【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 စာရေးဆရာကန်တော့ပွဲ ဂယက်နဲ့ မိုင်းခွဲခံရတဲ့ ဝန်ကြီးချုပ်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 စာရေးဆရာကန်တော့ပွဲ ဂယက်နဲ့ မိုင်းခွဲခံရတဲ့ ဝန်ကြီးချုပ်

ယခုတစ်ပတ်သတင်းတွေထဲမှာ သန်လျင် အမှတ် (၃) လေးလမ်းသွားတံတားအသစ်စီမံကိန်း မေလထဲ တည်ဆောက်ရေးလုပ်ငန်းများစတင်တော့မယ့် သတင်း၊ ငွေဆောင်ကမ်းခြေရှိမြေယာလျော်ကြေး ကိစ္စကိုညှိနိူင်းမှု အဆင်မပြေသေးတဲ့ သတင်း၊စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များပူ ဇော်ကန်တော့ပွဲအခမ်းအနားမှာ ယခင်စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွန့်တက်ရောက်ပြီး ရှေ့ဆုံးတန်းကနေ ကန်တော့ခံခဲတဲ့သတင်း၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင် ရွက်ရန်အတွက် အမုန်းတရားနှင့် အတ္တမာနများစွန့်ဖို့  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုက် တွန်းလိုက်တဲ့သတင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူများဆန္ဒပြည်စုံစေရန် လက်တွဲဆောင်ရွက်မယ်လို့  နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲ ပြော ကြားခဲ့တဲ့သတင်း ၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းကို အဝေးထိန်းခလုတ်နဲ့ မိုင်းခွဲခံရတဲ့ သတင်း တွေဖြစ် ခဲ့ပါတယ်။

ဦးခင်ညွန့် ပါလို့ ထခဲ့တဲ့ စာရေးဆရာကန့်တော့ပွဲ ဂယက်

ယခုတစ်ပတ်သတင်းတွေထဲ စိတ်ဝင်စားမှုအများဆုံးနဲ့ ဂယက်အရိုက်ဆုံးသတင်းကတော့ ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့တော်ခန်းမမှာ မြန်မာနိုင်ငံစာရေးဆရာအသင်းက ပြုလုပ်တဲ့  စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားမှာ ယခင်စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်း ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် တက်ရောက်ပြီး ရှေ့ဆုံးတန်းကနေ ကန်တော့ခံခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်တဲ့ အဆိုပါပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး  ကန်တော့ခံ စာရေးဆရာတွေနေရာမှာရှိတဲ့ ဦးခင်ညွှန့်ကို ကန်တော့ခဲ့တဲ့အတွက် ယခင်စစ်အစိုးရလက်ထက်မှာ သေကြေ နှိပ်စက်ခံခဲ့ရသည့် နိုင်ငံရေးသမားများ၊ ဘဝပျက်ခဲ့ရသည့် မိသားစုဝင်များအတွက် နိုင်ငံရေးသမားများအတွက် လက်မခံနိုင်စရာ ဖြစ်ခဲ့ရသည်။

အဆိုပါ ပွဲကြောင့် စာရေးဆရာအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအဝန်းအဝိုင်းနှစ်ခုတွင်သာ ဂယက်ထခဲ့ပြီး ယခင်စစ်အစိုးရအဝန်းအဝိုင်းမှ အသံမထွက်ခဲ့သည်က ထူးခြားချက်ပင် ဖြစ်သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လုပ်ရပ်နှင့်ပတ်သက်ပြီး ထောင်အတူကျခံခဲ့သည့် အကျဉ်းသားဟောင်းများနှင့် ၈၈ နိုင်ငံရေးအဝန်အဝိုင်းမှ ဝေဖန်မှုများက အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးမင်း ကိုနိုင်က ‘မည်သည့်အကြောင်း နှင့်မျှလူသတ်ကောင်ကို  ပုဂ္ဂိုလ် ကန်တော့ခံဖြစ်ကြောင်း မကြံကြလေနှင့်’ ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သလို ဦးဂျင်မီက ‘ငါးပါးစင်ပေါ် ဘယ်လိုပဲတင်တင် လူသတ် ကောင်ဟာလူသတ်ကောင်ပါပဲ’ ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်း၏ဇနီး ဒေါ်ခင်မိမိကြွယ်က သူမကိုယ်တိုင် ‘‘ဒီနေ့စာပေသက်ကြီးပူဇော်ပွဲကို ကန့်ကွက်ပါ တယ်။ ဘဝတွေပျက်ခဲ့ရတယ်။ မိသားစုဘဝတွေ သူ့ကြောင့်ပျက် စီးခဲ့ရတယ်’’ ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။

နိုင်ငံရေးအသိုင်းအဝိုင်းနည်းတူ စာရေးဆရာအသိုင်းအဝိုင်းဘက်မှလည်း  လူတွေကိုနှိပ်စက်ညှင်း ပန်းသတ်ဖြတ်ခဲ့မှုတွင် အဓိကတာဝန်ရှိသည့် တစ်ချိန်က စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ကို ကန်တော့ခံသက်ကြီး စာရေးဆရာထဲ ထည့်သွင်းခဲ့သည့်အတွက် အခမ်းအနားသို့ တက်ရောက်လာသည့် စာရေးဆရာအချို့အခမ်းအနား မတက်ဘဲ ထပြန်ခြင်းလည်းရှိသလို ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ကဗျာ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ကလည်း ‘‘စာ ရေးဆရာအသင်းက (ဒီနှစ်) ကန် တော့တဲ့ကန်တော့ ပစ္စည်းလာမပို့ နဲ့။ မယူဘူး’’ ဟု ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ကန့်ကွက်ဖော်ပြခဲ့ပြီး စာရေးဆရာ သရဝဏ် (ပြည်) က ‘‘ဒါဟာစာရေးဆရာ   တွေအားလုံးကို စော်ကားတာပါ ပဲ။ ဆရာမောင်သော်က အပါအ ဝင်စာရေးဆရာကြီးပေါင်းများစွာ ဟာ ခင်ညွန့်တို့အဖွဲ့လက်ချက်နဲ့  ထောင်ထဲမှာသေခဲ့ရတာပါ။ ခင် ညွန့်က စာရေးဆရာလည်းမဟုတ်ဘူး။ ဒီပွဲကိုစီစဉ်တဲ့ မြန်မာနိုင်ငံ စာရေးဆရာအသင်းကို ပြင်းထန် စွာရှုတ်ချပါတယ်။ ဥက္ကဋ္ဌမနုဿ ကျော်ဝင်းနဲ့  တာဝန်ရှိသူအားလုံး တိုင်းပြည်ကိုတောင်းပန်ပါ’’ ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။

ကဗျာဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နှင့် သန်လျင်မောင်မာင်ဦးတို့ကမှု မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ်မှ ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့သလို အခြားစာရေးဆရာအဖွဲ့ဝင်အချို့လည်း နူတ်ထွက်ခဲ့ကြပါတယ်။

