ်ပြန်ချက်ကို ငြိမ်းချမ်းရေးကော်မရှင်က လှိုက်လှဲစွာကြိုဆိုကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ထုတ်ပြန်ချက်ထဲမှာ ငြိမ်းချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန် စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများ ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊  မြန်မာ့တပ်မတော်ဘက်ကလည်း စစ်ပွဲများ ချုပ်ငြိမ်းစေရန် ဆောင်ရွက်မည်ဟု  မျှော်လင့်ကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါဝင်မယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရမယ်ဆိုတဲ့ မူရှိတဲ့အတွက် ညှိနှိုင်းဖို့ အဆင်မပြေခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညှိနိူင်းမှုတွေထဲ ယခုထုတ်ပြန်ချက်က အလုပ်ဖြစ်လာမယ့်သဘော ရှိနေပါတယ်။ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်တိုင်း အသက်ဘေးကလွတ်အောင် ထွက်ပြေးနေရတဲ့ ရှမ်းမြောက်က ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ ယခုထုတ်ပြန်ချက်က ဘာအာမခံချက်တွေ ပေးလာမလဲ၊ ထင်သလိုကော ဖြစ်လာမလား၊ အရင်လို ကြားကောင်းအောင်ထုတ်တဲ့ ထုတ်ပြန်မျိုးဘဲ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အဆိုပါသတင်းက ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့ တိုင်းရင်းသားဒေသဆိုင်ရာ သတင်းတွေဖြစ်တဲ့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်မှာ စေတီတည်ဖို့ လုပ်ဆောင်နေတာကို တားဆီးခဲ့လို့ ‘ဝ’ အဖွဲ့ (UWSA) က ပြန်တောင်းပန်ခဲ့ရတဲ့ သတင်း၊ လွိုင်လင်မြို့နယ်ထဲမှာ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ပစ်ခတ်လို့ ရွာသား ၅ ဦး သေဆုံးခဲ့တဲ့ သတင်း၊  မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA) အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာရှိ ဒေသခံ ၂၀၀ ကျော် စည်တောင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်း စတဲ့ သတင်းတွေနဲ့အပြိုင် သတင်းဖတ်သူတွေကို သတိထားမိစေခဲ့ပါတယ်။

ကျပ်တစ်သောင်းတန် ငွေအတုပြဿာနာ

မကြာမီက ဒိုက်ဦးမြို့နယ်ထဲ စင်ကာပူမှာ အိမ်အကူလုပ်ပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးဆီကနေ ကျပ်တစ်သောင်းတန် ငွေအတု အရွက်ရေ ၁၉၀ ကျော် တွေ့ရှိတာနဲ့ စင်ကာပူနိုင်ငံသားနှစ်ဦး ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး ကျပ်တစ်သောင်းတန် ငွေအတုပြဿနာဟာ ပြည်တွင်းမှာ အတော်လေးဘဲ ဂယက်ထခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက စင်ကာပူနိုင်ငံသားနှစ်ဦးကို ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့  စင်ကာပူနိုင်ငံသားနှစ်ဦးက ယင်းကျပ်ငွေအတုတွေကို စင်ကာပူနိုင်ငံရှိ ငွေလဲလုပ်ငန်းမှ ရရှိသည့် ငွေတွေလို့ ထွက်ဆိုခဲ့တဲ့နောက်မှာ စင်ကာပူ အာဏာပိုင်တွေကတော့ ငွေလဲလှယ်ပေးလိုက်တဲ့ စင်ကာပူရှိ လိုင်စင်ရ မြန်မာကျပ်ငွေ လဲလှယ်တဲ့ လုပ်ငန်း ၁၈ ခုကို တစ်ပြိုင်နက် စုံစမ်းစစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးခဲ့ရာမှာ AG နှင့် AE အက္ခရာဖြင့် စသည့် အစဉ်လိုက် နံပါတ်တူများ ပါဝင်နေတဲ့ ကျပ်ငွေတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ဒီလို စင်ကာပူနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရပြီး မရှေးမနှောင်းမှာဘဲ ဒိုက်ဦးမြို့နယ်ထဲမှာ စင်ကာပူမှာ အိမ်အကူလုပ်ပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးဆီကနေ ကျပ်တစ်သောင်းတန် ငွေအတု အရွက်ရေ ၁၉၀ ကျော်ကို တွေ့ရှိလို့ ဖမ်းဆီးခဲ့ပါတယ်။

ငွေအတု ပြဿနာဟာ မြန်မာနိုင်ငံအတွက် သိပ်ထူးဆန်းတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ငွေအတုတွေကို မကြာခဏတွေ့၊ မကြာခဏဖမ်းဆီးမိပေမယ့် ကာလာပရင်တာ၊ ငွေစက္ကူအတု ဆယ်ဂဏန်း၊ ရာဂဏန်းလောက် မိတာတွေနဲ့သာ မိတဲ့သူလက်ဝယ် တွေ့တဲ့သူကို ဖမ်းဆီးအရေးယူမှုလောက်နဲ့သာ ပြီးစီးသွားခဲ့ပါတယ်။တစ်ကယ်အရေးပါတဲ့ ငွေစက္ကူလုံခြုံရေး အဆင့်ကိုမြှင့်ဖို့ လိုအပ်နေခဲ့ပါတယ်။

ယခုမိတဲ့ ဒိုက်ဦးမှာမိတဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူပြဿနာနဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးဆီကနေ မိတဲ့ ငွေအတုပြဿနာမှာ မူလအရင်းခံက စင်ကာပူက ငွေလဲလုပ်ငန်းတွေကနေ လဲလှယ်လာတဲ့ ငွေတွေချည်း ဖြစ်နေတဲ့အတွက် စင်ကာပူနဲ့ မြန်မာ နှစ်ဘက်စလုံး ပူးပေါင်းပြီး မြန်မာကျပ်ငွေအတု ကိစ္စကို ဖော်ထုတ်နေတယ်လို့ သက်ဆိုင်ရာက ပြောခဲ့ပါတယ်။

