【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တရုတ်သမ္မတခရီးစဉ်နဲ့ မြန်မာနိုင်ငံရေးအပေါ် သက်ရောက်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တရုတ်သမ္မတခရီးစဉ်နဲ့ မြန်မာနိုင်ငံရေးအပေါ် သက်ရောက်မှု

ယခုရက်သတ္တပတ်ထဲ နောက်ဆုံးရက်ဖြစ်တဲ့ သောကြာနေ့မှာ လာရောက်မယ့် တရုတ်သမ္မတခရီးစဉ်အတွက် ဖြစ်လာနိုင်တဲ့ အရွေ့တွေက ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြားမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ယခုရက်ထဲမှာဘဲ ရခိုင်မြောက်ပိုင်းမှာ စစ်ကိုင်းဘက်က အရပ်သား ၃ ဦးကို အေအေ လက်နက်ကိုင်တွေ နှိပ်စက်သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်ပျံ့လာတဲ့ သတင်းကလည်း ယခုရက်ထဲ စိတ်နှလုံးမချမ်း၏မြေ့စရာ သတင်းတစ်ခုပါဘဲ။ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားဖွယ်ရာ သတင်းအချို့လည်း ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့တာတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရေးကို လှုပ်ခတ်လာနိုင်တဲ့ တရုတ်သမ္မတခရီး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံကို တရုတ်သမ္မတ ရှီကျင့်ဖိန် လာရောက်မယ်လို့ ထုတ်ပြန်ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနိုင်ငံရေးနဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ညှိနှိုင်းမရဖြစ်နေတဲ့ ပြဿနာတွေအပေါ် ဘယ်လိုသက်ရောက်လာနိုင်သလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ယခင်စစ်အစိုးရလက်ထက်ကနေ အရပ်သားတစ်ပိုင်းအစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာ တရုတ်သမ္မတကို ဖိတ်ကြားခဲ့ပေမယ် မလာရောက်ဖြစ်ခဲ့ပါဘူး။၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို တရုတ်သမ္မတ ကျန်ဇီမင်း လာရောက်စဉ် ဒုသမ္မတအနေနဲ့ ပါလာခဲ့တဲ့ ရှီကျင့်ဖိန် က သမ္မတဦးသိန်းစိန် လက်ထက် မြစ်ဆုံရေကာတာကို ရပ်ဆိုင်းခဲ့တဲ့ကိစ္စကြောင့် မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အကြိမ်ကြိမ်ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့တယ်လို့ ဦးသိန်းစိန် လက်ထက်မှာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးတာဝန် ယူခဲ့သူက သတင်းစာတစ်စောင်ကို ထုတ်ပြောခဲ့ပါတယ်။အဲဒီထုတ်ပြောမှုမှာဘဲ လက်ရှိအစိုးရလက်ထက်မှာ တရုတ်သမ္မတ မြန်မာနိင်ငံကို လာရောက်သည့်အတွက် ဦးသိန်းစိန် အစိုးရလက်ထက်က အဖြေမရသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး တရုတ်ဘက်က လက်ခံနိုင်လောက်သည့် အဖြေရရှိသွားတာလားဆိုတာကို မေးခွန်းထုတ်ခဲ့တာကို တွေ့ရပါတယ်။

လက်ရှိမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းက စီမံကိန်းအရွယ်အစားကို လျှော့ချပြီး တစ်ဆင့်ပြီးမှ တစ်ဆင့် လုပ်ဆောင်သွားဖို့ NLD အစိုးရ လက်ထက်မှာ ညှိနှိုင်းနိုင်ခဲ့သလို ပြည်သူတွေ စိုးရိမ်ပူပန်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကိုလည်း ဖြစ်ဖျားပိုင်းမှာ ဆည်တမံအစုအဖွဲ့ပုံစံဖြင့်  ဆည်ရဲ့ထုထည်ပမာဏကို လျှော့ချပြီး ခွင့်ပြုလိုက်မလားဆိုသည့် ခန့်မှန်းမှုတွေကလည်း ထွက်ပေါ်နေခဲ့ပါတယ်။

အကဲဆတ်တဲ့ မြစ်ဆုံဆည်စီမံကိန်းအပြင် တရုတ်နိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များကို ပုံစံမျိုးစုံဖြင့် လူကုန်ကူးခံရမှု၊ မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်နေထိုင်သည့် တရားမဝင် တရုတ်နိုင်ငံသားများကြောင့် ဖြစ်လာသည့် တရုတ်ဆန့်ကျင်မှု ပြဿနာကိုလည်း ယခုခရီးစဉ်တွင် ဆွေးနွေးမှုရှိမလားဆိုသည့် လူမှုရေးဆိုင်ရာ မဖြေရှင်းလျှင်မဖြစ်သည့် ကိစ္စများအတွက်လည်း အရပ်ဘက်အဖွဲ့အစည်းများက မျှော်လင့်ထားကြပါတယ်။

တရုတ်သမ္မတ မလာခင် ရက်သတ္တပတ်အလို ရန်ကုန်နဲ့ နေပြည်တော်မှာ ဆက်တိုက်ဆိုသလို တရုတ်ဘက်မှ ကမကထပြုသည့် “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” နှင့် ဆိုင်တဲ့ ဆွေးနွေးပွဲများလုပ်ခဲ့တာကို တွေ့ရသလို မြန်မာရေးရာလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ်တို့ ပူးတွဲပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီဝင်တစ်ဦးက တရုတ်ဆန့်ကျင်ရေးကို လက်မခံဘူးလို့ ပြောခဲ့သလို၊ အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲမြင်ဖို့ ပြောခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

တရုတ်သမ္မတ မလာခင် ရက်ပိုင်းမှာဘဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ညှိနိူင်းရေးတာဝန်ယူထားသည့် အာရှရေးရာ အထူးကိုယ်စားလှယ်  ဆွန်ကော်ရှန်းနဲ့ မြန်မာ - တရုတ် နယ်စပ်ရှိ လတ်တလောထကြွသောင်းကျန်းနေတဲ့ လက်နက်ကိုင်လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည့် ဓာတ်ပုံများ ပေါ်ထွက်လာမှုကလည်း ယခု တရုတ်သမ္မတ ခရီးစဉ်အတွက် အများအာရုံထား သတိပြုစရာဖြစ်ခဲ့ပါတယ်။ဒီနောက်မှာ ရှမ်းမြောက်မှာ အဓိကလှုပ်ရှားနေသည့် TNLA အဖွဲ့ဘက်က ၂၀၂၀ မှာ တပ်မတော်နှင့် အပစ်အခတ်ရပ်ဆိုင်းကာ တိုက်ပွဲများ အဆုံးသတ်နိုင်ရေး မျှော်လင့်ထားတယ်ဆိုတဲ့ လေသံကို ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။အဲဒီ ၁၅ ရက်မှာဘဲ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တွေအနက် အင်အားအကြီးဆုံးဖြစ်တဲ့ "ဝ" အဖွဲ့က တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာပြည်မြောက်ပိုင်းမှ အခြေချတဲ့ လက်နတ်ကိုင်တွေနဲ့ အစိုးရတပ်တို့ကြားက ငြိမ်းချမ်းရေးပြဿနာအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာတွေ့ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွေအရ တရုတ်နိုင်ငံမှာ မြန်မာ့ငြိမ်းချမ်းရေးအပြင် မြောက်ပိုင်းအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲနိုင်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသည့်ကဏ္ဍမှာ ပါဝင်ပတ်သက်နေသည့်သဘောလည်း ဖြစ်နေတဲ့အတွက် တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံရာမှာ TNLA ဘက်ကနေ မိထားတဲ့ ပခုံးထမ်းလောင်ချာလို တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ အပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းမှုတွေရှိခဲ့ပါတယ်။ဒီမတိုင်ခင်မှာဘဲ မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေကို တရုတ်ဘက်က အားပေးခြင်းမပြုဘဲနေမယ်လို့ ယုံကြည်တယ်ဆိုပြီး တပ်ဘက်က ပြောခဲ့တာလည်းရှိပါတယ်။    