အထူးသဖြင့် လူမှုကွန်ရက်တွင် ထိုကိစ္စအတွက်စွပ်စွဲမှုများ ပေါ်ထွက်လာခဲ့ရာ  ဦးခင်ညွန့် ပါဝင်လာမှုနှင့် ပါဝင်လာသည့်အပေါ် ဝန်ကြီးချုပ်ဘက်သို့ အသိပေးခြင်းမရှိဟု စွပ်စွဲမှုကို ပွဲကျင်းပသည်ဘက်မှ တာဝန်ရှိသူက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပါဝင်နေမှုအပေါ် သက်ကြီးပူဇော်ပွဲ၏ ကန်တော့ခံပုဂ္ဂိုလ်သတ်မှတ်ချက်နှင့် ပြည့်၍ ရွေးချယ်ခြင်းဟု စီစဉ်သူမြန်မာနိုင်ငံစာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာ မနုဿကျော်ဝင်းက တုံပြန်ခဲ့ကာ ပွဲတက်မည့်သူစာရင်းကို ဝန်ကြီးချုပ်နှင့် တပ်ချုပ်တို့ ဆီပေးပို့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဦးခင်ညွန့်အား စာရေးဆရာများကန်တော့ပွဲတွင် ကန်တော့ခဲ့သဖြင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံရသည့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သော ပြည်တော်သစ်အိမ် ရာ ပြန်လည်ဖွံ့ဖြိုး ရေးစီမံကိန်း  ပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအ ခမ်းအနားတွင် မီဒီယာများအား ‘‘ကျွန်တော်က အခုချိန်မှာ ဝန် ကြီးချုပ်ပါ။ ဦးခင်ညွန့်ဟာ သာမန်အရပ်သားတစ်ယောက် ပါ။ သူဟာအကျဉ်းထောင်ကနေ လွတ်လာခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။  ဒါပေမဲ့ဒီအခြေအ နေမှာ ကျွန်တော်တို့က အတုံ့အ လှည့်တွေကိုထားပြီး တုံ့ပြန်နေ ဖို့မလိုအပ်ပါဘူး။ ကျွန်တော်တို့  ရဲ့စိတ်စေတနာ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက်ထား ခဲ့တဲ့စိတ်ကကျွန်တော်တို့က အာဃာတတရားတွေမရှိဘူးဆိုတဲ့ အခြေအနေကိုရင်ထဲမှာရှင်းရှင်းကျွန်တော် တို့ပြသဖို့လိုပါတယ်’’ ဟု ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဒီ/ချုပ်ပြောရေးဆိုခွင့်ရဒေါက်တာမျိုးညွန့်ကမှု သင်ပုန်းချေခြင်းဆိုသည်မှာ ပုဂ္ဂိုလ်ရေးအရ အာဃာ တမရှိခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး ဒီမိုကရေစီမရရှိသေးသည့် နိုင်ငံတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအနေဖြင့် ၎င်း၏ အပြုအမူ၊အနေအထိုင်များကို သတိထား၍ ထိန်းထိန်းသိမ်းသိမ်း ပြုမူသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးကတော့ ‘‘ကျွန်တော် တို့ပြောချင်တာ  ကစကားပြောလို့ရတယ်။ လက် ဆွဲနှုတ်ဆက်လို့ရတယ်။ ဒီလိုမျိုး ကန်တော့တဲ့ အထိဖြစ် သွား တာကတော့ အကုန်လုံးသိက္ခာကျစေတယ်လို့မြင်ကြတယ်။ ဘာပဲဖြစ် ဖြစ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာက ဖြစ်ပျက်သမျှကို မေ့ပစ်ပြီးသင်ပုန်းချေဖို့မဟုတ်ဘူးဗျ’’ ဟုမီဒီယာတစ်ခုကိုပြောခဲ့ပါတယ်။

ဒီသတင်းက ယခုရက်သတ္တပတ်တစ်ခုအတွင်း လူစိတ်ဝင်စားမှုများခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သလို နောက်ပိုင်းတွင်လည်း ဆင့်ကဲ ဂယက်များစွာရိုက်ခဲ့ပြီး အကျိုးသက်ရောက်မှုများခဲ့သဖြင့် ယခင်က TVမင်းသား ကြီးလိုအမည်တပ်ခံရသူအဖို့ ရောက်ရာနေရာတိုင်းတွင် ပွဲဆူကာ သတင်းဖြစ်သည့် အစဉ်အလာကို ဆက်ထိန်း နိူင်ခဲ့သည်ကိုလည်းတွေ့ရသည်။ တာဝန်ကြီးကြီးမားမားယူခဲ့သူတစ်ဦး၏ အာဏာလက်လွတ်ချိန်၊ နိမ့်ပါးချိန် တွင် တာဝန်ယူစဉ်တစ်လျှောက် ပြည်သူဘက် မျက်နှာမမှုဘဲ လုပ်ချင်ရာလုပ်၊ထင်ရာစိုင်းခဲ့မှု၏ ဆိုးကျိုးအဖြစ် အားလုံးက ခါးခါးသီးသီးငြင်းပယ်ဆန့်ကျင်မှုကို ထိတ်လန့်ဖွယ်တွေ့ခဲ့ရသည့် ယခုဖြစ်ရပ်က လက်ရှိ တာဝန် ကြီးကြီးမားမားယူထားသူတို့ သံဝေဂရဆင်ခြင်ဖွယ်ဖြစ်သည်။

ယခုဖြစ်ရပ် သတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ဟုန်လျန်က ကချင်စစ်ဘေးရှောင်များ နေရပ်ပြန် နိုင်ဖို့  တရုတ်အစိုးရဘက်က ကူညီပေးသွားမယ်လို့ ပြောကြား ခဲ့တဲ့သတင်း၊တွန်းကျိုင်း ရွာတိုက်ပွဲအတွင်း ဖမ်း မိတဲ့ SSPP တပ်သား ရှစ်ဦးကို RCSS က ပြန်လွှတ်ပေးခဲ့တဲ့သ တင်း၊‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ၏ ငြိမ်း ချမ်းရေး နှစ်(၃၀) ပြည့်ပွဲ စစ်ရေး ပြလေ့ကျင့်မှုမှာ လေယာဉ် ပစ်အမြောက်နှင့် စစ်ဘက်ဆိုင်ရာယာဉ်အစီးရေ ၂၀ ကျော်ပါဝင်လာတဲ့ သတင်း စတဲ့သတင်းတွေထဲ ဦးခင်ညွှန့် ကို သက်ကြီးစာပေကန်တော့ပွဲမှာ ၈၈ ကျောင်းသား ဟောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကန်တော့ခဲ့ တဲ့သတင်းက စိတ်ဝင်စားဖွယ်အကောင်း ဆုံးသတင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

မိုင်းခွဲခံရပေမယ့် လွတ်မြောက်ခဲ့တဲ့ ရခိုင်ဝန်ကြီးချုပ် ယာဉ်တန်း

ယခုတစ်ပတ်ပြည်တွင်းသတင်းတွေထဲ မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ရတဲ့ သတင်းတွေ အတော်များ ခဲ့ပါ တယ်။ဒီထဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းကို အဝေးထိန်းခလုတ်နဲ့ မိုင်းခွဲခံရတဲ့ သတင်းက ယခုတစ်ပတ် သတင်းတွေထဲမှာ စိတ်ဝင်စားမှုများခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ကျောက်ဖြူ မြို့နယ် နယ်မြေဖွံ့ဖြိုးရေးခရီးစဉ်ကနေ ပြန် လာတဲ့ ရခိုင်ပြည်နယ် ဝန် ကြီးချုပ်ဦးညီပုရဲ့ ခရီးစဉ်ယာဉ်တန်းကို မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်(၁၀၅/ဝ-၁)ကြား၊ နန်းကျားကျေးရွာနှင့် လောင်းကြက်ကျေးရွာကြားလမ်းမပေါ်မှာ အဝေးထိန်းစနစ်နဲ့ မိုင်းခွဲခဲ့တာပါ။ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်ချိန်မှာ ချိန်ကိုက်ခွဲခဲ့ပေမယ့် ယာဉ်တန်းနောက်ဆုံးက ခရိုင်ရဲမှူးကား ကိုသာ ထိခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ပါဘူး။

ဒါဟာ ရခိုင်ဝန်ကြီးချုပ်ဦးညီပုအတွက် ပြည်နယ်ဝန်ကြီချုပ်ရာထူးရယူပြီးနောက်ပိုင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဖြစ်ပါ။ ၂၀၁၇ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၈ ရက်က ဂွ၊ သံတွဲနှင့် တောင်ကုတ်မြို့နှင့် အမ်း မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးခရီးစဉ်သွားရောက်တဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးနှစ်ဦးကို ခရီးစဉ်ကနေ စစ်တွေကို အပြန် အမ်း−စစ်တွေ လမ်းပိုင်း မိုင်တိုင် ၄၅ အနီးမှာ  မိုင်းနဲ့လုပ်ကြံခဲ့ပေမယ့် လုံခြုံရေးယာဉ်တန်း ဖြတ်သန်းပြီး မိနစ် ၂၀ ခန့် အကြာမှ မိုင်းပေါက်ကွဲလို့ လူကောယာဉ်ပါ ထိခိုက်မှု မရှိခဲ့ပါဘူး။