စင်ကာပူနိုင်ငံဘက်ကတော့ ရန်ကုန်မှာ အဖမ်းခံရတဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးအတွက် လုပ်နေသလို လုပ်အားခကို ကျပ်တစ်သောင်းတန် အတုတွေနဲ့ ရလာလို့ ဒီဇင်ဘာ ၆ ရက်ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒိုက်ဦးက မနော်သော့သွဲ့ထူး လွတ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီပေးဖို့ ကြိုးစားနေသလို မနော်သော့သွဲ့ထူး ရဲ့ စင်ကာပူက အိမ်ရှင်ကလည်း ကူညီပေးဖို့ ကမ်းလှမ်းထားပါတယ်။လက်ရှိမှာ ဒီအမှုကို မှုခင်းရဲတပ်ဖွဲ့ (CID) က ကိုင်တွယ်စစ်ဆေးနေပြီး ဘယ်လိုအဖြေတွေ ထွက်လာမလဲ၊ ငွေတုလုပ်တဲ့ ဂိုဏ်းပဲ ဖော်ထုတ်နိုင်မလား၊ အိမ်အကူလုပ်ပြီး ငွေတုတွေ အပေးခံရတဲ့ အမျိုးသမီး လွတ်မြောက်ပါ့မလားဆိုတာ ဆက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ထဲ ဖြစ်ခဲ့တဲ့ မှုခင်းနောက်ခံ သတင်းတွေဖြစ်တဲ့ မုဒိမ်းမှုတရားခံပြေး ဒဂုံမြို့သစ်တောင်ပိုင်း (၁၄၀) ရပ်ကွက်က အုပ်ချုပ်ရေးမှူးဟောင်း ရန်နိုင်စိုး(ခေါ်)ကရင် ကို ပုဒ်မသုံးခုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တဲ့ သတင်း၊ အမေရိကန်နိုင်ငံသားတစ်ဦး ပုဂံ အလိုတော်ပြည့်ဘုရား အနီးရှိ ဘုရားတစ်ဆူမှာ ဓာတ်ပုံတက်ရိုက်ရာမှ ပြုတ်ကျလို့ ဒဏ်ရာရခဲ့တဲ့ သတင်း၊ ခရစ်ယာန် ဓမ္မအမှုတော်ဆောင်တစ်ဦးက စစ်ကိုင်းမြို့ရှိ မင်းကွန်းပုထိုးတော်ကြီး ပညာရေး အကယ်ဒမီကျောင်းတိုက်မှာ ဦးဆောင်ဆုတောင်းခြင်းနှင့် ဟောပြောခြင်းများအတွက် အရေးယူပေးရန် ဆရာတော်ဦးပါမောက္ခ ရဲ့ ဦးတိုက်လျှောက်ထားချက် စစ်ကိုင်းမြို့နယ်တရားရုံးက လက်ခံခဲ့တဲ့ သတင်း၊ မိုးကောင်းမြို့နယ် ညောင်ျထာက်ကလေးကျေးရွာမှာ ဖြစ်ခဲ့တဲ့ အသက် (၁၀) နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ (၅၈) နှစ်အရွယ် အမျိုးသားကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် မိုးညှင်းခရိုင် တရားရုံးက အမိန့်ချလိုက်တဲ့ သတင်း၊ ဘုန်းကြီးပျံ ဈာပနပွဲမှ ပြန်လာသော ဟိုင်းလပ်ယာဉ်နှင့် ကုန်တင်ယာဉ်တို့ ဘီးလင်းမှာ တိုက်မိလို့ သံဃာလေးပါး ပျံလွန်တော်မူပြီး သံဃာ ၁၂ ပါးနှင့် လူနှစ်ဦး ဒဏ်ရာရခဲ့တဲ့ သတင်း၊ အလုံတွင် ဖြစ်ပွားခဲ့တဲ့ အနုကြမ်းစီးမှုမှ ဖမ်းဆီးရမိထားသူ ငါးဦးကို ရုံးထုတ်ပြီး လွတ်မြောက်နေသူ နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားတဲ့ သတင်း၊ တရုတ်ဘုန်းကြီး အယောင်ဆောင်ကာ လိုက်လံအလှူခံနေသည့် တရုတ်နိုင်ငံသား လေးဦးကို မန္တလေးမြို့မှာ ဖမ်းဆီးရမိခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထဲ စင်ကာပူငွေတု သတင်းက နောက်ဆက်တွဲ သတင်းတွေပါ ဆက်စောင့်ကြည့်နေရမယ့် ထူးခြားတဲ့သတင်း ဖြစ်ပါကြောင်း တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဒီဇင်ဘာ - ၁၄

( Zawgyi )

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲမွာ သတိထားစရာ ျပည္တြင္းသတင္းေတြ ရွိခဲ့ပါတယ္။ဒီထဲမွာ ျမန္မာႏိုင္ငံ ေရာက္ရွိေနတဲ့ အိႏၵိယသမၼတ ရွရီရမ္နက္သ္ကိုဗင့္ဒ္ နဲ႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ သီးျခားစီေတြ႕ဆုံခဲ့တဲ့ သတင္း၊ အိႏၵိယသမၼတႏွင့္ ဇနီးရဲ႕ ျမန္မာခရီးစဥ္အတြင္း  အာဇာနည္ဗိမာန္သို႔ သြားေရာက္၍ လြမ္းသူ႔ပန္းေခြခ် ဂါရဝျပဳခဲ့တဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ျပ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီထံမွ ယူ႐ိုေငြ သန္း ၇၀ ေခ်းယူေရး တင္ျပထားမႈကို ျပည္ေထာင္စုလႊတ္ေတာ္က ပယ္ခ်ခဲ့တဲ့ သတင္း၊ ေနျပည္ေတာ္ရွိ MCC-2 တြင္ ျပဳလုပ္ေသာ အနာႀကီးေရာဂါ တိုက္ဖ်က္ေရး ညီလာခံသို႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့တဲ့ သတင္း၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီး သူရဦးေအာင္ကို က အစြန္းေရာက္ ဘာသာႀကီးတစ္ခုဟု ေျပာဆိုမႈႏွင့္ ယခုရက္ပိုင္းအတြင္း အျခားေျပာၾကားခ်က္မ်ားကို ပယ္ဖ်က္၍ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြကို သာ/ယဥ္ ဝန္ႀကီးဌာနက ေတာင္းပန္လိုက္တဲ့ သတင္း၊ ရခိုင္ေျမာက္ပိုင္းမွ ေနရပ္စြန႔္ခြာ ဘဂၤါလီမ်ား ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာရင္  ျပည္တြင္းဥပေဒေတြကို ေလးစားလိုက္နာဖို႔ လိုအပ္တယ္လို႔ ဘဂၤလားေဒ့ရွ္ သံအမတ္ကို ျမန္မာႏိုင္ငံျခားေရး အၿမဲတမ္းအတြင္းဝန္က အသိေပးေျပာၾကားခဲ့တဲ့ သတင္း စတဲ့ စိတ္ဝင္စားစရာ သတင္းအခ်ိဳ႕လည္း ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲမွာ က်ပ္တစ္ေသာင္းတန္ ေငြအတုျပႆနာနဲ႔ ေဒၚလာေဈးက်ခ်ိန္မွာ ဗဟိုဘဏ္က ေဒၚလာေဈး ဆင္းဝယ္လို႔ ေဝဖန္မႈေတြ ထြက္ေပၚလာတဲ့ သတင္းေတြက ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲ အလႈပ္ခတ္ဆုံး သတင္းႏွစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ေဈးကြက္ထဲ ဆင္းဝယ္တဲ့ ေဒၚလာဂယက္ႏွင့္ ျမန္မာ့ GDP အက်