ယခု ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်မည့် မြန်မာပြည်ခရီးစဉ်က  ရှီကျင့်ဖိန်၏ သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ်လာရောက်တဲ့ ခရီးစဉ်ဖြစ်သလို မြန်မာ - တရုတ် ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်သည့် နှစ်အထိမ်းအမှတ် လာရောက်တဲ့ခရီးစဉ်လည်း ဖြစ်နေပါတယ်။လတ်တလော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအရ အရပ်သားအစိုးရစစ်စစ်လက်ထက်မှာ မြန်မာ - တရုတ် ဆက်ဆံရေးက  ယခင်ကထက် ပိုပြီးနီးကပ်လာသလို ယခုသမ္မတရှီရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံမှုပြုမှာဖြစ်လို့ ကာလတာရှည် ရပ်နားထားသော ကချင်ပြည်နယ်ရှိ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန် မြစ်ဆုံဆည်စီမံကိန်းနဲ့  ဘင်္ဂလားဒေ့ရှ်နှင့် ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာတွေက ထိပ်တန်းဦးစားပေး ဆွေးနွေးစရာဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက မျှော်လင့်ထားကြပါတယ်။ကနဦးထွက်လာတဲ့ သတင်းတွေအရဆိုရင်လည်း Belt & Road စီမံကိန်းမှာပါတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ၇ ခုကို ယခုခရီးစဉ်ကာလအတောအတွင်း လက်မှတ်ရေးထိုးသွားနိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့များက တရုတ်သမ္မတ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း၊ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်းများကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်ကြား ဖြစ်နေသည့် တိုက်ပွဲများကြောင့် ဒေသခံများ အကျိုးမခံစားရနိုင်သဖြင့် စီမံကိန်းတွေမလုပ်ဖို့ တောင်းဆိုဆန္ဒပြမှုတွေ၊ တရုတ်သမ္မတထံ အိတ်ဖွင့်ပေးစာပေးမှုတွေ၊ သဘောထားထုတ်ပြန်မှုတွေ ချိန်ကိုက်လုပ်ဆောင်မှုတွေ  လုပ်ဆောင်မယ်လို့ ပြောခဲ့တာရှိပါတယ်။

လက်ရှိမှာ အစိုးရအဆက်ဆက် မသိကျိုးကျွံပြုကာ လက်ခံထားခဲ့တဲ့ အကျိုးဆက်ကြောင့်ဖြစ်လာတဲ့ ရခိုင်မြောက်ပိုင်းက ခိုးဝင်ဘင်္ဂါလီအရေးကြောင့် နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ တရုတ်၊ ရုရှား စတဲ့ ဗီတိုအာဏာသုံးနိုင်တဲ့ နိုင်ငံနှစ်နိုင်ငံကို အားကိုးနေရသလို ဘင်္ဂါလီအရေးကြောင့်ဖြစ်လာတဲ့ ပြည်ပရင်းနှီးမြုပ်နှံမှု ကျဆင်းမှုကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းမှုကိုလည်း  တရုတ်ဘက်က ရင်းနှီးမြုပ်နှံလာမယ့် အခွင့်အရေးနဲ့ ကုစားဖို့ အရေးတကြီးလိုနေပါတယ်။ဒီအတွက် ရင်းနှီးမြုပ်နှံမှု ပမာဏကြီးပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အရေး ဖြစ်လာဖို့ရှိနေတဲ့ “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” ထဲမှာ ပါနေတဲ့ တရုတ် - မြန်မာ ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေ၊ ကုန်သွယ်ရေးဇုန်တွေ၊ ကျောက်ဖြူစက်မှုဇုန်တွေလို အချက်အချာကျတဲ့ စက်မှုဇုန်တွေက အဓိကနေရာကပါနေတဲ့အတွက် လက်ခံဖို့များနေပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ အကြိတ်အနယ်ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လာမယ့် ဇန်နဝါရီ လွှတ်တော်အစည်းအဝေးတွေမှာ အတိုက်အခံတွေနဲ့ အာဏာရပါတီကြား ထိပ်တိုက်တွေ့ကြဖို့လည်း များနေတဲ့အတွက် ဒီလိုအချိန်ကောင်းမှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတဲ့ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံရဲ့ သမ္မတခရီးစဉ်ကနေ မြန်မာပြည်သူတွေအတွက် ဘာတွေဆောင်ကြဉ်းယူဆောင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါဘဲ။

စိတ်ဝင်စားစရာက  ယခု ၂၀၂၀ မှာ တပ်ဘက်ကရော၊ အရပ်ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ  လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်အရေးကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးအရယူမယ်ဆိုတဲ့အတွက် ယခုတရုတ်သမ္မတခရီးစဉ်က  သိန်းနဲ့ချီနေတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် လာခြင်းကောင်းသော ခရီးစဉ်ဖြစ်လာမလား၊ မြန်မာ့စီးပွားရေးကို အားကောင်းစေမယ့် ခရီးစဉ်တစ်ခုဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

လူမျိုးရေးဘက် လှည့်လာတဲ့ ရခိုင်မြောက်ပိုင်း

တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ နောက်ဆုံးမှ ပေါ်ပေါက်လာပြီး လူမျိုးရေးအခြေခံစိတ်နဲ့ တိုင်းရင်းသားလူငယ်တွေကို စည်းရုံးကာ လက်ရဲဇက်ရဲဖြစ်လာတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေရဲ့ ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေက ပြည်သူအများစု လက်မခံချင်စရာဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ်ရှိ အိန္ဒိယနယ်စပ်မှာရှိတဲ့ ပလက်၀ အပါအဝင် ရခိုင်မြောက်ပိုင်းကို အခြေပြုပြီး လှုပ်ရှားနေတဲ့ ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ဟာ ယခုရက်သတ္တပတ်ထဲမှာ ပလက်ဝမြို့နယ်ထဲက ကျီးလေကျေးရွာသား ၁၃၀ ကို ဖမ်းဆီးထားတယ်ဆိုပြီး ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ၏ ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာ AA တပ်ဖွဲ့ဝင်များက အမျိုးသမီးငယ်တစ်ဦးကို “လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားလာသဖြင့် ကျေးရွာလူကြီးမိဘများက ကန့်ကွက်တားဆီးသည်ကို အကြောင်းပြုကာ ကျေးရွာရှိ တာဝန်ရှိလူကြီးများအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း၊ လူငယ်များအား ကျေးရွာရှေ့ ကုလားတန်မြစ်နံဘေးတွင် နေပူထဲချုပ်နှောင်ထားခြင်း” ပြုလုပ်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင်ဘက်က ပြန်လည်တုံ့ပြန်မှုတွေရှိပေမယ့် ဒီဖြစ်စဉ်ကို လုံး၀မကျူးလွန်ဘူးဆိုတာကို မငြင်းခဲ့ဘဲ ကျီးလေရွာမှာ အစိုးရတပ်သတင်းပေးများရှိနေလို့ စစ်ဆေးမှုများ သွားရောက်လုပ်ဆောင်နေချိန်မှာ သတင်းပေးဟု စွပ်စွဲခံရသူများက ထွက်ပြေးသွားသည့်အတွက် သူတို့၏ သမီးနှစ်ဦးကို ရွာသားများရှေ့တွင် ခေါ်ယူထိန်းသိမ်းထားခြင်း ဖြစ်တယ်ဆိုပြီး အကြောင်းပြခဲ့ပါတယ်။ဒါ့အပြင်  စုံစမ်းစစ်ဆေးမှုများဆောင်ရွက်သည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အေအေတပ်သားများအနေဖြင့် ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုများရှိခဲ့တယ်ဆိုတာကို ဝန်ခံခဲ့တာကို တွေ့ရပါတယ်။