ယခုချိန်ကိုက်မိုင်း အခွဲခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာထုတ်ပြန်ချက်မှာတော့ သောင်းကျန်းသူ (စိစစ်ဆဲ)လို့ ဖော်ပြခဲ့ပြီး အာဏာရပါတီဘက်ကတော့ ဒါဟာ ပြဿနာပိုမိုရှုပ်ထွေးစေရန် လုပ်ဆောင် ခြင်း ဖြစ် တာ ထင်ရှားကြောင်းပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် က  “ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းတဲ့ဖြေ ရှင်းမှုမရချင်တဲ့ အဖျက်သမား တွေက လုပ်တယ်လို့ ပြောပါရစေ “ လို့ ဆို ခဲ့တဲ့အတွက် အရပ်သားအစိုးရဖြေရှင်းနေတဲ့ ရခိုင်ပြဿနာက ဒီထက်ပိုနက်ရှိုင်းနေတာ သိသာလာ ခဲ့ပါ တယ်။

ဒီလိုပြည်နယ်အဆင့် ဝန်ကြီးချုပ်တစ်ယောက်ကို နှစ်ခါမြောက်အထိ လုပ်ကြံဖို့ ကြိုးစားတာခံနေရတဲ့ အတွက် လုံခြုံရေးအတွက် အာဏာရပါတီဘက်က လုံခြုံရေးအတွက် ပါတီထဲမှာ ဆွေးနွေးဖို့ ရှိတယ်ဆိုပါတယ်။ မိုင်းခွဲလုပ်ကြံဖို့ ကြိုးစားတာခံနေရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ ရခိုင်ပြည်နယ်အကျိုး ဆောင် ရွက်ရာမှာ ဒီလိုလုပ်ကြံမှုတွေကြောင့် နောက်မရွံ့ဘူးလို့ ပြောထားခဲ့တာ ရှိပါတယ်။ကားနဲ့ပတ်သက်ပြီး မကြာ မီကလည်း ချောင်းကူးမြောင်းတံတားပေါ်ကနေ ကျခဲ့ဘူူးတဲ့ အတွက် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းဖို့ အားသွန်ခွန်စိုက်လိုပ်ဆောင်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်မှု ဘယ်လောက်ထိ ခရီး ပေါက်မလဲ၊ယခု မိုင်းခွဲခံရမှုနှင့် ယခင်မိုင်းခွဲခံရမှု့ လက်သည်တွေ ဘယ်တော့ ထွက်ပေါ်လာမလဲ ဆိုတာ သတင်းမီဒီယာစင်မြင့်ကနေ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အဆိုပါ ဇန်နဝါရီ တစ်ရက်မှာဘဲ  ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်ထဲမှာ တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)တို့တိုက်ပွဲဆက်ဖြစ်ပွားနေခဲ့သလို မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်တစ်လျှောက် လုံခြုံ ရေးဆောင်ရွက်နေတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကိုပါ ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)က ဝင်တိုက်ခိုက်မှု ဖြစ်ခဲ့ ပါသေးတယ်။ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ARSA ကစခဲ့တဲ့ ပဋိပက္ခကနေ မငြိမ်းချမ်း မှုဟာ နောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ကပါ ဒီဒေသတွေကို ခြေကုပ်ယူဖို့ ကြိုးစားနေတာကြောင့် ရခိုင်ပြဿ နာဟာ အကြမ်းဖက်မှုတွေနဲ့ ပိုသတိထားရမယ့် ပြဿနာ ဖြစ်လာပါတယ်။

ယခုတစ်ပတ်အတွင်း ထွေ/အုပ် ဦးစီးဌာနကို ပြည်ထဲ ရေးလက်အောက်ကနေ  ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်ကို ရွှေ့ပြောင်း လိုက်တဲ့ သတင်း၊ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်နဲ့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်တဲ့ ဦးတင်မြင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့ သတင်း၊ ရန်ကုန်တိုင်းအတွင်းက ပြည်သူတွေကို အစိုးရအဖွဲ့ သုံးနှစ်အတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စီစဉ်နေတဲ့ သတင်း၊မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ပါမောက္ခ ချုပ်တို့ဓာတ်ပုံများကို အခေါင်းပုံ စံပြုလုပ် မီးရှို့သရုပ်ဖော်တောင်းဆို လှုပ် ရှားခဲ့တဲ့ ဗကသကျောင်းသားများ ဆန္ဒဖော်ထုတ်မှုကို သတင်းသမားတွေက အားပေးအားမြှောက်ပြုတယ်ဆို တဲ့ ရုက္ခဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်သက်ကျော်ရဲ့ စွပ်စွဲချက်ကို မန္တလေးသတင်းသမားတွေက ငြင်းချက်ထုတ်လိုက်တဲ့ သတင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဝါးခယ်မမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်၊ တိုင်းဒေ သကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း နုတ်ထွက်စာ တင်ထားတဲ့ သတင်း တွေဖြစ်ခဲ့တဲ့ အထဲမှာ ရခိုင်ဝန်ကြီးချုပ်ကို မိုင်းခွဲလုပ်ကြံဖို့ တစ်နှစ်ကျော်အတွင်း နှစ်ခါ ကြိုးစားခဲ့တဲ့ သတင်းက သတိထားစရာသတင်း ဖြစ်ခဲ့ပါတယ်။

ရှာမတွေ့သေးတဲ့ ရပ်စောက် ကလေးပျောက်ဆုံးမှု
    

ထိုင်းမှာ ပျောက်ဆုံးခဲ့တဲ့ ကလေးငယ်ကို သေဆုံးလျှက် ပြန်ရှာတွေ့ချိန်မှာ ပျောက်ဆုံးနေတာ ဆယ် ရက်ကျော် ကြာနေပြီဖြစ်တဲ့ ရပ်စောက်က နှစ်နှစ်ခွဲအရွယ် ကလေးငယ်ကို ပြန်ရှာမတွေ့သေးလို့ မိဘတွေနဲ့ မိသားစုတွေ သောကဝေနေပါတယ်။ ဒီဇင်ဘာ ၂၂ ရက်က အမေဖြစ်သူနှင့်အတူ ပြောင်းဖူးခြံထဲ လိုက်သွား ရာကနေ ပျောက်သွားတဲ့ ကလေးငယ်ကို ရှာပေးဖို့ ကလေးအဖေက အစိုးရကိုတောင်းဆိုခဲ့တဲ့ အတွက် တောင် ကြီးခရိုင်ရဲတပ်ဖွဲ့၊ ရပ်စောက်မြို့နယ်ရဲတပ်ဖွဲ့၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့နဲ့ PNA အသွင်ပြောင်း ပြည်သူ့စစ်ဌာနမှ ပြည်သူ့စစ်တွေအပါအဝင် စုစုပေါင်းအင်အား ၆၀ ခန့်ပါအဝင် လူအင်အား ၁၀၀ ကျော်နဲ့အတူ ပြောင်းဖူးခြံထဲ ရှာခဲ့ရာမှာ မတွေ့ခဲ့ပါဘူး။