ယခုတစ္ပတ္ထဲ အမ်ားျပည္သူၾကား ေျပာစရာျဖစ္ခဲ့တာက ၿပီးခဲ့တဲ့ ဒီဇင္ဘာ ပထမအပတ္က ေဒၚလာေဈး က်ဆင္းမႈကို ဗဟိုဘဏ္က ဝင္ထိန္းခဲ့လို႔ အမ်ားျပည္သူၾကား ေဝဖန္မႈေတြ ထြက္ေပၚလာတဲ့ သတင္းပါဘဲ။

ေတာက္ေလွ်ာက္တက္ေနတဲ့ ေဒၚလာေဈးဟာ ဒီဇင္ဘာ ပထမအပတ္ အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးအခြန္ တိုးေကာက္မႈ ရက္ ၉၀ ရပ္ဆိုင္းမယ့္ သတင္းေၾကာင့္ ေဒၚလာေဈး က်ဆင္းလာခဲ့ပါတယ္။တစ္ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၆၀၀ ေက်ာ္အထိ ရွိခဲ့တဲ့ အေမရိကန္ ေဒၚလာေဈးဟာ ဒီဇင္ဘာ ၄ ရက္မွာ တစ္ေဒၚလာလွ်င္ ၁,၄၇၀ က်ပ္သို႔ ျပန္လည္က်ဆင္းခဲ့ပါတယ္။
ဒီအခ်ိန္မွာ ဗဟိုဘဏ္က တစ္ေဒၚလာ ၁,၅၇၀ က်ပ္ျဖင့္ ေဒၚလာ သန္း ၂၀ ေက်ာ္ ဝယ္ယူခဲ့ပါတယ္။ဒီလိုဝယ္ယူတဲ့အတြက္ ျပည္တြင္းေငြေဈးကြက္မွာ တစ္ေဒၚလာကို က်ပ္ ၆၀ ခန႔္ ျပန္တက္ၿပီး ဒီဇင္ဘာ ၅ ရက္မွာ တစ္ေဒၚလာကို ၁၅၃၀ က်ပ္အထိ ျပန္ျဖစ္လာခဲ့ပါတယ္။

ဗဟိုဘဏ္က ဒီဇင္ဘာ ၅ ရက္မွာ ေဈးကြက္ထဲကေန ေဒၚလာ ၁၄ သန္းဖိုး ထပ္မံဝယ္ယူခဲ့တဲ့အတြက္ တစ္ေဒၚလာကို ၁၅၅၅ က်ပ္ထိ ျပန္တက္လာခဲ့ပါတယ္။ဒီဇင္ဘာ ၁၁/၁၂/၁၃ ရက္မွာ ေဒၚလာေဈးက ၁၅၆၀ က်ပ္ကေန ၁၅၇၀ က်ပ္ဝန္းက်င္မွာ ရွိေနတဲ့အတြက္ ေဒၚလာေဈး က်ေနတာကို ဆြဲတင္သလိုျဖစ္ခဲ့တဲ့ ဗဟိုဘဏ္ရဲ႕ ေဈးကြက္ထဲ ေဒၚလာဆင္းဝယ္မႈအေပၚ ဘဏ္မ်ားသာ အက်ိဳးအျမတ္ျဖစ္တယ္ဆိုၿပီး စီးပြားေရးပညာရွင္ေတြနဲ႔ လုပ္ငန္းရွင္ေတြရဲ႕ ေဝဖန္မႈေတြ ထြက္ေပၚလာခဲ့ပါတယ္။

ႏွစ္ရက္အတြင္း ေငြေၾကးေဈးကြက္ထဲကေန အေမရိကန္ ေဒၚလာ ၂၄ သန္းဖိုးကို ေဈးကြက္အျမင့္ေဈးနဲ႔ ဝယ္ယူခဲ့ျခင္းအတြက္  ဗဟိုဘဏ္ ဒု-ဥကၠ႒က ေဒၚလာေဈးမက်ရန္ႏွင့္ ျပည္တြင္းဘဏ္သာ အက်ိဳးရွိရန္ မဟုတ္ဘဲ ဗဟိုဘဏ္က လုပ္႐ိုးလုပ္စဥ္အတိုင္း ျပဳလုပ္ျခင္းသာျဖစ္တယ္လို႔  မီဒီယာတစ္ခုက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ ျပည္ပပို႔ကုန္ မယ္မယ္ရရမရွိတဲ့ ျမန္မာျပည္စီးပြားေရးမွာ ေဒၚလာေဈးတက္တုန္းက မရွိမျဖစ္ ေဆးဝါးနဲ႔ ေဆာက္လုပ္ေရးပစၥည္း တင္သြင္းသူေတြ ျပည္ပသြင္းကုန္သမားေတြ အထိနာခဲ့ၿပီး အထူးသျဖင့္ ေဒၚလာေဈးတက္၍ ကုန္ေဈးႏူန္းတက္သည့္ဒဏ္ကို  အမ်ားျပည္သူ ခံစားခဲ့ရပါတယ္။ယခု ေဒၚလာေဈးအက်တြင္ တက္ေနခဲ့သည့္ ကုန္ေဈးႏႈန္းတခ်ိဳ႕ ျပန္က်မည့္ဟု အမ်ားျပည္သူ ေမွ်ာ္လင့္ထားခ်က္မွာ ေဒၚလာေဈးမက်ေအာင္ ဗဟိုဘဏ္က ဝင္ဆြဲတင္ခဲ့တဲ့အတြက္ အမ်ားျပည္သူအေနနဲ႔ ေနာင္မွာ ဗဟိုဘဏ္၏ လုပ္ေဆာင္ခ်က္တိုင္းကို ေစာင့္ၾကည့္ဖို႔လိုလာမွာ ျဖစ္ပါတယ္။