ဒေသတွင်းမှလာသော သတင်းတွေအရ ဇန်နဝါရီလ ၇ ရက်နေ့က AA က ဖမ်းဆီးသွားခဲ့သည့် အသက် ၅၅ နှစ်အရွယ် ကျောင်းဆရာ ဦးအာဗေလနှင့် ကျေးရွာသားနှစ်ဦးကို နှိပ်စက်စစ်ဆေးစဉ် သေဆုံးသွားခဲ့တယ်လို့ဆိုပြီး အလောင်းတွေကို ရွာပြင်မှာ လာရောက်စွန့်ပစ်ထားခဲ့တယ် ဆိုပါတယ်။ထုံးစံအတိုင်း အေအေဘက်ကတော့ သူတို့လက်ချက်မဟုတ်ဘူးဆိုပြီး ဘူးခံငြင်းခဲ့ပါတယ်။တပ်မတော် သတင်းနဲ့ ပြန်ကြားရေးဘက်က ဒီလိုအေအေရဲ့ အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး လုပ်တာကိုဝန်မခံခြင်းအပေါ် မြန်မာပြည်မှာ ပေါ်ပေါက်လာသမျှ လက်နက်ကိုင်တွေအထဲ သူရဲဘောအကြောင်ဆုံးအဖွဲ့ဘဲလို့ ပြောခဲ့တာကို တွေ့ရပါတယ်။

ဒီဘက် ပလက်၀ဘက်မှာ လူဦးရေ ခြောက်သောင်းငါးထောင်ကျော် ရှိရာမှာ ခူမီး ချင်းလူမျိုးအများစု နေထိုင်ပေမယ့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိနေလို့ တိုက်ပွဲထူပြောရာနေရာတစ်ခု ဖြစ်နေပါတယ်။ဒါကြောင့်လည်း ရခိုင်လက်နက်ကိုင် အေအေတွေကြောင့် ချင်းတိုင်းရင်းသားများ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးဆုံးရှုံးမှုများ ရင်ဆိုင်နေရလို့ဆိုပြီး ပလက်ဝမြို့နယ်ရှိ အေအေ အခြေစိုက်စခန်းများ ဖယ်ရှားရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ချင်းပါတီတွေက တိုက်တွန်းထားတာကို တွေ့ရပါတယ်။လက်ရှိမှာ ပလက်ဝမြို့နယ်အတွင်း ပုဒ်မ ၁၄၄ ကို သက်တမ်းနှစ်လ ထပ်တိုးခဲ့တဲ့အတွက် ဒေသတွင်းနေထိုင်သူတွေအတွက် ဒုက္ခရောက်နေသလို ရွာတွေကနေ မြို့ပေါ်ကို တက်ရောက်နေထိုင်မှုတွေ ရှိနေပါတယ်။

ယခုရက်ပိုင်းမှာဘဲ အေအေတပ်ဖွဲ့ဝင်တွေက အရပ်သားနှစ်ဦးကို နှိပ်စက်သတ်ဖြတ်နေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက် ကြည့်ရသူအပေါင်းအတွက် မခံမရပ်နိုင်စရာဖြစ်ခဲ့ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကနေ ရခိုင်မြောက်ပိုင်း မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်ကို စပါးပေါ်ပေး ကုန်တွေသွားရောင်းတဲ့ အရပ်သားနှစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေက တာဝန်ခံ ဗန်ဒို ဆိုသူက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ဒီလုပ်ရပ်အတွက် အေအေက သူတို့လက်ချက်ဆိုတာကို ဝန်ခံခဲ့ပြီး စုံစမ်းအရေးယူမယ်ဆိုတာကို ပြောခဲ့တာတွေ့ရပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ ယခင်က ဖိနှပ်မှုကို ခေါင်းစဉ်ပြပြီး ပေါ်လာပေမယ့် ယခုအခါမှာတော့ ၎င်းတို့ကိုယ်တိုင် လက်နက်အားကိုးနဲ့ ရခိုင်ပြည်နယ်ထဲက အေအေ လှုပ်ရှားရာ နယ်မြေထဲက ရွာသားတွေ၊ တခြားတိုင်းရင်းသားတွေ၊ အရပ်ဘက်ဝန်ထမ်းတွေကို တပ်သတင်းပေးဆိုပြီး ခေါင်းစဉ်တပ်ကာ သတ်ဖြတ်နေတာတွေကြောင့် အများအမြင်မှာ တော်လှန်ရေးအဖွဲကနေ လျော့ကျပြီး လူသတ် ဆက်ကြေးတောင်းတဲ့အဖွဲ့လို မြင်လာနေတာကို တွေ့ရပါတယ်။ဒါ့အပြင် လူမျိုးရေးဘက်ကို ဦးတည်လာတဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေလုပ်ရပ်ကို မတားဆီးနိုင်တော့ဘူးဆိုရင် အခြားဆိုးကျိုးတွေနဲ့ အစွန်းထွက်မှုတွေ ရင်ဆိုင်နိုင်ရတဲ့အတွက် တားဆီးနိုင်မလား၊ ဒါမှမဟုတ် လက်နက်ရှိသူတွေ လုပ်လေ့ရှိတဲ့ အစွန်းရောက်မျိုးချစ်စိတ်ဆိုသည့် ချောက်ကမ်းပါးထဲ ကျရောက်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမည်ရင်း ဖော်ထုတ်တဲ့အတွက် တရားစွဲဖို့ပြင်ပြီ

ယခုရက်ပိုင်းသတင်းတွေထဲမှာ အများပြည်သူ အာရုံစိုက်ခဲ့တဲ့ သတင်းတွေထဲမှာ ဗစ်တိုးရီးယားရဲ့ နာမည်နဲ့ နေရပ်လိပ်စာ၊ မိဘနာမည်တွေ၊ အလုပ်အကိုင်တွေကို ဖော်ပြပြောဆိုခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူအချို့နဲ့ ရဲဇာနည်သတင်းစာမျက်နှာ ကိုင်တွယ်သူတွေကို အရေးယူဖို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက သမ္မတထံ ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့အရာရှိတချို့မှ ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် ကလေးငယ်၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆို မျှဝေခဲ့သည့်ကိစ္စကြောင့် ယခုလို ရဲမှူးချုပ်နှင့် ရဲအရာရှိကြီးတချို့ကို တရားစွဲရန် ကြိုးပမ်းလာတာပါ။မြန်မာနိုင်ငံ ဥပဒေအရ စွပ်စွဲခံရသူများမှာ ရဲအရာရှိ (ပြည်သူ့ဝန်ထမ်း) ဖြစ်နေသည့်အတွက် နိုင်ငံတော်သမ္မတထံကနေ  ကြိုတင်ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်တဲ့အတွက် တရားမစွဲမီ ဥပဒေနှင့်အညီ ခွင့်ပြုချက် တောင်းခံရတာပါ။