ဒေသတွင်းသတင်းတွေထဲမှာ ကလေးအဖေ ဦးစိုင်းခမ်းက ကလေးပျောက်တဲ့နေ့ကစပြီး စိုးရိမ်မှုကြောင့် အစားအသောက်မမှန်ဘဲ စိတ်ကယောင်ချောက်ချားဖြစ်နေတယ်လို့ ဆိုပြီး ကလေးပျောက်ဆုံးနယ် မြေဒေသ ထဲမှာ နေ့စဉ် ရွာသားအင်အား ၂၀၀က အဖွဲ့သုံးဖွဲ့ဖွဲ့ကာ ရှာဖွေနေပေမယ့်မတွေတဲ့အတွက် တခြားသူ တစ် ယောက်က ခေါ်သွားတာဖြစ်မယ်လို့ ယူဆချက်တွေလည်း ရှိနေပါတယ်။ ရှမ်းပြည်နယ်ရဲမှူးချုပ်ဇော်ခင်အောင် ကိုယ်တိုင်မတွေ့သဖြင့်  တစ်စုံတစ်ယောက်က ခေါ်ဆောင်သွားခြင်းဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းမှာပျောက်တဲ့ မြန်မာကလေးငယ်ကိစ္စမှာ အခုချိန်ထိ တရားခံရှာမတွေ့သေးပေမယ့် ကလေးငယ် ကိုခေါ်သွားတယ်လို့ဝန်ခံတဲ့ စိတ်မနှံတဲ့ သူတစ်ယောက်ကိုခေါ်စစ်နေတဲ့ အတွက် ယခုအမှုမှာလဲ ကလေးကို ဘယ်သူခေါ်သွားလဲဆိုတာကို အားလုံးက သိချင်နေကြတာဖြစ်ပါတယ်။

ထိုင်းရောက် မြန်မာကလေးငယ်ပျောက်ဆုံးမှုမှာ အားလုံးကအာရုံစိုက်ကြပေမယ့် မြန်မာမှာဖြစ်တဲ့ ယခု ကလေးပျောက်မှုမှာ ဖခင်ဖြစ်သူကအကူအညီတောင်းမှ ပါဝင်တဲ့အပေါ်မှာ ဘဝင်မကျပေမယ့် လက်ရှိမှာတော့ ကလေးငယ်ပျောက်ဆုံးမှုကို အားလုံးက အာရုံစိုက်မှုရှိနေတဲ့အတွက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ဇန်နဝါရီ ၁ ရက်က အင်းစိန်မြို့နယ် စဉ့် ငူရပ်ကွက်မှာ ဘုရားမီးပူဇော်တဲ့ ဖယောင်းတိုင်မှ တစ်ဆင့် မီးလောင်လို့ အိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့တဲ့သတင်း၊  မန္တလေးမြို့မှာ မူးယစ်ဆေးဝါး သတင်းအရ ဝင်ဖမ်းရာမှာ နာမည်ကြီး နိုင်ငံခြားအမှတ်တံဆိပ်တွေကပ်ထားတဲ့ အရက်တု ပုလင်း ၅,၇၀၀ ကျော် ဖမ်းဆီးရ မိတဲ့ သတင်း၊ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျနေတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့နောက်ဆုံးအယူခံ ၂၀၁၉ခုနှစ် နှစ်ဆန်းမှာ အမိန့်ချမယ်ဆိုတဲ့သတင်း၊ မုံရွာစက်မှုဇုန်ရှိ ကေတီဗီအခန်းထဲရှိ ရဲတပ်သားတစ်ဦးထံမှ မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိတဲ့ သတင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ထောက်ခံစာသွားတောင်းရာမှာ ရာအိမ်မှူးက ထိုး ကြိတ်မှု အင်းစိန်မြို့နယ် အနောက် ပိုင်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့သတင်း၊ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံ ထားရ သည့် ဒုရဲမှူးဟောင်းမိုးရန်နိုင် လွတ်မြောက် မည့်ရက်အား တွက်ချက်မှုမှားသွားသည့်အတွက် မိသားစုကို အင်း စိန်ဗဟိုအကျဉ်းထောင်မှ ထောင်မှူးက တောင်းပန်စကားဆိုခဲ့ရတဲ့သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
Photo Credit : မြန်မာနိုင်ငံ စာရေးဆရာအသင်း
ဇန်နဝါရီ - ၄

( Zawgyi )

ယခုတစ္ပတ္သတင္းေတြထဲမွာ သန္လ်င္ အမွတ္ (၃) ေလးလမ္းသြားတံတားအသစ္စီမံကိန္း ေမလထဲ တည္ေဆာက္ေရးလုပ္ငန္းမ်ားစတင္ေတာ့မယ့္ သတင္း၊ ေငြေဆာင္ကမ္းေျခရွိေျမယာေလ်ာ္ေၾကး ကိစၥကိုညႇိႏိူင္းမႈ အဆင္မေျပေသးတဲ့ သတင္း၊စာဆိုေတာ္ေန႔အထိမ္းအမွတ္ သက္ႀကီးစာေပပညာရွင္မ်ားပူ ေဇာ္ကန္ေတာ့ပြဲအခမ္းအနားမွာ ယခင္စစ္အစိုးရလက္ထက္က စစ္ေထာက္လွမ္းေရးအႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး ေဟာင္းခင္ၫြန႔္တက္ေရာက္ၿပီး ေရွ႕ဆုံးတန္းကေန ကန္ေတာ့ခံခဲတဲ့သတင္း၊ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေဆာင္ ႐ြက္ရန္အတြက္ အမုန္းတရားႏွင့္ အတၱမာနမ်ားစြန႔္ဖို႔  အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္းက တိုက္ တြန္းလိုက္တဲ့သတင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေအးခ်မ္းစြာေနထိုင္လိုတဲ့ ျပည္သူမ်ားဆႏၵျပည္စုံေစရန္ လက္တြဲေဆာင္႐ြက္မယ္လို႔  ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားထဲ ေျပာ ၾကားခဲ့တဲ့သတင္း ၊ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ယာဥ္တန္းကို အေဝးထိန္းခလုတ္နဲ႔ မိုင္းခြဲခံရတဲ့ သတင္း ေတြျဖစ္ ခဲ့ပါတယ္။

ဦးခင္ၫြန႔္ ပါလို႔ ထခဲ့တဲ့ စာေရးဆရာကန႔္ေတာ့ပြဲ ဂယက္

ယခုတစ္ပတ္သတင္းေတြထဲ စိတ္ဝင္စားမႈအမ်ားဆုံးနဲ႔ ဂယက္အ႐ိုက္ဆုံးသတင္းကေတာ့ ဒီဇင္ဘာ ၂၉ ရက္က ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာ ျမန္မာႏိုင္ငံစာေရးဆရာအသင္းက ျပဳလုပ္တဲ့  စာဆိုေတာ္ေန႔အထိမ္းအမွတ္ သက္ႀကီးစာေပပညာရွင္မ်ား ပူေဇာ္ကန္ေတာ့ပြဲ အခမ္းအနားမွာ ယခင္စစ္အစိုးရလက္ထက္က စစ္ေထာက္လွမ္း ေရးအႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းခင္ၫြန႔္ တက္ေရာက္ၿပီး ေရွ႕ဆုံးတန္းကေန ကန္ေတာ့ခံခဲ့တဲ့ကိစၥပဲျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၉ ရက္က ျပဳလုပ္တဲ့ အဆိုပါပြဲမွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္တက္ေရာက္ခဲ့ၿပီး  ကန္ေတာ့ခံ စာေရးဆရာေတြေနရာမွာရွိတဲ့ ဦးခင္ၫႊန႔္ကို ကန္ေတာ့ခဲ့တဲ့အတြက္ ယခင္စစ္အစိုးရလက္ထက္မွာ ေသေၾက ႏွိပ္စက္ခံခဲ့ရသည့္ ႏိုင္ငံေရးသမားမ်ား၊ ဘဝပ်က္ခဲ့ရသည့္ မိသားစုဝင္မ်ားအတြက္ ႏိုင္ငံေရးသမားမ်ားအတြက္ လက္မခံႏိုင္စရာ ျဖစ္ခဲ့ရသည္။