အရပ္သားအစိုးရလက္ထက္ ကိန္းဂဏန္းေတြအရ ႏွစ္တိုင္း တက္ရိပ္ျပေနခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဖြံ႕ၿဖိဳးမႈ (GDP) ႏႈန္းက  ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ၆ ရာခိုင္ႏႈန္းေက်ာ္ ရွိမယ္လို႔ ကမာၻ႔ဘဏ္ႏွင့္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က ဒီဇင္ဘာ ၁၃ ရက္က ထုတ္ျပန္ခဲ့ပါတယ္။ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံ၏ ဂ်ီဒီပီသည္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ၆ ဒသမ ၂ ရာခိုင္ႏႈန္း ရွိမယ္လို႔ မွန္းထားၿပီး ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က ၆ ဒသမ ၄ ရာခိုင္ႏႈန္း ရွိမယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

ကမာၻ႔ဘဏ္ရဲ႕ ယခုႏွစ္ခန႔္မွန္းခ်က္က ယခင္ဘ႑ာႏွစ္ စီးပြားေရးတိုးတက္မႈႏႈန္း ၆ ဒသမ ၈ ရာခိုင္ႏႈန္းထက္ ေလ်ာ့နည္းခဲ့သလို IMF ယခင္ဘ႑ာႏွစ္ ခန႔္မွန္းခ်က္ႏူန္းထက္လည္း ေလ်ာ့က်ခဲ့ပါတယ္။

ယခုထုတ္ျပန္ခ်က္ထဲမွာ အထူးသျဖင့္  ကုန္ထုတ္လုပ္မႈ၊ ေဆာက္လုပ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရး က႑အသီးသီး တိုးတက္မႈႏႈန္း ေလ်ာ့နည္းတာေၾကာင့္လို႔ ဆိုေပမယ့္ ႏိုင္ငံ့စီးပြားေရးတိုးတက္မႈႏႈန္း က်ဆင္းျခင္း အဓိကအေၾကာင္းက ဘဂၤါလီျပႆနာေၾကာင့္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈအေပၚ ႐ိုက္ခတ္ေနလို႔ဆိုၿပီး ေကာက္ခ်က္ခ်ခဲ့ပါတယ္။ ယခုထုတ္ျပန္ခ်က္ေတြက အေကာင္းျမင္ေနတဲ့ အစိုးရနားက စီးပြားေရးမူဝါဒသမားေတြအတြက္ ႏွစ္မ်ိဳ႕စရာ မဟုတ္ေပမယ့္ ကိန္းဂဏန္းကို အဓိကထားၾကည့္တဲ့ စီးပြားေရး ေျပာင္းလဲတိုးတက္ခ်င္တဲ့သူေတြအတြက္ ဆင္ျခင္ရမယ့္ သတိေပးမႈပါဘဲ။

ဒီသတင္း အေၾကာင္းအရာေတြက ယခုတစ္ပတ္ စီးပြားေရးဆိုင္ရာ သတင္းေတြျဖစ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ စီမံ/ဘ႑ာ ဒု-ဝန္ႀကီးက ေဈးပိုေရာင္းတဲ့ ထီကိုယ္စားလွယ္ ၃၈၀ ဦးကို ထီဝယ္ယူခြင့္ ပိတ္သိမ္းၿပီး စေပၚေငြက်ပ္ ၁၂၃ သန္းေက်ာ္ သိမ္းဆည္းခဲ့တယ္လို႔ ေျပာၾကားခဲ့တဲ့ သတင္း၊ Western Union, Tata, Toshiba,Facebook ႏွင့္ Newtec စတဲ့ ကုမၸဏီမ်ား အပါအဝင္ တပ္မေတာ္ႏွင့္ ဆက္စပ္ေနတယ္ဆိုတဲ့ တ႐ုတ္၊ ႐ုရွား၊ ျပင္သစ္၊ ေနာ္ေဝး၊ ဂ်ပန္၊ ယူကရိန္း၊ အေမရိကန္၊ ထိုင္း၊ ဗီယက္နမ္ အေျခစိုက္ ႏိုင္ငံတကာကုမၸဏီ ၄၉ ခုကို ၿဗိတိန္အေျခစိုက္ Burma Campaign UK အမည္ပ်က္ စာရင္းသြင္းေၾကာင္း ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ကုမၸဏီအခ်ိဳ႕နဲ႔ လူပုဂၢိဳလ္အခ်ိဳ႕သာ လုပ္ကိုင္ေနတဲ့ မိုင္းရွဴး ရတနာေျမ ေက်ာက္တူးေဖာ္ေရး လုပ္ကြက္ေတြမွာ ေဒသခံေတြကို တစ္ႏိုင္တစ္ပိုင္ လုပ္ကိုင္ခြင့္ေပးဖို႔ ျပည္ေထာင္စုအစိုးရႏွင့္ ညႇိႏႈိင္းေနတယ္လို႔ ရွမ္း သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ဝန္ႀကီးက ေျပာခဲ့တဲ့ သတင္း၊ တရားမဝင္ ဖြင့္လွစ္ထားသည့္ ဘဏ္ခြဲတစ္ခုလွ်င္ က်ပ္သိန္း ၇၀ ေပးေဆာင္ၿပီး ဆက္လက္ဖြင့္လွစ္ခြင့္ျပဳတဲ့ သတင္း၊ စတဲ့ သတင္းေတြနည္းတူ အာ႐ုံစိုက္သတိထားရမယ့္ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ပုဂံဟိုတယ္ အလုပ္သမားျပႆနာ