နိုင်ငံတော်သမ္မတထံ  တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားတဲ့အထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာဒွန်းနှင့် ရဲဇာနည် (Page) တာဝန်ခံတို့ကို  ၂၀၁၉ ခုနှစ် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ အခြားသင့်တော်ရာ ရာဇဝတ်ဥပဒေတစ်ခုခုနဲ့  စွဲဆိုခွင့်တောင်းခဲ့တာပါ။သတင်းဖော်ပြချက်တွေအရတော့ သမ္မတဆီကနေ တစ်လ နှစ်လအတွင်း အကြောင်းပြန်လာဖွယ်ရှိနေတဲ့အတွက် တရားစွဲဆိုခွင့်သာရခဲ့ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းမှာ ထူးခြားမှုတစ်ခုအဖြစ် တွေ့မြင်ရဖွယ်ရှိနေပါတယ်။

ဒီလိုသတင်းအပြင် ယခုရက်ထဲမှာ တိုင်းပြည်အတွက် သတိထားစရာဖြစ်တဲ့ လက်နက်တွေ အစုလိုက်အပြုံလိုက်မိတဲ့ သတင်းတွေလည်း ဖတ်မိခဲ့ပါတယ်။မြန်မာ - ထိုင်း နယ်စပ်ဖြစ်သော မောတောင်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးထံကနေ AK-47 (ခေါက်ဒင်) တစ်လက်၊ ကျည်ဘောက်အတိုတစ်ခု၊ တူးမီး (ယမ်းထောင်း) သေနတ်နှစ်လက်ကို ဖမ်းဆီးမိခဲ့တဲ့သတင်း၊ ရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့နယ်အတွင်းက ကျောက်လှိုဏ်ဂူအတွင်းမှာ ၁၀၇ မမ အောက်ခံ ၃ ချောင်းထောက် ပစ်စင်တစ်ခု၊ ၁၀၇ မမ ဒုံးသီး ၆ လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမ အဝေးထိန်းရီမု ၁ ခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီးယမ်းတောင့် ၁၀၈ တောင့်၊ ၄၀ မမ ဗုံးသီး ၂၉၉ လုံး၊ ၆၀ မမ ဗုံးသီး ၁၂ လုံးနှင့် ၆၀ မမ ဗုံးသီးယမ်း ထုတ် ၆၀ ထုတ်တို့ကို သိမ်းဆည်းရမိခဲ့တဲ့ သတင်းတွေအပြင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ အဏ္ဍဝါရပ်ကွက်ရှိ မြေပေါ်လွန်းကျင်တစ်ခုတွင် ဆိုက်ကပ်ရပ်နားထားသည့် စက်လှေ တစ်စီးပေါ်ကနေ ကာလပေါက်စျေး ဒေါ်လာ သန်း ၃၀ နီးပါးရှိ မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေလည်း ယခုရက်ထဲမှာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇန်န၀ါရီ - ၁၇

( Zawgyi )

ယခုရက္သတၱပတ္ထဲ ေနာက္ဆုံးရက္ျဖစ္တဲ့ ေသာၾကာေန႔မွာ လာေရာက္မယ့္ တ႐ုတ္သမၼတခရီးစဥ္အတြက္ ျဖစ္လာနိုင္တဲ့ အေရြ႕ေတြက ျပည္တြင္းမွာရွိတဲ့ နိုင္ငံေရးေလ့လာသုံးသပ္သူေတြၾကားမွာ စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။ယခုရက္ထဲမွာဘဲ ရခိုင္ေျမာက္ပိုင္းမွာ စစ္ကိုင္းဘက္က အရပ္သား ၃ ဦးကို ေအေအ လက္နက္ကိုင္ေတြ ႏွိပ္စက္သတ္ျဖတ္တဲ့ ဗီဒီယိုဖိုင္ပ်ံ႕လာတဲ့ သတင္းကလည္း ယခုရက္ထဲ စိတ္ႏွလုံးမခ်မ္း၏ေျမ့စရာ သတင္းတစ္ခုပါဘဲ။ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားဖြယ္ရာ သတင္းအခ်ိဳ႕လည္း ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့တာေတြကိုလည္း တင္ဆက္ေပးလိုက္ပါတယ္။

ျမန္မာနိုင္ငံေရးကို လႈပ္ခတ္လာနိုင္တဲ့ တ႐ုတ္သမၼတခရီး

တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၁၇ ရက္မွ ၁၈ ရက္အတြင္း ျမန္မာနိုင္ငံကို တ႐ုတ္သမၼတ ရွီက်င့္ဖိန္ လာေရာက္မယ္လို႔ ထုတ္ျပန္ၿပီးေနာက္မွာ ျမန္မာနိုင္ငံအတြင္း ျပည္တြင္းနိုင္ငံေရးနဲ႔ အစိုးရ၊ တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္ေတြၾကား ညႇိႏွိုင္းမရျဖစ္ေနတဲ့ ျပႆနာေတြအေပၚ ဘယ္လိုသက္ေရာက္လာနိုင္သလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ယခင္စစ္အစိုးရလက္ထက္ကေန အရပ္သားတစ္ပိုင္းအစိုးရအျဖစ္ တာဝန္ယူခဲ့တဲ့ သမၼတဦးသိန္းစိန္ လက္ထက္မွာ တ႐ုတ္သမၼတကို ဖိတ္ၾကားခဲ့ေပမယ္ မလာေရာက္ျဖစ္ခဲ့ပါဘူး။၂၀၀၉ ခုႏွစ္က ျမန္မာနိုင္ငံကို တ႐ုတ္သမၼတ က်န္ဇီမင္း လာေရာက္စဥ္ ဒုသမၼတအေနနဲ႔ ပါလာခဲ့တဲ့ ရွီက်င့္ဖိန္ က သမၼတဦးသိန္းစိန္ လက္ထက္ ျမစ္ဆုံေရကာတာကို ရပ္ဆိုင္းခဲ့တဲ့ကိစၥေၾကာင့္ ျမန္မာသမၼတ ဦးသိန္းစိန္ရဲ့ အႀကိမ္ႀကိမ္ဖိတ္ၾကားမႈကို ျငင္းဆန္ခဲ့တယ္လို႔ ဦးသိန္းစိန္ လက္ထက္မွာ ျပန္ၾကားေရး ျပည္ေထာင္စုဝန္ႀကီးတာဝန္ ယူခဲ့သူက သတင္းစာတစ္ေစာင္ကို ထုတ္ေျပာခဲ့ပါတယ္။အဲဒီထုတ္ေျပာမႈမွာဘဲ လက္ရွိအစိုးရလက္ထက္မွာ တ႐ုတ္သမၼတ ျမန္မာနိင္ငံကို လာေရာက္သည့္အတြက္ ဦးသိန္းစိန္ အစိုးရလက္ထက္က အေျဖမရသည့္ စီမံကိန္းမ်ားႏွင့္ ပတ္သက္ၿပီး တ႐ုတ္ဘက္က လက္ခံနိုင္ေလာက္သည့္ အေျဖရရွိသြားတာလားဆိုတာကို ေမးခြန္းထုတ္ခဲ့တာကို ေတြ႕ရပါတယ္။

လက္ရွိမွာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းက စီမံကိန္းအရြယ္အစားကို ေလၽွာ့ခ်ၿပီး တစ္ဆင့္ၿပီးမွ တစ္ဆင့္ လုပ္ေဆာင္သြားဖို႔ NLD အစိုးရ လက္ထက္မွာ ညႇိႏွိုင္းနိုင္ခဲ့သလို ျပည္သူေတြ စိုးရိမ္ပူပန္ေနတဲ့ ျမစ္ဆုံေရကာတာ စီမံကိန္းကိုလည္း ျဖစ္ဖ်ားပိုင္းမွာ ဆည္တမံအစုအဖြဲ႕ပုံစံျဖင့္  ဆည္ရဲ့ထုထည္ပမာဏကို ေလၽွာ့ခ်ၿပီး ခြင့္ျပဳလိုက္မလားဆိုသည့္ ခန႔္မွန္းမႈေတြကလည္း ထြက္ေပၚေနခဲ့ပါတယ္။