အဆိုပါ ပြဲေၾကာင့္ စာေရးဆရာအသိုင္းအဝိုင္းႏွင့္ ႏိုင္ငံေရးအဝန္းအဝိုင္းႏွစ္ခုတြင္သာ ဂယက္ထခဲ့ၿပီး ယခင္စစ္အစိုးရအဝန္းအဝိုင္းမွ အသံမထြက္ခဲ့သည္က ထူးျခားခ်က္ပင္ ျဖစ္သည္။ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၏ လုပ္ရပ္ႏွင့္ပတ္သက္ၿပီး ေထာင္အတူက်ခံခဲ့သည့္ အက်ဥ္းသားေဟာင္းမ်ားႏွင့္ ၈၈ ႏိုင္ငံေရးအဝန္အဝိုင္းမွ ေဝဖန္မႈမ်ားက အျပင္းထန္ဆုံးျဖစ္ခဲ့ၿပီး ၈၈ ၿငိမ္းခ်မ္းေရး ႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ ေခါင္းေဆာင္ ဦးမင္း ကိုႏိုင္က ‘မည္သည့္အေၾကာင္း ႏွင့္မွ်လူသတ္ေကာင္ကို  ပုဂၢိဳလ္ ကန္ေတာ့ခံျဖစ္ေၾကာင္း မႀကံၾကေလႏွင့္’ ဟု ၎၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေရးသားခဲ့သလို ဦးဂ်င္မီက ‘ငါးပါးစင္ေပၚ ဘယ္လိုပဲတင္တင္ လူသတ္ ေကာင္ဟာလူသတ္ေကာင္ပါပဲ’ ဟု ၎၏ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာတြင္ ေရးသားခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳး မင္းသိန္း၏ဇနီး ေဒၚခင္မိမိႂကြယ္က သူမကိုယ္တိုင္ ‘‘ဒီေန႔စာေပသက္ႀကီးပူေဇာ္ပြဲကို ကန႔္ကြက္ပါ တယ္။ ဘဝေတြပ်က္ခဲ့ရတယ္။ မိသားစုဘဝေတြ သူ႔ေၾကာင့္ပ်က္ စီးခဲ့ရတယ္’’ ဟု ၎၏ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေရးသားခဲ့ပါတယ္။

ႏိုင္ငံေရးအသိုင္းအဝိုင္းနည္းတူ စာေရးဆရာအသိုင္းအဝိုင္းဘက္မွလည္း  လူေတြကိုႏွိပ္စက္ညႇင္း ပန္းသတ္ျဖတ္ခဲ့မႈတြင္ အဓိကတာဝန္ရွိသည့္ တစ္ခ်ိန္က စစ္ေထာက္လွမ္းေရးအႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္ ကို ကန္ေတာ့ခံသက္ႀကီး စာေရးဆရာထဲ ထည့္သြင္းခဲ့သည့္အတြက္ အခမ္းအနားသို႔ တက္ေရာက္လာသည့္ စာေရးဆရာအခ်ိဳ႕အခမ္းအနား မတက္ဘဲ ထျပန္ျခင္းလည္းရွိသလို ေဝဖန္မႈေတြ ျပင္းထန္ခဲ့ပါတယ္။ ကဗ်ာ ဆရာႀကီး ကိုေလး (အင္းဝဂုဏ္ရည္) ကလည္း ‘‘စာ ေရးဆရာအသင္းက (ဒီႏွစ္) ကန္ ေတာ့တဲ့ကန္ေတာ့ ပစၥည္းလာမပို႔ နဲ႔။ မယူဘူး’’ ဟု ၎၏လူမႈကြန္ ရက္စာမ်က္ႏွာတြင္ ကန႔္ကြက္ေဖာ္ျပခဲ့ၿပီး စာေရးဆရာ သရဝဏ္ (ျပည္) က ‘‘ဒါဟာစာေရးဆရာ   ေတြအားလုံးကို ေစာ္ကားတာပါ ပဲ။ ဆရာေမာင္ေသာ္က အပါအ ဝင္စာေရးဆရာႀကီးေပါင္းမ်ားစြာ ဟာ ခင္ၫြန႔္တို႔အဖြဲ႕လက္ခ်က္နဲ႔  ေထာင္ထဲမွာေသခဲ့ရတာပါ။ ခင္ ၫြန႔္က စာေရးဆရာလည္းမဟုတ္ဘူး။ ဒီပြဲကိုစီစဥ္တဲ့ ျမန္မာႏိုင္ငံ စာေရးဆရာအသင္းကို ျပင္းထန္ စြာရႈတ္ခ်ပါတယ္။ ဥကၠ႒မႏုႆ ေက်ာ္ဝင္းနဲ႔  တာဝန္ရွိသူအားလုံး တိုင္းျပည္ကိုေတာင္းပန္ပါ’’ ဟု ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားခဲ့ပါတယ္။

ကဗ်ာဆရာေမာင္စိန္ဝင္း (ပုတီးကုန္း) ႏွင့္ သန္လ်င္ေမာင္မာင္ဦးတို႔ကမႈ ျမန္မာႏိုင္ငံ စာေရးဆရာအသင္း ဗဟိုအမႈေဆာင္ေကာ္မတီဝင္အျဖစ္မွ ၎၏ သေဘာဆႏၵအေလ်ာက္ ႏုတ္ထြက္ခဲ့သလို အျခားစာေရးဆရာအဖြဲ႕ဝင္အခ်ိဳ႕လည္း ႏူတ္ထြက္ခဲ့ၾကပါတယ္။

အထူးသျဖင့္ လူမႈကြန္ရက္တြင္ ထိုကိစၥအတြက္စြပ္စြဲမႈမ်ား ေပၚထြက္လာခဲ့ရာ  ဦးခင္ၫြန႔္ ပါဝင္လာမႈႏွင့္ ပါဝင္လာသည့္အေပၚ ဝန္ႀကီးခ်ဳပ္ဘက္သို႔ အသိေပးျခင္းမရွိဟု စြပ္စြဲမႈကို ပြဲက်င္းပသည္ဘက္မွ တာဝန္ရွိသူက ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ခင္ၫြန႔္ ပါဝင္ေနမႈအေပၚ သက္ႀကီးပူေဇာ္ပြဲ၏ ကန္ေတာ့ခံပုဂၢိဳလ္သတ္မွတ္ခ်က္ႏွင့္ ျပည့္၍ ေ႐ြးခ်ယ္ျခင္းဟု စီစဥ္သူျမန္မာႏိုင္ငံစာေရးဆရာမ်ားအသင္း ဥကၠ႒ စာေရးဆရာ မႏုႆေက်ာ္ဝင္းက တုံျပန္ခဲ့ကာ ပြဲတက္မည့္သူစာရင္းကို ဝန္ႀကီးခ်ဳပ္ႏွင့္ တပ္ခ်ဳပ္တို႔ ဆီေပးပို႔ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

ဦးခင္ၫြန႔္အား စာေရးဆရာမ်ားကန္ေတာ့ပြဲတြင္ ကန္ေတာ့ခဲ့သျဖင့္ ျပင္းျပင္းထန္ထန္ေဝဖန္ခံရသည့္ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဒီဇင္ဘာ ၃၀ ရက္က ျပဳလုပ္ေသာ ျပည္ေတာ္သစ္အိမ္ ရာ ျပန္လည္ဖြံ႕ၿဖိဳး ေရးစီမံကိန္း  ပိုင္တိုင္စိုက္ထူျခင္း မဂၤလာအ ခမ္းအနားတြင္ မီဒီယာမ်ားအား ‘‘ကြၽန္ေတာ္က အခုခ်ိန္မွာ ဝန္ ႀကီးခ်ဳပ္ပါ။ ဦးခင္ၫြန႔္ဟာ သာမန္အရပ္သားတစ္ေယာက္ ပါ။ သူဟာအက်ဥ္းေထာင္ကေန လြတ္လာခဲ့တဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။  ဒါေပမဲ့ဒီအေျခအ ေနမွာ ကြၽန္ေတာ္တို႔က အတုံ႔အ လွည့္ေတြကိုထားၿပီး တုံ႔ျပန္ေန ဖို႔မလိုအပ္ပါဘူး။ ကြၽန္ေတာ္တို႔  ရဲ႕စိတ္ေစတနာ၊ အမ်ိဳးသားျပန္ လည္သင့္ျမတ္ေရးအတြက္ထား ခဲ့တဲ့စိတ္ကကြၽန္ေတာ္တို႔က အာဃာတတရားေတြမရွိဘူးဆိုတဲ့ အေျခအေနကိုရင္ထဲမွာရွင္းရွင္းကြၽန္ေတာ္ တို႔ျပသဖို႔လိုပါတယ္’’ ဟု ျပန္လည္ေျဖရွင္းခဲ့ပါတယ္။