ရခိုင္ေျမာက္ပိုင္း ျပႆနာေၾကာင့္ ျမန္မာျပည္ကို ကမာၻလွည့္ခရီးသည္ ဝင္ေရာက္မႈ ယခုႏွစ္မွာ အေတာ္ေလး သိသိသာသာ နည္းပါးခဲ့ပါတယ္။ဒီဒဏ္ကို ဟိုတယ္လုပ္ငန္းနဲ႔ အသက္ေမြးသူေတြ ထိခိုက္ခံစားခဲ့ရပါတယ္။ဒီအက်ိဳးဆက္က ပုဂံမွာ ဟိုတယ္လုပ္သား ေလွ်ာ့ခ်မႈေတြ၊ အလုပ္သမား ဆႏၵျပမႈေတြထိ ျဖစ္လာခဲ့ပါတယ္။

ယခုႏွစ္ ၾသဂုတ္လအတြင္းမွာ ပုဂံမွာဖြင့္ထားတဲ့ သရပါဟိုတယ္က ဧည့္ဝင္ေရာက္မႈ နည္းပါးလို႔ ဟိုတယ္ဝန္ထမ္း ၁၂ ဦးကို ထုတ္ခဲ့ပါတယ္။အထုတ္ခံရတဲ့ ၁၂ ဦးထဲက ၉ ဦးက အလုပ္ျပန္ရဖို႔ ဟိုတယ္ေရွ႕မွာ အလုပ္သမားေတြက သပိတ္စခန္းဖြင့္ၿပီး ရက္ (၆၀) ၾကာ သပိတ္ေမွာက္ခဲ့ပါတယ္။အဲဒီသပိတ္စခန္းကို ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၁ ရက္ ညဥ့္နက္ပိုင္းမွာ သက္ဆိုင္ရာ နယ္ေျမရဲစခန္းမွ လာေရာက္ၿဖိဳခြင္းခဲ့ပါတယ္။ဒါေပမယ့္ ဖမ္းဆီးတာေတြ အေရးယူတာေတြ မရွိခဲ့ပါဘူး။

အလုပ္သမားေတြဘက္ကေတာ့ ဒီလို သပိတ္စခန္း ၿဖိဳခြင္းခံရၿပီးေနာက္ ပုဂံ သရပါဟိုတယ္၊ မႏၲေလးၿမိဳ႕ရွိ မီကိုေကာ္ဖီမစ္စက္႐ုံ၊ ပါဝါဓာတ္ခဲစက္႐ုံ၊ ေက်ာက္ဆည္ၿမိဳ႕ရွိ ႀကံ့ႏွစ္ေကာင္ဘိလပ္ေျမစက္႐ုံ အလုပ္သမားမ်ား အပါအဝင္ အင္အား ၅၀ ေက်ာ္က အခြင့္အေရးေတြ ေတာင္းဆိုဖို႔ အလုပ္သမား သပိတ္စစ္ေၾကာင္း ပုံစံနဲ႔  ဒီဇင္ဘာ ၁၃ ရက္နံနက္ ၆ နာရီခန႔္က ေနျပည္ေတာ္သို႔ ခ်ီတက္ရာမွာ သက္ဆိုင္ရာဆီ ခြင့္ျပဳခ်က္မယူတဲ့အတြက္ ေညာင္ဦးၿမိဳ႕အထြက္မွာ ရဲအင္အား ၁၀၀ ေက်ာ္က တားဆီးကာ အလုပ္သမားအခ်ိဳ႕ကို ဖမ္းဆီးခဲ့ပါတယ္။ ဒီလိုဖမ္းဆီးရာမွာ အလုပ္သမား ၁၃ ဦး ဖမ္းဆီးခံရၿပီး သက္ဆိုင္ရာကေတာ့ ၿငိမ္းစုစီဥပေဒနဲ႔ အေရးယူမယ္လို႔ ေျပာခဲ့ပါတယ္။

အရပ္သားအစိုးရလက္ထက္မွာ မၾကာခဏဆိုသလို အလုပ္ရွင္ အလုပ္သမား ျပႆနာေတြ ျဖစ္လာတာ မ်ားလာသလို ထူးျခားခ်က္အေနနဲ႔ ယခင္အစိုးရလက္ထက္မွာ အလုပ္သမား ပါဝင္တဲ့ အေရအတြက္က အမ်ားစုပါဝင္တဲ့ ပုံစံကေန အရပ္သားအစိုးရလက္ထက္မွာ ထိခိုက္နစ္နာရသူ အနည္းစုသာ ပါဝင္ေနတဲ့ ပုံစံကို ေျပာင္းလဲလာေနတာကို ေတြ႕ရတဲ့အတြက္ အလုပ္သမား အဖြဲ႕အစည္းေတြရဲ႕ စည္း႐ုံးလုပ္ေဆာင္မႈ အားေလ်ာ့တာလား၊ အလုပ္သမားေတြက အဖြဲ႕အစည္းေတြအေပၚ စိတ္ကုန္စျပဳေနၿပီလားဆိုတာ စဥ္းစားစရာ ျဖစ္လာပါတယ္။