အကဲဆတ္တဲ့ ျမစ္ဆုံဆည္စီမံကိန္းအျပင္ တ႐ုတ္နိုင္ငံသို႔ ျမန္မာအမ်ိဳးသမီးငယ္မ်ားကို ပုံစံမ်ိဳးစုံျဖင့္ လူကုန္ကူးခံရမႈ၊ ျမန္မာနိုင္ငံအတြင္း လာေရာက္လုပ္ကိုင္ေနထိုင္သည့္ တရားမဝင္ တ႐ုတ္နိုင္ငံသားမ်ားေၾကာင့္ ျဖစ္လာသည့္ တ႐ုတ္ဆန႔္က်င္မႈ ျပႆနာကိုလည္း ယခုခရီးစဥ္တြင္ ေဆြးေႏြးမႈရွိမလားဆိုသည့္ လူမႈေရးဆိုင္ရာ မေျဖရွင္းလၽွင္မျဖစ္သည့္ ကိစၥမ်ားအတြက္လည္း အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေမၽွာ္လင့္ထားၾကပါတယ္။

တ႐ုတ္သမၼတ မလာခင္ ရက္သတၱပတ္အလို ရန္ကုန္နဲ႔ ေနျပည္ေတာ္မွာ ဆက္တိုက္ဆိုသလို တ႐ုတ္ဘက္မွ ကမကထျပဳသည့္ “ခါးပတ္တစ္ကြင္း လမ္းတစ္စင္း” ႏွင့္ ဆိုင္တဲ့ ေဆြးေႏြးပြဲမ်ားလုပ္ခဲ့တာကို ေတြ႕ရသလို ျမန္မာေရးရာေလ့လာေရးအဖြဲ႕ႏွင့္ ယူနန္တကၠသိုလ္တို႔ ပူးတြဲျပဳလုပ္သည့္ အလုပ္႐ုံေဆြးေႏြးပြဲမွာ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုစီးပြားေရးေကာ္မတီဝင္တစ္ဦးက တ႐ုတ္ဆန႔္က်င္ေရးကို လက္မခံဘူးလို႔ ေျပာခဲ့သလို၊ အခြင့္အေရးတစ္ခုအျဖစ္ ေျပာင္းလဲျမင္ဖို႔ ေျပာခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

တ႐ုတ္သမၼတ မလာခင္ ရက္ပိုင္းမွာဘဲ ျမန္မာနိုင္ငံနဲ႔ပတ္သက္ၿပီး ညႇိနိူင္းေရးတာဝန္ယူထားသည့္ အာရွေရးရာ အထူးကိုယ္စားလွယ္  ဆြန္ေကာ္ရွန္းနဲ႔ ျမန္မာ - တ႐ုတ္ နယ္စပ္ရွိ လတ္တေလာထႂကြေသာင္းက်န္းေနတဲ့ လက္နက္ကိုင္ေလးဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးသည့္ ဓာတ္ပုံမ်ား ေပၚထြက္လာမႈကလည္း ယခု တ႐ုတ္သမၼတ ခရီးစဥ္အတြက္ အမ်ားအာ႐ုံထား သတိျပဳစရာျဖစ္ခဲ့ပါတယ္။ဒီေနာက္မွာ ရွမ္းေျမာက္မွာ အဓိကလႈပ္ရွားေနသည့္ TNLA အဖြဲ႕ဘက္က ၂၀၂၀ မွာ တပ္မေတာ္ႏွင့္ အပစ္အခတ္ရပ္ဆိုင္းကာ တိုက္ပြဲမ်ား အဆုံးသတ္နိုင္ေရး ေမၽွာ္လင့္ထားတယ္ဆိုတဲ့ ေလသံကို ဇန္နဝါရီ ၁၅ ရက္မွာ ထုတ္ျပန္ေျပာဆိုလာခဲ့ပါတယ္။အဲဒီ ၁၅ ရက္မွာဘဲ ျပည္တြင္းတိုင္းရင္းသား လက္နက္ကိုင္ေတြအနက္ အင္အားအႀကီးဆုံးျဖစ္တဲ့ "ဝ" အဖြဲ႕က တ႐ုတ္သမၼတ၏ ခရီးစဥ္အတြင္း ျမန္မာျပည္ေျမာက္ပိုင္းမွ အေျခခ်တဲ့ လက္နတ္ကိုင္ေတြနဲ႔ အစိုးရတပ္တို႔ၾကားက ၿငိမ္းခ်မ္းေရးျပႆနာအတြက္ ေျဖရွင္းနိုင္မယ့္ နည္းလမ္းရွာေတြ႕ရန္ ေမၽွာ္လင့္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ထုတ္ျပန္ခ်က္ေတြအရ တ႐ုတ္နိုင္ငံမွာ ျမန္မာ့ၿငိမ္းခ်မ္းေရးအျပင္ ေျမာက္ပိုင္းအဖြဲ႕မ်ားႏွင့္ အပစ္အခတ္ရပ္စဲနိုင္ေရး လုပ္ငန္းစဥ္မ်ားတြင္ အေရးပါသည့္က႑မွာ ပါဝင္ပတ္သက္ေနသည့္သေဘာလည္း ျဖစ္ေနတဲ့အတြက္ တ႐ုတ္သမၼတ၏ ျမန္မာနိုင္ငံခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆုံရာမွာ TNLA ဘက္ကေန မိထားတဲ့ ပခုံးထမ္းေလာင္ခ်ာလို တ႐ုတ္နိုင္ငံထုတ္ စစ္လက္နက္ပစၥည္းမ်ား အပါအဝင္ လုံျခဳံေရးဆိုင္ရာကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးနိုင္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းမႈေတြရွိခဲ့ပါတယ္။ဒီမတိုင္ခင္မွာဘဲ ျမန္မာနိုင္ငံကို ဆန႔္က်င္ေနတဲ့ အဖြဲ႕ေတြကို တ႐ုတ္ဘက္က အားေပးျခင္းမျပဳဘဲေနမယ္လို႔ ယုံၾကည္တယ္ဆိုၿပီး တပ္ဘက္က ေျပာခဲ့တာလည္းရွိပါတယ္။    

ယခု ဇန္နဝါရီ ၁၇ ရက္တြင္ လာေရာက္မည့္ ျမန္မာျပည္ခရီးစဥ္က  ရွီက်င့္ဖိန္၏ သမၼတသက္တမ္းအတြင္း ပထမဆုံးအႀကိမ္လာေရာက္တဲ့ ခရီးစဥ္ျဖစ္သလို ျမန္မာ - တ႐ုတ္ ဆက္ဆံေရး ႏွစ္ (၇၀) ျပည့္ေျမာက္သည့္ ႏွစ္အထိမ္းအမွတ္ လာေရာက္တဲ့ခရီးစဥ္လည္း ျဖစ္ေနပါတယ္။လတ္တေလာ ကမၻာ့နိုင္ငံေရးအခင္းအက်င္းအရ အရပ္သားအစိုးရစစ္စစ္လက္ထက္မွာ ျမန္မာ - တ႐ုတ္ ဆက္ဆံေရးက  ယခင္ကထက္ ပိုၿပီးနီးကပ္လာသလို ယခုသမၼတရွီရဲ့ ခရီးစဥ္အတြင္း နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔နဲ႔ ေတြ႕ဆုံမႈျပဳမွာျဖစ္လို႔ ကာလတာရွည္ ရပ္နားထားေသာ ကခ်င္ျပည္နယ္ရွိ အေမရိကန္ေဒၚလာ ၃.၆ ဘီလ်ံတန္ ျမစ္ဆုံဆည္စီမံကိန္းနဲ႔  ဘဂၤလားေဒ့ရွ္ႏွင့္ ျဖစ္ပြားေနတဲ့ နယ္စပ္ျပႆနာေတြက ထိပ္တန္းဦးစားေပး ေဆြးေႏြးစရာျဖစ္လာနိုင္တယ္လို႔ အကဲခတ္ေတြက ေမၽွာ္လင့္ထားၾကပါတယ္။ကနဦးထြက္လာတဲ့ သတင္းေတြအရဆိုရင္လည္း Belt & Road စီမံကိန္းမွာပါတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း အပါအဝင္ ႏွစ္နိုင္ငံ နားလည္မႈစာခၽြန္လႊာ ၇ ခုကို ယခုခရီးစဥ္ကာလအေတာအတြင္း လက္မွတ္ေရးထိုးသြားနိုင္ဖြယ္ ရွိေနတယ္လို႔ ဆိုပါတယ္။