ဒီ/ခ်ဳပ္ေျပာေရးဆိုခြင့္ရေဒါက္တာမ်ိဳးၫြန႔္ကမႈ သင္ပုန္းေခ်ျခင္းဆိုသည္မွာ ပုဂၢိဳလ္ေရးအရ အာဃာ တမရွိျခင္းကိုသာ ဆိုလိုျခင္းျဖစ္ၿပီး ဒီမိုကေရစီမရရွိေသးသည့္ ႏိုင္ငံတြင္ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းအေနျဖင့္ ၎၏ အျပဳအမူ၊အေနအထိုင္မ်ားကို သတိထား၍ ထိန္းထိန္းသိမ္းသိမ္း ျပဳမူသင့္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။ ႏိုင္ငံေရးအက်ဥ္း သားေဟာင္းမ်ားအဖြဲ႕ (FPPS) ဦးေဆာင္ေကာ္မတီဝင္ ဦးတင္ေမာင္ဦးကေတာ့ ‘‘ကြၽန္ေတာ္ တို႔ေျပာခ်င္တာ  ကစကားေျပာလို႔ရတယ္။ လက္ ဆြဲႏႈတ္ဆက္လို႔ရတယ္။ ဒီလိုမ်ိဳး ကန္ေတာ့တဲ့ အထိျဖစ္ သြား တာကေတာ့ အကုန္လုံးသိကၡာက်ေစတယ္လို႔ျမင္ၾကတယ္။ ဘာပဲျဖစ္ ျဖစ္။ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ဆိုတာက ျဖစ္ပ်က္သမွ်ကို ေမ့ပစ္ၿပီးသင္ပုန္းေခ်ဖို႔မဟုတ္ဘူးဗ်’’ ဟုမီဒီယာတစ္ခုကိုေျပာခဲ့ပါတယ္။

ဒီသတင္းက ယခုရက္သတၱပတ္တစ္ခုအတြင္း လူစိတ္ဝင္စားမႈမ်ားခဲ့သည့္ ျဖစ္ရပ္တစ္ခုျဖစ္သလို ေနာက္ပိုင္းတြင္လည္း ဆင့္ကဲ ဂယက္မ်ားစြာ႐ိုက္ခဲ့ၿပီး အက်ိဳးသက္ေရာက္မႈမ်ားခဲ့သျဖင့္ ယခင္က TVမင္းသား ႀကီးလိုအမည္တပ္ခံရသူအဖို႔ ေရာက္ရာေနရာတိုင္းတြင္ ပြဲဆူကာ သတင္းျဖစ္သည့္ အစဥ္အလာကို ဆက္ထိန္း ႏိူင္ခဲ့သည္ကိုလည္းေတြ႕ရသည္။ တာဝန္ႀကီးႀကီးမားမားယူခဲ့သူတစ္ဦး၏ အာဏာလက္လြတ္ခ်ိန္၊ နိမ့္ပါးခ်ိန္ တြင္ တာဝန္ယူစဥ္တစ္ေလွ်ာက္ ျပည္သူဘက္ မ်က္ႏွာမမႈဘဲ လုပ္ခ်င္ရာလုပ္၊ထင္ရာစိုင္းခဲ့မႈ၏ ဆိုးက်ိဳးအျဖစ္ အားလုံးက ခါးခါးသီးသီးျငင္းပယ္ဆန႔္က်င္မႈကို ထိတ္လန႔္ဖြယ္ေတြ႕ခဲ့ရသည့္ ယခုျဖစ္ရပ္က လက္ရွိ တာဝန္ ႀကီးႀကီးမားမားယူထားသူတို႔ သံေဝဂရဆင္ျခင္ဖြယ္ျဖစ္သည္။

ယခုျဖစ္ရပ္ သတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့သည့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ မစၥတာ ဟုန္လ်န္က ကခ်င္စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ ႏိုင္ဖို႔  တ႐ုတ္အစိုးရဘက္က ကူညီေပးသြားမယ္လို႔ ေျပာၾကား ခဲ့တဲ့သတင္း၊တြန္းက်ိဳင္း ႐ြာတိုက္ပြဲအတြင္း ဖမ္း မိတဲ့ SSPP တပ္သား ရွစ္ဦးကို RCSS က ျပန္လႊတ္ေပးခဲ့တဲ့သ တင္း၊‘ဝ’လက္နက္ကိုင္အဖြဲ႕ (UWSA) ၏ ၿငိမ္း ခ်မ္းေရး ႏွစ္(၃၀) ျပည့္ပြဲ စစ္ေရး ျပေလ့က်င့္မႈမွာ ေလယာဥ္ ပစ္အေျမာက္ႏွင့္ စစ္ဘက္ဆိုင္ရာယာဥ္အစီးေရ ၂၀ ေက်ာ္ပါဝင္လာတဲ့ သတင္း စတဲ့သတင္းေတြထဲ ဦးခင္ၫႊန႔္ ကို သက္ႀကီးစာေပကန္ေတာ့ပြဲမွာ ၈၈ ေက်ာင္းသား ေဟာင္း ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ကန္ေတာ့ခဲ့ တဲ့သတင္းက စိတ္ဝင္စားဖြယ္အေကာင္း ဆုံးသတင္း တစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

မိုင္းခြဲခံရေပမယ့္ လြတ္ေျမာက္ခဲ့တဲ့ ရခိုင္ဝန္ႀကီးခ်ဳပ္ ယာဥ္တန္း

ယခုတစ္ပတ္ျပည္တြင္းသတင္းေတြထဲ မွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ရတဲ့ သတင္းေတြ အေတာ္မ်ား ခဲ့ပါ တယ္။ဒီထဲမွာ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ယာဥ္တန္းကို အေဝးထိန္းခလုတ္နဲ႔ မိုင္းခြဲခံရတဲ့ သတင္းက ယခုတစ္ပတ္ သတင္းေတြထဲမွာ စိတ္ဝင္စားမႈမ်ားခဲ့တဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ဇန္နဝါရီ ၁ ရက္ ညေန ၄ နာရီခြဲဝန္းက်င္က ေက်ာက္ျဖဴ ၿမိဳ႕နယ္ နယ္ေျမဖြံ႕ၿဖိဳးေရးခရီးစဥ္ကေန ျပန္ လာတဲ့ ရခိုင္ျပည္နယ္ ဝန္ ႀကီးခ်ဳပ္ဦးညီပုရဲ႕ ခရီးစဥ္ယာဥ္တန္းကို ေျမာက္ဦးၿမိဳ႕နယ္၊ ရန္ကုန္-စစ္ေတြကားလမ္း မိုင္တိုင္(၁၀၅/ဝ-၁)ၾကား၊ နန္းက်ားေက်း႐ြာႏွင့္ ေလာင္းၾကက္ေက်း႐ြာၾကားလမ္းမေပၚမွာ အေဝးထိန္းစနစ္နဲ႔ မိုင္းခြဲခဲ့တာပါ။ ဝန္ႀကီးခ်ဳပ္ယာဥ္တန္းျဖတ္ခ်ိန္မွာ ခ်ိန္ကိုက္ခြဲခဲ့ေပမယ့္ ယာဥ္တန္းေနာက္ဆုံးက ခ႐ိုင္ရဲမႉးကား ကိုသာ ထိခဲ့ၿပီး လူထိခိုက္မႈ မရွိခဲ့ပါဘူး။