သရပါဟိုတယ္ အလုပ္သမားျပႆနာက ေညာင္ဦးအထြက္မွာ တားဆီးဖမ္းဆီးတာေတြထိ ျဖစ္ခဲ့လို႔ သတင္းမီဒီယာေတြ မီးေမာင္းထိုးတင္ျပရတဲ့ သတင္းထိ ျဖစ္လာခဲ့တဲ့အတြက္ ဘယ္လိုျဖစ္ထြန္းမႈေတြ ျဖစ္လာမလဲ၊ အလုပ္ထုတ္ခံရတဲ့ ဝန္ထမ္းေတြအတြက္ ဘယ္လိုအေ႐ြ႕ေတြ ျဖစ္လာမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အလုပ္သမား သပိတ္စစ္ေၾကာင္းပုံစံနဲ႔ ခ်ီတက္တာကို တားဆီးတဲ့ သတင္းက ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ တက္ႂကြလႈပ္ရွားမႈ သတင္းေတြျဖစ္တဲ့ ရတနာပုံတကၠသိုလ္ ေက်ာင္းသားငါးဦးခန႔္က ေက်ာင္းထဲ လုံၿခဳံေရးတိုးျမႇင့္ခ်ထားေပးရန္ အပါအဝင္ အခ်က္သုံးခ်က္ကို ဒီဇင္ဘာ ၁၃ ရက္ နံနက္က စတုတၳအႀကိမ္ ဆႏၵျပေတာင္းဆိုခဲ့တဲ့ သတင္း၊ ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး ဖမ္းဆီးအက်ဥ္းခ်ခံရမႈ တစ္ႏွစ္ျပည့္ ဆုေတာင္းဆႏၵထုတ္ေဖာ္ပြဲကို ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ သတင္း၊ ေထာင္ခ်ခံရတဲ့ စစ္ေရွာင္အေရး ဆႏၵျပသူသုံးဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္ သမၼတႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ထံ ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ကိုးဦးက အသနားခံစာပို႔ ေတာင္းဆိုခဲ့တဲ့သတင္း၊ ပင္းတယၿမိဳ႕သားေတြက ပင္းတယ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္ ကို ဂုဏ္ထူးေဆာင္ ပင္းတယသားဆု ေပးအပ္ခဲ့တဲ့ သတင္း၊ စတဲ့ သတင္းေတြထဲ ဒီသတင္းက ထူးထူးျခားျခား ခြဲထြက္သတိထားစရာ ျဖစ္ေနခဲ့ပါတယ္။

ေျမာက္ပိုင္းအဖြဲ႕ေတြ ပါဝင္လာေတာ့မယ့္ ၂၁ ရာစု ပင္လုံၿငိမ္းခ်မ္းေရး    

ယခုတစ္ပတ္အတြင္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြထဲမွာ သတင္းေကာင္းေတြရွိခဲ့သလို စိတ္မခ်မ္းသာစရာ သတင္းအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။

ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အရပ္သားအစိုးရလက္ထက္ ေဆာင္႐ြက္ေနရာမွာ ယခုႏွစ္အတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ရပ္တန႔္ခဲ့ပါတယ္။အထူးသျဖင့္ ‘ဝ’ အဖြဲ႕ ဦးေဆာင္တဲ့ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေဆြးေႏြးရာမွာ တိုးတက္မႈမရွိသေလာက္ ျဖစ္ေနတာပါ။

ျမန္မာျပည္တြင္း ၿငိမ္းခ်မ္းေရးမွာ တ႐ုတ္ၾသဇာအာဏာေညာင္းတဲ့ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕နဲ႔ ယခုလထဲ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕မွာ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ဒါဟာ တ႐ုတ္ရဲ႕ ၾကားဝင္ေဆာင္႐ြက္မႈနဲ႔ ျဖစ္လာရတာျဖစ္ၿပီး ဒီလိုေဆြးေႏြးပြဲအတြက္ တ႐ုတ္ဘက္ကေန ဝန္ႀကီးအဆင့္ရွိတဲ့တစ္ဦး မၾကာခင္က လာေရာက္ကာ ျမန္မာစစ္ဘက္၊ အရပ္ဘက္ ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ဒီေနာက္မွာ ဒီဇင္ဘာ ၁၂ ရက္က တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕မွာ အစိုးရကိုယ္စားလွယ္အဖြဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ေဆြးေႏြးေနတဲ့ တအာင္းအဖြဲ႕ (TNLA)၊ ရခိုင္အဖြဲ႕ (AA) ႏွင့္ ကိုးကန႔္အဖြဲ႕ (MNDAA) ေတြက ၿငိမ္းခ်မ္းေရးအတြက္ စစ္ေရးပိုင္းဆိုင္ရာ ဦးစြာရပ္တန႔္ၿပီး ႏိုင္ငံေရးနည္းလမ္းအရ ေဆာင္႐ြက္လိုေၾကာင္း ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္က သာမန္အားျဖင့္ သိပ္မထူးဘူးလို႔ ယူဆရေပမယ့္ အရပ္သားအစိုးရလက္ထက္မွာ NCA ထိုးၿပီးသား အခ်ိဳ႕အဖြဲ႕ေတြ  ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ထဲကေန ေခတၱဆိုင္းငံ့တာေတြ ရွိတဲ့အတြက္ ဒီလို တပ္မေတာ္ႏွင့္ မၾကာခဏ တိုက္ပြဲမ်ားျဖစ္ပြားေနတဲ့ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕ ေၾကညာခ်က္က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အမ်ားႀကီးတာသြားခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဒီထုတ္ျပန္ခ်က္ကို ၿငိမ္းခ်မ္းေရးေကာ္မရွင္က လႈိက္လွဲစြာႀကိဳဆိုေၾကာင္း ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ထုတ္ျပန္ခ်က္ထဲမွာ ၿငိမ္းခ်မ္းေရးကို ေဆာလ်င္စြာ ေဖာ္ေဆာင္ႏိုင္ရန္ႏွင့္ ေကာင္းမြန္ေသာ ၿငိမ္းခ်မ္းေရးအခင္းအက်င္းကို ဖန္တီးႏိုင္ရန္ စစ္ေရးဆိုင္ရာ ေဆာင္႐ြက္မႈမ်ား ဦးစြာရပ္တန႔္ၿပီး စစ္ေရးနည္းလမ္းမွအပ ႏိုင္ငံေရးနည္းလမ္းအရ ေဆာင္႐ြက္ရန္ ဆႏၵရွိေၾကာင္း၊  ျမန္မာ့တပ္မေတာ္ဘက္ကလည္း စစ္ပြဲမ်ား ခ်ဳပ္ၿငိမ္းေစရန္ ေဆာင္႐ြက္မည္ဟု  ေမွ်ာ္လင့္ေၾကာင္း၊ ႏိုင္ငံေရးနည္းလမ္းျဖင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တြင္ ဆက္လက္ပါဝင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ထဲ ပါဝင္မယ္ဆိုရင္ လက္နက္ကိုင္လမ္းစဥ္ စြန႔္လႊတ္ရမယ္ဆိုတဲ့ မူရွိတဲ့အတြက္ ညႇိႏႈိင္းဖို႔ အဆင္မေျပခဲ့ရတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ ညႇိႏိူင္းမႈေတြထဲ ယခုထုတ္ျပန္ခ်က္က အလုပ္ျဖစ္လာမယ့္သေဘာ ရွိေနပါတယ္။ဘာပဲျဖစ္ျဖစ္ တိုက္ပြဲျဖစ္တိုင္း အသက္ေဘးကလြတ္ေအာင္ ထြက္ေျပးေနရတဲ့ ရွမ္းေျမာက္က ေဒသခံတိုင္းရင္းသား ျပည္သူေတြအေနနဲ႔ ယခုထုတ္ျပန္ခ်က္က ဘာအာမခံခ်က္ေတြ ေပးလာမလဲ၊ ထင္သလိုေကာ ျဖစ္လာမလား၊ အရင္လို ၾကားေကာင္းေအာင္ထုတ္တဲ့ ထုတ္ျပန္မ်ိဳးဘဲ ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