ျပည္တြင္းအရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ တိုင္းရင္းသားအဖြဲ႕မ်ားက တ႐ုတ္သမၼတ ခရီးစဥ္အတြင္း ျမစ္ဆုံစီမံကိန္း၊ ခါးပတ္တစ္ကြင္း လမ္းတစ္စင္း စီမံကိန္းမ်ားကို တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ တပ္မေတာ္ၾကား ျဖစ္ေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား အက်ိဳးမခံစားရနိုင္သျဖင့္ စီမံကိန္းေတြမလုပ္ဖို႔ ေတာင္းဆိုဆႏၵျပမႈေတြ၊ တ႐ုတ္သမၼတထံ အိတ္ဖြင့္ေပးစာေပးမႈေတြ၊ သေဘာထားထုတ္ျပန္မႈေတြ ခ်ိန္ကိုက္လုပ္ေဆာင္မႈေတြ  လုပ္ေဆာင္မယ္လို႔ ေျပာခဲ့တာရွိပါတယ္။

လက္ရွိမွာ အစိုးရအဆက္ဆက္ မသိက်ိဳးကၽြံျပဳကာ လက္ခံထားခဲ့တဲ့ အက်ိဳးဆက္ေၾကာင့္ျဖစ္လာတဲ့ ရခိုင္ေျမာက္ပိုင္းက ခိုးဝင္ဘဂၤါလီအေရးေၾကာင့္ နိုင္ငံတကာဖိအားေတြ ရင္ဆိုင္ေနရတဲ့ ျမန္မာနိုင္ငံအေနနဲ႔ နိုင္ငံတကာမ်က္ႏွာစာမွာ တ႐ုတ္၊ ႐ုရွား စတဲ့ ဗီတိုအာဏာသုံးနိုင္တဲ့ နိုင္ငံႏွစ္နိုင္ငံကို အားကိုးေနရသလို ဘဂၤါလီအေရးေၾကာင့္ျဖစ္လာတဲ့ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈ က်ဆင္းမႈေၾကာင့္ တိုင္းျပည္စီးပြားေရး က်ဆင္းမႈကိုလည္း  တ႐ုတ္ဘက္က ရင္းႏွီးျမဳပ္ႏွံလာမယ့္ အခြင့္အေရးနဲ႔ ကုစားဖို႔ အေရးတႀကီးလိုေနပါတယ္။ဒီအတြက္ ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏႀကီးၿပီး ေဒသတြင္းအလုပ္အကိုင္အခြင့္အေရး ျဖစ္လာဖို႔ရွိေနတဲ့ “ခါးပတ္တစ္ကြင္း လမ္းတစ္စင္း” ထဲမွာ ပါေနတဲ့ တ႐ုတ္ - ျမန္မာ ရထားလမ္း၊ ကားလမ္းစီမံကိန္းေတြ၊ ကုန္သြယ္ေရးဇုန္ေတြ၊ ေက်ာက္ျဖဴစက္မႈဇုန္ေတြလို အခ်က္အခ်ာက်တဲ့ စက္မႈဇုန္ေတြက အဓိကေနရာကပါေနတဲ့အတြက္ လက္ခံဖို႔မ်ားေနပါတယ္။

ဒါ့အျပင္ နိုင္ငံေရးအရ အႀကိတ္အနယ္ျဖစ္ေနတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လာမယ့္ ဇန္နဝါရီ လႊတ္ေတာ္အစည္းအေဝးေတြမွာ အတိုက္အခံေတြနဲ႔ အာဏာရပါတီၾကား ထိပ္တိုက္ေတြ႕ၾကဖို႔လည္း မ်ားေနတဲ့အတြက္ ဒီလိုအခ်ိန္ေကာင္းမွာ တိုက္တိုက္ဆိုင္ဆိုင္ေရာက္လာတဲ့ အိမ္နီးခ်င္း ကမၻာ့အင္အားႀကီးနိုင္ငံတစ္နိုင္ငံရဲ့ သမၼတခရီးစဥ္ကေန ျမန္မာျပည္သူေတြအတြက္ ဘာေတြေဆာင္ၾကဥ္းယူေဆာင္လာမလဲဆိုတာ စိတ္ဝင္စားစရာပါဘဲ။

စိတ္ဝင္စားစရာက  ယခု ၂၀၂၀ မွာ တပ္ဘက္ကေရာ၊ အရပ္ဘက္ကေရာ၊ တိုင္းရင္းသား လက္နက္ကိုင္ေတြဘက္ကပါ  လြတ္လပ္ေရးနဲ႔အတူ ေပါက္ဖြားလာတဲ့ လက္နက္ကိုင္အေရးကို အဆုံးသတ္ၿပီး ၿငိမ္းခ်မ္းေရးအရယူမယ္ဆိုတဲ့အတြက္ ယခုတ႐ုတ္သမၼတခရီးစဥ္က  သိန္းနဲ႔ခ်ီေနတဲ့ ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ လာျခင္းေကာင္းေသာ ခရီးစဥ္ျဖစ္လာမလား၊ ျမန္မာ့စီးပြားေရးကို အားေကာင္းေစမယ့္ ခရီးစဥ္တစ္ခုျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

လူမ်ိဳးေရးဘက္ လွည့္လာတဲ့ ရခိုင္ေျမာက္ပိုင္း

တိုင္းရင္းသားလက္နက္ကိုင္ေတြထဲမွာ ေနာက္ဆုံးမွ ေပၚေပါက္လာၿပီး လူမ်ိဳးေရးအေျခခံစိတ္နဲ႔ တိုင္းရင္းသားလူငယ္ေတြကို စည္း႐ုံးကာ လက္ရဲဇက္ရဲျဖစ္လာတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ ေအေအရဲ့ ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြက ျပည္သူအမ်ားစု လက္မခံခ်င္စရာျဖစ္ခဲ့ပါတယ္။