ဒါဟာ ရခိုင္ဝန္ႀကီးခ်ဳပ္ဦးညီပုအတြက္ ျပည္နယ္ဝန္ႀကီခ်ဳပ္ရာထူးရယူၿပီးေနာက္ပိုင္း ႏွစ္ႀကိမ္ေျမာက္ တိုက္ခိုက္ခံရတဲ့ ျဖစ္ရပ္ျဖစ္ပါ။ ၂၀၁၇ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာ ၈ ရက္က ဂြ၊ သံတြဲႏွင့္ ေတာင္ကုတ္ၿမိဳ႕ႏွင့္ အမ္း ၿမိဳ႕နယ္သို႔ ေဒသဖြံ႕ၿဖိဳးေရးခရီးစဥ္သြားေရာက္တဲ့ ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးႏွစ္ဦးကို ခရီးစဥ္ကေန စစ္ေတြကို အျပန္ အမ္း−စစ္ေတြ လမ္းပိုင္း မိုင္တိုင္ ၄၅ အနီးမွာ  မိုင္းနဲ႔လုပ္ႀကံခဲ့ေပမယ့္ လုံၿခဳံေရးယာဥ္တန္း ျဖတ္သန္းၿပီး မိနစ္ ၂၀ ခန႔္ အၾကာမွ မိုင္းေပါက္ကြဲလို႔ လူေကာယာဥ္ပါ ထိခိုက္မႈ မရွိခဲ့ပါဘူး။

ယခုခ်ိန္ကိုက္မိုင္း အခြဲခံရတာနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာထုတ္ျပန္ခ်က္မွာေတာ့ ေသာင္းက်န္းသူ (စိစစ္ဆဲ)လို႔ ေဖာ္ျပခဲ့ၿပီး အာဏာရပါတီဘက္ကေတာ့ ဒါဟာ ျပႆနာပိုမိုရႈပ္ေထြးေစရန္ လုပ္ေဆာင္ ျခင္း ျဖစ္ တာ ထင္ရွားေၾကာင္းေျပာခဲ့ပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာမ်ိဳးၫြန႔္ က  “ရခိုင္ျပည္နယ္မွာ ၿငိမ္းခ်မ္းတဲ့ေျဖ ရွင္းမႈမရခ်င္တဲ့ အဖ်က္သမား ေတြက လုပ္တယ္လို႔ ေျပာပါရေစ “ လို႔ ဆို ခဲ့တဲ့အတြက္ အရပ္သားအစိုးရေျဖရွင္းေနတဲ့ ရခိုင္ျပႆနာက ဒီထက္ပိုနက္ရႈိင္းေနတာ သိသာလာ ခဲ့ပါ တယ္။

ဒီလိုျပည္နယ္အဆင့္ ဝန္ႀကီးခ်ဳပ္တစ္ေယာက္ကို ႏွစ္ခါေျမာက္အထိ လုပ္ႀကံဖို႔ ႀကိဳးစားတာခံေနရတဲ့ အတြက္ လုံၿခဳံေရးအတြက္ အာဏာရပါတီဘက္က လုံၿခဳံေရးအတြက္ ပါတီထဲမွာ ေဆြးေႏြးဖို႔ ရွိတယ္ဆိုပါတယ္။ မိုင္းခြဲလုပ္ႀကံဖို႔ ႀကိဳးစားတာခံေနရတဲ့ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုကေတာ့ ရခိုင္ျပည္နယ္အက်ိဳး ေဆာင္ ႐ြက္ရာမွာ ဒီလိုလုပ္ႀကံမႈေတြေၾကာင့္ ေနာက္မ႐ြံ႕ဘူးလို႔ ေျပာထားခဲ့တာ ရွိပါတယ္။ကားနဲ႔ပတ္သက္ၿပီး မၾကာ မီကလည္း ေခ်ာင္းကူးေျမာင္းတံတားေပၚကေန က်ခဲ့ဘူူးတဲ့ အတြက္ ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေအး ခ်မ္းဖို႔ အားသြန္ခြန္စိုက္လိုပ္ေဆာင္ေနတဲ့ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ႕ ေဆာင္႐ြက္မႈ ဘယ္ေလာက္ထိ ခရီး ေပါက္မလဲ၊ယခု မိုင္းခြဲခံရမႈႏွင့္ ယခင္မိုင္းခြဲခံရမႈ႕ လက္သည္ေတြ ဘယ္ေတာ့ ထြက္ေပၚလာမလဲ ဆိုတာ သတင္းမီဒီယာစင္ျမင့္ကေန ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အဆိုပါ ဇန္နဝါရီ တစ္ရက္မွာဘဲ  ဘူးသီးေတာင္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲမွာ တပ္မေတာ္ႏွင့္ ရခိုင္ လက္နက္ကိုင္အဖြဲ႕ (AA)တို႔တိုက္ပြဲဆက္ျဖစ္ပြားေနခဲ့သလို ျမန္မာ-ဘဂၤလားေဒရွ႕္နယ္စပ္တစ္ေလွ်ာက္ လုံၿခဳံ ေရးေဆာင္႐ြက္ေနတဲ့ ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႕ကိုပါ ရခိုင္ လက္နက္ကိုင္အဖြဲ႕ (AA)က ဝင္တိုက္ခိုက္မႈ ျဖစ္ခဲ့ ပါေသးတယ္။ရခိုင္ေျမာက္ပိုင္းမွာ ဘဂၤါလီအၾကမ္းဖက္အဖြဲ႕ ARSA ကစခဲ့တဲ့ ပဋိပကၡကေန မၿငိမ္းခ်မ္း မႈဟာ ေနာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္အဖြဲ႕ကပါ ဒီေဒသေတြကို ေျခကုပ္ယူဖို႔ ႀကိဳးစားေနတာေၾကာင့္ ရခိုင္ျပႆ နာဟာ အၾကမ္းဖက္မႈေတြနဲ႔ ပိုသတိထားရမယ့္ ျပႆနာ ျဖစ္လာပါတယ္။

ယခုတစ္ပတ္အတြင္း ေထြ/အုပ္ ဦးစီးဌာနကို ျပည္ထဲ ေရးလက္ေအာက္ကေန  ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံး ဝန္ႀကီးဌာနလက္ေအာက္ကို ေ႐ႊ႕ေျပာင္း လိုက္တဲ့ သတင္း၊ျပည္ထဲေရးအၿမဲတမ္းအတြင္းဝန္နဲ႔ အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ျဖစ္တဲ့ ဦးတင္ျမင့္ကို ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့တဲ့ သတင္း၊ ရန္ကုန္တိုင္းအတြင္းက ျပည္သူေတြကို အစိုးရအဖြဲ႕ သုံးႏွစ္အတြင္း ေဆာင္႐ြက္ခ်က္မ်ားကို ရွင္းလင္းဖို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း စီစဥ္ေနတဲ့ သတင္း၊မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးမ်ားႏွင့္ ပါေမာကၡ ခ်ဳပ္တို႔ဓာတ္ပုံမ်ားကို အေခါင္းပုံ စံျပဳလုပ္ မီးရႈိ႕သ႐ုပ္ေဖာ္ေတာင္းဆို လႈပ္ ရွားခဲ့တဲ့ ဗကသေက်ာင္းသားမ်ား ဆႏၵေဖာ္ထုတ္မႈကို သတင္းသမားေတြက အားေပးအားေျမႇာက္ျပဳတယ္ဆို တဲ့ ႐ုကၡေဗဒဌာန ပါေမာကၡဌာနမႉး ေဒါက္တာခင္သက္ေက်ာ္ရဲ႕ စြပ္စြဲခ်က္ကို မႏၲေလးသတင္းသမားေတြက ျငင္းခ်က္ထုတ္လိုက္တဲ့ သတင္း၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ကေန ဝါးခယ္မၿမိဳ႕နယ္၊ အမွတ္(၂) မဲဆႏၵနယ္၊ တိုင္းေဒ သႀကီးကိုယ္စားလွယ္ ေဒၚျမင့္ျမင့္စန္း ႏုတ္ထြက္စာ တင္ထားတဲ့ သတင္း ေတြျဖစ္ခဲ့တဲ့ အထဲမွာ ရခိုင္ဝန္ႀကီးခ်ဳပ္ကို မိုင္းခြဲလုပ္ႀကံဖို႔ တစ္ႏွစ္ေက်ာ္အတြင္း ႏွစ္ခါ ႀကိဳးစားခဲ့တဲ့ သတင္းက သတိထားစရာသတင္း ျဖစ္ခဲ့ပါတယ္။