အဆိုပါသတင္းက ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တဲ့ တိုင္းရင္းသားေဒသဆိုင္ရာ သတင္းေတြျဖစ္တဲ့ ရွမ္းျပည္နယ္ မိုင္းတုံၿမိဳ႕နယ္မွာ ေစတီတည္ဖို႔ လုပ္ေဆာင္ေနတာကို တားဆီးခဲ့လို႔ ‘ဝ’ အဖြဲ႕ (UWSA) က ျပန္ေတာင္းပန္ခဲ့ရတဲ့ သတင္း၊ လြိဳင္လင္ၿမိဳ႕နယ္ထဲမွာ ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ပစ္ခတ္လို႔ ႐ြာသား ၅ ဦး ေသဆုံးခဲ့တဲ့ သတင္း၊  ျမန္မာ့တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္ (AA) အဖြဲ႕တို႔ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ကံျပင္ေက်း႐ြာရွိ ေဒသခံ ၂၀၀ ေက်ာ္ စည္ေတာင္ေက်း႐ြာသို႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ သတင္း စတဲ့ သတင္းေတြနဲ႔အၿပိဳင္ သတင္းဖတ္သူေတြကို သတိထားမိေစခဲ့ပါတယ္။

က်ပ္တစ္ေသာင္းတန္ ေငြအတုျပႆာနာ

မၾကာမီက ဒိုက္ဦးၿမိဳ႕နယ္ထဲ စင္ကာပူမွာ အိမ္အကူလုပ္ၿပီး ျပန္လာတဲ့ အမ်ိဳးသမီးတစ္ဦးဆီကေန က်ပ္တစ္ေသာင္းတန္ ေငြအတု အ႐ြက္ေရ ၁၉၀ ေက်ာ္ ေတြ႕ရွိတာနဲ႔ စင္ကာပူႏိုင္ငံသားႏွစ္ဦး ၿပီးခဲ့သည့္ သီတင္းပတ္က ရန္ကုန္ၿမိဳ႕တြင္ ဖမ္းဆီးခံခဲ့ရတာနဲ႔ ပတ္သက္ၿပီး က်ပ္တစ္ေသာင္းတန္ ေငြအတုျပႆနာဟာ ျပည္တြင္းမွာ အေတာ္ေလးဘဲ ဂယက္ထခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းက စင္ကာပူႏိုင္ငံသားႏွစ္ဦးကို က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု ကိုင္ေဆာင္သုံးစြဲမႈနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ဖမ္းဆီးခံရတဲ့  စင္ကာပူႏိုင္ငံသားႏွစ္ဦးက ယင္းက်ပ္ေငြအတုေတြကို စင္ကာပူႏိုင္ငံရွိ ေငြလဲလုပ္ငန္းမွ ရရွိသည့္ ေငြေတြလို႔ ထြက္ဆိုခဲ့တဲ့ေနာက္မွာ စင္ကာပူ အာဏာပိုင္ေတြကေတာ့ ေငြလဲလွယ္ေပးလိုက္တဲ့ စင္ကာပူရွိ လိုင္စင္ရ ျမန္မာက်ပ္ေငြ လဲလွယ္တဲ့ လုပ္ငန္း ၁၈ ခုကို တစ္ၿပိဳင္နက္ စုံစမ္းစစ္ေဆးခဲ့ပါတယ္။ဒီလိုစစ္ေဆးခဲ့ရာမွာ AG ႏွင့္ AE အကၡရာျဖင့္ စသည့္ အစဥ္လိုက္ နံပါတ္တူမ်ား ပါဝင္ေနတဲ့ က်ပ္ေငြေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။ဒီလို စင္ကာပူႏိုင္ငံသားႏွစ္ဦး ဖမ္းဆီးခံရၿပီး မေရွးမေႏွာင္းမွာဘဲ ဒိုက္ဦးၿမိဳ႕နယ္ထဲမွာ စင္ကာပူမွာ အိမ္အကူလုပ္ၿပီး ျပန္လာတဲ့ အမ်ိဳးသမီးတစ္ဦးဆီကေန က်ပ္တစ္ေသာင္းတန္ ေငြအတု အ႐ြက္ေရ ၁၉၀ ေက်ာ္ကို ေတြ႕ရွိလို႔ ဖမ္းဆီးခဲ့ပါတယ္။

ေငြအတု ျပႆနာဟာ ျမန္မာႏိုင္ငံအတြက္ သိပ္ထူးဆန္းတဲ့ ျပႆနာေတာ့ မဟုတ္ပါဘူး။ေငြအတုေတြကို မၾကာခဏေတြ႕၊ မၾကာခဏဖမ္းဆီးမိေပမယ့္ ကာလာပရင္တာ၊ ေငြစကၠဴအတု ဆယ္ဂဏန္း၊ ရာဂဏန္းေလာက္ မိတာေတြနဲ႔သာ မိတဲ့သူလက္ဝယ္ ေတြ႕တဲ့သူကို ဖမ္းဆီးအေရးယူမႈေလာက္နဲ႔သာ ၿပီးစီးသြားခဲ့ပါတယ္။တစ္ကယ္အေရးပါတဲ့ ေငြစကၠဴလုံၿခဳံေရး အဆင့္ကိုျမႇင့္ဖို႔ လိုအပ္ေနခဲ့ပါတယ္။