ခ်င္းျပည္နယ္ရွိ အိႏၵိယနယ္စပ္မွာရွိတဲ့ ပလက္၀ အပါအဝင္ ရခိုင္ေျမာက္ပိုင္းကို အေျချပဳၿပီး လႈပ္ရွားေနတဲ့ ထြန္းျမတ္နိုင္ ဦးေဆာင္တဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ဟာ ယခုရက္သတၱပတ္ထဲမွာ ပလက္ဝၿမိဳ႕နယ္ထဲက က်ီးေလေက်းရြာသား ၁၃၀ ကို ဖမ္းဆီးထားတယ္ဆိုၿပီး ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီ KACC ၏ ဇန္နဝါရီလ ၁၀ ရက္ေန႔က ထုတ္ျပန္ေသာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္ထဲမွာ AA တပ္ဖြဲ႕ဝင္မ်ားက အမ်ိဳးသမီးငယ္တစ္ဦးကို “လက္နက္ျဖင့္ၿခိမ္းေျခာက္ကာ အဓမၼသိမ္းပိုက္ရန္ ႀကိဳးစားလာသျဖင့္ ေက်းရြာလူႀကီးမိဘမ်ားက ကန႔္ကြက္တားဆီးသည္ကို အေၾကာင္းျပဳကာ ေက်းရြာရွိ တာဝန္ရွိလူႀကီးမ်ားအား ကိုယ္ထိလက္ေရာက္ရိုက္ႏွက္ျခင္း၊ လူငယ္မ်ားအား ေက်းရြာေရွ႕ ကုလားတန္ျမစ္နံေဘးတြင္ ေနပူထဲခ်ဳပ္ေႏွာင္ထားျခင္း” ျပဳလုပ္ခဲ့တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ရခိုင္လက္နက္ကိုင္ဘက္က ျပန္လည္တုံ႔ျပန္မႈေတြရွိေပမယ့္ ဒီျဖစ္စဥ္ကို လုံး၀မက်ဴးလြန္ဘူးဆိုတာကို မျငင္းခဲ့ဘဲ က်ီးေလရြာမွာ အစိုးရတပ္သတင္းေပးမ်ားရွိေနလို႔ စစ္ေဆးမႈမ်ား သြားေရာက္လုပ္ေဆာင္ေနခ်ိန္မွာ သတင္းေပးဟု စြပ္စြဲခံရသူမ်ားက ထြက္ေျပးသြားသည့္အတြက္ သူတို႔၏ သမီးႏွစ္ဦးကို ရြာသားမ်ားေရွ႕တြင္ ေခၚယူထိန္းသိမ္းထားျခင္း ျဖစ္တယ္ဆိုၿပီး အေၾကာင္းျပခဲ့ပါတယ္။ဒါ့အျပင္  စုံစမ္းစစ္ေဆးမႈမ်ားေဆာင္ရြက္သည့္ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕ ေအေအတပ္သားမ်ားအေနျဖင့္ ၾကမ္းတမ္းစြာ ေျပာဆိုဆက္ဆံမႈမ်ားရွိခဲ့တယ္ဆိုတာကို ဝန္ခံခဲ့တာကို ေတြ႕ရပါတယ္။

ေဒသတြင္းမွလာေသာ သတင္းေတြအရ ဇန္နဝါရီလ ၇ ရက္ေန႔က AA က ဖမ္းဆီးသြားခဲ့သည့္ အသက္ ၅၅ ႏွစ္အရြယ္ ေက်ာင္းဆရာ ဦးအာေဗလႏွင့္ ေက်းရြာသားႏွစ္ဦးကို ႏွိပ္စက္စစ္ေဆးစဥ္ ေသဆုံးသြားခဲ့တယ္လို႔ဆိုၿပီး အေလာင္းေတြကို ရြာျပင္မွာ လာေရာက္စြန႔္ပစ္ထားခဲ့တယ္ ဆိုပါတယ္။ထုံးစံအတိုင္း ေအေအဘက္ကေတာ့ သူတို႔လက္ခ်က္မဟုတ္ဘူးဆိုၿပီး ဘူးခံျငင္းခဲ့ပါတယ္။တပ္မေတာ္ သတင္းနဲ႔ ျပန္ၾကားေရးဘက္က ဒီလိုေအေအရဲ့ အရပ္သားေတြကို တိုက္ခိုက္သတ္ျဖတ္မႈေတြနဲ႔ ပတ္သက္ၿပီး လုပ္တာကိုဝန္မခံျခင္းအေပၚ ျမန္မာျပည္မွာ ေပၚေပါက္လာသမၽွ လက္နက္ကိုင္ေတြအထဲ သူရဲေဘာအေၾကာင္ဆုံးအဖြဲ႕ဘဲလို႔ ေျပာခဲ့တာကို ေတြ႕ရပါတယ္။

ဒီဘက္ ပလက္၀ဘက္မွာ လူဦးေရ ေျခာက္ေသာင္းငါးေထာင္ေက်ာ္ ရွိရာမွာ ခူမီး ခ်င္းလူမ်ိဳးအမ်ားစု ေနထိုင္ေပမယ့္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မင္းျပားၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္တို႔ႏွင့္ ထိစပ္လ်က္ရွိေနလို႔ တိုက္ပြဲထူေျပာရာေနရာတစ္ခု ျဖစ္ေနပါတယ္။ဒါေၾကာင့္လည္း ရခိုင္လက္နက္ကိုင္ ေအေအေတြေၾကာင့္ ခ်င္းတိုင္းရင္းသားမ်ား စီးပြားေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ လူမႈေရးဆုံးရႈံးမႈမ်ား ရင္ဆိုင္ေနရလို႔ဆိုၿပီး ပလက္ဝၿမိဳ႕နယ္ရွိ ေအေအ အေျခစိုက္စခန္းမ်ား ဖယ္ရွားရန္ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ခ်င္းပါတီေတြက တိုက္တြန္းထားတာကို ေတြ႕ရပါတယ္။လက္ရွိမွာ ပလက္ဝၿမိဳ႕နယ္အတြင္း ပုဒ္မ ၁၄၄ ကို သက္တမ္းႏွစ္လ ထပ္တိုးခဲ့တဲ့အတြက္ ေဒသတြင္းေနထိုင္သူေတြအတြက္ ဒုကၡေရာက္ေနသလို ရြာေတြကေန ၿမိဳ႕ေပၚကို တက္ေရာက္ေနထိုင္မႈေတြ ရွိေနပါတယ္။

ယခုရက္ပိုင္းမွာဘဲ ေအေအတပ္ဖြဲ႕ဝင္ေတြက အရပ္သားႏွစ္ဦးကို ႏွိပ္စက္သတ္ျဖတ္ေနတဲ့ ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္မွာတင္ခဲ့တဲ့အတြက္ ၾကည့္ရသူအေပါင္းအတြက္ မခံမရပ္နိုင္စရာျဖစ္ခဲ့ပါတယ္။စစ္ကိုင္းတိုင္းေဒသႀကီး ေရဦးၿမိဳ႕နယ္ကေန ရခိုင္ေျမာက္ပိုင္း မင္းျပား၊ ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ကို စပါးေပၚေပး ကုန္ေတြသြားေရာင္းတဲ့ အရပ္သားႏွစ္ဦးကို ရခိုင္လက္နက္ကိုင္အဖြဲ႕ ေအေအက တာဝန္ခံ ဗန္ဒို ဆိုသူက ဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္ခဲ့တဲ့ ဗီဒီယိုဖိုင္ျဖစ္ေနတာကို ေတြ႕ရပါတယ္။ဒီလုပ္ရပ္အတြက္ ေအေအက သူတို႔လက္ခ်က္ဆိုတာကို ဝန္ခံခဲ့ၿပီး စုံစမ္းအေရးယူမယ္ဆိုတာကို ေျပာခဲ့တာေတြ႕ရပါတယ္။