ရွာမေတြ႕ေသးတဲ့ ရပ္ေစာက္ ကေလးေပ်ာက္ဆုံးမႈ
    

ထိုင္းမွာ ေပ်ာက္ဆုံးခဲ့တဲ့ ကေလးငယ္ကို ေသဆုံးလွ်က္ ျပန္ရွာေတြ႕ခ်ိန္မွာ ေပ်ာက္ဆုံးေနတာ ဆယ္ ရက္ေက်ာ္ ၾကာေနၿပီျဖစ္တဲ့ ရပ္ေစာက္က ႏွစ္ႏွစ္ခြဲအ႐ြယ္ ကေလးငယ္ကို ျပန္ရွာမေတြ႕ေသးလို႔ မိဘေတြနဲ႔ မိသားစုေတြ ေသာကေဝေနပါတယ္။ ဒီဇင္ဘာ ၂၂ ရက္က အေမျဖစ္သူႏွင့္အတူ ေျပာင္းဖူးၿခံထဲ လိုက္သြား ရာကေန ေပ်ာက္သြားတဲ့ ကေလးငယ္ကို ရွာေပးဖို႔ ကေလးအေဖက အစိုးရကိုေတာင္းဆိုခဲ့တဲ့ အတြက္ ေတာင္ ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕၊ ရပ္ေစာက္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ဟိုပုံးၿမိဳ႕နယ္ရဲတပ္ဖြဲ႕နဲ႔ PNA အသြင္ေျပာင္း ျပည္သူ႔စစ္ဌာနမွ ျပည္သူ႔စစ္ေတြအပါအဝင္ စုစုေပါင္းအင္အား ၆၀ ခန႔္ပါအဝင္ လူအင္အား ၁၀၀ ေက်ာ္နဲ႔အတူ ေျပာင္းဖူးၿခံထဲ ရွာခဲ့ရာမွာ မေတြ႕ခဲ့ပါဘူး။

ေဒသတြင္းသတင္းေတြထဲမွာ ကေလးအေဖ ဦးစိုင္းခမ္းက ကေလးေပ်ာက္တဲ့ေန႔ကစၿပီး စိုးရိမ္မႈေၾကာင့္ အစားအေသာက္မမွန္ဘဲ စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္ေနတယ္လို႔ ဆိုၿပီး ကေလးေပ်ာက္ဆုံးနယ္ ေျမေဒသ ထဲမွာ ေန႔စဥ္ ႐ြာသားအင္အား ၂၀၀က အဖြဲ႕သုံးဖြဲ႕ဖြဲ႕ကာ ရွာေဖြေနေပမယ့္မေတြတဲ့အတြက္ တျခားသူ တစ္ ေယာက္က ေခၚသြားတာျဖစ္မယ္လို႔ ယူဆခ်က္ေတြလည္း ရွိေနပါတယ္။ ရွမ္းျပည္နယ္ရဲမႉးခ်ဳပ္ေဇာ္ခင္ေအာင္ ကိုယ္တိုင္မေတြ႕သျဖင့္  တစ္စုံတစ္ေယာက္က ေခၚေဆာင္သြားျခင္းျဖစ္ႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။

ထိုင္းမွာေပ်ာက္တဲ့ ျမန္မာကေလးငယ္ကိစၥမွာ အခုခ်ိန္ထိ တရားခံရွာမေတြ႕ေသးေပမယ့္ ကေလးငယ္ ကိုေခၚသြားတယ္လို႔ဝန္ခံတဲ့ စိတ္မႏွံတဲ့ သူတစ္ေယာက္ကိုေခၚစစ္ေနတဲ့ အတြက္ ယခုအမႈမွာလဲ ကေလးကို ဘယ္သူေခၚသြားလဲဆိုတာကို အားလုံးက သိခ်င္ေနၾကတာျဖစ္ပါတယ္။

ထိုင္းေရာက္ ျမန္မာကေလးငယ္ေပ်ာက္ဆုံးမႈမွာ အားလုံးကအာ႐ုံစိုက္ၾကေပမယ့္ ျမန္မာမွာျဖစ္တဲ့ ယခု ကေလးေပ်ာက္မႈမွာ ဖခင္ျဖစ္သူကအကူအညီေတာင္းမွ ပါဝင္တဲ့အေပၚမွာ ဘဝင္မက်ေပမယ့္ လက္ရွိမွာေတာ့ ကေလးငယ္ေပ်ာက္ဆုံးမႈကို အားလုံးက အာ႐ုံစိုက္မႈရွိေနတဲ့အတြက္ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ဇန္နဝါရီ ၁ ရက္က အင္းစိန္ၿမိဳ႕နယ္ စဥ့္ ငူရပ္ကြက္မွာ ဘုရားမီးပူေဇာ္တဲ့ ဖေယာင္းတိုင္မွ တစ္ဆင့္ မီးေလာင္လို႔ အိမ္ ၁၇ လုံး မီးေလာင္ဆုံးရႈံးခဲ့တဲ့သတင္း၊  မႏၲေလးၿမိဳ႕မွာ မူးယစ္ေဆးဝါး သတင္းအရ ဝင္ဖမ္းရာမွာ နာမည္ႀကီး ႏိုင္ငံျခားအမွတ္တံဆိပ္ေတြကပ္ထားတဲ့ အရက္တု ပုလင္း ၅,၇၀၀ ေက်ာ္ ဖမ္းဆီးရ မိတဲ့ သတင္း၊ လိပ္ကြၽန္းလူသတ္မႈနဲ႔ ေသဒဏ္က်ေနတဲ့ ျမန္မာလုပ္သားႏွစ္ဦးရဲ႕ေနာက္ဆုံးအယူခံ ၂၀၁၉ခုႏွစ္ ႏွစ္ဆန္းမွာ အမိန႔္ခ်မယ္ဆိုတဲ့သတင္း၊ မုံ႐ြာစက္မႈဇုန္ရွိ ေကတီဗီအခန္းထဲရွိ ရဲတပ္သားတစ္ဦးထံမွ မူးယစ္ေဆး ဝါးမ်ား ဖမ္းဆီးရမိတဲ့ သတင္း၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေထာက္ခံစာသြားေတာင္းရာမွာ ရာအိမ္မႉးက ထိုး ႀကိတ္မႈ အင္းစိန္ၿမိဳ႕နယ္ အေနာက္ ပိုင္းရပ္ကြက္မွာ ျဖစ္ပြားခဲ့တဲ့သတင္း၊ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံ ထားရ သည့္ ဒုရဲမႉးေဟာင္းမိုးရန္ႏိုင္ လြတ္ေျမာက္ မည့္ရက္အား တြက္ခ်က္မႈမွားသြားသည့္အတြက္ မိသားစုကို အင္း စိန္ဗဟိုအက်ဥ္းေထာင္မွ ေထာင္မႉးက ေတာင္းပန္စကားဆိုခဲ့ရတဲ့သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
Photo Credit : ျမန္မာႏိုင္ငံ စာေရးဆရာအသင္း
ဇန္နဝါရီ - ၄