ယခုမိတဲ့ ဒိုက္ဦးမွာမိတဲ့ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴျပႆနာနဲ႔ စင္ကာပူႏိုင္ငံသားႏွစ္ဦးဆီကေန မိတဲ့ ေငြအတုျပႆနာမွာ မူလအရင္းခံက စင္ကာပူက ေငြလဲလုပ္ငန္းေတြကေန လဲလွယ္လာတဲ့ ေငြေတြခ်ည္း ျဖစ္ေနတဲ့အတြက္ စင္ကာပူနဲ႔ ျမန္မာ ႏွစ္ဘက္စလုံး ပူးေပါင္းၿပီး ျမန္မာက်ပ္ေငြအတု ကိစၥကို ေဖာ္ထုတ္ေနတယ္လို႔ သက္ဆိုင္ရာက ေျပာခဲ့ပါတယ္။

စင္ကာပူႏိုင္ငံဘက္ကေတာ့ ရန္ကုန္မွာ အဖမ္းခံရတဲ့ စင္ကာပူႏိုင္ငံသားႏွစ္ဦးအတြက္ လုပ္ေနသလို လုပ္အားခကို က်ပ္တစ္ေသာင္းတန္ အတုေတြနဲ႔ ရလာလို႔ ဒီဇင္ဘာ ၆ ရက္ကတည္းက ဖမ္းဆီးခံထားရတဲ့ ဒိုက္ဦးက မေနာ္ေသာ့သြဲ႕ထူး လြတ္ေျမာက္ေရးအတြက္ အရပ္ဘက္အဖြဲ႕အစည္းေတြက ဝိုင္းဝန္းကူညီေပးဖို႔ ႀကိဳးစားေနသလို မေနာ္ေသာ့သြဲ႕ထူး ရဲ႕ စင္ကာပူက အိမ္ရွင္ကလည္း ကူညီေပးဖို႔ ကမ္းလွမ္းထားပါတယ္။လက္ရွိမွာ ဒီအမႈကို မႈခင္းရဲတပ္ဖြဲ႕ (CID) က ကိုင္တြယ္စစ္ေဆးေနၿပီး ဘယ္လိုအေျဖေတြ ထြက္လာမလဲ၊ ေငြတုလုပ္တဲ့ ဂိုဏ္းပဲ ေဖာ္ထုတ္ႏိုင္မလား၊ အိမ္အကူလုပ္ၿပီး ေငြတုေတြ အေပးခံရတဲ့ အမ်ိဳးသမီး လြတ္ေျမာက္ပါ့မလားဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ထဲ ျဖစ္ခဲ့တဲ့ မႈခင္းေနာက္ခံ သတင္းေတြျဖစ္တဲ့ မုဒိမ္းမႈတရားခံေျပး ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း (၁၄၀) ရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉးေဟာင္း ရန္ႏိုင္စိုး(ေခၚ)ကရင္ ကို ပုဒ္မသုံးခုျဖင့္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့တဲ့ သတင္း၊ အေမရိကန္ႏိုင္ငံသားတစ္ဦး ပုဂံ အလိုေတာ္ျပည့္ဘုရား အနီးရွိ ဘုရားတစ္ဆူမွာ ဓာတ္ပုံတက္႐ိုက္ရာမွ ျပဳတ္က်လို႔ ဒဏ္ရာရခဲ့တဲ့ သတင္း၊ ခရစ္ယာန္ ဓမၼအမႈေတာ္ေဆာင္တစ္ဦးက စစ္ကိုင္းၿမိဳ႕ရွိ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရး အကယ္ဒမီေက်ာင္းတိုက္မွာ ဦးေဆာင္ဆုေတာင္းျခင္းႏွင့္ ေဟာေျပာျခင္းမ်ားအတြက္ အေရးယူေပးရန္ ဆရာေတာ္ဦးပါေမာကၡ ရဲ႕ ဦးတိုက္ေလွ်ာက္ထားခ်က္ စစ္ကိုင္းၿမိဳ႕နယ္တရား႐ုံးက လက္ခံခဲ့တဲ့ သတင္း၊ မိုးေကာင္းၿမိဳ႕နယ္ ေညာင္်ထာက္ကေလးေက်း႐ြာမွာ ျဖစ္ခဲ့တဲ့ အသက္ (၁၀) ႏွစ္အ႐ြယ္ စတုတၳတန္း ေက်ာင္းသူတစ္ဦးအား အဓမၼျပဳက်င့္ သတ္ျဖတ္ခဲ့သူ (၅၈) ႏွစ္အ႐ြယ္ အမ်ိဳးသားကို မေသမခ်င္း လည္ပင္းႀကိဳးကြင္းစြပ္သတ္ရန္ မိုးညႇင္းခ႐ိုင္ တရား႐ုံးက အမိန႔္ခ်လိုက္တဲ့ သတင္း၊ ဘုန္းႀကီးပ်ံ ဈာပနပြဲမွ ျပန္လာေသာ ဟိုင္းလပ္ယာဥ္ႏွင့္ ကုန္တင္ယာဥ္တို႔ ဘီးလင္းမွာ တိုက္မိလို႔ သံဃာေလးပါး ပ်ံလြန္ေတာ္မူၿပီး သံဃာ ၁၂ ပါးႏွင့္ လူႏွစ္ဦး ဒဏ္ရာရခဲ့တဲ့ သတင္း၊ အလုံတြင္ ျဖစ္ပြားခဲ့တဲ့ အႏုၾကမ္းစီးမႈမွ ဖမ္းဆီးရမိထားသူ ငါးဦးကို ႐ုံးထုတ္ၿပီး လြတ္ေျမာက္ေနသူ ႏွစ္ဦးကို ဖမ္းဝရမ္းထုတ္ထားတဲ့ သတင္း၊ တ႐ုတ္ဘုန္းႀကီး အေယာင္ေဆာင္ကာ လိုက္လံအလႉခံေနသည့္ တ႐ုတ္ႏိုင္ငံသား ေလးဦးကို မႏၲေလးၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထဲ စင္ကာပူေငြတု သတင္းက ေနာက္ဆက္တြဲ သတင္းေတြပါ ဆက္ေစာင့္ၾကည့္ေနရမယ့္ ထူးျခားတဲ့သတင္း ျဖစ္ပါေၾကာင္း တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဒီဇင္ဘာ - ၁၄