ရခိုင္လက္နက္ကိုင္အဖြဲ႕အေနနဲ႔ ယခင္က ဖိႏွပ္မႈကို ေခါင္းစဥ္ျပၿပီး ေပၚလာေပမယ့္ ယခုအခါမွာေတာ့ ၎တို႔ကိုယ္တိုင္ လက္နက္အားကိုးနဲ႔ ရခိုင္ျပည္နယ္ထဲက ေအေအ လႈပ္ရွားရာ နယ္ေျမထဲက ရြာသားေတြ၊ တျခားတိုင္းရင္းသားေတြ၊ အရပ္ဘက္ဝန္ထမ္းေတြကို တပ္သတင္းေပးဆိုၿပီး ေခါင္းစဥ္တပ္ကာ သတ္ျဖတ္ေနတာေတြေၾကာင့္ အမ်ားအျမင္မွာ ေတာ္လွန္ေရးအဖြဲကေန ေလ်ာ့က်ၿပီး လူသတ္ ဆက္ေၾကးေတာင္းတဲ့အဖြဲ႕လို ျမင္လာေနတာကို ေတြ႕ရပါတယ္။ဒါ့အျပင္ လူမ်ိဳးေရးဘက္ကို ဦးတည္လာတဲ့ ေအာက္ေျခတပ္ဖြဲ႕ဝင္ေတြလုပ္ရပ္ကို မတားဆီးနိုင္ေတာ့ဘူးဆိုရင္ အျခားဆိုးက်ိဳးေတြနဲ႔ အစြန္းထြက္မႈေတြ ရင္ဆိုင္နိုင္ရတဲ့အတြက္ တားဆီးနိုင္မလား၊ ဒါမွမဟုတ္ လက္နက္ရွိသူေတြ လုပ္ေလ့ရွိတဲ့ အစြန္းေရာက္မ်ိဳးခ်စ္စိတ္ဆိုသည့္ ေခ်ာက္ကမ္းပါးထဲ က်ေရာက္သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဗစ္တိုးရီးယားအမည္ရင္း ေဖာ္ထုတ္တဲ့အတြက္ တရားစြဲဖို႔ျပင္ၿပီ

ယခုရက္ပိုင္းသတင္းေတြထဲမွာ အမ်ားျပည္သူ အာ႐ုံစိုက္ခဲ့တဲ့ သတင္းေတြထဲမွာ ဗစ္တိုးရီးယားရဲ့ နာမည္နဲ႔ ေနရပ္လိပ္စာ၊ မိဘနာမည္ေတြ၊ အလုပ္အကိုင္ေတြကို ေဖာ္ျပေျပာဆိုခဲ့တဲ့ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိသူအခ်ိဳ႕နဲ႔ ရဲဇာနည္သတင္းစာမ်က္ႏွာ ကိုင္တြယ္သူေတြကို အေရးယူဖို႔ ျမန္မာနိုင္ငံ လြတ္လပ္ေသာေရွ႕ေနမ်ားအသင္းက သမၼတထံ ခြင့္ျပဳခ်က္ေတာင္းခံခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၉ ရက္ေန႔က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ရဲတပ္ဖြဲ႕အရာရွိတခ်ိဳ႕မွ ဗစ္တိုးရီးယားဟု အမည္ေပးထားသည့္ ကေလးငယ္၏ ကိုယ္ေရးအခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆို မၽွေဝခဲ့သည့္ကိစၥေၾကာင့္ ယခုလို ရဲမႉးခ်ဳပ္ႏွင့္ ရဲအရာရွိႀကီးတခ်ိဳ႕ကို တရားစြဲရန္ ႀကိဳးပမ္းလာတာပါ။ျမန္မာနိုင္ငံ ဥပေဒအရ စြပ္စြဲခံရသူမ်ားမွာ ရဲအရာရွိ (ျပည္သူ႔ဝန္ထမ္း) ျဖစ္ေနသည့္အတြက္ နိုင္ငံေတာ္သမၼတထံကေန  ႀကိဳတင္ခြင့္ျပဳခ်က္ေတာင္းခံဖို႔ လိုအပ္တဲ့အတြက္ တရားမစြဲမီ ဥပေဒႏွင့္အညီ ခြင့္ျပဳခ်က္ ေတာင္းခံရတာပါ။

နိုင္ငံေတာ္သမၼတထံ  တရားစြဲဆိုခြင့္ျပဳရန္ ေလၽွာက္ထားတဲ့အထဲမွာ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ မႈခင္းရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ စိုးနိုင္ဦး၊ မႈခင္းညႊန္ၾကားေရးမႉး ရဲမႉးႀကီး မင္းဟန္၊ မႈခင္းရဲတပ္ဖြဲ႕ဌာနမႉး ရဲမႉးႀကီး သာဒြန္းႏွင့္ ရဲဇာနည္ (Page) တာဝန္ခံတို႔ကို  ၂၀၁၉ ခုႏွစ္ ကေလးငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရလည္းေကာင္း၊ အျခားသင့္ေတာ္ရာ ရာဇဝတ္ဥပေဒတစ္ခုခုနဲ႔  စြဲဆိုခြင့္ေတာင္းခဲ့တာပါ။သတင္းေဖာ္ျပခ်က္ေတြအရေတာ့ သမၼတဆီကေန တစ္လ ႏွစ္လအတြင္း အေၾကာင္းျပန္လာဖြယ္ရွိေနတဲ့အတြက္ တရားစြဲဆိုခြင့္သာရခဲ့ရင္ ျမန္မာနိုင္ငံရဲ့ တရားစီရင္ေရးသမိုင္းမွာ ထူးျခားမႈတစ္ခုအျဖစ္ ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။

ဒီလိုသတင္းအျပင္ ယခုရက္ထဲမွာ တိုင္းျပည္အတြက္ သတိထားစရာျဖစ္တဲ့ လက္နက္ေတြ အစုလိုက္အျပဳံလိုက္မိတဲ့ သတင္းေတြလည္း ဖတ္မိခဲ့ပါတယ္။ျမန္မာ - ထိုင္း နယ္စပ္ျဖစ္ေသာ ေမာေတာင္ၿမိဳ႕မွာ မူးယစ္ေဆးဝါးေရာင္းဝယ္သူတစ္ဦးထံကေန AK-47 (ေခါက္ဒင္) တစ္လက္၊ က်ည္ေဘာက္အတိုတစ္ခု၊ တူးမီး (ယမ္းေထာင္း) ေသနတ္ႏွစ္လက္ကို ဖမ္းဆီးမိခဲ့တဲ့သတင္း၊ ရွမ္းျပည္ေျမာက္ပိုင္း သိန္းနီၿမိဳ႕နယ္အတြင္းက ေက်ာက္လွိုဏ္ဂူအတြင္းမွာ ၁၀၇ မမ ေအာက္ခံ ၃ ေခ်ာင္းေထာက္ ပစ္စင္တစ္ခု၊ ၁၀၇ မမ ဒုံးသီး ၆ လုံး၊ ၁၀၇ မမ ဒုံးသီးယမ္းေတာင့္ ၁၂ ေတာင့္၊ ၁၀၇ မမ အေဝးထိန္းရီမု ၁ ခု၊ ၁၀၇ မမ ဒုံးသီးထိပ္ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီးယမ္းေတာင့္ ၁၀၈ ေတာင့္၊ ၄၀ မမ ဗုံးသီး ၂၉၉ လုံး၊ ၆၀ မမ ဗုံးသီး ၁၂ လုံးႏွင့္ ၆၀ မမ ဗုံးသီးယမ္း ထုတ္ ၆၀ ထုတ္တို႔ကို သိမ္းဆည္းရမိခဲ့တဲ့ သတင္းေတြအျပင္ ၿမိတ္ၿမိဳ႕နယ္ စႏၵဝတ္ေက်းရြာအုပ္စု၊ ကၽြဲကူးေက်းရြာ အ႑ဝါရပ္ကြက္ရွိ ေျမေပၚလြန္းက်င္တစ္ခုတြင္ ဆိုက္ကပ္ရပ္နားထားသည့္ စက္ေလွ တစ္စီးေပၚကေန ကာလေပါက္ေစ်း ေဒၚလာ သန္း ၃၀ နီးပါးရွိ မူးယစ္ေဆးဝါးအေျမာက္အမ်ားကို ဖမ္းဆီးရမိခဲ့တဲ့ သတင္းေတြလည္း ယခုရက္ထဲမွာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇန္န၀ါရီ - ၁၇